hmeeJune 27, 20111min37613
တခါတခါ ဈေးသွားရမဲ့ရက်ဆို အတော်ခေါင်းစား ရပါတယ်။ ဈေးမှာလည်း တခါလာ ဂေါ်ဖီ အပြောင်းအလဲ ဖြစ်အောင် စဉ်းစားတော့လည်း ဘာမှမရှိ။ အစဉ်အမြဲ ပန်းဂေါ်ဖီ၊ ခရမ်းသီး ရံဖန်ရံခါ ပဲပင်ပေါက်  ကြာတော့ ရိုးလာပါပြီ။ အခုအချိန် ကန်ဇွန်းရွက် ဝယ်လို့ရတော့ ဝယ်စား ဖြစ်တယ်။ အလွမ်းပြေ အာသာပြေရုံပါပဲ အရသာကတော့ မတူပါဘူး။ ရေရှားလို့ပဲလား မပြောတတ် ကန်ဇွန်းရွက်ကလည်း စားရတာ ချွှဲတဲတဲ။ တခြား ဘာအသီးအရွက်မှ မရှိတာမို့ အာရုံအတော် နောက်ရတာပါ။ တခါတလေ အသားဟင်းလေးချက်ပြီး အရည်သောက်လေးဆို ရှိတဲ့ ဆူခီနီကို မန်ကျည်းမှည့်နဲ့ အချဉ်လေးချက်ပေါ့။ အရွက်ကလေး ကြော်စားဖို့ဆို အဲဗားဂေါ်လီ မဟုတ်တဲ့ အဲဗားဂေါ်ဖီပြဲဖစ်နေတော့ ခက်သား။  အသား၊ငါး ကဝယ်လို့ လွယ်တော့ ဟင်းအမယ် မထပ်အောင် […]


hmeeJune 23, 20111min2108
“ဝါ..အစော်ကားခံရတယ်။ အီး….ဟီးဟီး” ကျွန်မတို့ သူငယ်ချင်းတစု ထိုင်နေရာ အတန်းထဲ ရောက်ရောက်ခြင်း ခုံမှာ ဝင်မထိုင်သေးဘူး မတ်တပ်ရပ်လျှက် ပါးစပ်က ဗလုံးဗထွေးပြော  ငိုပါတော့တယ်။ “ဟဲ့…အစော်ကားခံရတယ်တဲ့“ ဆိုပြီး အားလုံးအထိတ်တလန့် သူငယ်ချင်းမ ဘေးဝိုင်းကုန်ပါတယ်။ ပထမအချိန်ကုန်လို့ နောက်ဆရာမဝင်ခင် ဆူညံနေချိန်မို့ တော်သေးတာပေါ့။ “ဘယ်သူလဲ၊ ဘယ်ကကောင်လဲ..ဟဲ့…ပြောစမ်းငါ့ကို”  ထစ်ခနဲဆို စိတ်တိုတတ်တဲ့ မောင်မောင်က တမှောင့်။ ဖြစ်လာသမျှ အကြောင်းစုံ မသိရသေးဘူး။ ဒင်းက ဒေါသထွက်နေလို့ သူ့ဝိုင်းဆွဲနေရသေးတယ်။ တယောက်တပေါက် မေးတာများ  ကျီးတွေ ဝိုင်းအာနေတာနဲ့တောင် တူသေး။ “ဟဲ့…ပြောလေ   ဘယ်မှာဖြစ်တာတုန်း”။ ရှိုက်ကြီးတငင် ငိုနေတာမို့ ကိုယ်ကျိုးတော့နဲပါပြီ ဆိုပြီး အားလုံးမှာ မျက်နှာ အပျက်ပျက်။ အားလုံးထဲမှာ အကြီးဆုံး ဘာပြသာနာဖြစ်ဖြစ် ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်တဲ့ မမော်က  ပါးစပ်မှာ […]


