နောက်ဆုံး အမှား…။

black chawJanuary 6, 20151min39917

စာကြမ်းပိုး ဆိုတဲ့ အဖွဲ့လေးကို ကျွန်တော် ဘလက်ချော နဲ့ ညီငယ် အလင်းဆက်တို့ ၂ ယောက် ဆွေးနွေးမှုက

စတင်ခဲ့တာပါ။

မန္တလေးဂဇက် ဆိုတဲ့ ရွာထဲမှာ လိုအပ်မယ်ထင်တဲ့ ကွက်လပ်လေးတွေကို စာကြမ်းပိုးကလောင် နဲ့

ဖြည့်ဆည်းသွားကြမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။

၂ ယောက်တည်း နဲ့ ခရီးမရောက်နိုင်ဘူးဆိုတာ တွက်မိလို့ နောက်လူတွေ ထပ် ဖြည့်ခဲ့ပါတယ်။

တတိယ စာကြမ်းပိုး အဖွဲ့ဝင်က ခင်ဇော် လို့ လူကြောက်များ…တဲ့ ခိုင်ဇာ ပဲ ဖြစ်ပါတယ်။

စတုတ္ထ စာကြမ်းပိုး အဖွဲ့ဝင် အဖြစ် ရောက်ရှိလာသူကတော့ ကိုပါကြီးခေါ် ကိုပါလေရာ ပါ။

ပဉ္စမ စာကြမ်းပိုး အဖွဲ့ဝင် ကတော့ ဂီဂီ ခေါ် ညီငယ် အင်ဇာဂီ ဖြစ်ပါတယ်။

ကျွန်တော်တို့ အဖွဲ့က တစ်လအတွင်း တင်တဲ့ ပို့စ်တွေထဲက ကောင်းနိုးရာရာ ပို့စ်လေးတွေကို

ရွေးထုတ်လို့ ဖတ်ညွှန်း ပို့စ်လေး တင်ဖို့ စီစဉ်ကြတာပါ။

စု၊ တု၊ ပြု ဆိုတဲ့ စကားအတိုင်း ပထမ အစကာလ တွေမှာ မဟေသီမဂ္ဂဇင်းမှာ ရေးခဲ့ဖူးတဲ့

စာအိုး ဆိုတဲ့ ကလောင်ပုံစံကို အတုခိုးရေးကြဖို့ ကျွန်တော်က တင်ပြခဲ့ပါတယ်။

ပုံစံလေး တင်ပြချင်တာနဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် မှာ မဟေသီ မဂ္ဂဇင်း အဟောင်းတွေ

ထဲက စာအိုး ရဲ့ စာမျက်နှာတွေကို ဓါတ်ပုံရိုက်ယူပြီး စင်္ကာပူ မှာ ရှိတဲ့ ခိုင်ဇာ့အတွက် FB က ပို့ပေးခဲ့ကြပါတယ်။

ကိုပါကြီး နဲ့ အလင်းဆက်ကတော့ အပြင်မှာတွေ့ပြီး တော့ စာမူအရေးအသား ပုံစံလေးတွေ ပြခဲ့ပါတယ်။

အားလုံး သဘောတူညီချက် ရတဲ့ အခါ မေလအတွင်းတင်ခဲ့တဲ့ ပို့စ်တွေထဲက ကောင်းနိုးရာရာ လေးတွေ

ရွေးထုတ်ပြီး အလင်းဆက် ဖွင့်ပေးတဲ့ စာဂျပိုး ဂရု(ပ်) ထဲကို ရှဲ ကြပါတယ်။

အဲဒီ အောက်ကမှ ကွန်းမန့်လေး တွေ ရေးကြပေါ့။

အစပိုင်းလတွေကို ကျွန်တော် ဘလက်ချောက ရေးဖို့ တာဝန်ယူလိုက်ပါတယ်။

ရွာအတွက်  စာကြမ်းပိုး အကောင့်ကိုလည်း ခိုင်ဇာက တာဝန်ယူ ဖွင့်ပေးပါတယ်။

စာမူပြီးတဲ့ အခါ စာကြမ်းပိုး FB Gropu ထဲမှာ တင်ပြီး အဖွဲ့ဝင် အားလုံး အက်ဒစ်လုပ်ကြပါတယ်။

အိုကေပြီဆိုတော့မှ ပို့စ် တင်သူလက်ကို ပို့စ်ကိုအပ်ပါတယ်။

ဒါ စာကြမ်းပိုး အဖွဲ့ရဲ့ Work Flow ပါပဲ။

ပထမဆုံး စာကြမ်းပိုး ပို့စ်ကို 19, 7, 2014 မှာ စတင်ခဲ့ပါတယ်။

ကျွန်တော်တို့ ရွာထဲမှာ

ကျွန်တော်တို့ ရွာထဲမှာ (May 2014)

