aye.kkJune 8, 20181min5745
ဗေဒင်ဆို- အတော်များများကသိချင်ကြပါတယ်၊မေးကြပါတယ်။ မှန်တာတွေလည်းရှိတော့၊ ဗေဒင်မေးချင်သိချင်ကြတာဟာ၊ မဆန်းဘူးလို ့ကျွန်မမြင်ပါတယ်။ ဗေဒင်-မဟာဘုတ်ပညာနဲ ့ပတ်သက်လာပါက၊ မဟာဘုတ်ဗေဒင်ပညာရပ်ကိုလေ့လာထားဘူးလို ့ ပြောပြချင်တာလေးတွေ ၊ ကျွန်မမှာရှိနေပါတယ်။ ဗေဒင်-မဟာဘုတ်ပညာရပ်ကို၊ရိုးရှင်းလွယ်ကူစွာတွက်ချက်လို ့ရတဲ့အပြင် မှန်နေတာလည်းသိရလို့ပါ။ လူတစ်ယောက်ရဲ ့ဇာတာအရ။မွေးဖွားတဲ့သက္ကရာဇ်၊နေ ့နံသိပါလျင် ဗေဒင်မဟာဘုတ်-ပညာဖြင့်တွက်ချက်ကြည့်ပါက၊ တစ်ဦးနှင့်တစ်ဦး၊လက်ထပ်ယူသင့်,မယူသင့်၊ အိမ်ထောင်ရေးကံကောင်းမကောင်း,ချမ်းသာမယ်,မချမ်းသာဘူး ဆိုတာတွေ၊သိရပါတယ်။ ဗေဒင်မေးတာတွေနဲ ့ပတ်သက်ပြီးတော့၊ လူအများကတော့၊ကံကောင်းလို ့ဘဲဖြစ်ဖြစ်၊ ကံမကောင်းလို ့ဘဲဖြစ်ဖြစ်၊ သိချင်စိတ်နဲ ့ဗေဒင်မေးတာ,မြန်းတာတွေ ရှိနေပါတယ်။ ကျွန်မအနေနဲ ့ယခင်ကဗေဒင်-မဟာဘုတ်ပညာကို အပျာ်တမ်းလေ့လာခဲ့တာပါ။လေ့လာခဲ့မိလို ့လည်း၊ ဗေဒင်-မဟာဘုတ်ပညာဟာ- စိတ်ဝင်စားစရာကောင်းတဲ့ ပညာရပ်ဖြစ်နေတာ ကျွန်မသိခဲ့ရပါတယ်။ အထူးသဖြင့်၊ကျွန်မကိုဗေဒင်မေးကြတဲ့သူတွေ(ရင်းနှီးတဲ့မိတ်ဆွေ)ထဲမှာ အိမ်ထောင်ရေးကံကောင်းမှုရှိ,မရှိနဲ ့၊ဘယ်လိုလူမျိုးနဲ ့ဖူးစာဖက်-ရပါလျင် အဆင်ပြေမှုရှိမရှိဆိုတာနဲ ့ပတ်သက်ပြီးမေးကြတာတွေ ရှိပါတယ်။ ရှေးဟောင်းဗေဒင်ကျမ်းစာအုပ်အရ၊(မှတ်မိရသလောက်)နဲ ့၊ ဖူးစာအရေး(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊ပြောပြ,ဟောပြပေးပါတယ်။ ကျွန်မလ့လာမှတ်သား၊သိရှိထားတဲ့အတိုင်း၊မေးလာသူတွေကို အိမ်ထောင်ရေးကံကောင်း,မကောင်းနှင့်၊ဖူးစာဖက်-ဖြစ်သင့်,မဖြစ်သင့်, ချမ်းသာမယ်,မချမ်းသာဘူးဆိုတာတွေ၊ နဲ ့ပတ်သက်ပြီး၊ဗေဒင်မေးသူတွေကို၊ ကျွန်မမှာအချိန်ပေးနေရလို ့၊ ကျွန်မအတွက်တော့အလုပ်ပိုပါတယ်။ (မေးလာသူကို၊မပြောပြရပါလျင်လည်း၊နေနိုင်တဲ့သူမဟုတ်လို ့ပါ)။ ဖူးစာအရေး(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊ ကျွန်မကိုယ်တွေ ့မျက်မြင်လေ့လာထားမှု(ပြောပြ,ဟောပြမှု)များအရလည်း၊ ဗေဒင်-မဟာဘုတ်ပညာ၊မှန်ကန်မှုရှိနေတာ၊ကျွန်မကိုယ်တိုင်သိရှိခဲ့ပါတယ်။ ဒါကြောင့်လည်းမိမိတို ့ဇာတာများမှာ၊ဖူးစာအရေး(အိမ်ထောင်ရေး)နှင့်ပတ်သက်ပြီး ဖူးစာဖက်-အနေအားဖြင့်သင့်၏မသင့်၏,ကောင်း၏,မကောင်း၏၊ ဆိုတာတွေကိုသိရှိရလို ့၊မိမိတို ့ဇာတာ-မဟာဘုတ်မှာပါတဲ့အတိုင်း၊ ဖူးစာ(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊ […]


အညွန့်ခူးစားခံရခြင်း ****************** ဒီနေ့ ဂုဏ်ထူးတွေပလူပျံနေတဲ့ ဘော်ဒါတစ်ခုရဲ့ အောင်စာရင်းကို ရှယ်တဲ့သူကရှယ်.. အားကျတဲ့သူကအားကျပေါ့.. ကိုယ်တွေကတော့ အတွေးတစ်မျိုးရယ်.. အစကတည်းက ဝင်ခွင့်နဲ့စစ်ချပြီး တော်တဲ့သူတွေပဲ ရွေးခေါ်သင်တဲ့ကျောင်းက အောင်ချက်ကို စိတ်မဝင်စားတာတော့ အမှန်ပါပဲ.. ကိုယ်တိုင်လည်း စာသင်တဲ့ဆရာမ လုပ်ခဲ့ဖူးတော့ စာတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်နဲ့ စာမတော်တဲ့ကျောင်းသားကို သင်ရတဲ့ခံစားချက်ကို ကောင်းကောင်းသိပါတယ်.. ပြီးတော့ ဒီကျောင်းသားတွေအကုန်လုံး ဒီလိုတော်အောင် တကယ်ပျိုးထောင်ပေးခဲ့တာ သူတို့မဟုတ်ပါဘူး.. ကျောင်းသားတွေရဲ့ ငယ်ဆရာတွေပါ.. ကိုယ် ဆယ်တန်းတုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်.. ဆယ်တန်းနှစ်မှာ စာတော်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကျောင်းပြောင်းသွားခဲ့တယ်… ငါးတန်းကတည်းက တက်လာပြီး ဆယ်တန်းမှ ပြောင်းသွားတော့ ဆရာ ဆရာမတွေ ရင်နာကြတာ.. သူက ဂုဏ်ထူးတွေအများကြီးထွက်မှာ သေချာတဲ့သူ.. တစ်သက်လုံး ကိုယ်တွေပျိုးထောင်လာခဲ့ပြီး တကယ်တမ်း ကျောင်းဂုဏ်ဆောင်ရမယ့်အချိန်မှ တစ်ခြားကျောင်းကို […]


aye.kkMay 17, 20181min5664
