kaiSeptember 28, 20256min9240
ယခုလတွင် မြန်မာကလေးငယ်များနှင့်ပတ်သက်သည့် အရေးပေါ်ကိစ္စလေးများ ပေါ်ပေါက်လာခဲ့လျှင် သိထားသင့်သည့်၊ သုံးနိုင်ဖို့လိုအပ်သည့် Vocabulary လေးများ၊ expressions လေးများကို ဦးစားပေး ဖေါ်ပြလိုပါသည်။ မြန်မာ မိဘတိုင်း မိမိတို့၏ သားငယ်၊ သမီးငယ်လေးများကို ချစ်ကြမည်မှာ သေချာလှပါသည်။ ဒါပေမဲ့ အမှန်တကယ် ချစ်တတ်ကြရဲ့လား၊ မြတ်နိုးတတ်ကြရဲ့လားဟု မေးရလျှင် အားလုံးသည် ချစ်တတ်ကြပါသည်၊ ကလေးငယ်လေးများကို တန်ဘိုးထားတတ်ကြပါသည် ဟု မဖြေဆိုနိုင်ပါ။ ဒီနေရာမှာ မိဘတိုင်း သိထားသင့်သည့် စကားလုံးလေးမှာ Child abuse ပင် ဖြစ်ပါသည်။ Child abuse ၃ မျိုး ၃ စား ရှိပါသည်။ Physical Abuse Physical Abuse is a form of abuse characterized […]


kaiSeptember 24, 20255min16170
US ၏ လက်ရှိအုပ်ချုပ်ရေးကာလတွင် ပြောင်းရွှေ့နေထိုင်သူများကြုံတွေ့နေရသော immigration ဥပဒေများတင်းကျပ်ခြင်း ပိုမိုအရှိန်ပြင်းလာသည့်ကာလတွင် မည်သည့်အချက်တွေက အဓိကပစ်မှတ်ထားပြီး ဆုံးဖြတ်သလဲဆိုသောအချက်သည် မေးခွန်းထုတ်စရာဖြစ်လာသည်။ UCLA’s Center for Immigration Law and Policy နှင့် the Million Dollar Hoods Project သည် deportation data ပြန်ပို့ခံရသည့်အချက်အလက်များကို မြေပုံများနှင့်ဆက်စပ်ကာ USသမိုင်းတလျောက်ရှိ မူဝါဒများကို ၁၈၉၅ထိ ပြန်လည်သုံးသပ်လေ့လာကာ အချက်အလက်များကို စုစည်းခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။ American Community Media ကဦးစီးပြီး လက်ရှိအခြေအနေသည် immigrants များပြန်ပို့ခံရခြင်းများနှင့် Million Dollar Hoods Project ဆွေးနွေးပွဲကို စက်တင်ဘာ၁၉၊ ၂၀၂၅ က ပြုလုပ်ခဲ့သည်။ Million Dollar Hoods […]


kaiSeptember 24, 20257min15440
အစိုးရသစ်လက်ထက်တွင် ဖယ်ဒရယ်ကပြောင်းလဲလိုက်သော မူဝါဒသစ်များ၊ အတည်ပြုလိုက်သောဥပဒေသစ်များကြောင့် Medicaid ဆိုင်ရာမူဝါဒများသည် ၂၀၂၆နှင့် ၂၀၂၇ခုနှစ်များမှစတင်ပြောင်းလဲမည်ဖြစ်ရာ California အတွက် Medi-Cal အပြောင်းအလဲနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို American Community Media က စက်တင်ဘာ၁၁၊ ၂၀၂၅တွင် ကျင်းပခဲ့ရာ Tyler Sadwith, State Medicaid Director, DHCS နှင့် Yingjia Huang, Deputy Director for Health Care Benefits & Eligibility, DHCS တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ Federal မူဝါဒများနှင့်ပြည်နယ်ဘတ်ဂျက် ပြောင်းလဲမှုကြောင့် Medi-Cal ၏ကျန်းမာရေးစောင့်ရှောက်မှု California၏ ကျန်းမာရေးစောင့်ရှောက်မှု Medi-Cal သည် ၂၀၂၆မှ၂၀၂၈ထိ အပြောင်းအလဲများရှိလာမည်ဖြစ်သည်။ Medi-Cal သည် ပြည်နယ်၏၃ပုံတပုံသောလူဦးရေဖြစ်သည့် ၁၄သန်းပမာဏခန့်သော […]


