ဦးကျောက်တို့လို ပုထုဇဉ်ဆိုတာ အာသဝေါကုန်ခမ်းနေတဲ့ ရဟန္တာမဟုတ်လေတော့ ချစ်ချင်းတရားနဲ့ ကင်းပြတ်လို့မရဘူးပေါ့ဗျာ။ သွားလေသူ ဦးသုမောင်ကြီးက “အဖိုးကလည်း အဖွားကို ချစ်တယ်ပြောမှာပဲ၊ အဖေကလည်းအမေ့ကို ချစ်တယ် ချစ်တယ်နဲ့၊ ကိုယ်ကလည်း မင်းကို ပြောပါမယ် ချစ်တယ်” လို့ သီဆိုသွားပေမည့်၊ တကယ်တမ်း မျက်နှာချင်းဆိုင် ရည်းစားစကားပြောဖို့ဆိုတာ လွယ်တာမဟုတ်ဘူးခင်ဗျ။ အရိပ်သုံးပါးနားမလည် အထာမသိရင် ကံမကောင်းလို့ကတော့ အနည်းလေး အဟောက်ခံ၊ မတော်မဆ ချစ်ဖျားတက်ပြီး လက်ဆွဲမိလို့ကတော့ ပါးရိုက်ခံရဖို့အထိ အကြောင်းရှိပါတယ်။ ဆရာမင်းလူ ရေးသလို ဟိုးရှေးခေတ်က ကျောက်စာထိုးပြီး မော်ကွန်းတင်မတင် မသေခြာပေမည့်၊ ဒီဘက်ခေတ်မှာတော့ တော်ကီညက်ညက်နဲ့ ဖုန်းဆက်၊ မတ်ဆေ့ချ်ပို့၊ အီးမေးလ်ရေးပြီး နှလုံးသားကို လှစ်ဟပြလို့ရတယ်ဆိုတော့၊ အတော်တိုးတက်လာတဲ့ သဘောကိုဆောင်တယ်ခင်ဗျ။ ဘာတဲ့… ဘုန်းကြီးလူထွက်တောင်၊ အွန်လိုင်းတက်ပြီး ချက်တင်ရိုက်လိုက်တာ ဩဇီသူနဲ့ […]


– – လောကကြီးက ဆန်းကျယ်သားခင်ဗျ၊ ဦးကျောက် အသက်လည်း ၄ဝကျော်ခဲ့ပြီမို့ ကိုယ့်အကြောင်း သူများအကြောင်း စုံနေအောင် မြင်ရကြားခဲ့ရဖူးပါတယ်။ ရတာမလို မလိုတာရတဲ့ သူငယ်ချင်းတွေကိုလည်း မြင်ရကြားရဖန်များလို့ ရိုးနေပြီပေါ့ဗျာ။ အသားမဲတာကြောက်ပါတယ်ဆိုတဲ့ မဒီတွေများ ညားလိုက်ရင် မဲမဲသဲသဲတွေနဲ့ချည်းပဲ၊ အဲသလိုပါပဲ ချောချောဖြောင့်ဖြောင့်မောင်ရင်များလည်း ယူလိုက်ရင် ရွက်ကြမ်းရေကြို။ အဟဲ… ကျောင်းတုန်းက အလွန်ပဲများတဲ့ ဓာတုဗေဒဋ္ဌာနက အလှဘုရင်မ၊ “ဓာတုကလျာ” လို့အမည်တပ်တဲ့ ကလျာကို သူ့ခင်ပွန်းနဲ့တွဲတွေ့လိုက်ရတော့ လန့်တောင်သွားတယ်။ သူတပါးကိုနှိမ်ချပြောတာတော့ မဟုတ်ရပါဘူးဗျာ၊ “ကုသနဲ့ပပ” ဇာတ်ထုပ်ကဖို့ “သရဲလေးအောင်စိန်ဇာတ်”က ဘီလူးမင်းသား ငှါးလာသလားမှတ်ရတယ်ခင်ဗျ။ ဒါပေသည့် “ဓာတုကလျာ”ကတော့ “ကိုကို..” ဆိုတာကို နှုတ်ဖျားကမချ၊ ၅မိနစ်မှာ အလုံး ၃ဝလောက် ရေလဲသုံးတယ်ခင်ဗျ။   ပြောရရင်တော့ဗျာ၊ လူ့စိတ်ဆိုတာ မှန်းရအခက်သား။ ဦးကျောက် […]


