စာရေးတာဟာ အကြိုက်ဆုံးဝါသနာဆိုတာလို့ဆိုရရင် တစ်ဝက်ပဲမှန်မယ်။   အမှန်က စိတ်ကူးထဲမှာရေးချင်တာတွေစီရတာကိုပိုကြိုက်ပြီး တကယ်တမ်းချရေးရမှာကိုတော်တော်လေးပျင်းတာပါ။   အခုနောက်ပိုင်း ပိုလို့တောင်စာရေးဆက်ခြားသွားတာက ရေးပြီးသားပို့စ်တွေမှာ reply မလုပ်နိုင်တာကြောင့်ပါ။   သို့ပေမယ့် ပေါ့ပေါ့ပါးပါးဖတ်ပြီး ပျော်ပျော်ရွှင်ရွှင်လိုက်မန့်နိုင်မယ့် ပို့စ်လေးတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးလိုက်မိတယ်။ 🙄     “သက်တူဖီလင်” :chit:   ငယ်ငယ်တည်းကနေအခုအချိန်ထိ ကိုယ်နဲ့သက်တူရွယ်တူ(သို့)အသက်မချင်းမတိမ်းမယိမ်းရှိတဲ့လူတွေဆို   အများကြီးကြားကနေထင်းနေအောင်သတိပြုမိတဲ့အကျင့်ရှိတယ်။   အတန်းထဲမှာ ခုနှစ်တူတွေချည်းဆိုတာတောင် လတူ၊မွေးနံတူတဲ့လူတွေဆို စိတ်ဝင်တစားရှိမိတယ်။   အနုပညာရှင်တွေကို ခရေဇီဖြစ်တတ်တဲ့အရွယ်လည်းကျရော ပိုဆိုးတော့တာပေါ့။   ကိုယ်နဲ့အသက်အရွယ်တူတဲ့ ဆယ်လီဗျစ်တီများရှိရင် ဝမ်းသာလုံးဆို့လို့။   Prince William တစ်ကမာ္ဘလုံးကသိတဲ့ တော်ဝင်မင်းသားပါ။ ငယ်ငယ်က ရွှေအမြုတေမှာ မင်းသမီးဒိုင်ယာနာအကြောင်းအခန်းဆက်တွေဖော်ပြတိုင်း ပါနေကျဖြစ်တဲ့ မင်းသားဝီလျံ သူ့အမေလို့ရီတတ်တဲ့ မင်းသားလေး ဟာ […]


အဖေ့ရဲ့ပီစီအို   အမေအခုတလော တရှောင်ရှောင်နဲ့ အစ်ကိုလာနိုင်ရင်လာခဲ့ပါဦး….   ဆိုတဲ့ ဖုန်းထဲက ညိုညို့စကားကြောင့် ကျွန်တော်အိမ်ပြန်ချင်နေတာကြာပါပြီ။ ဒီတစ်ခါရုံးပိတ်ရက်ကျရင်တော့ ရှောင်တခင်ခွင့်လေးနဲ့တွဲပြီး ခွင့်ရအောင်တောင်းလို့ အိမ်သို့ပြေးလိုက်ဦးမည် ဟုဇနီးထံ သို့လည်းအသိပေးလိုက်သည်။ အပိုဝင်ငွေမရှိ လစာနှင့်လောက်ငှစွာ မငြို ငြင်​ရပေမယ့် မိသားစုလိုက်ခရီးထွက်ရမည့်အရေးမှာတော့ တစ်နှစ်ပတ်လုံး ကြိုတင်စုဆောင်းထားကာမှ တော်ကာကျမည်မို့ ကျောင်းရက်ရှည်မပိတ်တဲ့သားတော်မောင်တွေကိုအကြောင်းပြကာ တစ်ကိုယ်တည်းပဲ မိဘရပ်ထံပြန်ခဲ့ရသည်။ ×××××××××××××     “မင်းအမေကထွေထွေထူးထူးရောဂါရယ်လို့မရှိပါဘူးကွာ မိညိုက