စာကြမ်းပိုးတို့ ရဲ့ အပြာရောင် စကားဝိုင်း
ရွာသူ ရွာသားတို့ ခင်ဗျားးးး
ဒီ လ အတွက် ကြားဖြတ်လေး တင်ဆက်ချင်တာကတော့ ခုတလော လူပြောသူပြော အရမ်းများနေတဲ့ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ အပြာဆန်ဆန် ဝတ္ထု တွေ အကြောင်း ပေါ့ဗျာ။
အဲဒီ ဆရာ ရေးတာ တစ်အုပ်မကတော့ဘူးဗျနော့။
ဟော့(ထ) ပုံ များတော့ စာကြမ်းပိုး တို့ တစ်ဖွဲ့လုံး အငြိမ်မနေရအောင် စုစည်းငြင်းခုန်ဖြစ်အောင် ကို စွမ်းပါပေတယ်ဗျာ။
အဲ။ သူ့ အယူအဆ ကိုယ့်အယူ အဆ တွေ မငြင်းခုန်ခင် စာအုပ်ရှာဖတ်ရ၊ သုံးသပ်ချက်တွေရှာဖတ်နဲ့ အတော် အလုပ်များလိုက်သေးဗျ။
ကဲ! ပထမဆုံး သုံးသတ်ချက်တွေ အရင်ပြောပြပါ့မယ်။ ပြီးမှ ကျနော်တို့ အယူအဆလေးတွေ ပြောကြတာပေါ့။
စာဖတ်သူတို့လည်း ပွင့်ပွင့်လင်းလင်း သူ့အမြင် ကိုယ့်အမြင် ဝင်ပြောလို့ရပါတယ်ဗျ။
စာအုပ်မဖတ်ရသေးလည်း အားမငယ်ပါနဲ့။ သုံးသပ်ချက်တွေဖတ်ပြီးရင် အနည်းနဲ့ အများ မှန်းနိုင်ပါလိမ့်မယ်။
ခင်ဗျားတို့ကြားပြီးကြရောပေါ့။ FB ပေါ်မှာလည်း အောင်ရင်ငြိမ်းကို ရှုတ်ချပြောဆိုသူတွေရဲ့ အသံတွေ ညံနေတယ်ခင်ဗျ။
အဓိက ဆွေးနွေးကြမှာက မြန်မာ စာပေလောကမှာ အပြာစာပေ ပေါ်ပေါက်လာပြီ။ အဲဒါကို ရင်ဆိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ…။ ဒါလောက်ပါ…။
ဆိုတော့ အောင်ရင်ငြိမ်းရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “ဆိုက်ကိုးဆစ်တစ်ယောက်ရဲ့ နောက်ဆုံးအနုပညာ” ဆိုတဲ့ စာအုပ်ကို ဆရာဖြိုးထိန် ဝေဖန်ထားတဲ့ ဆောင်းပါးလေး ဖေါ်ပြပေးချင်ပါတယ်။
အဲဒါလေး အရင် ဖတ်ကြည့်ကြပါဗျာ။
ဒါလေးကတော့ ဆရာဖြိုးထိန်ရဲ့ သုံးသပ်ချက်လေးပါ။
ကျက်သရေ ယုတ်တဲ့ အပြာစာအုပ်တစ်အုပ် (ဖြိုးထိန် သုံးသပ်ချက်)