                        အခုတလောဗျာ ဦးကျောက်လည်း လူတွေကိုကြည့်ပြီး “ဘဝဆိုတာ ရွေးချယ်ပိုင်ခွင့်လား၊ တင်ကြိုပြဋ္ဌာန်းထားတာလား”ဆိုတာ ကြီးကြီးကျယ်ကျယ် အတွေးနယ်ချဲ့မိလေရဲ့။ အနီးစပ်ဆုံး ကိုယ့်ဘဝကိုယ်ဆင်ခြင်သုံးသပ်မိတော့လည်း အချိုးအကွေ့ အနိမ့်အမြင့် မမျှော်လင့်တာတွေဖြစ်ခဲ့ပေါင်းများလွန်းလို့ လိုက်မမှီနိုင်အောင်ပါပဲ။ ငယ်နုစဉ်ဘဝက ရည်မှန်းခဲ့တာကတစ်ခု အခုဖြစ်နေတာကတခြားဆိုပေမည့် ဆေးစက်ကျရာအရုပ်ထင် ဖြစ်လေရာဘုံဘဝမှာနေပျော်အောင်ကြိုးစားမိသူမို့ ဦးကျောက်ဘဝမှာ ဘူမိဗေဒပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတာကို ဂုဏ်ယူလို့မဆုံးသလို ကျေနပ်ဝမ်းမြောက်မိပါရဲ့ဗျာ။ မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်ပညာသင်ပေးခဲ့တဲ့ ကျောင်းတော်ကြီးက ဆရာ/ဆရာမများကိုလည်း ဒီနေ့အထိ ကျေးဇူးတင်လို့မဆုံးပါဘူး။   ဒီဘက်ခေတ်မှာ မြို့စွန်ရွာစွန် တက္ကသိုလ်ဟောင်းလောင်းတွေ မွစိတက်အောင်ဖွင့်ပြီး အဖြစ်သင်နေကြပေမည့် မောင်ကျောက်တို့ခေတ်အထိတော့ စံနစ်တကျသင်ခဲ့ရတာပါ။ နောက်ပြီး ဘူမိဗေဒပညာရပ်ရဲ့အသက် “ကွင်းဆင်းလေ့လာရေးခရီး” ဆိုတာကလည်း […]


                        ဂနေ့သည်ကား ဂဇက်ရွာ တင်းနစ်ကွင်း၌ ကြက်ပြန်မကျ ဘဲပြန်မကျ ဝက်ဝက်ကွဲအောင် စည်ကားသောနေ့ပေတည်း။ အနှီကဲ့သို့ စည်ကားရသောအကြောင်းကို ရှင်းရသော် တင်းနစ်အကျော် လေလာရာတင်ပေးလို့ အီးပေါက်တိုင်း သံကုန်ဟစ်ရှာတတ်သော ရှာရာပိုဗာကြောင်ကြီး နဲ့ လက်မြန်လေသွက် နှင်းကေသရာချစ်ရတဲ့ ဆရီနာကျောက်စ်တို့၏ နောက်ဆုံးဖိုင်နယ် ရေကုန်ဘီယာခမ်း ကစားကြမည့် အထူးအားကစားပွဲဖြစ်သောကြောင့်ဟု မှတ်ယူကြပါလေကုန်။ အရှေ့ဘက်ပွဲကြည့်စင် နေယွန်းရာခပ်စွန်းစွန်း၌ ဂဇက်သဂျီး မာမွတ်စ်ရှာပွတ်စ် ဦးမားခိုင်နှင့် သဂျော်ဂဒီး ဆရာမကြီးသည် ရွာကြီးဂုဏ်ပြောင် ဦးပါ အန်တီဒုံ အန်တီမမ ဆိုတဲ့ အမှုတော်ဆောင်လူကြီးမင်းများကို အဖော်ပြု၍ ရှုစားကြလေ၏။ ရွာသူရွာသားများကား အထူးမြွတ်ကြားဖွယ်မလို သင့်လျှော်ရာပွဲကြည့်စင်မှ အားပေးကြလေသတည်းဟု […]