hmeeJune 15, 20111min68325
တရက်က ကျွန်မအိမ်ကို ခင်မင်တဲ့  မောင်လေးတွေ အလည်လာပါတယ်။ ထုံးစံအတိုင်း ဧည့်သည်ကို  စားစရာ တခုခုနဲ့ ဧည့်ခံရမှ ကျေနပ်တဲ့ ကျွန်မ ဘာနဲ့ဧည့်ခံရမလဲ စဉ်းစားရပါတယ်။ ထမင်းချိန်ထမင်း၊  ကော်ဖီချိန်ကော်ဖီ၊  ယမကာလုလင်လေးတွေပါလို့ ယမကာမှီဝဲမယ်ဆိုလည်း အမြည်းတွေ ဖွယ်ဖွယ်ရာရာ လုပ်ပေးပါတယ်။  ကိုယ့်လို ရေခြားမြေခြားမှာ မိဝေးဖဝေး နေရသူချင်းမို့ ကိုယ်ခြင်းစာတာလည်း ပါပါတယ်။ ဪ…သူတို့ခမျာ အလုပ်တဘက်နဲ့ မို့ ဘယ်လိုလုပ် ဖွယ်ဖွယ်ရာရာ စားရပါ့မလဲပေါ့။ ကျွန်တို့ မိသားစုကိုလည်း အတော်ခင်ကြပါတယ်။  ကျွန်မတို့ အိမ်ကို အလည်လာမယ်လို့  ကြိုပြောထားရင်  ထမင်းဟင်းပါ ချက်ပြီး သေချာ ကျွေးတာပါ။ သူတို့ကလည်း အကြောင်းသိနေပြီမို့ တကယ့် ဆွေမျိုးအရင်းတွေလို၊ ကိုယ့်အိမ်ကိုယ့်ယာလို အားမနာ ကျတော့ပါဘူး။  တခါတလေ သူတို့ ယူလာတာတွေက ကိုယ်ကျွေးထာထက် […]


hmeeJune 7, 20111min36418
“ယောက်ကျား ခဏ” ဆိုတော့ “ဘာလုပ်ဦး မလို့လဲ” လို့  ပြန်မေးပါတယ်။ “ဟို ဆိုင်က ပဲသီးက နွေပဲသီးလားလို့” ကျွန်မ ပြန်ဖြေရင်း ဆိုင်ထဲကို ဝင်မယ်လုပ်တော့ သူက “မင်းကလည်း ဝယ်လို့ကို မပြီးနိုင်ဘူး” လို့ အပြစ်တင် စိတ်မရှည်စကား ဆိုပါတယ်။ အဲဒီလိုပဲ ဈေးကို အမြဲတမ်း လိုက်ပို့ပေမဲ့ သူ ဘယ်တော့မှ စိတ်မရှည်ပါဘူး။ ကျွန်မကလည်း ဈေးဝယ်တိုင်း အရစ်ရှည်တာ ပါပါတယ်။ ဈေးသွားမယ်ဆိုတိုင်း အမြဲသတိပေးပါတယ်။ ဝယ်ရမဲ့ ပစ္စည်း စာရင်းတို့ဖို့ပါ။ “မင်း စာရင်းမှတ်ပြီးပြီလား။ အိမ်ပြန်ရောက်မှ ဟိုဟာ ကျန်တယ် ဒီဟာကျန်တယ်  မလုပ်နဲ့။” လို့ မမေ့မလျှော့   အမြဲကို ပြောပါတယ်။ ကြာမှာ ကြောက်လို့ပါ။ မိန်းမဆိုတော့ အဓိက […]