သက်သက်စိတ်ပူပြီးဖုန်းဆက်ခေါ်နေတာ”   “ရောက်လာတော့လည်း တွေ့ရတာပေါ့အဖေရယ်”   သားဖြစ်သူ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့အခြေအနေကို နားလည်စွာဖြင့် ပြောနေရပေမယ့် အဖေကိုယ်တိုင်က ကျွန်တော့်ကိုတွေ့ချင်စွာ မျှော်နေတယ်တယ်ဆိုတာ သိသာပါသည်။ မြေးတွေပါ ပါမလာသဖြင့် တပူပူလုပ်နေရှာတဲ့အမေကတော့ ကျွန်တော်ရောက်ပြီးနောက်တစ်ရက်မှာပဲ အိပ်ယာထဲကထလို့ သားတော်မောင်စားရန် မီးဖိုချောင်သို့ပင် ကိုယ်တိုင်ဝင်မယ်တကဲကဲလုပ်နေတော့ပြီ။   ညိုညိုကော၊ကျွန်တော်ပါ […]


🙂 ဂဇက်အတွက်ဝါကျွတ်ဆုတောင်းအကြို 🙂   ဘဝအဖြာဖြာ ကံကြမ္မာရဟတ် မပြတ်အစဉ်သာ လည်ကာလှည့်ပြောင်း အိုဟောင်းသွားလည်း ထပ်လောင်းအခါခါ အားဖြည့်လာအသစ် အစဉ်သင့်သရွေ့ အွန်လိုင်းကမ္ဘာမှာ မြဲစေသာဖို့ ဆုတောင်းအချိန်အခါ ဂဇက်ရွာအတွက် ဝါကျွတ်ကာလပွဲတော်မှာ……   :-DD :-DD :-DD :-DD :-DD :-DD :-DD :-DD:-DD:-DD:-DD:-DD:-DD:-DD:-DD:-DD:-DD:-DD      


မှတ်မထားမိပေမယ့် မှတ်သားမိနေတဲ့ ပထမများ   လူတိုင်းမှာ ပထမဆုံးဖြစ်ခဲ့တဲ့အရာပေါင်းများစွာရှိတတ်ပါတယ်။ နေ့စဉ်ဒိုင်ယာရီရေးလေ့ရှိသူများမှအပ ကျန်သူတို့မှာ မိမိတို့ရဲ့ပထမဆုံးတွေကို မှတ်မိချင်မှမှတ်မိပါလိမ့်မယ်။ ကျွန်မအတွက်ကတော့ ကျွန်မသိတတ်စအရွယ်မှာ ကိုယ်ပထမဆုံးသုံးဖြစ်တဲ့အရာတွေ၊ကိုယ့်အကြိုက်တွေရယ် လို့အမှတ်တရမမှတ်သားပဲ အလိုလိုမှတ်မိနေသေးတဲ့ အကြောင်းအရာတွေများစွာရှိနေပါတယ်။ ထိုအကြောင်းအရာပေါင်းများစွာထဲက မိမိကိုစိတ်ကျေနပ်မှုပေးနိုင်တဲ့ ဝါသနာပါရာအကြောင်းအရာတွေထဲက ပထမလေးတွေကို စီကာစဉ်ကာချရေးလိုက်မိပါတယ်။     -ပထမဆုံးကြိုက်မိတဲ့ရုပ်သံဇာတ်လမ်းတွဲ= Journey To The West စကြိုက်မိတဲ့ကာလ=ငယ်လွန်းတာကြောင့်မမှတ်မိနိုင်တော့   -ပထမဆုံးကြိုက်မိတဲ့ ရုပ်ပြောင်ကာတွန်း=ကာတွန်းပိုးဇာရဲ့ မောင်မောင်ဇာနဲ့အမွှာညီအစ်မဇာတ်ကောင် စတင်ကြိုက်မိတဲ့ကာလ=၁၉၉၂ခုနှစ်ဝန်းကျင်လို့ထင်ပါတယ်။   -ပထမဆုံးကြိုက်မိတဲ့မြန်မာမင်းသား=စိုးသူ စကြိုက်မိတဲ့ကာလ=၁၉၉၂ ဝန်းကျင်   -ပထမဆုံးကြိုက်မိတဲ့အဆိုတော်=မိုက်ကယ်ဂျက်ဆင် စကြိုက်မိတဲ့ကာလ=၁၉၉၃ ဝန်းကျင်   -ပထမဆုံးဝင်ဖြစ်သည့်အသင်းအဖွဲ့=ကျောင်းဘင်ခရာအဖွဲ့ စဝင်ဖြစ်သည့်ကာလ=၁၉၉၄ ခုနှစ်   -ပထမဆုံးစကြိုက်မိတဲ့နိုင်ငံခြားမင်းသား=ဂျက်လီ စကြိုက်မိတဲ့ကာလ=၁၉၉ရ ခုနှစ်   -ပထမဆုံးစကြိုက်မိတဲ့ဝတ္ထု=ဆွေဆွေအောင်ရဲ့”ပိုင်” စဖတ်မိတဲ့ကာလ=၁၉၉၈ ခုနှစ်   […]


အခုတလော ဟော့နေတဲ့ကိစ္စကြီးတစ်ခုအကြောင်း မပြောမပြီးမတီးမမြည်ဆိုသလို ပြောကိုပြောမှဖြစ်မယ် သူကြီးကတော့ သိလား၊မသိလား၊မသိခြင်ထောင်ထောင်နေတာလား၊မနိုင်လို့လွှတ်ထားတာလားတော့မသိ။ ဘယ့်နှယ် ဟိုနေရာသွားလည်း ကျောက်သတင်း၊ဒီနေရာသွားလည်းကျောက်သတင်း ဖွဘုတ်မှာတစ်မျိုး၊ရွာထဲလည်းတစ်ဖုံ ကျောက်ခေတ်မှာနှင်းမိုးတွေရွာနေသလားမှတ်ရ။ ဂလိုတွေ အမျိုးမျိုးကြွားပြနေလေ၊ကျောက်ခဲပေါ်နှင်းမိုးတွေကျလေလေ အဆွေးပိုစေတဲ့လူတစ်စုက မသိမသာကော၊သိသိသာသာပါ ထုတ်ဖော်အော်ဟစ်လာကြလေရဲ့။ ဦးကြောင်လို မျက်နှာပြောပြီးသားလူကြီးက ယူCatမယ်တွေ၊ယူDogမယ်တွေ ပေါ်တင်ဖော်ပင်နေတာတွေ့လား တွေ့ရဲ့။ လူမသိသူမသိ ရှက်သလိုကြောက်သလိုလိုနဲ့ကျိတ်ကြံနေတဲ့လူစုတွေလည်းရှိလားရှိရဲ့။ ဘာပဲပြောပြော ကျောက်ခေတ်မှာနှင်းကျတာကို အထီးကျန်မှုပိုစေတယ်လို့ယူဆပြီး မယူရသေးတဲ့လူကစယူမယ်ကြံ၊ ယူပြီးတဲ့လူကလည်းထပ်ယူမယ့်မာန်တွေနဲ့ ဒီဝါမကျွတ်ခင်ကြီးကို ယူကိုယူကြမယ်ဇုံတွဲတွေအား ဖော်ကောင်လုပ်လိုက်ပါရဇီ။ ဒီဝါမကျွတ်ခင်ကြီးမှာပဲ   မောင်ဇာနဲ့လောင်ချာယူမြီ။ မွန်လေးနဲ့ဖွန်ဂေးယူမြီ။ ဖေပေါက်နဲ့ရေတံလျောက်ယူမြီ။ မခိုင်ဇာနဲ့ဓာတ်တိုင်အမွှာယူမြီ။ မောင်မာဂနဲ့ကြောင်ဆရာမယူမြီ။ ဦးကြောင်နဲ့နဖူးပြောင်ယူမြီ။ ဦးဆာမိနဲ့အရူးသာဂိယူမြီ။ အလက်ဆင်းနဲ့ကြွက်ငပျင်းယူမြီ။ ရွှေကြည်နဲ့ရေစည်(သို့မဟုတ်)မယ်တိုးနဲ့ဒယ်အိုးယူကြမြြီဖစ်သီ ဆိုတာကို အသိပေးဖွထားလိုက်ရပါလေသတည်း။                       […]


