ဆူးApril 28, 20112min21819
  “ဒက္ခိဏ” ဆိုသည်မှာ ပါဠိစကားဖြစ်ပြီး မြန်မာဘာသာအားဖြင့် “တောင်အရပ်” ဟုအဓိပ္ပာယ်ရ၏ ။ “သာခါ” ဆိုသည်မှာလည်း ပါဠိဝေါဟာရပင်ဖြစ်ပြီး “သစ်ကိုင်း” ဟုအဓိပ္ပာယ်ရ၏။ ထို့ကြောင့် “ဒက္ခိဏသာခါ” ဟူသည် “တောင်အရပ်မှသစ်ကိုင်း” ဟု ခေါ်ဆိုရမည်ဖြစ်၏ ။ လွယ်လွယ်ကူကူမှတ်လျှင် “ဗောဓိတောင်ကိုင်း” ဟုဆိုနိုင်၏ ။ ထို“ဗောဓိတောင်ကိုင်း” ကိုပင် “အာဒိလဒ္ဒနာမ” အားဖြင့် “ဒက္ခိဏသာခါ” ဟုပင်ခေါ်ကြ၏ ။ ထိုတောင်ကိုင်းသားကို ဘုရားထုထား၍ “ဒက္ခိဏသာခါ”  ဘုရားဟု ခေါ်ခြင်းဖြစ်၏ ။   ဤတွင် ပါရမီသုံးဆယ်ကို အသက်ပါအသေခံ၍ ဖြည့်ဆည်းခဲ့သည့်အတွက် အလောင်းတော်များဘုရားဖြစ်သည့်အခါပြုလုပ်ခဲ့သော ကုသိုလ်များသည် အစွမ်းကုန်အကျိုးပေးကြသည်ဖြစ်၍ လူ့လောက၌သာမက နတ်ဗြဟ္မာများ ထက် ဘုရားရှင်က အသပ္ပာယ်ဆုံးဟု ကျမ်းဂန်များကဆို၏ ။ ပါရမီကုသိုလ် များသည် နောက်ထပ်အကျိုးပေးစရာ […]


True AnswerApril 24, 201111min740
Real Meditation Real meditation is neither doing nor doing nothing TAKING THEM AS REALITY. Real meditation is Neither action nor inaction taking them as reality. At the view of original truth, real meditation is just remembering the powers of original truth_real impermanent nature which is constant and forever. At first, real meditation is …Just believing(accepting) […]


ဆူးApril 23, 20111min43141
ရဟနာ္တနဲ့ ပုဂ္ဂိုလ်ထူးများ စာအုပ်ကို အောက်ပါ လင့်တွင် ဒေါင်းလုပ်ပြီး ဖတ်ရှုနိုင်ပါသည်။ http://www.mediafire.com/?wzwojjj25ut# ဒီမှာတော့ အဲဒီလို မတင်တတ်တဲ့ အတွက် လင့်ပဲ ပေးလိုက်ပါသည်။ စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ရန် ရှာဖွေ တင်ပေးလိုက်ပါသည်။


who whoApril 21, 20111min765
ပွဲကတော့ ပွဲကြီးပွဲကောင်းပါပဲ။ သူများလိုတော့ အလှမယ်ရွေးချယ်ပွဲ တို့ ၊ မယ်စင်္ကြာဝဠါ ရွေးပွဲတို့တော့ မထင်လိုက်ပါနဲ့။ ခုလုပ်မယ့် ပြိုင်ပွဲကတော့ မယ်ဒုက္ခစစ်ရွေးချယ်ပွဲလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဒီမှာ လာပြိုင်ကြမယ့် ဒုက္ခ မယ်တွေကတော့ စာရင်းတွေပေးထားလိုက်ကြတာ အမျိုးမျိုးပါပဲ။ လုပ်မယ့် ရှိုးခန်းမကြီးကတော့ ကျနော့ ခန္ဓာအိမ်ဖြူတော် ခမ်းမကျယ်ထဲမှာပါပဲ။ ဒီထဲမှာ ဒုက္ခမယ်တွေက အလှည့်ကျ အစဉ်လိုက်ကိုပဲ ဝင်ရောက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ ယှဉ်ပြိုင်တဲ့ထဲကမှ ဒုက္ခစစ်ကို ရွေးချယ်လို့ သရဖူ ပေးအပ်မှာ ဖြစ်ပါတယ်။ “ဉာဏ်”ကို ဒိုင်လူကြီးနေရာမှာထားလို့ သူကပဲ အမှတ်ပေးလို့ ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ပွဲစဉ်မှာ အလှည့်ကျတဲ့ ဒုက္ခမယ်တွေ တစ်ဦးစီက ဒီခန္ဓာကြီးအပေါ် ဘယ်လောက်ထိ ဒုက္ခတွေ ပေးနိုင်တယ် ဆိုတာကို သူ့လက်စွမ်းတွေနဲ့ လက်တွေ့ပြသွားရမှာ ဖြစ်ပါတယ်။ […]

