etoneJuly 13, 20104min530
အမေမရှိတော့ကတည်းက ဒီတိုက်ခန်းလေးကို ကျွန်မတို့ မိသားစုပြောင်းလာခဲ့တာ။ ပထမထပ်ဆိုတော့ လှေကားနှစ်ဆစ်ချိုး တက်ရုံသာ။ မြို့ထဲ နဲ့လည်းနီး၊ ဈေးနီး၊ ကျောင်းနီးဆိုတော့ အဖေက ဒီအိမ်ကို ဝယ်ဖို့ စိတ်ဆုံးဖြတ်လိုက်တာ။ အမေခေါင်းချခဲ့တဲ့ အရင် တိုက်ခန်းမှာ အဖေသာမက ကျွန်မတို့လည်း မနေချင် တော့လို့ အခု ဒီအခန်းကို အဖေဝယ်ယူလိုက်တော့ ကျွန်မတို့မောင်နှစ်မ သဘောတူ ထောက်ခံခဲ့တာ။ ကျွန်မအခုလို အစပျိုးနေရပေမယ့် တကယ်ပြောချင်နေတာက ကျွန်မတို့ အခန်းရဲ့ နဘေးက အခန်းနဲ့ ပတ်သက်တဲ့ အကြောင်းပါ။ ကျွန်မဟာ လုပ်ငန်းခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းသူအဖြစ် နာမည်ရပေမယ့် တကယ်တမ်း ကျွန်မရဲ့ အိမ် ပါတ်ဝန်းကျင်မှာတော့ ကျွန်မ ဟာ လူ မှုရေး ညံ့ဖျင်းသူတစ်ယောက်တောင် ဖြစ်ကောင်း ဖြစ်နေနိူင်ပါတယ် ။ ဒီတိုက်ခန်းမှာ […]


etoneJuly 12, 20101min650
From: Anatta Anormar ကျွန်တော်နဲ ့ ကိုဇေယျနဲ ့အပြန်အလှန်ဆွေးနွေးကြတာတွေကို ပိုမိုပြည့်စုံအောင် ဖြည့်ဆွက် ဓမ္မဒါနပြုလိုက်ပါတယ်။ ကူညီဆွေးနွေးခဲတဲ ့ ကိုဇေယျကို အထူးကျေးဇူးတင်လျှက်…. အနတ္တ အနတ္တဆိုတာ… -အစိုးမရခြင်းသဘော၊ -သူငါ ယောင်္ကျား၊မိန်းမရယ်လို ့အကောင်အထည်ပြစရာ အတ္တ မရှိခြင်းသဘော -ငါပိုင် ငါဆိုင် ငါ့အလို ငါ့အကြိုက်လိုက်တာ ဘာတစ်ခုမျှမရှိခြင်း -သူသဘောသူဆောင်နေခြင်း လူတစ်ယောက် ရဲ ့ခန္ဓာ ငါးပါးမှာ ရှိတဲ့၊ရုပ် စိတ် စေတသိတ်တွေ ရဲ ့ ဖြစ်ပျက်နေမူကို… အခုရပ်၊ အခုဖြစ်၊ အခုပျက် ရယ်လို ့ ဘုရားရှင်တော် အပါအဝ်င် ဘယ်သူက အစိုးရပြီး၊ တားဆီးလို ့မရ တဲ့ လောကသဘာဝ ရဲ ့အကြောင်းအကျိုး ဆက်စပ် ဖြစ်ပေါ်မူ […]


etoneJuly 12, 20101min107
ကုန်းဘောင်ခေတ် လူမျောက် အကြောင်းကို ဖတ်ဖူးခဲ့တာ ကြာပါပြီ။ လူထုဒေါ်အမာ ရေးတာရော၊ ဒဂုန်ခင်ခင်လေး ရေးတာရော၊ ဦးစိန်မောင်ဦး ရေးတာရော၊ မြကေတု ရေးတာရော၊ မောင်သန်းဆွေ(ထားဝယ်) ရေးတာရော မှတ်မိနေပာတယ်။ ဒဂုန်ခင်ခင်လေးက စာဆိုတော် ဝတ္ထုုကြီးထဲမှာ၊ လူထုဒေါ်အမာက ဈေးကောက်လူမျောက် ဆောင်းပါး၊ ဦးစိန်မောင်ဦးက လူမျောက်မိသားစုနှင့် သိပံပညာ အမြင်၊ မြကေတုက လူမျောက် မောင်ရွှေမောင်နှင့် သမီးမယ်ဖုံ၊ မောင်သန်းဆွေက ကုန်းဘောင်ခေတ်က လူမျောက်ရှင်းတမ်း စတဲ့ နာမည်တွေနဲ့ ဖြစ်ပ်တယ်။ လူထုဒေါ်အမာကတော့ ရေးထားတာကတော့ ထုံးစံအတိုင်း တော်တော့်ကို တိတိကျကျ ပြည့်ပြည့်စုံစုံ ရှိလှပါတယ်။ သူတို့ရဲ့ ပုံသဏ္ဍန် အချက်အလက်တွေ အားလုံးကို စုံစုံစေ့စေ့ သိရပါတယ်။ ဒါပေမယ့် အဲဒီလူမျောက်တွေ နိုင်ငံခြားရောက်တဲ့ နောက်ပိုင်း ကိစ္စတွေတော့ မပာုတ်ပါဘူး။ […]


