ဒီ ပုံ ကို မြင်သွားတော့ ဟိုးတုန်းက ဖတ်ဖူးတဲ့ ဟာသ လေး တစ်ခု သွား သတိရတယ်။ အနောက်နိုင်ငံ က တက္ကသိုလ် တစ်ခု မှာ အဆောင်ထိန်းတွေက ကျောင်းသား တွေကို သတိပေးနေတာ “ကျောင်းသားတွေ မိန်းကလေး အဆောင် ဘက်ကို အခွင့် မရှိဘဲ သွားတာကို မိရင် ပထမ တစ်ခါ မိရင် ၅ဒေါ်လာ ဒဏ်ကြေး  ဒုတိယ တစ်ခါ ဆိုရင် ၁ဝဒေါ်လာ ဒဏ်ကြေး တတိယ တစ်ခါ ဆိုရင် ၁၅ဒေါ်လာ ဒဏ်ကြေး ဆိုပြီး ကောက်သွားမှာ ဖြစ်တယ်” ဆိုပြီးတော့ပေါ့။ ပြီးတော့မှ မရှင်းတာ ရှိရင် မေးနိုင်တယ် ဆိုတော့ နားထောင် နေတဲ့ ကျောင်းသားတွေထဲက […]


ကုိ ထြဋ္June 25, 20141min1376
မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း ဖောက်ထွင်းခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။   နီကိုလပ်စ်ဝစ်ချ်ဟုခေါ်သည့် ဖောက်ထွင်းရေးသမားသည် ဇွန်လ ၁၉ ရက်က စိန့်ပေါလ်တောင်ဘက်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ထွင်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းနေအိမ်ရှိ ကွန်ပျူတာတွင် Facebook အသုံးပြုခဲ့ကြောင်း၊ သို့သော်လည်း log out ပြုလုပ်ရန် မေ့လျော့သွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။   ထို့နောက်တွင် အိမ်ပိုင်ရှင် ဂျိမ်းစ်ဝုဒ်က ၎င်း၏အိမ် ဖောက်ထွင်းခံရကြောင်းကို သတိပြုမိပြီး နေအိမ်မှ ငွေသားများအပြင် အကြွေးဝယ်ကတ်များနှင့် နာရီတစ်လုံး ပျောက်ဆုံးခဲ့ကာ ဂျင်းဘောင်းဘီတစ်စုံ၊ ခါးပတ်တစ်ခုနှင့် Nike တင်းနစ်ဖိနပ်အချို့ကို […]


black chawJune 24, 20142min43833
သတင်းတွေ…၊ သတင်းတွေ…၊ ဘရာဇီးကမ္ဘာ့ဖလားမှာ အင်္ဂလန် အစောဆုံး အိမ်ပြန်ရတယ်ဆိုတဲ့ သတင်းတွေ…၊ မြန်မာပြည်က ဝန်ကြီးဦးဆန်းဆင့် တစ်ယောက် ဖြုတ်ထုတ်သတ် လုပ်ခံရတယ် ဆိုတဲ့သတင်းတွေ…၊ အောင်ရင်ငြိမ်းဆိုတဲ့ စာရေးစရာတစ်ယောက် နေ့ချင်းညချင်း တမဟုတ်ချင်း လျှမ်းလျှမ်းတောက်ဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေ…၊ အောင်ရင်ငြိမ်း ၏ နောက်ကွယ်တွင် ခေါင်းကိုင်ဆရာကြီး တစ်ယောက်ရှိနေသေးတယ်ဆိုတဲ့ သတင်းတွေ…။ လှည်းတန်းမှာ ဓါတ်ကြိုးပြတ်ကျလို့ အပြစ်မဲ့ ပြည်သူနှစ်ယောက် ပွဲချင်းပြီးသွားတယ်ဆိုတဲ့ သတင်းတွေ…၊ အဲဒီကိစ္စအတွက် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး လျှပ်စစ်ဝန်ကြီးက နှုတ်ထွက်ပါမယ် လုပ်နေလို့ လူကြီးတွေက ဝိုင်းတားနေရတယ်ဆိုတဲ့ သတင်းတွေ…။ စိတ်ကောက်ရရင်ကောက် ဆံပင်ကောက်ပစ်မယ် ဟု ခိုင်ဇာကြီးပြောလိုက်တဲ့ သတင်းတွေ…။ ဟောင်ကောင်မှာနေတဲ့ မူးယစ်ရာဇာ ကျောက်အတွက် သူ့ မဒမ် နှင်းမမ က ဝက်ဆီဖတ်နဲ့ အစိမ်းကြော် ကြော်ပေးတယ်ဆိုတဲ့ […]