root-killer.jpg

လူတိုင်းတွင် အစွဲကိုယ်စီရှိကြသည်။ သူဌေးက စည်းစိမ်ဥစ္စာကို စွဲသလို ဆင်းရဲသားကလည်း ရှိသမျှလေးကိုစွဲသည်။ ငွေမရှိတောင် သားမယား၊ ချစ်သူ ခင်သူကိုစွဲသည်။ ဘုရား၊ ရဟနာ္တတို့မှလွဲ၍ ကျန်ဝေနေယျ သတ္တဝါများအားလုံးတွင် အနည်းနှင့်အများ အစွဲရှိသည်။ ယုတ်စွအဆုံး အထက်အရိယာ အနာဂါမ်ကြီးများပင် မလွတ်၊ သူ့အတိုင်းအတာနှင့်သူ ရှိကြသည်။ ကောင်းသောအစွဲ၊ ဆိုးသောအစွဲ၊ မှန်သောအစွဲ၊ မှားသောအစွဲဟူ၍ စွဲကြပြီး သုဂတိ၊ ဒုက္ခတိဘုံများတွင် ကျင်လည်ရသည်။ ဤအစွဲကပင် ဗုဒ္ဓဘာသာနှင့် အခြားဘာသာအယူဝါဒတို့၏ ကွာခြားချက်ဖြစ်သည်။ အစွဲသည် သံသရာလွတ် နိဗ္ဗာန်မဂ်ဖိုလ် ရောက်ကြောင်းဖြစ်သည်၊ ငရဲ၊ ပြိတ္တာ အပ္ပါယ်လေးဘုံ ရောက်ကြောင်းဖြစ်သည်။ ဖခင်သတ်၍ ထီးနန်းယူသော အဇာတသတ်မင်းအား ပြုခဲ့သော အကုသိုလ် များကို စိတ်မစွဲရန် တရားချနိုင်မှ စိတ်တည်ငြိမ်ပြီး သရဏဂုံတည်သည်။ သဲအင်း ဓမ္မကထိက […]


True AnswerApril 18, 20111min1187
၁) နှစ်သစ်တိုင်းအတွက် အလိုအပ်ဆုံး (သို့) ၁၃၇၃ နှစ်သစ်သန္နိဋ္ဌာန်(NEW YEAR RESOLUTION) ရာသီအလီလီ ၊ နှစ်တွေအလီလီပြောင်းခဲ့ပါပြီ။ ယခုဆိုလျှင် မြန်မာနှစ်သစ် ၁၃၇၂ မှ ၁၃၇၃ သို့ စတင် ချည်းနှင်းဝင်ရောက်လေပြီ။ အသက်တွေပြောင်း၊ နှစ်တွေပြောင်းလာပေမယ့် ကျွန်တော်တို့ရဲ့ ဘဝနဲ့ ပတ်သက်ပြီး နားလည်မှု၊ သဘောထား ကတော့ ပြောင်းလဲဖြစ်ပေါ်လာခြင်းမရှိသေးပါဘူး။ ကျိန်းသေသည်ကတော့ ကျွန်တော်တို့ မနှစ်ကတွေးနေခဲ့သည့်အတွေးများနှင့် ယင်းအတွေးများကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုများ သည် ယခုနှစ်သစ်မှာဖြစ်နေသည့် အတွေးများ ခံစားမှုများနှင့် သိပ်ပြီး ကွာဟမှုမရှိခြင်းပင်ဖြစ်သည်။ အရင်အတိုင်းပဲ ဟု ဆို၍ ရနိုင်ကောင်းသည်။ ဤအတိုင်းဆိုလျှင် မနှစ်ကထက် ထူးပြီး ပြောင်းလဲမှုမရှိ ဖြစ်နေပြီ ဆိုသည်မှာ ကျိန်းသေသလောက် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ဟောင်းတွင် တကယ်စိတ်အေးချမ်းသာ […]


