ဇီဇီDecember 17, 20135min76637
    ကဲ။   မနေနိုင်လွန်းလို့ ပြော၊ အဲလေ ရေးပါရစေ။   ပြီးမှ ဟိုလူ့ အပြစ်တင်၊ ဒီလူ့ လက်ညှိုးထိုးမလုပ်တော့ပါဘူးးး   လိုအပ်တာတွေပဲ ပြောပါတော့မယ်။   ဟိ။  :mrgreenn:     လိုတာပြောမယ် ဆိုလို့ ပညာရှင်မမှတ်ပါနဲ့။ လူပြိန်းတွေး တွေးပြီး ပြောမှာပါ။   ဘောလုံး ဆိုတာ လုံးတယ် ဆိုတာက လွဲပြီး ကျန်တာမသိပါဘူးးး (ဟိ)   :mrgreenn:   ဘောလုံးပွဲ ဆိုရင်လည်း မြန်မာပွဲပဲ ကြည့်ချင်ပါတယ်။ အစွဲလေးနဲ့မှ ကြည့်တတ်လို့ပါ။   မန်းလေးမှာတုန်းက တစ်ခါတစ်ခါ ဇော်သန့်က တစ်ယောက်တည်း ညနက် မကြည့်ချင်တဲ့ အခါလောက် မှာပဲ ပရီးမီးယား လိ(ဂ) […]


black chawSeptember 5, 20131min24613
ဘယ်သူတွေ ဘာပဲ ပြောပြော… ယိုးဒယား အားကစား ကတော့ဖြင့် တိုးတိတ်စွာနဲ့ပဲ ကမ္ဘာ ကို တစ်ခဏတာ လွှမ်းခွင့်ရခဲ့ပါပြီ…။ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ကျင်းပသွားခဲ့တဲ့ ၂၀၁၃ ကမ္ဘာ့ကြက်တောင်ရိုက်ချံပီယံရှစ်ပြိုင်ပွဲမှာ… ထိုင်းကြက်တောင်မယ်လေး အင်သာနွန်က ကမ္ဘာ့ချံပီယန် ဆုကို ဆွတ်ခူးသွားပါတယ်တဲ့…။ နည်းတဲ့ ဆုမဟုတ်ဘူးနော် ကျောင်းဒကာ…။ အရှေ့တောင်အာရှ ချံပီယန် ဆု မဟုတ်ဘူးနော်…။ အာရှ ချံပီယန်ဆု မဟုတ်ဘူးနော်…။ ကမ္ဘာ့ ချံပီယန် ဆုဗျ…။ သေသွားမယ် ဘာမှတ်နေလဲ…။ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ အင်သာနွန် ယှဉ်ပြိုင်အနိုင်ယူခဲ့ရတာက တရုတ်က ဆီဒင် (၁) ရတဲ့ လီရွှယ်ရဝေ ပါ…။ (၂၂-၂၀)၊ (၁၈-၂၁)၊ (၂၁-၁၄) ၂ပွဲ-၁ပွဲ နဲ့ အနိုင်ရခဲ့တာပါဗျာ…။ သူနဲ့ ကျမှ တိုက်တိုက် […]


