ပတ္တမြား ဂမုန်းပင် စိုက်ပါလျှင်…

 

ပတ္တမြား ဂမုန်းသည်  ပတ္တမြားမှန်လျှင် နွံမနစ် ဆိုသည့်အတိုင်းအတိတ်တစ်ဘောင် နိမိတ်ဆောင်သည့်

ဂမုန်းဖြစ်ပါသည်။

စီးပွားလာဘ်လာဘ တိုးတက်တော့မည်ဆိုလျှင် သို့မဟုတ် ငွေအစုလိုက်အပြုံလိုက်

ဝင်တော့မည်ဆိုလျှင် မိမိစိုက်ပျိုးထားသော ပတ္တမြား ဂမုန်းများပွင့်တတ်ပါသည်။

ပတ္တမြား ဂမုန်းအပင်မှာ နာနတ်ပင်နှင့် ဆင်သယောင်ထင်ရသော်လည်း ပတ္တမြားဂမုန်းပင်၏ အရွက်မှာ

နာနတ်ရွက်ကဲ့သို့ မရှည်ဘဲ ထိပ်ဖျားဝိုင်း၍ အရွက်များဘေးတွင်ဆူးမရှိပါ။

အပင်တစ်ပင်သည် တစ်ကြိမ်သာပွင့်ပြီး နောက်ထပ်အပွင့်မပွင့်ပါ။ အပင်သစ်ထပ်မံထွက်ခြင်းဖြင့်သာမျိုးပွားပါသည်။

ပတ္တမြားဂမုန်းပွင့်သည် အရွက်များအလယ်မှ ဖူးတံထွက်လာကာ ရိုးတံရှည်လျက် ပွင့်လာတတ်ပါသည်။

ပွင့်သောအခါ ပွင့်ဖတ်လေးများထိပ်တွင် အနီရဲရောင် အပွင့်တံများ ၀န်းရံပွင့်ပြီး ပတ္တမြားကဲ့သို့ လှပပါသည်။

 

ပတ္တမြားဂမုန်း

ပတ္တမြားဂမုန်းပွင့် အားဘုရားကပ်လှူ၍ ပဠာန်း ၂၄ ပစ္စည်း ရွတ်ဖတ်ပူဇော်ပါက စီးပွားလာဘ်လာဘပိုမို

တိုးတက်စေကြောင်းမှတ်သားဖူးပါသည်။

 

ပတ္တမြားဂမုန်း

ပတ္တမြားဂမုန်း

ပတ္တမြားဂမုန်းပွင့်ပြီးမကြာမှီ ရက်ပိုင်း လပိုင်းတွင် ထီပေါက်၍ ဖြစ်စေ၊ အရောင်းဝယ် ကောင်း၍ ဖြစ်စေ၊

ကောင်းသော အကျိုးကျေးဇူးနှင့် တစ်ကွ ငွေအစုလိုက် အပြုံလိုက်ဝင်တတ်ပါသည်။

ဂမုန်းချစ်သူများအနေဖြင့် နေအိမ်တွင် ကျက်သရေဆောင်ဂမုန်းပင်များမှ ပတ္တမြားဂမုန်း စိုက်ပါလျှင်

အတိတ် နိမိတ်ကောင်း၍ စီးပွားလာဘ်လာဘ တိုးတက်စေနိုင်ပါကြောင်း မျှဝေလိုက်ပါတယ်…

 

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..