ムラカミJune 24, 20141min38027
ကနေ့တော့ အသီးမခွဲပါနဲ့ ဗိုလ်ချုပ်ရာ … အနိုင်ကန်ဇမ်းဗါ … ညော် ..ညော်..               ပုံ ကနေ့ည အားပါးတရ အားပေးမည့်   ဟို အာလဖွားယီးတွေပြောတဲ့   မတမ မိရိုဇီ    


ဦးကြောင်ပွတ်မှာ ပျံကျားရေးဒုတ်ဝံကျီးဖြစ်သည်။ တာဝမ်ရှိပုပ်ကိုယ် ဖြစ်သည့်အားလျော်စွာ လတ်တလော ဆူဆူပူပူ ဖြစ်နေသော ပြာရေးဆရာ တောင်ရင်မှိန်း၏ ရိုမန်းဘောအဝှာ စာအုပ်ကိစ္စ ဖြေရှင်းပေးနေရသည်။ ဟေ့ ဒုတ်ဝံကျီး လီးလားကွ.. ခုချက်ခြင်း အရေးယူပေး.. နာရိုးမဓါး…. အလဂါးကောင် သမဒအောက်ဆွဲ သုံးစားမရ…. ၎င်းအား မျက်စေ့ဒေါက်ထောက် စောင့်ကြည့်နေသူ အပေါင်းသာမက ယခင်က သူ့အား သောက်ဂရု မစိုက်သူများပင် ဝင်ရောင်ဆွမ်းကြီး လောင်းနေဂျပေသီ။ ဦးကြောင်ပွတ်ဂါး ချောင်ကလောင်တွင် ဘောအဝှာစာအုပ်အား သဲကြီးမဲကြီးဖတ်ရှုလျက် ပတ်ဝန်းကျင်အား မေ့လျော့နေပုံရ၏။ ငြိမ်ငြိမ်နေဂျပါ ခင်ဗျာ.. ဒုတ်ဝံကျီး ဖီးပျက်သွားပါမယ်..။ ပြောလေကဲလေ ထိန်းလေ သောင်းဂျန်းလေ ဖြစ်လာသော ခန်းမအပြင်ဖက်ရှိ မီဒီယာသမားများ ပရိတ်သတ်များဂါး ပိုမိုအတင့်ရဲလာချေပီ..။ တီနိမ်တပ် တီနိမ် တီနိမ်တက်.. ဝံကျီး ဝံကျီး.. တခုခုတော့ […]


Mee WahJune 23, 20141min15210
အသက် ၁၈နှစ် နှင့် အောက် (ဝေလီဝေလင်းဈေး) ================================= သူကတော့ မနက် ၅ နာရီလောက် ဈေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ ဈေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်ဈေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။ – အသက် ၂ဝ (မနက်ခင်းဈေး) [လူစည်စအချိန်] =============================== ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီးဈေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ ဈေးစဆစ်လို့ ရပါပြီ။ – အသက် ၂၅ ဝန်းကျင် (မနက်ခင်းဈေး) [လူစကွဲချိန်] ================================== အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ ဈေးစည်စအချိန်မှာ […]


