အောင် မိုးသူSeptember 18, 20121min40615
“လှည်းတန်း…လှည်းတန်း” လို့ အော်နေတဲ့ နံပါတ်(၃)ကားပေါ်ဆီ ကျွန်တော်ပြေးတက်လိုက်သည်။ ကြပ်ညပ်လွန်းတဲ့ ဒိုင်နာကားပေါ်မှာ ခေါင်းခန်းကမစီးနိုင်တော့လည်း ကားနောက်ကပဲ တွယ်လိုက်ရတော့သည်။ နေညိုချိန်တိမ်တောက်တဲ့ အကျည်းတန်းလှချိန်လေးမှာ အိမ်ကိုပြန်မယ့် အလုပ်သမား အများအပြားနဲ့ ကားလေးက မဆန့်အောင်ပါပဲ။ အားလုံးလိုလို အိမ်ပြန်ချင်နေကြပြီလေ..။ ကျွန်တော်ကတော့ ဘောင်းဘီအိတ်ကပ်ထဲမှာ ပါလာတဲ့ ပိုက်ဆံ(၁၂၀၀)ကို အသာစမ်းကြည့်ရင်း လက်တစ်ဖက်ကလည်း ကားနောက်တန်းလမ်းရမ်းကိုကိုင်ပြီး ရင်တမမနဲ့… ရန်ကုန်မြို့ရဲ့ စည်ကားလွန်းတဲ့ ကိုရွှေလှည်းတန်းဆီကိုပေါ့….။ ” လှည်းတန်းလမ်းဆုံ…ရောက်ပြီနော်…” ယာဉ်အကူရဲ့ အော်ဟစ်သံနဲ့အတူ ကျွန်တော်လည်း တန်းကိုကိုင်ထားတဲ့လက်ကိုဖြုတ်ကာ… အမြန်ခုန်ဆင်းရတော့တယ်…။ ရန်ကုန်သားဆိုတော့လည်း ရန်ကုန်ကကားအကြောင်းတွေ နောကျေနေပြီးသား လေ။ စဉ်းစားနေရင်းနဲ့မှ ဘောင်းဘီအိတ်ကပ်ကို ကပျာကယာစမ်းကြည့်မိတယ်…။ ဟူး….တော်သေးတာပေါ့.. လှည်းတန်းကို လာသာလာရတာ..လက်ထဲမှာရှိတာက ငွေ (၁၂၀၀)တည်း…။ သူငယ်ချင်းတစ်ယောက်က အလုပ်ကိစ္စအကူအညီတောင်းလို့သာ လာရတယ်…။ လှည်းတန်းကို မရောက်တာ ခြောက်လစွန်းစွန်းတောင် […]


အောင် မိုးသူSeptember 17, 20121min28310
“ရောက်ပြီ….သားရေ…” အမေ့ရဲ့ အော်သံကြားမှ ကျွန်တော်ကားခေါင်းခန်းမှာ အိပ်နေရာမှ နိုးလာခဲ့သည်။ ကားတံခါးကို ဖွင့်ဖွင့်ချင်း တွေ့လိုက်ရသောအရာက အလယ်တန်းကျောင်းလေးတစ်ကျောင်း။ ထိုကျောင်းလေး၏ ရှေ့တွင် ကျွန်တော်တို့ နေမည့်ပေနှစ်ဆယ်အိမ်လေးရှိသည်။ အမေရွေးခဲ့သော နေရာလေးမဆိုးဘူးဟု ကျွန်တော့်စိတ်ထဲ မှတ်ချက်ချမိသည်။ ရပ်ကွက်လေးကလည်း သန့်၏။ အိမ်ပရိဘောဂများ အလုပ်သမားများနှင့်အတူနေရာချပြီးသည်နှင့် ကျွန်တော်နေရာတစ်ခုရှာမိ၏။ ကျွန်တော့်အသည်းကျော် အယ်လ်ဇေးရှင်းခွေးကြီးနှစ်ကောင် အပေါ့အပါးသွားရမည့်နေရာပင်ဖြစ်သည်။ ယခုအိမ်လေး၏လမ်းတစ်ဖက်ထွက်လိုက်လျှင် လမ်းမကျယ်ကြီးဆီသို့ရောက်ပြီး