nigimi77June 22, 20133min5259
                                                                                                      Time  မဂ္ဂဇင်း မှာ  ပါလာတဲ့  […]


သတင်းထောက်၏ ပင်မအလုပ်သည် သတင်းများကို ရှာဖွေထောက်လှမ်းရေးသားခြင်းဖြစ်သည်။ သတင်းအချက်အလက်များကို အပိုအလိုမရှိ ပြည့်စုံတိကျနိုင်သမျှ ပြည့်စုံတိကျအောင် ရေးသားနိုင်မှ သတင်းထောက်ကောင်းဟု အသိအမှတ်ပြုခံရမည်ဖြစ်သည်။ ပြည့်စုံတိကျသော သတင်းတစ်ပုဒ်တွင်ပါရှိရမည့်’ဘ’ခြောက်လုံးကို နိုင်ငံတကာစံအဖြစ် လက်ခံထားကြသည်။ ၁။ ဘာဖြစ်တာလဲ။ (What Happened?) ၂။ ဘယ်သူတွေပါသလဲ။ (Who did it involve?) ၃။ ဘယ်တုန်းကလဲ။(When did it happen?) ၄။ ဘယ်မှာလဲ။ (Where did it happen?) ၅။ ဘာကြောင့်လဲ။ (Why did it happen?) ၆။ ဘယ်လိုဖြစ်သလဲ။ (How did it happen?) အင်္ဂလိပ်လို ဒဗလျူ(W)ငါးလုံးနှင့် အိပ်ချ်(H) တစ်လုံး။ မြန်မာလို ‘ဘ’ခြောက်လုံးနှင့် ပြည့်စုံရမည်ဟု […]


padonmarFebruary 22, 20131min71819
လမ်း၌ယဉ်ကျေးမှု (၁) က ယာဉ်မောင်းတွေနဲ့သက်ဆိုင်ပြီး လမ်း၌ယဉ်ကျေးမှု (၂) က အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ပြောခဲ့ပါတယ်။ အခု လမ်း၌ယဉ်ကျေးမှု (၃) မှာတော့ တစ်ဦးချင်းအတွက်ပြောချင်ပါတယ်။ ဒီအကြောင်းမပြောခင် ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ ဟိုရှေးရှေးတုန်းကအလွန်ချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ယောက်ရှိပါတယ်။( ခုခေတ်ဆို အပေါ်ဖားအောက်ဖိ ခရိုနီကြီးခေါ်ခံရမှာပေါ့။) အဲဒီ သူဋ္ဌေးကြီးမှာ အလွန်ကျယ်ဝန်းသာယာလှပတဲ့ ခြံကြီးတစ်ခြံပိုင်ပါတယ်တဲ့။ (သူက တစ်ခြံထဲပိုင်တယ်ဆိုတော့ ခုခေတ် သူဋ္ဌေးကြီးတွေလောက် မချမ်းသာရှာဘူးပေါ့။) တစ်နေ့တော့ သူခြံထဲမှာ ဧည့်ခံပွဲကြီးကျင်းပဖို့ ခြံကိုပြင်ဆင်ပါတယ်။ အဲဒီလို ပြင်ဆင်နေတာကို လှည့်ပတ် ကြည့်ရှု့ကြီးကြပ် လိုအပ်သည်များကိုမှာစားရင်း ခြံစပ်တစ်နေရာမှာ ခြံအလှကိုဖျက်တဲ့ ကျောက်ခဲပုံကြီး ပုံထားတာတွေ့ပါတယ်။ ဒီတော့ သူကခြံစည်းရိုးကို ကျော်ပြီးလွယ်လွယ်ကူကူ ခြံအပြင်ဘက်လမ်းပေါ် မြန်မြန်လွှင့်ပစ်လိုက်ကြကွာလို့ ခိုင်းပါတယ်။ သူ့အလုပ်သမားတွေကလည်း သူဋ္ဌေးကြီးရဲ့ Blessing ရတော့ ခပ်လွယ်လွယ်ပဲ […]


