ဆူးApril 28, 20111min23914
မနက် အိပ်ယာနိးတော့ အိမ်ရှေ့ထွက်ကြည့်တော့ ပိတောက်ပင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နေကြပြီ။ ရွှေတိဂုံဘုရားဘက်ကို ကားလေးနဲ့ မောင်းပြီး ဘုရားခြေရင်းမှာ လမ်းလျှောက်ရင်း.. တလမ်းလုံး ပိတောက်ပင်ကြီးတွေ သစ်ရွက်စိမ်းစိမ်း မမြင်ရအောင် ဝင်းဝါပြီး ဝါထိန်နေအောင်ပွင့်နေကြပြီ။ ဘုရားခြေရင်းက လမ်းလျှောက်တဲ့ သိင်္ဂုတ္တရ ဥယျာဉ် အတွင်းမှာလည်း နှစ်ချို့ ပိတောက်ပင်ကြီးများ.. တစ်ပင်နှင့် တစ်ပင် အပြိုင်အဆိုင် ပွင့်နေကြရင်း လမ်းလျှောက်သူများ လက်လှမ်းမီသလောက် လှမ်းခူးတဲ့ သူနှင့်.. လမ်းလျှောက်ရင်း ပိတောက်ပန်းကို ကိုင်လျှောက်တဲ့ သူနှင့် ပိတောက်ပန်းများ စီးပွားဖြစ် ပြန်ရောင်းရန် ကြိုးစားပြီး ခူးနေသူများနှင့် ကားရပ်ပြီး ၂၀ဝ ဖိုးပေးပါ ၅၀ဝ ဖိုးပေးပါ ၁၀၀ဝဖိုး ပေးပါဆိုပြီး လှမ်းမေးပြီး ဝယ်နေတာတွေကလည်း အမြင်တမျိုးပေါ့.. ဒီလိုနဲ့ဘုရား ခြေရင်း လမ်းလျှောက်ရင်း အပြန် […]


ဆူးApril 23, 20111min70141
ရဟနာ္တနဲ့ ပုဂ္ဂိုလ်ထူးများ စာအုပ်ကို အောက်ပါ လင့်တွင် ဒေါင်းလုပ်ပြီး ဖတ်ရှုနိုင်ပါသည်။ http://www.mediafire.com/?wzwojjj25ut# ဒီမှာတော့ အဲဒီလို မတင်တတ်တဲ့ အတွက် လင့်ပဲ ပေးလိုက်ပါသည်။ စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ရန် ရှာဖွေ တင်ပေးလိုက်ပါသည်။


ဆူးApril 22, 20111min28011
နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့ ထွန်ကျူးသည်မဟုတ် ပါ သိသမျှရေရသော် နတ်ကတော်လုပ်နည်း နိဿရည်းကား .. ၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။ ၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။ ၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ အရွီးကောင်းအောင် ဖတ်ရမည် ။ ၄) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။ ၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က တစ်ချက်တည်းနှင့်ထောနိုင်သည် ။ ၆) လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။ ၇) […]


ဆူးApril 22, 20111min30015
ပျားလေး ဖိုးတုတ်တို့ မိသားစု အိမ်ပြောင်းဖို့ လိုနေပြီ။ ဖိုးတုတ် မိခင်က သားတို့ရေ.. အမေတို့ ဒီအရပ်ကနေ ခွာပြီး တခြား တနေရာမှာ အခြေချပြီးနေနိုင်အောင် လုပ်ပါအုန်း။ သားတို့ အဖွဲ့ နေရာသစ် တခုကို ရှာပြီး လာပြောပါအုန်း။ ပြီးရင် ဒီကနေ ထွက်ခွာပြီး ပြောင်းနေကြရမယ်။ မိခင်ပျားမကြီးရဲ့ စကားကို မြေဝယ်ကျ နားထောင်တဲ့ ပျားကလေး ဖိုးတုတ်ကတော့ အိမ်ကနေ ထွက် အစာရှာထွက်ရင်း အိမ်ပြောင်းရွှေ့နိုင်ရန် နေရာလိုက်ကြည့်ခဲ့တယ်။ ပန်းခြံ တခုက ပန်းခင်းထဲမှာ ပန်းဝတ်ရည်များ စားသုံးပြီး အနားမှာ ရေကန်လည်းတွေ့တော့ ဒီလိုနေရာမှာ နေမယ်ဆိုရင်တော့ စားဖို့ ပူစရာ မလိုဘူး ဟု ဆုံးဖြတ်ချက်ချပြီး အိမ်ဆောက်ဖို့ နေရာလိုက်ကြည့်တဲ့ အခါ အိမ်ပုပုလေး တခုတွေ့တယ်။ […]


