kaiJanuary 30, 20242min3060
ဥတုရာသီမှာ၂၀၂၃ ကအပူလွန်ခဲ့သလောက် ယခုနှစ်ဆန်းတွင်အအေးလွန်ပြပြီး မိုးခေါင်ဒေသများ၌ မိုးသွန်နေပါ၏။ အမေရိကားတွင်အအေးလွန်/မိုးသွန်းမှုကြောင့် လူရာဂဏန်းမျှနီးပါးသေကျေသည်ဆိုပေရာ အစွန်းရောက်နေသည့် ဥတုရာသီကို မီးမောင်းမက လေဆာနှင့်ပင်ထင်ရှားပြနေရာရောက်၏။ ဖေဖော်ဝါရီဆန်းတွင် ပစိဖိတ်သမုဒ္ဒရာ၌စုဖွဲ့ထားသော ကောင်းကင်မြစ်ကြီးအနောက်ဖက်မှ ဝင်လာသွန်ချပါဦးမည်။ မိုးရွာလေ့မရှိမူ၍ မိုးခေါင်ဒေသဖြစ်ခဲ့(ဖူး)သော တောင်ပိုင်းကယ်လီတွင် ရေကြီးရေလျှံမြေပြိုမည်ခန့်မှန်းရသည်။ ၁၉၉၄ နော့ထရစ်ငလျင်ကြီး(Mw၆.၇)နှစ်၃၀ပြည့်ဒေသသည် မိုးနှင့်ဆီးနှင်းဖြင့် သဘာဝဘေးဒုက္ခဖြစ်ပါမည်။ ရာသီဥတုဆိုးဝါးအစွန်းရောက်လာခြင်းကို မိုးလေဝသဖြင့်ခပ်စိတ်စိတ်လေး ကိုယ်ထင်ရှားပြသတည်း။ “စူပါ တောင်မြောက်ကိုရီးယား” စစ်ရေးသိသိသာသာလှုပ်ရှားလာသည်မှာ မြောက်ကိုရီးယားဖြစ်သည်။ ရုရှားနိုင်ငံနှင့်ရွှေလမ်းငွေလမ်းဖေါက်ရင်း မဟာဗျူဟာမြောက်လက်နက်များအထိ ပေးယူ/ရောင်းဝယ်လုပ်လာနေသော မြောက်ကိုရီးယားသည် အချိန်မရွေးပေါက်ကွဲနိုင်သော ကမ္ဘာစစ် ချိန်ကိုက်ဗုံးဖြစ်နေသည်။ အများတွက်ဆထားသည် ချိုင်းနား-ထိုင်ဝမ်မှစမည့် ကမ္ဘာစစ်ကြီးသည် မြောက်ကိုရီးယားဝင်ပါလာလျှင် ကမ္ဘာဖျက်အားမြန်မည်/ကြီးသည်။ ရေအောက်နှုကရီးယားသယ်နိုင်သော ဒရုန်းမျိုးကိုလည်းစမ်းသပ်အောင်မြင်နေသလို ကမ္ဘာပါတ်လမ်းကြောင်းအထိ လွှတ်တင်နိုင်သော ဒုံးယာဥ်ပျံလည်းရှိသည်။ အလွန်တောင့်တင်းသော စစ်အင်အားလည်း(ခန့်မှန်းစစ်သည် ၁.၃သန်း) လည်းရှိသည်။ တောင်ကိုရီးယားသည် အီလက်ထရောနစ်၊နည်းပညာ၊အနုပညာတို့တွင် အမေရိကား၏ဆွဲတင်မှုအတိုင်းတက်လိုက်လာပေရာ ဂျပန်၏ခြေရာနုင်း၍ကမ္ဘာစီးပွားရေးအင်အားကြီးနံပါတ်၁၀(GII […]


