ကြိုက်တဲ့ပို့စ်ကို လာဗုတ်ပါ။ (ဖတ်/ရွေး၊ ဇွန်)

++++++++++++++++++++++++++++

၂၀-၀၁-၂၀၁၃

အဲ့ဒီနေ့ အဲဒီရက်က ရန်ကုန်မြို့ ကန်တော်ကြီးထဲမှာ မန်းဂဇက် ရွာသူားတွေ တွေ့ဆုံပွဲ လုပ်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ပုံရိပ်တွေကို တွေးမိတိုင်း မြင်ယောင်နေတုန်းပါပဲ။ တကယ် ပျော်စရာ ကောင်းလှပါတယ်။

ဟော … အခုလည်း ကြည့်။ “ဖိတ်စာဝေနေပါသည်” ဆိုပြီး အန်တီပဒုမ္မာက လာမယ့် ၂၁-၀၇-၂၀၁၃ ရက်မှာ ပြုလုပ်မယ့် မန်းဂဇက် ရွာသူားတွေ တွေ့ဆုံပွဲအတွက် ဖိတ်စာတွေ ကမ်းနေပြန်ပြီ။ ဒီတစ်ခါ မလာလိုက်ရ မရှိလေအောင် သွားရောက်လို့ စာရင်းလေး သွားပြီး တို့ကြပါလို့ တိုက်တွန်းပါတယ်။

 

မန်းဂဇက်ချစ်သူများစာပေဆု

ဒီစာပေဆု က မန်းဂဇက် ဆိုတဲ့ အွန်လိုင်းရွာကြီးကို အခြေတည်ပြီး ဖြစ်လာခဲ့တယ်။ လစဉ် တက်လာသမျှ ပို့စ်တွေထဲကမှ ဖတ်/ရွေး အဖွဲ့ကနေပြီး ဇကာတင် ပို့စ်တွေ ရွေးထုတ်ပေးတယ်။ ဒီဇကာတင် ပို့စ်တွေကိုမှ ရွာသူားတွေက နေပြီး မိမိ နှစ်သက်ရာ ပို့စ်တွေကို ရွေးချယ်ပြီး ဗုတ်လုပ်ကြတယ်။ အဲ့ဒီမှာ ဗုတ်အများဆုံး ရရှိတဲ့ ပို့စ်ကို မန်းဂဇက်ချစ်သူများစာပေဆု ပေးပါတယ်။ ဒီဆုကို အထက်က ပြောခဲ့တဲ့ ရွာသူားတွေ တွေ့ဆုံပွဲမှာ ပေးလေ့ရှိပါတယ်။

[တော်ဘီ။ ပေါဒတ်ဒေါ့ဝူး။ မသိဒါချိရင် ကွန်မန့်ထဲမှာ မေးခဲ့ဂျ။ ဒါဘဲ …. :mrgreen: ]

 

Vote ပေးတဲ့အခါမှာ

မိမိ နှစ်သက်ရာ ပို့စ်တွေကို ဗုတ်ပေးတဲ့ အခါမှာ ပို့စ် သုံးပုဒ်အထိ ရွေးချယ်ပြီး ဗုတ်ပေးခွင့် ရှိပါတယ်။

တစ်ချက် သတိထားရမှာက တစ်ခါပဲ ဗုတ်လို့ ရနိုင်ပါတယ်။

(သုံးပုဒ် ရွေးဗုတ်ခွင့် ရှိတယ် ဆိုတဲ့နေရာမှာ သုံးပုဒ်စလုံးကို တစ်ပြိုင်နက် ရွေးချယ်ပြီး ဗုတ်ရမှာကို ဆိုလိုတာပါ။ တစ်ခုရွေးလိုက် ဗုတ်လိုက် လုပ်လို့ မရနိုင်ပါဘူး။)

ဒီ Vote ကို လာမယ့် ၁၀-၀၇-၂၀၁၃ ရက်နေ့မှာ ပိတ်ပါမယ်။ ဒါကြောင့် ဒီကြားထဲမှာ ဗုတ်ပေးကြပါ။

ဗုတ်ပေးကြတဲ့ လူတွေကို လာမယ့် တွေ့ဆုံပွဲမှာ ကံစမ်းမဲ ဖောက်ပေးမှာပါတဲ့။ ဒါကြောင့် များများ ဗုတ်ကြပါ။ :mrgreen:

 

ဇွန်လ အတွက် ဖတ်ရွေး ဇကာတင် ပို့စ်များ

ပြီးခဲ့တဲ့ ဇွန်လအတွင်း တက်လာသမျှ ပို့စ်တွေထဲကမှ ဖတ်/ရွေး အဖွဲ့ကနေပြီး ရွေးချယ်ပေးလိုက်တဲ့ ပို့စ်ပေါင်း (၂၁) ပုဒ် ရှိပါတယ်။

အောက်မှာ အမြည်းစာ လေးတွေနဲ့တကွ ဖော်ပြထားပါတယ်။

ပို့စ်တိုင်းမှာ အပြည့်အစုံ ဖတ်ဖို့အတွက် လင့်ခ်တွေလည်း ထည့်ပေးထားပါတယ်။

ဒါတွေ ဖတ်ပြီးရင် မိမိနှစ်သက်တဲ့ ပို့စ် (၃) ပုဒ်အထိ ရွေးချယ်ပြီး Vote လုပ်ပေးခဲ့ကြပါဦးလို့ ……။

 

++++++++++++++++++++++++++++++++

ဇကာတင်ပို့စ် (၂၁) ပုဒ်

++++++++++++++++++++++++++++++++

 

(၁)

=========================
“ လူပျင်းများ တစ်ရေးနိုးလေသောအခါ…”
– kyaw swar kaung
https://myanmargazette.net/177596
=========================
||_____
အိပ်ပျော်နေခဲ့ကြတာ…အိပ်နေခဲ့ကြတာ…
အိပ်နေခဲ့ကြတာ နှစ် ၂ဝ ..၃၀..၄၀….၅ဝ ကြာမှ တစ်ရေးနိုးပြီး….
ဗုဒ္ဒဘုရားရှင်တောင် မထွင်ခဲ့တဲ့ တံဆိပ်တွေ နံပါတ်တွေ ကောက်လုပ်ရင်း…
မနာလိုစိတ်ကို သာသနာ တံဆိပ်ရောကပ်လို ့…မလုပ်သင့်တာ လုပ်ကြတယ်..။
ဗုဒ္ဒဘုရားရှင်က ခေတ်ပြိုင် ကာလ တိုက်ခိုက်သူ ပေါများချိန်မှာတောင်…
ဘာအမှတ်တံဆိပ်မှ မထွင်ဘူး… နောက်လိုက်မလုပ်ဘူး…
ခုကြည့်ပါဦး…ဗူဒ္ဒဘုရားရှင် သာသနာထက် နှစ်၇၀ဝ ကျော်နောက်ကျမှ ဖြစ်ထွန်းလာတဲ့
သူများဘာသာကို တုပြီး နံပါတ်တွေ ထွင်ကြတယ်…။ နောက်ဆက်တွဲက..သွေးချောင်းတွေစီးတယ်။အိုးအိမ်တွေ ပျက်စီးတယ်…မီးလောင်တိုက် သွင်းတယ်..။
မိသားစုတွေ ဘဝပျက်တယ်.. သေကြတယ်…။
ကမ္ဘာ့ တွေးခေါ်ပညာရှင်တွေက အစ လေးစားခဲ့ကြတဲ ့ ဗုဒ္ဒအယူအဆ..။
ချီးကျူးခဲ့ကြတဲ့ သာသနာ…
ငါတို ့ခေတ်ရောက်မှ “ …..အစွန်းရောက် ဗုဒ္ဒဘာသာ” တဲ့..။
ကောင်းကြသေးရဲ ့လား…။
_____||
=========================

