ကျမနာမည် Cha Cha (ခ) ဆုပြည့်မှူးအိမ်ဖြစ်ပါတယ်။ အသက်၂၄နှစ်ပါ။ အနုပညာလုပ်ငန်းကို ၂၀၀၉ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ Model အနေနဲ့ စတင်လှုပ်ရှားရင်း Show ပွဲပေါင်း ၇ဝကျော် လျှောက်ခဲ့ပါတယ်။ Myanmar Beer Singing Contest မှာ သီချင်းသီဆိုယှဉ်ပြိုင်ရင်း ပြိုင်ပွဲဝင်အယောက်၉၀ဝကျော်မှာ Top Ten Finalist ရခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစပြီး အဆိုတော်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ၂၀၁ဝမှာ Tiger Girls Band ဖွဲ့ဖို့အတွက် ပြိုင်ပွဲဝင်တွေခေါ်ခဲ့ပါတယ်။ မိန်းကလေးပြိုင်ပွဲဝင်အယောက်၂၀ဝကျော်ထဲကမှ Cha Cha က ” Missy Tiger” အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီ့နှစ်မှာပဲ ” Year of the Tiger Girls” အခွေထွက်လာခဲ့ပါတယ်။ Tiger Girls အဖွဲ့ဝင်အဖြစ်တနှစ်လှုပ်ရှားပြီးတဲ့အခါမှာ […]


