kaiApril 10, 20244min13780
California Department of Public Health (CDPH) ၏ သတင်းထုတ်ပြန်ချက်- Pyramid Wholesale ရောင်းချသောလိင်စွမ်းဆောင်မှုအတွက် ဆေးများကို မသောက်ရန် ဒုတိယအကြိမ်သတိပေးခြင်း။ ဧပြီ၉၊ ၂၀၂၄။ CDPH သည် Pyramid Wholesale ရောင်းချသောလိင်စွမ်းဆောင်မှုအတွက်ဆေးများကို မသောက်ရန် ဒုတိယအကြိမ်သတိပေးလိုက်သည်။ နောက်ဆက်တွဲဆေးများသည် ဆေးစာပါမှဝယ်ယူနိုင်သောဆေးများဖြစ်သည့် Sildenafil (Viagra) နှင့်/သို့မဟုတ် Tadalafil (Cialis)တို့ပါဝင်သော်လည်း ပါဝင်ကြောင်း မကြေငြာထားဘဲ သောက်မိပါက နေမကောင်းခြင်း၊ ဒဏ်ရာရခြင်းများနှင့် အသက်ကိုပါထိခိုက်နိုင်သည်။ အဆိုပါဆေးများသည် လိင်စွမ်းဆောင်မှုအတွက်ဖြည့်စွတ်စာဆေးများ dietary supplements အသွင်ဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါဆေးများထဲတွင် ဆေးစာဖြင့်သာဝယ်ယူနိုင်သောဆေးများပါဝင်နေသော်လည်း ပါဝင်ပစ္စည်းများတွင် ဖော်ပြထားခြင်းမရှိချေ။ ထိုဆေးများသည် အင်တာနက်တွင်လဲ ရောင်းချလျက်ရှိသည်။ California Department of Public Health သည် […]


kaiApril 9, 20243min3820
“မြန်မာတို့ရဲ့.. အကောင်းဆုံးတွေ” အသီးမှာ သရက် အသားမှာ ဝက် အရွက်မှာ လက်ဖက် ပန်းမှာ မြတ်လေး အအေး သီတာ ရေမှာမိုးများ ယောက်ျားတွင်ပေ၊ ပရမေ သုရာ မိန်းမ ကညာ ပြည်တွင်ဗာရာ၊ မြစ်မူဂင်္ဂါ၊ ထူးမြတ်စွာ။ ( ယောက်ျားတွင်ပေ၊ ပရမေ သုရာ = ရဲရင့်သူ) ဖတ်ဖူးမှတ်ဖူးတာက.. ကြာပါပြီ..။ မှတ်မိသလောက်ချရေးလိုက်ပါတယ်..။ ( မှားရင်ပြင်ပါ) အမှတ်မမှားရင်.. မန်လည်ဆရာတော်ကြီးရဲ့.. မဃဒေဝထဲပါတာဖြစ်၏.။ အဲဒါကို.. အသီးမှာ.. တစ်ရက်၊ အသားမှာ တစ်ဝက်..။ အရွက်မှာလက်ဖဲ့.. ထလုပ်တဲ့သူနဲ့… ဟို.. Asian SEA Story ပေ့ချ်ကလည်း.. မြန်မာအကောင်းဆုံးသတ်မှတ်တဲ့.. နိုင်ငံတော်အသီးက.. သခွားသီးဖြစ်လိုဖြစ်နဲ့မို့… တတ်သလောက်မှတ်သလောက်ပြန်တည့်ပေးလိုက်ပါကြောင်း…။ တကယ်တော့.. အဲဒီ အကောင်းဆုံးအထူးဆုံးဆိုတာကလည်း.. (ထုံးစံအတိုင်း).. […]