kaiSeptember 19, 20256min31830
by SweSwe Aye အမေရိကန်ပြည်ထောင်စုတွင် အစိုးရသစ်၏ ဖက်ဒရယ်မူဝါဒများနှင့် ဥပဒေအသစ်များကြောင့် Medicaid မူဝါဒများသည် ၂၀၂၆ ခုနှစ်မှစတင်ကာ ပြောင်းလဲလာမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ကယ်လီဖိုးနီးယားပြည်နယ်အတွက် Medi-Cal အပြောင်းအလဲများဆိုင်ရာ ဆွေးနွေးပွဲကို American Community Media က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ Tyler Sadwith, State Medicaid Director, DHCS နှင့် Yingjia Huang, Deputy Director for Health Care Benefits & Eligibility, DHCS တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ကယ်လီဖိုးနီးယား၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြစ်သည့် Medi-Cal သည် ၂၀၂၆ မှ ၂၀၂၈ […]


kaiSeptember 16, 20254min33920
By Swe Swe Aye အိမ်တွင်းအကြမ်းဖက်ခံရသော ပြောင်းရွှေ့အခြေချနေထိုင်သူများသည် ထိရောက်သောတရားဥပဒေနှင့် ၎င်းတို့အား လုံခြုံစွာကာကွယ်ပေးရန်အတွက် ဘတ်ဂျက်နှင့်ပတ်သက်သည့် အတားအဆီးသစ်များကို ရင်ဆိုင်နေရလျက်ရှိသည်။ အိမ်တွင်းအကြမ်းဖက်ခံရပြီး အသက်ရှင်လျက်ရှိသူများသည် U visa (အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးခံရမှု၊ လိင်အကြမ်းဖက်မှုများအပါအဝင် ရာဇဝတ်မှုများ၏သားကောင်ဖြစ်သူများ နေထိုင်ခွင့်လျှောက်ထားသည့်ဗီဇာ)၊ အိမ်တွင်းအကြမ်းဖက်သောအမျိုးသမီးများအတွက် VAWA visa များလျှောက်ထားရန်အတွက် ပိုမိုတင်းကျပ်ခြင်းများ၊ အကန့်အသတ်များကို ကြုံတွေ့နေရပြီး လိင်ခံယူချက်ကိုအခြေပြုပြီး အကြမ်းဖက်ခံရသူများအတွက် ခိုလှုံခွင့်သည်လဲ ခဲယဉ်းနေသည့်အခြေအနေဖြစ်သည်။ anti-DEIA restrictions များကြောင့် federal agencies များ၏ဘတ်ဂျက်ဖြင့် ရပ်တည်နေရသော Office of Violence Against Women, Housing and Urban Development အပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရသူများကို ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများအား ခက်ခဲစေပြီး ICE စီးနင်းမှုများကြောင့် […]


kaiSeptember 11, 20256min47760
by SweSwe Aye US အစိုးရသည် လိမ်လည်မှုများ၊ ရာဇဝတ်မှုများကိုကာကွယ်ရန်နှင့် အထောက်အထားမဲ့နေထိုင်သူများကို သိရှိရန်ဆိုသောအချက်များကို အကာအကွယ်ယူပြီး စောင့်ကြည့်သည့်ပစ္စည်းများ/နည်းပညာများ (surveillance tools) ကို တောက်လျှောက်အသုံးပြုခဲ့ပြီး ချဲ့ထွင်လျက်ရှိသည်။ ထိုစောင့်ကြည့်သည့်ပစ္စည်းများ/နည်းပညာများထဲမှ DMV မှအချက်အလက်များ၊ ငွေကြေးပိုင်းဆိုင်ရာကဏ္ဍမှအချက်အလက်များ၊ လက်ကိုင်ဖုန်းကိုခြေရာခံခြင်းများနှင့် အချက်အလက်များဆိုင်ရာစာချုပ်ကိုချိုးဖောက်ပြီး လူဝင်မှုကြီးကြပ်ရေးကိစ္စထက်ကို ကျော်လွန်အသုံးပြုလျက်ရှိသည်။ ထိုသို့ ဒစ်ဂျစ်တယ်နည်းပညာကိုသုံးပြီး ရာဇဝတ်မှုများကို ရှာဖွေခြင်းသည် အမေရိကန်လူမျိုးတိုင်းကို မကြုံစဖူး စောင့်ကြည့်စစ်ဆေးနိုင်ခြေရှိနေသည်။ ပုဂ္ဂိုလ်ရေးအချက်အလက်များကို data များ ပြုစုစုဆောင်းခြင်း၊ ဖလှယ်ခြင်းများအားဖြင့် အစိုးရအဖွဲ့အစည်းများသည် နိုင်ငံရေးအရပစ်မှတ်ထားနိုင်ခြေ၊ data ချိုးဖောက်ခြင်းများအလွန်များပြားလာနိုင်ခြေနှင့် identity theft များ ပါလာနိုင်ခြေများ ပိုမိုများလာမည်ဖြစ်သည်။ နိုင်ငံသားများအပေါ်တွင်ပါသက်ရောက်မှုရှိသောစောင့်ကြည့်ခြင်းများအကြောင်းဆွေးနွေးပွဲကို American Community Media က ၂၀၂၅၊ စက်တင်ဘာ၅တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အကန့်အသတ်စံနှုံးများကျော်လွန်ကာ […]