ဆူးApril 19, 20111min31529
ကမာ္ဘ့အကြီးဆုံး ခေါင်းလောင်းကြီးများ ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် ‘အပိန္နသော်’ သို့မဟုတ် ‘ဓမ္မစေတီ’ ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် ‘အဝိန္ဒဆောက်’ဟု ခေါ်ပါသည်။ ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီးတစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို […]


ဆူးApril 17, 20111min28514
အလုပ်ပိတ်ရက်… နားလို့တောင် မဝ သေးဘူး။ ပိတ်ရက် စေ့ပြီတဲ့။ အလုပ်တက်မယ်။ အလုပ်များတဲ့ အခါ… လစာတိုးပေးတော့မယ်တဲ့…. ဂွင်တခု တွေ့ထားတယ်။ အဟဲ…. လူကြီး သိသွားလို့ မတိုးတော့ဘူးတဲ့ကွယ်။ နှစ်သစ်မှာ လုပ်ငန်းခွင်မှာကော အချစ်ရေး လူမှုရေး ဘက်စုံ အောင်နိုင်မှုများနဲ့ လက်မထောင်နိုင်ပါစေ။ ရာထူးတွေ တက်ကြပါစေ။ ဝင်ငွေတွေ တိုးတက်ကြပါစေ။ စီးပွားဥစ္စာ ဒီရေ အလား တိုးတက်ကြပါစေ။ အရာရာ အောင်မြင်တိုးတက် ကြီးပွားပါစေ လို့ နုတ်ခွန်းဆက်ပါတယ်။


ဆူးApril 16, 20111min1606
လနဲ့ တူတဲ့လူ ပင်ကိုကပင် ကြည်လင်အေးမြ ဖြူဖွေးလှတဲ့ မေတ္တာ အမုန်းမပါ ချစ်တာမရှိ အပြစ်အနာ မကြည့်တဲ့ ကရုဏာ မုဒိတာ အပြုံး ဥပေက္ခာ နှလုံးသားနဲ့ အဆုံးမထားတဲ့ ခရီးစဉ် တလူလူလွှင့်တင် အပူနှင်လို့ အမှောင်ဖျက် အလင်းပေးလျက် ငြိမ်းချမ်းစေ မြင်သူတွေ ချစ်မြတ်နိုး အဲဒါ လနဲ့တူတဲ့ လူမျိုး။   ဗုဒ္ဓေါရသ (မှော်ဘီ)


ဆူးApril 16, 20111min153420
ဖားမတကောင်ဟာ ဥဥတဲ့ အခါ ဥပေါင်း ၂သောင်းဝန်းကျင်လောက် ရှိပါတယ်။ ဖားဥ ဖြစ်ပါတယ်။ ဥ အတွင်းမှ ဖားလောင်း ဖားတပိုင်း ငါးတပိုင်းလေးများ ကြီးထွားလာပုံဖြစ်ပါတယ်။ ဖားတပိုင်း ငါးတပိုင်း အနေနဲ့ ရေထဲမှာ စတင် ကူးခတ်နေပြီ။ ရက်ပေါင်း ၇ဝ လောက် ဖြစ်တဲ့ အချိန်မှာ နောက်ခြေထောက်တွေ ထွက်လာပြီး ဖားရုပ်ပေါက်တော်တော် ပေါက်နေပါပြီ။ ၈၄ရက် ကြာတဲ့ အခါမှာတော့ လက်တွေ ခြေတွေ စုံလို့ ကမ်းပေါ် တက်နိုင်သွားပါပြီ။ ကိုယ့်ဟာကို ရပ်တည်နိုင်တဲ့ ဖားတကောင် ဖြစ်သွားပါပြီ။ ဖားတကောင် ဖြစ်ဖို့ ဥကနေ ဖားလောင်း အဖြစ် အဆင့်ဆင့်နဲ့ ရေထဲမှာ ရက်ပေါင်း ၉ဝ နီးပါး နေခဲ့ရပြီးမှ ဖား တကောင် ဖြစ်တာပါ။ […]