တခြားတစ်ဖက်မှထွက်လျှင် လမ်းမကျယ်ကြီးဆီသို့ ကားဝင်ရရုံ လမ်းတစ်ခုရှိသည်ကို ကျွန်တော်သတိထားမိသည်။ အိမ်နီးနားချင်းပြောပြချက်အရ ထိုနေရာတွင် ယခင်ကအမှိုက်ပုံကြီးတစ်ပုံ ရှိခဲ့၍ ယခုအခါ  အမှိုက်ပုံကြီးနေရာတွင် တိုက်ကြီးတစ်လုံးသာ ရှိတာ့သည်။ ထိုလမ်းလေးသည် ညဘက်တွင် လူတိတ်၍ လယ်ကွင်းနှင့်ဆက်စပ်နေသောကြောင့် ညဘက်များတွင် အသည်းကျော်ခွေးကြီးနှစ်ကောင်နှင့် ထိန်းကျောင်းထွက်ရန် ကျွန်တော်ရွေးချယ်လိုက်သည်။ ည(၉)နာရီရောက်တိုင်း ခွေးကြီးနှစ်ကောင်နှင့် ကျွန်တော် လမ်းကြားလေးဘက်သို့ ထွက်လာခဲ့သည်။ အိမ်တွင် […]


အောင် မိုးသူSeptember 14, 20121min1742
မျှော်လင့်ချက်မျက်ဝန်းတစ်စုံ စည်းစိမ်ရင်ဘတ်တစ်စုံပေါ်မှာဝေ့ဝဲနေတယ်။ အပြင်ကိုလှမ်းမကြည့်နဲ့ မိုးချုပ်တာလူသိသွားမယ်…။ ဘယ်မှာလဲဒိုးပြားတွေ အသွေးအသားနဲ့လဲဖို့ကအဆင်သင့်။ နောက်ကွယ်မှာ မွတ်သိတ်တ်နေတဲ့သူတွေအများကြီး။ ဒီအချိန်မှာမေ့သွားအောင် အရည်တစ်ခုထဲကိုစီးမျောပစ်လိုက် ဆာလောင်တဲ့ဝမ်းအစုံစုံအတွက် ဒိုးပြားတွေရှာရဦးမယ်။ ဒီလိုနိမ့်ကျတဲ့ဘဝမှာ မြင့်မြတ်တဲ့မျှော်လင့်ချက်တွေရှိတာ ဘယ်သူသိမလဲ။ အိန္ဒြေတွေ သိက္ခာတွေ… အိမ်မှာသိမ်းထားခဲ့.. အထက်မှာဘာမှမရှိပေမယ့်… အောက်ကိုငုံ့ကြည့်ရင် ဖြူစင်မှုတွေအများကြီး။ အဖြူရောင်တွေကိုအိတ်နဲ့ထုတ် အနက်ရောင်ကိုပုဝါခြုံ အနီရောင်ရမက်တွေကို ရွှေအိုရောင်ဒိုးပြားတွေနဲ့လဲလှယ်ဖို့ အမှောင်ထုထဲ တိုးဝင်လျှောက်ခဲ့တယ်။ လွယ်တယ်လို့ထင်ရင် ကိုယ်တိုင်ဝင်ကြည့်လိုက်… နောက်ကဘဝတွေလှဖို့အတွက် ဘဝတစ်ခုကို အရင်းပြု မျက်ရည်စက်တွေကို ဥပက္ခောပြု မယဉ်ကျေးတဲ့ နာမည်ပျက်တစ်လုံးနဲ့ အသိအမှတ်ပြုတယ်……။ ********************** အောင်မိုးသူ သောကြာနေ့ ဖေဖော်ဝါရီ ၁ဝရက် ၂၀၁၂ခုနှစ်။ ညနေ ဝ၄းဝဝနာရီ


အောင် မိုးသူSeptember 14, 20121min2796