True AnswerApril 16, 20111min1084
2010-2011 ဒီနှစ်တွင်း ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ တရားစာအုပ်လေး(၃)အုပ် ကို အနည်းငယ်ထပ်မံ edition လုပ်လျှက် ဓမ္မဒါနပို့လိုက်ပါတယ်ခင်ဗျား- သစ္စာတရားတော်များကို နားလည်မှုလွယ်ကူစေရန် ရည်သန်လျှက် ကျွန်တော် ဉာဏ်မီသလောက် ကြိုးစားရေးသားထားခြင်းပါ။ အမှာစာ အချိန်ပေးပြီး ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ပါသည်။ လောကမှာ ဘာကို အဓိကထားရမလဲ တန်ဖိုးထား ရမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မှန်ကန်စွာ သိလိုကြသူများ ရှိသလို… ဘာကိုပဲ အဓိက ထားမည်ဆိုပြီး ဆုံးဖြတ် ပြီးသား လူတွေလည်း ရှိကြပါတယ်… ဘာကို အဓိက ထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ ဟာ ဘာသာရေး ကျမ်းစာအုပ်များ၊ တက်ကျမ်းများ၊ လောကနီတီ အကိုးအကား များနှင့် လည်းကောင်း- တချို့လည်း မိမိကိုယ်တွေ့ […]

dayandnight2.jpg

ငယ်စဉ်က တရားစခန်းဝင်ပြီး ပြန်ထွက်လာတော့ လူတွေဘာကြောင့် သစ္စာလေးပါးတရားကို တပြေးညီ လက်မခံနိုင်ကြသလဲကို အတ္တနဲ့ စူးစမ်းမိပါတယ်။ ဘာသာခြား မြန်မာသူငယ်ချင်း တဦးက ငါတို့လည်း ဘုရားရှိခိုးရင် မမြဲလို့ရွတ်တယ်၊ ဖြစ်ပျက်လို့ မင်းတို့ပြောတဲ့ ရုပ်ဝတ္ထုတွေ ကာလကြာလို့ ဟောင်းနွမ်းပျက်ဆီးသွားတာ ဘာဆန်းလည်းလို့ ရင်းရင်းနှီးနှီး ပြောပါတယ်။ ကိုယ်သိတဲ့ အသိကလဲ အပြင်မှာ မြင်တွေ့ကြားသိရတဲ့ အရာတွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်သွားတာကို ဖြစ်ခြင်းပျက်ခြင်း ဆိုတော့ မကျေနပ်တာကလွဲလို့ ကြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါ။ ဖြစ်ပျက် (မမြဲ၊ ဆင်းရဲ၊ အစိုးမရ) တွေကို ရှိနေ၊ ဖြစ်နေတဲ့ အရာတွေ ပျက်သွားတဲ့အခါ ဥပမာ- ပစ္စည်းတခု ကျကွဲရင်၊ လူသေရင် ပြောလေ့ရှိတယ်။ တရားစခန်းဝင်တဲ့ မိတ်ဆွေများကို မေးရင်လည်း ပြောင်းလဲဖောက်ပြန်တဲ့ ရုပ်ကြီးကို စိတ်နဲ့ကြည့်ပြီး […]


True AnswerApril 11, 201111min650
What is the truth which can give rise to the real blessing and freedom? (Part-3) Only the original truth _original reality is the real nature CREATED TRUTHS are arising and then passing away within the certain period. Created truth is temporary, impermanent, changing and inconstant, depending on the mind, body, time and place. For the […]


