သင့်အေးရိပ် စုဆောင်းတင်ပြသည်။ May 23 ။ ၁၀၂၇ စစ်ဆင်ရေးကို အသာစီးရပြီးနောက် စစ်ကောင်စီနဲ့ ယာယီအပစ်ရပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)က သူ့အုပ်ချုပ်မှုဒေသအတွင်းမှာ ပြစ်မှုကျူးလွန်ရင် ပေးမယ့်ပြစ်ဒဏ်တွေကို ထုတ်ပြန်ကြေညာပါတယ်။ လူသတ်၊ ပြန်ပေးဆွဲတာ၊ ငွေညှစ်၊ လုယက်တာ၊ ရည်ရွယ်ချက်ရှိစွာ ဒဏ်ရာရစေတာ၊ ကျားဖြန့်လုပ်တာနဲ့လူကုန်ကူးတဲ့ ပြစ်မှုတွေအတွက် ထုတ်ပြန်ထားပါတယ်။ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူကုန်ကူးတဲ့ပြစ်မှုအတွက် ထောင်ဒဏ်၊ ငွေဒဏ်၊ တသက် တကျွန်း၊ သေဒဏ်၊ ပိုင်ဆိုင်မှုသိမ်းဆည်းတာတွေကို ပြစ်မှုအလိုက်ကျခံရမယ်လို့ စစ်ကောင်စီက ပြောပါတယ်။ စံချိန်တင်မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေး ပြန်ကျလာပေမဲ့ မြန်မာ့ရွှေဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၅,၁၆၀,၀၀၀ ဝန်းကျင်ထိ ဆက်မြင့်တက်နေပါတယ်။ ကမ္ဘာ့ရွှေဈေးကျပေမဲ့ မြန်မာ့ရွှေဈေးက ရက်ပိုင်းအတွင်း ကျပ် ၁ သိန်းဝန်းကျင် မြင့်တက်နေတာ ဖြစ်ပါတယ်။ May 22 […]