kaiFebruary 26, 20261min1800
ဖေဖော်ဝါရီလသည် မြန်မာတို့အတွက် နာကျင်ဖွယ်ရာ ဒဏ်ရာဟောင်းများ ပြန်လည်သတိရစေသော ကာလဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမှ ယခုအခါ ငါးနှစ်ပြည့်မြောက်လာပြီဖြစ်သည်။ သို့ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများတွင် တိုးတက်မှုထက် ဆုတ်ယုတ်မှုများ ပိုမိုမြင်တွေ့နေရသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ ပင်လုံစာချုပ်အခြေပြု ဖေဖော်ဝါရီ ၁၂ ရက်ပြည်ထောင်စုနေ့မှာမူလည်း တကွဲတပြားဖြစ်ရန်သာ လူမျိုးစုတိုင်း၏ဦးတည်ထားမှုများကြောင့် အမည်သညာသာကျန်တော့သည့်အခြေအနေရယ်ပါ၊ မြန်မာလူငယ်များအပါအဝင် မြန်မာတို့၏ နိုင်ငံတကာသို့ ထွက်ပြေးအခြေချနေထိုင်မှုမှာ သမိုင်းတလျောက်အများဆုံး အခြေအနေဆိုက်လျက်ရှိသည်။တဖက်တွင် အမေရိကသမ္မတထရမ့်သည် သူ၏ ဒုတိယသက်တမ်းနိုင်ငံတော်အခြေပြမိန့်ခွန်းကို အောက်လွှတ်တော် ဥက္ကဋ္ဌ (Speaker of the House) ၏တရားဝင် ဖိတ်ကြားမှုအရ ကွန်ဂရက်သို့ရောက်ရှိဟောပြောကြားခဲ့သည်။ သမ္မတ၏ မိန့်ခွန်းတွင် “အမေရိကန်တို့၏ လုံခြုံရေးနှင့် အချုပ်အခြာ” ကိုသာ […]


kaiFebruary 25, 20264min1770
By Prof; Myo Kyaw Myint ယခုလတွင် အောင်မြင်လိုသူတိုင်း ရှောင်ရှားသင့်သော Expressions လေးများကို ဦးစွာ ဖော်ပြလိုပါသည်။ နေ့စဉ် မိမိသုံးစွဲနေသည့် အင်္ဂလိပ်စကားလုံးများတွင် Profanity ဟု ခေါ်သော ရုန့်ရင်းကြမ်းတမ်းသော Expression လေးများကို ရှောင်နိုင်ရန် အထူးလိုအပ်ပါသည်။ အားလုံးသိပြီးသားပဲ။ Social media ဟု လူသိများသည့် Facebook တို့၊ TikTok တို့၌ မြန်မာလူမျိုး တော်တော်များများသည် စစ်အစိုးရကို၎င်း၊ မင်းအောင်လှိုင်ကို၎င်း၊ ပြစ်ပြစ်နှစ်နှစ် မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ဆဲရေးနေကြပါသည်။ ထိုသို့ ဆဲရေးကြ၍ စစ်အစိုးရသည်၎င်း၊ မင်းအောင်လှိုင်သည်၎င်း ဘယ်နည်းဘယ်ပုံနှင့် နစ်နာသွားသည်ကို စာရေးသူ မသိပါ။ သို့သော် ဆဲရေးနေကြသူများကိုတော့ လူမျိုးခြားများက အထင်အမြင်သေးသွားနိုင်ပါသည်။ အကျင့် မလုပ်မိပါစေနှင့်။ အင်္ဂလိပ်စကားစုလေး […]