(၂)

=========================
မုဒိန်းမှု ၊ ပြည့်တန်ဆာနှင့် ကိုယ်ချင်းစာတရား
– ရာမည
https://myanmargazette.net/178015
=========================
||_____
မုဒိန်းမှု ဖြစ်တိုင်း သက်ဆိုင်ရာက ညစ်ညမ်းခွေတွေကို မျက်စောင်းထိုးတော ့တာပါပဲ ။
ဒါဟာ ငြင်းစရာမဟုတ်သော်လည်း ပြည့်စုံတဲ့အဖြေမဟုတ်ပါဘူး ။ ဆေးမီးတိုပါ ။ အလွယ်တရားခံရှာတာပါ။
တကယ်က အဲ့အမှုမျိုးဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာ အလွဲအချော်တခုခုရှိနေမှပါ ။ ဒါမှမဟုတ်ရင် အခြေအနေတစ်ခုက အထောက်အပံ့ပေးလို ့ပါ ။
ညစ်ညမ်းကား ကြည့်မိတာနဲ့ အရပ်ထဲလည်ပြီး ဒီအမှုကြူးလွန်တယ်ဆိုတာ အသင့်ယုတ္တိမရှိပါ ။
ကျွန်တော်တို ့ကြားဖူးသလောက် တရားခံများဟာ အခွေကြည့်ပြီး ကျူးလွန်ပါတယ်လို ့ မထွက်ဆိုကြပါဘူး တဲ့။
_____||
=========================

(၃)

=========================
ရာသီဥတုနဲ့စင်္ကြဝဋ္ဌာ
– မင်းမင်း
https://myanmargazette.net/178120
=========================
||_____
ရာသီဥတုဆိုတာကြီးကို အဓိကဖြစ်စေတာက ဘာလည်းဆိုတော့ နေမင်းကြီးကြောင့်ပေါ့။
နေမင်းဆိုတာကလည်း စင်္ကြာဝဋ္ဌာကြီးရဲ့ အစိတ်အပိုင်းတခုပဲ။ ဒီစင်္ကြာဝဋ္ဌာမှာ နေအဖွဲ့အစည်းဆိုတာတွေ အများကြီးရှိတယ်လို့ ယူဆကြတယ်။
ခုသားတို့မြင်နေရတဲ့နေကအဖေတို့ နေထိုင်တဲ့ ကမ္ဘာဂြိုလ်ကြီးကို သူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။
ကမ္ဘာကလည်း သူထက်ပါဝါကြီးတဲ့နေမင်းဆွဲတာကို မလွန်ဆန်နိုင်ဘူး။
ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။
ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေ ကမ္ဘာက နေဆီကို မရောက်ပဲ အကွာအဝေးတခုထိကို ရောက်သွားတယ်။
_____||
=========================

(၄)

=========================
အောင်မြင်ခြင်း အတူတူဘယ်သူမြတ်သည်လဲ
– padonmar
https://myanmargazette.net/178004
=========================
||_____
၂၅ နှစ်ဆိုတဲ့အချိန်ဟာ ပိတုန်းရောင်ကေသာ တွေ ကိုလည်း ငွေမင်ရည်ဖုံးလိုက်ပါပြီ။
Revlon , Lolane စတာတွေနဲ့ မည်းတဲ့သူကမည်း ၊ နီတဲ့သူကနီ ဇရာကို ဖုံးဖိသူတွေ လည်းရှိတာပေါ့။
ဖုံးကွယ်လို့မရတာကတော့ မျက်ဝန်းအစုံရှေ့က ကိုင်းမျိုးစုံနဲ့ မျက်မှန်တွေပါပဲ။
ပုံပျက်ပန်းပျက် စူလာတဲ့ ခါးနဲ့ဗိုက် ၊ တွန့်လာတဲ့ ပါးရေ ၊ ထိုင်ရာက ထရင်ထောက်ရတဲ့ လက် ၊ ဗြုန်းကနဲ ပြောလိုက်လို့ အာရုံမစိုက်မိရင် သဲသဲကွဲကွဲ မကြားလိုက်ရတော့တဲ့နားတွေ ကိုတော့ လျစ်လျူရှုထားလိုက်ကြပါ တယ်။
_____||
=========================

(၅)

=========================
မြစ် နံဘေးက သစ်ပင်…။
– black chaw
https://myanmargazette.net/177868
=========================
||_____
ကျွန်တော်ကရောတဲ့…။
ကျွန်တော်က ကြောက်တတ်တဲ့ လူတစ်ယောက်ပါ…။
သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ…
သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။
မြစ်ထဲမှာတော့ ရေတွေက တသွင်သွင်စီးဆင်းနေဆဲပါပဲ…။
ဟုတ်ကဲ့…ကျွန်တော်က မြစ်နံဘေးက သစ်ပင်ပါ…။
_____||
=========================

(၆)

=========================
စဉ်းစားကြစေလိုပါတယ် ( ၅၅ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၃ )
– Foreign Resident
https://myanmargazette.net/178800
=========================
||_____
ကျနော့် အမြင်မှာတော့ ဘုန်းကြီးဆိုတာ ၊ သင်္ကန်း ရုံထားတဲ့ လူ တစ်ဦးပါ ။
ဘုန်းကြီးတွေ သိက္ခာပုဒ် ၂၂ရ ခု ကိုစောင့်ထိမ်းတာကတော့ ၊ သူ့သဘောနှင့် သူထိမ်းကြတာပါ ။
( ဘေးလူတွေကို မထိခိုက်သရွေ့ကတော့ အဲဒီ သိက္ခာပုဒ် ၂၂ရ ခု ကိုစောင့်ထိမ်းတာကို ကန့်ကွက်ရန် မရှိပါ )
အဲဒီတော့ ၊ မှန်တာပြောရရင် ၊ သူ့သဘောနှင့် သူ ( သူ ကြိုက်လို့ / သူ့အကျိုး အတွက် ) ၊
သိက္ခာပုဒ် ၂၂ရ ခုကို စောင့်ထိမ်းယုံလေးနှင့်တော့ ၊ သိပ် မကြည်ညိုနိုင်ပါဘူး ။
အဲ ၊ လူတစ်ယောက်က ၊ သူ့အကျိုး အတွက် မဟုတ်ပဲ ၊ လူ အများ ကောင်းကျိုးအတွက် ၊
သူ့ ကိုယ်ကျိုးကို စွန့်ပြီး ၊ အနစ်နာခံ လုပ်ပေးနေတယ် ဆိုရင်တော့ ၊
အဲဒီ လူ ဖြစ်ဖြစ် / ဘုန်းကြီး ဖြစ်ဖြစ် ကို လေးစါး / ကြည်ညိုပါမယ် ။
_____||
=========================

(၇)