                        ပြီးခဲ့တဲ့ရုံးပိတ်ရက်ကဗျာ ဟောသည့်ငနဲဦးကျောက်ခဲကြီးလည်း လျှော်ဖွပ်ချက်ပြုတ် အိမ်သန့်ရှင်းရေးလုပ်အပြီး ပျင်းပျင်းရှိတာနဲ့ အင်တာနက်ပေါ်တက်ပြီးမွှေလိုက်တာ မဆီရယ်မှမဆိုင် အရင်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း လူမဲအမျိုးသမီး “ကွန်ဒိုလီဇာရိုက်စ် “ရဲ့ အထ္ထုပတ္တိကို ဖတ်မိရက်သားဖြစ်သွားတယ်ခင်ဗျ။ ရှေ့သွားလေးအကျဲသားနဲ့သူ့ကို ညစ်ကပ်ကပ်နဲ့မို့ သိပ်ကြည့်မရပေမည့် သူ့ဘဝအကြောင်းကတော့ အားကျစရာ အများကြီးပါ။ အဲသည်ကဆက်လို့ လူ့အခွင့်အရေးအကြောင်း စိတ်ဝင်တစားနဲ့ ဖတ်လိုက်တာ “မာတင်လူသာကင်း” အထိ ရောက်သွားရောဆိုပါတော့ဗျာ။ ဟုတ်ပါ့ဗျာ… ဖြူဖြူချောချောဆိုရင် မြင်သမျှသူတွေက အသားလွတ်ကြည်ညိုချင်ကြပေမည့် ဦးကျောက်တို့လို အသားမဲများဆိုရင် တယ်နှိမ်ချင်ကြတာကိုးခင်ဗျ။ ဒါပေသည့် လောကကြီးက ဘယ်လိုပဲ ခွဲခြားခွဲခြား ဟောသည်ဦးကျောက်ခဲကတော့ “မိုက်ခဲကြက်ဆင်”လို အရောင်ချွတ်ပစ်မည့်အထဲမှာ မပါဘူးခင်ဗျ၊ မဲတော့လည်း […]


                      ပြောရဦးမယ်ဗျာ…ဟိုအကြောင်း၊သည်အကြောင်း ကြုံခဲ့ရ၊ဆုံခဲ့ရတဲ့အကြောင်းတွေပေါ့။ ဒီလိုပါ… ဦးကျောက် ကျောင်းပြီးထဲက သမုဒ္ဒရာ ဝမ်းတစ်ထွာနဲ့ မိသားစုအရေးအတွက် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်လာတာ အခုဆို ဆယ်စုနှစ် နှစ်ခုလောက် ရှိပါတော့မယ်ခင်ဗျာ။ အဲဒီတော့ အတော်စုမိဆောင်းမိ ရှိပြီပေါ့လို့ဆိုရင် သိဟ်ရာသီဖွားပီပီ ကြွားရသေးတာပ။ ဟုတ်ကဲ့… မိသားစုကိုထောက်ပံ့ရတဲ့အပြင်၊ ကိုယ်တိုင်ကလည်းလက်ဖွာ၊ လက်ထဲနည်းနည်းစုမိပြန်ရင်လည်း “သမင်မွေးရင်း ကျားစားရင်း” ဆိုတော့ ဘာမှ စုမိဆောင်းမိ မရှိပါဘူးခင်ဗျာ။ အခုတော့…. အခုတော့ပေါ့လေ အကြောင်းကြောင်းတွေ ရှိလာပြီဆိုတော့ အသည်းအသန် စုရတော့မှာပေါ့။ မတော် “ဘိုင်ကောင်” ဆိုပြီး “ဘေးကန်” ထားခဲ့မှ၊ “လေးဆယ်ကျော် ဦးကျောက်ခဲရဲ့ အသဲကွဲတမ်းချင်း” တွေဖြစ်ကုန်ဦးမယ်။ […]