ကျွန်မလေးစားမိတဲ ့ကျွန်မရဲ ့ဓမ္မမိတ်ဆွေကို စာစီကုံးရေးဖွဲ ့ရပါလျင်၊ရေးကုန်မည်မထင်ပါ။ ကျွန်မပင်စင်ယူပြီးနောက်ပိုင်း၊ရိပ်သာဝင်ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ မရည်ရွယ်ပါဘဲ၊ရိပ်သာမှာဆုံခဲ့ကြပါတယ်။ တစ်နှစ်နီးပါးအားထုတ်တဲ့ကျွန်မနဲ ့၊(၂)နှစ်ကျော်(၃)နီးပါးကြာမြင့်အောင် အားထုတ်ခဲ့တဲ့သူ ့ကို၊ကျွန်မထက်ပိုအားထုတ်နိုင်ခဲ့တာကို သိရပြန်တော့ ကျွန်မအနေနဲ ့က၊သူ ့အပေါ်မှာလေးစားပြီးရင်း၊လေးစားရပါတယ်။ တစ်နှစ်နီးပါးရိပ်သာမှာနေခဲ့တာမို ့၊ရာသီဥတုသုံးလီနဲ ့ညီမျှမှုရှိတဲ့အစားအသောက် အသုံးအဆောင်တွေ၊တစ်နှစ်ပတ်လုံးလိုလို၊လှူဒါန်းနေတာတွေကိုလည်း၊ ကျွန်မကိုယ်တိုင် မြင်တွေ ့ခဲ့ရပါတယ်။ ရာသီအလိုက်၊လိုက်လျောညီထွေအောင်လှူတတ်တာကိုလည်း၊ကျွန်မအနေနဲ ့ သူ ့အပေါ်မှာလေးစားလို ့မဆုံးနိုင်ပါဘူး။ ဆောင်းဦးမှာအအေးဓါတ်ဝင်လာတာနဲ ့၊တရားအားထုတ်နေကြတဲ့၊ရဟန်း,ယောဂီ,သီလရှင်, ဝေယျာဝစ္စအဖွဲ ့နဲ ့ကျောင်းမှာရှိတဲ့၊ရဟန်း,ယောဂီ,သံဃာအကုန်၊တစ်ကျောင်းလုံးအတွက် အဝတ်အထည်(အနွေးထည်)၊စောင်၊သဘက်၊ခြေအိပ်အဆုံး၊လှူဒါန်းပါတယ်။ ဆွမ်းကတော့ အကြိမ်ကြိမ်ကပ်ပြီး၊အမြဲလိုလိုကုသိုလ်ယူနေတာမို ့၊သူဆွမ်းကပ်လှူတိုင်းလည်း ကျွန်မကိုကုသိုလ်ရအောင်၊အတူတကွကပ်လှူစေခဲ့ပါတယ်။ သူနဲ  ့ကျွန်မ၊ရိပ်သာအတူတူဝင်ဖြစ်တဲ့ကာလတွေမှာ၊ အမှတ်တရဖြစ်ဆုံးက၊ကျွန်မမွေးနေ ့ပါ။ကျွန်မမွေးနေ ့မှာ၊အမှတ်တရအဖြစ် ပရိတ်ကြီး(၁၁)သုတ်၊တရားစာအုပ်တွေကို၊သူကိုယ်တိုင်မှာပေးပြီး၊ကျောင်းကယောဂီအကုန်၊ တရားစာအုပ်အလှူ(ဓမ္မဒါန)ပြုလုပ်ပေးတာပါ။ ကျွန်မကိုဆရာတော်ကိုယ်တိုင်ကသီလရှင်ဝတ်ပေးတော့၊သူလည်းမနေနိုင်ကုသိုလ်ပါဝင်ပြန်ပါတယ်။ သူ ့အနေနဲ ့သီလရှင်ဝတ်ပေးခဲ့တာတွေလည်း အများကြီးရှိနေခဲ့တာ၊မျက်မြင်တွေ ့ခဲ့ရပြန်ပါတယ်။ သူ ရဟန်းပြုပေးခဲ့တာတွေလည်းမနည်းပါဘူး။ လူ ့ဘဝနေရတဲ့အခိုက်ကလေးမှာ၊သူက ကုသိုလ်တွေကိုသာရအောင်စုဆောင်းနေ တာမို ့၊ကျွန်မစိတ်ထဲမှာသူ ့အပေါ်အားရကျေနပ်မိတဲ့အပြင်၊သူကကျွန်မအတွက် လေးစားအတုယူစရာ,အားကျစရာကောင်းတဲ့သူဖြစ်နေပါတယ်။ ကျွန်မရိပ်သာကနေသူ ့ထက်အရင်စောထွက်လာတာမို ့၊ဥပုသ်နေ ့တွေလိုမျိုးမှာ သူကကျွန်မကိုတွေ ့တဲ့အခါတိုင်း၊ထပ်မံပြီး ရိပ်သာပြန်ဝင်ဖို ့ကိုလည်း၊အမြဲလိုလို တိုက်တွန်းနိူးဆော်ပြန်ပါတယ်။ သူနဲ ့အတူတူလည်း၊ကျွန်မကိုသာသနာပြုလိုက်လုပ်နိုင်ဖို ့တောင်းဆိုပါသေးတယ်။ သူ ့ရည်ရွယ်ချက်တွေထဲမှာ၊သူပိုင်ဆိုင်တဲ့မြေတွေပေါ်မှာနဲ ့၊ရိပ်သာတွေမှာ သာသနိက အဆောက်အဦတွေဆောက်လုပ်လှူဒါန်းပြီး၊သာသနာပြန် ့ပွားအောင်လုပ်ကိုင်နိုင်ဖို ့ပါဘဲ။ သူရိပ်သာကပြန်ထွက်လာရင်လည်း၊သူအားရပါးရ၊စီးပွားထပ်ရှာပြီးရသမျှတွေကို ဘာသာရေးမှာအသုံးချချင်ကြောင်း၊သူပြောပြလို ့ကျွန်မသိရပါတယ်။ သူ […]


“မန်းဂေဇက် အလွမ်း” 30-4-2018 ည M လုလင်ခေါ် ကလုခေါ် မောင်ယဉ်အောင်နဲ့ တာမွေက ဝင်းမှာ ထိုင်ဖြစ်ကြသည်။ သူက နက်ဖြန်ဆို 6နှစ်ပြည့်ပြီနော်လို့ သတိတရပြောသည်။ အေးဟ ဘာမှ မကြာသလိုဘဲ လို့ ပြန်ပြောရင်း လွန်လေပြီးသောကာလက မန်းဂေဇက်အဖွဲ့သားများကိုသတိရမိသည်။ သူနဲ့ကျနော် စတင် သိကျွမ်းသောနေ့သည် 7-1-2012 အဲ့နေ့သည် အဝေးရောက်  အင်ဇာဂီ ၏မွေးနေ့လည်းဖြစ်သည်။ အနောက်ကြည့်မြင့်တိုင်ဆေးရုံနားက ပါရေစီယမ်မှာ။ အဘဖောလည်းရောက်နေသည်။ ရွာသားတွေစုစည်းပြီးတွေ့ကြသည်။ အဲ့နေ့မှာ အိတုန် စတင်သော အလှုကိစ္စ တစ်ခုအတွက်ဆွေးနွေးကြသည်။ အဲ့ဒီက အပြန်မှာ မောင်ယဉ်အောင်နဲ့ ကျနော် ရွှေတိဂုံဘုရားကိုသွားပြီး ဓါတ်ပုံရိုက်ကြသည်။ ကျနော်သည် ထိုအချိန်က ဓါတ်ပုံ ပိုး အဆိပ်တက်နေချိန်၊ ညတွင်ဓါတ်ဖမ်းနည်းကိုမောင်ယဉ်အောင်က သင်ပြပေးသည်။ ထိုအချိန်က စလိုက်သော သံယောဇဉ်ကြိုး […]


တိုရှည်? တိုရှည်အသံကြားရင်လည်း မေမေ့ကို သတိရမိပြန်ရော။ တိုရှည်စားချင်တယ်ဆို ငယ်ငယ်ကရောင်းခဲ့ မုန့်အိုးကရှိပြီးသား။ အဲ့သည်မုန့်အိုးကိုလည်း ဖိုးဖိုးကိုယ်တိုင်လုပ်ပေးခဲ့တာတဲ့။ အဲ့တုန်းက ဖိုးဖိုးကတွင်ခုံလုပ်တာကိုး။ မေမေ ခေါက်မုန့်ရောင်းမယ်ဆိုတော့ မုန့်လုပ်တဲ့ အိုးရယ် ကလော်တဲ့ယောင်းမရယ်ကို ဖိုးဖိုးကိုယ်တိုင် လုပ်ပေးခဲ့တယ်။ အဲသည်အိုးနဲ့ယောင်းမကတော့ အခုထက်ထိ ကျတော်တို့ဆီမှာ ရှိတုန်းပါပဲ။ မေမေ့လုပ်တဲ့ တိုရှည်ကိုတော့ ဘယ်သူ့မှမမီ။ ပဲဟင်းဆိုတာ ကုလားပဲကိုလှော်ကြိတ်ပြီးဖျော် ပျဉ်းတော်သိမ်းနဲ့ငရုတ်သီးတောင့်ကို ဆီးသတ်ပြီးထည့်။ နောက်ပြီး အခုသိပ်မတွေ့ရတော့တဲ့ ပဲမှုန့်အစပ်မှုန့်။ အခု ပဲမှုန့်အချိုမှုန့်ကိုပဲ များများတွေ့ရတော့တယ်။ ကုလားပဲကိုလှော် ထောင်းပြီး ငရုတ်သီးနဲ့ကြက်သွန်ဖြူကြိတ်ရော။ တိုရှည်ထဲကို ဖြူးပြီးစားရတာ အရမ်းကောင်း။ မေမေ မုန့်နှစ်စပ်ပုံကလည်း ကောင်းတာကို။ ဆန်ကြိတ်မယ့်အထဲကို မတ်ပဲ (မုန့်ဆွဲလို့ကောင်းတယ် စိမ့်တယ်။ မတ်ပဲက ချွဲတာကိုး)။ ရွအောင် ရွှေကြည်နည်းနည်းထည့်တယ်။ မွအောင်ဆိုပြီ မုန့်ကြိတ်ခါနီး ထမင်းလက်တစ်ဆုပ်လောက်ထည့်ကြိတ်တယ်။ […]


ငါးဆုပ်ဆိုရင် မေမေကျွေးတဲ့ ငါးဆုပ်ပဲသိခဲ့တာ။ ငါးဖယ်ခြစ်ဆိုတာ ကိုဈေးကြီးတာနဲ့ မေမေက ဈေးထဲသွားရင် ငါးအရိုးနဲ့အရေခွံတွေဝယ် အရိုးကအသားကိုခြစ် အသားငါးဆုပ်လုပ် အရေခွံကိုကော်မှုန့်နဲ့ထောင်း အရေခွံငါးဆုပ်လုပ်။ ကျန်တဲ့အရိုးကို ဟင်းချိုချက်။ တစ်အိမ်လုံးစားမှ (၁၀၀၀)ကျပ်တောင်မကုန်။ ဘယ်လိုပဲဈေးနည်းပါစေ မေမေချက်ကျွေးတဲ့ ဟင်းတွေဟာ ဈေးတန်ပြီး အတော်စားလို့ အဆင်ပြေခဲ့တာ။ မုဆိုးမဖြစ်ပြီး သားသမီးငါးယောက်ကို အိမ်ပိုင်နဲ့ထားနိုင်တယ်ဆိုကတည်းက မီးဖိုချောင်နိုင်နင်းခဲ့တာ။ ခရေပန်းတွေ ကျတော်ချစ်တယ်။ သစ်ပင်တွေကို ကျတော်ချစ်တယ်။ ဘဝအစိတ်အပိုင်းတွေထဲမှာ ခရေပန်းလေးတွေဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာပါပဲ။ ဖေဖေဆုံးပြီး မေမေကဈေးတစ်ခုမှာ ဘော်လီချုပ်ဆိုင်လေးဖွင့်တဲ့အချိန်ပေါ့။ အဲ့တုန်းက ခရေပန်းတစ်ကုံးငါးကျပ်။ ခရေပန်းကောက်ရောင်းမယ်ဆိုပြီး။ အိမ်နားက ရှိသမျှ ခရေပင်တွေမှာလိုက်ကောက်ပြီး ကျောင်းစားရိတ်ရှာခဲ့တာတွေ။ မိုးတွေရွာချလို့ ခရေပန်းတွေ အများကြီးကြွေတဲ့အချိန် မေမေနဲ့အတူတူ ခရေပန်းတွေကောက်ခဲ့ရတာလည်း အမှတ်တရပါပဲ။ လွမ်းတယ် မေမေ။ ——————- ရင်နှင့်ရင်း၍