moonpoemJune 19, 20141min1358
၂၀၁၄ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတွင် ထပ်တိုးအသင်းအဖြစ်မြန်မာ အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားကြောင်းအရေးပေါ် ထုတ်ပြန်ချက်များအရသိရပါတယ်။ သတင်းခေါင်းစဉ်ပါရှင်။ အကြောင်းမှာပေါ်တူဂီအသင်း သည် ဂျာမနီအသင်းကို 4ဂိုးဂိုးမရှိဖြင့် ရှူံးနိမ့်ပြီးနောက် မြန်မာအသင်းသာဆိုပါက ဂျာမနီကို နိုင်ချေရှိသည်ဆိုပြီး မြန်မာအာကစားအဖွဲ့ချုပ်မှ တွက်ဆမိပါတယ်။ ထို့အတွက် လက်ရွေးစင် ဘောလုံးသမားများအား နွားနို့တိုက်ကာ အားမွေးကစားခိုင်းရာမှ ယခုကဲ့သို့ စံချိန်မီသွားခြင်း ဖြစ်သည်ဟု သိရသည်။ ် အခြားသော လိုအပ်သည့် ပြင်ဆင်မှုများအနေဖြင့် ဘောလုံးကို ခေါင်းတိုက်ချိန် ချောမွေ့မှု ရှိစေရန် ရွှေအုန်းပင် အုန်းဆီမှ တာဝန်ယူထားပြီး ဘောလုံးဖမ်းရာတွင် ဂိုးမိစေရန် ဂိုးသမားအတွက်ဆင်ကော်ပါသောလက်အိတ်ကိုသိမ်ကြီးဈေးမှတာဝန်ယူထားပါတယ်ရှင်။ အဝတ်အစားဒီဇိုင်နာကတော့ အာကာထွန်းဘောင်းဘီမှ ဖြစ်ပြီး ဘောပွဲတွင် နိုင်စေရန်အတွက် ဗေဒင်ပညာရှင်များမှအစွမ်းထက် ်သောအင်းအိုင်လက်ဖွဲ့များဖြင့် ယတြာချေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။ ကမ္ဘာဖလားမှာ ဗိုလ်စွဲခဲ့ရင် အသင်းသားအားလုံးအတွက် ဒုသမ္မတမှတစ်ယောက်လျှင် ်၂ထောင်နှုန်းချီးမြှင့်မှာ ဖြစ်ပြီး […]


ကုိ ထြဋ္June 19, 20141min25815
အားလုံး.. အားလုံး… မင်္ဂလာပါ… ကျွန်တော်က အရင် လူတလုံး နာမည်နဲ့ ပို့စ်တွေတင်ခဲ့တဲ့သူပါ… အခုတော့ ကျွန်တော် ဘယ်လိုမှ အကောင့်ကို ပြန်ဝင်လို့ မရတော့လို့… အကောင့်သစ်နဲ့ ပြန်လည်မွေးဖွားလာတာပါ… အခု ရေမြေသနင်း ကိုလဲ အားပေးကြပါလို့..                 ps… တူသလားလို့… ဟီး…                  