ပြတင်းပေါက်မှ တိုက်ခတ်လာသော လေများသည် အပြင်ပတ်ဝန်းကျင်မှတဆင့် ကျွန်တော်စာရေးသော စားပွဲခုံနှင့် ကျွန်တော့် ခန္ဓာကိုယ်အား ဖြတ်သန်းဝင်ရောက်တိုက်ခတ်သွား ၏။ ဆောင်းတွင်း အေးစိမ့်စိမ့်လေအေးဒဏ်က ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားအောင် အေးသွားသည်။ရေးလက်စ စာကိုရပ်တန့်ရင်း အနွေးထည်လက်ရှည်တစ်ထည်အား ကျွန်တော် ကာက်ဝတ်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ဆောင်းတွင်းမြူမှုန်များဖွေးဖွေးနှင့် မှောင်မိုက်မိုက် ညတစ်ည၊ ကောင်ကင်းထက်တွင် ကြယ်လေးများ မှိတ်တုတ်မှိတ်တုတ်။ ညဦးပိုင်းကတည်းက စာရေးစားပွဲ ခုံပေါ်သို့ ထိုင်လိုက်သည်မှာ ယခုပင်သန်းခေါင်ယံ(၂းဝ၀)နာရီပင်ရှိတော့မည်။ အိမ်တံခါးကိုဖွင့်၍ ခြံဝန်းထဲသို့ ကျွန်တော်ဆင်းလိုက်၏။ လွတ်လပ်သောဆောင်းတွင်း ၏ မြူမှုန်မြူနှင်းများကြားရှိ ချမ်းစိမ့်စိမ့်အရသာကို ခံစားရင်း ကောင်းကင်ပေါ်သို့မော်ကြည့်လိုက်လျှင် လင်းလက်နေသောကြယ်လေးများ မှိတ်တုတ်မှိတ်တုတ် လေးများကို ကျွန်တော်တွေ့ရမြဲဖြစ်၏။ ကျွန်တော့်ဘဝတွင် ကြယ်လေးများသည် ကျွန်တော်စိတ်အဝင်စား ဆုံး ဖြစ်သည်။ ***************************************************** ကြယ်ဆိုသည့်အရာမှာ ကျွန်တော်သိသလောက် ရဲရဲတောက် […]


အောင် မိုးသူSeptember 12, 20122min2738
“ဒီတံခါးလေးxxxစေ့ရုံပဲလားxxxxရင်ထဲကအသည်းနှလုံးကိုxxxxxx  အမလေး….ကိုစိုးမင်းရဲ့ ရှင်သိပ်ရက်စက်တာပဲxxxxx” ကာရာအိုကေသီချင ်းကို သီဆိုရင်းလွင့်ပျံလာတဲ့ ဘေးအိမ်ကမိန်းမရဲ့အသံ။ ထိုအသံကိုကြားကြားချင်းပဲ အမေ၊ အစ်ကိုနဲ့ကျွန်မတို့ရဲ့မျက်လုံးတွေမှာ စိုးရိမ်မှုအရိပ်အယောင်တွေပေါ်လာသည်။ ထိုမိန်းမအသံမှာ နောင်တသံ၊ ဒေါသသံ၊ စိုရိမ်းပူပန်မှုအသံ ရောထွေးစွာပါဝင်နေသည်ကို ကျွန်မတို့သိလိုက်ရသည်။ သီချင်းသံဆိုနေရင်း ထိုမိန်းမဘေးက ကလေးတွေရဲ့ သီချင်းလိုက်ပါသီဆိုသံက အပျော်အော်ဆိုနေသလားတောင် မှတ်ရသည်။ နားထောင်ရင်းပင် ကျွန်မသက်ပြင်းမောတစ်ချက် ချမိလိုက်သည်။ “ဒီညတော့ အိပ်ရေးပျက်ဦးမယ်ထင်ပါတယ်…”   စိုးရိမ်မှုနဲ့ အမေပြောလိုက်သောအသံ။ ကျွန်မတို့လည်း ဒီဝဋ်ကဘယ်တော့လွတ်မလဲဟုပင် ကျွန်မတွေးလိုက် မိသည်။ ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်ခြိုက်စွဲလန်းစွာ ကြည့်တတ်သော ကျွန်မအမေပင်လျှင် ကိုရီးယား ဇာတ်လမ်းများထက် ရှုပ်ပွေသော ဇာတ်လမ်းများ အပြင်မှာရှိသည်ကို ထိုမိသားစုရောက်လာမှပင် သိတော့တယ်ဆိုသော စကားဆို တဖွဖွပြောမဆုံးပေ။ လွန်ခဲ့သောနှစ်ကမှ ကျွန်မတို့အိမ်ဘေးမှ ဆယ်ပေမြေကွက်ကလေးသည် နှစ်ထပ်အုတ်ညှပ်တိုက်လေးဖြစ်လာသည်။ ထိုတိုက်ကလေးသို့ ပြောင်းလာ သောမိသားစုတွင် (၉)နှစ်အရွယ်နှင့် […]


အောင် မိုးသူSeptember 11, 20121min35911
  ဒီလိုမြင်ကွင်းမျိုးကို ကျွန်တော့်ဘဝမှာ မကြားချင်၊ မမြင်ချင်သော အသံနှင့်မြင်ကွင်းများဖြစ်သည်။ အချို့လူများ၏ ထင်မြင်ယူဆချက်များကိုတော့ မှန်သည်…မှားသည် ကျွန်တော်မငြင်းလိုပါ…။ ကျွန်တော့် ယူဆနှင့် ကျွန်တော်ပင် ကျွန်တော်မှန်သည်ဟု ထင်ပါသည်…။ ကျွန်တော်သည် ဆရာဝန်တစ်ယောက် ဖြစ်သည်။ ဝဝကစ်ကစ်နှင့် မျက်လုံးဝိုင်းဝိုင်းလေးနှင့်… (၆)လသားအရွယ် ကလေးတစ်ယောက်နှင့် မိန်းမပျိုလေး တစ်ယောက် သည်ဆေးရုံနှင့် သည်ပတ်ဝန်းကျင်တွင် မသိသူမရှိပါ………….။ သူတို့နှစ်ဦးကို ဘယ်သူတွေခွဲမှာ လဲ………………။ လွန်ခဲ့သောကာလတစ်ခု…………………… “ပေး….ပေး….. ငါ့ကလေး…ငါ့ကလေး…..”           စူးစူးဝါးဝါး…မိန်းမတစ်ယောက်အော်သံကြောင့် ကျွန်တော်နဲ့ သူနာပြုတွေအားလုံး နားနေခန်းထဲကနေ ထွက်ကြည့်လိုက်ကြသည်။ ဒီလိုနေရာ… သည်ဆေးရုံမျိုးမှာတော့… ဒါမျိုးအဖြစ်အပျက်တွေက တစ်ရက်နဲ့တစ် ရက် မရိုးနိုင်တဲ့အဖြစ်အပျက်တွေပေါ့။ အခုမြင်နေရတဲ့ မြင်ကွင်းမျိုးက ကျွန်တော့်အတွက် အနည်းငယ်ဆန်းပြား နေသလိုလိုပင်။ ဆေးရုံပတ်ဝန်းကျင် ရပ်ကွက်နားက အရူးမတစ်ယောက် ဘယ်သူနဲ့ဘယ်လိုရမှန်းမသိတဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့မို့ ရပ်ကွက်ကလည်း […]


အောင် မိုးသူSeptember 11, 20121min2177
