kaiApril 3, 20252min9980
“When written in Chinese, the word ‘crisis’ is composed of two characters—one represents danger, and the other represents opportunity.”- John F. Kennedy “နေပြည်တော် (သို့)ငလျင်ကြောပေါ် ကမြို့တော်”၂၀၀၂၏တနေ့သ၌ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် မင်းကြီးညိုရာဇဝင်စာအုပ်ထဲမှ ဗျာဒိတ်အရဆိုကာ နေပြည်တော်ကို တိုတောင်းသော အချိန် ၃နှစ်ကျော်အတွင်း အမြန်တည်ဆောက်ခဲ့ပြီး ၂၀၀၅ နိုဝင်ဘာ ၆ ရက်နေ့တွင် ညကြီးမင်းကြီး ထရပ်ကားထောင်ချီတန်းများနှင့် ရန်ကုန်မြို့မှ ရုံး/အစိုးရဝန်ထမ်း ပရိဘောဂများတင်ဆောင်၍ မြို့ကို ထ, အသက်သွင်းခဲ့သည်။ မြို့အပြီးပြောင်းရွေ့ချိန်ကို ၄၈ နာရီသာပေးခဲ့၏။ ထိုနောက်ကာလက မြို့အဝင်အထွက်ကိုထိန်းချုပ်ထားခဲသဖြင့် လူသူကားရှင်းလင်းနေသော ၆လမ်းသွားလမ်းမကြီးများနှင့် မီးထိန်ထိန်နေပြည်တော်ကို ကမ္ဘာ့နိုင်ငံများတွင်ပဟေဋိမြို့ […]


kaiMarch 31, 20255min10380
ယခင်လက မတတ်သာ၍ ရဲအရာရှိများနှင့် ပတ်သက်ခဲ့ရပါက ဘယ်လိုနေထိုင်ရမည်၊ ဘယ်လိုပြောဆိုဆက်ဆံရမည် စသဖြင့် အတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ လိုက်နာကျင့်သုံးကြဖို့ ထပ်မံတိုက်တွန်းလိုပါသည်။ ယခုလတွင်တော့ ရုတ်တရက် နေထိုင်မကောင်း၍ ဖြစ်စေ၊ accident တစ်ခုခုနှင့် ကြုံကြိုက်၍ဖြစ်စေ၊ ဆေးရုံသို့ သွားရမည်ဆိုပါက ဆေးရုံဝန်ထမ်းများ၊ သူနာပြုများ၊ ဆရာဝန်များနှင့် ပြောနိုင်ဆိုနိုင်အောင်၊ ပြောတတ်ဆိုတတ်အောင် ဖော်ပြပေးလိုပါသည်။ ဦးစွာပထမ စာဖတ်သူအားလုံးကို health insurance ရှိနေပါစေ။ မရှိသေးပါက မဖြစ်မနေ ရယူထားပါဟု သတိပေးလိုပါသည်။ ဤနိုင်ငံတွင် health insurance မရှိခဲ့ပါက အလွန်ပင် ဒုက္ခရောက်ပါသည်။ ကျန်းမာရေးကို လျှော့တွက်၍ မရပါ။ မိမိကိုယ်မိမိ နေထိုင်မကောင်း မဖြစ်နိုင်ဘူးဟု မထင်ကြပါနှင့်။ insurance ရှိသူများကိုလည်း လိုအပ်သည့် စာရွက်စာတမ်းများ အဆင်သင့်ဆောင်ထားဖို့ သတိပေးပါရစေ။ Accident ဖြစ်၍ သတိလစ်နေခဲ့ပါက စာရွက်စာတမ်း […]


kaiMarch 28, 20251min8981
ဆန်ဖရန်စစ္စကိုက.. Burma Superstar ဆိုင်များ မိသားစုက.. GoFundMe တင်ထားပါတယ်.. သူတို့က… ဒေါ်လာ ၁ သောင်းကို.. Match မှာမို့ .. ငွေလှူတန်းနိုင်ပါတယ်.. လှူတဲ့ငွေတိုင်း.. ဒေါ်လာ ၁သောင်းအထိ.. ၂ဆဖြစ်သွားမှာ.. ဖြစ်ကြောင်းပါ။ အလှူငွေကို.. Future Superstars, a 501 (c)(3) non-profit organization က.. လက်ခံပြီး..Red Cross ကြက်‌ခြေနီက တဆင့်.. မြန်မာပြည်သွားမှာဖြစ်ပါတယ်တဲ့.. ..။ တဦးကို… ၅ဒေါ်လာလှူလိုက်လည်း… အင်မတန်ကြီးမားတဲ့.. ငွေပမာဏဖြစ်သွားမှာ… ဖြစ်ပါကြောင်း..။ Burman Strong! https://www.gofundme.com/f/myanmar-earthquake-relief-funds-2025