ပို့စ် ရဲ့ အက်ဒစ်ပိုင်းကိုတော့ အလင်းဆက်က တာဝန်ယူခဲ့ပါတယ်။

ပို့စ်ရဲ့ ခေါင်းစဉ်ကို ရွေးတဲ့အခါ ပထမစဉ်းစားမိတာက ကျွန်တော်တို့ ရွာထဲမှာဗျာ ဆိုတာပါပဲ။

လောကကြီးမှာ ဗျာ ဆိုတဲ့ ငွေကြည်ရဲ့ သရော်တဲ့ ကာတွန်းတွေ ရဲ့ image က လွတ်အောင်

ကျွန်တော်တို့ ရွာထဲမှာ လို့ နာမည်ပေးဖြစ်ပါတယ်။

ပို့စ် တင်ပြီး တစ်ပတ်လောက်ကြာတော့ ညီငယ် တစ်ယောက်က ဖုန်းဆက်လာပါတယ်။

ဘယ်လိုပဲ ခိုးကြောင်ခိုးဝှက်လုပ်လုပ် ဘလက်ချောကြီး ခြေရာလက်ရာတွေ ပါမယ်လို့

ခန့်မှန်းမိလို့ ဖုန်းဆက်တာပါတဲ့။

ပြီးတော့ ဦးဘလက်တို့ အနေနဲ့ ကလောင်ပုန်းတွေ မလုပ်သင့်ဘူးလို့လည်း ကန့်ကွက်လာပါတယ်။

သူများတွေ ကလောင်ပုန်းလုပ်တော့ ခွင့်မပြုခဲ့ပဲ ဦးဘလက်တို့ ကလောင်ပုန်း လုပ်တာကိုခွင့်ပြုလိုက်ရင်

မတရားရာ ကျသွားမယ်နော်လို့လည်း အကြံပေးပြန်ပါတယ်။

အဲဒါနဲ့ အဖွဲ့သားတွေ တိုင်ပင်ပြီး သူကြီးကိုတော့ အသိပေးထားမှ ဖြစ်မယ်ဆိုပြီး သူကြီးကို အသိပေးပါတယ်။

စာကြမ်းပိုး ဟာ ကလောင်ပုန်းတော့ ကလောင်ပုန်းပါပဲ။ ဒါပေမယ့် သောက်မြင်ကတ်တဲ့လူတွေကို တိုက်ခိုက်ဖို့

ပေါ်ပေါက်လာတဲ့ ကလောင်တစ်ချောင်းမဟုတ်ပါဘူး။

ရွာ့ကောင်းရာကောင်းကျိုး ဆောင်ရွက်ဖို့ ပေါ်ပေါက်လာတာပါ။

စာကြမ်းပိုးကလောင်ဟာ ဖတ်ညွှန်းဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်း အောက်မှာ အသေမခံချင်တာနဲ့

ဒုတိယ တစ်ပုဒ်ကို စကားဝိုင်း ပုံစံလေး ဖန်တီးကြဖို့ တိုင်ပင်ဆုံးဖြတ်ကြပါတယ်။

လောလော ဆယ် ရေပန်းစားနေတဲ့ အကြောင်းအရာတစ်ခုကို တည်ပြီး စကားဝိုင်းပုံစံ ဆွေးနွေးကြ

တဲ့ သဘောပါ။

အဲဒီ အချိန်က အောင်ရင်ငြိမ်း အရမ်းခေတ်စားနေတော့ အောင်ရင်ငြိမ်း နဲ့ ပတ်သက်တာကို

စကားဝိုင်းဖွဲ့ ဆွေးနွေးကြည့်ကြတဲ့ သဘောပါ။

စာကြမ်းပိုးတို့ ရဲ့ အပြာရောင် စကားဝိုင်း

စာကြမ်းပိုးတို့ ရဲ့ အပြာရောင် စကားဝိုင်း

 

အဲဒီပို့စ်ထဲမှာ

အောင်ရင်ငြိမ်းရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “ဆိုက်ကိုးဆစ်တစ်ယောက်ရဲ့ နောက်ဆုံးအနုပညာ”

ဆိုတဲ့ စာအုပ်ကို ဆရာဖြိုးထိန် ဝေဖန်ထားတဲ့ ဆောင်းပါးလေး ကိုပါ ဆရာဖြိုးထိန်းထံမှာ ခွင့်တောင်းပြီး

စကားဝိုင်းထဲမှာ ဖေါ်ပြနိုင်ခဲ့ပါတယ်။

အောင်ရင်ငြိမ်း ကို လည်း သူနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ရွာထဲမှာ စကားဝိုင်းဖွဲ့ဖြစ်တယ်ဆိုတာလေး

