Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


padonmarApril 17, 20151min153021
Dr.ဒေါ်ခင်နွယ်ဝင်း၏ ဟောပြောချက် မှ နနွင်းအစွမ်းအံမခန်း (Tumeric) နနွင်းသည် ချင်းမျိုးနွယ်တွင် ပါပါသည်။ နနွင်းထဲရှိ ဆေးဖက်ဝင်သောပစ္စည်းမှာ နနွင်းကို အဝါရောင် ဖြစ်စေသည့် Curcumin ဓာတ်ဖြစ်ပါသည်။ နနွင်း၏အစွမ်းများမှာ (၁) ငှက်ဖျားပိုးသေစေသည်။ Anti-malaria effect (၂) ဘက်တီးရီးယားပိုးသေစေသည်။ Anti-bacteria (၃) ဗိုင်းရပ်(စ) ပိုးသေစေသည်။ Anti-viral (၄) ပိုးမပွားအောင်ကာကွယ်ပေးသည်။ Antiseptic (၅) ကင်ဆာဖြစ်စေသော ဓာတ်တိုးမှု ကာကွယ်သည်။ Anti-oxidant (၆) ခန္ဓာကိုယ်ယောင်ရမ်းမှု ကျစေသည်။ Anti-inflammatory (၇) ဦးနှောက်နှင့်အာရုံကြောကို ကာကွယ်သည်။ Neuro-protective (၈) သွေးတွင်းကိုလက်စရောကို ကျစေသည်။ Anti-cholesterol (၉) ဆီးချိုသွေးချိုကျစေသည်။ Anti-diabetic (၁၀) သွေးကြောကျဉ်းရောဂါ(Atherosclerosis)ကို ကာကွယ်သည်။ သွေးကြောထဲသို့ 10,000 […]


padonmarMarch 16, 20151min110719
ဒီပုံထဲက အကျီင်္ စိမ်း ဘောင်းဘီနီကာတွန်းရုပ်နဲ့ ကလေးကို မှတ်မိကြပါသလား။ 2014 နိုဝင်ဘာလ ၁ရက်နေ့တုံးကပေါ့။ ကျမတို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းရဲ့ ဘုံကထိန်ပွဲမှာ လှည့်လည်လာတဲ့ ပဒေသာပင်တွေ အိုးစည်ဒိုးပတ်ဝိုင်းတွေကို တနေရာက ရပ်စောင့်ပြီး ဓာတ်ပုံမှတ်တမ်းတင်နေတုံး…. `ဆရာမ´လို့ နှုတ်ဆက်သံကြားလိုက်ရပါတယ်။ ကျမ အသံကြားရာကို လိုက်ကြည့်တော့ ဒီကလေးလေးကို တွေ့လိုက်ရတာပါပဲ။ ကထိန်လှည့်တာကို တပျော်တပါး လိုက်ကြည့်ကြတဲ့ ကလေးအုပ်စုထဲမှာပါ။ မနှစ်က တရုတ်တန်းရပ်ကွက်ကလေးမှာ ခိုင်ဇာ၊မနှင်းပြုံး၊ရဲစည်တို့ ပေးလိုက်တဲ့ လက်ဆောင် စာရေးကိရိယာနဲ့ ကျောင်းတက်ရင် သုံးဖို့ အသုံးအဆောင်လေးတွေကို Essay နဲ့ စာစီစာကုံး ပြိုင်ပွဲလေး လုပ်ပြီး ဆုချတုံးက သူ့ကိုတွေ့ခဲ့တာပေါ့။သူ့နာမည်တောင် မသိခဲ့ပါဘူး။ ဒီကလေးက ထူးချွန်ဆုမရပါဘူး။ဒါပေမယ့် ကျောင်းတက်တဲ့ ကလေးအားလုံးကို အကျီင်္နဲ့ ဗလာစာအုပ်၊ဘောပင်လေးတွေ ဝေပေးဖို့ တန်းစီခိုင်းတဲ့ […]