ဆူးApril 15, 20111min41019
အလှူ တခုမှာ အသက် ၉၃နှစ် အရွယ် အဘိုးကြီး တယောက်ကိုတွေ့တော့.. အင်ဒါဗျူးထားတာလေး တင်ပြလိုက်ပါတယ်။ မေး။ အဘ အသက်ဘယ်လောက် ရှိပြီလဲ.. ဖြေ။ ကိုး.. ဆယ်နဲ့ သုံး နှစ် မေ။ အဘ ဘယ်ဇာတိကလဲ။ ဖြေ။ ကျုပ် မြန်မာ ပြည်မှာ မွေးတာ မဟုတ်ဘူး။ ကျုပ်ကို မွေးတာ တလုတ်ပြည် ကွမ်းတုံးဘက်မှာ မွေးတာ။ မေး။ အဘ က တရုတ်ပြည်က လာတာ ဆိုတော့ တရုတ်ပြည် မပြန်ဘူးလား။ ဖြေ။ ငယ်ငယ်ကတော့ ပြန်ဖို့ စိတ်ကူးရှိတယ် အခု အရွယ်မှတော့ မပြန်နိုင်တော့ပါဘူး။ မေး။ တရုတ်ပြည်မှာ ဆွေတွေ မျိုးတွေ ရှိလား။ မိန်းမတွေ သားသမီးတွေကော ရှိလား။ […]


ဆူးApril 15, 20111min31531
အိမ်မှာ နေတဲ့ လူတွေ သင်္ကြန်တွင်း ဖီလင်ကို ရေးကြပါ။ ခံစားချက်တွေ မျှဝေ ရအောင်။ ဆူး တော့ အိမ်မှာ နေရတာ ကွန်ပြူတာ ရှေ့မှာ ထိုင်တာ များလို့ မျက်စိညောင်းတယ်။ ရာသီဥတု ပူလွန်းတယ်။ အလုပ် နားနေရတာတော့ တမျိုးကောင်းတယ် မဆိုးဘူး။  


ဆူးApril 14, 20111min32328
ရုံးကိစ္စ အရေးကြီး နေတာက တကြောင်း အဖော်မရှိတာနဲ့ ညနေစောင်း မှောင်ရီပျိုးတဲ့ အချိန်တခုမှာ ကျွန်တော်နဲ့ ကိုလင်း နှစ်ယောက် နယ်မြို့ တခုကို ကားမောင်းထွက်ခဲ့တယ်။ မြို့ကနေ လွန်လို့ အဝေးပြေးလမ်းမ ရောက်တဲ့ အချိန် က တော်တော် စောင်းနေပြပါပြီ။ မှန်းခြေ ည၆နာရီ လောက် ဖြစ်မလားဘဲ နေအလင်းရောင် သိပ်မရှိချင်တော့ပါဘူး။ ကားမီး မှိန်မှိန်နဲ့ အရှေ့ကို အဝေးကြီးလည်း မမြင်ရလေတော့ ကားကို အရှိန်လျော့ မောင်းရင်း လမ်းဘေး ဝဲယာ တဖက်တချက်စီမှာ သစ်ပင် အုပ်အုပ်ဆိုင်းဆိုင်း ကားမီးလေး ထွန်းထားတဲ့ အရှိန်ကြောင့် ဘေးက သစ်ပင်တွေ မှောင်ပြပြနဲ့ မြင်နေရပါတယ်။ တမနက်လုံး အလုပ်ကိစ္စနဲ့ ရုံးမှာ မအားလပ်တဲ့ ကြားက ညနေစောင်း အရေးကြီးလို့ […]