ဒီစာအုပ်က ဆွဲဆုတ် လွှင့်ပစ်ရမယ့် စာအုပ်ပါ။ ဒီစာအုပ်မှာ ကွန်မြူနစ်လူထွက်…လက်နက်ချ ကဗျာဆရာမ မအိ နဲ့ အပြာဝတ္ထုစာရေးဆရာ မိုးသက်ဟန်တို့က ညစ်ညမ်းစာပေကို အသစ်အဆန်းစာဖြစ်လေဟန် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ခံတွင်းတွေ့စွာ အမှာစာရေးသား ထားကြပါတယ်။ အဲဒီ စာအုပ်ရှေ့မှာလည်း မသိမသာ အင်္ဂလိပ်စာနဲ့ Not For Conservative ဆိုပြီး စာဖတ်ပရိသတ်ကို စော်ကားထားပါတယ်။
ဝတ္ထုမည်ကာမတ္တ ဝတ္ထုက စကတည်းက ညစ်ညမ်းပါတယ်။ အောင်ရင်ငြိမ်းရဲ့ ယုတ်မာတဲ့၊ ရုန့်ရင်း ကြမ်းတမ်းတဲ့ အရေးအသားတွေက စာအုပ်တစ်အုပ်လုံး ပြည့်နှက်နေပါတယ်။
သူ့ရဲ့ ဖွင့်ဟ ဝန်ခံချက်၊ ညစ်တီးညစ်ပတ်တွေပါပဲ။ သူ့ရဲ့ လျှို့ဝှက်ချက် သုံးချက်နဲ့ အစပျိုးပါတယ်။
ပထမ လျှို့ဝှက်ချက်က မူလတန်းကျောင်းသားဘဝတုန်းက ပထမဆုံး ကိုယ်ခန္ဓာချင်း ထိတွေ့သာယာခဲ့ဖူးတဲ့ မိန်းကလေးရဲ့ အိမ်နာမည်က ပိုးဟပ်ဖြူတဲ့။ သူ့ထက် တစ်နှစ်ငယ်တဲ့ ညီမဝမ်းကွဲပါဆိုပြီး ဒါလောက်ပဲ ဖေါ်ပြထားပါတယ်။
လျှို့ဝှက်ချက် နံပါတ် ၂ ကတော့ နံပါတ် တစ်ထက် လျှို့ဝှက်မှု အဆင့်မြင့်တဲ့ အဝါရောင် လျှို့ဝှက်ချက်တဲ့။
ရှစ်လေးလုံး အရေးအခင်းဖြစ်လို့ စာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့ ကာလမှာ ရည်းစားမဟုတ်တဲ့ မိန်းမတစ်ယောက်နဲ့ ပထမဆုံး အကြိမ် ညအိပ်ခဲ့ဖူးတယ်တဲ့။
အဲဒီညက အိပ်ရာထဲမှာ ပထမဆုံး တရားဝင်ပြောပြီး သူ့ပါးပြင်တွေ၊ နှုတ်ခမ်းတွေကို နမ်းခဲ့တယ်။
သူကလည်း ချစ်တယ်လို့ ပြန်ပြောပြီး အနမ်းတွေနဲ့ တုန့်ပြန်ခဲ့တယ်။ ပုစဉ်းရင်ကွဲသံတွေ တိတ်ဆိတ်ငြိမ်သက်တဲ့ ညအမှောင်၊ မိန်းမဝတ် အင်္ကျ ီကြယ်သီးတွေ၊ ဖြုတ်ရခက်တဲ့ ဇာဘော်လီချိတ်တွေ၊ သူ့အသက်ရှူသံနဲ့ ကျွန်တော့်အသက်ရှူသံရောထွေးလို့။ နူးညံ့နွေးထွေးတဲ့ ရင်သားတွေ၊ တစ်ညလုံး အသက်မရှူတမ်း နမ်းနေမိလို့ ချိုမြိန်မှုကနေ ခါးသက်သက်အရသာဆီ ပြောင်းသွားတဲ့ နှုတ်ခမ်းနဲ့ လျှာတွေ၊ လူနှစ်ယောက်လုံး ကိုယ်ခန္ဓာအပေါ်ပိုင်းဗလာ။
အပြန်အလှန် ပွေ့ဖက်ပွတ်သပ်နေမိတဲ့ လက်တွေ၊ရုပ်ရောနာမ်ရော အိပ်မက်ကမ္ဘာထဲ ရောက်နေသလို လှိုက်မော တိမ်းမူးနေတဲ့ အာရုံခံစားမှု
