ကျွန်တော်.. ချစ်သော ရွာသူရွာသားများ.ကို… ကျွန်တော် ၀န်ခံစရာလေးတွေ.ရှိလာပါပြီ

ကျွန်တော်..ဂေဇက် ထဲမှာ… စာတွေ ရေးခဲ့တဲ့ ကာလ တလျှောက်… ကျွန်တော်.ရေးတဲ့ ပိုစ်တိုင်းလိုလိုကို…

ဖတ်ရှု ကြ / ဝေဖန် ဆွေးနွေးကြ / အကြံတွေ ပြုကြ နဲ့ … အင်မတန် စိုစိုပြေပြေ ရှိခဲ့ပါတယ် ။

အဲင်္ဒီလို…. ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုပြီး.. အသိမှတ်ပြု.လက်ခံပေးကြလို့ လည်း…. ကျွန်တော်..စာတွေ ဆက်ရေးဖို့ /

အတွေးတွေ.ကို ဆက်တွေးဖို့ ..အားအင်တွေ..ပြန်လည်ရရှိပါတယ် ။

ဒါကြောင့်..ဒီလို… ကျွန်တော့်အတွေးနဲ့  အရေးတွေကို… ဖတ်ရှု./ ဝေဖန် / ဆွေးနွေး./ အကြံပေးကြ သူများ..အားလုံးကို.ကျွန်တော်က

ချစ်ခင်လေးစားစွာ.. ကျေးဇူးတင်နေပါတယ်နော် ။

____________________

ကျွန်တော်..အလင်းဆက် ဟာ ဆိုရင်..အလုပ်ချိန်တော်တော်များတဲ့  လုပ်ငန်းခွင်တစ်ခု မှာ.အလုပ် လုပ်နေရတဲ့ အလုပ်သမား.တစ်ယောက်.ပါ ။

အိမ်မှာ..မိသားစုနဲ့ ရှိတဲ့ အချိန် ဆိုတာလည်း..အင်မတန့် အင်မတန်.နည်းလှပါတယ်။

ညအိပ်ချိန်လောက်သာ..မိသားစု ဆီ ပြန်ရောက်ဖြစ်တယ် ။

ဒါကြောင့်…. လူမှုရေးတွေ..လည်း..အတော်များများ ပျက်ကွက် နေရပါတယ် ။

စာဖတ်ချိန်နဲ့ စာရေးချိန်../ ပြီးတော့..ဂေဇက်ရွာ ထဲ..၀င်လာချိန် ကို လည်း..

တော်တော်လေးကို လု နေရတာပါဗျာ.။

မနက် ဆိုရင်…အမေ ပြင် ဆင် ပေးတဲ့  ထမင်းချိုင့်ကို ဆွဲပြီး.အ.ပြေးအလွှားလေး အလုပ်ကိုသွား..ရပါတယ်။

(အဟဲ..ဒါက ကြောငြာ ၀င်ခြင်းတစ်မျိုးပါ ။ ကျွန်တော့်ကို ထမင်းချိုင့်ြုပင်ပေးတာ အမေပဲ.ရှိပါတယ် ။ ကျွန်တော်က..လူပျို ကလေးကိုးဗျ .။ )

အလုပ် ထဲ ရောက်တော်လည်း..အလုပ်တွေ..တစ်နေ့ လုံး… အပြေးအလွား လုပ်..ရပါတယ် ။

ပြီးရင်…. ကြပ်သိပ်နေတဲ့  ဘတ်စ် ကားကို အပြေးအလွှားတိုးစီး..ရပါတယ်။

အိမ်ကို အရင် မပြန်နိုင်သေးပါဘူး ။

အင်တာနက်ဆိုင်လေးထဲ….. အပြေးအလွှားလေး ၀င်ရပါတယ်။

( အင်တာနက်ဆိုင်ထဲ အပြေးအလွှားလေး ၀င်ရတာက… ဂိမ်းဆော့ တဲ့ လူတွေ..နဲ့ အပြိုင်..နေရာ ဦး နိုင်ဖို့ ပါ ။ )

အင်တာနက်ဆိုင်ထဲ ထိုင်ပြီး… ညက အိပ်ချိန်ထဲက ဖဲ့ ပြီး. ရေးထားတဲ့ ပိုစ့်လေးကို… အပြေးအလွှား….ရေးတင်ရပါတယ် ။

မြန်မြန်လေး ရေးတင်ရတာက… တစ်နာရီ 400 ကျပ် ဆိုတဲ့  အင်တာနက် အသုံးပြု ခ..က ကျွန်တော့် ၀င်ငွေ နဲ့  တွက်ရင်…

အတော်လေး များနေတဲ့  ထွက်ငွေ.လေ..။ ။

အပြေးအလွှားတင်ပြီးတဲ့ ပိုစ့်ကို….. ဖတ်ရှု.ကြသူ ရွာသူရွာသားများနဲ့ အခြား စာဖတ်သူများကတော့….

