alinsettJune 6, 20153min2178
  .မှော်ဆရာရေ… .စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ .ဝိညာဉ်ကို ကော်နဲ့ ကပ်ပြီး .လူဖြစ်အောင်… ငါ အသက်သွင်းဖူးတယ်။       .မီးခြစ်ကျောက်ကို .လက်သည်းနဲ့ ပွင့်ထွက်အောင် တောက် .မီးတောက်ကို ခါးကလိမ်ချိုး .စီးကရက် သောက်ရင်း… သူ ချောင်းဆိုးဖူးတယ်။       .သူ့ခြေထောက်အတွက် .သူ့ဖိနပ်အတွက် .မြေပြင် သက်ခင်းပေးစရာမလို။ .“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”       .သံအိပ်မက်ကြီးနဲ့ .ပင်လယ်ရေပွက်ထဲက …ည… .အားလုံးကို သူ …အပိုင်ရတယ်…။     .ပထမတော့… .“လ”ကို ခိုစီး .ကောင်းကင်ကြီးနဲ့ တွဲက .စက္ကူဂစ်တာတစ်လက်ပိုက်ပြီး .ပျော်လိုက်ရတာ … ။     […]


alinsettMay 30, 20151min5268
                  လိုက်ခဲ့ကြမလား ?? စိုစွတ်ခြင်းလည်း မဟုတ် ခြောက်သွေ့ခြင်းလည်း မမည်သော သစ်တောအုပ်ကလေးထဲ ကျွန်တော် သွားပါမည်။ စိမ်းစိုလတ်ဆတ်သော သစ်ပင်ကြီးများ၏အောက်မှာ သစ်တောလမ်းကလေး ကွေ့ကောက်ကောက်က တစ်ယောက်ယောက် လျှောက်နင်းလာဖို့ အမြဲတစေ ခွင့်ပြုနေသည့်ဟန်. . . ထို့အပြင် ဤတောအုပ်ထဲသို့ စတင်ဝင်ရောက်လိုက်သည်နှင့် ပထမဆုံး ခံစားမိနိုင်သည့်အချက်မှာ ”ဤနယ်မြေသည် ဘာမဆို ဖြစ်ပျက်သွားနိုင်သော နယ်မြေဖြစ်သည်” ဆိုတဲ့ခံစားမှု။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မွန်းကျပ်ပိတ်လှောင်နေသော ထိုထိုဤဤ မြို့ပြ လွှမ်းခြုံမှုအောက်မှနေ၍ ဆောက်တည်ရာမဲ့ ပြေးထွက်ချင်မိသူတွေပဲ မဟုတ်လား။ ပြေးလာသူမှန်သမျှကို ဆီးကြိုလင့်မည့် ဆိုင်းဘုတ်မရှိသော်လည်း ဤသစ်တောကလေးသည် လာသူတွေကို ဖိတ်ခေါ်ကြိုဆိုနေသယောင် ဖြစ်သည်။ တခါတရံမကသော […]


A mar nyoMay 28, 20151min49419
ရုတ်တရက်ဖုန်းထမည်လိုက်သောကြောင့်လန့်နိုးကာဒေါသကြီးစွာဖြင့်ဖုန်းကိုယူကြည့်လိုက်သည်။ဖုန်းတွင်ပေါ်နေသောအမည်က Mr.Park ဟင်ဒီအချိန်ကြီးသူကဘာဖြစ်လို့ဖုန်းဆက်ပါလိမ့်နာရီ ကြည့်မိတော့၁နာရီထိုးနေပြီစိတ်တိုစွာဖြင့်ဖုန်းကိုင်လိုက်သည်။ ‘ဟယ်လို’ ‘ဆုရည်အကိုဖုန်းမတွေ့မိဘူးလားအကိုဖုန်းပျောက်သွားလို့’ ‘သေချာရှာကြည့်ပါဦးဆိုင်မှာထားတာဘယ်သူကယူမှာလဲ’ သူဌေးဟုဆိုသော်လည်းဒီပဲခေါက်ဆွဲဆိုင်မဖွင့်ခင်ကတည်းကရင်းနှီးနေ၍အကိုလို့ပဲခေါ်ကာနှုတ်ကျိုးနေပြီ။ဖုန်းပျောက်သည်ဆိုသဖြင့်စိတ်ခုသွားသည်။ ကျွန်မပြန်လာသည့်တိုင်သူ့အခန်းမှာမထပဲအိပ်နေသ ဖြင့်တက်နိုး၍ပြန်တော့မည်ဆိုတာရယ်ကောင်တာမှာလူမရှိဘူးရယ်ဆိုတာပြောခဲ့ပြီး သူဆင်းလာပြီမှပြန်ခဲ့ခြင်းရယ် ပြန်လာသောအချိန်ကပင်ရနာရီထိုးပြီးပြီ။ သူ့အခန်းဆိုသည်မှာ ဆိုင်အပေါ်ထပ်ရှိအထူးခန်းကိုပြောခြင်းဖြစ် သည်။ အရင်ကတော့မုဒိတာအိမ်ရာမှာနေပေမဲ့ နယ်မှလာသောအလုပ်သမလေးများကို အဆောင်အနေဖြင့် တိုက်ခန်းကိုပေးလိုက်သောကြောင့် ဆိုင်အပေါ်ထပ်က အခန်းသုံးခန်းမှာညဘက်အိပ်ကြလေသည်။ တနေကုန်ဆိုင်မှာနေသောကြောင့်တခြားတိုက်ခန်းရှာလည်းအပိုငွေထွက်သွားမည်စိုးသောကြောင့်ဆိုင်မှာနေကြခြင်းဖြစ်လေသည်။ ယနေ့လည်းညဘက်ပင်ပန်းသည်ဆိုကာတနေကုန်မထ၍ ပြန်ကာနီးမှနိုးခဲ့သည်ကိုဖုန်းပျောက်သည်ဆိုတော့စဉ်းစားစရာ ဆိုင်မှာရှိတာကနှစ်ယောက်တစ်ပိုင်း။ အလုပ်သမလေးများကဖြစ်တဲ့မနီ၊ဇင်ဇင်၊သီရိအပြင်မရှိ။ကိုကျော်တော့ရှိသည် ဒါပေမဲ့သူကလည်းအေးအေးဆေးဆေးသမား။ သူဌေးတို့နဲ့အတူတူနေကာစိတ်ချရသူ၊ ပိုက်ဆံလိုလည်းကြိုထုတ်နေသူဖြစ်သောကြောင့်မဖြစ်နိုင်။ အပေါ်မှာအိပ်နေလျင်မတက်ရန်မှာထားသောကြောင့် ဘယ်သူမှလည်းမတက်ရဲ။ ဧည့်သည်နဲ့ပါသွားရအောင် ဧည်သည်ပါး၍သူတက်အိပ်နေတာသာကြည့်တော့။ ငါပြန်လာပြီးမှများဧည်သည်များလာသေးလားစဉ်းစားမိသည်။ပျောက်သည်ဆိုတော့မတတ်​နိုင် ကောင်မလေးတွေဖုန်းဆက်ပေးပါလို့ဆို၍ ဆက်ပေးလိုက်သည်။ ဖုန်းမကိုင်။ အေးလေ ညဥ့်နက်နေပြီအိပ်ပျော်နေမှာပေါ့ဟု တွေးကာ Mr.Parkဆီဖုန်းပြန်ဆက်လိုက်ပြီး ဖုန်းမကိုင်ကြောင်းပြောလိုက်သည်။ ပြီးနောက်ဖုန်းကိုအသံပိတ်ကာ အိပ်လိုက်သည်။မနက်မှအကျိုးအကြောင်းမေးတော့ မည်။ မနက်ဆိုင်ကိုစောသွားလိုက်သည်။ ‘ကိုကျော်ရေရော့’ ဈေးမှဝင်ဝယ်လာသောပစ္စည်းများကိုစင်ပေါ်တင်ရင်း ပြောလိုက်သည်။ ပြီးမှသိချင်တာကိုဆက်မေးလိုက် သည်။ ‘ညကဖုန်းရှာတွေ့လားကိုကျော်’ ‘အေးညီမလေးသီရိဆီကတွေ့တယ်တဲ့’ မထင်မှတ်သောအဖြေကြောင့်မှင်တတ်သွားသည်။ မဖြစ်နိုင်ပါဘူးလို့လည်းတွေးရင်းတစ်ဆက်တည်း […]