(စာ -၂၉၊ ၃၀)
အဲသလိုနဲ့ အဲဒီညက သူ့အတွင်းခံဘောင်းဘီပေါ် ရောက်နေပြီဖြစ်တဲ့ သူ့လက်တွေကို ပြန်ရုတ်ပြီး အဲဒီမိန်းမဆီကနေ ထွက်ပြေးလာခဲ့တယ်တဲ့။ ဒါပေမယ့် အသက် ၁၆ နှစ်အရွယ်မှာ လူပျိုရည်မပျက်အောင် စိတ်ထိန်းချုပ်ဆင်ခြင်နိုင်ခဲ့တဲ့ အောင်ရင်ငြိမ်းဟာ ၂၁ နှစ်အရွယ်အရောက်မှာတော့ သူ့ထက် ၈ နှစ်လောက်ပိုကြီးတဲ့၊ လိင် အတွေ့အကြုံရင့်ကျက်တဲ့ မိန်းမတစ်ယောက်နဲ့ ငြိစွန်းပြီး လူပျိုဘဝကို ပထမဆုံး စွန့်လွှတ်ခဲ့ရပါတော့တယ်တဲ့။
ဒီနေရာမှာ စာဖတ်သူများ သတိပြုမိမလား မသိဘူး။ သူများတွေ ရှစ်လေးလုံးအရေးတော်ပုံမှာ သေကြကြေကြ၊ ပြေးကြလွှားကြနဲ့ သေနတ်သံတွေကြားမှာ အသက်ပေးလှုပ်ရှားနေကြတဲ့ လူငယ်တွေကိုမြင်ယောင်မလာဘူးလား။ အောင်ရင်ငြိမ်းကတော့ တဏှာရေယဉ်ကျောမှာ မျောနေတဲ့ လူငယ်ဖြစ်တယ် ဆိုတာ။ ဘာကဗျာဆရာလဲ။ ဆန်းစစ်လို့ ရပြီနော်။
စာဖတ်ပရိသတ်ကို သူပေးတဲ့ အရေးအသားနဲ့ မက်ဆေ့ချ်ကလည်း စကတည်းက ယဉ်သကိုပဲ။ ဆက်ပြီးတော့ သူ့ရဲ့ တတိယ လျှို့ဝှက်ချက်…နောက်ဆုံးလျှို့ဝှက်ချက်ကတော့ လင်ရှိမယားနဲ့ ဖေါက်ပြားတဲ့ ကိစ္စပဲ။ ဩဂတ်စ်မိုး တဲ့။ ရှမ်းပြည်နယ်တောင်ပိုင်းက ခရိုင်မြို့တစ်မြို့ မှာနေတယ်။ သူ့ယောက်ျားက အရာရှိကြီး။ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိတယ်။ အထက်တန်းစားအသိုင်းအဝိုင်းပေါ့။
အကြမ်းဖျင်းအားဖြင့် ဩဂတ်စ်မိုးနဲ့ သူ့ယောက်ျား အိမ်ထောင်ရေး အဆင်မပြေဘူး။ ခွဲအိပ်ကြတာ ဆယ်နှစ်ရှိပြီတဲ့။ ဒီလိုနဲ့ Facebook Account ထဲမှာ သူတို့ နှစ်ယောက်တွေ့ကြတယ်။ ဩဂတ်စ်မိုးက အောင်ရင်ငြိမ်းအကြောင်းကို
သူ့မောင်ဝမ်းကွဲ ပြောပြလို့ သိထားတယ်။
အောင်ရင်ငြိမ်းဟာ ကဗျာဆရာ။
ဘုရားမဲ့ဝါဒီ။
စာပေလောကမှာ လူမုန်းများသူ။
Facebook လိုင်းမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို စိမ်ခေါ်ဆဲရေးနေတဲ့သူ။