=========================
မရေးရရင်မနေနိုင်တာကလွဲလို့ …. (အဖြေမှန်ထွက်ပါစေ)
– ဦးဦးပါလေရာ
https://myanmargazette.net/179120
=========================
||_____
ပထမတစ်ခုက-
လူထုကောင်းကျိုးတွေကို လူတွေကပဲ လုပ်တာပိုကောင်းပါတယ်။ သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်ခဲ့ရတယ်ဆိုရင်လဲ သစ်ရအောင်ကြိုးစားပြီး သစ်ရလျှင်ရချင်း သစ်နဲ့သာ အစားထိုးသင့်ပါတယ်။
ဒုတိယတစ်ခုက-
ဘုရားရှင်ရဲ့အဆုံးအမ သာသနာကို ဘုရားရှင်ရဲ့ တပြည့်သားအဖြစ်ခံယူထားတဲ့ ဘုန်းတော်ကြီးများကသာ လူတွေထက်ဆထက်ထမ်းပိုး ပိုပြီး စောင့်ရှောက်သင့်ပါတယ်။
အဲဒီနှစ်ခုပေါင်းပြောရရင် ကိုယ့်အလုပ်ကိုယ်လုပ်တာက ပိုကောင်း ပိုကျေးဇူးများပါတယ်။
_____||
=========================

(၈)

=========================
 ပြည်သူ့ သဘောထား
– Mr. MarGa
https://myanmargazette.net/176832
=========================
||_____
ပြည်ပအားကိုး ပုဆိန်ရိုးလို့ တစာစာအော်ခဲ့ပေမင့်
အခုတော့ ပြည်ပကို အားကိုးတိုင်း ပုဆိန်ရိုး မဟုတ်တော့တာ အတော်များများလဲ သိသွားပေါ့။
ဒါပေမင့် အဆိုးမြင်ဝါဒီတွေကတော့ ရှိဆဲပဲ ဗျ။
အဆိုးမြင်ဝါဒီ လို့ ဆိုပြန်တော့လဲ ဘယ်လိုအရာကို အဆိုးမြင်မလဲ ဆိုတာက ရှိသေးတယ်။
အရာရာတိုင်းကို ဆန့်ကျင်ဘက်အမြင်နဲ့ ကြည့်တိုင်း အဆိုးမြင်တယ်လို့ ပြောလို့ မရဘူးလေ။
အဲဒီလို ဆန့်ကျင်ဘက်အမြင်တွေကို သိရမှ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နိုင်မကိုး။
_____||
=========================

(၉)

=========================
ကိုယ် ယုံကြည် တာ ကို ကိုးကွယ် ရုံပါပဲ
– အလင်း ဆက်
https://myanmargazette.net/179594
=========================
||_____
နတ်ရုပ်တုကိုးကွယ်မှုဟာ ဝေဖန်ပိုင်းခြား နိုင်စွမ်းနည်းသူတချို့ရဲ့ အကြောက်တရား ကြောင့် ဖြစ်နေတဲ့ ကိုးကွယ်မှု လို့ ့မြင်ပါတယ်။ ကျွန်တော့်အမြင်ပါ ။
မသိနားမလည်သေးသူတစ်ယောက်ရဲ ့ အမြင်လို့လည်း..ယူဆချင် ယူဆပါပေါ့ ။
ကျွန်တော်က နတ်ရုပ်တု ကိုးကွယ်မှုကို မယုံကြည်ပေမယ့် ယုံကြည်သူတွေ ကိုယ်ယုံကြည်ရာ လုပ်ကြ
ကိုးကွယ်ကြတာတော့ ဘာမှ ဝေဖန်နေမှာလည်း မဟုတ်ဘူး ။
ကန့်ကွက်ပြစ်တင်နေမှာလည်း မဟုတ်ဘူး ။
နှောင့်ယှက် ဖျက်ဆီး နေမှာလည်း မဟုတ်ဘူး ။
ကျွန်တော့်ဘက်က ဘာမှ လည်း လုပ်ခွင့်မရှိဘူး ။
ကိုယ် ယုံကြည်ရာ ကိုယ် ကိုးကွယ် ။
_____||
=========================

(၁၀)

=========================
“အရှင်ဘုရားတို့ကို လျှောက်တင်ချင် စမ်းပါရဲ့´´
– ခင် ခ
https://myanmargazette.net/179331
=========================
||_____
အခုအချိန်မှာ အမျိုး ပျောက်မှာ စိုးကြောက်ပါသည်ဆိုရင် ဗုဒ္ဓသာသနာပြုခရီးတွေ တရားပွဲတွေ နေရာအနှံမှာ ပေါ်ထွန်းနိုင်အောင် အရှင်ဘုရားတို့ဘက်က ဆောင်ရွက်ပေးကြရင် ပိုကောင်းမယ်ထင်မိပါတယ်ဘုရား အရှင်ဘုရားတို့
အခုလို မျိုးစောင့်ဥပဒေ အတည်ပြုရေး တိုက်ပွဲဆင်နွဲခြင်း နိုင်ငံရေးနည်းလမ်းတွေနဲ့ နှီးနွယ်ဆောင်ရွက်ခြင်း ပြီးတော့ မျိုးစောင့်ဥပဒေကို အရှင်ဘုရားတို့တွေ စဉ်စားပြီးရေးဆွဲထားတာဆိုရင်
သံဃနာယက အဖွဲကို ဦးတိုက် လျှောက်ထားပြီး အဲဒီကမှတဆင့် လွှတ်တော်တွေ ပါလီမန်တွေကို တင်တာကပိုများ နည်းလမ်းကျလေမလား တွေးမိပြီး အရှင်ဘုရားတို့ လုပ်ဟန်တွေ နည်းလမ်းက မထိရောက်ဘဲ အလွဲဖြစ်မှာ စိုးရိမ်မိပါတယ်လို့ တင်လျှောက်လိုက်ချင်ပါရဲ့။
_____||
=========================

(၁၁)

=========================
မျိုးဆက်အမှတ် (၇)
– ကြောင်ဝတုတ်
https://myanmargazette.net/178121
=========================
||_____
iOS7 မထွက်ခင်ကတည်းက ကောလဟာလတွေ… ပေါက်ကြားမှုတွေ… ခန့်မှန်းမှုတွေအများကြီးထွက်ပေါ်ကြားသိလာရသလို…
iOS အသုံးပြုသူတွေအနေနဲ့လဲ သူတို့ရဲ့ဝိဉာဉ်ဖြစ်တဲ့ iOS ရဲ့အပြောင်းအလဲတွေကို ရင်တဖိုဖိုနဲ့စောင့်မျှော်ခဲ့ရတဲ့နေ့တွေလဲ ကုန်ဆုံးသွားပါပြီ…
တကယ်ထွက်ပေါ်လာတဲ့အခါမှာ iOS7 မှာပေါင်းထည့်ပေးလိုက်တဲ့ Features အသစ်တွေက iOS အသုံးပြုသူတွေအတွက်
စိတ်ကျေနပ်စရာကောင်းတဲ့ တောက်တောက်ပပဒီဇိုင်းအသွင်အပြင်အသစ်ကို iOS7 မှာ တွေ့ရမှာပါ…
ကြိုတင်သတင်းတွေထွက်ထားသလိုပဲ…  iOS Cracked Store ဖြစ်တဲ့ Cydia ရဲ့ အသုံးဝင်တဲ့ Tweak အချို့ကို iOS7 မှာပေါင်းထည့်ပေးထား တာကိုတွေ့ရလို့
မြန်မာစာကလွဲရင် အတော်လေးပြည့်စုံတဲ့ Mobile OS တစ်ခုမလွဲမသွေဖြစ်လာမှာပါ…
_____||
=========================

(၁၂)