အေးအေးဆေးဆေး ဖတ် နိုင်ကြမယ်..ထင်ပါတယ်နော် ။ အဲင်္ဒီလိုလေး.မျှော်လင့် ထားပါတယ် ။

ကျွန်တော့် ပိုစ်ကို ဖတ်ရှု ပြီး… comment တွေ ပေးကြပါတယ် ။

တချို့  comment တွေ ဆို… ကျွန်တော်..ဘယ်လိုမှ မတွေးမိတဲ့ / မတွေးတတ်တဲ့  ထောာင့်တွေက နေ ..လာပါတယ် ။

တချို့  comment တွေ ကတော့..ကျွန်တော်..လိုက်မမှီ တဲ့  ထောင့်တွေက နေ လာပါတယ် ။

သူဂျီးတို့ … / ကိုပေ တို့ ../ အံစာတုံးတို့ …

မမအိတုံ တို့ .. အရီးခင်လတ်….စသည်ဖြင့်…အများကြီးပါ ။.. ကျွန်တော်လေးစားရတဲ့  သူတွေ.အများကြီးပါ ။

အခြား..စာဖတ်သူ./ comment ပေးသွားသူတွေ..လည်း… သေသေချာချာကို… ဖတ်ပြီး.သေသေချာချာ ကို ဆွေးနွေးကြ / အကြံ ပေးသွားကြ..

/ ခံစား..သွားကြတာပါ ။

ကျွန်တော့် မေလ်း ထဲမှာ စကားပြောဖြစ်ရင်တောင် ကျွန်တော်..ရေးတဲ့ အချက်အလက်တွေကို ဆင့်ပွား ဆွေးနွေးဖြစ်ကြတဲ့  အထိ..ပါ ။

တချို့ … comment တွေကို ဖတ်ပြီင်္း…. ကျွန်တော်..ဖျား…တယ် ။

________________________

အဲဒီလိုလေး………………

ကျွန်တော် ရေးတဲ့  စာကို လေးလေးနက်နက် ထားပြီး… ချစ်ခင်စွာ… ဝေဖန်ကြ / ဆွေးနွေးနေကြတာလေး..တွေ..ရနေတော့…..

တော်တော်လေး ကြည်နူး ၀မ်းသာမိပါတယ်ဗျာ..။ တကယ်ပါ…။

ခက်တာက….ကျွန်တော်……………….

________________________

အပြေးအလွှားရေးလိုက်ပြီး.တင်လိုက်ရတဲ့ ပိုစ်ကို… တင်ပြီးတာနဲ့ အိမ် ကို အပြေးအလွှားပြန်ရတယ် ။

ရေ မိုးချိုး/ ထမင်းစား ပြီးချိန်မှာ..နာရီ ကို ကြည့်လိုက်…..ရင်………..

အနည်းဆုံး ည 10း 00 ကျော် ။

တစ်နာင်္ရီကျော်လောက် ထိုင်ပြီး..စာတွေ အပြေးအလွှားဖတ်..

ပိုစ်တွေ..အပြေးအလွှားရေး…..

ဟော……………..

နောက်တစ်နေ့မိုးလင်း… အလုပ် သွား ရပြန်ရော….

ကြားထဲမှာ… တင်ပြီးတဲ ပိုစ့်ကို လာဖတ်ကြပြီး…

comment ပေးသူတွေ ကို….

ပြန်လည်.. ဆွေးနွေး ဖို့ .. / ကျေးဇူးတင်စကားလေးတွေ ပြန်ပြောဖို့ ….

အချိန် ရှားပါးနေတာ…..။

အဲဒါ..ပြဿနာပါ ။

အလုပ် က ပြန်မှ…. အပြေးအလွှားလေး..အင်တာနက်ဆိုင် ၀င်ပြီး….

မနေ့ က တင်ထားးတဲ့ ပိုစ့်ကို.ပြန်ကြည့်…/ .ဖတ်ရှု.ပြီး… comment ပေးလာသူတွေကို…

ပြန်လည် ဆွေးနွေး…/ ကျေးဇူးတင်စကားလေး ပြန်ပြော….

(အဲဒီ အချိန်မှာ… ပို့စ် က… ဒုတိယ စာမျက်နှာ..ရောက်နေပြီ..။ အဟိ ။ )

ဒီတော့ …နောက်ကျနေတယ်ပေါ့ဗျာ..။

တစ်ခါ တစ်ခါ… ကျွန်တော်..ဂေဇက် နဲ့ အဆက်ပြတ်သွားတဲ့ အခါမှာ..ဆို..