kaiJanuary 28, 20242min3200
“နိုင်ငံရေး၊ လူမှုရေးကိစ္စများဆောင်ရွက်ရင်း အင်္ဂလိပ်စာ သင်ကြားကြပါစို့။”ယခု 2024 နှစ်သစ်ကူးချိန်မှာ မိမိတတ်စွမ်းသလောက် အင်္ဂလိပ်စာလေးကို အသုံးချပြီး မြန်မာနိုင်ငံမှာရော၊ ကမ္ဘာတဝှန်းလုံးမှာပါ ငြိမ်းချမ်းရေးရဖို့၊ တရားဉပဒေ စိုးမိုးဖို့၊ မြန်မာပြည်သူပြည်သားတွေ၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေ ချမ်းသာ ကြွယ်ဝစွာ၊ အန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ကြဖို့၊ တိုက်ပွဲဝင်ကြဖို့၊ တနည်းအားဖြင့် activism လုပ်ငန်းတွေကို အကောင်အထည် ဖေါ်ကြဖို့ တိုက်တွန်းအားပေးလိုပါတယ်။ ဦးစွာပထမ Activism ဆိုတဲ့ဝေါဟာရလေးကို အဓိပ္ပါယ်ဖေါ်ကြည့်ရအောင်။ According to the Merriam Webster, activism is a doctrine or practice that emphasizes direct vigorous action especially in support of or opposition to […]


kaiJanuary 26, 20242min3260
One Year Later: Covering Monterey Park and Community Healing eventJanuary 19, 2024, Repetto Elementary School, Monterey Park ၂၀၂၄ခုနှစ်မှာ Monterey Park မှာကျင်းပမယ့် Lunar New Year ကို စိတ်ချလုံခြုံစွာနဲ့ လာရောက်ဆင်နွှဲကြဖို Monterey Park Mayor Jose Sanchez က Myanmar Gazette ကနေပြောကြားလိုက်ပါတယ်။” ကျနော် Monterey Park မြို့တော်ဝန်ပါ။ Lunar New Year နီးလာပြီမို့ ခင်ဗျားတို့တွေပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်ပါတယ်။ ဒီအပတ်စနေ၊ တနင်္ဂနွေဇန်နဝါရီ၂၇နဲ့၂၈မှာ ကျနော်တို့တွေ နဂါးနှစ်ကိုကြိုကြမယ်။ ကျနော်တို့မြို့မှာ အစားအသောက်မျိုးစုံ၊ ဈေးတန်းတွေအများကြီးရှိမယ်။လုံခြုံရေးဝန်ထမ်းတွေအများကြီးလည်းရှိတာမို့ အလွန်လုံခြုံအန္တရာယ်ကင်းတဲ့ပွဲတော်ကြီးဖြစ်ပါတယ်။ကျနော်လည်း ကျနော့်မိသားစုကိုခေါ်လာပါမယ်။ ကျနော့်ဇနီးနဲ့သမီးသုံးယောက်ကို […]


kaiJanuary 20, 20242min2780
လာမယ့်.. အင်္ဂါနေ့မှာ.. နယူးဟမ့်ရှားပြည်နယ်.. ရီပါ့ဗလစ်ကန်တွေရဲ့.. သမ္မတလောင်းရွေးပွဲပါ…။ အိုင်အိုဝါပြီးတော့.. အခု.. နယူးဟမ့်ရှား..။ အိုင်အိုဝါမှာ.. ထရမ့်က.. နစ်ကီဟေလီကို.. ပွိုင့်၃၀လောက်ပြတ်နိုင်ပြီးသကာလ… အခု.. နယူးဟမ့်ရှားအလှည့်ဆိုပါစို့..။ ဟိုးရှေးကထဲက… ထရမ့်နောက်က ဒုတိယဖြစ်နေတဲ့.. ဖလော်ရီဒါဂါဗနာ.. ဒီဆန်းတစ်က… နယူးဟမ့်ရှားမှာ.. အခြေအနေမကောင်း..။ နစ်ကီဟေလီက.. သူ့ရှေ့ကို.. ဖြည်းဖြည်းချင်းရောက်လာ..။ ဒီဆန်းတစ်က…. နစ်ကီဟေလီရဲ့.. ဇာတိ.. ဟုမ်းစတိတ်.. တောင်ကယ်ရိုလိုင်းနားမှာ.. သွားမဲဆွယ်နေ..။ အဲဒါပြီးလို့မှ… မနိုင်ရင်.. ထွက်မယ်ထင်ရတာပဲ..။ ထရမ့်ကိုယ်ပိုင်ချာနယ်.. ထရုတို့.. သူ့ထောက်ခံတဲ့.. နယူးမက်စ်တို့မှာ.. ထရမ့် … ကန်ပိန်းက.. ပြနေတာတွေများ.. သွားနားထောင်/ကြည့်လိုက်ရင်..”ဟာ.. ဟုတ်ပေသား…” ဖြစ်ကုန်တယ်လို့.. တချို့ကဆိုကြ..သမို့.. ဤသူလည်း.. သွားကြည့်/နားထောင်လိုက်တာ.. ထရမ့်ကို.. မဲပေးချင်စိတ်ပေါက်သွား… သွား.. ။ သို့သော်.. ဒါပေမယ့်… သမ္မတဘိုင်ဒင်ကို.. သက်ကြီး၈၀ကျော်မို့.. […]