ခုနကတင် ကိုယ့်ထက်တစ်နှစ်ငယ်ပြီး သိပ်သိပ်ချစ်ရတဲ့ ချစ်ညမလေး ရွှေကြည်ရဲ့ ပို့စ်ကိုဖတ်ပြီး မန့်ပြီး ကိုယ်တိုင်ရွာထဲမဝင်ဖြစ်တဲ့အကြောင်းလေးကို ရေးပြ၊ရှင်းပြ၊နားလည်ပေးကြဖို့တောင်းပန်ချင်မိတယ်။ ကိုယ်တွေရောက်နေတဲ့အရပ်ဆိုတာကလည်း ဧရာဝတီတိုင်းအစွန်အဖျား မြေပုံမှာကြည့်ရင် ပင်လယ်ထဲ အသည်းယားစဖွယ်အစက်အပျောက်နှယ် တဲတဲလေးဆက်နေတဲ့ ဒေသဘက်မှာဆိုတော့ လမ်းပန်းဆက်သွယ်ရေးက ရေကြောင်းကိုပဲအားကိုး။ ဓာတ်အားလိုင်းတွေ သွယ်ဆက်နို်င်မှုမရှိလို့ တစ်ညမှ ၂နာရီခန့် မီးစက်မောင်းပြီး လျှပ်စစ်အားဖြန့်တာလေးကို သုံးရတဲ့အရပ်။အင်တာနက်ဆိုတာက IP star အရင်က ကမ်းရိုးတန်း၄၅ဝ ဖုန်းကလွဲပြီး ကြိုးဖုန်းတောင်မရှိတာမို့ အခုလို ၁၅၀ဝတန်း CDMA လေးတွေရခိုက် အင်တာနက်တွေသုံးကြရပြန်တော့ ဖုန်းလိုင်းက နေ့ဘက်သာ ပေးလိုက်မပေးလိုက်။ညဘက်ကျတော့ နေဝင်တာနဲ့ဖြတ်။ နေ့ခင်းဘက် ဖုန်းလိုင်းရတဲ့အချိန်ကျ ကွန်ပျူတာနဲ့ချိတ်သုံးစရာ လျှပ်စစ်မီးကမရ။ ညဘက်မီးပေးချိန်ကျ ဖုန်းလိုင်းကျ။ ဒီလိုနဲ့ပဲနေ့ခင်းဘက် ဖုန်းလေးနဲ့ဖွဘုတ်တစ်မျိုးသာ သုံးရုံမှအပ ဘယ်အရပ်တကာမှမပတ်သာ။ အရင်က ခပ်နှေးနှေးရနေတဲ့ IP star ကြီးအဖြတ်ခံထားရတဲ့ကာလမို့ […]


  အသက်၃ဝ အကြောင်းကိုစဉ်းစားမိတိုင်း စိတ်ထဲမှာ နောက်ကျိကျိဖြစ်သွားတတ်တာ ၂၈နှစ်ကျော်လာကတည်းကစလို့ပဲ။ ကျန်ခဲ့တဲ့အသက်၁ဝနှစ်၊၂ဝပြည့်ခဲ့တဲ့အချိန်တွေဟာ မသိလိုက်မသိဘာသာ ကျော်ဖြစ်လာခဲ့ပေမယ့် ဒီအသက်၃ဝဆိုတာကြီးကျတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက ကြိုစိုးရိမ်နေတာ တရားမရှိတဲ့ပုံစံ ဖြစ်နေတာကိုလည်း ရှက်မိပါတယ်။   အသက်၃ဝဆိုတဲ့အရွယ်ဟာ ကျွန်မတို့နိုင်ငံအနေနဲ့ဆိုရင် အခုမှအလုပ်စ လုပ်ချင်တဲ့လူတွေ အတွက် တော်တော်ခက်ခဲသွားပြီ။အိမ်ထောင်ပြုချင်ပါပြီဆိုတဲ့ အပျိုတွေအတွက်ဆိုရင်ကော သိပ်ရွေးဖို့ အဆင်မပြေတော့ဘူး ဆိုပြီး ကျွန်မနဲ့မဆိုင်တာတွေတွေးပြီးတော့လည်း ပူလား ပူရဲ့။ ၂၉ပြည့်ပြီးချိန်မှာတော့ ငါ၃ဝပြည့်တော့မယ်။ပြည့်တော့မယ်နဲ့ လူတကာကို ညည်းပြနေမိပြန်ရော။အဲ့ဒီလို တွေညည်းနေရင်းနဲ့လည်း