padonmarMarch 2, 20152min130425
ကျမငယ်စဉ်က အင်္ဂလိပ်စာကို ၅တန်းရောက်မှ စသင်ရပါတယ်။ ABCD သင်တော့ A for Apple=ပန်းသီး B for Ball= ဘောလုံး …. O for Orange=လိမ္မော်သီးဆိုပြီး အားရပါးရ အော်ဆိုခဲ့ရပါတယ်။ အရောင်တွေသင်တော့လည်း Orange=လိမ္မော်ရောင်လို့ သင်ခဲ့ရပါတယ်။ အသက် ၂ဝကျော်မှ ဆရာမြတ်ထန်ရဲ့ “လိုက်ပါရစေ ရွှေနွယ်ရိုးရယ်” ဆိုတဲ့ ဝတ္တုအဟောင်းကို ဖတ်လိုက်ရတော့ ဆရာရဲ့ဇာတ်လိုက်က ကချင်ပြည်နယ် မြစ်ဆုံမှာ ရုပ်ရှင်အဖွဲ့နဲ့သွားရင်း တွေ့ရတဲ့ လိမ္မော်သီးတွေအကြောင်း ရှင်းပြပါတယ်။ တကယ်တော့ Orange ဆိုတာ ရှောက်ချိုသီးကို ခေါ်တာပါတဲ့။ အခွံပွပွနဲ့ လိမ္မော်သီးရဲ့နာမည်အမှန်က Tangerine လို့ခေါ်ပါသတဲ့။ ကျမတို့ အင်္ဂလိပ်သီချင်းဆိုဖို့ ရူးခဲ့တဲ့အချိန် ဂျိမ်း(စ)ဘွန်း ရုပ်ရှင် Dr.No ထဲမှာ မင်းသမီး Ursula […]


padonmarMarch 1, 20151min410023
ဆွေမျိုးမိဘဘိုးဘွားများထဲမှာ တန်ရွှေကြူး ဒေါ်ပိုက်အမည်များရှိလျှင် ဆက်သွယ်ပေးစေချင်ပါတယ်။ ဝါးခယ်မမြို့သကျမဟာသီရိဘုရားကြီးဝင်းအတွင်းမှာ မြန်မာသက္ကရာဇ် ၁၂၅၂ ခုက (လွန်ခဲ့တဲ့ ၁၂၄ နှစ်ကပါ) ဦးကြင်ငန်း-ဒေါ်သာရေး မိသားစုတို့ က ရေကြည်တော်ဝတ်အသင်း တန်ဆောင်းနဲ့ ဘုရားကြီး နတ်လမ်းစောင်းတန်းအကြားမှာ တန်ဆောင်းအဆောက်အဦတခု ကို ရေစက်ချ လှူဒါန်းခဲ့ပါတယ်။ နောက် ၃၉ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၉၁ ခု (လွန်ခဲ့တဲ့ ၈၅နှစ်က) မှာ အလှူရှင်မိသားစုရဲ့ သားမက် တံရွှေကြူး နဲ့ သမီး မပိုက် တို့က အဲဒီ အဆောက်အဦကို ပြန်လည်ပြုပြင်ရေစက်ချလှူခဲ့ကြပါတယ်။ အခုအခါမှာအဲဒီ တန်ဆောင်းဟာ နှစ်ပေါင်း ရာချီပြီး ယိုယွင်းနေပြီဖြစ်လို့ ဂေါပကအဖွဲ့က အကြီးစားပြန်လည်ပြင်ဆင်မှု ပြု ဖို့ ဆုံးဖြတ်ပါတယ်။ အလှူတခုကို ပြင်ဆင်မွမ်းမံမယ်ဆိုရင် မူလအလှူရှင်ရဲ့ အစဉ်အဆက်ကို […]