kaiJanuary 20, 20244min12630
Karen Organization of San Diego က ကျင်းပတဲ့ ၂၇၆၃ ကရင်နှစ်သစ်ကူးပွဲ။ California ပြည်နယ်၊ San Diego မြို့မှာရှိတဲ့ Karen Organization of San Diego (KOSD) ကကြီးမှူးကျင်းပတဲ့ ၂၇၆၃နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ၁၃က City Heights Performace Annex မှာ မနက်၁၁နာရီကစပြီး ကျင်းပခဲ့ပါတယ်။ အခမ်းအနားအတွက် KOSD နဲ့အတူ City of San Diego Commission for Arts and Culture က ကူညီပံ့ပိုးပေးပြီး ကွန်မြူနတီက ပံ့ပိုးမှုများလည်း ပါဝင်ခဲ့ပါတယ်။ အဖွင့်အမှာစကားကို KOSD Board of directors အဖွဲ့ဝင် […]


kaiJanuary 16, 20242min3460
ဒီတပါတ်… အရောင်ရင့်မှတ်တမ်းများ – Bold News မှာ… ၁) ထိုင်ဝမ်ရွေးကောက်ပွဲပြီးသွားပါပြီ..။ သက်တမ်း၂ခုဆက်တိုက် သမ္မတနေရာရထားတဲ့.. DPP ပါတီက.. တတိယသက်တမ်းဆက်ရလိုက်ပါတယ်..။ ထိုင်ဝမ်ခွဲရေးနဲ့တွဲရေးမှာ.. ခွဲရေးဖက်က… နိုင်တယ်.. ဆိုပါစို့…။ အမေရိကားကတော့.. ပြောရှာပါတယ်..။ ထိုင်ဝမ်လွတ်လပ်ရေးကို.. ထောက်ခံအားပေးမှာ.. မဟုတ်ပါဘူး… တဲ့…။ ချိုင်းနားတနိုင်ငံထဲပါ.. ဆိုတဲ့.. ပေါ်လစီကို.. ကိုင်စွဲထားပေးမယ့်သဘော..။ ကွန်မြူနစ်ချိုင်းနားဖက်ကနေ.. စစ်ရေးပြ.. ဖိအားပေးသော်လည်း… ထိုင်ဝမ်နီစ်းတွေက.. ခွဲရေးရွေးတာမို့.. ပြောထားတဲ့.. ချိုင်းနားလည်း.. အခုထိတော့.. အူလည်လည်လုပ်နေ..။ အမေရိကားက… သမ္မတသစ်ကို.. ဂုဏ်ပြုစကားပြောတာကိုပါ… ဒေါသတွေထွက်ပြနေ.. ၊ နောနေမှ.. ဘာထကြမ်းမလဲမသိ..။ သူ့တပည့်.. မြောက်ကကြီးကတော့… တာလတ်ပစ်ဒုံးတွေ.. ၂၀၂၄ စျေးဦးဖေါက်ပစ်ပြပြီး.. ဘယ်သူ့ကိုမှန်းမသိ.. ခြိမ်းခြောက်လိုက်ကြောင်း..။ ၂) မနက်ဖြန်.. အိုင်အိုဝါပြည်နယ်ရဲ့… သမ္မတလောင်းရွေးပေးပွဲပါ..။ ဂျီအိုပီပါတီ(ရီပါ့ဗလစ်ကန်) […]


