weiweiMarch 24, 20154min31219
ဘားအံခရီးစဉ်ထဲမှာ ကော့ဂွန်းဂူကလဲ စိတ်ဝင်စားစရာတစ်မျိုးကောင်းပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေနဲ့ ခမ်းနားထည်ဝါမှုတစ်မျိုးကို ခံစားရပါတယ်။ သထုံကနသွားရင် ဘားအံမြို့ထဲမဝင်ခင်မှာ တည်ရှိပါတယ်။ လမ်းညာဘက်အခြမ်းမှာ လမ်းညွှန်ဆိုင်းဘုတ်ခပ်သေးသေးနဲ့ လမ်းသွယ်လေးအတိုင်းဆက်သွားရပါမယ်။ ဆဒ္ဒန်ဂူလောက် လမ်းမဆိုးပါဘူး။ လမ်းလဲမရှည်ဘူး။ ရသေ့ပျံဂူနဲ့ တစ်လမ်းထဲဖြစ်ပေမယ့် ကျွန်မတို့ကတော့ အချိန်မရတော့လို့ ရသေ့ပျံဂူဆီမဝင်ဖြစ်ခဲ့ပါဘူး။ မျောက်တွေရှိတယ်လို့ သိရပါတယ်။ ဂူတစ်ခုပေမယ့် လှိုဏ်ဂူကြီးလိုမဟုတ်ပါဘူး။ အတွင်းထဲကို ဝင်လို့မရဘူး။ အပေါက်ဝလောက်နားတင်ပဲ ဂူလို့ဆိုနိုင်ရုံလောက်ပါပဲ။ ဒါပေမယ့် တောင်နံရံတွေမှာတွေ့ရတဲ့ ဘုရားဆင်းတုတော်လက်ရာများနဲ့ တောင်အနေအထားက ထူးခြားပါတယ်။ ရာသီဥတုပူနေပေမယ့် အေးချမ်းမှုကို ခံစားရတဲ့ နေရာတစ်ခုဖြစ်လို့ သွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ဂွန်းကျေးရွာအတွင်းမှာတည်ရှိပြီး သဘာဝထုံးကျောက်လှိုဏ်ဂူအမျိုးအစားဖြစ်ပါတယ်။ တောင်နံရံများမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများမှာ မြေမီးဖုတ် အုတ်ခွက် ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ပုံဖော်ထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်ကို ထွင်းထုထားသည့် ဗုဒ္ဓဘာသာဆိုင်ရာ […]


weiweiMarch 17, 20154min31324
အခုနောက်ပိုင်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ကရင်ပြည်နယ် ဘားအံမြို့ရဲ့ အလှအပတွေကို ခံစားနိုင်တဲ့ ခရီးစဉ်တွေ စီစဉ်လာကြပါတယ်။ လမ်းခရီး သာယာပြီး နယ်မြေအေးချမ်းလာတဲ့အတွက် ညအိပ်စရာမလိုပဲ အချိန် ၂၄ နာရီနဲ့ ဘားအံမြို့အနှံ့ကို ရန်ကုန်ကနေ သွားလည်နိုင်ပြီဖြစ်ပါတယ်။ ဘားအံမြို့မှာ အထင်ကရနေရာတွေကတော့ ရွှေရင်မျှော်ဘုရား၊ ဇွဲကပင်ခန်းမရှေ့က ကန်တော်ကြီးရှုခင်း၊ ဘုရင့်ညီဂူနဲ့ ရေပူကန်၊ ကော့ဂွန်းဂူ၊ ကော့ကသောင်ဂူ၊ ဇွဲကပင်တောင်၊ ကျောက်ကလာပ်စေတီနဲ့ ဆဒ္ဒန်ဂူ စတဲ့ နေရာအားလုံးကို သွားရောက်လည်ပါတ်နိုင်ပါတယ်။ အားလုံးထဲမှာ အထူးခြားဆုံးနဲ့ ခရီးသွားတွေ စိတ်အဝင်စားဆုံးနေရာကတော့ ဆဒ္ဒန်ဂူဖြစ်ပါတယ်။ ဘားအံမြို့ထဲနဲ့ အနဲငယ်အလှမ်းဝေးပါတယ်။ ဘားအံ မော်လမြိုင်လမ်းဘက်ကနေ ဆဒ္ဒန်ဂူဘက်ကို မြေနီလမ်းအတိုင်း ရပ်ကွက်တွေထဲကနေ ဆက်ဝင်သွားရပြီး တစ်ချို့နေရာတွေမှာ လယ်ကွင်းတွေကနေ ဖြတ်သွားရပါတယ်။ ကျေးလက်သဘာဝရှုခင်းနဲ့ တောင်တန်းအလှအပများကို ကြည့်ရှုခံစားနိုင်ပါတယ်။ ဆဒ္ဒန်ဂူဆိုတဲ့အတိုင်း ကျောက်ဆင်ရုပ်ထု […]