“အမေရေ… သားသွားတော့မယ်……………” နံနက် (8)နာရီတောင်ထိုးပြီ နေ့တိုင်းကြားနေကျအသံကို ဖွားအေးကြားနေရသည်။ ဘုရားရှိခိုးနေရာမှ သားဖြစ်သူကို ဖွားအေးလှမ်းကြည့်လိုက်မိသည်။ သား နှင့် သမီးအား ရုံးမသွားခင်နမ်းရှုံ့နေသော သား၏မျက်နှာသည် ရွှင်ပြနေသည်။ သားစိတ်ချမ်းသာနေတော့လည်း ဖွားအေးပျော်မိသည်။ သားသမီးစိတ်ချမ်းသာသည်ကို မြင်ရရျ် မပျော်သော မိဘ ဘယ်မှာရှိမည်နည်း။ “အမေရေ…. ကျွန်မ သားနဲ့သမီးကို ကျောင်းပို့ပြီ အလုပ်ကိစ္စလေးတစ်ခုရှိလို့ ညနေလောက်မှ အိမ်ပြန်ရောက်မယ်နော်…..  ထမင်းဟင်းတွေ အကုန်အဆင်သင့် လုပ်ထားပေးတယ်…..” “ဖွားဖွား တတာ့……………..” ကျောင်းမသွားခင် နှုတ်ဆက်နေတဲ့ မြေးနှစ်ယောက်ကိုကြည့်ပြီး ဖွားအေးပျော်နေရသည်။ သားအချစ် … မြေးအနှစ်မဟုတ်လား သားကိုချစ်ခဲ့သမျှတွေကို မြေးလေးတွေရလာတော့လည်း ပိုနှစ်နှစ်ပြီး ချစ်ရတာပေါ့။ အိမ်ဝရန်တာကနေ ခိုတွေပျံသွားတာ ဖွားအေးတွေ့လိုက်ရသည်။ ခိုလေးတွေမြင်မှ ဖွားအေး အစာကျွေးရမည်ကို သတိရသည်။ ခိုတွေအစာကျွေးရင် အိမ်ဝရန်တာမှာစိုက်ထားတဲ့ အပင်လေးတွေရေလောင်းရဦးမယ်။ […]


အောင် မိုးသူSeptember 6, 20123min1663
“ဒေါင်……..ဒေါင်………………………..” “အငယ်ကောင်….အကြီးကောင် မြန်မြန်လာဟဲ့ နင်တို့ကလည်း ဟိုမှာကျောင်းတက် ခေါင်းလာင်းက ထိုးနေပြီ”           ခပ်သုတ်သုတ်ခြေလှမ်းတွေနှင့် တစ်ဖက်ကလည်း (၂)နှစ်အရွယ်သမီးနှင့်မို့ မနှင်းဝေ မောရမှန်းမသိပေ။ “မြန်မြန်ဝင်….တော်ကြာ ဒဏ်ရိုက်ခံနေရမယ်… နေ့လည် ကျောင်းဆင်းရင် စောင့်နေကျ နေရာမှာပဲ စောင့်နေကြနော်”           ကျောင်းဝန်းထဲပြေးဝင်သွားတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး နဖူးမှချွေးစကို လက်ဖြင့်သုတ်ကာ ဖယ်ချလိုက်သည်။ ခပ်စူးစူးနေရောင်က မနှင်းဝေရဲ့ခေါင်းပေါ်မှာ ဝေ့ဝဲနေ၏။ သမီး ကိုချီဖို့ လက်ကိုခပ်ဆွဆွအားယူကာ အိမ်သို့အပြေးနှင်ရဦးမည်။ မနေ့ကကြားသော သတင်းကြာင့် တစ်ညလုံးအိပ်လို့မပျော်သောခန္ဓာကိုယ်ခပ်ယိုင်ယိုင်ဖြစ်နေသည်။ ကားလမ်းတစ် ဖက်ကိုကူးရင်း ကားများရဲ့လေတိုးသော အရှိန်ကလူကိုလွင့်မတတ်ဖြစ်နေသည်။ မနှင်းဝေ ခြေလှမ်းတွေကတော့ ယိုင်နဲ့နဲ့နှင့်ခပ်သွက်သွက်ပင်။ နေ့လည်ကျောင်းဆင်းချိန်အမီ သား နှစ်ယောက်အတွက် ထမင်းချိုင့်အား အမြန်ချက်ပြုတ်ရဦးမည်။                    ****************************************           ငမိုးရိပ်ချောင်းနှင့် လယ်ကွင်းပြင်များမှ တိုက်ခတ်လာသော လေခပ်ပြင်းပြင်းများက […]