A mar nyoMay 28, 20151min36822
ကျွန်မမျက်ဝန်းအိမ်မှ မျက်ရည်ပူများကို ကြည့်ရင်းသက်ပြင်းချကာ မောင်မျက်နှာလွဲသွားသည်။ ကျွန်မရင်ကို အစိတ်စိတ် ကွဲစေသော လုပ်ရပ်များအတွက် ဖွင့်ဟလိုက်သော စကားတစ်ခွန်းက ‘တောင်းပန်ပါတယ်’တဲ့လား။ ဒီစကားလေး တစ်ခွန်းအပြင် မပိုတော့။ လွန်ခဲ့သော လပေါင်းများစွာ ကျွန်မပေးဆပ်ခဲ့သော အချိန်များ၊ အချစ်များကို ဒီစကားတစ်ခွန်းနဲ့ ကြေဖျက်လိုက်ခြင်းလား။ ဖြစ်နိုင်လျင် ဒီနေရာ ဒီအချိန်ကို ရပ်တန့်၍ အဝေးဆုံးနေရာသို့သာ ထွက်ပြေးသွားချင်တော့သည်။ ကျွန်မထက်ချစ်ရမည့်သူ ပေါ်လာ၍ လမ်းခွဲကြပါစို့ ဆိုတဲ့စကားအတွက် ကျွန်မဘယ်လို ဖြေသိမ့်ရမလဲ။ အမှန်တကယ်ဆို ပေါက်ကွဲလိုက်ဖို့ တစ်ခုခု တုန့်ပြန်လိုက်ဖို့ကောင်းပေမဲ့ စကားစရှာမရ။ မောင့်ပုံစံတွေ ပြောင်းနေခဲ့တာ သတိထားခဲ့ပေမဲ့ ယုံကြည်စိတ်လွန်ကဲခဲ့သောကြောင့် အပြစ်မမြင်ခဲ့မိ။ ကျွန်မအပေါ် ရက်စက်လိမ့်မယ်လို့လည်း မထင်ခဲ့။ အခုတော့ မောင့်အပေါ်ကျွန်မထားခဲ့သော ယုံကြည်မှူကို တစ်စစီချိုးဖျက်ခြင်းသာမက ကျွန်မရဲ့အချစ်ကိုပါသစ္စာဖောက်သွားခဲ့ပြီရက်စက်သွားခဲ့သည်။ မယုံကြည်နိုင်သော မောင့်ရဲ့ပြောင်းလဲခြင်းကြောင့် အိမ်မက်လား တစ်ကယ်လား […]


ကာရံMay 23, 20151min1595
လောဘကင်းတဲ့ စိတ်ကလေးဖြစ်ပါစေသား ခွင့်ရက်လေးမပြန်ခင် တနင်္ဂနွေတစ်ရက်သူငယ်ချင်းမင်္ဂလာဆောင်သွားဖို့ ကားဂိတ်မှာကားစောင့်နေတုန်း ကာရံရဲ့နံဘေးမှာအသက်၆၅ဝန်းကျင်အဖွားအိုနှစ်ယောက်ကားဌားနေတာကိုအမှတ်မထင်တွေ့မြင်မိပါတယ် . . . . အဖွားအိုတို့က သင်္ကန်းကျွန်းစံပြဈေးသွားမလို့အဌားကားတားစီးနေကြပါတယ် အချိန်ကတော့ ၉နာရီဝန်းကျင်မို့ လူလည်းအနည်းငယ်ရှင်းချိန်ပေါ့ အတော်လေးကြာတော့အဌားကားတစ်စီးရောက်လာပါတယ် ့. အမေတို့ စံပြဈေးသွားချင်လို့ပါ . ကားသမားက ၂၅၀ဝပေးရမယ် . အဲဒါနဲ့အဖွားတစ်ယောက်က ၁၅၀ဝထားလိုက်ပါသားရယ် . ကားသမားကလည်း မရဘူးဗျကားတွေကအရမ်းပိတ်တယ်ပြောပြီး မောင်းထွက်သွားပါတယ် နောက်တားလဲထို့အတူပြောပြီးပြီးထွက်သွားကြပါတယ် ကာရံလည်းအမြင်မတော်တာနဲ့ ကားဌားပေးဖို့ဆုံးဖြတ်ပြီးအဖွားအိုဆီသို့သွားမေးလိုက်ပါတယ် အမေတို့က စံပြဈေးသွားမလို့ပါ ကားသမားတွေကမလိုက်ကြဘူးလေ အမေတို့မှာလည်းပိုက်ဆံကအလုံအလောက်မပါလာဘူး ကာရံကလည်း ဟုတ်ကဲ့သားကူညီပေးပါ့မယ်ဆိုပြီးကားဌားပါတော့တယ် ခက်တာကရန်ကုန်မရောက်တာလဲကြာတော့နည်းနည်းအခက်တွေ့ပါတော့တယ် ပထမကားတစ်စီးရောက်လာပါတယ် ကာရံကလည်း အစ်ကိုစံပြဈေးသွားမလို့ အဖွားအိုနှစ်ယောက်ထဲပါ ဘယ်လောက်ပေးရမလဲ ၂၅၀ဝတောင်းပါတယ် ဒါနဲ့ကာရံကလည်း အစ်ကိုရယ် ၁ဈေးနဲ့စံပြဈေးကနီးနီးလေးပါ နောက်ပြီးပိတ်ရက် လမ်းလည်းရှင်းပါတယ်၁၅၀ဝထားလိုက်ပါလို့ပြောရင်း ကားသမားက မရဘူးလမ်းတွေပိတ်နေတယ်ပြောပြီးမောင်းထွက်သွားပါတော့တယ် အတော်လေးကြာတော့နောက်တစ်စီးကိုလက်တားရင်း မေးပြန်ပါတယ် အစ်ကိုဘယ်သွားမလို့လဲ […]