kaiMarch 13, 20253min13850
ပန်းခြံများတန်းတူညီမျှရှိရေး နိုင်ငံ့စံပြပြယုဂ်ကို Los Angeles က စတင်လိုက်ခြင်း ဆွေးနွေးပွဲကို ၂၀၂၅၊ ဖေဖော်ဝါရီ၂၁က Ethnic Media Services က ဦးဆောင် ပြုလုပ်ခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က တနိုင်ငံလုံး၏ ပန်းခြံအဆင့်သတ်မှတ်ခြင်းတွင် Los Angeles သည် နံပါတ်၁၀၀တွင် ၈၈နေရာသို့ ထိုးကျသွားခဲ့သည်။ တန်းတူညီမျှမရှိခြင်း၊ စိမ်းလန်းသောနေရာများနှင့် ပန်းခြံများသို့ သာတူညီမျှဝင်ရောက်ခွင့်မရှိခြင်းတို့သည် Los Anegles မြို့ရင်ဆိုင်ကြုံတွေ့နေရသောပြဿနာများထဲမှ အဓိကကျသောဗဟိုချက်ဖြစ်သည်။ ထိုပြဿနာများကိုဖြေရှင်းဖို့ရာ အတိုးတက်ဆုံးသောနည်းပညာများနှင့် ဇစ်မြစ်မျိုးစုံမှ Angelenos တစ်ဦးချင်းစီက ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ မိမိတို့၏အတွေးအမြင်များနှင့် ဘယ်အချက်ကအရေးကြီးဆုံးလဲဆိုတာတွေကို မျှဝေကြရမည်ဖြစ်သည်။ ပန်းခြံများတန်းတူညီမျှရှိရေးသည် ပြည်သူ့ကျန်းမာရေးအရာရှိများအတွက် ဘာ့ကြောင့်အရေးကြီးဆုံးသောစိတ်ဝင်စားစရာဖြစ်သလဲ။ ပန်းခြံများတန်းတူညီမျှရှိရေးကို ဘယ်အချက်က ကျဆင်းစေသလဲ။ LA ရဲ့ပန်းခြံစနစ်နဲ့တခြားမြို့တွေကို ဘယ်လိုနှိုင်းယှဉ်မလဲ။ LA တွင် စတင်လုပ်ဆောင်တော့မည့် ကြိုးပမ်းအားထုတ်မှုအတွက် ရှေ့တန်းအရေးတကြီးနေရာကို […]


သင့်အေးရိပ် စုဆောင်း တင်ပြသည်။ Feb 27 ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်(AA)ကြား တိုက်ပွဲတွေအရှိန်မြင့်နေပြီး စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုတွေလည်းရှိခဲ့တဲ့အပြင် မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ထိစပ်တဲ့ နေရာတွေမှာပါ တိုက်ပွဲတွေ ကျယ်ပြန့်လာနေကြောင်း ဒေသခံတွေက ပြောပါတယ်။ Feb 26 ။ ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ်မိုး ဆက်တိုက်ရွာတာကြောင့် ဆောင်းသီးနှံတွေ ရေနစ်မြုပ်ပျက်စီးမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။ မြန်အောင်၊ ကြံခင်း၊ သာပေါင်း၊ ရေကြည် စတဲ့ မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲ စတဲ့သီးနှံတွေ ရေနစ်မြုပ်ခဲ့တာပါ။ Feb 25 ။ မြန်မာပြည်ဟာ ၂၀၂၄ အတွင်း အင်တာနက်ပိတ်ဆို့မှု ၈၅ ကြိမ် […]