kaiApril 5, 20244min14220
Asian အာရှလူမျိုးများကို ရန်လိုရွံမုန်းခြင်းဖြစ်စဉ်များအတွက် ပထမဆုံးဒစ်ဂျစ်တယ်အရင်းအမြစ် ” The Asian Resource Hub” AAPI Asian American Pacific Islander များကိုရန်လိုရွံမုန်းခြင်းနှင့်ခွဲခြားဆက်ဆံခံရခြင်းအရေအတွက်သည် ပြီးခဲ့သည့်နှစ်များအတွင်း United States တွင်မြင့်မားလျက်ရှိသော်လည်း ရန်လိုရွံမုန်းခြင်းကြောင့်တိုက်ခိုက်ခံရခြင်း၊ ရာဇဝတ်မှုမြောက်ခြင်းကိစ္စအများစုမှာ တိုင်ကြားခြင်းမရှိကြချေ။ တုန့်ပြန်ချက်အနေဖြင့် AAPI တို့ကိုလိုအပ်သည့် လူမှုရေးဝန်ဆောင်မှု၊ ဥပဒေရေးရာအကူအညီ၊ စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ civic engagement နှင့် policy advocacy များကိုဝန်ဆောင်မှုပေးနေသောအဖွဲ့အစည်းများ၊ anti-Asian hate incidents များနှင့် APPI ကွန်မြူနတီ Data များကို နိုင်ငံအဝှမ်း ရှာဖွေနိုင်သော လမ်းညွှန်ဖြစ်သည့် Asian Resource Hub ကို Asian Americans Advancing Justice Southern California […]


kaiMarch 27, 20241min5400
လူနှစ်မျိုးသာရှိသည်။များပြားလှသည့် နှစ်မျိုးနှစ်စားတို့ဝယ် နိုင်ငံရေးနွယ်ပြဆိုသည်ကား လစ်ဘရယ်(လွတ်ပြန့်စွဲ-ဘယ်နှင့် ကွန်ဆာ့ဗေးတစ်(ရှေးရိုးစွဲ-ညာ)သာဖြစ်၏။ “ရှိပြီးသားကိုကိုင်ဆုပ် မပြုပြင်မပြောင်းလဲလိုသူ”နှင့် “ရပြီးသားကိုပြင်ဆင် သစ်ဆန်းကြည့်လိုသူ”များပါ။ ကမ္ဘာ့နိုင်ငံအသီး၏ နိုင်ငံရေးဇတ်ခုံတို့ဝယ် ဘယ်/ညာတို့သည် လူဦးရေအချိုးဖြင့် မျှခြေအနီးဆုံးဖြစ်ကာ အပြန်အလှန်ဆွဲယူထိမ်းကြောင်းကြခြင်းဖြင့် မဇ္ဈိမပဋိပဒါ အစွန်းနှစ်ဖက်ရှောင်နိုင်ခဲ့ပြီး တိုးတက်ခဲ့ကြသည်။ လူဦးရေအားဖြင့် ၅၀% +အနီးစပ်ဆုံးဖြစ်လျှင်ဖြစ်သလောက် ဘယ်/ညာ ပါတီတို့တလှည့်စီအုပ်ချုပ်ကြရင်း ရှေ့သို့ချီ သမိုင်းအမည်တွင်နိုင်ခဲ့ကြ၏။ “မြန်မာဟူသမျှ ရှေးရိုးစွဲခဲ့ကြ”မြန်မာတို့သည် မူလကွန်ဆာ့ဗေးတစ် ရှေးရိုးစွဲများဖြစ်သည်။ အစွန်းရောက်နေသည်မူ၍ ရှေးစွန်းစွဲဟုပင်ခေါ်နိုင်သည်။ ရှေးအစဉ်အဆက် ထောင်စုနှစ်မျှ ထေရဝါဒဘာသာရေး၏ဘုန်းတော်ကြီးပညာသင်ကြားရေးစနစ်တွင်သာ အရိုးစွဲခဲ့ကြရကား ပညာရေးတွင်ဘာသာရေးကိုး၍ တိုး၍တွန်းကာ အစွန်းရောက်သွားဟန်ရှိသည်။ ဤသည်မျိုးအလယ်ခေတ်ဥရောပခေတ်၌လည်းဖြစ်ခဲ့ဖူးပါသည်။ နှစ်၁၀၀၀ ကျော်ကြာခံစားကြရပြီးနောက် ၁၆ရာစုတွင် သူတို့ထိုးထွက်နိုင်ခဲ့ကြ၍ တိုးတက်သောဥရောပကို တည်ဆောက်နိုင်ခဲ့ကြ၏။မြန်မာနိုင်ငံတွင် ၁၉ရာစုနှစ်လည်လောက်မှ ရှေးစွန်းစွဲ ဘုန်းတော်ကြီးကျောင်းပညာရေး၊ သက်ဦးဆံပိုင်ဘုရင်နှင့်တွဲထားသည့်နိုင်ငံရေးစံနစ်တို့အား ပြုပြင်ပြောင်းလဲရန်ကြိုးစားလာသူတို့ရှိသောအခါ ရှေးစွန်းစွဲနှင့် လွတ်ပြန့်စွဲတို့ကြီးမားသောပဋိပက္ခဖြစ်လာသည်။ မြင်ကွန်းမြင်းခုံတိုင် အရေးအခင်းဖြင့် ပြုပြင်ပြောင်းလဲလိုသူ […]


kaiMarch 25, 20243min4700
နိုင်ငံရေး၊ လူမှုရေးဆောင်ရွက်ရင်း အင်္ဂလိပ်စာ သင်ကြားကြပါစို့(၃) Activism လုပ်ငန်းတွေကို ဆောင်ရွက်ရင်း English skills ကို တိုးတက်လာနိုင်စေကြောင်း အရင်လက အတော်အသင့် ဖေါ်ပြခဲ့ပါတယ်။ ယခုလမှာ writing skills တိုးတက်လာစေမဲ့ activism လုပ်ငန်းလေးတွေ ဖေါ်ပြလိုပါတယ်။ ဦးစွာပထမ bumper sticker လေးတွေ တီထွင်ကြရအောင်။ လူသုံးများတော့ Save Myanmar ဆိုတဲ့ Bumper sticker လေးက စ စဉ်းစားကြည့်ရင် မသင့်တော်လှပါ။စာရေးသူတို့ မြန်မာလူမျိုးတွေဟာ တခြားလူမျိုးတွေ၊ အမေရိကန်တွေ ကယ်မှ၊ ဒုက္ခတွင်းက လွတ်မယ့်လူမျိုး မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး မြန်မာနိုင်ငံကြီးကို ပြန်လည်ထူထောင်ကြမှာပါ။ ဒီတော့ ထိမိမဲ့၊ အဓိပ္ပါယ်ရှိတဲ့ Bumper sticker လေးကို တီထွင်ကြရအောင်။ ကားမှာ တပ်ဆင်ကြရအောင်။ […]


kaiMarch 18, 20242min4540
အစ္စရေးတပ်က.. ဂါဇာမြို့ရဲ့.. al-Shifa ဆေးရုံကို .. ဗုံးနဲ့ထု.. ဝင်စီးပြီး ဟာမားစ် ၂၀ ကိုသတ်တယ်ဆိုပါတယ်..။ al-Shifa ဆေးရုံက.. ဆရာဝန်၂၀.. နပ်စ်၆၀နဲ့.. ဆေးကုနေတဲ့ဆေးရုံအပြင်.. လူထောင်ချီ.. စစ်ပြေးခိုလှုံနေတဲ့နေရာပါ..။ ပြီးခဲ့တဲ့နှစ်.. အောက်တိုဘာ ၇က.. ဟာမားစ်တွေ.. အစ္စရေးဆီဝင်.. လူ၁၂၀၀လောက်သတ်.. ၂၅၃ယောက်ပြန်ပေးဆွဲသွားတာက.. စတဲ့.. အစ္စရေး-ဟာမားစစ်က.. . အခုထိ.. ပါလက်စတေးနီးယန်း ၃၁၇၀၀ အသတ်ခံရပြီးပါပြီ…။ ပြီးမယ့်အရိပ်အယောင်မမြင်ရသေး..။ လူ၂သန်းကျော်ကို.. ဆေးကုပေးနေတဲ့.. ဆေးရုံ၃၆ခုရှိပြီး.. ၁၂ခုကပဲ.. တပိုင်းတစ.. ဆေးကုလုပ်ကိုင်နေနိုင်တာပါ..။ ဂါဇာမြောက်ပိုင်းမှာ.. အစ္စရေးစစ်တပ်ဝင်.. ရှင်းထုတ်လို့.. လူထုတွေကို.. တောင်ဖက်ရှောင်ခိုင်း.. အခု.. ‌‌ ဂါဇာတောင်ပိုင်း… စစ်ရှောင်နေရာတွေဝင်စီး.. ရှင်းထုတ်ဦးမယ်လည်း.. ဆိုနေပါတယ်..။ ဆိုတော့… ဆေးရုံရော.. ကျောင်းရော.. ကလေးရော.. သက်ကြီးရော.. မိန်းမရော.. […]