                        ဦးကျောက်… ဂဇက်မှာ ရွာသားဖြစ်ရတာ အလွန်ဂုဏ်ယူပါတယ် ခင်ဗျာ။ ရွာထဲဝင်လို့ ရွာသူ၊ရွာသားများရဲ့လက်ရာကို ရွာ့ဘုတ်အုပ်ကြီးမှာ ဖတ်လိုက်ရင် ရင်သပ်ရှုမော အံ့တွေဩလို့ ချီးကျူးလို့ကို မဆုံးနိုင်ပါဘူး။ မိမိကျွမ်းကျင်ရာ  စိတ်ဝင်စားရာကို ရေးတတ်လိုက်ကြတာများဗျာ၊ ဦးကျောက်မှာ မျက်မှန်ကို ဖုန်ပွတ်လို့ အပြူးအပြဲ သဲသဲမဲမဲကို ဖတ်ရတာဗျ။ နိုင်ငံရေးဖတ်မလား၊ လူမှုပြုပြင်ရေးကိုဖတ်မလား၊ ပညာရပ်ဆိုင်ရာဖတ်မလား၊ ဘာသာရေးဖတ်မလား၊ ဘဝသရုပ်ဖော်ဖတ်မလား၊ အချစ်အကြောင်းဖတ်မလား၊ အချက်အပြုတ်ဖတ်မလား၊ ကျန်းမာရေးအကြောင်းဖတ်မလား…အိုဗျာ… တကယ့်ကိုစုံတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးပါ။ သက်ဆိုင်ရာပို့စ်တင်မက ဝင်ရောက်ဆွေးနွေးတဲ့ ရွာသူရွာသားများရဲ့ အမြင်ကလည်း တယ်စူးရှလို့ ဦးကျောက်မှာ မျက်စိနှစ်လုံး ပွင့်ကတည်းက ဂဇက်ကိုဖွင့်ဖို့ စ […]


                        ဂဇက်ရွာစုံညီပွဲမှာ အပျော်ဆုံးက ဦးကျောက်ဖြစ်မယ်ထင်ပါရဲ့ဗျာ… ပျော်တာမှ တအားပျော်။ ရေးဖော်ရေးဖက် မိတ်ဟောင်းဆွေဟောင်းများနဲ့လည်းတွေ့ရ၊ မမြင်ဖူးသေးတဲ့ ရွာသူရွာသားများနဲ့လည်းဆုံရတာမို့ ဦးကျောက်ရင်ထဲမှာ လေယာဉ်လက်မှတ်ဖိုးကို နည်းနည်းမှ စိတ်မငြိုငြင်ပါဘူး၊ အချိန်ပါးရှားလွန်းတာကိုသာ စိတ်ထဲ မချင့်မရဲဖြစ်မိတာပါ။ ဘဝပေးအခြေအနေက ဘဏ်သူဋ္ဌေးလည်းမဟုတ်၊ အရောင်းဈေးသည်လည်းမဟုတ်၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ နိစ္စဓူဝ အလုပ်ထဲမှာ မျက်နှာထားတင်းတင်းနဲ့ လူတကာကိုကြပ်၊ အစည်းအဝေးတက်ရင် သတိကြီးကြီးထားရတဲ့ အနေအထားမှာ ရွာပွဲမှာ မိုက်ခဲလို့ စိတ်လွတ်လက်လွတ် ပျော်လိုက်မိတာ ခွင့်လွှတ်ကြပါလို့ပဲ တောင်းပန်ပါရစေဗျာ။ ဒီကြားထဲ အစ်ကိုကြီးမိုက်နဲ့ “မြန်မာ” အိပ်မက် မက်လိုက်သေးတာမို့ တံတွေးမျိုရတဲ့ ရွာသားများကိုတော့ နှစ်ထပ်ကွမ်းပေါ့ခင်ဗျာ။   ဦးကျောက်ကို […]


