“သာယာသော ………..စည်ကားသော………အေးချမ်းသော ..လာသင့်သော ပိတ်ချင်းမြောင်”   ပိတ်ချင်းမြောင်ကို အရင်ကရောက်ဘူးပေမယ့် ဓါတ်ပုံမရိုက်တော့ မြင်မြင်သမျှ ကြည့်သာကြည့်လိုက်တယ် အမှတ်တမဲ့ပါဘဲ။ အခုတစ်ခေါက်က စောစောလဲရောက်တော့လူရှင်းတာရယ် ကိုယ်ကလဲ ဓါတ်ပုံရိုက်ချင်တာရယ်ကြောင့် ကိုယ်က သတိထားကြည့်မိတော့မှ ရိုးသားတဲ့အရပ်ဒေသက ဈေးသည်လေးတွေကိုသတိထားမိပါတယ်။ မီးဖိုပေါ်မှာတင်ထားလို့ အငွေ့တထောင်းထောင်းထနေတဲ့ကောက်ညှင်းထုပ်တွေ၊ ကောက်ညှင်းနည်းနည်းငှက်ပျောသီးမှည့် တစ်ဝက်တိတိပါတဲ့ ငှက်ပျောထုပ်၊ ကောက်ညှင်းကျည်တောက် မြင်သမျှစားချင်စရာ။ မျစ်ချဉ် ၊လက်ဖက်ခြောက်၊စတော်ဘယ်ရီသီးနီနီ၊မက်မန်းဝိုင်၊မက်မန်းသီးဆားစိမ်။ ကြက်သွန်ဖြူ၊ဆတ်သားခြောက် အသည်စုံလို့ပါဘဲ။ ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါဘဲ။ တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။ လှိုဏ်ဂူထဲက ဆင်းလာတဲ့ရေတွေကြောင့်ဖြစ်နေတဲ့ရေတံခွန်စမ်းကလဲအေးဆေးလို့သာယာ။ ကဲ သွားသာကြည့်လိုက်ပါတော့……………………….   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)  


Ko out of...April 29, 20121min884
(၁) လောကတွင် ဘာသာရေးကလွဲရင် အားလုံးသောကိစ္စဟူသမျှသည် အမြဲပြုပြင်ပြောင်းလဲ လျှက်ရှိသည်..အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အယူအဆ စသည်တို့မှာ အမြဲပြောင်းလဲလျှက်ရှိသည်… (၂) ကျွန်ုပ်တို့၏ ယခုရှိရင်းစွဲ အနေအထိုင်၊အဝတ်အစား စသည်တို့ကို ပြုုပြင်ရန်များစွာ လိုပေသည်..ဥပမာ..မြန်မာစစ်တပ်ဖွဲ့လျှင် မြန်မာ့လုံချည်သည် မသင့်သော် မြန်မြန်ပြေး လို့ မဖြစ်ပေ စစ်သားအတွက်ဘောင်းဘီသည် အကောင်းဆုံးဖြစ်၏။ လေးနှင့် မြှားသည် ရှေးအခါက ကောင်းသော်လည်း ယခုခေတ်မှာ သေနတ်သည် ပိုကောင်း၏… (၃) အများသဘောသည် အမှားပေါ၏။ လောကတွင် ပညာရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်လျှင် ပညာရှိသောသူသည် မနှိုင်းယှဉ် နိုင်လောက်အောင် နည်း၏… (၄) မည်သည့် ကိစ္စမဆို ” ဟာ အများသဘောပေါ့” ဟုပြောသောသူသည် အသုံးမကျသောသူ လို့မှတ်အပ်၏။ အများသဘောသည် မှားလျှင်မှားကြောင်း […]


Kyaw SoeAgApril 29, 20121min929
ကျွန်တော်ဟာအစိုးရဝန်ထမ်းအငြိမ်းစားတစ်ဦးဖြစ်ပြီးအခုလက်ရှိမှာတော.ရခိုင်ပြည်နယ်၊သံတွဲမြို.၊သံတွဲဈေးမှာ ရေခဲရောင်းပါတယ်၊ သံတွဲဈေးမီးလောင်သွားလို.ယာယီဈေးဆိုင်ခန်းများနေရာချထားပေးရာမှာ ၊ဆိုင်ခန်းနေရာကိုရုံအလိုက်မဲနိုက်ပါတယ်၊ကျွန်တော်မဲနိုက်မယ်လုပ်တော.အသားငါးရောင်းတဲ.အတန်းမှာ တစ်ခန်းနေရာချထားပေးပါမယ်၊မဲမနိုက်ပါနဲ.လို.ဈေးကော်မတီကပြောကြားတဲ.အတွက်မဲမနိုက်ခဲ.ရပါ၊ သို.ပါသော်လည်းတကယ်တမ်း၊ဆိုင်ခန်းများနေရာချထားတဲ.အခါ ကျွန်တော်.လုပ်ငန်းတဲ.ဘယ်လိုမှမပတ်သက်တဲ.နေရာကိုချထားပေးပါတယ်၊ကျွန်တော်.လုပ်ငန်းအရရေခဲရောင်းတာဖြစ်လို. သားငါးတန်းမှာသာအဆင်ပြေတာပါ၊ ဒါပေမယ်.ကျွန်တော်ကိုကတိပေးထားတဲ.အတိုင်းမလုပ်ဘဲ၊ တခြားဆိုင်ခန်းများ၊ဈေးကော်မတီဝင်များနဲ.အဆင်ပြေသူများကိုသာနေရာချထားပေးပါတယ်၊ ကျွန်တော်မှ သွားရောက်မေးမြန်းတင်ပြတဲ.အခါ ၊    တိုင်ချင်ရာတိုင်၊ အင်တာနက်မှာ ဘဲ တင် ချင်တင်  စသည်ဖြင်. ပြောပါတယ်၊ မသက်ဆိုင်တဲ.နေရာမှာ ရောင်းချနေရလို.ကျွန်တော်.မှာ အလွန်ပဲနစ်နာရပါတယ်၊ ဈေးမီးလောင်လို.တစ်မျိုး ၊ဒီလိုမတရားနေရာချထားလို.တစ်မျိုး ပါ၊ ကျွန်တော်.အခက်အခဲကို မန္တလေးဂေဇက်ကတဆင်.တင်ပြအကူအညီတောင်းခံအပ်ပါတယ်၊ အောက်က ကျွန်တော်.လိပ်စာ၊ မှတ်ပုံတင်များဟာအစစ်အမှန်ဖြစ်ပါတယ်၊ သက်ဆိုင်မှစစ်ဆေးအရေးယူပေးပါလို.လေးစားအားကိုးစွာဖြင်.တိုင်ကြားအပ်ပါတယ်   ဦးသိန်းထွန်း(ရေခဲဆိုင်) ၁၂/မဂတ( နိုင်)၀၁၂၅၇၂ ဆိုင်အမှတ်(ပ/၄)၊ယခင်ဈေးအဟောင်းဆိုင်ခန်းနံပါတ်


PareByokeApril 29, 201236min1292
    နိုင်ငံအသီးသီးက နဂါးနှစ် အတွက် ပုံနှိပ် ထုတ်ဝေ တဲ့ တံဆိပ်ခေါင်းတွေကိုဆက်လက်ပြီး ရှာဖွေတင်ပြတာပါ၊   ဒီဆိုင် ပုံစံ အမျိုးမျိုး၊  ရောင်စုံအမျိုးမျိုး နဲ့ လှပခန့်ညား ရှုမငြီး နိုင်ပါပေတယ်၊ ကလေး လူကြီးမ ရွေး ပညာဗဟုသုတ တိုးနိုင်ပြီး  တံဆိပ်ခေါင်း စုတဲ့ ဝါသနာအိုးများအတွက်လဲ လင့်ခ link နေရာ ပါဖော်ပြထားတယ်        Bhutan  Bhutan 2012 China New Year of the Dragon S/S Zodiac Animal | eBay          Postcards of UNESCO […]