ဖေဖေဟာ မေမေ့ကို သိပ်ချစ်ခဲ့လို့ ယူခဲ့တယ်။ မေမေဟာလည်း ဖေ့ဖေ့ကို သိပ်ချစ်လို့ လက်ထပ်ယူခဲ့တယ်။ သားသမီး (၄)ယောက် ရအပြီးမှာတော့ ဖေဖေဟာ မေမေဆီကနေ ပျောက်ချင်းမလှ ပျောက်သွားတယ်။ သူ့ရဲ့ ဒုတိယလူဆီကိုပေါ့။ အဲ့တုန်းက မေမေဟာ ဘယ်လိုမှ မခံစားနေဘူးတဲ့။ သူ့ဖာသာ အေးဆေးစွာ အလုပ်တွေဆက်လုပ်နေခဲ့တယ်။ မျက်ရည်တွေနဲ့လည် ငိုကြွေးမနေခဲ့ဘူး။ လအနည်းငယ်ကြာတော့ ဖေဖေဟာ မေမေ့ဆီပြန်ရောက်လာခဲ့တယ် နွမ်းလျတဲ့အကျင်္ ီပုဆိုးနဲ့ပေါ့။ ဒါပေမယ့် ဖေဖေဟာ ဒုတိယလူဆီပဲ ပြန်လည်သွားဖို့ ဟန်ပြင်ပြန်တယ်။ အဲ့သည်အချိန်မှာ မေမေဟာ ဖေဖေ့ကိုမတားဆီခဲ့ဘူးတဲ့။ အဝတ်အစားတွေထည့်ပေးပြီး ဖေဖေ့အိတ်ကပ်ထဲကို ပိုက်ဆံတောင် ထည့်ပေးလိုက်သေးတယ်။ အရင်လိုပါပဲ လအနည်းငယ်အကြာမှာ ဖေဖေပြန်လာခဲ့ပါတယ်။ အဲ့သည်နောက ်မေမေ့ထံကနေ ဖေဖေသေတဲ့အထိ ဘယ်မှာမသွားတော့ပါဘူး။ မေမေ့နေရာမှာ ကိုယ်သာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အဲ့သည်အကြောင်းတွေ မေမေပြောပြကတည်းက […]


” မသိမသာ နေရာယူခြင်း” တစ်ခါ တစ်ခါ မိသားစုတွေ အကြား သူငယ်ချင်းတွေ အကြား မိတ်ဆွေတွေ အကြား ချစ်သူတွေ အကြား စကားစ တွေ ချပြရင်း မတူညီခြင်းတွေ ထွက်လာသောအခါ “အဟ” ဆိုတာလေး နေရာယူသွားတာ သတိတောင်မထားမိလိုက်ဘူး။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


Swal Taw YwetApril 14, 20184min5764
ပျော်ရွှင်ချမ်းမြေ့ ့ျန်းမာကြပါစေ ခင်ဗျာ။ ၂၀၁၈ အေပြီလ ၁၃ ရက် သောကြာနေ့ မနက် ၈ မှ နေ့ လည် ၁၂ နာရီအထိ ပြုလုပ်ခဲ့တဲ့ ကာတာနိုင်ငံ ဒိုဟာ မြို့ ရောက် မြန်မာများ ရဲ့ သင်္ကြန် ပွဲ မှတ်တမ်းဓါတ်ပုံ လေးတွေ တင်ပေး လိုက်ပါတယ်။ လူ ၁၀ဝ တက်ရောက်တယ်လို့ တဦး ချင်းစီမှာ ကပ်ပေး လိုက်တဲ့ Counting Sticker လေးတွေ က ညွှန်းပါတယ်။ မုန့် ဟင်းငါး မုန့်လုံးရေပေါ် ကျောက်ကျော ရွှေရင်အေး အပြင် အချိုရည် ရေသန့် မုန့် ထုပ်လေးတွေပါ တပိုင် တစု လှူဒါန်း မျှဝေ အပျော်တွေ […]


manawphyulayApril 10, 20181min4845