etoneJuly 12, 20101min891
“ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။ ဘယ်လိုလုပ်ပေးရမလဲ” အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး ချက်ချင်း ထွေးထုတ်လိုက်မိတယ်။ “အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား” “ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့” ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။ သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း… “အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်” “သား… အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့” “နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် […]


etoneJuly 12, 20101min500
Dannyရဲ့စားသောက်ဆိုင်လေး ရောင်းမကောင်းခဲ့တာ (၃)လဆက်တိုက်ရှိခဲ့ပါပြီ။ အရင်က စားသုံးသူတွေ တန်းစီစောင့်ရတဲ့အထိ ရောင်းကောင်းခဲ့တဲ့ သူ့ဆိုင်လေးလည်း စီးပွါးရေးကပ်ဆိုက်တဲ့အထဲ ပါခဲ့ရတယ်။ ဒီညမှာ စာရင်းတွေကို တွက်ချက်ကြည့်ရင်း အရှုံးတွေကို သူစိုက်မထုတ်နိုင်တော့လို့ မနက်ဖြန်မှာ ဆိုင်ကိုပိတ်လိုက်ဖို့ Dannyဆုံးဖြတ်လိုက်တယ်။ ထမင်းစားချိန်ဖြစ်ပေမယ့် ဆိုင်ထဲမှာ သားအဖဧည့်သည်နှစ်ဦးပဲရှိပြီး ထမင်းတစ်ပွဲနဲ့ နှစ်ယောက်စားနေခဲ့တယ်။ ဂျီကျနေတဲ့ ကလေးငယ်ကို အစပထမမှာ ဖခင်ဖြစ်သူက ဂရုမစိုက်ခဲ့ဘူး။ နောက်တော့ ကလေးငယ်ကို တိတ်တိတ်နေဖို့ စိတ်ပျက်လက်ပျက်ပြောနေခဲ့တယ်။ အဲဒီအချိန်မှာ ဦးထုပ်ဆောင်းထားတဲ့ မျက်နှာတည်နဲ့လူတစ်ဦး စားသောက်ဆိုင်ထဲ ဝင်လာခဲ့တယ်။ Dannyက ရှေ့တက်ကြိုဆိုပြီး စိတ်ထဲမှာလည်း “ဒီဧည့်သည်က ဒီညရဲ့နောက်ဆုံးဧည့်သည် ဖြစ်ကောင်းဖြစ်မှာမို့ သူ့ကိုကောင်းကောင်းဧည့်ခံလိုက်မယ်။ ကိုယ်လုပ်ပေးနိုင်တာ မများပေမယ့် သူအံဩဝမ်းသာအောင်တော့ လုပ်နိုင်လိမ့်မယ် ထင်တယ်”လို့ တွေးလိုက်တယ်။ စားစရာတွေကို ဧည့်သည်မှာပြီးနောက် Dannyက “ဝမ်းသာပါတယ်။ ခင်ဗျာအခုထိုင်တဲ့ […]