ငါတော်တော်တရားမရှိတဲ့မိန်းမပါလားလို့လဲ တွေးနေမိသေးသား။   ပိုဆိုးတာက အခုလို ၃ဝပြည့်မယ့် လကျမှ ဖျားလိုက်တာကခဏခဏ။အအေးလေးနည်းနည်းမိရုံနဲ့ နှာချေ၊ နှာချေရာက ချောင်းဆိုး ဖျား။အဲ့ဒီတော့ ငါအသက်ကြီးပိုင်းထဲဝင်လာလို့ ချူချာလာပြီလားလို့ ဖြစ်ပြန်ရော။ ဖျားနေရင်းက ဖေဖေကြီးရေ၊ဖေဖေကြီးရေနဲ့ အော်ညည်းနေမိချိန်တွေကျတော့လည်း ကိုယ့်အရွယ်ကိုယ်မေ့ပြီး ကိုယ့်ကိုယ်ကို […]


အရူးချီးပန်းStatus ,ပုစွန်ဦးနှောက်များမန့်   အရူးတစ်ယောက်ရှိတယ်။ ရူးတာမှသွက်သွက်ခါအောင်ရူးနေတဲ့ အရူးချီးပန်းတစ်ယောက်ပေါ့။ လမ်းတကာလှည့်လည်သွားလာရင်း တစ်နေ့ဆိုင်ရှင်အိပ်ငိုက်နေတဲ့အင်တာနက်ဆိုင်တစ်ခုထဲလျှောက်ဝင် ပြီး ဖေ့စ်ဘုတ်မှာ ကောက်ကာငင်ကာရေးလိုက်တာက   “ကမာ္ဘကျော်မင်းသမီး အင်ဂျလီနာဂျိုလီသည် မိခင်ဖြစ်သူကဲ့သို့ရင်သားကင်ဆာဖြင့်သေဆုံးမည်ကိုစိုးရိမ် သောကြောင့် သူမ၏ရင်သားများက ဖြတ်ပစ်လိုက်သည်။ သူမအနေနှင့်ထိုသို့ မဆင်မခြင်ပြုမူလိုက်ခြင်းကြောင့် သူမကိုအစဉ်တစိုက်အားပေးလာသော ပုရိသ ပရိတ်သတ်များအတွက် များစွာနစ်နာပေသည်။ ရင်သားကင်ဆာဖြစ်ပွားခြင်းမှကာကွယ်ရန် နှပ်ချီးနှင့်နွားနို့ကိုရောပြီး နေ့စဉ်ပူတင်းဖုတ်စားပါဟု အကြံပေးခြင်းများကိုလည်း လက်ခံခဲ့ခြင်းမရှိပဲ သူမလုပ်ချင်တာလုပ်ခြင်းဟာ ဖြစ်သင့်ပါရဲ့လား။” ရေးသူ-အရမ်းချီးပူး   ဆိုပြီး ပေါက်ကရလျှောက်တင်လိုက်ရာ………………………………. တစ်မိနစ်အတွင်းမှာပဲ Like လုပ်သူ သန်းပေါင်းများစွာနှင့် Comment သောင်းချီရလိုက်လေသည်။   A-“သူမအနေနဲ့ လုပ်ချင်တာလုပ်လိုက်ခြင်းဟာ မဖြစ်သင့်ဘူးကွ” B-“သူမအနေနဲ့ နွားနို့နဲ့နှပ်ချီးကို မှီဝဲသင့်တာပေါ့” C-“ဒါနဲ့ ပူတင်းဖုတ်ရင် မီးမပြင်းဖို့လိုတယ်နော်” D-“ဟေ့ကောင် မင်းကဘယ်လောက်နားလည်လို့လဲကွ…ဘာကောင်မို့လဲ” C-“ငါဘာကောင်ရမှာလဲကွ ငါက […]


