ဇီဇီJuly 27, 20153min57521
  ဒီ တစ်ပတ်လည်း ထမင်းဆိုင် မဖွင့်တာ ကြာလို့သာ ကြံဖန်ဖွင့်ရတာ။ အမှန်တော့ အသုပ်ဆိုင်ပဲ ထားပါတော့။ မွသဲ ဆီက ဆေးဘဲဥသုပ်နဲ့ ကျန်တဲ့ အသုပ်တွေတော့ မွမွဘုတ် ဆီ က ယူပါတယ်။         မွဘုတ်                                 အောင်မိုးသူ ရဲ့ မြင်းခွါရွက်သုပ် အိမ်မှာ မေမေမြင်းခွာရက်သုပ်ရင်တော့ အမြစ်ကအစမသင်ဘူး အကုန် ပါးပါးလှီးတာ ပါးတာမှ ပါးလျှပ်နေအောင် လှီးတာ။ ငရုတ်သီးစိမ်းပါးပါးနဲ့ မြေပဲထောင်းထားတာရယ်။ သံပုရာသီးရယ် ဟင်းခတ်မှုန့် […]


မြစပဲရိုးJuly 26, 20152min29413
အခု ရှု ပြီး “စား” ရမဲ့ ဟင်းလျာ ကတော့ အုန်းနို့ကြက်သားဟင်း ဖြစ်ပါတယ်။ ထည့်ရမဲ့ အချိုးအစား တွေ က တော့ ကြိုက်သလို ထည့်ကြပါ။ *** နမူနာ ပြ Ingredient တွေကတော့ – ကြက် ရင်ပုံ ၄ ခု (အတုံး သေးများ တုံး) – အုန်းနို့ Tin တစ်ဗူး – နံနံစေ့ စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင်ထောင်း) – သံပုယိုသီး တစ်လုံး – ပဲငံပြာရည် အကြည် ၃ဇွန်း၊ အနောက် ၁ဇွန်း (စားပွဲတင်ဇွန်း) – ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း – ကြက်သွန် […]


ဒီတစ်ခါတော့ ပိုပြီး လွယ် တဲ့ စားစရာ တစ်မျိုး ကို ရှု “စား” နိုင်ဖို့ ပြပါမယ်။ .တော်တီလာ (Tortilla) လို့ ခေါ်တဲ့ ဂျုံပြားလေး ပေါ်မှာ အစာ တွေ ထည့်ပြီး လိပ်ထား တာပါ။ Wrap လို့လဲ ခေါ်ကြပါတယ်။ အခု လုပ်ထားတာ က မက္ကဆီကန် ပုံစံ ပါ။ . မြန်မာပြည် မှာတော့ Tortilla Wrap အတွက် Ingredients တွေ ရနိုင်မလားတော့ မသိဘူး။ ရှိရင်လဲ ရှိနေမှာပါ။ လိုတဲ့ ပစ္စည်းတွေက – ကြက် ရင်ပုံအကြီး  နှစ်ခု  (လေးထောင့်၊ အရှည် ကြိုက်သလို လှီးထား) – Tortilla […]


မြစပဲရိုးJuly 21, 20152min1306
ဒီတစ်ခါတော့ သများ လဲ ဟင်းချက် ပြဗျစီ။ တို့ မြန်မာများ ရဲ့ အကြိုက်တော့ ဟုတ်မယ် မထင်။ မူရင်း က ဘယ်က မှန်းမသိ ပေမဲ့ တောင်အမေရိက နိုင်ငံ တွေ ဘက်က ဆင်းသက်လာမယ် ထင်တာဘဲ။ Chili con carne (သို့) Chili လို့ ခေါ်ကြတယ်။ chili with meat ပေါ့။ အသားစင်းကော (အများအားဖြင့် အမဲသား) ထဲ  ပဲကတီ္တပါ  နဲ့ ခရမ်းချင်သီး ၊ ငရုတ်သီး နိုင်ချင်းထည့်ပြီး ချက်တာပါ။ ရိုးရိုးလေး နဲ့ အဆီတွေ မပါလို့ ကျန်းမာရေး နဲ့ ညီ မယ် လို့ ပြောလို့ ရမယ်။ […]