etoneJuly 12, 20101min950
ကိုရဲရဲ့ တူလေး ဖိုးလပြည့်ဟာ အသက်၉နှစ် ရှိနေပြီ ဖြစ်ပေမယ့် ဉာဏ်ရည် ဖွံ့ဖြိုးမှု နှေးကွေး နေသူလေး တစ်ဦး ဖြစ်ပါတယ်။ တစ်ဦးထဲသော အစ်မက မွေးထားတဲ့ တစ်ဦးထဲသော တူလေးဖြစ်လေတော့ ကိုရဲဟာ ဖိုးလပြည့်လေးကို ဂရုဏာစိတ် နဲ့အချစ်ပိုမိပါတယ်။ ဖိုးလပြည့်လေးဟာ ပုံမှန်ကလေးတစ်ယောက်ရဲ့ အနေအထားမှာ ရှိနေသူတစ်ဦးမဟုတ်ပါဘူး။ ကံအားလျှော် စွာ ဉာဏ်ရည် ချို့တဲ့မှုကို ထေမိစေဖို့အတွက် သဘာဝတရားကြီးက ပေးထားတဲ့ လက်ဆောင်မွန် တစ်ခုကို ဖိုးလပြည့်လေး ပိုင်ဆိုင်ခွင့် ရထားလေတယ်။ ဘာလို့လည်းဆိုတော့ ဖိုးလပြည့်ဟာအင်မတန် ချစ်စရာကောင်းတဲ့ကလေး တစ်ဦး ဖြစ်နေလို့ပါဘဲ။ သူ့ကို မြင်သူတိုင်းက ချစ်စရာကလေးလေးလို့ မပြောပဲ မနေနိုင်အောင် ချစ်ဖို့ကောင်းတာကို ဘုရားသခင်က သူ့ကို ပေးသနားထားပါတယ်။ တစ်ညမှာ ကိုရဲက ဖိုးလပြည့်ကိုခေါ်ပြီး ပြဇာတ်သွားကြည့်ဖြစ်တယ်။ […]


etoneJuly 12, 20101min570
(၁) အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံပြန်ပြောပြသည်။ “မေမေ…ဒီနေ့ ဘတ်စ်ကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ ခြေထောက်ကို သား တက်နင်းမိလိုက်တယ်။ သားက တောင်းပန်လိုက်တယ်။ ဒါနဲ့ အန်တီကြီးက သားကို ချောကလက်တစ်ခု ထုတ်ကျွေးတယ်။ ” “သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား” “ဟင့်အင်း….သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်” …………… (၂) ကျွန်တော်တို့ လူမှုဆက်ဆံရေး နယ်ပယ်ထဲမှာ Handicapပေးထားရတဲ့သူတွေ ရှိပါတယ်။ Handicapဆိုတာက ပစားပေးထားတဲ့ သဘောကို ဆိုတာပါ။ ကစားပွဲတွေမှာဆိုရင် အမှတ်ကြောပေးထားတာပေါ့။ ကိုယ်နဲ့ စစ်တုရင်ထိုးမယ့်သူဟာ ကိုယ့်အောက် နိမ့်ကျတဲ့ စွမ်းရညရှိသူဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို သက်ညှာတဲ့အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့အရုပ်တစ်ရုပ်၊ ဒါမှမဟုတ်………မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး လျှော့ကစားတာပါ။ ဒါမှ တရားမျှတမှုရှိမယ်လို့ […]


etoneJuly 12, 20101min590
(၁) “သား…ကျောင်းမသွားချင်ဘူးမေမေ´´ “ဘာဖြစ်လို့လဲသားရဲ့´´ “ကျောင်းရောက်ရင် သားကို ကကြီးရေးပြပါလု်ိ့ ခိုင်းလိမ့်မယ်မေမေရဲ့´´ “ဒါများ….ဘာခက်လို့လဲ သားရယ်၊ ရေးပြလိုက်ပေါ့´´ “မေမေ ဘာသိလို့လဲ၊ ကကြီးရေးပြီးရင် သူတို့က ခခွေးပါ ဆက်ပြီးရေးခိုင်းကြဦိးမှာ…..´´ (၂) အဲဒီဟာသထဲက ကလေးငယ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းဟာ လူကြီးတွေအတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားရင် ကလေးငယ်ဟာ(သူ့ကိုယ်သူတော့) အင်မတန်မှ အမြော်အမြင် ကြီးမားစွာစဉ်င်္းစားဆုံးဖြတ်လိုက်တယ်လို့ အောက်မေ့မှာမလွဲပါဘူး။ မှန်ပါတယ်။ သူ့မှာလည်း ကလေး တစ်ယောက်ရဲ့ အတိုင်းအတာနဲ့ မြော်မြင်ဆင်ခြင်ကြည့်တဲ့ စဉ်းစားနည်း(Speculative Thinking) ရှိနေတာပဲမဟုတ်လား။ အမေ လုပ်တဲ့သူက “ကကြီး´´ရေးခိုင်းရင် “ကကြီး´´ရေးလိုက်၊ “ခခွေး´´ ရေးခိုင်းရင် “ခခွေး´`ရေးလိုက်၊ “ဂငယ်´´ ရေးခိုင်းတဲ့ အခါကျတော့လည်း “ဂငယ်´´ရေးလိုက်ပေါ့လို့ စဉ်းစားတယ်။ အဲဒီလို တစ်ခုချင်းစီ […]


