Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


poochDecember 11, 20111min61831
ဒီနေ့ မရည်ရွယ်ပဲနဲ့ ပွဲ တခုကို ရောက်သွားခဲ့ပါတယ်။ ကိုယ်နှစ်သက်တဲ့ အနုပညာရှင်တွေမို့လည်း သွားဖြစ်ခဲ့တာပါ။ ထူးထူးဆန်းဆန်း စရောက်ရောက်ချင်းမှာပဲ လက စကြတ်ပါတယ်။ နောက်တဖြည်းဖြည်းနဲ့ ကြတ်သွားတာ ပွဲပြီးမှ ပြန်လင်းလာခဲ့ပါတယ် ။ ဒါလေးက တိုက်တိုက်ဆိုင်ဆိုင် ကြုံတောင်ကြုံခဲ မြင်လိုက်ရတာပါ။ တခါကလည်း ကြယ်မိုးရွာမယ်ဆိုလို့ တညလုံး စောင့်ခဲ့ဖူးပါတယ်။ အဲ့ဒီညတုန်းကတော့ လေကြီးမိုးကြီးကျပြီး ကောင်းကင်တခွင်လုံး ပိန်းပိတ်အောင်မဲပြီး မှောင်နေခဲ့ပါတယ်။ ဒါကို ဇွဲက မလျှော့ဘူး ပေါ်လာနိုး ပေါ်လာနိုးနဲ့ပါ။ သူငယ်ချင်းတွေ ညီအမတွေနဲ့ တညလုံးတလှည့်စီစောင့်မယ်လို့ တိုင်ပင်ထားတာမှာ အိမ်က ညီမတွေက သူတို့ အရင်အိပ်နှင့်မယ် စောင့်နှင့်နော်လို့ ပြောပြီး လောကကြီးနဲ့ အဆက်ပြတ်သွားကြပါတယ်။ သိပ်မကြာခင်မှာပဲ သူငယ်ချင်းက သူအိပ်လိုက်အုန်ုးမယ် ဆက်စောင့်နေနော်ဆိုပြီး ချစ်စရာကောင်းစွာ ဖုန်းဆက်လာပါတယ်။ နောက်ခဏနေတော့ တဝုန်းဝုန်း […]


poochNovember 13, 20111min72726
ရာဇဝင်တွေကို ပြန်လည် ဖတ်ရှုဖြစ်သည့်အခါတိုင်း ရင်ထဲမှာ အမျိုးအမည် မသိတဲ့ ဝေဒနာ တခု ဒါမှမဟုတ် အတွေးတခု အမြဲတစေ ကပ်ငြိလေ့ရှိပါတယ်။ ရာဇဝင်ဆိုတဲ့နေရာမှာ ပါးစပ်ရာဇဝင်များက စိတ်မချရပါဘူး။ အမှားများနဲ့ ရောထွေးနေတတ်ပါတယ်။ မှတ်တမ်းမှတ်ရာများနဲ့ အထောက်အထားပြနိုင်တဲ့ သုတေသီ တချို့ တလေတွေရဲ့ စာအုပ်များကသာ သေချာတတ်ပါတယ်။ ရာဇဝင်တွေကို လှန်မိတဲ့ အခါတိုင်း မင်းယောက်ျားများသည်သာ အထင်ကရ ထင်ရှားကျော်ကြားလေ့ ရှိပါတယ်။ မြန်မာ့သမိုင်းပဲဖြစ်ဖြစ် ကမာ္ဘ့သမို်င်းပဲဖြစ်ဖြစ်ပါ။ မိန်းမသားများ ထင်ရှားကျော်ကြားခွင့်ကတော့ အင်မတန်မှကို နည်းပါးလှပါတယ်။ နည်းပါးရတဲ့ အထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူမိန်းမသားများကိုသာ လူအများ မှတ်မိလွယ်တတ်ကြပါတယ်။ ဥပမာ ကလီယိုပတ်ထရာ တို့ နန်းမတော် မယ်န၊ု စုဖရားလတ် တို့လို လူမျိုးတွေပါ။ လေးပေါက်ကို မယ်နုအကြောင်းရေးမယ်လို့ ပြောတော့ ရှုံးလူက […]


