ကျွန်တော်တို့မြန်မာတွေ စိတ်ထားလေး ကောင်းမွန်တာကိုဗျာ.. ဒီနေ့တွေ့လိုက်ရတော့ စိတ်ချမ်းသာသွားတယ်…

ဒီနေ့ အလုပ်ကိုလာတော့ ၄၅ အဲယားကွန်း လေး တွေ့တာနဲ့စီးလာလိုက်တယ်..

ကားပေါ်ရောက်တော့ နေရာမရ..အဲယားကွန်းနဲ့ဆိုတော့ လူပိုများတယ်မလား.. အဲ့တာနဲ့ရတဲ့နေရာလေးဝင်ရပ်ရတာပေါ့..

အဲ အဲ့ဒီမှာ ချီးကျူးချင်တာလေးတွေတွေ့ပါလေရော… ထိုင်ခုံမရတဲ့အမျိုးသမီးတွေ လက်ထဲလည်းအထုပ်တွေကလည်းများသကိုး..ထိုင်ခုံရတဲ့အမျိုးသားတွေက ကိုင်ပေးသကိုး တကယ်ရက်ရက်ရောရောကို ကိုင်ပေးတာ…(အမျိုးသမီးတွေကလည်းချောသကိုး ခ်ခ်) အလုပ်သွားတဲ့အမျိုးသမီးတိုင်းရဲ့ လက်ထဲမှာကလည်း တစ်ဆွဲ တစ်လွယ်လောက်တော့ အသာလေးပါသကိုး၊ ပြောချင်တာကတော့ဒါလေးပါ.. မြန်မာလူမျိုးတွေ ကူညီတတ်ပုံများပြောပါတယ်…တကယ့်ကို အားရပါးရကူညီတာ  ဘတ်စ်ကားပေါ်မှာ မနိုင်မနင်းဖြစ်နေတဲ့သူတွေကို(အမျိုးသမီး ချောချောလေးတွေသီးသန့်) အထုပ်တွေကူကိုင်ပေးတာတွေ့ရတော့ ၀မ်းသာတယ်ဗျာ.. (အဘိုးကြီးတွေ့ခမျာတော့ ဂေါက်ထီးကြီးနဲ့ အလေးအပင်တွေနဲ့ ဘတ်စ်ကားပေါ် ရရာနေရာမတ်တပ်ရပ်… မဖြစ်ဖြစ်တဲ့နည်းနဲ့ဒီခရီးဝေးဝေးနီးနီး ရောက်မဲ့ အချိန်အထိ စီးပေတော့..)

 

ကျွန်တော်ပြောချင်တာ တစ်ချို့ကိုပါ တကယ်ကူညီတတ်တဲ့ လူငယ်လေးတွေ အများကြီးရှိပါတယ်(ကျွန်တော်အပါအ၀င်ပေါ့ တိန်)အဲ့လိုကူညီတဲ့လူတွေရှိသလို ဘဘ ကျေးဇူးနဲ့ ဘ၀သစ် စခွင့်ရတဲ့ လူငယ်တစ်စုကလည်း အထဲမှာတုန်းက လူတွေ အပြင်မှာ ပြန်ဆုံပြီး ဘ၀ဟောင်းကအလုပ်လေးတွေကို အစုအဖွဲ့နဲ့ပြန်လုပ်နေကြတာကို ၀မ်းနည်းစွာနဲ့ တွေ့နေကြားနေရပြန်တယ်ဗျာ..

ကဲကဲ.. ပုံပြင်လေးကတော့ဒါပါပဲ ခလေးတို့ရေ… အခုတော့ တော်သေးဘီ…. ဘိုင့်…

About Mr. Pocket

Mr. Pocket has written 9 post in this Website..

   Send article as PDF