သင့်အေးရိပ်September 5, 202513min49970
Aug 27 ။ စစ်ကော်မရှင်က ပြည်ပကနေ ဝင်ရောက်လာတဲ့ သွင်းကုန်တွေကို နယ်စပ်ကုန်သွယ်ရေးကနေ ကန့်သတ်ပိတ်ပင်ခဲ့ပြီး လေကြောင်းလမ်းတွေ ကုန်စည်သယ်ယူပို့ဆောင်တာပါပိတ်လိုက်တဲ့နောက် ပြည်တွင်းမှာ မြန်မာငွေကျပ်စျေး ပြန် မာလာပါတယ်။ ကုန်သွယ်ရေးငွေကြေးဖြစ်တဲ့ US ဒေါ်လာနဲ့ ထိုင်းဘတ်ငွေစျေး ဆက်တိုက်ကျနေပြီး မြန်မာငွေကျပ် တန်ဖိုး မာလာပေမဲ့ ကုန်စျေးနှုန်းတွေကတော့ မြင့်တက်နေပြီး ကန့်သတ်မှုတွေကြောင့် ပြည်တွင်းမှာ နိုင်ငံခြားဖြစ် ကုန်စည်တွေ ကန့်သတ်ရောင်းချနေရကြောင်း BBC သတင်းက ဖော်ပြပါတယ်။ Aug 26 ။ မကြာသေးခင် ရက်ပိုင်းက တကျပ်သားကို ကျပ် ၇၄ သိန်းအောက်ထိ ထိုးကျခဲ့တဲ့ ပြည်တွင်း အခေါက်ရွှေဈေး ဒီနေ့မှာတော့ ကျပ် ၇၆ သိန်းအထက်ကို ပြန်မြင့်တက်လာပြီး၊ပြင်ပဈေးကွက်မှာ US ဒေါ်လာ လဲလှယ်နှုန်း တဒေါ်လာကို ၄,၃၆၀ […]


kaiAugust 31, 20251min57360
ပုဂံပြည်၏နောက်ဆုံးမင်း နရသီဟပတေ့ (၁၂၅၆-၁၂၈၇)သည် မွန်ဂိုတာတာခေါ် တရုတ်တို့၏ မြို့သိမ်းဘေးရန်မှထွက်ပြေးရခြင်းကြောင့် “တရုတ်ပြေးမင်း”ခေါ်သည်ဟု မှန်နန်းရာဇဝင်တွင်ရှိကာခေတ်ပြိုင် မာကိုပိုလို၏ မှတ်တမ်းလည်းရှိသည်။ သမိုင်းအထောက်အထားများအရ “တရုတ်”ဟူသည် စိန့်တိုင်းခေါ် ဂန္ဓလရာဇ်ပြည်(ယခု China)နှင့် လားလားမှမဆိုင်။ ပထမမြန်မာနိုင်ငံ အနော်ရထာမင်းလက်ထက်ကထဲက ဟန်လူမျိုးများကို စိန့်တိုင်းသား(ဂန္ဓလရာဇ်ပြည်သား) ဟု ကွဲပြားစွာအခေါ် အဝေါ်ရှိပြီးလည်းဖြစ်သည်။ပုဂံပြည်ကိုဝင်သိမ်းခဲ့သူများမှာ ထိုခေတ်က ယူနန်ပြည်ကိုသိမ်းပိုက်ထားသော မွန်ဂိုဧက္ကရာဇ်ကူဘလိုင်ခံ၏ မြေး Esen-Temür နှင့် သူ့တပ်များဖြစ်ရာ Turk, Tatar နှင့် Yi လူမျိူးစုတပ်သားများပါလာသဖြင့် မြန်မာတို့က လွှမ်းခြုံ၍ “တတာရုတ်”များအား “တရုတ်”ဟု ခေါ်ဆိုလိုက်ခြင်းသည် သင့်လျှော်ပါသည်။ ထိုမှသည် ငါးစီးရှင်ကျော်စွာ(၁၃၄၄-၁၃၅၀)ရေးသော မြင်စိုင်းဘွဲ့ ကာချင်းတွင်ထည့်စပ်၍ ပါသော “တရုတ်လာသည်၊ ရိုင်ရိုင်လော၊ ရိုင်ရိုင်။ မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။” တရုတ်သည်လည်း စိန့်တိုင်းသား/Han Chinese […]