may flowersApril 29, 20121min16220
ကျွှန်မတို့အမေကြီးအိမ်နဲ့ အင်းကြီးနဲ့ကြားမှာ ငှက်ပျောပင်တောလေးရှိပါတယ်။ နောက်အဲဒီငှက်ပျောပင်အုပ်လေးကိုကျော်သွားရင်ဝါးရုံပင်တွေပတ်လည်ဝိုင်းနေတဲ့ အင်းကြီးကိုရောက်ပါတယ်။ နယ်ရွာလေးဆိုတော့ တစ်အိမ်နဲ့တစ်အိမ်က တော်တော်လေးလှမ်းကြပါတယ်။ အမေကြီးတို့အိမ်ကကြည့်ရင်လဲ အဲဒီအင်းကို ငှက်ပျောပင်တွေ ဝါးရုံပင်တွေကြောင့် မမြင်နိုင်ပါဘူး။ ကျွှန်မတို့တစ်တွေအတွက်က တော့ အဲဒီအင်းကြီးဟာပျော်စရာ ကစားကွင်းကြီးပါပဲ။ ဒါပေမဲ့ အင်းကြီးအော်သံကြားပြီဆိုရင်တော ့ လူကြီးတွေကအဲဒီနားကိုပေးမသွားတော့ပါဘူး။ အင်းကြီးကလဲ ညဘက်တွေမှသာအော်တာပါတဲ့။ တစ်နေကုန် တစ်နေခမ်း ပြောင်းဆန်အောင်ဆော့ကြတဲ့ ကျွှန်မတို့ကတော့တစ်ခါမှ မကြားခဲ့မိတာအမှန်ပါ။ ဒါပေမဲ့ မနက်ဘက်ရောက်လို့ လူကြီးတွေအချင်းချင်း ဟဲ့…ညကအင်းအော်သံကြား တယ်နော် ကလေးတွေဂရုစိုက်ဦးလို့ အသိပေးပြောနေတာကြားရလို့ အမေကြီးကို မေးကြည့်ဘူးပါတယ်။ အမေကြီးကအင်းအော်တယ်ဆိုတာ ရေတံခွန်ကရေတွေကျသံနဲ့ တူတယ်တဲ့ ညဘက်အင်းဘက်က ရေတံခွန်က ရေကျသံလို..တစ်ဝေါဝေါ မြည်သံကြားရင် ဒါအင်းအော်သံပါပဲတဲ့။ နောက်ပြီးအဲဒီအင်းကြီးရဲ့ အောက်မှာကျောက်ဖြာကြီးရှိတယ် အဲဒီကျောက်ဖျာမှာ မောင်နှမနှစ်ယောက် စောင့်တဲ့ဥစ္စာစောင့်သိုက်လည်းရှိတယ်လို့ပြောပါတယ်။ ကျွှန်မက အမေကြီုးက သိုက်ရှိတယ်သာပြောတာ အမေကြီး…….မြင်ဘူးလို့လားလို့မေးကြည့်ပါတယ်။ ဒီတော့ […]