ဇီဇီJuly 17, 20151min93243
ဟိုနေ့က Giant Market ကို ဝင်လိုက်တာ ဖားကြီးကြီး ၂ ကောင်ပါတဲ့ တစ်ထုတ် တွေ့တာနဲ့ စွန့်စွန့်စားစားဝယ်လာတာ ၈ ဒေါ်လှတဲ့။ . အာ့နဲ့ ဘယ်လို စားရမှန်းမသိလို့ သိမ်းထားတုန်း မနေ့က မိုးသူ ပို့(စ) ဖတ်ပြီးတော့ ဖားသားစားချင်တာနဲ့ ဒီနေ့ ကြော်လိုက်တယ်။ . ၁) သူတို့က အရေခွံဆုတ် ဆေးပြီးမှရောင်းတာမို့ ခုတ်ထစ်ပြီး ဆားဆနွင်းနိုင်နိုင်နဲ့ နယ်ထားလိုက်တယ်။ ၂) ကြက်သွန်ဖြူနဲ့ ဂျင်းကို ထောင်း အရေကို ဖားအသားနယ်တဲ့ထဲ ညှစ်ထည့်ပြီး အဖတ်ကို သတ်သတ်ဖယ်ထားလိုက်တယ်။ ၃) ဆီအိုးတယ်ပြီး ခုနက ညှစ်ပြီး ဂျင်း နဲ့ သွန်ဖြူ အဖတ်ကို အရင်ထည့်ကြော်လိုက်တယ်။ ၄) မွှေးလာပြီး မတူးခင်မှာ ဖားအသားနှပ်ထားတာကို […]


စဆရ ႀကီးJuly 16, 20151min30621
ကိုင်းဗျာ.. ပြောမယ် ပြောမယ်နဲ့ ပြောချင်နေတာ ယားနေလို့သာ ပြောရတယ်၊ ကျုပ်ရောက်ကာစက အဖြစ်အပျက်တွေကို သတိရသဗျ။ ရဆို ကျုပ်တစ်ယောက် မွေးစကနေ အသက် ၂ဝ နည်းနည်းကျော်တဲ့ထိ မြန်မာပြည်ကြီးထဲမှာပဲ သွားလာလှုပ်ရှားခဲ့ရတာလား။ ပြောရမယ်ဆို မွေးကတည်းက တောင်ပေါ်တောင်အောင် ဇာတိဆိုတာ ပြောမရအောင် နေခဲ့ရတာ။ ဆိုတော့ ကျုပ်တစ်ယောက် မြန်မာပြည်တစ်ခြမ်းလောက်တော့ နေခဲ့ဖူးပါတယ်။ အဲ့လိုပြောမယ့်သာပြောရတာ တစ်ကယ်တော့ အုငဲ ဆိုကတည်းက စတွက်လို့ပါ။ ကျုပ်ကိုကျုပ် လူမှန်းသိတော့ ရန်ကုန်ရောက်နေပြီ။ ကျန်တာတွေက ပြန်ပြောပြလို့ သိရတာမှတ်။ လူမှန်းသိပြီးတော့မှ ကျန်တာတွေ လေ့လာတော့ သိပ်တော့ မရှိပါဘူးလေ။ ဘာပဲပြောပြော သူများတွေလိုတော့ (ကိုယ်နဲ့ ခေတ်ပြိုင်များကို ဆိုလိုပါတယ် ) သိသင့်သိထိုက်တာတွေ သိတယ်ပေါ့နော။ ကျုပ်ကလဲ နေရာတစ်ကာ စပ်စုတာလား။ ငယ်ငယ်ကတည်းက […]


