နိုဝင်ဘာ၁၅ရက်နေ့က ဆန်ဖရန်စစ္စကို/ဝုဆိုက်ဒ်တွင် ကမ္ဘာ့ထိပ်တန်းဆုံးနိုင်ငံကြီးနှစ်နိုင်ငံ၏ သမ္မတ၂ပါးတွေ့ကြသည်။ တွေ့ဆုံပွဲဖြစ်မြောက်ရန် နှစ်ချီပြင်ဆင်ထားခြင်းဖြစ်ပြီး ကြားမတိုင်မှီက ဆိုင်ရာနိုင်ငံထိပ်တန်းနိုင်ငံရေးသမားများ အပြန်အလှန်ကူးလူသွားလာ အကြိုသဘောတူညီချက်များရယူထားကြပြီးဖြစ်ပါသည်။ သမ္မတနှစ်ဦးတွေ့ကာ ကမ္ဘာသိပြောလိုက်ကြခြင်းဖြင့် အတည်ပြုလိုက်ခြင်းသာ။ သဘောတူချက် အဓိက၃ချက်သာတွေ့ရပြီး နံပါတ်တစ်မှာ အမေရိကားမြေတွင် အမေရိကန်နှစ်စဉ်၁သိန်းကျော်သေဆုံးစေနေသော မူးယစ်ဆေးဖန်တနေယ်/အို့ပီရွိုက်တို့အား ထိမ်းချုပ်ကန့်သတ်ရန်ဖြစ်သည်။အမေရိကားမြေသို့ ဝင်လားသောအဆိုပါမူးယစ်ဆေးဝါးများ၏အဓိကလမ်းကြောင်းမှာ တောင်ဖက် မက်ဟီကိုပြည်နယ်စပ်မှဖြစ်ပြီး အဆိုပါတောင်ဖက်ပြည်ထောင်များသည် ဘိန်းစိမ်းအား ဓာတုဆေးဝါးဖြင့်ကျားကန်အဆင့်မြှင့်ရာဝယ် လိုအပ်သော ကမ်မစ်ကယ်ကုန်ကြမ်းများအား ချိုင်းနားပြည်မှတင်သွင်းကြရသည်ဖြစ်ပါ၏။ ထိုတင်သွင်းနေမှုကို ထိန်းချုပ်ပေးရန် သမ္မတဘိုင်ဒန်မှ သမ္မတရှီအားတိုက်ရိုက်တောင်းဆိုခဲ့ပြီး အပြန်အလှန်အဖြစ် ချိုင်းနားအနောက်ဖက်ဝီဂါများအရေးအခင်းကြောင့် ၂၀၂၀ကထဲက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားသော ချိုင်းနားဝန်ကြီးဌာနအောက် သိပ္ပံစမ်းသပ်ဓာတ်ခွဲခန်းတို့အား ဒဏ်ပယ်ဖျက်ပေးမည်ဖြစ်လေသည်။ ဖန်တနေယ်/အို့ပီရွိုက်တို့မှာ မူလဘိန်းစိမ်းအား ကမ်မစ်ကယ်တချို့ဖြင့်ပြုပြင်ချက်လုပ်၍ အဆင့်မြင့်မူးယစ်ဆေးဝါးဖြစ်စေခြင်းဖြစ်ပါသည်။ ဒေတာအချက်အလက်များအရကောက်ရလျှင် ကမ္ဘာတွင် ဘိန်းအထုတ်ဆုံးတိုင်းပြည်၂ခုမှာ အာဖဂန်နစ္စတန်နှင့် မြန်မာပြည်ဖြစ်သည်။ ၂၀၂၂ တွင် အာဖဂန်ပြည်အားအုပ်ချုပ်ထားသော တာလီဘန်တို့၏အထူးအမိန့်အရ ဘိန်းစိုက်ပျိုးမှုအား လျှော့ချပစ်ခဲ့ရာ […]