padonmarFebruary 18, 20151min133840
မွေးနေ့မင်္ဂလာဆိုတာ ဗုဒ္ဓဘာသာဝင်သာမက အခြားဘာသာဝင်တွေလည်း ကျင်းပကြတာပဲ။ ဒါနတွေလည်း လုပ်ကြတာပဲ။ဗုဒ္ဓဘာသာဝင်စစ်စစ်တွေလုပ်တဲ့ ဒါနက လောကီအကျိုးမျှော်တဲ့ဒါန၊နာမည်ကြီးချင်လို့ လုပ်တဲ့ ဒါနမျိုး မဖြစ်စေရဘူး။ ဒါနကို ပြုရင်(၁) ကိုယ့်ပေးလှူမယ့် ပစ္စည်းပေါ်မှာ လိုချင်တပ်မက်မှုမရှိတော့ပဲ ပေးလှူရမယ်။ (၂)ကိုယ်ပေးလှူလိုက်တဲ့ ပစ္စည်းကို လက်ခံရမယ့် အလှူခံပေါ်မှာ သူချမ်းသာပါစေ၊သူအကျိုးရှိပါစေ၊သူအသုံးတဲ့ပါစေ ဆိုတဲ့ မေတ္တာထားပြီး လှူရမယ်။ (၃)ကိုယ်ပြုလိုက်တဲ့ အပြုအမူ၊အပြောအဆိုဟာ အကျိုးရှိမရှိ၊သင့်တော်မတော် ဆင်ခြင်ဉာဏ်နဲ့ ပေးလှူရမယ်။ ဒီလို ဒါနမျိုးမှ တကယ်ပြုသင့်တဲ့ ဒါန၊ကိုယ့်ဘဝကို မြင့်သထက်မြင့်အောင် လုပ်ပေးမယ့် ဒါနမျိုးဖြစ်တယ်။ -ပေးလှူတဲ့ ပစ္စည်းပေါ် လိုချင်တပ်မက်မှု ကင်းတဲ့ စိတ်က သူတပါးပစ္စည်းကို မတရား လိုချင်တဲ့ စိတ်တွေ ၊သူတပါးအိမ်ရာကို ပြစ်မှားချင်တဲ့စိတ်တွေ မပေါ်ပေါက်လာအောင် ရှေ့ဆောင်သွားတယ်။ -မေတ္တာနဲ့ ယှဉ်တဲ့ ပေးလှူခြင်းက သူတပါးအသက်ကို သတ်ချင်စိတ်၊နှိပ်စက်ချင်စိတ်တွေ […]


padonmarFebruary 8, 20151min213838
ဒုံဒုံတိမ်တိမ်အင်တာဗျူး ဒီ အင်တာဗျူး မေးဖြစ်တဲ့ ဇာတ်လမ်းကတော့ ဒီလိုပါ။ Mark Zuckerberg က စတာပေါ့။ အဂ္ဂမဟာ ဖွဘုတ်တော်ကြီးမှာ ၂၀၁၄ နှစ်ကုန်တော့ ကလိစရာတွေ အမျိုးမျိုးတင်ပေးတယ်။ ကလေးတွေက ရှေ့ကနေ ရွစိရွစိ တင်ကြ၊ကျမတို့ အဖွားဂျီးတွေလည်း လိုက်ရူးကြ။ အဲဒီထဲ FB ID card ဆိုသဟာပါလာတယ်။ အဲဒါလေးလိုက်ကလိကြည့်တော့ ကိုယ့်ပရိုဖိုင်းပုံနဲ့ ကဒ်လေးထွက်လာတယ်။ အမယ်…အဲဒီမှာ Personality တဲ့။လက္ခဏာတွေ ဗေဒင်တွေကြည့်လို့ အင်မတန်သဘောကောင်း၊တော်တည့်ထက်မြက်တဲ့ စရိုက်ရှိ ဘာညာသာရကာဆို သိပ်ကြိုက်တာပေါ့။ အဲသလိုပဲ သူက ကိုယ့်စရိုက်ကို Assertive and Outspoken တဲ့။ အဲဒီ အဓိပ္ပါယ်တွေ ရေရေရာရာ မသိလို့ ဒစ်ရှင်နရီတော်ကြီး ပြေးလှန်ရသေးတယ်။ Assertive =Having or showing […]


padonmarJanuary 19, 20151min93514
စမ်းချောင်း ရတနာပုံလမ်း (မြန်မာ့အသံ ရှေ့) ပညာဘူမိကျောင်း မိလိန္ဒပဥှာသင်တန်းမှာ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်၅၀ဝအကြာ ယောနကတိုင်း သာဂလမြို့ (ယခုခေတ် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ မြောက်ဖက် ဆယာယ်ကုတ်)မှာ မင်းပြုခဲ့တဲ့ မိလိန္ဒမင်း (=ဂရိဘုရင် မေနန္ဒရို့စ်) နဲ့ အရှင်နာဂသေနတို့ရဲ့ အယူဝါဒ အမေးအဖြေ အကြောင်းကို ဆရာတော် ဦးပဏ္ဍိတက သင်ကြားပို့ချပေးနေပါတယ်။(စနေ၊တနင်္ဂနွေ မနက် ၈နာရီမှ ၁ဝနာရီထိ) ကဿ ပ ဘုရားရှင်လက်ထက်မှာ နောင်တချိန် အရှင်နာဂသေန ဖြစ်လာမယ့် ရဟန်း က မိလိန္ဒမင်း ဖြစ်လာမယ့် သာမဏေငယ်ကို တံမြက်လှည်းတဲ့ အမှိုက်ကို စွန့်ပစ်ခိုင်းရာက ဖြစ်လာတဲ့ ဇာတ်လမ်းကိုတော့ ဖတ်ဖူးကြမှာပါ။ သာမဏေငယ်က ပထမ အမှိုက်မစွန့်ချင်လို့ မကြားချင်ယောင်ဆောင်နေရာက ရဟန်းတော်က ရိုက်ပြီး ခိုင်းလို့ […]