အသိပေးခဲ့ပါတယ်။

စာကြမ်းပိုးတို့ရဲ့ ဒုတိယ ပို့စ်ဟာ ဂုဏ်ထူးမှတ်လောက် ရခဲ့တယ်လို့ သုံးသပ်ရပါတယ်။

ဆိုတော့ စာကြမ်းပိုးတွေ ဟာ တစ်လကို ၂ ပုဒ် ရေးကြမယ်လို့ တိုင်ပင်ဆုံးဖြတ်ခဲ့ကြတာပါ။

လဆန်းရက်မှာ ဖတ်ညွှန်းပို့စ် လလယ်လောက်မှာ စကားဝိုင်းပို့စ် စသည်ဖြင့်ပေါ့။

နောက်လမှာလည်း ဖတ်ညွှန်းပို့စ် ဖြစ်တဲ့

ကျွန်တော်တို့ ရွာထဲမှာ ( June 2014)

ကျွန်တော်တို့ ရွာထဲမှာ ( June 2014)

ကို 2-8-2014 မှာ တင်နိုင်ခဲ့ပါတယ်။

ဒီပို့စ်က စလို့ ကဗျာတွေကို တာဝန်ယူမှတ်ချက်ပေးဖို့ ကိုနေဝန်းနီ ပါလာခဲ့ပါပြီ။

ဒီပို့စ်မှာတော့ အယ်ဒီတာ လူကြီးမင်းရဲ့ Editor’s Choice ချီးမြင့်ခြင်း ခံခဲ့ရပါတယ်ဗျာ။

စာကြမ်းပိုးတို့ရဲ့ စတုတ္ထ ပို့စ် နဲ့ ပဉ္စမ ပို့စ် တွေကတော့ အင်ဇာဂီ တစ်ကိုယ်တော်ရေးတဲ့

ကမ္ဘာ့ဖလား ပို့စ်လေးတွေပါ။

တစ်ယောက်တည်းရေးပေမယ့် စာကြမ်းပိုးကလောင်အောက်က ရေးပေးခဲ့တဲ့

ညီငယ်အင်ဇာဂီကိုလည်း ဒီနေရာက ကျေးဇူးအထူးတင်ကြောင်း မှတ်မှတ်ရရ ပြောခဲ့ပါရစေ။

ဒီလ ရဲ့ စကားဝိုင်း ပို့စ် အဖြစ် ဓါတ်ကြိုးတွေ ခဏခဏ ပြတ်ကျလို့ သေနေရတဲ့

မြန်မာပြည်သူပြည်သားတွေရဲ့ ဒုက္ခကို ဟိုက်လိုက် လုပ်ချင်တာနဲ့

ကျွန်တော်တို့ နှင့် လျှပ်စစ် မိုးပျံ မိုင်းဗုံးများ…။ (စကားဝိုင်း)

ကျွန်တော်တို့ နှင့် လျှပ်စစ် မိုးပျံ မိုင်းဗုံးများ…။ (စကားဝိုင်း)

ဆိုတဲ့ပို့စ်ကို တင်ဖြစ်ပါတယ်။

ဒီပို့စ် မှာတော့ ဧည့်သည် ဆွေးနွေးသူတွေ အဖြစ် ကိုစွယ်တော်ရွက် နဲ့ ကိုထူးဆန်းတို့ ကပါ

ပါဝင်ဆွေနွေးခဲ့ပါတယ်ဗျာ။

သတ္တမ ပို့စ် ဖြစ်တဲ့ ဖတ်ညွှန်းပို့စ်

ကျွန်တော်တို့ ရွာထဲမှာ (July’ 2014)

ကျွန်တော်တို့ ရွာထဲမှာ (July’ 2014)…။

ကိုတော့ 5-8-2014 မှာ တင်နိုင်ခဲ့ပါတယ်။

ကျွန်တော် တို့ ဖြတ်သန်းခဲ့တဲ့ ကာလတိုလေးအတွင်းမှာ လုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့

ဘယ်တော့မှ နောင်တ ရစိတ်မဝင်မိပါ။

အဲဒီပို့စ် တင်ပြီးတဲ့ နောက် စက်တင်ဘာလ ၁ ရက်နေ့မှာ ကျွန်တော် အလုပ်ဝင်ဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါဟာလည်း ကျွန်တော်နဲ့ နီးစပ်သူတိုင်း သိကြပြီးဖြစ်ပါတယ်။

ကုမ္ပဏီ ဝန်ထမ်းတစ်ယောက် အနေနဲ့ စာကြမ်းပိုး ပို့စ်မျိုးတွေကို ဖန်တီး ဖို့ ခက်ခဲမယ်ဆိုတာက