kaiAugust 30, 20256min59660
by Prof: Myo Kyaw Myint ယခင်လက Mental illnesses နှင့်ပတ်သက်သည့် အရေးပေါ်ကိစ္စများနှင့် ကြုံကြိုက်ရသည့်အခါ သိသင့်သိထိုက်သော၊ သုံးသင့်သုံးထိုက်သော စကားလုံးလေးများ expressions လေးများကို အတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ ယခုလတွင် မည်သူမျှ မကြားလိုသော်လည်း၊ တွေးပင် မတွေးလိုသော်လည်း မိမိ၏ မိသားစု၌၎င်း၊ အပေါင်းအသင်းများကြား၌၎င်း ကြုံတွေ့ရတတ်သည့် suicide ခေါ် သေခြင်းအဖြစ်ဆိုးနှင့် မတွေ့ရ၊ မကြုံရအောင်၊ ကြိုတင်ကာကွယ်ပေးနိုင်ရန် tell-tale signs လေးများကို ဦးစွာဖော်ပြပေးလိုပါသည်။ Prevention is better than cure ဆိုသည့်စကားအတိုင်း Suicide ဆိုသည့်စကားကို ကြားပင်မကြားရအောင် ဖော်ပြပါ ထို Signs လေးများကို အထူးဂရုပြုဖို့ လိုပါသည်။ (1) Talking about […]


kaiAugust 30, 20253min54480
By SweSwe Aye ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ (mid-term elections) တွင် House of Representatives နေရာများ၌ Republicans များ ပိုမိုအနိုင်ရရှိရေးအတွက် Texas ပြည်နယ်အပါအဝင် အခြားပြည်နယ်များတွင် မဲဆန္ဒနယ်မြေများ၏ နယ်နိမိတ်များကို ပြင်ဆင်ရေးဆွဲရန် သမ္မတ ထရန့်က အားပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် သမ္မတ Trump သည် လွှတ်တော်၌ Republicans ကိုယ်စားလှယ်များအတွက် နေရာ ၅ နေရာ မဲနိုင်ရန် Texas ပြည်နယ်၏ congressional maps (လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု မဲဆန္ဒနယ် နယ်နိမိတ်များ) ကို ပြင်ဆင်ရေးဆွဲရန် လူသိရှင်ကြား တိုက်တွန်းခဲ့သည်။ Texas နှင့် California ပြည်နယ်များတွင် မဲဆန္ဒနယ် […]


kaiAugust 20, 20258min60150
By SweSwe Aye သမ္မတသစ်လက်ထက်တွင် ပြည်ပနိုင်ငံများမှ US သို့ သွင်းကုန်အခွန် တိုးပြီးကောက်ခြင်းအပေါ် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးကွက်၊ ဝယ်ယူသူများ၊ အမေရိကားရှိအလုပ်ဖန်တီးမှုများအား သက်ရောက်ထိခိုက်စေသောအကြောင်းအရာများ ဆွေးနွေးပွဲကို ၂၀၂၅၊ သြဂုတ်၁၅က American Community Media က ပြုလုပ်ခဲ့ပါသည်။ ပြည်ပသွင်းကုန် ကုန်သွယ်ခွန်တက်ခြင်းရဲ့ အသေးစားလုပ်ငန်းများ၊ အလုပ်ဖန်တီးမှု၊ ဝယ်ယူအားအပေါ် ရိုက်ခတ်ချက်များ။ Dr. Anil Diolalikar, a Professor of economics at the University of California, Riverside, and founding Dean Emeritus of the UC Riverside School of Public Policy, က ကုန်သွယ်ခွန်များအပြောင်းအလဲသည် […]


kaiAugust 13, 20254min60700
by SweSwe Aye ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော အစ္စရေးနှင့် ဟာမားစ်တို့၏ စစ်ပွဲ ၂ နှစ်ခန့်အကြာတွင် Gaza သည် ပျက်စီးခြင်းသို့ ရောက်ခဲ့သည်။ UNICEF ၏ ထုတ်ပြန်ချက်အရ လူ ၆သောင်းကျော်အသတ်ခံခဲ့ရပြီး ထိုအထဲမှ လူ ၁၈၀၀၀ မှာ ကလေးများဖြစ်သည်။ Gaza တွင် အဓိကနေထိုင်သော လူ ၂ သန်း၏ အများစုသည် ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး အိုးအိမ်မဲ့ခြင်း၊ သန့်ရှင်းသော သုံးရေ၊ သောက်ရေမဲ့ခြင်း၊ အစားအစာ ဆက်တိုက် ပြတ်လတ်ခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အစ္စရေးအာဏာပိုင်များက ထပ်တလဲလဲ ငြင်းဆိုသော်လည်း Gaza သည် ငတ်မွတ်ခေါင်းပါးခြင်း ကမ်းပါးယံကို ရောက်နေပြီဆိုခြင်းကို တစ်ကမ္ဘာလုံးက သဘောတူညီစွာ ကောက်ချက်ချခဲ့ကြသည်။ […]