etoneJuly 10, 20101min710
အပိုင်း (၁) တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင် ခရီးအတူ သွားကြသည်။ တစ်နေရာ ရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ ထိုပုလင်းကို စောင့်သော နတ်သား တစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို တောင်းဆိုစေသည်။ ပထမဦးစွာ အင်္ဂလိပ်လူမျိုးက “ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်” “ဒုတိယ ဆန္ဒကရော” ” ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်” “တတိယ ဆန္ဒကရော” “ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ” သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရသည်။ တဖန် ပြင်သစ်လူမျိုးက ” ကျွန်တော်မျိုး မိန်းမလှလှလေး […]


etoneJuly 10, 20101min530
(၁) “ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်” ဟု အမျိုးသမီး တစ်ဦးက အိပ်ရာကုတင် ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား ကုတင်ပေါ်တွင် လှဲလှောင်းစေ ပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ် ကိုယ်တွေစမ်းသပ်ခိုင်းသည်။ ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏ ယောက်ကျားပြန်အလာနှင့် တိုးသည်။ “ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ” ဟု မေးရာ ထိုလူက “ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား” ဟု ပြန်ဖြေသည်။ အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသော စကားအချို့သည် သံသယမရှိ ယုံကြည် စေတတ်သည်။ (၂) တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင် ဆုံကြသည်။ […]


etoneJuly 10, 20101min470
အချစ်ရဲ့ သားသတ်သမား အချစ်ကြောင့်ရတဲ့ ပျော်ရွှင်ခြင်းကို လူတိုင်း တောင့်တကြတယ်။ ဒါပေမယ့် တစ်ချို့လူတွေအတွက် ပျော်ရွှင်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲက ပြုပြင်ပြောင်းလဲလို့ရတဲ့ ဆဲလ်တွေလိုပဲ ချေဖျက်ဖို့ ကိုယ်တိုင်ကြိုတင် စီမံခဲ့ကြတယ်။ ရှေးဂရိပုံပြင်မှာ အချစ်နတ်သား မြှားနတ်မောင် (Cupid)နဲ့ လက်ထပ်ခဲ့တဲ့ လူပြည်က Psyche တို့ရဲ့အဖြစ်က သာဓက ပြနေပါတယ်။ မြှားနတ်မောင်နဲ့ Psyche တို့က နေ့မှာခွဲပြီး ညမှတွေ့ဆုံကြသူတွေ ဖြစ်တဲ့အတွက် မြှားနတ်မောင်ရဲ့မျက်နှာကို Psyche သေချာ မမြင်ဖူးခဲ့ဘူး။ နောက်ဆုံးမှာ Psyche ရဲ့ အစ်မတွေက Psycheရဲ့ပျော်ရွှင်နေတဲ့ ဘဝကို မနာလိုဖြစ်ခဲ့ကြတယ်။ ညအချိန်မှာ မြှားနတ်မောင်ကို ကြည့်ဖို့ Psycheကို မီးခွက်နဲ့ ဓားချွန်တစ်ချောင်းပေးလိုက်တယ်။ တကယ်လို့ မြှားနတ်မောင်က ရုပ်ဆိုးတဲ့ မိစာ္ဆတစ်ကောင်ဖြစ်နေရင် လည်ပင်းကို ဓားနဲ့လှီးဖြတ်ခဲ့ဖို့ မှာလိုက်ကြတယ်။ […]


etoneJuly 10, 20101min62
ဉာဏ်စမ်း ဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဘုရားသခင်က ဆိတ်ကို အုပ်စုနှစ်စုခွဲပြီး တစ်အုပ်ကို တောင်အရပ်က မြက်ခင်းမှာ လွတ်ထားပြီး ကျန်တစ်အုပ်ကို မြောက်အရပ်မှာ လွတ်ထားလိုက်တယ်။ အဲဒီအရပ


etoneJuly 10, 20101min651
– ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်..။ ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။ ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်..။ နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင် ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ […]