အလှူပွဲကပြန်ခဲ့တယ် “အလှူပွဲက ပြန်ခဲ့တယ်” မိုးလေးတဖျောက်ဖျောက်နဲ့ မို့စောင်ခြုံပြီးပြန်အိပ်နေပေမယ့် အောက်ထပ်မှာလုပ်ကြကိုင်ကြနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက်တော့ အိပ်မပျော်ပါဘူး။ အဲဒါနဲ့ဘဲအိပ်ယာထ အောက်ထပ်ကိုဆင်းလာတော့ ခြောက်နာရီထိုးပါပြီ။ ကျနော်တို့တည်းတဲ့ခြံရဲ့မြောက်ဘက် က လည်း သူတို့ ရဲ့အမျုးိတွေပါဘဲ။ အဲဒီခြံထဲမှာ ထမင်းဟင်းတွေချက်နေကြပါတယ်။ မနေ့ည ကတည်း က သူတို့တစ်တွေ ဟင်းဘယ်မှာချက်မယ်ဆိုတာငြင်းနေကြတာပါ။ ထမင်းချက်အဖွဲ့ခေါင်းဆောင် လုပ်တဲ့ အလှူ့ရှင်ရဲ့ဦးလေးက အိမ်မှာတင်ချက်မယ်။ တစ်ချို့က ချက်ပြီးသယ်ရတာ ခက်မှာစိုးတော့ ကျောင်းမှာသွားချက်စေချင်တယ်။ ထမင်းချက်အဖွဲ့ကလဲ ဒီမှာချက်တော့ ဆားလို ငပိလို ဆိုရင်လွယ်တယ်။ လိုချင်တာရှိလို့အိမ်ပြန်လာရတာ အချိန်ကြာတယ်။ ကားလဲရှိနေတော့ ချက်ပြီးသားကို အိုးတွေနဲ့ထည့်သည်မယ်လို့ပြောတော့ နောက်ဆုံးအိမ်မှာတင်ချက်မယ်ဆိုတာက အတည်ဖြစ်သွားပါတယ်။ ကျနော်မနက်အိပ်ယာထတော့ သူတို့ နားကိုယောင်ပေပေနဲ့သွားပြီး ဓါတ်ပုံရိုက်ပါတယ်။ အဲဒီမှာတစ်ယောက်က “မင်းတို့ လာရင် ဓါတ်ပုံတွေသာရိုက်ရိုက်သွားတာ ကျုပ်တို့ […]