ဝိတိုရိယခရီးက ပြန်လာပြီးနောက်ပိုင်းမှာတော့ ရေခဲတောင်တက်ဖို့ရာအတွက် ပြင်ဆင်တဲ့အနေနဲ့ ကလောဘက်က တောင်တွေကို မိုးရာသီမှာ ဗွက်ရုန်းဖို့ သွားရမဲ့ ထရိန်နင် ခရီးရှိပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီကလောခရီးအတွက် ထရိန်နင်ဆင်းနေဆဲကာလမှာပဲ မြန်မာနိုင်ငံအလယ်ဗဟိုတည့်တည့်ကို ဖြတ်ထားတဲ့ အရမ်းလှတဲ့ ကူမဲနားက ပြတ်ခရွေတောင်ကို သွားမိတယ်။ ပြန်လာတော့ ဒူးက နည်းနည်းနာလာပါလေရော။ နောက်ရက်ကျတော့ စိန်ခနောက်ကို ထရိန်နင် ထပ်တက်ရပြန်တယ်။ အဲ့မှာ ဇာတ်လမ်းက စပါတယ်။ နာတဲ့ဒူးက တော်တော်ကို ဆိုးဆိုးဝါးဝါးဖြစ်လာတဲ့အခါ နားဖို့အထိ ဖြစ်လာပြီး အဲ့နောက်ပိုင်း ကလောခရီးစဉ်ဖျက်လိုက်ရပါတယ်။ ဒူးကိုလုံးဝအနားပေးလိုက်ရပါတယ်။ အဲ့တုန်းက တော်တော်လေးကို စိတ်ဓာတ်ကျသွားတာပါ။ ကလောခရီးစဉ်ကနေ ပြန်လာတဲ့ ကျမသူငယ်ချင်းတွေကတော့ ရေခဲတောင် အိမ်မက်ကို ဆက်မက်ပြီး rock climbing လို ထရိန်နင်တွေပါဆင်းကြပါတယ်။ ၁၁လပိုင်းလောက်ကျတော့ ပူတာအို ခရိုင်အတွင်းကပဲ ထောတကောဆိုတဲ့ […]