weiweiFebruary 25, 20155min16620
လွိုင်ကော်သွားလည်မယ်ဆိုရင် သွားသင့်တဲ့နေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းကနေ ဆက်သွားရပါတယ်။ ကြတ်ဂူသွားတဲ့လမ်းနဲ့ လမ်းမကြီးအတူတူဖြစ်ပြီး လွိုင်ကော်ကနေသွားမယ်ဆိုရင် အောင်သပြေလှိုင်ဂူကို အရင်ရောက်မှာဖြစ်ပါတယ်။   လမ်းမကြီးကနေ လမ်းညွှန်ဆိုင်းဘုတ်အတိုင်းဝင်သွားရပါတယ်။ လယ်ကန်သင်းတွေကိုဖို့ပြီး လမ်းဖောက်လုပ်လက်စမို့လို့ ကားအသေးတွေအတွက် သွားလာရခက်နေပါသေးတယ်။ ဒါပေမယ့် မကြာခင် ပြီးသွားမှာပါ။ ညနေခင်းလေးရောက်သွားတော့ လူတစ်ယောက်မှ ရှိမနေလို့  တိတ်ဆိတ်နေတယ်။ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး အဲဒီကျောင်းကနေ မီးစက်နဲ့ မီးဖွင့်ပေးပါတယ်။   ကျွန်မတို့လဲ ပါလာတဲ့ဓါတ်မီးတွေယူသွားပြီး ဂူထဲဝင်သွားလိုက်ကြတယ်။ ကံကောင်းတာက ဖိနပ်စီးခွင့်ပြုထားပါတယ်။ အထဲမှာ အစိုဓါတ်ရှိနေတယ်။ လေဝင်လေထွက်က ကြတ်ဂူလောက်မကောင်းပေမယ့် ပိတ်ချင်းမြှောင်ထက်တော့ ကောင်းပါတယ်။ သဘာဝကျောက်ဂူအလှကို သဘာဝအတိုင်း တွေ့နိုင်ပါတယ်။ မြင်ဖူးသမျှ ဂူတွေထဲမှာတော့ အလှဆုံးပါပဲ။ အထဲမှာ သွားလာရခက်တဲ့နေရာတွေ ရှိနေပါသေးတယ်။ ဦးဇင်းလေးတစ်ပါးက ဝင်လာပြီး လိုက်ရှင်းပြပေးပါတယ်။ လူတွေက ကျောက်ခတ်ပန်းဆွဲတွေကို […]


ဇီဇီFebruary 14, 20153min25424
မေမြို့ က ပုံတွေနဲ့ မှတ်မှတ်သားသား စားဖွယ်များကို မခွဲတော့ ဘူးး ပေါင်းရေးလိုက်တော့မယ်။ မေမြို့မှာ စားသောက်ဆိုင် အေးအေးဆေးဆေးထိုင်ချင်ရင်… ၁)Woodlands Restaurant ၂) ဒီဇင်ဘာခြံ အဲဒီ ၂ ခုကို ညွှန်းပါမယ်။ ၁) အတွက်ကတော့ ဟို အရင်တစ်ခေါက် က ကိုယ့်ပုံက လွဲရင် ဘာ ပတ်ဝန်းကျင် အနေအထားမှ မရိုက်ဖြစ်တာ တစ်ကြောင်းး၊ ဒီ တစ်ခေါက်တော့ မရောက်ဖူးတဲ့ ဒီဇင်ဘာခြံကို ဦးစားပေးသွားရတာ တစ်ကြောင်း ဓာတ်ပုံမပါပါဘူးးး Woodlands က မြို့ထဲမှာပါ။ ကန်တော်ကြီးကနေပြီး လားရှိုးဘက် ထွက်တဲ့ လမ်းကို မောင်းတဲ့ လမ်းပေါ်မှာတင်ပဲ ရှိပါတယ်။ မေးရလွယ်၊ သွားရလွယ်ပေါ့။ တရုတ်စာ၊ ယိုးဒယားစာ၊ အဖျော်ယမကာ အကုန်ရတာမို့ နေ့လည်စာ […]


ဇီဇီFebruary 9, 20151min53441
  မန်းလေး မှာ ဘာစားချင်လည်း အမေးခံရတော့  ကျနော် က ဒေါင်းလန်းကြီးမှာ စားချင်တယ် ပြောမိတယ်။ ဒါပေမဲ့ ကျနော့ သူငယ်ချင်းတွေက ဇကောထမင်းက ပိုကောင်းတယ် ပြောပြီး ဒီကိုပဲ လိုက်ပို့တယ်။ ဆိုင် – ယမုံနာ   လိပ်စာ – နန်းရှေ့ ၂၆ လမ်းကနေ နန်းရှေ့ဘက်ကို သွားတယ်။ ၆၂ လမ်းမှာ ဘယ်ဘက်ချိုးတာ မှတ်မိတယ်။ အဲ။ ရထားသံလမ်း အတိုင်း မောင်းသွားရင် ညာဘက်ခြမ်းမှာ ရေနီမြောင်းကို ခွပြီး ဆိုင်ဖွင့်ထားတာ။ တဲလေးတွေ အများကြီးပဲ။ (ဟိ၊ ဒီ လမ်းညွှန်နည်းကို တဂျားမြင်ရင် ဆူပြီ။) သေချာလိပ်စာက သူ့မေးထားတယ်။ သူလာပြောလိမ့်မယ်။ခိ။ ရရှိနိုင်တဲ့ အစားအသောက် – ကချင်စကောထမင်း၊ဟင်း၊ […]