black chawAugust 25, 20131min40525
ဗန်ပါစီ ၂ ဂိုးသွင်းတယ်…။ မန်ယူ အနိုင်ရတယ်…။ မန်ယူဘက်က လောင်းကြေးထပ်ကြသူတွေလည်း အပြည့်အဝပျော်ခွင့်ရခဲ့ကြပါရဲ့…။ သို့ပေမယ့်…။ မပျော်ပါဘူး…နှင်းဆီဖြူ… (ခင်ဝမ်း) တစ်သက်လုံး မန်ယူမှ မန်ယူ ဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့အတွက်တော့… မန်ယူရဲ့ အနိုင်ရရှိမှုက လွမ်းလောက်စရာ တစ်စက်မှ မရှိ…။ အဲဒီညက ဘောလုံးပွဲကို ဒေးဗစ်မိုယက်စ် တစ်ယောက် ဆားခတ်ဖို့ များ မေ့နေခဲ့လေရော့သလား…။ အူကြောင်ကြားကစားကွက်ထဲက ဖေါက်ထွက်ပြီး ၂ ဂိုးသွင်းပေးခဲ့သော ဗန်ပါစီကိုပဲ သူရဲကောင်းဘွဲ့ပေးရတော့မလိုလို…။ လက်သီးလက်မောင်းတန်းပြီးအောင်ပွဲခံနေတာကို မြင်ပြန်တော့… အင်း…ခက်တော့ အတော်ခက်သားလားကွယ်…။ အင်မတန်ပေါ့ရွှတ်သော ကစားကွက်တွေနဲ့…အနိုင်ရခဲ့တာက ဝီဂန်လို ပထမတန်း က အသင်း…။ သွင်းခဲ့တဲ့ ဂိုးတွေက မန်ယူ အရသာစစ်စစ် နဲ့ နည်းနည်း အလှမ်းဝေးနေခဲ့…။ ဒီခြေမျိုးနဲ့တော့ စပယ်ရှယ်ဝမ်းကြီး ကို ကျော်ဖြတ်ဖို့ […]


ကထူးဆန္းAugust 4, 20131min35228
တစ်နေ့ တစ်ရက်လောက်များ အသက်ပိုရှည်မလားရယ်လို့ ညနေ ညနေ ရောက်ရင် ကျွန်တော် နာရီဝက်လောက် လမ်းလျှောက်စက်ပေါ် တက်လျှောက်လေ့ရှိပါတယ် ။ ဒီနေ့ တော့ နဲနဲ စော လျှောက်ဖြစ်ပြီး ထုံးစံ အတိုင်း လမ်းလျှောက်စက် ရှေ့ ကပြနေတဲ့ တီဗွီ ကို ကြည့်မိပါတယ်။ နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်း မှာ နေပြည်တော် အသင်း နဲ့ ရန်ကုန် အသင်းတို့ ရဲ့ ဒီနှစ် MNL ပွဲရဲ့ နောက်ဆုံးဘောလုံးပွဲ ပြနေပါတယ် ။ ပွဲပြီးရင် ရန်ကုန် အသင်းကိုလည်း ချန်ပီယံ ဖလား အပ်နှင်းမှာပါ ။ ရန်ကုန် အသင်းအတွက် ဒီပွဲ က အရေး မကြီးတော့ပါဘူး ။ ချန်ပီယန် […]


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ပဲရစ်မြို့တွင် ကျင်းပလျက်ရှိသော ပြင်သစ်အိုးပင်း ဂရင်းစလင်မ် တင်းနစ်ဖိုင်နယ်ပွဲတွင် ရုရှားသူ အပျိုဆင်လေး ရှာရာပိုဗာကြောင်ကြီးနှင့် အမေရိကန်မ ဆာရီနာခရစ်စတယ်လိုင်းဂျီး […]


ရှာရာပိုဗာကြောင်ကြီး နိုင်သွားပါပြီခင်ဗျာ.. နှစ်ပွဲပြတ်နဲ့ ဖြစ်ပါတယ်။ ပထမဆုကြေးငွေ ဒေါ်လာ ၁၂၅၀၀ဝ အပြင် ဒေါ်လာသိန်းကျော်တန် ၉၁၁ ပိုရှေးပြိုင်ကားကိုပါ ရရှိသွားပါတယ်…။ မနှစ်ကလည်း ရှာရာလေးပဲ အနိုင်ရရှိ ဗိုလ်စွဲခဲ့တာပါ။ ဦးကြောင်ကြီးကတော့ ပြောထားတဲ့အတိုင်း ငှီးလျောင်း ငှီးလျောင်း… ပျားရည်ဆမ်းခရီး ခရစ်စတယ်လေးနဲ့  😳 မနက်ဖြန် နံနက် ၈နာရီ စတူးဂတ်မြို့မှာ (ယူအက်စ်အရှေ့ဖက်ခြမ်း စံတော်ချိန်)  ပြုလုပ်မည့် ပိုရှေးဒဗလျူတီအေ ကမာ္ဘ့တင်းနစ်ပြိုင်ပွဲ WTA Porsche Tennis Grand Prix ဗိုလ်လုပွဲတွင် အမေရိကန်နိုင်ငံတွင် နေထိုင်သူ ရုရှားမလေး ဖြူဖွေးဖွေး ရွှေရောင်ရေဆေးငါး တတုံးတခဲ နုနုထွတ်ထွတ် အပျိုဆင် ရှာရာပိုဗာကြောင်ကြီး နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံရေးမှူး ဗိုလ်မှူးကြီး ခရစ်စတယ်လိုင်း၏ အမျိုးလည်းဟုတ် ဖေးဗရိတ်ဖြစ်သူ နလီဂျီးတို့ […]


