အမေရိကားတွင် သမ္မတဒေါ်နယ်ထရမ့်အာဏာရလာပြီးနောက် တကမ္ဘာလုံးသို့ ရည်ရွယ်ဦးတည်သော ကုန်သွယ်စစ်များပြုခဲ့သည်။ မိတ်ဖက် စစ်ရေးမဟာမိတ်များ၊ အိမ်နီးချင်းများပင်မချန်သော ကုန်သွယ်စစ်များ၏ရည်ရွယ်ချက်မှာ Make America Great Again နှင့် The Golden Age of American ဟုဆိုပါသည်။“အထူးကုန်ခွန်လက်နက် ထရမ့်စက်”ဇူလိုင် ၂၇ ရက်တွင် သမ္မတထရမ့်နှင့် ဥရောပသမဂ္ဂ(EU)ကော်မရှင်နာမင်းကြီးဗွန်ဒါ လိုင်ယန် တို့ EU နှင့် US ကုန်သွယ်အထူးခွန် သဘောတူညီချက် ရယူနိုင်ခဲ့သည်။ ဥရောပသမဂ္ဂတွင် နိုင်ငံပေါင်း ၂၇နိုင်ငံပါသည်။ အဓိကပို့ကုန်တို့မှာ ဆေးဝါး၊ စက်ပစ္စည်းကြီးများနှင့် ယာဉ်နှင့်ကားပစ္စည်းများပါ။ဥရောပသည် အမေရိကထွက်ကုန်များကို “သုည” ရာခိုင်နှုန်းနှင့်လက်ခံကြရမည်ဖြစ်ပြီး အမေရိကားမှာမှု ဥရောပထွက်ကုန်များကို ၁၅% ချနိုင်သည်ဟုဆိုသည်။ ထိုအထဲတွင် အလှူမီနံနှင့် စတီးလ်အထူးနှုန်း ၅၀%မပါသေး။ ရင်းနှီးမြုတ်နှံမှု ဘီလီယံ၆၀၀အထက်ပြုကြရဦးမည်။ထိုနှုန်းအတိုင်းထပ်တူမျှပင် ဂျပန်ကိုလည်း ပြုနိင်ခဲ့ပြီးဖြစ်သည်။ဇူလိုင် […]