ဖန်တီးဖူးသူမှသာ သိမှာပါ။

ဘယ်လောက်ပဲ လုပ်ချင်ကိုင်ချင်စိတ် ရှိနေပါစေ။

ကျွန်တော် ရွာဘက် လုံးဝ လှည့်မကြည့်နိုင်တော့ပါဘူး။

ဒါပေမယ့် စာကြမ်းပိုး ပို့စ်လေးတွေ ပြီးခဲ့တဲ့ လကအထိ ဆက်တက်နေခဲ့တာ အားလုံးအသိပါ။

အဲဒီ စာကြမ်းပိုး ပို့စ်လေးတွေ ဟာ ကျွန်တော်တို့ အလွယ်တကူဖန်တီးခဲ့ကြတာတော့မဟုတ်ပါ။

ကြိုးပမ်းအားထုတ်မှု ပါတယ်ဆိုတာ ပို့စ်တွေကို ကြည့်ရင်သိနိုင်ပါတယ်ဗျ။

စကားဝိုင်းဆိုလည်း စကားဝိုင်းမို့။

ဖတ်ညွှန်းဆိုလည်း ဖတ်ညွှန်းမို့။

စေတနာ  ပါခဲ့တယ်ဆိုတာ  မမြင်နိုင်ဘူးဆိုရင်တော့လည်း ဘာတတ်နိုင်မှာလဲဗျာ။

အဲဒီ စာကြမ်းပိုး ပို့စ်လေးတွေကို ကျွန်တော် တာဝန်ယူပြီး ဆက်မရေးနိုင်တာဟာလည်း

သူများသားသမီး စော်ကားပြီး တာဝန်မယူတဲ့ အမှုမျိုးမဟုတ်ပါဘူးဗျ။

ဝမ်းရေးအတွက် အလုပ် လုပ်ရမှာမို့ ဆိုတာ သိသိကြီးနဲ့ မချွတ်ချင်စမ်းပါနဲ့။

၃ လ လောက် ရေးခဲ့တဲ့ စာကြမ်းပိုး ပို့စ်တွေထဲမှာ ဘယ်လိုအဆိပ်အတောက်တွေများပါ ခဲ့ပါသလဲ။

ကျွန်တော် တို့ လစာယူပြီး ဒီနေရာမှာ စာလာရေးနေကြတာမဟုတ်ပါ။

ရနိုင်သလောက် အချိန်ထဲက အဖြစ်နိုင်ဆုံးအချိန်ကို ဆွဲထုတ်ပြီး ရေးနေကြတာပါ။

ဘာဖြစ်လို့ နားလည်မပေးနိုင်ရပါသလဲ။

ခင်ဗျား မအားရင် ကျွန်တော် ဝင်ကူလိုက်မယ်ဆိုတဲ့ စိတ်ကလေး မွေးစမ်းပါ။

ဆိုးကွက်ကို မီးမောင်းထိုး
ကောင်းကွက်ကို အမှောင်ချတတ်တဲ့ အကျင့်တွေ ပြင်စမ်းပါ။

လုပ်ချင်ကိုင်ချင်စိတ် ကုန်အောင် မလုပ်စမ်းပါနဲ့။

ကျွန်တော့်အနေနဲ့ကတော့ အယ်ဒီတာ ဖြစ်သူ သူကြီးမင်းက

ကိုရင်ဘလက်ချောရေ

ခင်ဗျား ရေးတာတွေ ကျွန်တော်တို့ လက်မခံတော့ပါဘူးလို့

မပြောသရွေ့ ရေးနေဦးမှာပါပဲ။

ကဲ…ပြောချင်တာတွေ ပြောပြီး သကာလ

ပို့စ်ကို အဆုံးသတ်ခွင့်ပြုပါ။

စာကြမ်းပိုး အဖွဲ့ နဲ့ ပတ်သက်လို့ ကျွန်တော်ကပဲ အစပြုခဲ့တာမို့ ကျွန်တော်ကပဲ

ဒီပို့စ်လေးနဲ့ အဆုံးသတ်ပေးလိုက်တာပါ။

ကျွန်တော့် စာကြမ်းပိုး အဖွဲ့ ခရီးလမ်းမှာ

ပါဝင်လက်တွဲကူညီပေးခဲ့ကြတဲ့…

ကိုပါလေရာ

ကိုနေဝန်းနီ

ကိုအင်ဇာဂီ

မခိုင်ဇာ

ကိုအလင်းဆက်

တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့

ဘလက်ချော အနေနဲ့ အမှားအယွင်းတစ်စုံတစ်ရာ ကျူးလွန်မိခဲ့တယ်ဆိုရင်

ခွင့်မလွှတ်ကြ ဖို့ အကြောင်း…(ဟေးဟေး ခွင့်လွှတ်ပါလို့ ပြောတာကြီးက ရိုးနေလို့ပါ)

လူသိရှင်ကြား တောင်းပန်အပ်ပါသည်ခင်ဗျား။

စာကြမ်းပိုး အမှု ဒီမှာတင် တစ်ခန်းရပ်…။

ဒါက ဘလက်ချော ရဲ့ နောက်ဆုံးသော အမှားပါ။

ချစ်ခင်လေးစားတဲ့

ဘလက်ချော။

 

အထူးမှတ်ချက်။               ။ စာကြမ်းပိုးနဲ့ ပတ်သက်လို့ ဘလက်ချောအပေါ် အမြင်မကြည်ကြသူများကိုသာ

ရည်ရွယ်ပါသည်။

 

 

 

 

 

 

 

 

