ပြီးခဲ့တဲ့ စက်တင်ဘာ(၂၁)ရက်က အမေရိကပြည်ထောင်စုရဲ့ Census Bureau ကြီးက လွန်ခဲ့တဲ့(၃)နှစ် ၂၀၂၀၊ ဧပြီ(၁)ရက်နေ့မှာကောက်ခံခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုကရရှိတဲ့ (လူမျိုစုပေါင်း စုံ ၁၅၀၀ ခန့်) အတွက်ကိန်းဂဏန်းများကိုထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထုံးစံကတနှစ်လောက်အတွင်း မှာ အဲ့ဒီလိုပြန်တမ်းများကိုထုတ်ပြန်လေ့ရှိခဲ့ပေမဲ့၊ (၂၀၂၀)ခုနှစ်အတွက်ကိုတော့ (၃)နှစ်ကျော်မှထုတ် ပြန်နိုင် ခဲ့တဲ့အတွက်ထူးခြားတယ်လို့ဆိုရပါမယ်။ အရင်သမ္မတဟောင်းထရမ်းလက်ထက်မှာ နိုင်ငံသား ဖြစ်မှုမဖြစ်မှုတွေနဲ့မဲ့ဆန္ဒနယ်နဲ့ပါတ်သက်တဲ့မတော်သြဇာလွှမ်းမို့မဲ့ အဖြစ်တွေကတိကျမှန်ကန်တဲ့သန် ခေါင်စာရင်းထွက်လာပါ့မလားဆိုတဲ့သံသယစိုးရိမ်စိတ်တွေ ကျွမ်းကျင်သူပညာရှင်များထဲတောင်အ တော်ကြီးစိုးခဲ့ပါတယ်။ သန်းခေါင်စာရင်းဥပဒေကတားမြစ်ပြီး၊ ကတိကဝတ်ပြုထားတဲ့ အချက်အလက် တွေကိုလွှမ်းမိုးမဲ့အရိပ်အယောင်တွေရှိခဲ့တဲ့အတွက်၊ တရားမဝင်ရောက်လာသူများက သန်းခေါင်စာ ရင်းမေးခွန်းလွှာတွေကိုဖြေကြားပြန်ကြားဖို့အတော်တွန့်ဆုတ်ခဲ့ပါတယ်။ ဆိုင်ရာတွေ၊ ဒေသဆိုင်ရာ ကွန်မြူနီတီအဖွဲ့အစည်းတွေရဲ့အားပေးမှုတွေကအတတ်နိုင်ဆုံးတည့်မတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုမကြုံစဖူးကြာမြင့်ရခြင်းကို www.census.gov မှာထဲထဲဝင်ဝင်လေ့လာပေမဲ့ အကြောင်းရင်းအစစ် အမှန်ကို ဖေါ်ပြခြင်းအလျင်းမရှိပါဘူး။ ဆိုင်ရာဌာနတွေကိုစာရေးသူကိုယ်တိုင်ဆက်သွယ်ခြင်း၊ လူထု outreach တွေမှာမေးခွန်းမေးခဲ့ပေမဲ့ တိကျရေရာတဲ့အဖြေမရတာတော့ ထင်ရှားနေပါတယ်။ အားလုံးမှတ်မိကြမယ်ဆိုရင် အဲ့ဒီ Census 2020 […]