ဇီဇီFebruary 5, 20156min31648
      အရင်က ပြန်ရင် စုစုပေါင်း ၂ ပတ်မှာ ရန်ကုန် နဲ့ မန်းလေးကို တစ်ပတ်စီနေတာ။ မလောက် လို့ ဒီ တစ်ခေါက် ၂ ပတ် စီ နေတာလည်းးးးးးး မလောက်ဘူးး  :mrgreenn:  ဒီ တစ်ခေါက်က ခရီးတိုတွေ များတယ်။ များပေမပေါ့။ မွေးမေလေ့က သူ့ အမျိုးတွေနဲ့ ပြန်ခေါ်တော့ ဆွေမျိုးချစ်ကြည်ရေးလိုက်လုပ်ရတာ နဲ့ ခင်ဇော်လည်း အစားစုံ အဲလေ နေရာစုံ သွားလိုက်ရရော။ စစ်ကိုင်း၊ မင်းကွန်း၊ ကောင်းမှုတော် မြင်းခြံ ပုဂံ မေမြို့ မနားတမ်း သွားတယ်။ ကြားရက် မှာ သူငယ်ချင်းတွေ အမျိုးတွေ ကျွေးသမျှ မနားတမ်းစားတယ်။ တစ်ရက် ၄ နပ်ကို […]


manawphyulayJanuary 16, 20152min1347
ရှမ်းပြည်ရဲ့ တစ်ပတ်တစ်ရက်ဈေးနေ့လေးနဲ့ ကြုံကြိုက်ခဲ့တဲ့အတွက် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ထမင်းကို အိုးကြီးတွေနဲ့ချက်ပြီး ချိန်ခွင်နဲ့ ချိန်ရောင်းပုံသည်လည်း ထူးဆန်းသည့်မြင်ကွင်းပင် ဖြစ်ပါသည်။


manawphyulayJanuary 7, 20151min1266
ကျွန်မတို့ တည်းတဲ့ ဟဲဟိုးကနေ တောင်ကြီးဘက်အတက်မှာ တောင်ခြေက အေးသာယာမြို့သစ်ကို မရောက်ခင်လေးမှာ ကျွန်မတို့ကားဦးတည်ရာတစ်လျှောက်က မြေပြန့်ကြီး…။ ကျွန်မတို့ငယ်ငယ် ပထဝီမှာ သင်ခဲ့ရတဲ့ ဟဲဟိုးလွင်ပြင်ကြီးပေါ့…။ အဲဒါကိုကျော်လာတော့ တောင်စောင်းမှာ ထင်းရူးပင်တွေ စီရရီနဲ့ တောင်ပေါ် ပြန်တက်လာသည်…။ တစ်ကွေ့နှစ်ကွေ့လောက် သွားပြီးတော့… မြင်လိုက်ရတဲ့ မီးရထားလမ်း….။ အဲဒါ နာမည်ကြီး ဘဝသံသရာကွေ့ပေါ့….။ ဘဝသံသရာ တံတားလို့လည်း ခေါ်ပါတယ်။ အဲဒီနေရာမှာ ရထားလမ်းက တောင်ကို တပတ်ပတ်ပြီး ပထမဖြတ်သွားတဲ့ နေရာအောက်ကနေ ဖြတ်ပြီး…. ဟဲဟိုးလွင်ပြင်ဆီ ခွေကာ ခေါက်ကာ ဆင်းသွားတယ်….။


မနက်ခင်းလေးများကိုငေးကြည့်ခြင်း(ဓါတ်ပုံပိုစ်)     အရင်က မနက်မနက်ဆို လမ်းထထလျောက်ပါတယ်။ အခုတော့ အကြောင်းအမျုးိမျိုးပြပြီး မနက်လမ်းလျောက်မထွက်တာ အတော်ကြာပါပြိ ပြီးခဲ့တဲ့ ဥပုဒ်နေ့ကတော့ လူးလဲ ထပြီး မနက် စောစောဦးပိန်ကိုအရောက်သွားခဲ့ပါတယ်။ ဒီတော့ကျနော်ရိုက်ခဲ့ဘူးတဲ့ နံနက်ခင်းလေးတွေကိုစုပြီး တင်ပေးလိုက်ပါတယ်။