17 comments

  • Maung Thura

    January 6, 2015 at 3:47 pm

    ဘယ်သူ ဘာပဲ ပြောပြောဗျာ..
    ရလဒ် ”ခွက်”ထဲမှာ.. ”တစ်ဝက်ပြည့်နေတဲ့အဖြစ်”ကိုပဲ.. ကြည့်ရအောင်…
    စပဲ စတတ်ပြီး မဆုံးတတ်ကြ… စသည်ဖြင့်… ဘေးထိုင်ကြ ဘုပြောကြ..ဆိုတဲ့ ပုံစံနဲ့…
    ကျနော်တို့..မနေခဲ့ဘူး … ။
    လုပ်နိုင်သလောက်…
    လုပ်စွမ်းသလောက် လုပ်ခဲ့တယ်..
    လုပ်ခဲ့သမျှကို ပြန်ကြည့်တော့လည်း.. သူ့ အတိုင်းအတာနဲ့သူ..ကျေနပ်စရာ ရှိတယ်ဆိုပါစို့…

    ကျနော်တို့.. စာဂျပိုးများ… အောင်မြင်ခဲ့ပါတယ်။
    ———-

    စာဂျပိုးအဖွဲ့ထဲမှာ… ဖုန်တထောင်းထောင်းထအောင်…ဝင် လမ်းလျှောက်မိတဲ့ ကာလတလျှောက်…
    ကျနော်….
    လေးဘလက်တို့ အပေါ်… ပြောမှား ဆိုမှားရှိခဲ့ရင်လည်း…
    ဒါမှမဟုတ်… နားလည်မှုလွဲစရာတွေ ရှိခဲ့ရင်ပေါ့လေ…

    ခွင့်မလွှတ်ကြပါနဲ့..

    (လေးဘလက်ပြောသလိုပဲ.. ခွှင့်လွှတ်ပါဆိုတာကြီးက.. ရိုးလို့… )
    :k:
    ————

    တလက်စတည်း… ဒီပိုစ့်က လူစုံ ဝင်မယ့်ပိုစ့်လို့ ထင်တာကြောင့်…
    သတင်းတစ်ခု ပါးခဲ့ပါဦးမယ်.. ။

    မကြာခင်… သုတ/ရသပိုင်းဆိုင်ရာ ပရိုလို့ သတ်မှတ်ရမယ့် ရွာသူားတွေကို ရတတ်သလောက် လိုက်စုစည်းပြီး.. အဖွဲ့တစ်ခုဖွဲ့ဖို့…
    (ဖတ်ရွေးသဘောမျိုး … ရွာထဲက စာရေးသူတွေကို အသိအမှတ်ပြု အမှတ်တရလက်ဆောင်လေးတွေ လုပ်ဖို့အဖွဲ့ပါ)

    အဲဒီအဖွဲ့လေး.. စီစဉ်နေတာကို….
    ရပ်ဆိုင်းလိုက်ပြီဖြစ်ပါကြောင်းးး

    ရှေ့လျှောက်…
    ကိုယ့်ထမင်းကိုယ်စားပြီး.. ကလော်အတုတ် ခံရတာ နားကလစ်ကလစ်ဖြစ်လာလို့… ။

    :k:

    • မြစပဲရိုး

      January 7, 2015 at 3:16 am

      Maung Thura says:
      ရလဒ် ”ခွက်”ထဲမှာ.. ”တစ်ဝက်ပြည့်နေတဲ့အဖြစ်”ကိုပဲ.. ကြည့်ရအောင်…

      ဒီ အကြောင်း ကို ကို သူကြီး မင်း လဲ ရေခွက်ပုံ ကြီး ထိုးထိုး ပြပြီး ပြောနေကျ။

      အဲဒီ ရေခွက် နဲ့ ပါတ်သက်ပြီး အကောင်းမြင်၊ အဆိုးမြင် တွေ ကို ဟားထားတာ ကို ဟိုတလောက မှ တွေ့မိတယ်။ တကဲ့ ဟာသဘဲ။
      ဒါပေမဲ့ ဟုတ်နေတာဘဲ။ lol:-))))

      Dear optimists, pessimists, and realists,
      While you were all arguing over the glass of water, I just drank it.
      Sincerely, an opportunist.

      အနဲ ဆုံးတော့ ၁၃ ပွိုင့် ရပဟေ့။
      😉

      • Maung Thura

        January 7, 2015 at 10:55 am

        တစ်ဝက်ပြည့်ခြင်း တစ်ဝက်ထဲရှိခြင်း(အဆိုးမြင်နဲ့ အကောင်းမြင်)နဲ့ ပတ်သတ်ပြီး နိုင်ငံခြားဟာသတစ်ခုလည်း ဖတ်ဖူးပါရဲ့ဗျားးး။


        အဆိုးမြင်သမားတစ်ယောက်က ကြိုးဆွဲချပြီး သေဖို့ပြင်နေရာကနေ ပြောတယ်
        ”ငါက သေချင်လို့ ကြိုး ဆွဲချတာ. . .ဒီကြိုးများ ပျက်ကျသွားရင် ဒုက္ခပဲဗျာ” တဲ့။