Mr. MarGaFebruary 9, 20131min80928
သုံးတတ်လျှင် ဆေးဖြစ်ပါသတဲ့   အခုတစ်လောမှာ အစိုးရပိုင်းက အပြောင်းအလဲတွေ အတော်များများကို တွေ့လာရတယ်။ အပြောင်းအလဲ ဆိုရာမှာ ကောင်းတဲ့ဘက်ကို ပြောင်းတာတွေ့ရသလို အဆိုးဘက်ကို တစ်ခါတစ်လေရောက်သွားတာတွေကိုလဲ တွေ့ရပါတယ်။ အကောင်းဘက်က အပြောင်းအလဲပဲ ဖြစ်ဖြစ် အဆိုးဘက်က အပြောင်းအလဲပဲဖြစ်ဖြစ် အကုန်လုံးကို ပြည်သူတွေ(အတော်များများ) က အချိန်နဲ့ တစ်ပြေးညီ သိနေရပါပြီ။ ဒီနေ့ခေတ်မှာ သတင်းစာ နေ့စဉ်ဖတ်မှ၊ ဂျာနယ် အပတ်စဉ်ယူမှ သတင်းတွေကို သိရတာ မဟုတ်တော့ပါဘူး တိုးတက်လာတဲ့ လူမှုရေးဝက်ဘ်ဆိုက်တွေ၊ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနေတဲ့ သတင်းဌာနတွေ၊ရေဒီယိုတွေ ကြောင့် သတင်းအတော်များများကို သိနေကြပါပြီ။ ဒီအခြေအနေမျိုးဟာ နိုင်ငံအတော်များများမှာ တွေ့နေရပေမယ့် မြန်မာနိုင်ငံမှာတော့ ဖြစ်လာတာ သိပ်မကြာသေးပါဘူး။ တစ်နှစ်၊တစ်နှစ်ကျော်ကျော်ဝန်းကျင်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ facebook ကို လူတွေ […]


ခရီးသွား … ခရီးသွား နဲ့ တသွား ထဲ သွား တစ်ခရီးထဲ ခရီး နေကြတဲ့ အချိန် .. ဘက်စုံ ဒေါင့်စုံ က လုပ်ဖို့ မလွယ်ဘူး ဆိုတာ လည်း သဘောပေါက်မိပါရဲ့ .. အဲ့ဒီ့ အထဲ က တစ်ခု ..ဘယ်သူမှ ဟ တာ မတွေ့မိသေးလို့ .. နဲနဲ လေး တော့ လျှာရှည် ကြည့် ပါရစေ။ ခရီးသွား ကျန်းမာရေး အာမခံ ပါ ။ နိုင်ငံခြားသားတွေ ခရီးသွားရင် အများစု က အာမခံ မထား မရှိဘဲ မလာကြ ။ မသွားကြပါဘူး ။ အဲ မြန်မာပြည် သွားကြမယ်ဆိုတော့ […]


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော နိုင်ငံတစ်ခုဖြစ်ပါသည်။ မျိုးမတူကွဲပြားသော ဓလေ့ထုံးစံများ ယဉ်ကျေးမှုအစဉ်အလာများကို လိုက်လျောညီထွေဖြစ်အောင် ညှိပြီးနေထိုင်နေကြသော တိုင်းပြည်တစ်ခုပင်ဖြစ်ပါသည်။ တိုင်းရင်းသားတို့ သည် များသောအားဖြင့် နယ်စပ်ဒေသများ ၊ပြည်နယ်များ တွင် အခြေချနေထိုင်နေကြပေသည်။ လူမျိုးရေးခွဲခြားမှု ( Discrimination ) သည် လွန်စွာမှ အကဲဆတ်သော ၊ ကြောက်မက်ဖွယ်ကောင်းသော အန ္တရာယ် ပေါင်းစုံတို့၏ မြစ်ဖျားခံရာ ပြဿနာဖြစ်သည်ကို မူ ကမ ္ဘာကလက်ခံထားပြီဖြစ်ပါသည်။ လူဖြူ-လူမည်း ပြဿနာ၊ ကျွန်-သခင် ပြဿနာ၊ အရှေ ့တိုင်းသား- အနောက်တိုင်းသား ပြဿနာ ၊ ဘာသာ အယူဝါ ဒ ကွဲပြားခြင်းပြဿနာ စသည်တို့သည် ယနေ့ထိတိုင် အောင် ပြေလည်အောင်မဖြေရှင်းနိုင်သေးသော ပြဿများပင်းဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်မူ လူသားတိုင်းတန်းတူအခွင့်အရေးရနေသည်လော […]