kaiFebruary 24, 20262min1630
by SweSwe Aye ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်မည့် ကာကွယ်ဆေးဆိုင်ရာ အကြံပေးကော်မတီ (Advisory Committee on Immunization Practices-ACIP) ၏ အစည်းအဝေးသည် အမေရိကားပြည်သူ့ကျန်းမာရေး၏ အနာဂတ်အတွက် အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါသည်။ တုပ်ကွေး၊ RSV နှင့် ကိုဗစ်-၁၉ ကဲ့သို့သော ရာသီအလိုက် ကာကွယ်ဆေးများအတွက် စံနှုန်းများ သတ်မှတ်ပေးလေ့ရှိသည့် ဤကော်မတီသည် လက်ရှိတွင် အဖွဲ့ဝင်အသစ်များနှင့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် အကြီးအကျယ် ပြောင်းလဲလျက်ရှိပါသည်။ ပြီးခဲ့သည့် ဇွန်လတွင် ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ကြီး Robert Kennedy သည် ယခင် ACIP အဖွဲ့ဝင်အားလုံးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ကာကွယ်ဆေးအပေါ် […]


kaiFebruary 18, 20263min4620
SweSwe Aye ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမေရိကား ဒီမိုကရေစီ၏ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဗဟိုအစိုးရနှင့် ပြည်နယ်အာဏာပိုင်များအကြား ဥပဒေရေးရာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အားပြိုင်မှုများ ပြင်းထန်စွာ ပေါ်ပေါက်လျက်ရှိသည်။ American Community Media က ဦးစီးပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆၊ ၂၀၂၆ က ကျင်းပခဲ့သည်။ Department of Justice (DOJ) သည် ပြည်နယ်အားလုံးနီးပါးနှင့် ဝါရှင်တန်ဒီစီတို့ထံမှ ပြည်နယ်အဆင့် မဲပေးသူစာရင်းများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လျှို့ဝှက်မှတ်တမ်းများ၊ အချို့သော ကိစ္စရပ်များတွင် ယခင်ရွေးကောက်ပွဲများမှ မဲလက်မှတ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ စက်ပစ္စည်းများကိုပါ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကို လိုက်နာရန် ငြင်းဆန်သည့် […]


kaiFebruary 4, 20263min13320
by SweSwe Aye United States ၏ နှစ် (၂၅၀) ပြည့် နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ အမေရိကား၏ သမိုင်းကြောင်းကို မည်သူက အဓိပ္ပာယ်ဖွင့်ဆိုခွင့်ရှိသနည်းဟူသည့်အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ပြင်းထန်လာနေပါသည်။ လက်ရှိအစိုးရသည် သမိုင်းကို သန့်စင်ရန် စနစ်တကျ ကြိုးပမ်းနေပြီး လူဖြူမဟုတ်သော လူမျိုးစုများ၏ အခန်းကဏ္ဍကို မှေးမှိန်စေကာ “လူဖြူများသာ ပါဝင်သည့် ဇာတ်ကြောင်းတစ်ခု အဖြစ် ပြောင်းလဲနေကြောင်းကို ဇန်နဝါရီ ၃၀၊ ၂၀၂၆ က American Community Media က ပြုလုပ်သော ဆွေးနွေးပွဲတွင် ပါဝင်သူများက အချက်အလက်များနှင့် ဆွေးနွေးခဲ့သည်။ “အတိတ်ကို ထိန်းချုပ်နိုင်သူဟာ အနာဂတ်ကို ထိန်းချုပ်နိုင်ပါတယ်။ လက်ရှိကို ထိန်းချုပ်နိုင်သူဟာ အတိတ်ကို ထိန်းချုပ်နိုင်ပါတယ်” ဟု ACoM […]


kaiFebruary 3, 20264min18040
by SweSwe Aye Minneapolis ရှိ ICE (လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိများ) ၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်ဆန္ဒပြစဉ်အတွင်း အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ Rene Nicole Goode အသတ်ခံရပြီးနောက်၊ ပြင်းထန်သော ဝင်ရောက်စီးနင်းမှုများမှသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုခုခံလှုပ်ရှားမှုကြီးအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ American Community Media မှ ပြုလုပ်သော ဆွေးနွေးပွဲတွင် တက်ကြွလှုပ်ရှားသူများ၊ ဥပဒေပညာရှင်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ဖက်ဒရယ်အစိုးရ၏ အင်အားသုံးဆောင်ရွက်မှုများသည် အထောက်အထားမဲ့များအပြင် အမေရိကန်နိုင်ငံသားများနှင့် ကျောင်းများကဲ့သို့သော အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများကိုပါ ထိခိုက်လာစေသည့် “ထိပ်တိုက်ရင်ဆိုင်မှုအဆင့်” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ Sanctuary Schools များ၏ တိုက်ပွဲ Minneapolis တွင် Goode သေဆုံးမှုသည် မိဘများနှင့် ဆရာဆရာမများအကြား အင်အားကြီးမားသော စုစည်းမှုတစ်ခုကို […]