ဇီဇီJuly 13, 20153min55628
  ဒီ တစ်ပတ် က စ ပြီး KZ လည်း ၂၀ဝ ယူ (ဟုတ်ပေါင်) စလုံး အစားအသောက် ရီဗျူးရေးတော့မယ်။ တစ်လမှ  တစ်ဆိုင်ပဲ ရေးမှာပါ။ ခိခိ ဟိဟိ။ ဒီ တစ်ပတ် အလှည့်ကျတာကတော့ အကိုကြီးရား အဲ ကိုရီးရားဆိုင် Food ရီဗျူးဖြစ်ပါတယ်။ စားသောက် ဆိုင် အကြီးစားကြီး မဟုတ်ဘူးး ဒါပေမဲ့ အဖြူတွေ ကြိုက်တဲ့ Sunset Way  လို နေရာမျိုးက ဝက်စတင် ဘာဘီကျု ဆိုင်တွေကြားက ဈေးသက်သာ… စားလို့ကောင်း… စိတ်ကြိုက် အော်ဟစ်စကားပြောလို့  ရ တဲ့ ဆိုင် တစ်ဆိုင်မို့ ညွှန်းလိုက်ပါတယ်။ . :mrgreenn: . ဝက်သားကင်နဲ့ ဆလပ်ရွက်ကောင်းတယ် ဆိုကျု […]


ဇီဇီJuly 7, 20152min48330
ခု ဖဘမှာ မွမွ တစ်ယောက် ရထားတာ။ ရွာထဲ မလာနိုင်သော်လည်း ကိုယ်တွေ ကောင်းမှု နဲ့ ရွာက အမျိုးတွေနဲ့ ဟင်းချက် အသားကျနေသူကြီးပေါ့။ ခိခိ။ မွမွဘုတ် လို့ ခေါ်တယ်။ ရွာကိုတော့ အပြင်ကနေပဲ ချောင်းတယ်။ သူ စ လိုက်တဲ့ ငါးဖယ် ရောဂါဟာ အကုန်ကူးပြီး၊ နှင်းမွမွဟာလည်း ကိုကိုကျောက် ဥ ထားတဲ့ ငါးဖယ်ခြစ်တွေ ယူ သုတ် လို့ ကိုကိုကျောက် က ငို  :mrgreenn: ကေဇီ ဟာလည်း ဓာတ်ပုံလှလှတင်ချင်ဇော အားကြီးပြီး ငါးဖယ်တွေ ထသုတ် စသည်ဖြင့် ရောဂါတွေ တက်ကြတာပေါ့လေ။ အဲ။ မွမွသဲ တစ်ယောက်တော့ မအားမလပ်လို့ ငါးဖယ်ဖက် မလှည့်နိုင်သေးပါဘူး။ ဟိ။ […]


Ma MaJune 14, 20151min47045
ငါးပုပ်ပြားဆိုတာ ငါးကိုအပုပ်ခံမှ အနံ့လည်းမွှေး အသားလည်းပွပြီး နူးညံ့တာမို့ အရင်ဆုံး စားရဲသူတွေအတွက်လို့ ပြောချင်ပါတယ်။ :i:   ငါးပုပ်ပြားထမင်းကြော်တဲ့အခါမှာ …… အရသာရဖို့နဲ့ အနံ့ရဖို့အတွက် ငါးကို ၂မျိုးခွဲထည့်ပါတယ်။   အရသာအတွက် အသားများတဲ့အပိုင်းကို ပါးပါးလှီးထားပါတယ်။   ငါးအနံ့ရဖို့အတွက် အရိုးနဲ့ကပ်နေတဲ့ငါးကို ပြုတ်ပြီး အသားထွင်ပါတယ်။ အသားထွင်တဲ့အခါမှာ အရေခွံကိုသပ်သပ်ဖယ်ပြီး ပါးပါးလှီးထားတဲ့ ငါးအသားနဲ့ရောထားပါတယ်။   ငါးပြုတ်ရည်ကို သွန်မပစ်ပဲ ထမင်းထဲထည့်ပြီး ထမင်းကို ဖွထားပါတယ်။ ငါးပြုတ်လိုက်လို့ ထွက်သွားတဲ့ အငံအရသာကို ပြန်ယူတာဖြစ်တဲ့အပြင် ဆီနည်းနည်းပဲသုံးချင်လို့လည်း ဖြစ်ပါတယ်။   ကြက်ဥကို ခေါက်ထားပါတယ်။ ပြုတ်ပြီး အသားထွင်ထားတဲ့ငါးတွေကို ဆီများများနဲ့ ရွှေဝါရောင်သမ်းတဲ့အထိ ကြွပ်နေအောင် ကြော်ပြီး ဆီစစ်ထားပါတယ်။   ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပါးပါးလှီးထားတဲ့ငါးအသားနဲ့ […]


Ma EiJune 11, 20152min24921
  ဒီတစ်ခါတော့ ကြက်သားကြော် နဲ့ ပုဇွန်ပွကြော် ကြော်မှာပါ…. ကြက်ကြော် အတွက် ကြက်ရင်ပုံတစ်ခြမ်း ကို အသားထွင် မထူမပါးလှီး ဆားနနွင်း အရသာမှုန့်နယ်ပြီးနှပ်ထားပါ… ကြက်ဥတစ်လုံး ခလောက်ထားပါ… အကြော်မှုန့်၊ ပေါင်မုန့်ခြောက်အမှုန့် တွေကိုတော့ အလွယ်တကူ ရယ်ဒီမိတ်အမှုန့်တွေဘဲ သုံးလိုက်ပါမယ်နော်… မီးဖိုပေါ်မှာတော့ အကြော်အိုးကို ဆီများများထည့်လို့ ဆူအောင်တည်ထားပါနော်… အဲ့ဒီနောက် နာရီဝက်လောက် နှပ်ထားတဲ့ ကြက်သားကို အကြော်မှုန့်နဲ့ နယ်လိုက်ပါမယ်…   ပြီးရင် တစ်ဖတ်ချင်းစီ ကြက်ဥခလောက်ရည်ထဲထည့်လိုက် ပေါင်မုန့်ခြောက်မှုန့်ကပ်လိုက်လုပ် ကာ ဆီပူအိုးထဲထည့်ကြော်ပါ. ရွှေညိုရောင် သန်းလာရင်တော့ ဆယ်ပြီးဆီစစ်ထားလိုက်ရင် မွှေးကြွပ်ရွနေတဲ့ ကြက်ကြော်ရပါပြီ… ပုဇွန်ပွကြော် အတွက် ပုဇွန်ကို အမြီးချန်ခွာပါ.. အကြောပြတ်စေရန် ပုဇွန်ဗိုက်ကို ကန့်လန့်ဖြတ် သုံးချက်လောက်မွှန်းလိုက်ပါ… ဒါမှ ကြော်တဲ့အခါ ကွေးမသွားမှာ […]


Ma EiJune 9, 20151min24917
ညှော်ကြမယ်ဗျိုး….. ရုံးသမားမို့ တစ်ပါတ်စာ စားလို့ရအောင် စနေ တနင်္ဂနွေ တစ်ရက်ရက်မှာ အကြော်လှော်လေးတွေ ချက်ပြုတ်ကြော်လှော်ရပါတယ်… ဒီတစ်ပါတ်တော့ ငံပြာရည်ချက် ချက်ပါမယ်… ငံပြာရည်ချက်အတွက် လိုအပ်တာတွေကတော့ 1.. ပုဇွန်ခြောက်             ၁ဝ ကျပ်သား 2.. ငရုတ်သီးခွဲကြမ်းခြောက် ၅ ကျပ်သား 3.. ကြက်သွန်နီ             ၁၅ ကျပ်သား 4.. ဆီ                         ၁ဝ ကျပ်သား 5.. ငံပြာရည်                   ၅ ကျပ်သား 6.. ကြက်သွန်ဖြူ             ၅ မွှာ လောက်ဆိုရပါပြီ… သူတို့ကို ချက်ဖို့ပြင်ဆင်တာလေးလဲပြောမယ်နော်… အရင်ဆုံး ငရုတ်ခွဲကြမ်းကိုထောင်းရပါမယ်…အိမ်မှာတော့ အမေ့လက်ဆောင် ကျောက်ငရုတ်ဆုံကိုဘဲသုံးပါတယ်.. ငရုတ်ခွဲကြမ်းထောင်းပီးရင်ခပ်ထားကာ၊ ကြက်သွန်နီ အခွံခွာ ထူထူလှီးထားတာကို ဆက်ထောင်း မညက်တညက်မှာ ခပ်ထားပါ၊ ပြီးမှ ပုဇွန်ခြောက်ကို ထောင်းပါ…အိမ်မှာတော့ […]