ဘာခေါင်းစဉ် ကြီး လဲ ဆိုပြီး ဝင်လာကြတယ်လား။ :-))) အလျှောက်ကောင်း တဲ့ ရှေ့နေနို ကို ပုံလေး တစ်ပုံပြချင် လို့ တင်လိုက်ပါတယ်။ ဒီ သတင်းလေး ကို ဖတ်ပြီးပြီချင်း သဘောကျလွန်းလို့ ဖဘ ထဲ မှာတောင် မျှခဲ့ဘူးတာပါ။ လေယာဉ်မှူးကြီး က သူ့ရဲ့ လက်ထောက် Co-pilot က သူ့သမီး ပါလို့ ဂုဏ်ယူစွာကြေငြာ ခဲ့တဲ့ လေယာဉ် ခရီးစဉ် ရဲ့ သတင်းလေးပါ။ သူတို့ပုံလေးကလဲ အလုပ်ထဲ မှာပါဘဲ။ ဒါပေမဲ့ မျက်နှာ ပုံစံ ကို ကြည့်ပါ။ အဲဒီ သားအဖ အတွက် သူတို့ အမေ ဘယ်လောက် ဂုဏ်ယူလိုက်လေမလဲ မှန်းကြည့်မိသေး။ နောက်ပြီး ကလေး […]


alinsettMay 18, 20153min1736
.နေမဝင်အင်ပါယာလို ကြီးကျယ်ခမ်းနားသည့် နယ်မြေကြီးတစ်ခုကို ရင်ဘတ်ထဲ ထည့်ထားသည်ဆိုလျှင် ပိုလွန်းသည်ဟု စွပ်စွဲကြလိမ့်မည်။ နားမလည်နိုင်ဘူးဟု အများစု မှတ်ချက်ပြု ကြကုန်သော ကဗျာတို့၏ ဖြစ်တည်မှုအစ ဝါဒအချို့ကို ကိုယ် နှစ်သက်စွာလက်ခံ ကိုင်စွဲထားခြင်းကိုက နေမဝင်အင်ပါယာကြီးတစ်ခု ရင်ဘတ်ထဲ ထည့်ထားသည်ဟုပဲ ဆိုကြပါစို့။ နားမလည်နိုင်သော ကဗျာများ(ထို့အပြင် စာများ/စကားလုံးများ) ကိုယ် ရေးသည့်အခါတိုင်း ဘာတွေမှန်းလဲ မသိဘူးဟု စိတ်ရှုပ်စွာ ညည်းညူ ပြသူများကို မြင်တိုင်း စကား ပုံပမာ နှိုင်းဆဖန်တီးမှုတို့ ကိုယ် ပြုချင်သည်။ (ဤလက်သည်းကွင်းထဲမှ စာပိုဒ်အား ကိုယ့်ဘာသာ ပြန် ဖတ်ကြည့်ချိန်မှာပင် အလွန်တရာမှ ချဉ်တူးခါးလှသဖြင့် ဖြတ်ပစ်လိုက်ပြီး ဤ မှတ်ချက်အား အစားထိုး ထည့်လိုက်ပါသည်။) ဒါပေမဲ့ ကိုယ်ကတော့ အသံမကောင်းချေ။ ကိုယ့် အသံ ခပ်ညံ့ညံ့ဖြင့် […]