hmeeJune 1, 20111min58824
မနေ့က ကျွန်မရဲ့ အိမ်နားက စတိုးဆိုင်ကြီးကို သွားခဲ့ပါတယ်။ လိုအပ်တာတွေ ဝယ်ဖို့ပါ။ အမြဲတန်း အိမ်မှာ လိုအပ်တာတွေ ရှိပြီဆိုတိုင်း သွားနေကြမို့ အထူးအဆန်းတော့ မဟုတ်ပါဘူး လိုအပ်တဲ့ ပစ္စည်းတွေ အစုံအလင် ရတော့ ကောင်တာမှာ ငွေရှင်း။ ဒီမှာ ထူးခြားတာ တခုက မိမိဝယ်တဲ့ပစ္စည်း  မိမိဘာသာ ထည့်ရတယ်။ ငွေရှင်းကောင်တာမှ ဝန်ထမ်းက ထည့်မပေးပါဘူး။ တခုပြီးတခု တွက်ချက်ပြီး ဘေးကိုတွန်းချလိုက်တယ်။ ကျသလောက်ငွေကိုရှင်း   ပြီးရင် ဘောင်ချာပေး  နောက်တယောက်ကို ထပ်ရှင်းတာမို့ ကိုယ့်ပစ္စည်း ကို့ဘာသာထည့်ပေါ့။  ပစ္စည်းတွန်းချလိုက်တဲ့  ဗန်းလိုနေရာ အကျယ်ကြီးဘေးမှာ ကြွပ်ကြွပ်အိတ်တွေ ထည့်ထားတဲ့ စက်ရှိပါတယ်။  တအိတ်ယူလိုက်ရင် နောက်တအိတ် အလိုလို တက်လာပါတယ်။ အသားငါးတွေကို သပ်သပ်၊ အသီးအရွက်က တခြား၊ သားအတွက်မုန့်က […]


hmeeMay 30, 20111min35312
“ ပဲပင်ပေါက် နဲ့ မဟုတ်ဘူးလားကွ၊ ကြက်သွန် ၊ ဂေါ်ဖီ  တွေနဲ့ သုတ်တာ မကြိုက်ဘူးလို့ ပြောထားတဲ့ဟာကိုကွာ” “တခါတလေတော့ သည်းခံတော်၊ အမြဲတန်းတော့ မထည့်နိုင်ဘူး။ ဈေးကြီးကကြီးနဲ့” ကျွန်မ ပြန်အော်တော့ သူ့ခမျှာ မစားချင်စားချင်နဲ့ စားရှာပါတယ်။ မကြိုက်လို့ ၊ မစားချင်လို့ အပြင်ထွက်စားလို့လည်း ဒါမျိုးအပြင်မှာ  ရမှမရတဲ့ နေရာလေ။ ပိတ်ရက်တိုင်း တခါတလေ မုန့်ဟင်းခါး၊ ရံဖန်ရံခါ မုန့်တီ ၊ ကျွန်မစိတ်လိုလက်ရ ရှိရင်တော့ ခေါက်ဆွဲသုတ်ကို ဖွယ်ဖွယ်ရာရာ သုပ်ကျွေးတတ်ပါတယ်။ အသုပ်သုပ်မယ်ဆို ပဲပင်ပေါက်လေး ရေနွေးဖျောပြီး ထည့်သုပ်မှ။ ကြက်သွန်နီ၊ ဂေါ်ဖီ၊ သခွားသီး ထည့်သုပ်တိုင်း အမြဲစကားအပို ပြောရတယ်။ ကြက်သွန်နီကလည်း လတ်လွန်းလို့လားမသိ ဆားနဲ့နယ်ပြီး ရေဆေးတာတောင် မွှန်တာက မပျောက်တော့ […]


hmeeMay 21, 20111min1582
ပွဲကြီးနေ့ မနက်ရောက်တော့ မိုးလင်းတာနဲ့ တခြားရွာက ဧည့်သည်တွေလည်း တဖွဲဖွဲ ရောက်လာတာ  အိမ်ပေါ်မှာလည်း လူအပြည့်မို့ တော်ရုံအိမ် ကျိုးကျလောက်တယ်။  တချို့ကတော့ မိမိအမျိုးအိမ်မှာတည်းပြီး တရားနာချိန်နီးမှ အလှုအိမ်ကို လာမှာပါ။ ဧည့်သည်တွေကို အိ်မ်ပေါ်မှာပဲ စားပွဲနဲ့ အကျအန ကျွေးတာပါ။  အချိုပွဲကတော့ ကျောက်ကျော၊ ပေါက်ပေါက်ဆုပ်၊ မုန့်ဆီကြော်၊ လက်ဘက်ပဲခြမ်း တို့နဲ့ ဧည့်ခံပါတယ်။ ထမင်းရုံကလည်း ဒီနေ့က ရှယ်ကျွေးမှာပါ။ ပုစွန်ခြောက်မှုန့်နှင့် ခရမ်းချဉ်သီးဆီပြန်ဟင်း ( ငါးပိလိမ္မာချက် လို့ခေါ်ပါတယ်) ၊ ပုစွန်ခြောက်၊ မှိုခြောက်၊ ပန်းခြောက်တွေနဲ့ ချက်တဲ့ ဗလာဟင်းချို၊ တပတ်လောက်ကြိုတင် စီစဉ်ထားတဲ့ ပဲတီချဉ် နဲ့ကြွေးမှာပါ။  ဒီနေ့ကတော့ နေ့လည် တနာရီမှာ တရားပွဲ စမှာမို့ ၁၂နာရီမှာ ထမင်းရုံပိတ်ပါတယ်။ အလှုရှင်တွေနဲ့ ရှင်လောင်းတွေကတော့  […]