ဒီနေ့တော့ အစားအသောက်ဘက် လှည့်ကြည့်မလားလို့။ လွန်ခဲ့တဲ့ သုံးရက်ကတော့ အိမ်က အစ်မတော်က ကင်မ်ချီစားချင်တယ်ဆိုလို့ ကင်မ်ချီတွေ နယ်လိုက်တာ လက်တွေကို ပူနေတာ ညအိပ်တဲ့အထိပဲ။ ဒီနေ့လောက်ဆို စားလို့ရပြီဆိုတော့ ရေခဲသေတ္တာထဲက ကင်မ်ချီဘူးလေးတွေ ကြည့်မိရင်း ပီတိတော့ ဖြစ်မိသား။ ကင်မ်ချီတွေကြည့်ရင်း မနှစ်က စင်ကာပူက Saragoon ဘူတာက Mall ထဲက ကင်မ်ချီအလကားကျွေးတဲ့ဆိုင်ကို သွားသတိရမိသေးတယ်။   ဘာရယ်တော့မဟုတ်ပါဘူး ငါးပိရည်လုပ်တဲ့ပို့စ်လေး ဖတ်မိရင်း အကြော်အလှော် ဘက် ရောက်သွားရာကနေ။ ဘာလချောင်ကြော်အကြောင်း သတိရသွားမိလို့ပါ။ ဘာလချောင်ကြော်ဆိုလို့ ပြီးခဲ့တဲ့လက Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာရဲ့ အလှူပွဲမှာ လမ်းလုပ်သားတွေကို ကြက်သားဆီပြန် နဲ့ တွဲဖက်စားမယ့် အကြော်တစ်ခု ကျွေးမယ် ကူညီပေးပါဆိုတာနဲ့  ဟင်းချက်ထမင်းချက်မယ့် အစ်ကိုတစ်ယောက် […]


ဇီဇီJune 4, 20151min39738
ဘဲဥ ဘဲမ အစ ဘယ်က စ ပတ်တနာ တစ်ခု ဆွဲထုတ်အူးမယ်။ ဆရာ နန္ဒဝင်း ရဲ့ ပေ့(ချ) မှာ တွေ့လို့ရော အဲဒီ မတိုင်ခင် အင်ဒိုနီးရှား ဝန်ကြီးက သူတို့ ကျောင်းတွေမှာ နိုင်ငံခြားမုန့်၊ အသင့်စားမုန့်တွေကို ပိတ်ပင်ပြီး ရိုးရာ အစားအသောက်ကို ကလေးတွေကို ရောင်းချဖို့ ပြောတဲ့ သတင်းလေး ဖတ်ရာက စပြီး စဉ်းစားမိတာ။   ငယ်တုန်းကတော့ ကြားဖူးတယ်လေ။ ကလေးတွေဟာ တိုင်းပြည် အနာဂတ်တို့ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ရမှာတို့ ဘာတို့။ စဉ်းစားကြည့်ရင် ဟုတ်တယ်။   ကျန်တာ မပြောတော့ပါဘူးးး မြင့်ပါတယ်။ ပညာရှင်တော့ ပြောကြပါစေတော့။ ပညာရေး… နိုင်ငံရေး… စီးပွါးရေး… အရ မတိုးတက်အောင် ကလေးတွေ ကို […]