kaiMarch 2, 20253min13240
ယူကရိန်း-ရုရှားစစ် ၃နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၂၅ တွင် ဥရောပခေါင်းဆောင်များနှင့် ကနေဒါဝန်ကြီးချုပ်တို့ ကိဗ်မြို့ရောက်ရှိခဲ့ကြသည်။ သမ္မတထရမ့်မပါချေ ။ အမေရိကားသည် ရုရှားကိုယ်စားလှယ်များနှင့်လည်း ဆော်ဒီအာရေဗျနိုင်ငံတွင် ယူကရိန်း/အီးယူမပါပဲ ၁၈ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးဖြစ်သည်။ ဆွေးနွေးပွဲ၏ သဘောတူညီချက်များ ထုတ်ပြန်ခြင်းမရှိပါ။ “လက်နက်နဲ့ သယံဇာတလဲလှယ်ပွဲ” ယူကရိန်းသယံဇာတများ၏ ၅၀ စစ်စရိပ်အဖြစ်ယူမည်၊ အတိုး၁၀၀ နှုန်းထား ၁ဒေါ်လာညီ လက်နက်တန်ဖိုးကို ၂ဒေါ်လာညီ သယံဇာတနှင့် ပြန်ပေးရမည် ထိုဒေသများ၏ လုံခြုံရေးအဖြစ် အမေရိကန်တို့ ဝင်ရောက်မည် ဟု ဆိုခကာ ထိုကိစ္စကို စာချုပ်ချုပ်မည်ဟု သမ္မတထရမ့်မှဆိုခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ဂြိုဟ်ကြီး၇လုံးတန်းသောနေ့တွင် ယူကရိန်းသမ္မတဇယ်လန်စကီသည် လက်နက်နှင့် သယံဇာတလဲလှယ်စာချုပ်လက်မှတ်ထိုးရန်ဟူ၍ အိမ်ဖြူ‌တော်သို့ရောက်ရှိလာခဲ့သည်။ ကမ္ဘာ့မီဒီယာများအားလုံးရှေ့ဝယ် သမ္မတနှစ်ဦးတို့ ကတောက်ကဆဖြစ်ကြပြီး စာချုပ်ချုပ်ဆိုရေးပွဲပျက်သွားလေသည်။သမ္မတထရမ့်မှ ဇယ်လန်စကီးအား “မင်းက တတိယကမ္ဘာစစ်နှင့် လောင်းကြေးထပ်ကစားနေတယ်”ဟုဆိုလိုက်ခြင်းသည် […]


kaiFebruary 26, 20254min10310
ယခင်လက ယာဉ်ထိန်းရဲများက မိမိ၏ကားကို အကြောင်းတစုံတရာကြောင့် ရပ်တန့်ခဲ့လျှင် မည်သို့နေရမည်၊ မည်သို့ပြောဆိုရမည်ဆိုသည်ကို အထိုက်အလျှောက် တင်ပြခဲ့ပြီးပါပြီ။ ယခုလတွင် လိုအပ်သည်လေးများကို ဖြည့်စွက်ပြီး စာရေးသူ၏ကိုယ်တွေ့ အတွေ့အကြုံလေးများပေါ် အခြေခံထားသည့် Conversation များကို ဖေါ်ပြပေးလိုပါသည်။ ဦးစွာပထမ မှာကြားလိုသည်မှာ ကားမမောင်းခင် မိမိ၏ကားထဲမှာ လိုအပ်သည့် အရေးကြီးသည့်စာရွက်စာတမ်းများကို အဆင်သင့် ဆောင်ထားရန် လိုအပ်ပါသည်။ ပြင်ဆင်ထားသင့်ပါသည်။ LicenceProof of registrationProof of insurance Necessary စာရွက်စာတမ်းအားလုံးကို အလွယ်တကူပြနိုင်ရန် စီစဉ်ထားပါ။ အဆင်မသင့်၍ ရဲများနှင့် ကြုံတွေ့ရသည့်အခါ၊ ဆက်ဆံရသည့်အခါ အလွယ်တကူ ထုပ်ပြနိုင်ဖို့အရေးကြီးပါသည်။ ရဲများက တောင်းဆိုသည့်အခါမှ အကြီးအကျယ် ရှာရဖွေရပြီဆိုလျှင် တမျိုးတမည် ထင်သွားနိုင်ပါသည်။ စာရေးသူ တချိန်က ရေးသားဖေါ်ပြဘူးသည့် perception နှင့် reality […]


သင့်အေးရိပ်February 6, 202514min14460
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Jan 29 ။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံတဝန်းက လူငယ်အမျိုးသားတွေအပြင် အမျိုးသမီး(အိမ်ထောင်သည်တွေ)ကိုပါ စစ်မှုထမ်းဖို့ စတင်စာရင်းကောက်ယူတာတွေလုပ်ဆောင်လာကြောင်း BBC သတင်းအရ သိရပါတယ်။ Jan 28 ။ US ဒေါ်လာဈေး ဆက်တိုက်ကျဆင်းနေပြီး တဒေါ်လာ ၄,၅၅၀ ကျပ်ဝန်းကျင်အထိ ပြန်ကျဆင်းခဲ့ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ အငြိမ်းစား မြန်မာစာ ပါမောက္ခဆရာကြီး မောင်ခင်မင်(ဓနုဖြူ) (အသက် ၈၄ နှစ်)ဟာ ဒီနေ့မနက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ Jan 27 ။ လမ်းမတော်လမ်းကနေ ရွှေတိဂုံဘုရားလမ်းတလျှောက် စည်ကားခဲ့တဲ့ ချိုင်းနားနှစ်သစ်ကူးပွဲတော်က ယခုနှစ် (၂၀၂၅)မြွေနှစ် တရုတ်တန်းရဲ့ နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာတော့ ဆိုင်ခန်းတွေ လျော့ကျခဲ့သလို လသာလမ်းကနေ ရွှေတိဂုံဘုရားလမ်းတလျှောက်မှာလည်း ခြောက်ကပ်နေခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ […]