kotun winlattApril 29, 20121min1518
သို့သော် အမတ်အပေါင်းတို့သည် ကံဆိုးပေသည်. ကြိုးစားထားသမျှကို ပြသခွင့်မရလိုကြချေ။ ငါးဇင်ရိုင်း ဘုရင်ကြီးသည် ချမ်းသာရေးစီမံကိန်းအကြောင်း မေးမြန်းရန်ပင်အချိန်မရှိ… ထိုစီမံကိန်းစပြီး မကြာမီပင် ဘုရင်ကြီး၏မယ်တော်သည် နာမကျန်းဖြစ်၏ ကိုယ်ခန္ဒာတွင် အကွက်အကွက်များပေါ်၍ တစ်ကိုယ်လုံးနုံးချိကာ ပျော့ခွေနေပေသည်။ “ခေါင်းမူးလိုက်တာ”ဆိုသည်ကိုပင် ပီပီပြင်ပြင်မငြီးနိုင်ရှာ…။ အနယ်နယ်အရပ်ရပ်မှ အထူးကုသမားတော်များသည် ဝင်ခလုတ်ထွက်ခလုတ်ပင်တိုက်ကြ၏။ ဘုရင်ကြီးသည် ကနဦးတွင် “အနာကြီး” များလားဟုထင်ကာလန့်သွားသေး၏။ နောင်မှ သမားတော်က “ပြဒါးအဆိပ်သင့်တာပါဘုရား” ဆိုမှစိတ်အေးရ၏။ ပြီးလျှင်ချက်ချင်းပင် “အစာကိုအဆိပ်မည်သူခတ်သနည်း”ဟုတွေးကာ ကြောင့်ကြမှုဖြစ်ပြန်သည်။ ထို့ကြောင့် ရေလည်းရဲရဲမသောက်ဝံ့…အစာလည်းရဲရဲမစားဝံ့….“တရားခံဘယ်သူလဲ”ဟုသာ နေ့စဉ်နှင့်အမျှဟစ်ကာဟစ်ကာ မေးသည်. ထို့နောက်တရားခံရှာမရသည့်အဆုံးတွင် “စားဖိုမှူးများအားလုံးအား အချုပ်တွင်ထည့်စေ”ဟုအမိန့်ချ လေသည်။ ထိုရက်များတွင် ဘုရင်ကြီးသည် အေးအေးလူလူမနေရ… ပူပန်ကာနေရပေသည်။ ထိုသို့ဖြင့် လွန်ခဲ့ပြီးသော တစ်မနက်တွင် တောင်တောင်အီအီတွေးနေရင်း “ငါဘုရင်ပင်မိခင်မကျန်းမာသည်ကို ဒီမျှပူပင်ရလျှင် သာမန် ပြည်သူပြည်သားတို့သည် ပို၍ပူပင်ကြရပေလိမ့်မည်”ဟုတွေးမိကာ မှူးကြီးမတ်ရာအပေါင်းတို့အား […]


naywoon niApril 28, 20121min896
တီဗွီကြည့်နေရင်းနဲ့ ဆီးသွားချင်လာလို့ ထပြေးရတယ်…။ အိုး…… နာလာပြန်ပြီ…။အောင့်တာအရမ်း… ဟင်းးးး ဆီးသွားပြီးတော့ ဆေးယူသောက်ကြည့်လိုက်တယ်…။ ဆေးဖြူဖြူအမှုန့်လေးတွေ ဇွန်းနဲ့ ခပ်ကော်ပြီးလက်ဖဝါးပေါ်တင် ဆေးကနှစ်မျိုးဆိုတော့နှစ်ဇွန်း ပါးစက်ထဲပက်ထည့်လိုက်…။ ဟိုက်………… အတော်ခါးတဲ့ဆေး…။ အဟုတ်..။ ဗမာဆေးထဲမှာ ချိုတဲ့ဆေးမတွေ့ဖူးသေး…။ စောစောက သကြားနဲ့ လ္ဘက်ခြောက်ရေစိမ်ထားတာ ယူမော့ချလိုက်တယ်…။ သူ့ကျတော့ ဖန်ချိုချိုလေး…။ သကြားတွေ စွတ်ထည့်ထားတာကိုး….။ ပြီးတော့ ရေပြန်စွက်ထားလိုက်ရသေးတယ်….။ နောက်တစ်ခါပြန်သောက်ရင် အဆင်သင့် ဖြစ်အောင်လို့လေ…။ ဆေးက တစ်နာရီ ကြားတစ်ခါသောက်ရမယ်ဆိုတော့……….။ ဆေးခါးတာလေးသက်သာအောင် သကြားတစ်ဇွန်းလောက်ထပ်ထည့်ပြီးမွှေထားလိုက်တယ်လေ….။ မှတ်ကရော…….။ ဆေးသောက်ပြီး သိပ်မကြာပြန်ဘူး…။ ထပ်ပြီးဆီးသွားချင်ပြန်ပြီ…။ ဆီးသွားချင်ရင်အောင့်ထားလို့မရဘူး…။ ချက်ချင်းသွားရမှ….။ အောင့်နေတဲ့နေရာရဲ့ အထက်နားမှာ ဆီးကျလာတာ ခံစားမိပြီး ယားလာသလို မနေနိုင်ဘူး…။ ဒီတစ်ခါ ဗိုက်ထဲကပါ သရိုးသရီ ဖြစ်လာတယ်…။ အိမ်သာတက်ရမှာကြောက်ပါတယ်ဆိုကာမှ… ။ ကဲပါလေ…။ […]