black chawJune 18, 20141min90349
ခေတ်ကိုမီအောင်လိုက်ဖို့ လိုပါတယ် ကျောင်းဒကာ…။ ခေတ်ကို မမီရင်တောင် ခေတ်ရဲ့ပြေးလမ်းမှာ ဟိုးနောက်ဆုံးကို မရောက်ရှိစေနဲ့ပေါ့ဗျာ…။ ခေတ်နဲ့ ရင်ဘောင်တန်းပြီး ခေတ်ရှေ့က ပြေးနိုင်ရင်တော့ အကောင်းဆုံးပေါ့…။ ဟိုတလောလေးက ရွာထဲမှာ LT ကိစ္စအတော်လေး ခေတ်စားခဲ့တာ ခင်ဗျားမှတ်မိဦးမှာပေါ့…။ အဲဒီလို နားရှက်စရာကိစ္စတွေဆို ဘလက်ကြီးက ပြောရဆိုရမှာ ရှက်တတ်တာကြောင့် ဝင်မဆွေးနွေးဖြစ်ခဲ့ဘူးပေါ့…။ သိတယ်မဟုတ်လား…။ ဘလက်ကြီးတို့က ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရတာလေ…ဟေးဟေး…။ LT ဆိုလို့ ကိုထူးဆန်းတို့ ကိုစံလှကြီးတို့ မဝင့်ပြုံးမြင့်တို့ကိုတောင် လှမ်းသတိရလိုက်မိသေး…။ ဟိုတလောက ရွာထဲ အဲဒီ အကြောင်း ဆွေးနွေးငြင်းခုန် ခဲ့ကြသေးတယ်လေ…။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က မိန်းမမရသေးပဲ ကလေးလိုချင်တယ် ဆိုတဲ့ အောင်လ အကြောင်းလေး နားစွန်နားဖျားရပ်ကွက်မှာ ထည့်ပြောခဲ့သေးတာ မှတ်မိဦးမှာပေါ့…။ မသိလို့ ရေးခဲ့မိတာ တောင်းပန်ပါတယ် အောင်လရယ်…။ […]


black chawJune 13, 20141min27837
မင်္ဂလာဆောင်ရအောင် အချစ်ရယ်…အထိအတွေ့ကို အားမရနိုင်တော့ပြီ…။ အဲဒါ ကိုင်ဇာ နဲ့ မေဆွိ ဖလန်းဖလန်း ထစဉ်အခါက အနမ်းပန်းစီးရီးထဲ…ပါခဲ့တဲ့ သီချင်းပေါ့…။ ကိုင်ဇာတို့က ခပ်ရှင်းရှင်းပဲ…။ ဝင်္ကဝုတ္တိတွေ သိတ်မသုံးတတ်ဘူး…။ ဝေ့ဝိုက်မနေဘူး…။ ဒဲ့ပဲ…။ အထိအတွေ့ကို အားမရနိုင်တော့လို့ မင်္ဂလာဆောင်ရအောင် ဆိုပြီး ချစ်သူကို ရွှေနားတော်သွင်း သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့လေသတဲ့…။ အဲဒီ အထိအတွေ့ ဆိုတာ ဘာကြီးလဲဗျ…။ သက်ကြီးဝါကြီးရွာသားကြီးတွေ ဖြစ်တဲ့ ကိုပါ တို့ ကိုမိုက် တို့ ကိုနေကြီး တို့ ကိုဆာမိ တို့ လင်းကြစမ်းပါဦး…။ ဘလက်ကြီးကတော့ အသက်က ၃ ဒါဇင် ကျော်ကျော်လေးပဲ ရှိသေးတော့ အထိအတွေ့ဆိုတာကြီးနဲ့ သိတ် မရင်းနှီးသေးဘူးပေါ့…။ ဟေးဟေး…။ အခုတလော မင်းသမီးလေးတွေ တစ်ယောက်ပြီးတစ်ယောက်မင်္ဂလာဆောင်နေကြတာ… ကိုင်ဇာကြီးသီချင်းလိုဆို အထိအတွေ့ကို အားမရနိုင်တော့လို့ […]