padonmarJanuary 2, 20158min78724
2014 လည်ပြန် နှစ်တနှစ်တော့ ကုန်ခဲ့ပြန်ပြီ။ 365 ရက် မနားတမ်း ဖြတ်သန်းခဲ့ရတဲ့ ဒီ တနှစ်ကို လည်ပြန်ကြည့်မိပါတယ်။( ခြင်္သေ့လည်ပြန်တော့ ဟုတ်မယ်မထင်၊သမင်လည်ပြန်လောက်ပဲ ဖြစ်မယ်ထင်ပါရဲ့) ဒီနှစ်ကတော့ လမ်းများများလျှောက်ပြီး ခလုပ်များများ တိုက်တဲ့ နှစ်၊ ခေါင်းပေါ်မှာ ရေအိုး ၅လုံးလောက် တပြိုင်တည်း ရွက်မိတဲ့နှစ်လို့ ပြောရမလိုပါပဲ။ လမ်းလျှောက်လို့ ခရီးရောက်တာ လူမြင်ပေမယ့် ခလုပ်တိုက်မိလို့ ကွဲတဲ့ ခြေမကိုတော့ အနားကလူတွေပဲ သိမှာပါ။ ထားဝယ်သူတွေ ရေအိုး ၁ဝလုံးလောက်ကို လှလှပပ ရွက်ပြီး စက်ဘီးတောင် စီးပြတာကို အားကျပြီး မြစ်ဝကျွန်းပေါ်သူက ရေအိုး ၅လုံးရွက်ပြချင်တာ ၃လုံးလောက် အထပ်မှာတင် ဟပ်ထိုးဟပ်ထိုးဖြစ်လို့။ ကိုယ့်ကိုယ်ကိုယ် သစ်ပင်တပင်လို့ နှိုင်းရရင် ဒီနှစ်တော့ တောင်ကိုင်း၊မြောက်ကိုင်း၊ရှေ့ကိုင်း၊နောက်ကိုင်း အကုန် ရောယှက်အကန့်တွေ ရောသွားတဲ့ […]


padonmarDecember 22, 20141min4657
(၁) Hypothyroid ဖြစ်သောကြောင့် ဆေးသောက်နေလျှင် နှလုံးခုန်မြန်ခြင်း ချွေးထွက်ခြင်း အိပ်မပျော်ခြင်း ကိုယ်အလေးချိန်ကျခြင်း စသည့် Hyperthyroid လက္ခဏာများ မရှိ လျှင် သွေးထဲမှ TSH အဖြေကျသော်လည်း ဆေးဆက်သောက်သင့် ပါသည်။ (၂) အရေပြား ၊ ယားနာ ၊ အဖုအပိန့် ၊ ဝဲနှင်းခူသမားများ အူကျန်းမာအောင်နေပါ။ နွားနို့ +Gluten (ဂျုံ ၊ ရွှေကြည်မှုန့် တို့နှင့် ပြုလုပ်သော အစားအစာများ) ရှောင်ပါ။ (၃) Hepatitis B,C ရောဂါပိုးရှိသူများ ခန္ဓာကိုယ် ခုခံအားတက်အောင်လုပ်ရမည်။ ရောဂါပိုးကို သဘာဝနည်းဖြင့် သတ်ရန် Probiotics 20 Billion ပါသော ဆေးတောင့် နေ့စဉ်သောက်ပါ။ (၄) နှလုံးရောဂါ ၊ သွေးကြောကျဉ်းသူများ […]