johnnydeerJanuary 26, 20131min1212
‘D နေ့တော့ သိပ် အရှည်ကြီး မပြောတော့ဘူး…လာဇီယို ရယ်…ဗလင်စီယာ ရယ်…အာစင်နယ် ရယ်… လာ…ယာ…အာ…ပေါ့…အလွတ်ကျက်…အသေမှတ်နော်… လာ…ယာ….အာ…လာ…ယာ…အာ…လာ…ယာ…အာ…လာ…ယာ…အာ…


ဦးကြောင်ကြီးရည်းဇား အပျိုဆင် ရှာရာပိုဗာလေးနှင့် ခြစ်သောကြေးမုံဂျီးအမျိုး နလီတို့သည် နယူးယောက်စံတော်ချိန် ၂၃ရက်နေ့  ည ၉:၃၀  ဝန်းကျင်  သို့မဟုတ်  မြန်မာစံတော်ချိန် ၂၄ရက်နေ့ နံနက် ၉နာရီ တဝိုက်တွင် ဩစတေးလျအိုးပင်းတင်းနစ် ၂၀၁၃ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဦးကြောင်ကြီးမှ သူ၏ရည်းဇား ရှာရာပိုဗာကြောင်ကြီး ရှုံးလျင် ကြေးမုံဂျီးထံ သူ့ဘဝတခုလုံး ပုံအပ်မည်ဖြစ်ကြောင်း၊ မှောက်လိုမှောက်သွန်လိုသွန် လက်ဖဝါးထဲမှရေ ကြိုက်သလို ပြုမူနိုင်ကြောင်း၊ လည်ဖြတ်လျင်လည်း သေခံဝံ့ကြောင်း စိန်ခေါ်ထားသည်။ ယခင်အကြိမ်များကလည်း ယခုကဲ့သို့  စိန်ခေါ်လောင်းကြေးထပ်မှုများစွာ ရှိခဲ့သော်လည်း ရပ်ထဲရွာထဲ ခုနှစ်အိမ် ရှစ်အိမ်ကြား အော်ဟစ်သောင်းကျန်းလေ့ရှိသူ ကြေးမုံဂျီး လေသံမျှပင် ထွက်မလာခဲ့သဖြင့် ဦးကြောင်ကြီးတယောက် ပွဲမစခင်ကပင်လျင် နိုင်နေပြီဖြစ်ကြောင်းနှင့် ဥပဒေကြောင်းအရဆိုလျင် ကြေးမုံဂျီးအား မှောက်လိုမှောက်သွန်လိုသွန် လက်ဖဝါးထဲမှာရေစက်ပမာ ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ကမာ္ဘ့တင်းနစ်အဖွဲ့ချုပ်မှ အသိမှတ်ပြု […]