kaiJanuary 11, 20247min13930
“San Francisco Bay Area မှာရှိတဲ့ မြန်မာအပါအဝင် အာရှသားအများစုအတွက် ဆေးကုသမှုငွေကြေးပူပန်စရာမလိုဘဲဖွင့်လှစ်ထားတဲ့ Asian Health Services” – By SweSwe Aye San Francisco Bay Area မှာရှိတဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ သွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ကျောင်းကျန်းမာရေးကိစ္စတွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ဝန်ဆောင်မှုပေးနေတဲ့ လူထုအခြေစိုက်အဖွဲ့အစည်းတခုဖြစ်တဲ့ Asian Health Services (AHS)နဲ့ မြန်မာလူမှုအသိုင်းအဝိုင်းကို မိတ်ဆက်ပေးချင်ပါတယ်။ အမေရိကားမှာ နှစ်ပေါင်းများစွာအခြေချနေထိုင်သူတွေရော၊ ရွှေ့ပြောင်းရောက်ရှိလာတာမကြာသေးတဲ့သူတွေရောအတွက် San Francisco Bay Area မှာ Asian Health Services ဟာ လူမှုအဖွဲ့အစည်းရဲ့လိုအပ်ချက်တွေကို တထောင့်တနေရာကနေ ဖြည့်ပေးနေပါတယ်။ မြန်မာဂဇက်ဟာ ဇန်နဝါရီ၂ရက်နေ့မှာ Asian Health Services ရဲ့ […]


kaiDecember 25, 20231min2980
၂၀၂၃ကိုနှုတ်ဆက်ပါသည်။ ၂၀၂၄သည် လှုပ်ရှားခုန်ဆွခြင်းများဖြင့်စောင့်၏။ ဖြစ်နေသော စစ်ပွဲကြီးများ ရပ်တန့်သွားမည့်အခြေအနေမမြင်ရသလောက် ပို၍တိုးလာမည့် စစ်နှင့်ပဋိပက္ခအခြေအနေများကိုမြင်ရနေသဖြင့် ၂၀၂၄သည် တနင်္ဂနွေဂြိုလ်မင်း တဖက်ကသံလျက် တဖက်က ခွက်ကိုင်လျှက်ဆင်းလာမည်ဟု ဆိုရပေမည်။ ကမ္ဘာ့လူဦးရေ၏တဝက်ကျော်ရှိသော အမေရိကား၊ ရုရှား၊ ထိုင်ဝမ်၊ အိန္ဒိယ နှင့် အင်ဒိုနီးရှား စသည့်နိုင်ငံတို့တွင် ကမ္ဘာအခြေအနေပြောင်းလှန်သွားနိုင်သည့် အထွေထွေရွေးကောက်ပွဲကြီးများရှိကြ၏။ “အမေရိကအင်ပါယာ”၂၀၂၄ နိုဝင်ဘာ ၅ရက်နေ့တွင် သမ္မတအပါအဝင်ကွန်ဂရက်၏အထွေထွေရွေးကောက်ပွဲကြီးရှိရာ ဆိုင်ရာပါတီများ၏သမ္မတလောင်းများ အမတ်များ ကန်င်ပိန်းဆင်း စည်းရုံးနေကြပါသည်။ အထူးသဖြင့် အထိန်းမထပ် ယိမ်းတတ်သော အဆုံးအဖြတ်ပေးပြည်နယ်များဖြစ်သည့် မြောက်ကယ်ရိုလိုင်းနား၊ ဂျော့ဂျီယာ၊ အာရီဇိုးနား၊ မီချီဂန်၊ ဝစ္စကိုဆန် ပန်ဆန်ဗေးနီးယား တို့တွင် အလုအယက်တည်း။အကယ်၍ သမ္မတထရမ့်သာပြန်လည်ရွေးကောက်ခံရလျှင် ပြည်တွင်းစစ်ကြီးဖြစ်နိုင်သည်ဟု ခန့်မှန်းထားချက်များရှိသည်။ ဒီဇင်ဘာလဆန်းပိုင်းက NETFLIXမှမျှောလွှင့်လိုက်သော သမ္မတဟောင်းအိုဘားမားတို့ထုတ်လုပ်သူဖြစ်သည့် “Leave the World Behind” ရုပ်ရှင်တွင် […]