ဂေဇက် ကို…. မှီအောင် မနည်း ပြန်လိုက်ရတတ်သေးတယ် ။

အဲဒီ..လို……………….

ကျွန်တော့် ပိုစ့်ကို… ချစ်ခင်စွာ..လာဖတ်ပြီး….. ခံစားကြသူများ../ ဝေဖန်ဆွေးနွေးကြသူများးးနဲ့ ….

အကြံပေး..ကြသူများကို…. အချိန်မီလေး ပြန်လည်း.ဆွေးနွေးတာတို့ ../ ကျေးဇူးတင်စကားလေးတွေ ပြန်ပြောချင်တာတို့ …

ကျွန်တော့် ဘက်က နောက်ကျ..နေတဲ့ အတွက်..

ချစ်သော…ရွာသူရွာသားများနဲ့  စာဖတ်သူများကို ….

အင်မတန် အားနာမိပါတယ် ။

အချိန် ချို့ တဲ့  နေတဲ့ ကျွန်တော့်ကို….

နားလည်..ခွင့်လွတ်ပေးကြပါ..လို့ ….

______________________________________

တလက်စ ထဲ………………….. ၀န်ခံ တင်ပြစရာလေး ရှိပါသေးတယ်။

ကျွန်တော်..က ကြီးကနေ… အ…မထိ..ခေါင်းစဉ်လေးတွေ ခွဲပြီး.အကြောင်းအရာမျိုးစုံ…ကို…

တွေးမိသလိုလေး.တွေ..ရေးပြီး..တင်ပြလာတာ… အခုဆို….

ည = ညအခါ လသာသာ… အထိ ရောက်ပါပြီ ။

ကျွန်တော် ရေးတာလေးတွေကို… ဖတ်ရှု.ကြ..၊ ခံစား..ကြလို့ လည်း.အင်မတန့် အင်မတန် ၀မ်းသာ/.ကျေးဇူး တင်ရပါတယ် ။

အခု…………………………….

ည = အပြီးမှာ………………..

တ တလင်းချိတ်…တို့ …/ ဋ္ဌ …တို့ …. / ဒရင်ကောက် .တို့ ../ ဒရင် မှုတ်…/ ဏ ကြီး…တို့ ကို….

ခုန်ပျံ…ကျော်လွှား ခွင့်ပြု..ပါလို့ …

အဲဒီ စကားလုံးကြိးတွေကို ကျွန်တော်… ကြောက်လို့ ပါ ။ အ ဟိ ။ :D

ည = အခါ လသာသာ… ပိုစ်မှာ.တောင် ….

အန်တီ မမ က

ဒီလိုလေး. ..ပြောသွားသေးတယ် ။

……………………….

အက္ခရာစဉ်လိုက်ရေးဖို့ စိတ်ကူးရတာရော၊
အက္ခရာစဉ်လိုက် ရေးနိုင်တာရော၊
အက္ခရာစဉ်လိုက် တစိုက်မတ်မတ် ရေးလာတာရော…..
အားပေးပါတယ်။
အားကျပါတယ်။
အဲ- နောက်ပိုင်း ခက်ခဲတဲ့၊ အသုံးနည်းတဲ့ အက္ခရာတွေကျရင်တော့…
ဘယ်လိုများ ဖတ်ရမလဲလို့ စောင့်မျှော်အားပေးနေပါတယ်။

တဲ့ ………………….။

အခုတော့…… ကျွန်တော်.. ဒီတောင်ကို မကျော်နိုင်လို့ …

ဒီလိုလေး…ကျော် တက် လိုက်ပါပြီ..လို့ ..။ :D

နားလည် ခွင့်လွှတ်ပေးကြပါနော့ .။

ည = ညအခါ လသာသာ အပြီးမှာ………

တ = ???

တ = ကနေ…ပြန် စ ပါမယ်..လို့ …

ဝန်ခံ/ အသိပေးအပ်ပါတယ်ခင်ညာ..။

ဆက်လက်ပြီး… ကျွန်တော်.ရေးတဲ့ အတွေးလေးတွေ.ကို…

လိုက်ပါ..ခံစား.ပေးကြပါဦးလို့ … ပြောပါရစေ..ဗျ ။

ကျွန်တော် နဲ့ အတူ….

အက္ခရာများနဲ့ ..ခရီးသွားကြပါဦးစို့ …………………….

_____________________________

စာချစ်သူများ ကို လေးစားစွာဖြင့်………..

အလင်းဆက်

10 . 9 . 2012

alinsett.art@gmail.com

alinsett

About alinsett

alinsett has written 615 post in this Website..

. . .