bigbirdApril 10, 20111min1027
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လာချ်စီမာမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ ဆီမန်းချက်ပွဲတစ်ခုကိုပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါဆီမန်းချက်ပွဲကို ဘုန်းကြီး ၁၁ပါးအပြင် ရသေ့ ၅ပါးတက်ရောက်ခဲ့ကြပါတယ်။ ရသေ့ တစ်ပါးဟာ မီးဖိုပေါ်မှာရှိတဲ့ အုန်းဆီအပါအဝင် အမျိုးပေါင်း၁၀၈မျိုးပါဝင်ချက်ပြုတ်ထားတဲ့ ဆီပူပူဒယ်အိုးကြီးထဲမှာ နာရီဝက်ကြာ ထိုင်ပြီးဂါထာရွတ်ဖက်ခဲ့တယ်လို့ဆိုပါတယ်။ ဒယ်အိုးထဲကထွက်လာပြီးသည့်နောက်မှာလဲ လာရောက်သောပရိတ်သတ်ထဲမှ တစ်ယောက်ကိုခေါ်၍ ငှက်ကြီးတောင်ဓါးရှည်ဖြင့် နောက်ကျောကိုခုတ်ပြခဲ့ရာ ထိုသူမှာ မည်သည့်ဒဏ်ရာမှ မရရှိဘူးဟု ဆိုပါတယ်။ အဆိုပါ ဆီမန်းချက်ပွဲ ပြုလုပ်နေချိန်တွင် လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှာသာယာနေရာမှ ဂါထာများ၏တန်ခိုးကြောင့်ဟုဆိုကာ ချက်ချင်းဆိုသလို မိုးအုံ့လေပြင်းတိုက်လာပြီး ပြန်လည်သာယာလာသည်ဟုဆိုပါတယ်။ အဆိုပါဆီမန်းချက်ပွဲကိုပြုလုပ်ရခြင်းမှာ အိုမင်းနေပြီးဖြစ်တဲ့ ကျောင်းအားပြန်လည်ပြုပြင်ရန်အတွက်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ တစ်ချို့ကတော့ နည်းတစ်မျိုးမျိုးသုံး၍ လိမ်လည်သည်ဟု ဆိုနေကြပါတယ်။ အဆိုပါသတင်၏အောက်တွင် ” ဖက်ရှုသူများ စဉ်းစားချင့်ချိန်၍ ယုံကြည်ပါရန်” ဟု ပူးတွဲပါရှိပါသည်ခင်ဗျာ။

Railway-track.jpg

http://www.yinthinnei.blogspot.com/ မှာတင်ပေးထားတဲ့ သဲအင်းဂူ ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော ငရဲခန်း တရားတော် အသံဖိုင်နဲ့ကို နာကြည့်စေလိုပါသည်။ ဘုန်းကြီးများ ပရဟိတလုပ်ငန်းများ ထဲထဲဝင်ဝင် လုပ်သင့်မသင့်ကို တလောက ရွာထဲမှာ အချင်းချင်း အမြင်ဖလှယ်ရင်းက ဆက်စပ်နေတဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုများ အကြောင်းကို တွေးမိပါတယ်။ ပြည်ပသာသနာပြု ဘုန်းကြီးများအတွက် ဘဏ္ဍာရေးအပိုင်း မြင်တာလေးကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေး မလို့ပါ။ နိုင်ငံခြား တိုင်းပြည်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေဟာ ပြည်တွင်းကကျောင်းတွေနဲ့ ကွဲပြားတာ အတော်များ ပါလိမ့်မယ်။ ကျောင်းတည်နေပုံကအစ လူအများနဲ့ ဆက်ဆံရေးအဆုံး အဆင်ပြေသလို လုပ်ရတာမို့ ယေဘူယျခြုံကြည့်ရင် မြန်မာပြည်မှာလို မပြည့်စုံဘူး ပြောနိုင်ပါတယ်။ ကောင်းတာလည်း အများကြီး ရှိပါတယ်။ မြန်မာအနေများတဲ့မြို့မှာ ဘုန်းကြီးကျောင်းတကျောင်း အခြေကျရင် ရေ၊ မီး၊ ပစ္စည်းလေးပါး ရှားမယ် မထင်ပါဘူး။ […]