kaiDecember 23, 20232min15300
Ethnic Media Services, CAIR San Diego နှင့် Catalyst တို့ပူးပေါင်းကျင်းပသည့် လူထုအခြေပြု အဖွဲ့ခေါင်းဆောင်များနှင့် မီဒီယာများတွေ့ဆုံပြီး လူမျိုးအသီးသီး၏လူမှုနယ်ပယ်များတွင်ဖြစ်ပွားနေသည့် ရန်လိုရွံမုန်းခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာသည့် ” Foster အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ၉ က El Cajon, California တွင် ကျင်းပခဲ့သည်။ Ethnic Media Services Co-Director Julian Do က ” ရန်လိုရွံမုန်းခြင်းကို တိုက်ဖျက်ဖို့အတွက် လူမျိုးစုတွေအားလုံး အတူပူးပေါင်းကြဖို့လိုပါတယ်။ ဒီဆွေးနွေးပွဲဟာ သြဂုတ်၃၊ ၂၀၂၃ ကျင်းပခဲ့တဲ့ အစည်းအဝေးရဲ့ လေးလပတ် အစည်းအဝေးဖြစ်ပြီး နောက်မှာလဲ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်” ဟု ပြောကြားခဲ့သည်။ Tazheen Nizami, executive director of […]


kaiDecember 22, 20231min3160
Technology နှင့် အင်္ဂလိပ်စာ သင်ကြားခြင်းအကြောင်း ပြောကြမည်ဆိုလျှင် Technology နှင့် ခလေးငယ်များအကြောင်းကို ချန်ထား၍ မရပါ။ အထူးသဖြင့် ယခုအချိန်မှာ Christmas နှင့် နီးနေပြီဖြစ်၍ ခလေးများအတွက် လက်ဆောင်များ ဝယ်ယူရန် စဉ်းစားနေချိန်လည်း ဖြစ်ပါသည်။ ဒီတော့ ယခု ခေတ်စားနေသော electronic toys များ၊ အထူးသဖြင့် စကားပြောနိုင်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများကို မြန်မာခလေးများအတွက် ဝယ်ယူပေးသင့်၊ မပေးသင့် ယခုဆောင်းပါးတွင် ဖော်ပြလိုပါသည်။အချို့မိဘများက မိမိကိုယ်တိုင် အင်္ဂလိပ်စကား မကျွမ်းကျင်လှပါ။ အသံထွက်လည်း မမှန်လှပါ။ ဒီတော့ ဒီလိုစကားပြောတတ်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများကို အားကိုးခြင်ကြပါသည်။ သို့သော် ထို စကားပြောနိုင်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများမှာ ခလေးငယ်များနှင့် မသင့်တော်သည့်အတွက် […]


kaiDecember 21, 20238min2760
Japan-ASEAN summit aims to advance ‘security cooperation’Dec 16 | http://tinyurl.com/2zhumdntSoutheast Asian and Japanese leaders on Saturday will commit to strengthening “maritime security cooperation,” according to a draft statement, at a summit in Tokyo focused on boosting economic ties but also guarding against China’s growing regional assertiveness. Hungary blocks $54bn EU financial aid for UkraineDec 15 […]