kaiJanuary 28, 20263min17500
မကြာသေးမီက ပြုလုပ်ခဲ့သော KFF ၏ လေ့လာမှုအရ United States တွင် သုံးစွဲနေသော ဒေါ်လာ ၅ ဒေါ်လာတိုင်းတွင် ၁ ဒေါ်လာမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်စပ်နေကြောင်း သိရသည်။ နိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်သည် စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းနှင့်အတူ၊ တိုးပွားလာသော ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးကြောင့် အမေရိကန်ပြည်သူ သန်းပေါင်းများစွာသည် ကျန်းမာရေးအာမခံနှင့် အခြေခံလိုအပ်ချက်များအကြား တစ်ခုကို ရွေးချယ်ရမည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပညာရှင်များက သတိပေးထားသည်။ American Community Media က ကျင်းပသော ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူ ပညာရှင်များက ဖက်ဒရယ်အခွန်သက်သာခွင့်များ သက်တမ်းကုန်ဆုံးခြင်း၊ ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းနှင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုများကြောင့် အမေရိကား ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် အဆိုးရွားဆုံးအခြေအနေသို့ ဆိုက်ရောက်နေကြောင်း […]


kaiJanuary 28, 20261min16410
နှစ်သစ် ၂၀၂၆ ဖြစ်ပါသည်၊ သမ္မတထရမ့်၏ ဒုတိယ ၄ နှစ်သက်တမ်း၏ ဒုတိယနှစ်လည်း ဖြစ်ပါသည်၊ ပထမနှစ် ၂၀၂၅ အတွင်း ထရမ့်ကိုင်တွယ်ခဲ့သည်များကို လည်ပြန််ကြည့်သုံးသပ်လျှင် ယခုနှစ်စသည်နှင့်ကမ္ဘာကြီးမှသိသာစွာ တုံ့ပြန်လာသည်မြင်ရ၏။ ကမ္ဘာ့ချိန်ခွင်လျှာအပြင် ဝင်ရိုးစွန်းတို့ပါ ပြောင်းလဲကုန်တော့မည့်ဟန်ရှိနေသည်။ကမ္ဘာ့ဝါစဉ် သဘာစဉ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေသ လုပ်ထုံးများ၊ နိုင်ငံတကာ စည်းမျဉ်းအခြေပြုစနစ်တို့သည် ကိုင်လှုပ်ခတ်ခံရခြင်းအဆင့်သို့ ချဉ်းနင်းရောက်ရှိနေပါပြီ။ ဤသည်ကို ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့မှာ ကျင်းပနေသော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောခဲ့၏။ ထိုပွဲကို ကမ္ဘာတစ်ဝှမ်းက စီးပွားရေး၊ ဘောဂဗေဒနဲ့ နိုင်ငံရေးလောက၏ဩဇာအရှိဆုံးပုဂ္ဂိုလ် ထောင်ပေါင်းများစွာ တက်ရောက်လေ့ရှိပြီး၊ ကမ္ဘာ့အထက်တန်းလွှာတွေရဲ့ ဩဇာအာဏာကို ပြသရာ သင်္ကေတပွဲကြီးတစ်ခုလည်း ဖြစ်ပါ၏။ အဆိုပါပွဲတွင် ထုတ်ဖော်ကြေညာခြင်းဟူသည် […]