အောင် မိုးသူSeptember 4, 20121min1893
၂၀၁၂ခုနှစ် အေးစိမ့်စိမ့်မြောက်ပြန်လေတစ်ချက်က ပတ်ဝန်းကျင်းတစ်ခုလုံးကို ခဏတာတိုက်ခိုက်သွားသည်။ ကျွန်တော်အိမ်ရှေ့သို့ အပြေးထွက်ကြည့်လိုက်သည်။ မွှေးပျံ့ပျံ့ခရေပန်းရနံ့က နံနက်ခင်းမှုန်ရီဝိုးတဝါးကို လတ်ဆတ်သွားသလိုခံစားလိုက်ရသည်။ အိမ်ရှေ့မှာ အမေစိုက်ထားတဲ့ (၄)နှစ်သားခရေပင်လေးနှစ်ပင်က ပွင့်တဲ့ခရေပန်းလေးတွေရဲ့ရနံ့ သိပ်မွှေးလွန်းနေ၏။ ကျွန်တော်ခါးကိုင်းကာ ကြွေနေသော ခရေပန်းလေး တစ်ပွင့်စ နှစ်ပွင့်စကို ကောက်ယူလိုက်သည်။ ကျွန်တော့်လက်ထဲရှိ ဘေးနှုတ်ခမ်းသား ပွင့်ဖတ်ကလေးများ နွမ်းရော်ရော်ကလေးများနှင့် ခရေပန်းကလေးများကို ကျွန်တော်တရှိုက်မက်မက် နမ်းရှိုက်လိုက်သည်။ ဘယ်ပန်းရနံ့နှင့်မတူသော မွှေးရနံ့နှင့်အတူ ခရေပန်းရနံ့လေးများသည် ကျွန်တော်၏ ဟိုးအရင် အတိတ် တစ်ခုဆီသို့………. ခေါ်ဆောင်သွားသည်။ **************************************** ၁၉၉၆ခုနှစ် မနက်နိုးနိုးချင်း ခြင်ထောင်မှထွက်ကာ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်တော့်မျက်လုံးများသည် အမေ့စက်ချုပ်စက်ခုံပေါ်သို့ ဦးဆုံးရောက်သွားသည်။ မျက်နှာသစ်၊သွားတိုက်မလုပ်ရသေးခင် စက်ချုပ်ခုံဘက် သို့ အပြေးသွားလိုက်၏။ စက်ချုပ်ခုံပေါ်တွင် ငါးကျပ်တန်တစ်ရွက်နှင့် တစ်ဆယ်တန်တစ်ရွက် တစ်ရွက်ချင်းစီ က ို ပုလင်းဖြင့်ဖိထားသည်ကို ကျွန်တော်တွေ့လိုက်သည်။ […]


မှောင်နေတဲ့ အိပ်မက်ထဲက အလင်းအချို့ကို ကောက်ယူကြည့်မိတယ်။ အိပ်မက်တွေဟာ အိပ်မက်ဆက်မက်နေတုန်းပဲ သုံးမရတဲ့အလင်းအချို့နဲ့ ဆက်နေတဲ့ အိပ်မက်တွေ အခု…. အိပ်မက်သချို င်္င်းမှာ အစီအရီ ဒါကနင့်အိပ်မက်…ဒါကဘယ်သူ့အိပ်မက်…ဒါကငါ့အိပ်မက်…. အတုံးအရုံးလဲကျနေတဲ့ အိပ်မက်တွေ စစ်တမ်းမကောက်နဲ့ ရူးသွားမယ်။   ဖေဖေပြန်လာပါ သားတစ်ယောက်ရဲ့အိပ်မက် J’donut (ဂျေဒိုးနပ်)စားချင်တယ် ၊ ကျောင်းတက်ချင်တဲ့ အိပ်မက်တွေ ဆိုဒါဂျူ့(Soda Juice)တွေလို အမြုပ်တစ်စီစီ လွင့်ပျယ်သွားတယ်။ ဖိတ်စာထဲမှာ အိပ်ရာလည်းပါတယ်။ ဖိတ်စာမပါတဲ့ အိပ်ရာတွေက အခုထိမိုးတစိမ့်စိမ့်(အေးစက်စက်နဲ့)သေဆုံးသွားတယ်။ သေနေတဲ့အိပ်မက်တွေကို လက်ထဲထည့်၊ ရင်ဘတ်ထဲထည့်…. အခုထိ ညဥ့်နက်လမ်းပေါ်မှာ လမ်းမှောက်နေသူတစ်ယောက်။ အိပ်မက်တွေရှင်သန်ခွင့်ပေးပါ အိပ်မက်တွေရှင်…သန်..ခွင့်..ပေးပါ….. ဟစ်အော်ရင်း သေနေတဲ့အိပ်မက်တွေကို ရင်ဘတ်ထဲက တစ်စချင်းစီဆွဲထုတ် ခင်ဗျားရယ်… ကျွန်တော်ရယ်….  သူရယ်…..  မင်းရယ်…. ဆွဲထုတ်…ဆွဲထုတ်…. ဟစ်အော်ရင်း….. အိပ်မက်တွေက သေနေတုန်းပဲ။ […]


“Happy Birthday ပါသား….. ရော့သားအတွက်… အဖေ့ရဲ့ မွေးနေ့လက်ဆောင်….” ဖေဖေပေးလိုက်တဲ့ မွေးနေ့လက်ဆောင်ဆိုတဲ့အရာ ကျွန်တော့်လက်ပေါ်ကိုရောက်လာတယ်…။ “ဟာ…. Iphone …… အဖေသားကို တကယ်ပေးတာနော်…….” ဖေဖေ အောင်မော်ကို ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်တယ်…။ ကျွန်တော်အရမ်းပျော်သွားသည် ဟန်းဖုန်းလိုချင်နေတာကြာပြီလေ…။ GTC  တက်နေတော့လည်း ကျောင်းမှာ ဟန်းဖုန်းတွေတကိုင်ကိုင်ဆိုတော့ လိုချင်နေခဲ့တာကြာပြီ။ အဖေ့ကိုရော အမေ့ကိုပါ ပူဆာတာ ဝယ်ပေးမယ် မပေးဘူး အဖြေလည်း ပြန်မပေး..။ ခုတော့… မွေးနေ့လက်ဆောင်အဖြစ်ရောက်လာပြီ..။ ပေးမယ့်ပေးတော့လည်း iphone… သူငယ်ချင်းတွေ လျှောက်ကြွားဦးမယ်ဆိုပြီး အောင်မော်အပြင်ကို ထွက်လာမိတယ်….။ “ဟေ့ရောင်….. စိုးမိုး… ဘယ်သွားမလို့လဲကွ…..” စိုးမိုးဆိုတာ အောင်မော်နဲ့ ငယ်ငယ်ကတည်းက ကျောင်းတူတူတက်နေတဲ့ သူငယ်ချင်းလေ….။ တက္ကသိုလ်ရောက်တော့လည်း တူတူပဲဆိုတော့ အရမ်းခင်တဲ့ သူငယ်ချင်း….။ “ဒီနေ့..ငါ့မွေးနေ့လေကွာ… ဒါကြောင့်ဘုရားသွားမလို့….” “ဟာ…. […]