“ငြမ်းဆင်ပေးရမည့် အတွေးနုလေးများ”(အနာဂတ်ကောင်းကင် ၂နှစ်ပြည့်-ဒုတိယဆုရ)   (အချိန်နှင့်တပြေးညီ Reply မလုပ်နိုင်ပါက ခွင့်လွှတ်ပေးကြဖို့ လေးစားစွာကြိုတင်တောင်ပန်အပ်ပါသည်။)   “မေမေ..ပီတာပန်ကဘာလို့ပျံနိုင်တာလဲ” “အရိပ်ရှိလို့ပေါ့…” “စူပါမင်းနဲ့စပိုက်တာမင်းကကောဟင်” “ဝတ်စုံတွေရှိလို့ပေါ့သားရာ..မင်းလည်းကြည့်နေရတာပဲ..ဒီမှာ မေမေကျောက်တွေကြည့်နေတယ် ခဏခဏလျှောက်မမေးစမ်းနဲ့” စိုးလေးရဲ့မသိနားမလည်တဲ့အမေးကို ကြည်ဝေဖြေနေပုံအားကြည့်လျက် ရီရီစိတ်ပျက်သွားမိသည်။ မိမိအလုပ်မအားတာနဲ့ပဲ ကလေးအမှတ်မှားစရာတွေဖြစ်အောင် စိတ်ကူးယဉ်ဇာတ်လမ်းထဲက အတိုင်း အလိုက်သင့်ဖြေနေသော ကြည်ဝေကို အားမလိုအားမရဖြစ်နေပေမယ့် သူတို့သားအမိ ကြားထဲ ဆရာမကြီးဝင်ဝင်လုပ်တယ် ဆိုပြီး မောင်လေးကိုတိုင်မှာစိုးတာကြောင့် ရီရီဘာမှဝင်မပြော တော့။ ယောင်းမတော်ကြည်ဝေက နေရာတကာ အစိုးရိမ်ကြီးစွာ ဝင်ပြောတတ်၊သတိပေးတတ်သော ရီရီ့ကိုလုံးဝအမြင်မကြည်တတ်။   “အကို့အစ်မက နေရာတကာ ဆရာမကြီး ဝင်ဝင်လုပ်တယ် သစ်ထုတ်ရုံးမှာလုပ်လို့သာပဲ ကျောင်းဆရာမသာ ဆိုရင် ကြည်တို့နေစရာတောင်ရှိမှာမဟုတ်ဘူး” ဆိုပြီးမောင်လေးထံပြောနေသံတွေကို ရီရီ အတိုင်းသားကြားခဲ့ပြီးကတည်းက စိုးလေးဘာလုပ်လုပ် တစ်ချက်နှစ်ချက် ဟန့်ရုံ၊သူ့အဖေနဲ့အမေကို လှမ်းအသိပေးတတ်ရုံကလွဲပြီး ဘာမှဝင်မပြောဖြစ် […]


ဂေဇက်ဂျိုကာမောင်အံစာဆိုရင် တစ်ရွာလုံး မသိသူမရှိပါဘူး။ ဂေဇက်နဲ့ပတ်သတ်သမျှရွာသူားတွေထဲ ကျွန်မနဲ့အရင်းနှီးဆုံး ဝါသနာတူ ပြောမနာဆိုမနာ မောင်လေး မောင်အံစာအတွက် မွေးနေ့လက်ဆောင်လေးကို အကြောင်းကြောင်းကြောင့် လိုင်းမကောင်းတဲ့အခက်အခဲကြားက ကျွန်မကိုယ်တိုင် တင်ဖြစ်လိုက်ပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်။ မွေးနေ့မှသည် နောင်နှစ်များဆီဝယ် ပျော်စရာအတိ အောင်မြင်မှုပီတိတွေနဲ့ မျှော်မှန်းသမျှ လိုတရပါစေသား ်