kaiJanuary 27, 20267min7680
လူတိုင်းလိုလို အင်္ဂလိပ်စကားကို ဖြစ်ရုံတော့ ပြောတတ်ကြတာပေါ့။ သို့သော် အလုပ်ဖြစ်ရုံ ပြောတတ်ရုံလောက်နှင့် ကျေနပ်မနေသင့်ပါ။ ဘဝတွင် အောင်မြင်လိုသူတိုင်း၊ လစာကောင်းသည့် အလုပ်အကိုင် လိုချင်သူတိုင်း မိမိရဲ့ဘဝမှာ အောင်မြင်မှုများ ပေးနိုင်မည့် English Expressions လေးများကို သိထား၊ ကျက်ထားသင့်ပါသည်။ ယခုလတွင် အလုပ် Interview ဝင်ရောက်ရသည့်အခါ မိမိအတွက် အထူးအကျိုးရှိမည့် Expressions လေးများကို ဖော်ပြပေးမည် ဖြစ်ပါသည်။ ဦးစွာပထမ Job Interview မှာ မိမိကိုယ်မိမိ Introduce လုပ်ရလေ့ ရှိပါသည်။ Hi. I’m _____. I am here for the position of _____. ဒီလို သမန်ကာလျှံကာ မိမိကိုယ်မိမိ Introduce လုပ်လို့ […]


kaiJanuary 16, 20263min17060
အမေရိကား စစ်ဘက်ဆိုင်ရာ၏ ရုတ်တရက် ဝင်ရောက်စီးနင်းမှုကြောင့် အလွန် Venezuela နိုင်ငံသမ္မတ Nicolás Maduro ရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းသည် နှစ်ရှည်လများ ဖြစ်ပွားနေသော Venezuela နိုင်ငံရေး ပဋိပက္ခ၏ အခန်းကဏ္ဍတစ်ခုကို အဆုံးသတ်လိုက်သော်လည်း ပိုမိုရှုပ်ထွေးပြီး မရေရာသော အခြေအနေသစ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေသည်။ American Community Media က ဦးစီးပြီး ဇန်န၀ါရီ၉၊ ၂၀၂၆တွင် ဥပဒေ၊ သမိုင်းနှင့် နိုင်ငံတကာ မူဝါဒရေးရာ ကျွမ်းကျင်သူများက ဤစစ်ရေးအရ ကြားဖြတ်ဝင်ရောက်မှု၏ တရားဝင်မှု၊ Venezuela ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများနှင့် ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးထက် ရေနံကိုသာ အဓိကထားနေသည့် အမေရိကား၏ မူဝါဒသစ်များကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ၁။ ပြည်တွင်းဖြစ်ရပ်မှန် – စိုးရိမ်မှု၊ ဝေခွဲမရမှုနှင့် “တစ်ဆို့နေသော […]


kaiDecember 31, 20253min19090
အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများနှင့် သေနတ်ဖြင့် အကြမ်းဖက်မှုများသည် အမေရိကားတွင် နေထိုင်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ထပ်တလဲလဲ ဖြစ်နေခဲ့သည်။ American Community Media မှ ဆွေး‌နွေးပွဲတွင် လေ့လာပြုစုထားသော အချက်အလက်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များမှတစ်ဆင့် မျှော်လင့်ချက်အချို့ကို တွေ့ရှိခဲ့ရသည်။ အမေရိကားသည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် သေနတ်ဖြင့် သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်နေဆဲ ဖြစ်သော်လည်း၊ မကြာသေးမီက တွေ့ရှိရသော အချက်အလက်များနှင့် သုတေသနပြုချက်အရ ထိုအခြေအနေမှာ ပြောင်းလဲစပြုနေပြီ ဖြစ်ကြောင်း သိရသည်။ အသက်ရှင်ကျန်ရစ်သူ၏ အသံ – “ကျွန်မတို့နဲ့တင် ဒီဖြစ်ရပ်တွေ ရပ်တန့်သွားသင့်တယ်” ရှင်းလင်းပွဲတွင် Teachers Unify to End Gun Violence အဖွဲ့၏ ပူးတွဲတည်ထောင်သူနှင့် ဆရာမတစ်ဦးဖြစ်သူ Sarah Lerner က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော သေနတ်ပစ်မှုကို […]