မန္တလေးဂေဇက် ဝိုင်းတော်သားတွေ သီတဂူ သုမေဓာဆေးရုံ စုပေါင်းအလှူနဲ့ ပတ်သက်ပြီး ဘာတွေရေးရရင် ဘာတွေပွားရရင်ကောင်းမလဲလို့ စဉ်းစားနေတာကြာဘီ။ ဓာတ်ပုံတွေ ရိုက်လားပြီး တင်မလား..၊ ကိုယ့်ထက် ဆရာ့ ဆရာ ရွာထဲက ဓာတ်ပုံဆရာတွေ အစွမ်းပြ ကြမှာဆိုတော့ မဖြစ်သေးဘူး။ ခရီးသွားဆောင်းပါးလိုလေး ရေးပြီးတင်ရင် ကောင်းမလား၊ ကိုယ့်ထက် အရေးအသား ညက်တဲ့ မဆူးတို့ကိုယ်တိုင် ခေါင်းဆောင် ပါဝင်တာ ဆိုတော့ သူတို့တင်တာတွေ ဖတ်ရတာ ပိုကောင်းမှာပါလေ…နဲ့ပေါ့။ ဒါနဲ့ အရင် နာရေးကူညီမှုအသင်းကို လှူတုန်းက တလွဲဖြစ်တာလေးတွေ ရေးပြီး ရွာထဲမှာ ပို့စ် စတင်ဖြစ်တာကို အမှတ်ရတာနဲ့ ရေးစရာက ရသွားတယ်။ အလှူခရီး မထွက်ခင် ခုကတည်းက လွဲနေတာကိုး။ နီကိုရဲကတော့ ကြည်ပြာရောင် နဂ္ဂတစ်များ ဆိုပြီး အလွဲတွေကို စာဖွဲ့လိုက်တာ […]


studentApril 28, 20121min1117
ကျွဲ နွား အရှင်များ မူဆယ် သို.ဆယ်ဘီးကားဖြင်.တင်ပို.နေပါတယ်။ ကားတစ်စီးကို ကျွဲ နွား အကောင်၂ဝတင်ပီးသွာနေပါတယ်။ ဘယ်သူခွင်.ပြုချက်သွားနေသလဲတော.မပါ။ ကျွဲ နွား များရှားပါးတော.ပါမည်။ အမြန်တားဆီးကြပါ။


sugar sugarApril 28, 20121min9811
Super Coffee မှ သူ့ရဲ့ Face Book ပေါ် မှာ Like /Comment ရေးရုံနဲ့ တစ်သိန်း ပေးပါတယ်တဲ့၊ တစ်နေ့ တစ်ယောက်နှုန်း နဲ့ ညနေ ၄ နာ ရီ မှာ ဆုရသူကို ကြေငြာ ပေးပါတယ်တဲ့ ရွာ သူ ရွာသားများ မကျန်ရလေအောင် မောင်း ခေတ်ကြေငြာ တာပါဗျို့