=========================
ကန္နားစီးမိဂီသို့ … ငါးစိမ်းသည် ဗားရှင်း
– ဝင့်ပြုံးမြင့်
https://myanmargazette.net/178464
=========================
||_____
လူတစ်ယောက်ကို သူ့အသိဉာဏ်ကသာလျှင် ထိန်း ကျောင်းနိုင်တယ်။
မိန်းကလေးတွေ ပညာတတ်လာရင်၊ လူမှုဘဝဖွံ့ဖြိုးလာရင် အွန်လိုင်းမင်းသမီး လုပ်ကြတော့မှာမဟုတ်ဘူး။
အချစ်ရဲ ့ ခမ်းနားကြီးကျယ်မှုတွေ အငွေ့ပျံသွားတဲ့အထိ၊ လူသား ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်သွားတဲ့အထိ ကာမဂုဏ်ကိုအောက်တန်းကျစွာ ခံစားကြတော့ မှာမဟုတ်ဘူး။
ချွင်းချက်တချို့ရှိနိုင်ပေမယ့် ယောက်ျားတွေအဆင့်မြင့်လာရင် မိန်းမတွေလည်း အဆင့်မြင့်လာမှာပါ။
တကယ့်လူ့အခွင့်အရေးကို ပြောပါမယ်။
စောင့်ထိန်းခြင်းမထိန်းခြင်းဟာ ကာယကံရှင်မိန်းကလေး ရဲ့ ကိုယ်ပိုင်အခွင့်အရေးသာဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရဲ့ တန်ဖိုးဖြတ်ခံရမှု မဖြစ်သင့်။
_____||
=========================

(၁၃)

=========================
ကျွန်မ၏ လယ် (သို ့) အမေပေးတဲ့လယ်တစ်ကွက်
– ရာမည
https://myanmargazette.net/178397
=========================
||_____
“အား ဟားးးးး သွားဇမ်းဘာ ကွာ…. မင်းတို ့အခုချိန်မှအပျိုပြန်ဖြစ်ချင်ရင် လှိုင်သာယာတံတားပေါ်က မြစ်ထဲခုန်
ချလိုက် ….. နောက်ဘဝရောက်ရင် ဖြစ်လိမ် ့မယ် ဟားဟား ဟား ဟား ”

“အမယ်လေး အမယ်လေး …ကျုပ်တို ့မိန်းမတွေများ လျော့တွက်နေလိုက်တာ … ဒီမှာ ငမောင်တုတ် ! …
နင်ကိုစေတနာမရှိလို ့ဟဲ့ … အပျိုပြန်ဖြစ်ချင်ရင် အလွယ်လေး … ကျောက်ချဉ် ၂၀ဝ ဖိုးလောက် ရေစိမ်ချိုး
လိုက် လို ့ကတော ့ ..ဟင်းဟင်းး …. သားရေကွင်းထက် ဘယ်ဟာပိုတင်းသလဲဖြစ်သွားမယ် … ”
_____||
=========================

(၁၄)

=========================
မိုးတွင်းမှာ ကင်မလာမှိုမတက်အောင်
– ဂန္ဓာရီ ဆြာအုပ်
https://myanmargazette.net/179247
=========================
||_____
များသော အားဖြင့်တော့ ကင်မလာရှိတဲ့ သူတွေဟာ ဘယ်ရာသီပဲ ဖြစ်ဖြစ် ကင်မလာ ကို ကင်မလာ အိတ်ထဲ ပဲ ထည့်သိမ်းကြပါတယ်..
နွေဖက်ကတော့ ဘာမှ မဖြစ်ပေမယ့် မိုးတွင်းဖက်ဆိုရင် တော့ ဆန်ဆာ ကိုဖြစ်ဖြစ်၊ လန်းစ် ထဲကို ဖြစ်ဖြစ် မှိုစွဲဖို့ အခွင့်အရေးများပါတယ်..
မိုးတွင်းမှာ ဘယ်လိုထားသင့်တယ်ဆိုတာ …
_____||
=========================

(၁၅)

=========================
အရှင်အာနန်ဒါ Rev Friedrich V Lustig က အင်ဂလိပ်လိုဘာသာပြန်ပေးခဲ့တဲ့ရှေးခတ်မြန်မာကဗျာလက်ရွေးစင်
– Kyaemon
https://myanmargazette.net/178493
https://myanmargazette.net/178984
https://myanmargazette.net/179062
https://myanmargazette.net/179246
https://myanmargazette.net/179565
=========================
||_____
ရန်ကုန်ကစာကြည့်တိုက်တခုမှာ
အရှင်အာနန်ဒါ က စာကြည့်တိုက်မှူးဖြစ်လာတာ၊
ဆရာတော်ကို ရဟန်းစာဆိုကဗျာဆရာအဖြစ်လူသိများပြီး၊
မြန်မာကဗျာတွေကိုအင်ဂလိပ်လိုဘာသာပြန်ပေးခဲ့တာ၊
ဆရာတပည့်နှစ်ပါးက မဟာယနဘုန်းကြီး ဆိုငြားလဲ ပျံလွန်တော်မူကြတဲ့အထိ
ထေရာဝါဒဘုန်းကြီးတွေအကြားမှာသီတင်းသုံးကြတာပါ၊
_____||
=========================

(၁၆)

=========================
နှင်းကေသရာ ကြောက်/ကျောက် တဲ့ သူရဲကောင်း
–  ကြက်အူလှည့်
https://myanmargazette.net/177927
=========================
||_____
အဲ့သည့်မှာပဲ သူရဲကောင်း လဂွန်းကျောက်လည်း မျက်လုံးလေး ကလယ်ကလယ် ဖြစ်ပြီး
ဒယ်ဒီ ဖားသား ချစ်ဖေဖေ ရဲ့ သာမီးဒေါ်ကလေး မွေ့နှင်း ကေသရာ ကို အလိုရှိပါတယ်။
ခါတိုင်းဆို တူလို့လား တန်လို့လား လုပ်မှာဖြစ်ပေမယ့်… တဖက်ကလည်း ရန်သူဘုရင့်ခေါင်း မဟုတ်လား…
ကိုယ်ကတောင်ပြန်ပြီး သာမီးရယ် ..ကျိုက်လိုက်ပါသမီးရယ်.. လုပ်ရမယ့်အချိန်လေ…။
ကောင်းပြီ … ဘိုဖြူ။ ပြည့်ဇီ။(ပြည့်စုံပါစေ)
_____||
=========================

(၁၇)

=========================
မဲရတဲ့ အရသာ…..
– ဦးကျောက်ခဲ
https://myanmargazette.net/177817
=========================
||_____
ကိန္နရာမလေးက ဘီယာပုလင်းထုပ်ဘေးချ ကိန္နရီအထီးကိုကို ကို၊ မောင်ကျောက်ဘေးနားထားပြီး အခုလိုဆိုသဗျ…
မောင်ရယ်တဲ့… ဒီကျွန်းကို ဗမာတွေမလာလို့ ဗမာလိုပဲ ပြောကြရအောင်ပါတဲ့။
ခင်မတို့မချစ်ရတာကြာလို့ ခင်မ မောင့်ကိုအရမ်းလွမ်းနေတာတဲ့…
မောင်လည်း ခင်မကို အရမ်းလွမ်းနေလို့…
ဒီညတော့ ခင်မကို အတိုးချ ချစ်မယ်တဲ့…
….ဆိုပြီး ပြောလိုက်ကြတဲ့ လင်မယားစကားဗျာ ကြားကမောင်ကျောက် နားထောင်ကောင်းကောင်းနဲ့ထောင်လိုက်တာ မာလ်ဘိုရိုလည်းဘယ်လိုကုန်မှန်းမသိ၊ အာတွေလည်းခြောက်လို့ အခုခေတ်လိုသာ “တက်ကနီကွေး” မီရင် အသံဖမ်းပြီး
ရွာသားတွေကို နားသောတ ဆင်စေချင်လိုက်တာဗျာ။
_____||
=========================