        ဒီတော့ . . . အကောင်းမြင်သမားက ဝင်ပြောတယ်
        ” မပူပါနဲ့ဗျာ. . .တကယ်လို့ အဲ့ဒီကြိုး ပြတ်သွားရင် နောက်ထပ် ကြိုးအသစ်တစ်ချောင်း ကျနော် ပေးပါ့မယ်”တဲ့။
        ——-
        :k:

        နောက်တစ်ခုလည်း ရှိသေးတယ်
        အာ့တော့ နောက်မှ အကျယ်ပြောတော့မယ် ဂွစ်ဂွစ်

        တခါတခါကျတော့လည်း
        ကိုယ်ကကောင်းမယ်ထင်ရာလေး လုပ်တယ်
        လုပ်သမျှကို ကလော်တုတ်ဖို့ စောင့်ကြည့်နေတဲ့ကြားမှာ
        ဘာလုပ်လုပ် ဆဲသံဆိုသံ ပြစ်တင်ကြိမ်းမောင်းသံတွေ ကြားနေရတော့လည်း
        တစ်ဝက်ထဲ ရှိတဲ့ ရေကိုတောင် တစ်ဝက်ကြီးများတောင် ရှိပါလားဟ ဆိုပြီး ကြံဖန် ဖြေသိမ့်ရတာပေါ့။

        အမှန်တော့ အဲ့ဒီ ခွက်ထဲက ရေ
        တစ်ဝက်ဖြစ်ဖြစ်
        တစ်ခွက်အပြည့်ဖြစ်ဖြစ် ယူဆချက်က
        အရေးမကြီးပါဘူး။
        အမောပြေစကားးလေးးး
        အသိအမှတ်ပြုစကားလေး
        နားလည်မှုလေးးးးး
        တနည်းအားဖြင့် အဲ့ဒီ ခွက်ထဲက ရေလေးကို အမောပြေတိုက်မယ့် ကမ်းလက်ပေါ့. . .
        အဲ့ဒါလေး ပိုလိုအပ်တာ. . .

        မရတော့လည်း ကိုယ့်ဘာသာ ကြံဖန် ဖြေသိမ့်ရတာပဲလေ. . .

        စကား ဇွတ်စပ်. . .
        ကျနော် အခုတလော ကြိုက်နေတဲ့စာသားတစ်ခုက. . .

        ” အပုပ်နံ့ကို ခံနေတာဟာ လင်းတ ဆန်ပါတယ်”
        (တာရာမင်းဝေ/ယန္တရားအရေခွံနဲ့လူ စာအုပ်မှ)

        :kwi:

  • kai

    January 6, 2015 at 4:07 pm

    ၅၀။ န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
    အတ္တနောဝ အဝေက္ခယျ၊ ကတာနိ အကတာနိ စ။

    ၅၀။ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှုမကောင်းမှု ပြုမပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှုမကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။

    50. Do not look at the faults of others, or what others have done or not done. One should rather think what by oneself has done or not done.

    ပုပ္ဖဝဂ်၊ ဓမ္မပဒ ပါဠိ၊ ခုဒ္ဒက နိကာယ
    =
    အဲ့..အပေါ်ကတရားက.. ဘုရားဟောဗျ..။
    ဆိုတော့…
    ဂရုများစိုက်လို့..။
    ရှေ့သို့သာဆက်ချီစေချင်…။ :k:

  • aye.kk

    January 6, 2015 at 5:31 pm

    စေတနာဆိုတာ
    ဗလာမဟုတ်ပါဘူး
    စာပေသမားဆိုတာ
    ဝေဖန်မှုတွေအပေါ်အကဲ့ရဲ ့
    ခံနိုင်လို ့သာ၊ကိုယ့်ထမင်းကိုယ်စားပြီး
    သိပါစေဆိုတဲ့၊စိတ်စေတနာနဲ ့ရေးသားနေကြတာပါ။။

    • black chaw

      January 6, 2015 at 5:41 pm

      @ aye.kk ;
      ဖန်တီးတဲ့ စာပေကို ဝေဖန်ပေါ့ဗျာ။
      ဘယ့်နှယ့် လူကို တရားခံတစ်ယောက်လို
      ကြုံတိုင်း ခလုတ်တိုက်နေတာတော့ သိတ်မဟုတ်တော့လို့
      လူသိရှင်ကြား ဖြေရှင်းချက်ရေးရတာပါ အစ်မတော်။

  • မြစပဲရိုး

    January 7, 2015 at 3:03 am

    ဟေ့ ဒမယ် ကိုကိုမောင်မောင်ဘလက်ချော
    . ခွေးမလွှတ်စေချင်ရင် ကြောင် လွှတ် လိုက်မဟေ့။
    အစာလေးတော့ ကျွေးလိုက်ဦး။

    ကျုပ် မောင် ရဲ့ စာ ကို သုံးခေါက်လောက်ဖတ်ပါတယ်။
    ဒီ အပြောလေးကို မဖတ်ရတာ ကြာလို့။
    လွမ်းလို့ပါ။

