ဘဝမှာ အကြီးမားဆုံးအတ္တတစ်ခုကို ပြောပါဆိုရင် အမေ လို့ပဲ ပြောရမယ်ထင်တယ်။ ငယ်ငယ်ကတည်းက စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့ရတဲ့အရာက အဖေနာမည်ဖြည့်ရတဲ့အရာပါပဲ။ ဘာလို့ အဖေ့နာမည်ပဲ ဖြည့်ရပြီး အမေ့နာမည်ကို မဖြည့်ရတာပါလိမ့်။ အမေဆိုတာ အရေးမပါတာလား။ အမေဆိုတာ သိစရာမလိုတာလား။ အဖေ့နာမည်တစ်ခုတည်းနဲ့ ကိုယ့်ဘဝက ပြီးပြည့်စုံသွားတာလား။ ကျွန်မမှာ အတွေးတွေ အများကြီးပါပဲ။ အထူးသဖြင့် စာမေးပွဲမှာ ဆုရလို့ ဂုဏ်ပြုလွှာတွေ ရလာတိုင်း အမေ့နာမည်မပါဘဲ အဖေ့နာမည်ပဲပါရင် အမြဲတမ်းစိတ်မကောင်းဖြစ်ရတယ်။ မိဘနှစ်ပါးမှာ ဘယ်သူကမှ ပိုအရေးမပါရင်တောင် အတူတူအရေးပါကြတာပါပဲ။ သားသမီးတစ်ယောက်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတိုင်းအတွက် အမည်ခံရမယ်ဆို အဖေရော အမေပါ အမည်ခံသင့်ပါတယ်လေ။ ငယ်ငယ်ကဆို ကျွန်မနာမည်ကိုပြောလိုက်တိုင်း အဖေ့သမီးလို့ လူတိုင်းသိကြပေမယ့် အမေ့သမီးလို့ သိကြတာ ရှားတယ်။ တစ်ချို့ဆို အဖေနဲ့အမေ့ကိုတောင် တွဲမသိကြလို့ ကျွန်မကို […]