(၁၈)

=========================
သင်္ဘောအခန်းတွင်းမှ ဝိညဉ်ခေါ်သံ (၁)
– ကိုရင်စည်သူ
https://myanmargazette.net/178409
=========================
||_____
တရေးအနိုး အာခေါင်တွေခြောက်လို့ရေဆာနေသည်။
စာရေးစာပွဲပေါ်မှာ ရေသန့်ဘူးရှိသဖြင့် ထယူရန် မျက်လုံးကိုဖွင့်ပြီး ခြုံထားသော စောင်ကိုဖယ်ရန် အောက်သို့ငုံ့ကြည်မိသည်။
အောက်သို့အကြည့် မျက်လုံးများပြာဝေသွားသည်။ ။
စောင်.. စောင်.. စောင်ကြီးက အောက်ပိုင်းတစ်ခုလုံး တစ်စုံတစ်ယောက်ကလှန်ထားသလို အပေါ်သို့မြောက်တက်နေသည်။
ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး လေဟာနယ်ထဲရောက်နေသလို စောင်ကြီးအပေါ်ကိုမထားသည်။
တစ်စုံတစ်ယောက်က စောင်ကိုလှန်ပြီး တစ်ခုခုကို ရှာနေသဖြင့် စောင်က အပေါ်ကို မြောက်တက်နေသည့် ပုံစံမျိုး။
ကိုရင် ဇောချွေးတွေပြန်နေသည်။ ခြေထောက်ကိုလည်း မလှုပ်ရဲ။ ကိုယ့်နှလုံးခုန်သံ ကိုယ်ကြားနေသည်။
သေချာသည် ငါ အိပ်မက်မက်နေတာမဟုတ် တစ်စုံတစ်ခုက ငါ့ကိုခြောက်လှန့်နေပြီ။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းချုပ်လိုက်သည်။
_____||
=========================

(၁၉)

=========================
မျက်လုံးလေး ကလည်ကလည်နဲ့ အရွယ်ရောက်လူ အကုန်သိတယ် …
– နွယ်ပင်
https://myanmargazette.net/178627
=========================
||_____
“ဟဲ့ ရစ်လိုက်လေ နင့်နှယ့် ကြည့်လို့ကောင်းနေလားလို့ ” ပြောတာနဲ့
ရစ်ဖို့ ရီမုတ်လိုက်ရှာတာ ဘယ်ကလေး ကောက်မပြီးဆော့နေမှန်း မသိ ရှာလို့ကို မတွေ့ဘူး
အမှန်က ရစ်စရာမလိုပါဘူး ကိုယ်တွေက အဲ့တာကို ကြည့်ချင်လို့ ငှားတာပဲဟာကို
အခုဟာက ကလေးတွေလည်းပါတော့ ရစ်ခိုင်းတာကို ရီမုဒ်ကလည်းမတွေ့ဆိုတွေ့
အကဲပိုတဲ့ အစ်ကိုက (အမှန်က သူ့သမီးလည်း ကြည့်နေတော့) ဘာမပြောညာမပြောနဲ့ လုပ်မိလုပ်ရာထပြီး
တီဗီရှေ့ သူပုဆိုးကြီးဖြန်ဲ့ပီး ကာလိုက်တော့ကာမှ ခုနကကလေးတွေ
မျက်လုံးလေးကလည်ကလည်ကနေ မျက်0န်း0ိုင်း0ိုင်းတွေကို ဖြစ်ကုန်ကြတော့တာပဲ ….
_____||
=========================

 (၂၀)

=========================
“ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ်´´
– ခင်ခ
https://myanmargazette.net/179211
=========================
||_____
တစ်ချိန်တည်းမှာဘဲ ဒီမိုကရေစီကလည်းလိုချင်သေး
ကုလားကိုလည်းမောင်းထုတ် ချင်နေသေး
တရုတ်တွေလုပ်တဲ့စီမံကိန်းတွေလည်းရပ်လိုက်ချင်သေး
ဘာသာသာသနာအကြောင်းပြုဥပဒေ လုပ်ကာ သာသနာကလည်းပြုချင်သေး
စစ်အစိုးရအနွယ်သမ္မတနေရာမှာလည်း လူလဲလိုက်ချင်သေး
တကယ့် ကိုဘဲ ဘာဘဲဖြစ်ဖြစ်ငါတို့တွေ တစ်ပြိုင်နက်ထဲဖြစ်ချင်တာတွေ စုကာတောင်းဆိုမယ်ဟ ဆိုသလိုပါဘဲ
ခုန ရေခဲမုန့်ဈေးရောင်းတာလေးကြည့်ပြီးစဉ်စားနေတုန်း ဘေးစားပွဲကိုရောက်လာတဲ့ မြန်မာကလေးတစ်သိုက် မှာလိုက်သံက “အန်တီကြီး သမီးတို့ကို ခေါက်ဆွဲအစုံသုတ် လေးပွဲ ချဉ်ချဉ်ငံငံစပ်စပ်နော် ´´ တဲ့။
ဪ ဟုတ်ပေသားဘဲ မြန်မာတွေက ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ် ကို စားတတ်ကြတာကိုး။
_____||
=========================

 (၂၁)

=========================
ဓာတ်သေပညာကျမ်း
–  ဂန္ဓာရီ ဆြာအုပ်
https://myanmargazette.net/177688
https://myanmargazette.net/177807
https://myanmargazette.net/177872
https://myanmargazette.net/178275
https://myanmargazette.net/178517
=========================
||_____
အိတ်စပိုရှာဆိုတဲ့ အလင်း/အမှောင်ကို ကင်မလာထဲမှာ ပါတဲ့ ပုံရိပ်ဖမ်း ဆင်ဆာထဲကို လိုအပ်သလို ရစေဖို့ အဓိကဆောင်ရွက်ပေးမှာ ကတော့
ကင်မလာမှာ ပါတဲ့ ရှက်တာ (shutter) နဲ့ မှန်ဘီလူးမှာ ပါတဲ့ အပါချာ (aperture) ပေါက် တို့ဖြစ်ပါတယ်။
ပုံရိပ်ဟာ မှန်ဘီလူး ထဲက ဝင်လာပြီး အပါချာကို ဖြတ်ပြီး ကင်မလာထဲက ပုံရိပ်ဖမ်းဆင်ဆာ ကိုရောက်ပါတယ်။
_____||
=========================

 

++++++++++++++++++++++++++++++++

ဒီနေရာမှာ Vote ပေးခဲ့ကြပါ …..။

++++++++++++++++++++++++++++++++

[polldaddy poll=”7224720″]

++++++++++++++++++++++++++++++++

59 comments

  • Ma Ma

    July 4, 2013 at 6:47 am

    အတင်းရေးမူး အဲ- အတွင်းရေးမှုးကြီး တော်ပ့ါ။
    (အတင်းတွေရေးပြီး မူး မူးနေတတ်တယ်လို့ မပြောဘူးနော်။) 😛
    ဘယ်အချိန်က ထင်ထားတာလဲ မသိဘူး။
    အစောကြီးမို့ အရင်ဦးဆုံးဗုတ်သူများ ဖြစ်မလားလို့ ထင်နေတာ ခြင်္သေ့ကျွန်းသူက ကိုယ့်ထက်စောနေပါလား။
    ဗုတ်ပြီးပါကြောင်းးးးးးးး 🙂

    • KZ

      July 4, 2013 at 10:29 am

      မနက်လင်းတာနဲ့ ရွာထဲ အရင်ဝင်တာမို့။ :mrgreen:

      စံတော်ချိန် အရ ခါတလေ အရှေ့ကျွန်းသားကြီးနဲ့
      ဟောင်ကောင်ကျွန်းသားကြီးတွေက ဦး တတ်လွန်းလို့။ :mrgreen:

      • ဦး ကျောက်ခဲ

        July 4, 2013 at 10:48 am

        ကျောက်စ်တို့က တက်ကြွတာကို ဂလို မနာလိုမရှိနဲ့လေ…
        ညှင်း ညှင်း… မန့်ရတာကို တိုင်ဦးတိုင်းကစားတယ်ထင်နေလားမသိ…
        အားဟိ…. :mrgreen:

        • KZ

          July 4, 2013 at 11:15 am

          အို စံတော်ချိန်ချင်း တူတူ ဒီ လို အဦးမခံနိုင်ဘူးးး
          :mrgreen:

  • အလင်း ဆက်

    July 4, 2013 at 7:42 am

    အကြိုက်ဆုံးကို ရွေးတော့
    အကြိုက်ဆုံးတွေ များနေတယ်

    ပြန်စဉ်းစားပြီးမှ
    ပြန် လာ ဗုတ်မယ်ဗျာာာာ

  • အလင်း ဆက်

    July 4, 2013 at 7:48 am

    စာအမြည်းလေးတွေ ပေးပြီးး
    တင်ပြသွားပုံလေး သဘောကျတယ် အံစာရေ

    😆

  • အရှေ့ အာရှမှ အသည်းမမာဆုံး ယောက်ျားတယောက်

    July 4, 2013 at 8:26 am

    ဗုတ်ပီးပါဂျောင်း

  • kyeemite

    July 4, 2013 at 8:45 am

    အလက်ဆင်းပြောသလိုပဲ…ဒီတစ်ခါဗုတ်ပို့က …
    စာအမြည်းလေးတွေ ပေးပြီးး
    တင်ပြသွားပုံလေး သဘောကျတယ် အံစာရေ
    တခါတလေကျတော့ ခေါင်းစဉ်ကြည့်ရုံနဲ့ စာသွားကို ရုတ်တရက်မမှတ်မိတတ်ဘူး..
    ခုတော့အိုကေပဲ..စာမြည်းနဲ့တင်ဖတ်ပြီးသားတွေတရေးရေးပေါ်လာလို့ ဗုတ်လိုက်ရုံပဲ
    ညီလေးရဲ့ ကြိုးပန်းမှုအတွက် အဖွဲ့ကိုယ်စား ကျေးဇူးအကြီးကြီးတင်ပါဂျောင်းးးး
    ကြိုက်တာတွေများနေတဲ့လပါပဲဗျာ..နောက်မှဗုတ်မယ်…ေွိ

    😆

    • အလင်း ဆက်

      July 4, 2013 at 9:43 am

      ဟုတ်တယ်ဗျ ။
      ကျွန်တော်က စာအုပ်တစ်အုပ် ဝယ်ဖို ့
      ကိုကြည့်ရင် စာအုပ်နောက်ကျော ဖုံးမှာ
      ဘာများရေးထားသလဲ
      စာမျက်နှာတွေရဲ့ အ ရှေ့ ဆုံး စာမျက်နှာမှာ
      ဘယ်လိုစာသားလေးများ ထုတ်ပြ ထားသလဲဆိုတာလေးကို
      စိတ်ဝင်စားတတ်တာ ။
      အခု အံစာ က စာမြည်းလေး ထုတ်ပြ ပြီး တင်ပြ တော့
      အတော်ပဲပေါ့

  • Ko chogyi

    July 4, 2013 at 8:49 am

    မောင်အံရေ တွေ့ဆုံပွဲကိုမင်းမလာလို့မဖြစ်ဘူး
    ဖြစ်အောင်လာခဲ့ပါ

  • သူကလေး

    July 4, 2013 at 9:20 am

    အင်း .. ဘယ်ဟာကိုဗုတ်ရပါ့
    ခဏလေးတိုတိုအံ .. နောက်တစ်ခေါက်ပြန်ဖတ်အုံးမယ် 😀

  • မင်းမင်း

    July 4, 2013 at 9:31 am

    vote လိုက်ပါပြီ။

    အကြိုက်တွေများတော့

    နဲနဲတော့စားတယ်။

    စိတ်မကောင်းစွာနဲ့

    ကိုယ့်ပိုစ်ကို ကိုယ်တိုင်ပယ်လိုက်ရတယ် :mrgreen:

  • ခင် ခ

    July 4, 2013 at 9:40 am

    ဂဇက်မြို့ထဲ မလည်ရရင် မနေနိုင်တာလွဲလို့။
    ပြီးတော့ လစဉ်စာပေ ရွှေးချယ်ပိုစ့် တက်လာရင်
    မဗုတ်ရရင် မနေနိုင်တာလွဲလို့……….. ဗုတ်ပါ၏။

  • amatmin

    July 4, 2013 at 10:54 am

    ဒီတခါ ဗုဒ် ရတာ အမိုက်ဆုံး ပါ ဗျို့… 😛

  • အလင်း ဆက်

    July 4, 2013 at 11:26 am

    အန်တီ ပဒုမ္မာ ပြောခဲ့သလို ပြောရ ရင် . . . .
    အချစ်ဆုံးလေးတွေထဲက
    အချစ်ဆုံး ၃ ပုဒ်ကို ရွေးဗုတ် ခဲ့ပါပြီ ။

    အဖြစ်ချင်ဆုံးဆိုတာတွေက ကိုယ့်ပိုစ့်က လွဲရင် ကျန်တာ အားလုံး ဖြစ်စေချင်တယ်။

    အဲဒီထဲက မှ
    အဖြစ်သင့်ဆုံး ကို ရွေး လိုက်တယ် ။

    အချစ်ဆုံးအားလုံး
    အချစ်ဆုံးဆုလေးတွေ ရစေချင်တယ် ။
    လေးစားစွာာာ

  • စနေ

    July 4, 2013 at 12:08 pm

    ဗုတ်သွားပါပြီ ……….
    ဒီတခေါက် ရွေးရခက်တယ် …..
    နောက်လတွေမှာလဲ အခုလို စာမြည်းလေးထည့်ပေးရင်ကောင်းမှာ ….. 🙂

  • Mr. MarGa

    July 4, 2013 at 1:07 pm

    အင်
    ဗုတ်ရမယ်ပေါ့
    လာလေရော့
    အင့်……တစ်ခု
    ရော့…..နောက်တစ်ခု
    လာထား……နောက်တစ်ခု
    ဗုတ်ပြီးပကွ
    စာမြည်းဖတ်ပြီး ဗုတ်ရတာ ပိုအဆင်ပြေတယ်
    ကောင်းလေစွ အမောင်အံ :mrgreen:

  • โทรศัพท์มือถือ

    July 4, 2013 at 3:42 pm

    ဗုတ်ထည့်လိုက်ပီဗျာ……
    ကျနော်ကတော့ ခုနောက်ပိုင်း comment တွေသိပ်မရေးဖြစ်ပေမယ့်….
    အယုတ်အလတ်အမြတ်မရွေးး တင်သမျှပို့စ်တွေတိုင်း အားလုံးကို
    ဖတ်ရှု့အားပေးဖြစ်ပါတယ်………….