    အလုပ်များ လို့ တာဝန် မယူနိုင်တော့တာ ကို နားလည်ပါတယ်။
    ခွင့်မလွှတ် နဲ့ ဆိုလဲ။
    လွှတ်မှာဘဲ။
    ဘာလို့လဲ ဆိုတော့ ကိုယ်ချင်းစာလို့ပါ။

    ရွာထဲ ဝင်မိရင်ပြန်မထွက် နိုင်တာ သိတာမို့ နဲနဲ အချိန်ပေးမှ ဖြစ်တာမို့ အချိန် ရဲ့ ကတောက်ကဆ ဖြစ်ပြီ ဆို အတော်လေး ထိန်းရပါတယ်။
    အခုတောင် ကင်းကောင်လေး မွေးနေ့ ဆုတောင်းပြီး ပြန်ထွက် မယ် တွေးလဲ ကျန်တာ တွေ ပါ ဖတ်ဖတ်ပြီး ပိုး ဝင်နေရောလေ။

    ပြီးခဲ့တဲ့ ခရစ်စမတ်ပိတ်ရက်မှာ စကယ်ဂျူး တွေ အောက်သည် အထိ ရွာ ကို ချစ်ပါတယ်။
    ဒါပေမဲ့ ကိုယ့် ဘဝ အတွက် တစ်ခြားဟာ တွေ လဲ လုပ်ရချိန် စိတ်သွားချင်တိုင်း လက်မပါ နိုင်တာ အားလုံး က နားလည် ခံစား နိုင်ပါတယ် ကဘချော ရယ်။

    ဘဝ မှာ တစ်ခုခု စမိရင် တစ်သက်လုံး လုပ်ရ မယ် လို့ စည်းမျဉ်း မရှိပါလေ။
    ဒီလိုဘဲ အချိန်အခါ လိုက်ပြီး ပြောင်းသင့်လဲ ပြောင်း၊ ရပ်သင့်လဲ ရပ်၊ တစ်က ပြန်စ လဲ စ ကြရတာပါဘဲ။

    စိတ်ထဲ ဘာမှ မထားပါနဲ့။
    အားချိန်လေး ရွာထဲ ခဏလေး ဝင် အသံလေး ပေးရင် ကို ဟုတ်လှ ပါပြီ။
    ရွာ ကို ပစ် မထား ရင် ပြီးတာပါဘဲလေ။

    ပုံ
    . နှစ်ထပ်ကွမ်း အစ်မတော်
    :))

  • kyeemite

    January 7, 2015 at 8:50 am

    .♫♪♫ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ်..♫♪♫ကျွန်တော်တို့ရပ်ကွက် ထဲမှာဒီလိုပဲ♫♪♫ :k:

  • manawphyulay

    January 7, 2015 at 9:17 am

    ဒါဆို ဦးဦးဘလက် အမြင်ကြည်သူတွေ မပါဘူးပေါ့နော် ဟုတ်လား… :mrgreen:

    • black chaw

      January 7, 2015 at 10:55 am

      @ manawphyulay ;
      အမြင်ကြည်သူတွေရယ်လို့ မဟုတ်ပါဘူးဗျာ။
      ကိစ္စ တစ်ခုကို ရှုမြင်တဲ့အခါ
      လူဆယ်ယောက်မှာ ဆယ်ယောက်စလုံးထပ်တူညီမှု ရှိဖို့ဆိုတာ
      မဖြစ်နိုင်ပါဘူး။
      မြင်လို့ ပြောတာကိုလည်း အပြောခံနိုင်ပါတယ်။
      သို့သော် ပြောသင့်တဲ့ နေရာ၊
      မပြောသင့်တဲ့ နေရာ၊
      ခွဲခြားနိုင်စွမ်းတော့ ရှိရမှာပေါ့။
      လူပြိန်းပြောပြောရရင် အလိုက်ကမ်းဆိုး သိဖို့ လိုတာပေါ့။
      နောက် တချို့က ဒုံးသိတ်ဝေးလွန်းတယ်။
      ကိစ္စတစ်ခုကို ခဏခဏ ရှင်းပြတာတောင် မလုံလောက်ဘူး။
      လူ စည်စည် စည်စည် ဆို အစဆွဲ…ဆွဲထုတ်လာတတ်ကြတယ်။
      လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေရမယ့်အချိန်မှာ
      တရားခံတစ်ယောက်လို စွတ်စွဲ ပြောဆိုမှုတွေကို စိတ်ကုန်လို့ ဗျာ။
      အလိုက်ကမ်းဆိုး မသိသူတွေကို ရည်ရွယ်ပါတယ်ဗျာ။
      ရူးချင်ယောင်ဆောင်သူတွေလည်း ပါတာပေါ့။
      စကားအတင်းစပ်…
      ဟန်းနီးမွန်းခရီးက ပြန်ရောက်ကြပြီလား…။
      ချစ်ခင်လေးစားတဲ့ ဦးဦးဘလက်…။