poochNovember 6, 20111min54226
မြတ်စွာဘုရားက “မနုဿတ္တ ဘာဝေါ ဒုလ္လဘော “- လူ့အဖြစ်ကို ရခဲလှပါတယ်လို့ ဟောသွားပါတယ်။ ဗြဟ္မာ့ပြည်က ချလိုက်တဲ့ အပ်တစ်စင်းနဲ့ လူ့ပြည်မှာထောင်ထားတဲ့ အပ်တစ်စင်းရဲ့ ထိပ်ဖျားလေး ခြင်း ထိချင်ရင်သာထိဖို့လွယ်မယ် ၊ လူ့ပြည်မှာလူအဖြစ်ကိုရဖို့ကတော့ ခဲယဉ်းှပါတယ်လို့ဟောသွားပါတယ်။ အဲ့ဒီမှာ ဒီနေ့ခေတ်ရဲ့ လူဦးရေတိုးတက်နှုန်းကိုကြည့်ပြီး လက်တွေ့ကျသော ဘာသာခြားများက ဟုတ်ရဲ့လား၊ ဘယ်လိုလဲဆိုတဲ့မေးခွန်းတွေ ကျမတို့ဘာသာကိုမေးလာပါတော့တယ်။ မေးလည်းမေးချင်စရာပါ။ ဒီနေ့လူဦးရေ သန်းရထောင်ကျော်သွားပါပြီ။ အမှန်တိုင်း ဝန်ခံရရင် တချိန်တုန်းကတော့ ကိုယ်တိုင်လည်း ဇဝေဇဝါပါ။ ဘယ်နေရာသွားသွား ပေါလိုက်တဲ့လူတွေပါ။ ရင်ထဲမှာဆူးနေတဲ့ အဲ့ဒီဆူးကို စစ်ကိုင်းတိုင်း၊ ဝါးချက်ကျေးရွာ၊ ကျစွာချောင်၊ မဟာဝီဇယရံသီစာသင်တိုက်မှာ သီတင်းသုံးတော်မူတဲ့ အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဆရာတော် အရှင်လက္ခဏ ဟောကြားတော်မူတဲ့ “ မနုဿ လူသား တရားတော်” က […]


poochOctober 6, 20116min87853
ပြီးခဲ့တဲ့ ရက်ပိုင်းက ပုဂံကို အိမ်က မောင်နှမ တတွေ အလည်အပတ်အနေနဲ့ သွားခဲ့ကြပါတယ်။ ကျမအတွက်တော့ ၆ ခေါက်မြောက်ပါ။ ဘယ်နှစ်ခါ သွားသွား ဘယ်အချိန်သွားသွား ဘယ်တော့မှ မရိုးတဲ့ သမိုင်းတွင်တဲ့ ကျမရင်ထဲက  ရာဇဝင်မြို့တော်ပါ။ အခုတခေါက်သွားတဲ့ အချိန်မှာ ထူးထူးဆန်းဆန်း မိုးတွေရွာနေခဲ့ပါတယ်။ မြင်မြင်သမျှကလည်း စိမ်းစိုနေပါတယ်။မိုးတွင်းမို့  မိုးရွာတာအဆန်းမဟုတ်ပေမဲ့ ပုဂံမိုးက ကျမအတွက်တော့ ဆန်းပါတယ်။ပုဂံက အင်မတန်မှကို မိုးနည်းပြီး ခြောက်သွေ့လွန်းတဲ့နေရာပါ။ သွားလည်ခဲ့တဲ့ အကြိမ်တိုင်း  နေပူပူမှာ ဖုန်ထူထူနဲ့ တွေ့ခဲ့တာပါ။ ဒီတခါတော့ ကားက အဲယားကွန်းကတမျိုး အပြင်မိုးက တဖုံနဲ့ နှာရည်တွေတောင် ရွှဲလို့လာပါတယ်။ အံ့ဖွယ်ပါပဲ။ ပုဂံမှာ ရာသီဥတု ကောင်းလာတာ မနှစ်ရယ် ဒီနှစ်ရယ် ၂ နှစ်ရှိပါပြီလို့ ဂိုက်လုပ်တဲ့  သူ ကပြောပါတယ်။ […]