  • Shwe Ei

    July 4, 2013 at 3:49 pm

    အယ် သများလေးခုတောင် ဗုတ်ခဲ့တယ်တော့ .. ဒွတ်ခ 🙁

  • surmi

    July 4, 2013 at 3:59 pm

    စာမြည်​း​လေး​တွေ ထည်​့​ပေးတာအလွန်​​ောင်​းပါတယ်​
    ဗုတ်​ ဖို့က​တော့ အင်​တာနက်​ဆိုင်​သွားရဦးမည်​ဖြစ်​ပါ​ကြောင်​းးးးး

    ကျ​နော်​့ကဲ့သို့ cdma800 နှင်​့သုံးသူများ ဗုတ်​လို့ရ မရ သိချင်​ပါ​ကြောင်​း
    ဗုတ်​မရသည်​မှာ ၄ ကြိမ်​ရှိပြ ီ ဖြစ်​ပါ​ကြောင်​း ….

  • Crystalline

    July 4, 2013 at 8:46 pm

    အရင်လက တစ်ပုဒ်ပဲဗုတ်ရတာကပိုလွယ်သေးတယ်.. :mrgree: ဒီလ၃ပုဒ်လုုပ်ရမှာတောင် ရွေးရခက်
    နေတယ်.. 🙂

  • uncle gyi

    July 4, 2013 at 9:40 pm

    ကု်ိအံကစာမြည်းနဲ့ဆိုတော့မြိုင်ဆိုင်နေတာပဲ
    ကောင်းပါ့ဗျာ

  • ဗို.ထ်တယ်ဗျာ ဗို.ထ်တယ်ဗျာ.. ဗို.ထ်တယ်ဗျာ..
    အံချာကြီးပါ ထည့်ဗို.ထ် လိုက်တယ်ဗျာ……..အေးရော………
    ကျုပ်ကတော့ သစ္စာရှင်ကြီးဆိုတော့ အကြိုက်ဆို တစ်ခုပဲ ရှိတာ.. တစ်ပုဒ်ပဲဗို.ထ်တယ် ရလားဟင် ကိုအံချာ… မရလဲ ဂရုမစိုက်ပေါင်အေ………… ခွိ

  • မောင် ပေ

    July 5, 2013 at 11:13 am

    အီတွန် ့ဗွမ် ရဲ ့ရှေးကဗျာတွေ ပြန်ရှဲပေးထားတာကို ဗုတ် သွားပါတယ်ဗျား
    လော့အင် အဖြစ် နှင့် ဗုတ်သွားခြင်း မဟုတ်

  • Moe Z

    July 5, 2013 at 12:59 pm

    ဗုတ်ပြီးပြီခည .. 🙂

  • ဂန္ဓာရီ ဆြာအုပ်

    July 5, 2013 at 6:12 pm

    ကုျပ်နဲ့ သဘောထားချင်းတိုက်ဆိုင်သော ပိုစ့်များကို ဘွတ် ပစ်လိုက်သည်.
    အမှန်က ၄ ခုဘွတ်ချင်သော်လည်း ၃ ခုပဲရသောကြောင့် ၃ ခုပဲ ဘွတ်လိုက်သည်

  • ကထူးဆန်း

    July 5, 2013 at 10:46 pm

    ဒီလ တာဝန်ကျေု ပြီးကြောင်း သတင်းပို့ပါသည် ။

  • အရီးခင်လတ်

    July 6, 2013 at 1:46 am

    ဝုတ် ပြီးပါကြောင်း။ 😛

  • ဗုံဗုံ

    July 6, 2013 at 9:33 am

    ဗုတ်ပြီးပါကြောင်း… ။ 🙂

  • padonmar

    July 8, 2013 at 11:09 pm

    ဗုတ်ခဲ့ပါပြီ။
    စာမြည်းလေးပေးထားတဲ့အိုင်ဒီယာတွက် မောင်အံကို ချီးကျူးပါတယ်။
    ဒီတစ်ခါ ဗုတ်က ပိုလှသွားပြီ။

  • အားလုံးပဲ မင်ဂါဘာ ….
    ဦးစွာ ပျောလိုဒါဂဒေါ့ …
    ကွန်မန့်ပေးဂျသူအပေါင်းကို ကျေးဇူး ကမ္ဘာပါလို့ ….။
    ဗုတ်သွားတဲ့ လူတွေကိုလည်း ကျေးဇူး (ကမ္ဘာ မပါ) ပါလို့ ….။ :mrgreen:

    လောလောဆယ် ဗုတ် (၃၀၁) ဗုတ် ရှိနေပါပြီ …။
    အိုက်ထဲမှာ …. ထိပ်နားက ပြေးနေဒါဒွေဂဒေါ့ဖြင့် ….

    ဝိဉာဉ်ခေါ်သံကို မုဒိန်းမှု မြောက်ပါတယ် ဆိုတဲ့ကိစ္စမှာ စဉ်းစားကြစေလိုပါတယ်
    မဲရတဲ့ အရသာဟာ မျက်လုံးလေး ကလည်ကလည် ဖြစ်တတ်ပါတယ် … တဲ့ ….။

    ဝါးးး အိပ်ဂျင်ဘီ …
    ခလူး .. ခလော … ခေါ .. ခေါ …. Zzzz Zzzz

  • KZ

    July 9, 2013 at 8:39 am

    ပဂိုးဒါးးးးးးး

    ကိုရင်စည် ဗုဒ်က အများဆုံးပဲ။
    ကဗျာ ပို့(စ) တုန်းကရောပဲ။

    ကျန်းးးးးးး
    ဒီ ကိုရင်စည့် ကိုမှ အားပေးချင်တဲ့ သူတွေ အတော်များနေတဲ့သဘောပဲ။
    အခြေအနေ ထူးခြားတော့မယ် ထင်တယ်။ :mrgreen:

    ကိုယ့် ဇာတာလေးကို စစ်ကြည့်ပါဦး စည်စည်။
    သေချာရင် ဒေါ်ဘယ် ဘလက်လေး ပိုက်ပြီး ပြန်လာပါ့မယ်။ :mrgreen:

  • ဦးကြောင်ကြီး

    July 9, 2013 at 10:21 am

    တရုတ်သဗုံ ကြေးမုံဂျီး ပို့စ်ကို အနှုတ်ဗုတ် ချင်လို့ အဲဒါ ဗိုလုပ်ရမဲ…. 👿

    • Ma Ma

      July 9, 2013 at 10:37 am

      ကြောင်ကြီးပိုစ့်ကို +၁ ပေးလိုက်ပါ။ 🙂

  • အနိစ္စ .. ဒုက္ခ .. အနတ္တ …
    အနိစ္စ .. မမြဲခြင်း သဘောတရား အရ …
    ဒီနေ့ညမှာ ဗုတ် ပိတ်မှာ ဖြစ်ပါတယ် ….. လို့ … :mrgreen:
    အဲ့ဒါ .. အဲ့ဒါ .. လာပေါဒါဘာ …
    မဗုတ်ရဒေးဒဲ့ လူဒွေ လာဗုတ်ဂျဘာ …
    ဒီတစ်ခါ ဗုတ်ကဒေါ့ အားရစရာဂျီးဘာဘဲ …
    ဗုတ်ထားဒါ အားဂျီးဘဲ … ပေါ်စရာဂျီး …

  • ဖလောင်းးး ဖလောင်းး ဖလောင်းး
    ဆု မကျေညာဂင် အောဘာပေးသံ ….

