ဒီရက်ထဲ ဘန်ကောက်ကို အလုပ်ကိစ္စကြောင့် ခဏ ရောက်နေရပါတယ် အပြင်သွားရင်း နဲ့ နေ့တိုင်း ချက်တူချက်ပန်းခြံ (Chatuchak Park) ကို ဖြတ်သွား ဖြစ်နေတယ် ပန်းခြံလေးက ရှည်မျောမျော ၊ ရေကန်လေးတွေ တံတားလေးတွေ လမ်းလေးတွေက သပ်သပ်ရပ်ရပ် ပန်းပင်လေးတွေ သစ်ပင်လေးတွေကလဲ လှလှ ပပ နဲ့ မို့ လျှောက်နေရတာကို မောမှန်း မသိတော့ပဲ ပတ်ဝန်းကျင်မှာ နစ်မြောသွားမိတာပဲ… ပန်းခြံထဲမှာ လမ်းလေးတွေကို ကတ္တရာခင်းထားတယ် ၊ သစ်ပင်လေးတွေက ညှိုးနွမ်းနေတာ မရှိပဲ စိမ်းလန်းစိုပြေ နေတယ်… တွေ့နေကျ မြင်ကွင်းတွေက လူကြီး လူငယ်တွေ ကျန်းမာရေးအတွက် လမ်းလျောက်ကြတယ် အနှေးပြေးကြတယ် အဘွားကြီးတွေ ကက်ဆက်ဖွင့်ပြီး လေ့ကျင့်ခန်းလုပ်တယ် တစ်ခါတစ်လေ ကတောင် […]