alinsettMay 16, 20151min38324
                          သေလိုက်ပါတော့ အဘတို့ရယ်… ————————————- မပြောချင်ပေမဲ့ ပြောရတော့မှာပဲ… ကျုပ်ဆိုတဲ့အကောင်က ဟိုဒင်းလမ်းကြောင်းမှာ ဟိုဒင်းခံနေတယ်ဆိုသလိုပဲ… ။ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုလား… အဲ… အဲ့ဒီထဲက လူလိုပဲလို့  ပြောတာပါ။ လက္ခဏာတွေ ဗေဒင်တွေကို အယုံအကြည်နည်းသူဆိုပေမယ့်… အချစ်ရေးနဲ့ ပတ်သက်လာရင်… တလွဲလွဲတချော်ချော်နဲ့မို့..  မကြာခဏ ကိုယ့်လက်ဖဝါးကိုယ် ပြန် ပြန် ကြည့်မိတယ်။ ကျုပ်လက်ဖဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းကို ကြည့်တော့ … ကျွန်းတင် မဟုတ်… ဖြတ်မျဉ်းတွေရော… ဂငယ်ကွေ့တွေရော…ကြက်ခြေခက်တွေရော… မွစာကိုတက်လို့… ဆိုတော့ …အဲဒီ လက္ခဏာလမ်းကြောင်း နိမိတ်တွေကပဲ မှန်သလား.. ကျုပ်ဆိုတဲ့အကောင်ကပဲ… တခုခုမှားနေလေသလား […]


တစ်ချက်….နှစ်ချက်…..သုံးချက်….. အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက….. တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့…. ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း… အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့ ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။ တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ…. လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့………….. တစ်……….ပိုက်ဆံ နှစ်………..ငွေ သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့) ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော အရေးကြီးတာ နှခေါင်းဖော်ပြီးနေတတ်ဖို့ပဲ။ မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့ ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်) ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။ မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ…. တစ်……စာနာမှု… နှစ်…….စာနာမှု… သုံး…….စာနာမှု… အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ် ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ) သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း…………. နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။ xxxxxxxxxxxxxxxxxxxxxxxxxxxxxx ရင်နှင့်ရင်း၍ […]


ဖေဖေဟာ တံတိုင်းတစ်ခုဆို သားဟာ တံတိုင်းကိုမှီ ရှင်သန်ရတဲ့ အုတ်ကပ်ပင်လေးတစ်ခုပါ ဖေဖေ…………။ ဖေဖေမပါတဲ့ ရေဆန်လမ်းတွေမှာ ပဲ့ကိုင်မပါခဲ့ဘူး ဖေဖေ မှီတွယ်ရာ မဟုတ်ပေမယ့် ခိုဝင်စရာတော့ ရင်ခွင်တစ်ခုရှိချင်တယ် ဖေဖေ အခုတော……………. အားမာန်နဲ့ကမ်းကပ်တဲ့ရေလှိုင်းက ခိုဝင်စရာ ကျောက်ဆောင်မရှိခဲ့ဘူး ဖေဖေ…………….။ အသက်ကိုကြမ်းကြမ်းရှူ မျက်စိကိုတစ်ချက်မှိတ်လို့………….. …………………………………………. ………………………………………………. ရင်ထဲက တစ်ဆို့နေတဲ့ နာမတစ်ခုကို သား…..ဖွင့်ဟထုတ်ကြည့်တယ်………… …………………………………………… ဖေ…………………………ဖေ…………။ ………………… ရင်းနှင့်ရင်း၍ အောင်မိုးသူ


alinsettApril 27, 20151min90222
    .တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ကိုယ် လာခဲ့သည်။ ကိုယ်၏ ခြေဦး တည်ရာသည်ကား ချင်းတောင်တန်းတနေရာ။ ကိုယ်၏ ချစ်သူရှိရာ မြူတွေရစ်ဆိုင်းနေသည့် ချင်းတောင်တန်းမြေပေါ်သို့ ဆွေးမြေ့လွမ်းလျသော တမ်းတစိတ်တို့ဖြင့် ကိုယ် လာခဲ့ပြီ။ ကိုယ့်ချစ်သူသည် ”အမိကောင်းကင် ကြယ်စင်မောင်နှမ” နာမည်ဖြင့် အများသိကြသော ဇာတ်လမ်းထဲမှ စေတနာ့ဝန်ထမ်း ဆရာမလေးသာဖြစ်သည်။ ကိုယ့်ချစ်သူသည် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်နှင့် နည်းနည်းကလေးမှ မလွဲ တထေရာတည်းဖြစ်သည်။ ဟိုအချိန်တခါကဖြင့် ကိုယ့်ချစ်သူရှိရာ တောင်ပေါ်ဒေသသို့ ကိုယ် သွားရောက် ခေါ်ငင်ခဲ့ဖူးသည်။ ထိုစဉ်ကတော့ ကိုယ့်ချစ်သူလေးခမျာ တောင်ပေါ်ဒေသမှ လူမည်ခွင့် အပြည့်အဝ မရရှာသော လူမမည်ကလေးများ၏ ဘဝများကို သနားလွန်း၍ဆိုကာ သူမဘဝကို ကလေးများအတွက် မြှုပ်နှံပစ်တော့မည်ဟု ဆုံးဖြတ်ကာ နေရစ်ခဲ့သည်။     […]