(ကြိုတင်မေတ္တာရပ်ခံစာ-မန်းဂေဇက်အတွင်းသို့ဝင်ရောက် ဖတ်၊မန့်ရန် ကွန်နက်ရှင် အရမ်းအရမ်းကျနေပါသောကြောင့် ဒီရက်ပိုင်း ပို့စ်များအား မဖတ်ဖြစ်၊မမန့်ဖြစ်ခဲ့ပါ။ အရမ်းစိတ်ဝင်တစား စောင့်နေရသော ဆုပေးပွဲနဲ့ကွန်ဖရင့်ပို့စ်များ၊ဓာတ်သေများကိုပင် ဝင်မကြည့်နိုင်အောင် လိုင်းကကျလှပါသည်။ အဆင်ပြေတဲ့အချိန်ကို စောင့်စားကာ ပို့များကို အားပေးနေပါဦးမည် ဟုတောင်းပန်လိုက်ရပါသည်။ကျွန်မရဲ့ပို့စ်များကို ရီပလိုင်းပြန်တာနောက်ကျနေရင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ ကြိုတင် မေတ္တာရပ်သွားပါသည်။ ခင်မင်လျက် နန်းတော်ရာသူ) :gee: :saut: “လက်တွေ့ဘဝရယ် မလွယ်ရေးချမလွယ်”(ပြိုင်ပွဲဝင် ဝတ္ထုတို) :saut: ———————————————————————————- (နှလုံးသားမြို့တော် ရသစာပေ ဒုတိယဆုရ) (နှလုံးသားမြို့တော်ဆိုဒ်မှ မှတ်ချက် ) အရေးအသားသေသပ်ပါတယ်။ ပေါ့ပေါ့ပါးပါးဖတ်လို့ကောင်းသလို လူရဲ့ မနောက ထိန်းရခက်တဲ့ဟာကို ကွက်ကွက်ကွင်းကွင်း ရေးပြထားတာလေးကို သဘောကျပါတယ်။ကလောင်ရှင်ရဲ့ အရေးအသား ဇာတ်လမ်းဖွဲ့စည်းပုံ နဲ့ စာဖတ်သူကို သူပေးချင်တာလေးတွေ ပေးသွားပုံလေးက ကွက်တိကျတယ်တဲ့အတွက် ဒီဆုကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။ ရှေ့ဆက်လက်ရေးသားမယ့် စာပေခရီးလမ်းအတွက် […]


ကျွန်မက နိုင်ငံခြား ရုပ်ရှင်တော်တော်ကြည့်သူတစ်ဦးပါ။ အထူးသဖြင့် ရိုမန့်တစ်နဲ့ဒရမ်မာတွေပါ။ အက်ရှင်တွေလည်း မကြည့်ဖူးလားဆိုတော့ တော်တော်ကြည့်ပါတယ်။ ဒါပေမယ့် အက်ရှင်တွေကိုကျတော့ ကိုယ်ကြိုက်လို့ ရွေးထုတ်ကြည့်လိုက်တာမျိုးမဟုတ်ပဲ တခြားသူကြည့်နေတာကို ဝင်ကြည့်ပြီး မထတမ်းဖြစ်သွားတာပါ။ ဒီဘောလိဝုဒ်ရုပ်ရှင်လေးကို ကြည့်ကြဖို့ ညွှန်းပေးချင်တဲ့ဆန္ဒလေးတစ်ရပ်ပေါ်လာခဲ့မိပါတယ်။ အရင်က ဘောလိဝုဒ်ရုပ်ရှင်တွေဆို ဟင့်အင်း လို့ချည့်ငြင်းမိနေကျပါ။ အခုနောက်ပိုင်း ရိုက်ကူးပုံတွေပြောင်းလဲ တိုးတက်လာတဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေကို သဘောကျလာပါတယ်။ ကုလားကားဝယ်ခဲ့ပါ လို့ သီးသန့်မမှာကြားတတ်ပေမယ့်…ဒီကုလားကားအရမ်းကောင်းတယ် လို့ညွှန်းပြီးဝယ်လာပေးရင်တော့ ကြည့်ဖြစ်ရင်း ကုလားကား ကောင်းကောင်း။ ၄၊၅ကားလောက် စုမိနေပါပြီ။ အခုကားလေးက ကြည့်ဖူးသူတွေလည်းကြည့်ဖူးလောက်ပါပြီ။ https://www.google.com/search?hl=en&tbo=d&noj=1&q=taare+zameen+par+movie+online&revid=935999765&sa=X&ei=_Qb0UN-pHsbprAfKp4CACA&ved=0CG8Q1QIoAA&biw=1366&bih=662 အဓိကပေးချင်တဲ့ မက်ဆေ့က ကလေးတွေရဲ့အားနည်းမှုနဲ့စိတ်ခံစားမှုကို အုပ်ထိန်းသူ လူကြီးတွေ၊ဆရာတွေအနေနဲ့ နားလည်ပေးနိုင်ရမယ်။ ဆိုတဲ့သဘောလေးပါ။  


:bar: စာဖတ်သူပေးတဲ့သင်ထောက်ကူ :bar: (ဒီပို့စ်လေးဟာဆိုရင် မြန်မာလူမှုကွန်ယက်ဆိုဒ်တွေအတွက် အထူးရည်ရွယ်၍ရေးသား တင်ပြခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ဂေဇက်ရွာသူားများရဲ့ အမြင်ကို လွတ်လပ်စွာ ဆွေးနွေးပေးကြစေလိုပါတယ်။) ဝါသနာရှင်တွေအနေနဲ့ စာတွေရေးသား မှုအပေါ် စာဖတ်သူပရိတ်သတ်တွေက ခင်မင်မှုအရ ဝင်အားပေးတာပဲဖြစ်ဖြစ်၊တကယ်စာဖတ်တာဝါသနာပါလို့ ဝင်ရောက်ဖတ်ရှုတာပဲဖြစ်ဖြစ် တကယ့်ကို စိတ်ထဲမှာခံစားလို့ရတဲ့ အပြုသဘောဆောင်တဲ့ ထင်မြင်ယူဆချက်၊ဝေဖန်ချက်တောက်ပြချက်၊ ဆွေးနွေးချက်တွေပေး သင့်တယ်လို့ထင်မိပါတယ်။ အခုဆိုရင် အွန်လိုင်းစာပေလောကကြီးဟာ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လို့်လာပါပြီ။ဟိုယခင်က ဝါသနာရှင်တွေဟာ မိမိတို့ဝါသနာအရ ရေးသားဖန်တီးထားတဲ့စာပေတွေ၊ခံစားချက်သရုပ်တွေကို ထုတ်ဖော် ပြသခွင့်ရစရာဆိုလို့ ပုံနှိပ်မီဒီယာကိုသာ အားကိုးကြရပါတယ်။ပုံနှိပ်မီဒီယာဆိုတာကလည်း ကိုယ်ထင်သလို၊ မျှော်မှန်းတဲ့အတိုင်း ပါဝင်တင်ဆက်ခွင့်ရနိုင်တဲ့ နေရာမျိုးမှမဟုတ်တာအားလုံးအသိပါ။နိုင်ငံရေးအမြင် တွေကို ရေးသားပုံဖော်လိုသူတွေ၊ ဘာသာရေးအမြင်၊ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာစတာတွေကို လွတ်လပ်စွာဖော်ကျူးရေးသားခွင့် အပြည့်အဝမရရှိနိုင်ပါဘူး။ ပုံနှိပ်လောကမှာ နေရာတစ်ခုရဖို့အတွက် ကျိုးစားအားထုတ်မှုပိုင်းမှာ အများနဲ့တန်းတူရင်ဘောင် မတန်းနိုင်မချင်း မိမိရဲ့ဖန်တီးရေးသားပုံဖော်မှုတွေ ဟာ ပုံနှိပ်စာတွေမှာတောင် မြင်ခွင့်ရဖို့ခဲယဉ်းလှပါတယ်။မိမိရဲ့လက်ရာအရည်အသွေး ဘယ်လိုဘယ်ပုံရှိ တယ်၊လူအများရဲ့ […]