      • manawphyulay

        January 7, 2015 at 2:02 pm

        ဦးဦးဘလက်ရဲ့ ပို့သသော မေတ္တာကြောင့် ချောချောမောမောနဲ့ ပြန်ရောက်ပြီး လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေပါပြီရှင်….. :mrgreen:

  • Mr. MarGa

    January 7, 2015 at 3:29 pm

    ဟေ့လူရီးးး
    အဆုံးသတ်က မြန်လွန်းတယ်
    ဘယ်နှယ့် ကောင်းပြီကောင်းရဲ့ ဖတ်လာပြီးမှ ဝရုန်းသုန်းကား အဆုံးသတ်ပစ်ရသလား
    နောက်ဆုံးအမှားလို့လည်း ပြောလို့မရသေးဘူး
    ဆက် သွားရမယ့် သက်တမ်းတစ်လျှောက်လုံး အမှားကင်းဖို့ ဖြစ်နိုင်မလား
    ဘယ့်နှယ့်ဗျာ
    အမှားလုပ်မှ အမှန်သိမှာပေါ့
    ဟုတ်ဖူးလား
    :a:

  • CharTooLan

    January 7, 2015 at 4:41 pm

    အဟက် ဂျပိုးကြီးနဲ့ ဂျပိုးလေးတွေပေါ့ 😛

  • pooch

    January 7, 2015 at 11:56 pm

    ကိုဘလက်​
    ကိုယ်​စိုက်​တာ ကိုယ်​ရိတ်​ရမှာပဲ​လေ
    ကိုယ်​ဘာလုပ်​လဲ ကိုယ်​သိဖို့ပဲလိုတယ်​

    ​ပြောတတ်​တဲ့သူက ​ပြောရမှာ​နေ​ပျော်​မှာဆို​တော့ ​ပြော​နေမှာပဲ
    အလုပ်​ပျက်​တယ်​ အာရုံ​နောက်​တယ်​

    မကြားချင်​​ယောင်​သာ​ဆောင်​​နေလိုက်​
    သူလည်​း​ပြောချင်​ရာ​ပြော
    ကိုယ်​လည်​းလုပ်​ချင်​ရာလုပ်​​ရေးချင်​တာ​ရေး

    အ​နော်​ဆို
    ရွာလည်​းဝင်​ချင်​ဝင်​တယ်​ မဝင်​ချင်​မဝင်​ဘူး

    အားချင်​လည်​းအားမယ်​ မအားချင်​လည်​းမအားဘူး
    ထမင်​းစားဖို့ ​နေ ဖို့ ​သေဖို့ ရှာရ​သေးတယ်​
    လူမှု​ရေးလည်​းရှိ​သေးတယ်​

    ဘယ်​သူ​တွေက ဘာစာချုပ်​နဲ့လာချုပ်​ထားလို့လဲ

    စိတ်၏​ဖြေရာစိတ်​၏ထွက်​​ပေါက်​ အ​နေနဲ့လာကြတာ
    စာလည်​း ဖတ်​ချင်​တာ​ရွေးဖတ်​တယ်​ ကွန်​းမန်​့လည်​း ​စိတ်​ပါမှ​ပေးတယ်​
    စာလည်​း​ရေးချင်​​ရေးမယ်​ မ​ရေးချင်​မ​ရေးဘူး
    ဘာဖြစ်​တုန်​း

    ဟီး :mrgreenn:

    ခုတ​လောကြိုက်​မိ​နေတာ​လေး

    ​နေက​ပေးတဲ့အသိ
    နီးလွန်​းရင်​ပူ​လောင်​တယ်​
    ​ဝေးလွန်​းရင်​ အ​နွေးဓာတ်​မရပြန်​ဘူး
    မနီးမ​ဝေးပဲ​ကောင်​းတယ်​
    အဲ့ဒါ​လောကဆက်​ဆံ​ရေးတဲ့

  • Shwe Ei

    January 8, 2015 at 1:26 pm

    ..ဟိုး.ရှေးရှေးတုန်းက…နွားစီးတဲ့ သားအဖ…ခရီးထွက်တဲ့အခါတူတူနွားစီးလို့သွား..
    ..အားလုံးဝိုင်းပြောကြ…နွားကြီးတော့ သနားစရာ..သတ္တဝါချင်းချင်း မညင်းဆဲသင့်ပါ
    ..ဒီလိုဆို ငါ့သား နွားစီးပီးဆက်သွား နောက်ကနေပီး အဖေလိုက်ခဲ့မှာ..
    ..ဒါကိုတောင် အလျှော့မပေး..အပြောကတော့ မလွတ်သေး..မင်းရဲ့အဖေကြီးကို ပေးမစီးဘူးလား….

    :mrgreen:

  • Wow

    January 9, 2015 at 9:31 am

    နောက်ဆုံးအမှားဒဲ့
    မသေမချင်း မှားအူးမာဂိုများ

Leave a Reply