kaiMarch 12, 20243min4250
အမေရိကားရဲ့.. တက္ကသိုလ်/ကောလိပ်တွေဝင်ခွင့်.. SAT or ACT မလိုအပ်ဖူးလို့.. လွန်ခဲ့တဲ့.. ၃-၄နှစ်ကလုပ်ခဲ့တာကို.. တက်ဆပ်တက္ကသိုလ် University of Texas at Austin က.. ပြန်ပြီးအသက်သွင်းလိုက်ပါတယ်..။ Brown, Yale, Dartmouth, M.I.T., Georgetown and Purdue တို့ကလည်း.. SAT or ACT ပြန်လိုတယ်.. လုပ်ပြီးသားပါတဲ့..။ သတင်းအဆိုအရ.. U.T. Austin မှာ.. fall 2025 ဝင်ခွင့်တွေက.. SAT ပြန်ဖြေရမယ်… တဲ့..။ .. တက္ကသိုလ်/ကောလိပ်ပေါင်း ၂၀၀၀ ကျော်.. မလိုဘူးလုပ်ခဲ့တာပါ..။ SAT . မလိုတဲ့.. တက္ကသိုလ်စာရင်း ..အောက်ပီဒီအက်ဖ်မှာ… ကြည့်..။ Test Optional and Test Free […]


kaiMarch 11, 20242min5890
“နိုင်ငံတော်အခြေပြလား.. ကန်ပိန်းလား.. မကွဲပြား” မနေ့ညက… သမ္မတရဲ့… နိုင်ငံတော်အခြေပြမိန့်ခွန်းဟောကြားပါတယ်..။ ဟောက်စ်.. စိနိတ်နဲ့.. စူပရင်းကိုသ့်အပါအဝင်.. ကက်ဘိနက်ဝန်ကြီးများ.. ဗိုလ်ချုပ်ကြီးများ.. အားလုံးရှေ့မှာ.. ဟောကြားပြီး.. မီဒီယာတွေကလွှင့်ထုတ်တာပါ..။ သမ္မတကြီးဟောင်းထရမ့်ကို…. ၁၃ကြိမ်ထိခိုက်ပြောသွားတာမှာ… တကြိမ်မှ.. ထရမ့်ဆိုတဲ့နာမည်ကိုမသုံး.. ငါ့အရင်လူလို့သာသုံးပါတယ်..။ ထရမ့်အမာခံ.. မက်ဂါဖိုက်တာ.. Marjorie က… ဘိုင်ဒန်ခမ်းမထဲဝင်လာကထဲက… ရင်ထိုးတံဆိပ်လေးပေးပြီး.. အဲဒီအမေရိကန်က.. တရားမဝင်ခိုးဝင်သတ်တာခံရသူမို့.. အမည်ကိုပြောပါလို့.. တိုက်တွန်းခဲ့ပြီး.. မိန့်ခွန်ဟောနေတုံးလည်း.. ဖြတ်ပြီးဝင်အော်တာမှာ… ဘိုင်ဒန်က.. နာမည်ထုတ်ပြောခဲ့ပါတယ်..။ ထူးဆန်းတာက.. undocumented immigrant, အစား.. ဒီမိုကရက်တွေသုံးလေ့မရှိတဲ့.. “illegal,” လို့သုံးသွား..။ မိန့်ခွန်းထဲပါတဲ့.. ဘိုင်ဒန်.. လုပ်ပြီး.. လုပ်ပြ.. လုပ်မှာတွေကတော့.. ဒီမိုကရက်တွေထုံးစံတွေအတိုင်းမို့.. ထူးပြီးပြောစရာမရှိ..။ အမေရိကားစီးပွားရေးကတက်နေပြီး.. အလုပ်လက်မဲ့နှုန်းက.. ကျနေတာမို့… စီးပွားရေးအခြေအနေကောင်း..။ အထူးသတိထား.. လူမကြိုက်တဲ့.. နယ်စပ်ခိုးဝင်ကိစ္စနဲ့.. အစ္စရေး-ဟားမားစစ်ကို.. […]