ေမာင္ရိုးJune 12, 20141min30921
  ယနေ့ … ရန်ကုန်တွင် မိုးရာသီပီပီသသ စလေပြီ ။ အငြိုးတကြီးရွာလေသောမိုးကြောင့်လည်းကောင်း ၊ မြောင်းထဲသို့အမှိုက်ပစ်လေ့ရှိသောကြောင့်လည်းကောင်း ၊ မြောင်းပိတ်ရေလျှံဇတ်လမ်းလည်းစပါပြီ။ နကိုကမှ ကားတွေပိတ်လို့ လမ်းကျပ်လှသော အခြေအနေတွင် ရေကြီးရေလျှံချိန်၌ပြောဖွယ်ရာမရှိ ။ ကျောင်းကား ရုံးကားများနောက်ကျကြသည် ။ အလုအယက်မောင်းကြရင်း ထုံးစံအတိုင်း ပိုဆိုးကုန်လေသည် ။ ဖတ်မိလေသော သတင်းများအရ အချို့သောမြေညီထပ်တို့ ရေဝင်ကုန်ကြသည် ။ စိတ်ဖိစည်းမှုမခံနိုင်သောအမျိုးသမီးတစ်ဦးလည်း မိမိကားပေါ်တက်၍ အပေါ်အဝတ်များချွတ်ပြီးလျှင် ကိုယ်ဟန်ပြလေ၏။ ကျောင်းကြိုကားများနောက်ကျလေသဖြင့် မိဘများ ပြာယာခတ်ကြသည်။     ဤကဲ့သို့ ဗရုတ်သုက္ခများစွာဖြင့် ဗြုတ်စဗျင်းတောင်းနိုင်လှသောအချိန်တွင် မော်ဒယ်မတစ်ဦး၏ ချစ်လှစွာသော လင်တော်မောင်မှာ လကမ္ဘာသို့ ပျားရည်ဆမ်းခရီးသွားရန်ကြံနေကြောင်းသိရလေသည် ။ ကောင်းလေစွ … ကောင်းလေစွ နောင် နှစ်အနည်းငယ်၌ ဗင်းနစ်မြို့ကဲ့သို့ဖြစ်လာနိုင်သောမဟာရန်ကုန်တွင် ရေပေါ်အိမ်သာဆောက်ပြီးစီးပွါးရှာရန်ကြံနေသော […]


ムラカミJune 2, 20141min19112
    တနေ့က .. ကျော့်မိတ်ဆွေ .. ဒီရွာသားကြီး တယောက်နဲ့ တွေ့တော့ ..သူပြောပြတာပါ… ဟာသလေးပါဗျာ .. .နီးနီးတော့ ညှီတယ်… ဟီး.. ကျော် ရေးတာပဲ ..မညှီ ခံနိုင်ရိုးလား… သည်လိုဗျ. … အနှီ ဦးလေးဟာ ..၈၈အရေးအခင်းကြီးပြီးတော့ ..သူက စမ်းချောင်းထဲမယ်.. ဗီဒီယို အခွေဆိုင် ဖွင့်ပါသတဲ့ ..အဲ့ … အချိန် အဲ့သည့်ခေတ် ဆိုတာ မြန်မာပြည်မယ်.. ဗီဒီယို ခေတ်ဦးရယ်… ဗီအိပ်ချ် အက်စ် ဒက် တွေ ဆိုတာလည်း… အိမ်တိုင်းမှာ မပြောနဲ့… တရပ်ကွက် လုံးပေါင်းတောင် လက်ငါးချောင်းမပြည့်တပြည့်… သင်္ဘောသီးတွေ နိုင်ဂျံဂါး အဆက်အသွယ်တွေ ဘာတွေ ရှိပါမှ တိုရေ ရှားရေ တလုံးတလေ.. […]


အားလုံးပဲမင်ဂလာပါ။ မဝင်ကြာလို့ဝင်~ဆက်တာပါ။ နေကောင်းကြလားဗျိုး။ နေမကောင်းရင်ဆေးကု။ နေကောင်းရင် အနေအထိုင်ဆင်ချင်။ ခုတလောဥတုကမကောင်းဘူးရယ်။ အသွားအလာဆင်ချင်ကြ။ ငွေသုံးသိပ်မကြမ်းကြနဲ့။ ဒါလေးပြောချင်လို့ပါ။ အချိန်မရဘူးရယ်။ သွားပြီဗျိုးး။