နာမည်က `ညှို့မဂ္ဂဇင်း´ပါတဲ့..။ မျက်နှာဖုံးရှင်မိန်းကလေးရဲ့ ဝတ်စားပုံ၊ ဓာတ်ပုံရိုက်ထားတဲ့ ကိုယ်နေဟန်၊ အပြင်အဆင်တွေက အလန်းစား.. မဂ္ဂဇင်းရဲ့ မျက်နှာဖုံးအောက်ခြေမှာ အရွယ်မရောက်သေးသူများ မဖတ်ရလို့ စာလုံးအနီနဲ့ ထင်ထင်ရှားရှားကြီး သတိပေးတားမြစ်ထားတဲ့ စာတမ်းဖတ်ရတာကိုက တစ်မျိုးဆွဲဆောင်နေသယောင်ရယ်။ ဒီမဂ္ဂဇင်း မထွက်ခင်ကတည်းက လူတွေပါးစပ်ဖျားမှာ တိုးတိုးတမျိုး၊ မကြားတကြားတဖုံ သဖန်းပိုးနေကြသလို… အင်တာနက်စာမျက်နှာများပေါ်မှာတော့ ပလူပျံလို့ပေါ့။ အသစ်အဆန်းဆို စိတ်ဝင်စားတတ်တဲ့ လူငယ်တွေ ကြားထဲမှာရော ဤလိုမဂ္ဂဇင်းမျိုး တသက်နဲ့တကိုယ် (နိုင်ငံခြားမဂ္ဂဇင်းများကို မဆိုလို) မတွေ့မကြုံဖူးတဲ့ လူကြီး/သူမတို့ ကြားမှာရော နာမည်ကြီးနေခဲ့တယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ လျှော့ပေါ့ပေးလိုက်တဲ့အချိန်မှာ ဒီလိုမဂ္ဂဇင်းမျိုးအတွက် ဘယ်လောက်ထိ ဖွင့်ချခွင့်ပေးထားသလဲ၊ စီစဉ်သူတွေဘက်ကရော ဘယ်လောက်ထိ (ပွင့်လင်းမြင်သာလို့ သုံးလိုက်ရမလားပဲ) ထင်ထင်ပေါ်ပေါ် ချပြလာမလဲ စိတ်ဝင်စားမိပါတယ်။ မထွက်ခင်ကတည်းက `ဇ`ပြထားတဲ့ ညှို့မဂ္ဂဇင်းအတွက် အမှတ်စဉ်(၁) ထွက်ပြီးချိန်မှာ […]


kaiDecember 5, 201210min129952
*************************************************************** BURMA RELATED NEWS – December 01-03, 2012. *************************************************************** Reuters – Myanmar govt asks Suu Kyi to investigate mine dispute Reuters – Calls grow for probe into police violence at Myanmar mine Reuters – Calls grow for probe into police violence at Myanmar mine Reuters – Blind China dissident urges Xi follow Myanmar path to […]


Thet Naing HtweDecember 5, 20121min3578
MG မှာ စာဖတ်လာတာ သုံးနှစ်…ဒီထဲမှာ အားလုံးက ကျွန်တော့်ထက် ဉာဏ်ပညာ ကြီးရင့်သူတွေပါပဲ… MG မှာစာဖတ်ရတာ ဗဟုသုတ အင်မတန်မှလည်း ရတယ်… ဒီတော့ မင်းက ဘာပြောချင်လဲလို့ မေးရင်… လက်တို့ပြီးတော့ သတိလေးပဲ ပေးပါရစေ… အောက်ပါအကြောင်းအရာများ wiki မှ လက်ညောင်းခံရိုက်လိုက်ပါသည်… စာကလည်း ကောင်းကောင်းမရေးတတ်တော့ ဒီလိုပဲလုပ်ရမယ်ထင်ပါတယ်.. copy & paste လည်းမလုပ်ရဘူးဆိုတော့….( wiki ကဆိုတော့ ဘယ်သူ့ကို ခွင့်တောင်းရမလဲ ) “Therefore, did we say, Kalamas, what was said thus, ‘Come Kalamas.  Do not go upon what has been acquired […]