Wai Yan LattJanuary 9, 20131min2146
““ဆရာမနက်တိုင်း မနက်တိုင်း လမ်း လျှောက်တယ်မို့လား”” ““ဟုတ်ကဲ့ ကျွန်တော်မနက်တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်ပါ တယ်။”” ““ဆရာ့ကို ကျွန်တော်မနက်တိုင်း တွေ့တွေ့နေရလို့ပါ။ လမ်းလျှောက်ရင် ကားတွေကို သတိတော့ထားပါ ဆရာ ရယ်။ လွန်ခဲ့တဲ့ (၃-၄)ရက်လောက်က လှည်းတန်းဈေးထဲက ကုန်စုံရောင်းတဲ့လူ ငယ်လေးတစ်ယောက်လမ်းလျှောက်နေ တုန်း ကားတစ်စီးကဝင်တိုက်သွားတာ ပွဲ ချင်းပြီးပဲတဲ့ တရားခံကားကိုလည်း မသိ လိုက်ဘူး။ တိုက်တဲ့ကားကမောင်းပြေး သွားတယ်လို့တော့ ပြောနေကြတာပဲ ဆရာ””တဲ့။ ““ဟုတ်ကဲ့ ကျွန်တော်သတိထားပါ့ မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ”” နေ့စဉ်လမ်းလျှောက်ရင်းတွေ့နေကျ မျက်မှန်းတန်းမိသူတစ်ဦးက စေတနာဖြင့်ပြောလာခြင်းဖြစ်သည်မှာ ခံစားမိသည်။ ရန်ကုန်မြို့တွင်ကားအမျိုးမျိုး စည်း မဲ့ကမ်းမဲ့မောင်းနှင်နေသည်ကို သတင်းရင်းမြစ်အသီးသီးကတဆင့်ပြည်သူများ သိပြီး ဖြစ်ပါလိမ့်မည်။ထို့အတူ နယ်မြို့များတွင်လည်း ကား၊သုံးဘီးဆိုင်ကယ်၊ရိုးရိုးဆိုင် ကယ်များ စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုများ ကြောင့် လူအသေအပျောက်ရှိသော သတင်းများကိုလည်း […]


သမ္မတကြီး ၂၆.၁၂.၂၀၁၂ ရက်နေ့က ပြောသွားတဲ့ မိန့်ခွန်းထဲက ဟောဒီ အချက်ကလေးက ကျနော် ရေးမယ်ရေးမယ်နဲ့ အကောင်အထည်မပေါ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို တွန်းအားပေးလာတယ်..။ အဘစိန်က ဒီလိုပြောလာတယ်.. နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဟုတ်ပေ၏။ သမ္မတကြီးက နိုင်ငံအများအံ့ဩရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို ဦးဆောင်ပြီး လုပ်ပြနေပါတယ်။ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျှော်ပြီး၊ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊  ပြည်သူများအပါအဝင်  သဘောထား […]


johnnydeerDecember 16, 20121min1012
မိန်းမယူလိုက်ပါတဲ့….ကောင်းတဲ့ မိန်းမနဲ့ ရရင် စိတ်ချမ်းသာရလိမ့်မယ်တဲ့…မကောင်းတဲ့ မိန်းမနဲ့ ရရင် တွေးခေါ်ပညာရှင်ဖြစ်လာလိမ့်မယ်တဲ့…ဆိုကရေးတီးက ပြောတာပါ… ပေါက်တတ်ကရ ရေးတတ်တဲ့ ကျွန်တော်က နောက်တမျိုးပြောင်းပြောမယ်နော်.. .လောင်းကစားလုပ်လိုက်ပါ…နိုင်ရင် ပိုက်ပိုက်တွေ ရပြီး ပျော်လိမ့်မယ်…ရှုံးရင်တော့ ကိုယ့်တန်ဖိုးအမှန်ကို သိလိမ့်မယ်လို့…ကိုယ့်တန်ဖိုး အမှန်ဆိုတာက ဥပမာပေါ့လေ…ကိုယ်က ပိုက်ဆံလိုရော ခင်တယ်ထင်တဲ့ ရင်းတယ်ထင်တဲ့လူတွေဆီပဲ ပိုက်ဆံ ချေးရတာပေါ့… အဲ့ဒီအချိန်မှာ ကိုယ့်လူတွေက ကိုယ့်ကို ဘယ်လောက်တန်ဖိုးဖြတ်ထားသလဲ.. ကိုယ့်တန်ဖိုးကဘယ်လောက်လဲ ကွက်ကွက်ကွင်းကွင်း သိရတော့တာပါပဲ…စိတ်ဆိုးစရာတော့ ရှိပါဘူး…ကျေးဇူးတောင်တင်ရဦးမှာ…မိတ်ဆွေတို့လဲ ကိုယ့်တန်ဖိုးလေး သိချင်ရင် ပိုက်ဆံ လိုက်ချေးကြည့်လေ…စမ်းကြည့်ပါ…ကိုယ့်အပေါ်မှာ ရှိတဲ့ ခင်မင်မှု၊ယုံကြည်မှုတန်ဖိုးအမှန်ကို သိရတာပေါ့…မရှိတဲ့ လူတော့ သွားမချေးကြည့်နဲ့နော်..အားနာစရာတွေ ဖြစ်ကုန်လိမ့်မယ်… ကဲ..ထားပါ…ကျွန်တော်ပြောချင်တာ ဒါမဟုတ်ဘူး…ကျွန်တော် ဘော့လုံးခန့်မှန်းတွေဆို အမြဲ ကန်ပြီးမှ ဖတ်လေ့ ရှိတယ်…အဖြေသိပြီးမှ ဖတ်ကြည့် တအားရီရတာ…လွဲချက်တွေကတော့ လက်လန်တယ်…အဲ့ဒါနဲ့ ကိုယ်ကိုတိုင် ခန့်မှန်း […]