၂၀၁၅ ၊ ဧပြီ ၂၃ရက် ၊ ကြာသပတေးနေ့ ညနေ (၆)နာရီ (၃၀)မိနစ် မိုးတွေရွာတယ် ……. လျှပ်စီးတွေ လက်တယ်…… ပူပြင်းတဲ့အချိန်မှာ တောင့်တတဲ့အရာ ချက်ချင်းဆိုသလို ရောက်လာတယ်။ စိတ်ထဲက……….တစ်ခဏ နေ့တိုင်းလေး ဒီလိုလေးဆို ဘယ်လောက်ကောင်းမလဲ….. စဉ်းစားလိုက်တယ်………..။   အတွေးက ဖျတ်ကနဲ ဖျတ်ကနဲ ဖျတ်ကနဲ တစ်ဖက်က ခေါင်မိုးမလုံတဲ့ မိသားစုတွေကတော့……….။ အို……………….. အတွေးတွေ……အတွေးတွေ။ ……………………………………………………….. ဒါဟာ………ကိုယ်ချင်းစာတရား…နံပါတ်(၁)။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx   ရင်နှင့်ရင်း၍ အောင်မိုးသူ  


သဘာဝမီးအရောင်ကြောင့် လင်းနေတာမဟုတ်ဘဲ လူတို့ဖန်တီးပြုလုပ်ထားတဲ့ လျှပ်စစ်မီးအရောင်ကြောင့်လင်းနေတဲ့ အဲဒီမြို့ရိုးကို ကျွန်တော်ကြည့်ပြီး ရင်နာနေတယ် မေမေ။ လူတိုင်းစိတ်လွတ် လက်လွတ်ငေးမောခွင့်မရှိတဲ့ အဲဒီမြို့ရိုးကိုရှေ့ကို ကျွန်တော်မရောက်တာလည်း ကြာပြီမေမေ။ တစ်ခုတော့ရှိတယ်။ ဒါကတော့ ကျွန်တော် အပတ်စဉ်တိုင်း ဒီတောင်ပေါ်ကနေ အဲဒီမြို့ရိုးကို ငေးမောဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ဝေဝိုးနေတဲ့ မျက်ဝန်းထဲက မြို့ရိုးဟာ ကျွန်တော့်အတွက် တစ်ခုခုလိုအပ်နေသလိုပါပဲ။ ၁။ အပူတွေရှပ်တိုက်ပြေးလွှားနေတဲ့ မန္တလေးမြို့ရဲ့ နေ့လယ်ခင်းဟာ ကျွန်တော့်ရင်ထဲက ဖြစ်တည်မှုအပူစုတွေကို ဖယ်ရှား မပစ်နိုင်တာကတော့ သေချာနေတယ်။ ဆိုင်ကယ်သံတွေဆူညံနေပြီး နန်းမြို့ရိုးရှေ့မီးပွိုင့်ထောင့်မှာ လူတွေပြွတ်သိပ်နေတော့ လူ့ပင်လယ်လှိုင်းလုံးကြီးဟာ တစ်ခုခုကိုရိုက်ခတ်တော့မယ့် အသွင်နဲ့ တာထွက်ဖို့ ဆိုင်းပြင်နေကြတယ်။ ဆိုင်ကယ်လီဗာလေးကို အသင့်အနေအထားဖြစ်အောင် ကိုင်ထားရင် မြင်နေရတဲ့ မီးနီလေး စိမ်းဖို့ စက္ကန့်ဒိုင်ခွက်ပေါ်က တရွေ့ရွေ့ အနုတ်လက္ခဏာဆောင်သွားတဲ့ ဂဏာန်းလေးတွေရဲ့ ရွေ့လျားမှုကိုကြည့်နေရတာလည်း […]