လက်ပံတောင်းကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမူအား ဆန့်ကျင်ရှုတ်ချလိုသည့် မြန်မာပြည်သူပြည်သားများအနေဖြင့် အိမ်ဖြူတော်(အမေရိကန်အစိုးရ)အား တိုက်ရိုက်လက်မှတ်ရေးထိုး ပန်ကြားနိုင်ပါသည်။ ပန်ကြားချက်ကိုအောက်ပါလင့်မှ သွားရောက်၍လက်မှတ်ရေးထိုးနိုင်ပါသည်။ (ဒီဇင်ဘာလ ၂၉ရက်နေ့အထိ လက်မှတ်ရေးထိုးသူဦးရေ ၂၅၀၀ဝပြည့်ရမည်ဖြစ်ပြီး၊လက်မှတ်မရေးထိုးမှီ အကောင့်အသစ်ပြုလုပ်ရမည်ဖြစ်သည်…။ လက်မှတ်ရေးထိုးရန်လင့်…့http://wh.gov/5Yrl ကဲ..ဒီရွာထဲက သူကြီးကစပြီး လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် ရှိရှိသမျှ ရွာသူားအပေါင်းတို့ … အပြောမဟုတ်အလုပ်နဲ့သက်သေပြကြပါဆို့…


kaiNovember 26, 20121min3808
ဗမာ့စစ်တပ်ရဲ ့ စစ်ထောက်လှမ်းရေးအကြီးအကဲဘဝက အလွဲသုံးစားမှုနဲ့ အလုပ်ပြုတ်ထောင်ကျခဲ့တဲ့ ဗိုလ်ခင်ညွန့်ဟာ ထောင်ကထွက်လာပြိီးတော့ သင်္ကန်းဝတ်ခဲ့ပါတယ်။ဗမာတွေထောင်ကျပြီး ထောင်ကထွက်လာရင်သင်္ကန်းဝတ်ကြတာဟာ ထုံးစံတစ်ခုလိုပါပဲ။အကုသိုလ်တွေစင်သွားအောင်ဆိုတဲ့သဘောထင်ပါရဲ ့။ဦးဝင်းတင်တို့လိုလူမျိုးတွေကတော့ ခြွင်းချက်ပေါ့။သူတို့ကအကုသိုလ်လုပ်ခဲ့ဖူးသူတွေမဟုတ်ဘူးလို့ ကိုယ့်ဘာသာယုံကြည်စိတ်ချလို့ဖြစ်မှာပေါ့။ ဗိုလ်ခင်ညွန့်တို့ကတော့ ပြည်သူလူအများသံဃာတော်များပါမကျန် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာဆိုတော့ အကုသိုလ်မရှိဘူးလို့ ကိုယ့်ဘာသာယုံကြည်လို့လဲမရ၊သူတပါးမသိအောင်ဖုံးကွယ်ပြောဆိုလို့လဲမရဘူးလေ။ဘာဘဲဖြစ်ဖြစ် သင်္ကန်းဝတ်တယ်ဆိုတာ သူတပါးကိုနှိပ်စက်တာမှ မဟုတ်ဘဲကလား။သာဓုတောင် ခုကြရမှာပေါ့။ဒါပေမယ့် သူဝတ်တဲ့သင်္ကန်းဟာ မုဆိုးကြီးသောနုတ္ထုရ်ပေးလိုက်တဲ့သင်္ကန်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းရပေမယ်။ ခုလို ခဏတဖြုတ်သင်္ကန်းဝတ်တာကို ဒုလ္လဘရဟန်းလို့ခေါ်လေ့ရှိတယ်မဟုတ်လား။ဒါကြောင့် ဆရာကြီးရွှေဥဒေါင်းဆွေးနွေးရေးသားဖူးတာလေးတပိုင်းတစကို သတိရလိုက်မိပါတယ်။ဆရာကြီးက “လုံနှမတန်းလန်းနဲ့၊ဥုံဖွမန်းပြီး၊ဒုလ္လဘရဟန်းဝတ်တယ်”ဆိုတာမျိုးကို သိပ်ပြီးသဘောမကျဘူးခင်ဗျ။ကမ္မဌာန်းထိုင်ရင်ဖြစ်ဖြစ်၊ပုတီးစိတ်ရင်ဖြစ်ဖြစ် လုံနှမတန်းလန်းနဲ့ဆိုတော့ နောက်ဆံငင်စရာတွေဖြစ်မှာပေါ့နော်။ခုလဲ ဗိုလ်ခင်ညွန့်ခမျာ ခဏဘဲ သင်္ကန်းဝတ်ရှာတာပါ။ခုပဲလူထွက်ပြီး တော့ “အမျိုးသားနိုင်ငံရေး”ဆိုတာကြီး လုပ်ဦးမလို့ ဆိုပါကလား။ထန်းရည်သမားလို အမူးပြေတော့ ထန်းပင်မော့ကြည့်ဆိုတာမျိုး ဖြစ်နေမလားဘဲနော်။ ခုလို “အမျိုးသားနိုင်ငံရေး”ဆိုတဲ့စကားမျိုးကြားရပြန်တော့ အများပြည်သူတွေက မျက်ခုံးလှုပ်ကြ မယ်ထင်မိတယ်ဗျ။ဒီစကားလုံးက သူတို့တီထွင်ဆန်းသစ်ဖန်တီးခဲ့တဲ့ စကားလုံးမဟုတ်လား။သူတို့အာဏာသိမ်းရတာကိုက “ပါတီနိုင်ငံရေးသမား”တွေ ပြသနာရှုပ်ကြလို့ ဆိုသလိုလိုဘာလိုလို။ဒါ့ကြောင့် ပါတီနိုင်ငံရေးနဲ့ဆန့်ကျင်တဲ့အနေနဲ့ […]