padonmarDecember 22, 20141min4365
Dr.ဒေါ်ခင်နွယ်ဝင်း၏ Facebook ပေါ်မှ ရှင်းလင်းဟောပြောချက်များ တေ ဇော ဓာတ် နှင့် hormone များ ဆက် စပ် နေ ပုုံ ခေတ် မီဆေးပညာရှင်တွေက ပြောပါတယ်၊ ခန္ဓာကိုုယ် ကြီး ရဲ့ system အား လုုံး မျှတနေမယ် ဆိုု ရင် ရော ဂါ တွေ မ ဖြစ် ကြပါဘူးတဲ့။ တစ်ခုုခုု ချွတ်ယွင်းသွား ပြီ ဆိုု ရင် တနေရာရာ က ရော ဂါ တစ်ခုုခုုအ နေ နဲ့ ပေါ်လာတော့တာဘဲ။ အဲ ဒီတော့ ပေါ်လာတဲ့ ရော ဂါ မျိုး စုုံ ကိုု ဘေး ထွက် […]


padonmarDecember 21, 20141min48710
Dr.ခင်နွယ်ဝင်း(USA)၏ကျန်းမာရေးဟောပြောပွဲ(၅) ဓမ္မဗျူဟာ ၁၃-၁၂-၂၀၁၄ စနေနေ့ ‘နေရောင်ခံယူ ၊ အူကိုစောင့်ရှောက် ၊ အသက်ဉာဏ်စောင့်′ လူ၏ခန္ဓာကိုယ်တွင် ပြင်ပမှ မလိုအပ်သော အရာဝတ္ထုများ ကိုယ်တွင်းသို့ မဝင်နိုင်အောင် ခုခံကာကွယ်ပေးသော နေရာသုံးခုရှိပါသည်။ အရေပြား ၊ အဆုပ်နှင့် အူလမ်းကြောင်း(ပါးစပ်)တို့ဖြစ်ပါသည်။ ထိုဝင်ပေါက်သုံးခုထဲမှ မိမိဖာသာ တကိုယ်ရည် ထိန်းသိမ်းနိုင်သော အူလမ်းကြောင်းနှင့် အရေပြားကို စောင့်ရှောက်ခြင်းသည် အသက်ကိုဉာဏ်စောင့်သည်မည်ပါသည်။ ၁။ အူလမ်းကြောင်း အူသည် မိမိတို့စားလိုက်သော အစာကို ချေဖျက်ခြင်းနှင့် စုပ်ယူခြင်းအလုပ် ၂မျိုးလုပ်ပါသည်။ အူနံရံအမြှေးပါးများသည် ပြင်ပအရာဝတ္ထု (Foreign Body=F.B) များနှင့်ထိတွေ့ပါက ယောင်ရမ်းပြီး အပေါက်ကျယ်(Porex) များ ဖြစ်သွားတတ်ပါသည်။ ထိုအပေါက်ကျယ်များမှ ရောဂါပိုးနှင့် အဆိပ်ဓာတ်များ ခန္ဓာကိုယ်ထဲသို့ ဝင်သွားခြင်းဖြင့် ကင်ဆာရောဂါ နှင့် ရောဂါပိုးမွှားများကြောင့် ဖြစ်သော […]