အလွန်အကျွံ လွတ်လပ်ခွင့်ကို မြတ်နိုးတဲ့ Free Thinker ။
ဥပဒေစည်းကမ်းတွေကို မုန်းသူ။
အစဉ်အလာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းတွေကို ဆန့်ကျင်သူ။
နောက်ပြီးတော့ သူက မေတ္တာငတ်နေသူ။
ပျော်ရွှင်မှုပျောက်ဆုံးနေသူ။
ဒီတော့ ဩဂတ်စ်မိုးက မေတ္တာတွေ၊ လုံခြုံမှုတွေ ပေးမယ်ပေါ့။
အဲဒီလို စတင် ရင်းနှီး သိကျွမ်းသွားရာကနေ တစ်လအတွင်းမှာ ချစ်သူတွေ ဖြစ်သွားတယ်။
မကြာခဏ ဖုန်းနဲ့ စကားပြောကြတယ်။ ဩဂတ်စ်မိုးက အောင်ရင်ငြိမ်းကို ဖုန်းဝယ်ပေးတယ်။
ရံဖန်ရံခါ အသုံးအဆောင် ပစ္စည်းတွေ ပို့ပေးတယ်။ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ အချစ်စစ် အချစ်မှန်ပေါ့။
အောင်ရင်ငြိမ်း ရဲ့ သွေးသံရဲရဲ ဘဝဟာလည်း ခုတော့ သွေးတိတ်ပြီး ချမ်းမြေ့သာယာလာတယ်။ ဒီလိုနဲ့ သူတို့ရဲ့ အရှိန်က တက်လာတယ်။ ဖုန်းထဲမှာပဲ ညဘက် တိတ်တိတ် လိင်ဆက်ဆံကြတဲ့အထိ အတင့်ရဲလာတယ်။
အဲဒီအကြောင်း သူ့မောင်ဝမ်းကွဲသိသွားပြီး မိုးမီးလောင်တယ်။ ဒီအကြောင်းတွေကို ပြောပြီး သူတို့ဇာတ်လမ်းကိုရပ်ဖို့ ဩဂတ်စ်မိုးက ပြောတယ်။ အောင်ရင်ငြိမ်းကလည်း နောက်ဆုတ်ပေးရတယ် ဆိုပါတော့။
ဒီနေရာမှာ ဇာတ်လမ်းအစုတ်ပလုတ်ကို ခဏရပ်ပြီး မဟုတ်တရုတ် သူတို့နှစ်ဦး လုပ်ကြတဲ့ Mobile Sex အကြောင်းကို ထုတ်ပြပါရစေ။
အခု ကျွန်တော်တို့ Mobile Sex လုပ်တဲ့အကြောင်း ခင်ဗျားတို့ကို ပြောပြမယ်။ ပထမဆုံး ချစ်တဲ့ အကြောင်း၊
လိင်ဆန္ဒဖြစ်နေတဲ့အကြောင်း ပြောကြတယ်။ သူ့ဓါတ်ပုံ၊ ကိုယ့်ဓါတ်ပုံ အပြန်အလှန်မြင်ဖူး ထားကြပြီ။ စိတ်နှလုံးချင်းလည်း တစ်သားတည်းဖြစ်နေတဲ့ အတွက် တစ်ယောက်တစ်နေရာစီ ဝေးကွာနေပေမယ့် ကျွန်တော်တို့ တစ်ယောက်အနားမှာ
တစ်ယောက်ရှိသလို အာရုံထင်မြင်ခံစားကြတယ်။
“မသောကြာ အိပ်ခန်းထဲကို ကျွန်တော်ဝင်လာခဲ့မယ်နော်”
“အင်း…လာလေအောင်။ ကျွန်မဘေးနားမှာ အိပ်နော်။ ကျွန်မတို့ အတူတူအိပ်ကြမယ်”