IMG-6b6b55e8a2b6b02936b1a72bdc1d635d-V.png

“သူ ဘာဖြစ်နေတာလဲ။” မော်လီက ရှေ့နည်းနည်းကိုင်းပြီး ပန်းခြံထဲကခုံပေါ်မှာ တစ်ယောက်တည်းထိုင်နေတဲ့ သနားစရာမိန်းကလေးကို ထပ်ချောင်းကြည့်လိုက်တယ်။ ပြီးတော့ နားရွက်လေးတွေပါ ခါသွားတဲ့အထိ ခေါင်းကို ခါယမ်းလိုက်တယ်။ “ဘယ်သိမှာလဲ ရော့ကီရဲ့။ သူ့ကြည့်ရတာ တော်တော်ဝမ်းနည်းနေပုံပဲ။” “ငါတို့ သူ့နားသွားကြည့်ရင် ကောင်းမလား။ တစ်ခုခု လုပ်ပေးနိုင်မလားလို့လေ။” မော်လီက သူနဲ့ ရော့ကီတို့ ထိုင်နေကြတဲ့ သစ်ပင်နောက်နားလေးကနေ ပတ်ထွက်လိုက်တယ်။ ကောင်မလေးကို သေသေချာချာ လှမ်းမြင်ရပြီ။ သူ့အမြင်အာရုံက သိပ်အကောင်းကြီးမဟုတ်ပေမယ့်လည်း ကောင်မလေး ငိုထားမှန်းတော့ သိတယ်။ အကြားအာရုံကလည်း ကောင်းလွန်းလို့ ကောင်မလေးရဲ့ တရှုံ့ရှုံ့အသံကိုတောင် ကြားနေရတယ်။ “အေး သွားရအောင်။” သူတို့ကိုယ်ပေါ်က အမှိုက်တွေကို ခါထုတ်လိုက်ပြီး နှစ်ယောက်သား ကောင်မလေးနား ကပ်သွားလိုက်တယ်။ အနားရောက်သွားတော့မှ ကောင်မလေးက တကယ်ကို ငိုထားတာပဲ။ မြင်ရတဲ့သူတို့ပါ မျက်လုံးလေးတွေ […]


kaiJanuary 31, 20253min14060
၂၀၂၅သည် စိတ်လှုပ်ရှားခြင်းများစွာနှင့်အတူ အမေရိကားသို့ ဆိုက်ရောက်လာသည်။ သဘာဝဘေးနှင့် လူလုပ်ဘေးရှိရာတွင် မြန်မာတို့အဆို ရန်သူမျိုးငါးပါး (ရေ၊မီး၊မင်း၊ခိုးသူ၊ မချစ်မနှစ်သက်သောသူ) တို့ကို သတိရဖွယ်ဖြစ်၏။Lunar နှစ်သစ်မှာလည်း ဇန်နဝါရီ ၂၉ တွင်ကျရောက်ပြီး ယခုနှစ်သည် မြွေနှစ်ဖြစ်သည်။ နှစ် ၆၀ တွင်တခါလာသော သစ်သားမြွေ ဖြစ်သတဲ့။ အကောင်၁၂မျိုးတွင် မြွေသည် နားလည်ရ အခက်ဆုံးတဲ့။ အသိဉာဏ်ပညာ ၊ စိတ်ရှည်ခြင်း နဲ့ ထူးဆန်းသောအဖြစ်အပျက်များ၊ အသစ်ဖန်မွေးဖွားခြင်း အချစ်ရေးအထူးသဖြင့်ကောင်းမွန်ခြင်းတို့ကို ကိုယ်စားပြုပါသတဲ့။ ထို့အပြင် နာဆာ၏အဆိုအရ ဖေဖော်ဝါရီ ၂၈ တွင် ဂြိုဟ်ကြီး ၇လုံး (Mars, Jupiter, Uranus, Venus, Neptune,  Saturn, Mercury တို့ တတန်းထဲစီသွားကာ နက္ခတ်တို့စုံလင်မည်။ “ဘုရားသခင်တို့၏ စစ်ပွဲလောက” ယခုခေတ်ကမ္ဘာကြီးကို […]