hmeeMay 21, 20111min2063
အမျိုးသမီးတွေလည်း တပတ်လုံး ဆန်ရွေး၊ မုန့်ဆီကြော်ကြော်၊ ပေါက်ပေါက်ဖေါက် နဲ့ သူ့အလုပ်နဲ့သူ ရှုပ်နေကြတယ်။ အိမ်အောက်မှာတော့ ရာဝင်စဉ့်အိုး ၄၊ ၅လုံးလောက် စီထားပါတယ်။ အလှုတိုင်းမှာ ပဲတီချဉ် တည်ပေးတဲ့ ကြီးတော်ကြီးက အပျိုု သုံးယောက်နဲ့  ပဲတီပင် အပင်ဖေါက်ဖို့ ပြင်နေပါတယ်။  တရွာလုံးစာမို့  ဖျာကြမ်းခင်း ယိုင်ပါတ်ပတ်  ကောက်ရိုးခင်း  ပဲထည့် ကောက်ရိုးဖုံး ရေတွေ ဖြန်းပါတယ်။  တရက်ကို နှစ်ခါလောက် နေ့စဉ် ရေလောင်းပေးရပါတယ်။  အပင်တွေ ပေါက်လာပြီဆိုရင် ခြင်းကြားထဲထည့် ချောင်းထဲမှာ ရေသွားဆေးရပြန်ပါတယ်။ ကြီးတော်ကတော့ အချဉ်ဖောက်ဖို့ ပြင်ရင်း အိမ်မှာကျန်ခဲ့လေရဲ့။ အဲ့ဒီ ပဲတီချဉ်ကို အလှုပွဲကြီးနေ့မှာ ကျွေးမှာပါ။  အလှုရှင်လောင်းလှည့်တဲ့နေ့က အဝင်နေ့၊ တရားနာတဲ့နေ့က ပွဲကြီးနေ့ပါ။ တခြားရွာမှ ဧည့်သည်တွေက ပွဲကြီးနေ့မှာမှ တရားနာ […]


hmeeMay 20, 20111min36417
“ပြုမှာပဲတော်” “ဟ….ဘယ်တတ်နိုင်မှာလဲ ဒီလောက်ကြီးတော့” “အိုး..တော်ကလဲ အခုကတည်းက သပ်သပ်ရည်မှန်းပြီး စုရမှာပေါ့” “မင်က တလဘယ်လောက် တတ်နိုင်လို့လဲ  တလ တသိန်းစုတောင် ၁ဝနှစ်ကြာမှာကွ ဖြစ်မှမဖြစ်နိုင်တာ” “အော်….တော့စိတ်ကိုကမှ မပါတာ။ ဘယ်ဖြစ်မလဲ ဖြစ်ကိုဖြစ်ရမယ်လို့ စုရင် ရရင်ရမှာပေါ့” လင်မယားနှစ်ယောက် သားရှင်ပြုဖို့ အတွက် ဖြစ်နိုင်မဖြစ်နိုင် ငြင်းနေတာပါ။ ကျွန်မက ရွာမှာ ပြုချင်တယ်။ သူကမြို့မှာပဲ လုပ်မယ်ပေါ့။ ငြင်းသာငြင်းနေတာ သားကဖြင့် အခုမှ ၂ နှစ်။  မြို့မှာ ရှင်ပြုရင် ရွာမှာလောက်မကုန်တာတော့ အမှန်မို့ ကျွန်မလည်း ပြောသာပြောရ အားကတော့  သိပ်ရှိလှတာမဟုတ်ပါဘူး။  မြို့မှာက   ဘုန်းကြီးကျောင်းမှာပဲ အလှုလုပ် ၊ ကားနဲ့ဘုရားသွား ပြီးတော့ကိုယ်ရင်ဝတ်။ အလှုလာသူတွေကလည်း ဝတ်ကောင်းစားလှတွေဝတ် ဟန်ဆောင်မျက်နှာတွေနဲ့  စားသောက် အဲ….အပြန်လမ်းတလျှောက် […]