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့…. မကြာခင် ရက်အတွင်းမှာ အတာကူးလို့ နှစ်ကူး အခါသမယကို ရောက်ရှိလို့ လာပါပြီ။ မင်္ဂလာ နှစ်သစ်ချိန်ခါအတွက် မနောဖြူလေးမှ ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာစေကြောင်း ဆုတောင်း မေတ္တာ သတိတရ လာရောက်နှုတ်ခွန်းဆက်သလိုက်ရပါသည်ရှင့်။ ဒီရွာကို မရောက်ဖြစ်ခဲ့တာ ကြာပေမယ့် အဝေးက လွမ်းဆွတ်သတိရနေမိပါတယ်။ ရွာသို့ ရောက်ရှိနေခဲ့သည်မှာလည်း ဘာလိုလိုနဲ့ ၈ နှစ် တိုင်ခဲ့ပါပြီ။ ယခုချိန်ထိ အရင်စိတ်၊ အရင်အပြုံး၊ အရင်လိုပဲ မပျက်မကွက် မနောကိုလည်း ပြန်လည် သတိရပေးကြပါလို့ ပြောကြားလိုက်ရပါတော့တယ်……………


  “ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318


Kaung Kin PyarMarch 14, 20181min4612
ကိုယ်အခုတလော စိတ်ဝင်စားလာတဲ့အကြောင်းအရာထဲမှာ Personal Space ဆိုတာက ထိပ်ဆုံးကပဲ…။ မြန်မာနဲ့ အရှေ့ပိုင်းနိုင်ငံတွေမှာတော့ အားနာတတ်တာကြောင့်ရော၊ ပုံမှန်လိုဖြစ်နေတာကြောင့်ပါ ဒီကိစ္စကို သိပ်အရေးတယူမရှိတာများတယ်…။ ဒါပေမယ့် သူသူကိုယ်ကိုယ်ရဲ့ အတွင်းစိတ်ထဲမှာတော့ ကိုယ် ကိုယ်တိုင်သတ်မှတ်ထားတဲ့ အဝန်းအဝိုင်းတစ်ခုအတွင်းထိ ချည်းနင်းဝင်ရောက်လာရင် နေမထိထိုင်မသာ ဖြစ်တတ်တဲ့၊ မသိုးမသန့်ဖြစ်တတ်တဲ့ စိတ်တစ်မျိုးရှိကြတယ်…။ ဒါက တစ်ခါတစ်လေ အချိန်နဲ့နေရာပေါ်လဲ မူတည်သေးတယ်..။ (ဥပမာ.. ထမင်းစားလက်စမှာ ဧည့်သည်ရုတ်တရက်ရောက်လာရင် ပုံမှန်အတိုင်း ဆက်မစားနိုင်တော့ပဲ နည်းနည်းရှိုးတို့ရှန့်တန့်ဖြစ်သွားတဲ့ ခံစားမှုလိုမျိုးပဲ.) ကိုယ်ဆို ကိုယ်ငယ်ငယ်ကတည်းက သတ်မှတ်ထားတဲ့ လူ၂မျိုးပဲ ရှိတယ်၊ ကိုယ်ခင်တဲ့သူရယ်၊ ကိုယ်မခင်တဲ့သူရယ်.. (အပြင်ပန်းက မေးထူးခေါ်ပြောရှိပေမယ့် စိတ်ထဲက နှစ်နှစ်ကာကာတကယ်ခင်မခင်ဆိုတာ ရှိသေးတယ်လေ..) အိမ်မှာဆို ကိုယ့် Personal Space က ကိုယ့်အိပ်ယာပဲ…။ ဘယ်လောက်ခင်တဲ့သူငယ်ချင်းမ ဖြစ်စေ..၊ ကိုယ့်အိပ်ယာပေါ် […]