poochSeptember 26, 20111min4359
နောက် ဆိုင်ပိတ်ပြီးတော့ခဏတော့ လေနေပါသေးတယ်။ နောက်တော့ သူငယ်ချင်းနဲ့ပေါင်းပြီး ကျမတို့ ကုန်စည်တမျိုးကို  တရုတ်ဘက်က company တခု နဲ့ စာချုပ်ပြီး ဈေးကွက်ဖောက်ခဲ့ပါတယ်။ စာချုပ်တာက ကျမသူငယ်ချင်းပါ။ ကျမက သူ့ဆီက ယူပြီး ဒီဖက်မှာ ဈေးကွက်ဖောက်တာပါ။ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား အားကြိုးမန်တက်နဲ့ကို လုပ်ခဲ့ကြတာပါ။ ပြောတော့သာ လွယ်တာပါ၊ လုပ်ကြည့်တော့ တကယ်မလွယ်ပါဘူး။ စိတ်ဓာတ်ကို ကျစေနိုင်သော အကြာင်းအရာမျိုးစုံကို ကြုံခဲ့ရတာပါ။ အောက်ခြေကနေ စခဲ့ကြတာပါ။ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးတဲ့နော် ဒီလိုလွယ်လွယ်နဲ့တော့ ဘယ်ရလိမ့်မလဲ။ ကျမတို့ စပြီးဈေးကွက်ဖောက်တော့ အဲ့ဒီ company  နဲ့ ၂ နှစ် ပဲ စာချုပ်ခဲ့တာပါ။ ဘယ်လိုအခြေအနေရှိမှန်းမသိတော့ ပေးရတဲ့ စပေါ်ဆိုတာကိုလည်း အများကြီးမပေးနိုင်လို့ တနိုင်ပဲလုပ်ခဲ့တာပါ။  ဖြုန်းအားကောင်းမှ ကုန်ထပ်ပေးမယ်ဆိုတာမျိုးပါ။ […]


poochSeptember 24, 20111min3665
ပြောချင်တာက စာဖတ်တတ်တဲ့ ဝါသနာကြောင့် တီချယ်နဲ့ တွေ့ခဲ့တာပါ။ တီချယ်က အဲ့ဒီအချိန်မှာ လုပ်ငန်းခွင်က   အငြိမ်းစားယူပြီး အိမ်မှာ  တနို်င် Eniglish စာသင်တန်းကို ဖွငိ့ပြီး နားအေးပါအေးနေနေခဲ့ပါပြီ ။ စာသင်သက်အတွေ့အကြုံများစွာ ရှိသလ၊ို  UK မှာလည်း ပညာဆည်းပူးခဲ့သော ဝါရင့် ဆရာမကြီးဆီ က  အတန်းပေါင်းများစွာထဲက မှ Reading class  ကိုပဲ ပထမဆုံး တက်ဖြစ်ခဲ့ပါတယ်။ ကျမက အဲ့ဒီအချိန်မှာ english မှာ အတော်လေးနှေးပြီး မသွက်လှပါဘူး။ စာတမျက်နှာကို အတော်ကြီး ကြိုးစားရပါတယ်။ ဒီလိုနဲ့ စာဖတ်တန်းမှာ နို်င်ငံရပ်ခြားစာစောင်များက ကောင်းနိုးရာလေးတွေကို ကောက်နှုှတ်ထားတဲ့ စာတိုပေစ၊ တကယ့်အဖြစ်အပျက်လေးတွေ၊ သတင်း၊ ကျန်းမာရေး၊ပညာရေး ၊ဆောင်းပါးတွေ၊ ဟာသနဲ့ ဆိုင်တဲ့စာလေးများကိုု စဖတ်ခဲ့ရပါတယ်။ ပြောချင်တာက စာသင်ပုံပါ။ […]