researcherApril 7, 20111min805
တကမ႓ာလုံးအတိုင်းအတာနဲ့ သာသနာတော်ပြန့်ပွားရေးဆောင်ရွက်မယ်ဆိုရင်တော့ စနစ်တကျစီစဉ် ဆောင်ရွက်တတ်ဖို့ လိုမယ်လို့ တပည့်တော်ထင်ပါတယ်ဘုရာ့။ ဗုဒ္ဓဘာသာကို အမွန်မြတ်ဆုံးဘာသာ အနေနဲ့ အခြားဘာသာရေးခေါင်းဆောင်တွေက အသိအမှတ်ပြု ထားတောင် ဗုဒ္ဓဘာသာက တကမ႓ာလုံး အတိုင်းအတာနဲ့ မပြန့်နှံ့တာ ဘာဖြစ်လို့လဲတာ ပြန်ပြီး သုံးသပ်ကြည့်ရမှာပါ။ လောကီမှာတော့ လုပ်ငန်းတစ်ခု၊ စနစ်တခု မအောင်မြင်ရင် ဘာကြောင့်မအောင်မြင်တာလဲ၊ ဘာတွေလိုနေလို့လဲ ဆိုတာကို ပြန်ပြီး သုံးသပ် Review လုပြ်ပီး ပြုပြင်၊ ပြောင်းလဲမှုတွေ လုပ်ကြရပါတယ်။ ဒီလိုပဲ သာသနာတော် ပြန့်ပွားခြင်း လုပ်ငန်းကို တကမ႓လုံး အတိုင်းအတာနဲ့ ဆောင်ရွက်ချင်တယ်ဆိုရင်ဖြင့် လက်ရှိအခြေအနေ အရပ်ရပ်ကို ပြန်သုံးသပ် ကြည့်ဖို့ လိုပါမယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ရှင်းလင်းဖေါ်ထုတ်ပြသတဲ့ နေရာမှာ ရှင်းပြတဲ့သူတွေ အနေနဲ့ နည်းပညာကျွမ်းကျင်မှု လို့ဆိုတဲ့ နည်းနိဿယတွေလို့ခေါ်တဲ့ Technique […]


weiweiApril 7, 20111min27750
ကျွန်မလို သာမန်လူအတွက် နိဗ္ဗာန်အကြောင်းရေးရတာ မတန်မရာဖြစ်နေမယ်မလားလို့ တွေးမိပေမယ့် ကျွန်မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနားလည်ထားတာကို ပြန်လည်ပြောပြချင်တဲ့ ရိုးသားသည့်စေတနာအရင်းခံဖြင့် မည်သည့်စာအုပ်ကိုမှ မမှီငြမ်းပဲ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ရေးသားထားခြင်းဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတဲ့စကားလုံးကို ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ? ဘယ်လိုအရသာရှိလဲ? ပုံသဏ္ဍာန်ဘယ်လိုရှိလဲ?စသဖြင့် မေးလိုက်ရင်တော့ သေသေချာချာဖြေနိုင်မယ့်သူ တော်တော်ရှားပါလိမ့်မယ်။ တစ်ချို့လူတွေကတော့ နိဗ္ဗာန်ဆိုတာကို နတ်ပြည်လို ဟိုးအမြင့်တစ်နေရာမှာ ရှိနေတယ်လို့လဲ ထင်ကြပါတယ်။ သိပ်ကောင်းတဲ့ခံစားမှုကိုလဲ နိဗ္ဗာန်နဲ့ တင်စားပြောဆိုလေ့ရှိပါတယ်။ အေးချမ်းတဲ့နေရာတစ်ခုဖြစ်မယ်လို့လဲ အထင်နဲ့ ပြောတတ်ကြပါတယ်။ ကျွန်မသိနားလည်သလောက် နိဗ္ဗာန်ဆိုတာ လွတ်မြောက်ရာနေရာဖြစ်ပါတယ်။ မည်သည့်ကိစ္စမှာမဆို လွတ်မြောက်ရာနေရာတစ်ခုတော့ အမြဲတမ်းရှိနေပါတယ်။ အိမ်ထဲမှာအရမ်းမွမ်းကြပ်နေရင် အိမ်အပြင်ထွက်တာနဲ့ အဲဒီဒုက္ခကနေ လွတ်မြောက်ပါတယ်။ အရမ်းပူနေချိန်မှာ အဲယားကွန်းနားနေလိုက်ရင် အပူကနေ လွတ်မြောက်သွားပါတယ်။ ထောင်ထဲကနေထွက်လိုက်ရင်လဲ အချုပ်အနှောင်ကနေ လွတ်မြောက်သွားပါတယ်။ အရမ်းအိပ်ချင်နေချိန်မှာ အိပ်ပျော်သွားတာကလဲ လွတ်မြောက်ခြင်းတစ်မျိုးပါပဲ။ […]