black chawNovember 23, 20121min21410
ဘလက်ကြီးတစ်ယောက် လိုင်းကြောင်းပြန်ပြီလို့ အထင်မလွဲကြစေချင်ပါဘူး…။ ဘောလုံးပွဲ ပွဲကြိုရေးတဲ့လူတစ်ယောက် အကြောင်းပြောမလို့ပါဗျာ…။ ပုံမှန်အားဖြင့်တော့ ပွဲကြိုဆိုတာ အနုပညာ တစ်ခု လို့ ပြောရမှာ ခက်ပါတယ်…။ ဒါပေမယ့် ဆရာ Nကြယ်မင်းရဲ့ ပရီးမီးယားလိဂ် ပွဲကြိုတွေကတော့ အနုပညာရသတစ်ခုပါတယ်လို့…ကျွန်တော် အခိုင်အမာ ပြောရဲပါတယ်…။ အဲဒီပုဂ္ဂိုလ် N ကြယ်မင်း ရဲ့ ပွဲကြိုတွေဟာ အရမ်းမှန်တယ်လို့ (လုံးဝ) မဆိုလိုချင်ပါဘူး…။ သို့သော် အရသာတစ်ခုခု ပေးစွမ်းနိုင်တာတော့ အသေအချာပါ…။ ဆိုလိုချင်တာက မှားတယ်ဆိုတဲ့ ပွဲတွေမှာတောင် အနုပညာပါတော့ အရသာရှိနေတတ်တာမျိုးကိုပါ…။ ကျွန်တော်ကတော့ သူ့ပွဲကြိုတွေကို ဘောလုံးပွဲကြည့်ပြီးမှ ပြန်ဖတ်ရင် ပိုအရသာရှိတယ်ဆိုတာလေး အခုတင်ပြချင်တာပါ…။ ပွဲကြိုဆိုတော့လည်း မှန်တဲ့အခါ မှန်ပြီး မှားတဲ့အခါ မှားပေါ့ဗျာ…နော့်…။ ဟုတ်မဟုတ် ဆိုတာ သူပင်တိုင်ရေးနေတဲ့ ALL STAR ဂျာနယ်ထဲက […]


သူရႆဝါNovember 23, 20121min1123
                        သူသည် လူငယ်တစ်ယောက်ဖြစ်သည် ၊ သူသည် ကျွန်တော်တို့၏ နှလုံးသားဖြစ်သည် – သူရဿဝါ – ထို ကစားသမား ကို သူအခုလို နာမည် မကြီးလာခင်၊ ရန်ကုန် ယူနိုက်တက် အသင်းတွင် ပုံမှန် နေရာ မရသေးခင် ကာလ ကတည်းက (သူလူစားဝင် ကစားသော အချိန် များတွင်) သူ၏ ကစားပုံကို ကြည့်ပြီး သဘောကျ ခဲ့သည်။ ဘောလုံးပွဲ ကြည့်ဖော် သူငယ်ချင်း များကိုလည်း “သူ့ကို ကြည့်ရတာ တစ်ချိန် ကျရင် အောင်မြင် လာဦးမှာ၊ ကစားတာ […]