poochSeptember 23, 20111min4809
  တီချယ်နဲ့ ကျမ  အကြောင်းကို မပြောခင်မှာ ကျမရဲ့ အကြောင်းကို နည်းနည်းပြောချင်ပါတယ်။ ကျမကျောင်းပြီးပြီးခြင်းမှာ အိမ်ကပေးတဲ့ အရင်းအနှီးနဲ့ ကိုယ်ပိုင်ဆိုင်လေး တဆိုင်ဖွင့်ခဲ့ပါတယ်။ ဆိုင်ထိုင်ရင်း အားတဲ့ အချိန်မှာ စာအုပ်တွေဖတ်လေ့ ရှိပါတယ်။ စာဖတ်တာကို ငယ်ငယ်လေးကထဲက ဝါသနာထုံ ခဲ့တာပါ။ သွားလေသူ ဦးကြီးတယောက်ရဲ့  စာအုပ်များကို သူမရှိတော့ သူ့စာအုပ်များကို ကျမတို့ အိမ်မှာပဲ သိမ်းထားခဲ့ပါတယ်။ နိုင်ငံရေး ၊ ဘာသာရေး၊ ရသ စသဖြင့် စာစုံပါတယ်။ အဲ့ဒီစာအုပ် အထူကြီးများကို ကောင်တာပေါ်တင်ပြီး အမြဲ စာဖတ်နေတတ်ပါတယ်။ အဲ့ဒီစာအုပ်များထဲမှာ ရှေးတုန်းကရေးထားတဲ့ English အရေးအသားနဲ့ စာအုပ်များလည်းပါပါတယ်။ အရမ်းနားလည်လို့ မဟုတ်ပါဘူး။ dictionary စာအုပ်ကို ဘေးမှာ ချပြီး စိတ်ပါရင် ပါသလို သဲကြီးမဲကြီးဖတ်တာပါ။ […]


poochJune 18, 20111min63916
တနေ့မှာ အာရပ်ကုန်သည်တစုဟာ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ရာ အတွက် တစ်မြို့ ဝင် တစ်မြို့ထွက် ခရီးသွားရင်း သဲကန္တာရ တခုကို ညကြီးမိုးချုပ်  ဖြတ်သွားရပါတယ်တဲ့။ အဲဒီအချိန်မှာ မထင်မှတ်ပဲ သူတို့အုပ်စုထဲက လူတယောက်က အင်မတန်နက်တဲ့ တွင်းကြီးတတွင်းထဲကို ပြုတ်ကျသွားပါတယ်။ အဲဒီတွင်းကြီးထဲ မှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဆိုးတွေက စောင့်ကြိုနေခဲ့ပါတယ်။ ညအမှောင်ထဲမှာဆို တော့ မြွေမျက်လုံးကြီးတွေကလည်း တလက်လက်တောက်နေခဲ့ပါတယ်။ အဲဒါနဲ့ တွင်းထဲက လူက သူ့လူတွေကို ဆင်းမလာခဲ့ဖို့ လက်ဟန်ခြေဟန်နဲ့ ပြပါတယ်။ တတ်နိုင်သမျှ အသံကုန်ဟစ်ပြီးတော့လည်း ပြောပါတယ်။ ဒါပေမဲ့ တွင်းပေါ်က လူတွေရဲ့ အမြင်မှာတော့ ညအမှောင်ထဲမှာ  တလက်လက်တောက်နေတဲ့ မြွေကြီးတွေရဲ့ မျက်လုံး တွေ ကို လက်လက်ထနေတဲ့ စိန်ရိုင်းတုန်းကြီးတွေလို့ မြင်ပါတယ်။  သူတို့အထင်မှာတော့ ဒီစိန်တုံးကြီးတွေကို သူတယောက်ထဲ […]