hmeeMay 12, 20111min32115
“အလှဆိုတာ ကြည့်တဲ့သူရဲ့ မျက်လုံးထဲမှာရှိတယ်” တဲ့ ဖတ်ဖူးတဲ့ စကားပုံလေး။ မိမိမျက်လုံးထဲမှာ လှပါတယ်လို့ မှတ်ယူထားပေမဲ့ တခြားသူ မျက်လုံးထဲမှာ လှချင်မှလှမှာ။ ဒါကြောင့် အလှဆိုတာ ခံစားသူရဲ့ စိတ်နဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်လို့  ကျွန်မကတော့ မှတ်ယူထားပါတယ်။ တခါက စာအုပ်တအုပ်ထဲမှာ ပုံပြင်လေးတပုဒ် ကျွန်မ ဖတ်ခဲ့ရပါတယ်။ ပုံပြင်လေးကတော့ — ဘုရင်ကြီးတပါးဟာ တိုင်သူပြည်သားတွေရဲ့ အခြေအနေကို သိချင်တာနဲ့  တိုင်းခန်းလှည့်လည် လာပါတယ်။ နောက်လိုက် နောက်ပါ အစုံအလင်နဲ့ပေါ့။  တနေရာ ရောက်တော့ အမျိုးသမီး တယောက်ဟာ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ကလေးလေးကို ပွေ့ဖက်ပြီး  ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နမ်းနေတာ တွေ့ရတယ်။ ကလေးက ဘယ်လောက် အရုပ်ဆိုးသလဲဆို မျောက်ကလေးနဲ့ တူနေပါတယ်။ အဲဒါကို ဘုရင်ကြီးကမြင်တော့  […]


hmeeMay 9, 20111min23510
ဒါတင်ဘယ်ကဦးမလဲ ညဘက်အိပ်ပျော်နေလို့ မတော်တဆ သူ့ဖိမိပြီဆို ကိုယ်တော်က အထဲကလက်သီးစွမ်း၊ ခြေသိုင်းစွမ်းတွေ ပြတာမို့ လန့်နိုးရတာ အကြိမ်ကြိမ်မို့လို့  သတိထားအိပ်ရပြန်ပါတယ်။ ၉လကျော်ထိ နေ့စဉ်စောင်းလျှက် ကသိကအောက် အိပ်ရတာပါ။  ပြီးတော့ လရင့်လာတာနဲ့အမျှ မရိုသေ့စကား  အပေါ့ကလည်း မိနစ် ၂ဝလောက်တခါ သွားချင်တာမို့ အိပ်ပျော်မယ်ဖြစ်လိုက် အိမ်သာသွားချင်လိုက်နဲ့မို့ ဘယ်လာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတော့မလဲ။  အမေတွေဘဝ သားသမီးအတွက် အတော်ပေးဆပ်ရတာပါ။  မိမိကိုယ်အပူချိန်၊ သန္ဓေသား ကိုယ်အပူချိန်ရယ်ကြောင့် တခြားသူတွေထက် နှစ်ဆပိုပူတာမို့ နေမထိထိုင်မသာပါ။ ကိုယ်ဝန်ဆောင် အပူချိန် ဘယ်လောက်ပြင်းသလဲဆိုတော့ မြွေကိုက်ရင် ချက်ချင်းမသေပါဘူးတဲ့။ မြွေဆိပ်က အအေးမို့  မိခင်နဲ့ ကလေးရဲ့ အပူချိန်နှစ်ဆကြောင့်  ချက်ချင်း အစွမ်းမပြပါဘူး။ ဒါပေမဲ့ ကလေးက မိခင် ဝမ်းမှ  ကျွတ်လျှင်ကျွတ်ခြင်း အပူချိန်လျှော့တာနဲ့  မြွေဆိပ်တက်တာမို့  ကလေးမွေးပြီးပြီးခြင်း […]