Zato IchiNovember 18, 20121min2662
post from: http://presidentutheinsein.blogspot.com/2012/11/blog-post_17.html ပြီးခဲ့တဲ့ တနင်္ဂနွေက အချိန်ရလို ့online ပေါ်မှာ တင်ထားတဲ့ မြန်မာ့အလင်းသတင်းစာကို ဖတ်ခဲ့တယ်၊ သတင်းစာတွေ ရောင်စုံနဲ ့ထုတ်နေတာတွေ ့လို ့ဝမ်းသာပါတယ်၊ နိုဝင်ဘာလ ၄ ရက်နေ ့ထုတ်သတင်းစာ ကို ဖတ်မိတာဖြစ်ပါတယ်၊ မြန်မာသတင်းစာကိုအရင်တုံးက ဖတ်ခဲပါတယ်၊ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ တော့ အစိုးရက ထုတ်တဲ့သတင်းတွေက အရင်ကလို အယ်ဒီတာ့အာဘော်လို အစိုးရကိုပဲ ဦးစားပေးတဲ့ ဝါဒဖြန် ့ချီရေးသတင်း တွေနဲနဲပါးပါး လျော့နည်းလာတာတွေ ့ရလို ့အချိန်ရရင်တော့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ်တွေ တွေ ့ခဲ့ရင် ဖတ်ပါတယ်၊ စာမျက်နှာ ၈ မှာပါတဲ့ အောက်က သတင်းတပုဒ် ကိုဖတ်လိုက်တော့ တော်တော်တုန်လှုပ်မိ ပါတယ်၊ သတင်းခေါင်းစဉ်ကို ပေါ့ပေါတန်တန်ဖတ်လိုက်ရင် သုံးစွဲသူတွေ […]


Zato IchiNovember 10, 20121min2663
စနေနေ ့ထုတ်မြန်မာ့အလင်း သတင်းစာမှာ “ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ စာနယ်ဇင်းလောကသားများထံသို ့အိတ်ဖွင့်ပေးစာ” ဆိုတာကို ပြည်တွင်းသတင်း အနေနဲ ့ဖတ်လိုက်ရပါတယ်၊ အဓိက ကတော့ လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန် ့ရဲ့ မေးခွန်းတွေကို ဖြေတဲ့အဖြေ တွေပေါ် ဦး အောင်ကြည်ကို ကိုယ်ရေးကိုယ်တာ ဝေဖန် တဲ့ ကိစ္စကို ပြန်လည်ဖြေရှင်းတာဖြစ်ပါတယ်၊ ကျွန် တော့် အမြင်ကတော့ မေးခွန်းတွေ က ဘာမှ အနှစ်သာရ ပါတဲ့မေးခွန်းတွေလို မထင်ပါဘူး၊ အစိုးရဝန်ကြီးတွေ စာနယ်ဇင်းတွေကို ဒီလောက်တောင် တုန်လှုပ်ခြောက်ချားနေ စရာမလိုဘူးလို ့ ထင်ပါတယ်၊ ဒီကိစ္စကို ဖြေရှင်းဖို ့ ပြန်ကြားရေးဝန်ကြီးရုံး အဖွဲ ့မှူး အနေနဲ့ စာနယ်ဇင်းတွေကို statement တစ်ခု ထုတ်ပြန်ပေးလိုက်ရင်ပြီးသွားမဲ့ ကိစ္စကို အခုလို […]