ဦးေက်ာက္ခဲFebruary 14, 20132min54481
                        “မောင်စိန်…. ဒီကို ခဏလာအုံးကွ” “ဟုတ်ကဲ့ အဖေ လာပြီခင်ဗျ”  မောင်ကျောက်ရဲ့ ဖခမည်းတော်လည်း ယောက္ခထီးကြီးက အခေါ်တော်ရှိတော့ လုပ်လက်စ အလုပ်တွေကို အသာရပ်၊ မနှေးအမြန် ချီတက်လာပေမယ့် ဘုရားခန်းထဲမှာ သားတော်မောင် မောင်ကျောက်ကိုပါ အခန့်သားတွေ့လိုက်ရတော့  အတော်မျက်နှာပျက်သွားပါတယ်။ ဟုတ်တယ်လေ…. သူ့ခမျာ မယားလည်းကြောက်ရ၊ ယောက္ခမ ယောက္ခထီး လည်းကြောက်ရ၊ သည်ကြားထဲ သားလုပ်တဲ့ မောင်ကျောက်က ရောကြပ်တာပါခံရတော့မယ် ဆိုတော့ ဘယ်… မျက်နှာသာယာနိုင်ပါ့။   “မောင်စိန်…မင်း တရားသဘောကို အခြေခံမသိဘဲ ဘာမှန်းညာမှန်းမသိ မနက်စောစောထပြီး ဘုရားရှေ့ ငုတ်တုတ် ထိုင်မနေနဲ့။ အိပ်ရေးပျက်တာပဲ […]


ဦးေက်ာက္ခဲFebruary 4, 20131min51986
                      တမြန်နေ့ညက ဦးကျောက်ဘော်ဘော် စလုံးကျွန်းက မုဆိုးဖိုလေး မောင်ဘအေး မူးစစနဲ့ ဖုန်းဆက်လာတယ်ခင်ဗျ။ သူနဲ့ဦးကျောက် ကျောင်းတော်ကြီးမှာတုန်းက သိပ်မတွဲဖြစ်ကြပေမယ့် စလုံးကျွန်းမှာတော့ တစ်အိမ်ထဲနေ၊ တစ်အိုးထဲစား၊ တစ်စားပွဲထဲမှာ အတူထိုင်သောက်ခဲ့ကြတဲ့ ငြင်းဖော်ငြင်းဖက် အချစ်ဆုံးသူငယ်ချင်းဆိုရင် မမှားပါဘူး။ ဘအေးက အဖေ ဗမာ၊ အမေ ရှမ်းဆိုတော့ ရှမ်းငချိပ်ရုပ် ခင်ဗျ။ သူ့ရုပ်ရည်ကို မျက်စိထဲမြင်အောင်ပြောရရင် ဆရာကာတွန်းမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်ကို အိုးမဲသုတ်၊မျက်မှန်တပ်ေ ပးလိုက်ရင် ချွတ်စွပ်တူပါလိမ့်မယ်ခင်ဗျာ။ အဲ… သူသာ မည်းတာ။ သူ့ဇနီးကလည်း ရှမ်းပျိုဖြူဆိုတော့ သူ့သမီးလေးတွေက ဖြူဖြူချောချောလေးတွေပါ ခင်ဗျာ။   အနှီ ဘအေးနဲ့ ဦးကျောက် […]


ဦးေက်ာက္ခဲJanuary 15, 20132min78262
                              ကျွန်တော် ဦးကျောက်ရဲ့ဘဝက ခွင့်ရလို့အိမ်ပြန်၊ ဇိမ်နဲ့နှပ်နေဖို့ ကြံပေမယ့် ဇာတာ မပါဘူးခင်ဗျ။ အိမ်မှာ ဖခင်ကြီးကွယ်လွန်ပြီးထဲက မိန်းမသားတွေချည်းပဲဆိုတော့၊ ပြန်ရောက်တာနဲ့ကျိုးတာတွေ ဆက်၊ ပျက်တာတွေပြင်၊ လက်သမားဆရာ အလုပ်၊ မီးပြင်ဆရာ အလုပ်၊ တန်းစီပြီး လုပ်ရတာပေါ့ခင်ဗျာ။ သိတော်မူကြတဲ့အတိုင်း နိုင်ငံတော်အစိုးရမင်းများက စေတနာကြီးကြီးထားပြီး နိုင်ငံရေးသမားတွေကို ထောင်ထဲမှာ အနားယူစေ၊ ဒုစရိုက်သမားများ ထမင်း အလကား မကျွေးနိုင်၊ ကိုယ့်ဟာကိုယ် ရှာစားဆိုပြီး လွတ်ငြိမ်းမိန့်တွေနဲ့ လွှတ်လိုက်တော့၊ ကြောက်အားပိုတဲ့ အိမ်ကလေဒီများ  ပျက်နေတာတွေကို လူခေါ်မပြင်ဘဲ နဂိုရည်အတိုင်း ထားထားကြတာမို့ပါ။   […]