padonmarDecember 21, 20141min54914
-`ဆရာမရေ၊ဒီဂျာနယ်ထဲကြည့်စမ်းပါအုံး၊ကျူးကျော်တဲတွေကို လူအင်အားသုံးဖျက်တယ်တဲ့။ကျူးကျော်တဲ့လူကလည်း ကျူးကျော်တယ်။ဖျက်တဲ့လူကလည်းဖျက်တယ်။ မဟာပထဝီမြေကြီး ကိုယ်ပိုင်တယ်လို့ ပြောရင် မြေကရယ်မယ်ဆိုတာ မကြားဖူးကြဘူးလားမသိ၊´ -`ဟုတ်ပါ့နော်၊ကျမတို့ငယ်ငယ်က ပွဲကြည့်ကြရင် လူ၄ယောက် စုစုလေးထိုင်ရတဲ့ ဖျာကို ဘေးဖျာကလူ မတိုးအောင် အသေအလဲကာကြ၊တိုးတဲ့လူကလည်း မသိမသာ ပေါင်ကားပြီးတိုး ဆိုတာတွေ သတိရမိသေးတော့၊ပွဲပြီးတော့လည်း ဘယ်သူနဲ့မှ မဆိုင်တော့ဘူး။ အဲဒါပြောတာပေါ့၊ဝေဘူဆရာတော်ကြီးအကြောင်းမှာ ထင်တယ် ဆရာတော်ကြီးကို လာဖူးတဲ့သူက တပည့်တော် နယ်ပိုင်ကြီးပါဘုရား ဆိုတော့ အင်း၊တကာကြီးတို့များ တော်ပါပေ့၊ဘုန်းကြီးတို့ကတော့ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်သေးပါဘူး လို့ မိန့်တာလေးသတိရမိပါရဲ့၊ကဲ စကားလည်းကောင်းတယ်။ကားတွေပိတ်နေပြီ၊၄နာရီလည်းထိုးတော့မယ်။ခုကတည်းက တိုးထွက်ထားမှ အိမ်ကိုမမှောင်ခင်ပြန်ရောက်မယ်။သွားပြီနော်´ ပြောပြောဆိုဆိုနဲ့ ကားပိစိလေးကို တန်းစီတိုးနေတဲ့ ကားတန်းကြားထဲ တိုးဝင်ရင်း ဆိုင်ကထွက်ခဲ့ပါတယ်။ဆိုင်ကနေ ပေ၃၀ဝ လောက်ပဲဝေးမယ့် ကံ့ကော်လမ်းမကြီးထိပ်ကို ရောက်ဖို့ တရွေ့ရွေ့နဲ့ ၁၅မိနစ်လောက် မောင်းယူရပါတယ်။လမ်းထိပ်ရောက်ခါနီးကျတော့ ဘယ်ဖက်ချိုးမယ့် ကုန်ကားကြီးရဲ့ဘေးမှာရပ် ညာဖက်ချိုးမယ့် ကုန်ကားကြီးနောက်က […]


padonmarDecember 18, 20141min428322
`ယခုလိုအချိန်သို့ရောက်ပြီဆိုလျှင် အတွတ်နှင့် မွှေးတို့ အတူတကွ မွေးဖွားခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင်စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။´ ` ခင်နှင်းယု၏ မွှေး ´အဖွင့် မွှေးတို့အတွတ်တို့ နဲ့တကွ ဝါးခယ်မသူ ဝါးခယ်မသား တွေအပါအဝင် ဝါးခယ်မနွယ်ဖွားတွေ၊ဝါးခယ်မမြေမှာအနေကြာသူတွေ၊ဝါးခယ်မကို ခြေချမိလို့ မေ့မရသူတွေအတွက် ဝါးခယ်မအလွမ်းပြေ Little Wakema ရန်ကုန်ရွှေမြို့တော်ကြီးထဲမှာဝါးခယ်မမြို့လေးကို ရောက်သွားသလို ခံစားရစေဖို့ စီစဉ်ထားပါတယ်။ နေ့ရက်-3ီဇင်ဘာနောက်ဆုံးပတ် တနင်္ဂနွေနေ့(28.12.2014) အချိန်- နံနက်၈နာရီမှ ၁၂ နာရီထိ နေရာ၊သိမ်တော်ကြီး၊မဟာဗန္ဓုလလမ်းမကြီး၊ပန်းဘဲတန်းမြို့နယ် အခမ်းအနား-၆၄ကြိမ်မြောက်ဝါးခယ်မအသင်း နှစ်ပတ်လည် အစီအစဉ်- (က)အသက်အရွယ်ကြီးရုံသာမကဂုဏ်သိက္ခာပါကြီးတဲ့ ဝါးခယ်မသူဝါးခယ်မသား ဘိုးဘွားများကို ကန်တော့ ဩဝါဒခံယူကြမယ်။ (ခ)ဘယ်ခေတ်မှာမှ မညံ့ခဲ့တဲ့ (Thewhole Burma First တောင်ရဖူးသေးတယ်) ဝါးခယ်မနွယ်ဖွား ဒသမတန်းအောင် မျိုးဆက်သစ်ကလေးတွေကိုဂုဏ်ပြုကြမယ်။ဒီနှစ် ၆ဘာသာဂုဏ်ထူးရှင် ၂ယောက်၊၅ဘာသာ ဂုဏ်ထူးရှင်၂ယောက်၊၄ဘာသာဂုဏ်ထူးရှင် […]