ညီမလေးက………. အချစ်ကို သေတဲ့အထိ ကိုးကွယ်မယ်…. ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးး ညီမလေး အယူအဆ…… တချို့တဝက်တော့ မှန်လိမ့်မယ်……. မှားတယ်လို့ ကိုကြီးမပြောဘူး……….   အချစ်ဆိုတဲ့အရာ…. သူတစ်ဦးတည်း ရပ်တည်လို့မရဘူး…. သူ့မှာ ပေါင်းစည်းခြင်းတွေအများကြီး…….   သူ့မှာ ဘာတွေပါဝင်လည်း ………. ညီမလေး သိလား… နားထောင်ချင်ရင် … ပြောပြမယ် ညီမလေး………   အချစ်ဆိုတဲ့ အရာမှာ…….. သံယောဇဉ်နဲ့တွယ်တာမှုရယ်…. ပေးဆပ်ခြင်းနဲ့ရယူခြင်းတွေရယ်… မျှော်လင့်ခြင်းနဲ့စောင့်စားခြင်းတွေရယ်…. တလက်လက်တောက်ပနေတဲ့…………. တပ်မက်မှုတွေရယ်…………… ဝမ်းနည်းမှုတွေ….ငိုကြွေးမှုရယ်…… ပေါင်းစည်းထားတဲ့….. အစုအဝေးကြီးတစ်ခုပေါ့ ညီမလေးရယ်…….   ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား……. အဲသည်အစုအဝေးထဲက အရာတွေနဲ့… ညီမလေး ဒွန်တွဲပီးတွေ့ရလိမ့်မယ်… အဲသည်ထပ် ပိုရင်လည်းပိုမယ်…….   ဘယ်လိုမှ မရှောင်နိုင်တာ အချစ်ပေါ့ ညီမလေးရယ်……………… အချစ်မရှိဘူးလို့ပြောနေတဲ့သူတွေ… […]


ဘာမှမလိုပါဘူး……… ဘာမှမလိုအပ်ဘူး……. နွေးထွေးတဲ့ မျက်ဝန်းတစ်စုံ…… နွေးထွေးတဲ့ လက်တစ်စုံ…….. နားလည်နိုင်တဲ့ နှလုံးသား…… သင်နဲ့ သူတို့အတွက်…. လူသားချင်းစာနာမှု……….။ (ကျော်စွာအောင်) ရှိုက်ကြီးတငင်ငိုနေတဲ့ ချာတိတ်ကို ကျွန်တော်ကြည့်ရင်း…. သက်ပြင်းတစ်ချက်မှုတ်မိ၏။ ငို..ငို… ဝအောင်သာငိုဟု ထိုချာတိတ်အား ကျွန်တော်ပြောနေမိသည်။ ကျွန်တော့်ထံသို့ရောက်လာသူအားလုံးလိုလိုပင် ဝမ်းပန်းတနည်း (သို့) ရှိုက်ကြီးတငင် ငိုကြစမြဲဖြစ်သည်။ ကျွန်တော့်ထံသို့ ရောက်လာချိန်တွင် ကျွန်တော်သည် သူတို့နှင့်တစ်သားတည်းဖြစ်သွားအောင် ပြုလုပ်ရစမြဲဖြစ်သည်။ ငိုနေသောချာတိတ်အား ကျွန်တော်သိုင်းဖက် ကာ ကျောပြင်အားပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ “မစိုးရိမ်ပါနဲ့ ညီလေးရာ…. ညီကောင်းကောင်းမွန်နေထိုင်သွားမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါမျိုးပဲလေ…. အသည်းရောင်(ဘီ)တို့ (စီ)တို့သာ ပိုကြောက်ဖို့ကောင်းတာ…ကွ..” ကျွန်တော်ကြည့်လိုက်တော့လည်း ဒီချာတိတ်က အသက်(20) ၊ အသားဖြူဖြူ ခပ်ဖြောင့်ဖြောင့်ဟု ပြောရမည့်ရုပ်ရည်ထဲကပင်။ ဒီရောဂါ ဘယ်လိုနည်းနဲ့ရခဲ့တယ်ဆိုတာကို သူ့ဖာသာတောင် စဉ်းစားမရနိုင် ဖြစ်နေသည်ဟုဆိုသည်…။ […]