kaiMarch 11, 20244min15860
“SAAHAS For Cause ရှဲ့ Spring Mela နွေဦးပွဲတော်” Artesia, California မှာရှိတဲ့ Artesia Park က Robert O. Little Community Center မှာ SAAHAS For Cause ရှဲ့ Spring Mela အခမ်းအနားကို မတ်၉၊ ၂၀၁၄ က တောင်ပိုင်းအာရှယဉ်ကျေးမှုအလေ့အထတွေကိုပြသပြီး ကျင်းပခဲ့ပါတယ်။ SAAHAS For Cause ဟာ US ကိုပြောင်းရွှေ့အခြေချလာတဲ့ တောင်ပိုင်းအာရှသားတွေအတွက် ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ နေထိုင်ခွင့်၊ တရားဥပဒေရေးရာ စတဲ့ လိုအပ်ချက်တွေကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ ၂၀၀၉ခုနှစ်က တည်ထောင်ခဲ့တဲ့ Non-profit organization တခုဖြစ်ပြီး Cerritos, California မှာ အခြေစိုက်ပါတယ်။ […]


kaiFebruary 27, 20243min4510
ဖေဖော်ဝါရီသည် မြန်မာသမိုင်းအတွက် မှတ်တမ်းကျန်ရစ်မည့်လဖြစ်သည်။ ၁ရက်နေ့ စစ်အာဏာသိမ်း ၃နှစ်ပြည့်အပြင် ၂၀၁၀ နအဖလက်ထက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေပြဋ္ဌာန်းသွားသော စစ်မှုထမ်းဥပဒေကို လက်ရှိအာဏာသိမ်းစစ်ကောင်စီမှ ချိုင်းနီးစ်နှစ်ကူး ၁၀ရက်နေ့တွင် အသက်သွင်းလိုက်သောလဖြစ်၍ပါ။ စစ်မီးသည် မြန်မာတို့၏အိမ်တိုင်းတံခါးဝသို့ရောက်လာခဲ့ပါပြီ။ “ပြည်သူ့စစ်မှုထမ်းဥပဒေ”အသက်ဝင်လာခြင်းကို သတင်းသမားရှု့ထောင့်မှ ဖြစ်နိုင်ခြေ/ဖြစ်ခြေ ၄ချက်ထား သုံးသပ်ကြည့်ပါမည်။ “(၁) ပြုန်းတီးလျော့ကျနေသော စစ်သည်အင်အားကိုဖြည့်စည်းရန်” မြန်မာ့တပ်မတော်သည် Global Firepower (GFP 2024)စာရင်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅တွင် အဆင့်၃၅နှင့် စစ်သည်အင်အား၃သိန်းမှ ၄သိန်းထိရှိနိုင်သည်ဆိုသည်။ အချို့မှာအင်အားဤမျှလောက်မရှိ၊ လက်ရှိ ၁၅၀၀၀၀တွင် တိုက်ခိုက်ရေးစစ်သည် ၇သောင်းခန့်ဟုသာဆိုသည်။ Justice For Myanmar မှ JUNE 14, 2022ရေးသားသတင်းတွင် စစ်တပ်သုံး Mytelဆဲလ်ဖုံးမှတဆင့်ကိုယ်ပိုင်နံပါတ်နှင့်ကောက်ယူစာရင်းအရ တပ်စခန်းပေါင်း၃၇၉တွင်းအင်အား ၃၈၆၅၀၀ဟုဆိုထားသည်။ Mytel၏နက်ဝပ်သည်ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏Viettel နှင့်ဖက်စပ်ဖြစ်ပြီး ဗီယက်နမ်တွင်မည်သည့်ဆက်သွယ်ရေးပစ္စည်းများသုံးစွဲသည်မသိရသော်လည်း မြန်မာစစ်တပ်သည် ချိုင်းနားထုတ် […]


kaiFebruary 27, 20243min4690
Their duty – to protectInstead they oppressThe Myanmar Military I rememberHearing your voiceIn the classroom next to mineWhen I checkedThere you wereWriting complex formulas on the blackboardAnd regaling your studentsWith stories to make the numbers come to life How tragicTo hear of your deathShot down in the middle of the streetLike an animalThose of us […]