    ဒီတစ်လအတွက်တော့ …
    ကျန်တာ မစွံဒဲ့ ကရင်စည် တစ်ယောက် ဒီတစ်ခါဒေါ့ စွံတွားလေဘီ ….
    ဒရန်တန့်တန် … :mrgreen:

    ဇွန်လအတွက် ဗုတ်ပေါင်း (၅၅) ဗုတ်နဲ့ မန်းဂဇက်ချစ်သူများစာပေဆု ကို …
    ဝိဉာဉ်ခေါ်သံ ဆိုဒဲ့ ပို့စ်နဲ့ လူပြိုဂျီး ကရင်စည်မှ ဆွတ်ခူး သွားဘာဂျောင်းးး

    နောက်မှာတော့ ….
    မုဒိမ်းမှု နဲ့ ရာမည ဆိုဒဲ့လူက အဖမ်းခံလိုက်ရဘာဒယ် …. အဲ .. ချော်တီ .. :mrgreen:
    ပီးဒေါ့ ….
    ဆင်းဇားဂျစေလိုဘာဒယ် ဆိုလာဒူ ဘဖောဂျီး ဘာဘဲ …
    ယင်းနောက် …
    ညက်လုံးလေး ကလယ်ကလယ်နဲ့ မနွယ်ဘင် ဘာဘဲ …
    ၎င်းနောက် ….
    မဲရတဲ့ အရသာကို ရှာဖွေတွေ့ရှိဂဲ့ဒဲ့ ဥငေးကျောက်စ် ဘာဘဲ …

    ဟောဟဲ .. ဟောဟဲ … မောတွားဘီ ..
    ကျန်ဒါဒွေ ကိုယ့်ဟာကိုယ် ဆက်ကျိဂျဒေါ့ …

  • surmi

    July 11, 2013 at 8:46 am

    ကိုရင်​စည်​​ရေ
    ကွန်​ဂကျူ​ရေးရှင်​းပါဗျို့ …….
    အားပါးတရကြီးကို ဆွပ်​ခူးနိုင်​တာဘဲဗျာ ။
    တစ်​ရွာလုံးနီးပါးကိုကြိုက်​ကြတဲ့ ပို့စ်​​လေးမို့ တကယ်​ပဲ ဝမ်​းသာစရာ​ကောင်​းတယ်​ဗျို့
    ​ရောက်​မလာနိုင်​တာ​လေးကို​တော့ဖြင်​့မချင်​့မရဲဖြစ်​မိတယ်​ဗျာ

  • Ma Ma

    July 11, 2013 at 9:01 am

    ဖြောင်းးးး ဖြောင်းးးးးးးးးးးးး ဖြောင်းးးးးးးးးးးးးးးးးးးးးးးးး ဖြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
    အတွင်းရေးမှုးကြီးရဲ့ ဝမ်းမြောက်ဝမ်းသာ ကြေညာသံကို ကြားရလို့။ 🙂

  • ခင် ခ

    July 11, 2013 at 9:25 am

    ( သူခေါ်ရင် လာပါ လာပါ ည ည ဆို တာ တား တာ တာ့ာ့ာ့ာ့ာ့ာ့ာ့ာ့ာ့ာ့ာ့ာ့ာ့ ) သီချင်းလေးညီးကာ ဗုတ်ရလာဒ်လေး ကြည့်လိုက်ပြီး သကာလှ……..
    ကိုရင်စည် ရေ ဖယောင်း ဖယောင်း ဖယောင်း ဖယောင်း လို့ ဝမ်းသာစွာ လက်ခုပ်ဩဘာပေးကာ ချီးမြှင့်ပါတယ်ဗျာ။

  • ကိုရင်စည်သူ

    July 11, 2013 at 9:48 am

    သင်္ဘောသားဘဝ ပေါက်စတုန်းက ကြုံခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်ကို
    အခြေခံရေးထားတဲ့ ပို့စ်လေး ခင်မင်တဲ့ရွာသူားတွေ သတိတရ ဗို့စ်နဲ့ အမှတ်တရ ဆု ရသွားတဲ့အတွက်
    ဝမ်းသာမိပါတယ်။ ဇကာတင်စာရင်းထဲ ထည့်ပေးခဲ့တဲ့ ဒိုင် ရွာမိ ရွာဖများကိုပဲ
    အထူးပဲ ကျေးဇူးတင်ပါတယ်။ အခြား ရောင်းရင်းတို့ရဲ့ ပို့စ်တွေကလည်း ပို့စ်ကောင်းတွေမို့
    ထိုရောင်းရင်းများလည်းလစဉ် တလှည့်စီ ရကြမယ်ထင်ဒယ်… ဂျူတီတွေ ပိနေလို့ ခုမှရွာထဲဝင်မိပါတယ်။
    ၂၁ရက်နေ့ ကျင်းပမယ့် ဂေဇက်ကွန့်ဖရင့်တော့ ဘောဘောပေါ်မှာ လူစားစောင့်ရင်း
    သံချေးခေါက်နေတာမို့… မလာနိုင်ပါခင်ညာ… 😥 ချစ်ခင်ရပါသော ရွာသူားအပေါင်းတို့
    ပျော်ရွှင်ချမ်းမြေ့စွာဖြင့် များများပြောနိုင် စားနိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ညာ.. 🙂
    ကိုရင့်အစားတော့ တစ်ယောက်ယောက် လာသယ်ပါလိမ့်မယ်… ဘူလဲတော့.. ဟီးး.. တားလဲ တိဝူး.. :mrgreen:

    • အယ် …
      ကိုရင့်အစားတော့ တစ်ယောက်ယောက် လာသယ်ပါလိမ့်မယ် … ဆိုဘဲ …
      ချိတ်ဝင်စားတွားဘီ ..
      အိုက်ဒါ ဘူလေးဒုန်းဟင်င်င် .. 🙄
      ဘွားဒေါ်ဂျီးဒေါ့ မီဟုတ်လောက်ဘာဝူးနော် … :mrgreen:

      • surmi

        July 11, 2013 at 10:05 am

        ဒါဆို ကဗျာလည်​း လာသယ်​တဲ့သူဘဲရွတ်​မှာ​ပေါ့​နော်​ 🙂

      • ကိုရင်စည်သူ

        July 11, 2013 at 10:06 am

        အွမ်.. အူးလေး အံစာဒုံး ဒီလိုပဲ ယုန်ထင်ကြောင်ထင်
        ဖိန့်ထားရတာပဲ… အထင်ခံရလည်း နည်းပါဘူးအေ.. :mrgreen:
        ဘွားတော်ကြီးဟုတ်ပါဘူး.. တားအသက်နဲ့က..
        လွန်ရောကျွံရောာ တမီးလေးအသက်က ၂၂နှစ်တောင် တားအတွက်
        လွန်လှဘီ.. အူးလေးရဲ့… စာရင်းလည်းမပေးထားဘူး..
        သူ့ဝါသူ ဝယ်ချားပြီး ယူပီး ပြန်တွားလိမ့်မယ်.. ဟီးးဟီးး 😎

    • Foreign Resident

      July 11, 2013 at 10:03 am

      Congratulations !!!
      Ko Yin Si Thu.

  • kyeemite

    July 11, 2013 at 10:02 am

    ကိုရင်​စည်​​ရေ..ဗရာဗိုပါဗျာ…
    စာရေးကောင်းရက်နဲ့ ဆုအရနောက်ကျနေတာ
    ခုမှပဲတကယ်မိတော့တာကိုး…ဝမ်းသာပါ၏..
    သဘောင်္ပေါ်ကဆင်းခဲ့တော့ဗျာ..ဆုပေးပွဲတက်ဖို့…

  • ဦးကျောက်ခဲ

    July 11, 2013 at 10:06 am

    ကိုရင်စည်ရေ ကွန်ဂရက်ကျူလေးရှင်းပါဗျို့…
    လက်ခုပ်တီးပြီး အားပေးသွားတယ်… ဗရာဗို… :mrgreen:

Leave a Reply