hmeeMay 8, 20111min2177
ရတနာဆိုတာ ပါဠိစကားလုံးပါ။ အဓိပ္ပါယ်ကတော့ နှစ်သက်ကြည်နူးမှုကို ဖြစ်စေတဲ့အရာလို.  ဆိုလိုတာပါ။ ဒါကြောင့် လူတွေ လိုချင်တက်မက်တဲ့ ရွှေ၊ ငွေ၊ ကျောက်မျက်ကို ရတနာလို့ ခေါ်တာပါ။ အဲဒီလိုပဲ သားသမီးတွေကိုလည်း သားသမီးရတနာလို. တင်စားခေါ်ဝေါ်ကြပါတယ်။ “သမီး  အိပ်ပျော်နေပြီလား” ဆရာမရဲ့ မေးသံကြောင့်  မိမိ အိပ်မပျော်ကြောင်း မိမိလက်ကို အားပေးဖို့ ကိုင်ထားတဲ့ ဆရာမလက်ကိုပဲ တင်းနေအောင် ဆုပ်ပြလိုက်ပါတယ်။ ဆရာမက မျက်နှာပေါ် အုပ်ထားတဲ့ အဝတ်အစိမ်းကို လှပ်ပေးပြီး “သမီး ကြည့်ပါဦး” တဲ့။ ဆရာမလက်ထဲမှာ အနှီးဖြူဖြူလေးနဲ့ ထွေးထားတဲ့ နီတာရဲရဲ ကလေးလေး။ “အိုး…ကျွန်မရဲ့ သားလေး” ။ “ကလေးက ရပေါင်နဲ့ ၆အောင်စ ၊ မနက် ၁ဝနာရီ ရ မိနစ်မှာ မွေးတာ […]


hmeeMay 3, 20111min27412
လူတွေဟာ ကိုယ်ကြိုက်တဲ့ အစားအစာလေး စားရပြီဆိုရင် အာဟာရဖြစ်တာ မဖြစ်တာ အသာထား ကောင်းလိုက်တာ နတ်သုဓာကျနေတာပဲလို့ ပြောကြပါတယ်။ ကျွန်မအထင်တော့  မိမိငယ်စဉ်က စားခဲ့ရလို့ (သို့) စားနေကျအစာမို့  မသိစိတ်မှာစွဲနေလို့ အဲဒီလိုလေး စားရပြီဆို တကယ့်အကောင်းဆုံးအစားလို့ ထင်တာဖြစ်မှာ။ တလောက ရုပ်ရှင်တကား ကြည့်ဖြစ်တယ် အဓိကဇာတ်ကောင်က ကြွက်ကလေး။ ကြွက်ဆိုပေမဲ့ စားဖိုမှုးဖြစ်ချင်သူ။ ဒါကြောင့်လမ်းတောင် လက်ညစ်ပတ်မှာဆိုးလို့ သူက လူလို လမ်းလျှောက်တာ။  စားသောက်ဆိုင်ကြီးတဆိုင်မှာ ပိုင်ရှင်စားဖိုမှုးကြီးက ဝေဖန်ရေးဆရာ တယောက်ရဲ့ ဝေဖန်ခြင်းခံရပြီး စိတ်ထိခိုက်ပြီး ဆုံးသွားတယ်။ သူ့သားက ဟင်းမချက်တတ်ဘူး။   ကြွက်ကလေးနဲ့တွေ့ပြီး ကြွက်ကလေး အကူအညီနဲ့ ဟင်းချက်တာ နာမည်ကျော်ကြားစ   ပြုလာတာပေါ့။  ဒီအကြောင်းကို ကြားတော့ ဝေဖန်ရေးဆရာကြီးက နောက်တခါ ဝေဖန်ဖို့ ဆိုင်ကိုရောက်လာပြီး […]