ဦးေက်ာက္ခဲJanuary 8, 20131min56836
“ကဲ………. ဟေ့ကောင်တွေ ၊….. အားလုံး တန်းစီကြ” မနက်လင်းလို့ ထမင်းလှော်နဲ့ကော်ဖီလွေးပြီး ကွင်းမဆင်းခင် ယောင်တောင်ပေါင်တောင်လုပ်နေတဲ့ မောင်ကျောက်တို့တစ်အုပ်ကို ဆရာဝင်း ဓမ္မာရုံအဝကနေ လှမ်းအော်လိုက်ပါတယ် ။ မောင်ကျောက်တို့လည်း အပျင်းကြောဆွဲ ၊ ဇက်ချိုး ခါးချိုး ၊ လေးလေးပင်ပင်နဲ့ ဘုန်းကြီးကျောင်းဘေးကကွက်လပ်မှာ တဝါးဝါးသမ်းရင်း တန်းစီရတာပေါ့ဗျာ ၊ ဘယ်တတ်နိုင်ပါ့…… ပင်ပန်းမယ့်ဇာတာပါလာတာကိုး ။   “ဒီနေ့ဈေးနေ့၊ ညနေ အသားဟင်းကျွေးမယ် ၊ ဝက်သားစားမယ့်သူစာရင်း ၊ အမဲသားစားမယ့်သူစာရင်းပေး ။ ပြီးတော့ ဘိုကစ်(ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဓာတ်ခွဲခန်းလုပ်သား ဦးကစ္စနား) နဲ့ ဈေးလိုက်သွားပြီး ထမင်း ၊ ဟင်း ကူချက်မယ့်ကောင် ရှေ့ထွက် ။ ဟိုနားက….. ဒို့မြန်မာမူဆလင်ငါးယောက်….. ၊ မင်းတို့အထဲကရော….. ဘယ်ကောင် ချက်မှာလဲ” […]


ဦးေက်ာက္ခဲDecember 29, 20121min48423
ပြီးခဲ့တဲ့ဧပြီလက ဦးကျောက် ရန်ကုန်ကို ခွင့်ပြန်ပါတယ်ဗျာ။ လေဆိပ်ထဲက ထွက်လိုက်တာနဲ့ လူ့ကို ချွေးပြိုက်ပြိုက်ကျ၊ သစ်ပင်ကြီးတွေက မရှိတော့ဘူးဆိုတော့ ပူလိုက်တဲ့ရာသီဥတု၊ အရှင်လတ်လတ် မီးဖိုထဲ ရောက်နေသလိုပါပဲ။ ဒီကြားထဲ လျှပ်စစ်မီးက မမှန်ပြန်၊ အိမ်ကလေအေးပေးစက် အဟောင်းတွေက ပျက်ဆိုတော့ မိခင်ကြီးနဲ့ တူမလေး နှစ်ယောက်လည်း အိမ်ရှေ့ခန်းမှာ ညဘက်ဖျာခင်း၊ ခြင်ထောင် ထောင်ပြီး အိပ်စက်ရပါတယ်။ ပူအိုက်တဲ့ဒဏ်ကို နည်းနည်းမှ မခံစားနိုင်တဲ့ ဦးကျောက်လည်း သူတို့ကြားထဲ ဝင်အိပ်လိုက်မိတာ ညလယ်လောက် ရောက်တော့ ကြယ်တွေလတွေ မြင်သွားပါတယ်။   တူမနှစ်ယောက်က တစ်နေကုန် မျောက်ရှုံးအောင် ဆော့ထားကြတာဆိုတော့ ညရောက်ရင် ခလေးပီပီ အအိပ်ဆိုးဆိုးနဲ့ လှိမ့်ကန်ကြပါလေရော။ မနက်ရောက်တော့ မျက်တွင်းဟောက်ပက်နဲ့ ဦးကျောက်လည်း နှစ်ကောင်သားဝိုင်းဗျင်းထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဆေးလိမ်းရင်း၊ ဒီပုံစံနဲ့ဆက်သွား လို့ကတော့ ရန်ကုန်က […]