“အိပ်ရာပေါ်မှာ ရင်ချင်းအပ်ပွေ့ဖက်ပြီး နှုတ်ခမ်းတွေ နမ်းကြမယ်နော်”
“အင်း…အကြာကြီးနမ်းမှာလား။ နှုတ်ခမ်းတွေ နမ်းပြီးရင်ရော”
“လည်ပင်းတွေ၊ ရင်သားတွေ ဆက်နမ်းမယ်လေ။ ပြီးတော့ ဗိုက်သားတွေ၊ ပေါင်တံတွေ၊ တင်ပါးတွေ”
“စိတ်တွေ အရမ်းလှုပ်ရှားလာတယ် အောင်ရယ်”
“အောင်လည်း စိတ်နိုးကြားနေတယ်”
“အင်း…အောင့်သဘောပဲ။ ကျွန်မတော့ ဘယ်လို ဖြစ်နေမှန်းမသိတော့ဘူး”
စိတ်တွေအရမ်းနိုးကြားရုန်းကြွလာပြီ ဆိုရင် ကျွန်တော်တို့ ပြောတဲ့ စကားလုံး အသုံးအနှုန်းတွေက ပိုမိုလွတ်လပ်လာတယ်။ လူနှစ်ယောက်ရဲ့ ကိုယ်ခန္ဓာနှစ်ခုက တစ်ယောက်တစ်နေရာစီ။ လက်တွေက တစ်ကိုယ်ရေ အာသာဖြေတော့မယ့် အနေအထားအတိုင်း။ စိတ်အာရုံထဲမှာက ကိုယ်ခန္ဓာချင်း ပူးကပ်ပွေ့ဖက်ပွတ်သပ်လို့။ လင်မယားနှစ်ယောက် အိပ်ရာထဲ အမှန်တကယ် အတူနေကြသလို ဟိုဘက်ဒီဘက် အပြန်အလှန်ဖုန်းနဲ့ ကျွန်တော်တို့ တပြိုင်နက် Masturbate လုပ်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း အထွတ်အထိပ်ရောက်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်း တင်းမာနေတဲ့ အကြောအခြင်တွေ အားလုံး
ပြေလျော့ကျေနပ်ပြီး Mobile Sex ကိစ္စ ပြီးဆုံးသွားကြတယ်။
(စာ – ၉၄၊ ၉၅)
အင်း…မောင်နဲ့နှမ သားနဲ့အမိ ဖတ်မိလို့ရှိရင် မကြားဝံ့မနာသာတွေ ချည်းပဲ။
ဘယ့်နှယ့်ဗျာ၊ ဖုန်းထဲမှာများ Intercourse လုပ်ကြတယ်လို့။ ဝတ္ထုအကြောင်း ဆက်ပြီးပြောရရင် သူတို့တွေ အဆက်အသွယ်ဖြတ်ထားကြတယ်။
မကြာခင်မှာ သေလောက်အောင်လွမ်းလို့ ပြန်တွေ့ကြတယ်။ ဩဂတ်စ်မိုး ရန်ကုန်ကိုလာတယ်။
အောင်ရင်ငြိမ်းကို ဖုန်းဆက်ခေါ်တယ်။ အဲဒီည အတူတူ အိပ်ကြတယ်။ ဒီတစ်ခါတော့ နဖူးတွေ့ဒူးတွေ့ပဲ။
ဒါပေမယ့် ဟိုအထိမရောက်ကြဘူးဆိုပဲ။ နောက်ဆုံးကောင်းခန်းရောက်ခါနီးမှာ ကိုယ့်ဟာကိုယ်ပဲ အာသာဖြေပြီးတော့
ပြီးလိုက်ကြသတဲ့။ အဲဒီမှာ လိင်စိတ်နိုးကြတဲ့ အရေးအသားတွေနဲ့ ယိုသူမရှက် မြင်သူရှက်မို့ မဖေါ်ပြတော့ပါဘူး။
ဒါပေမယ့် ကျွန်တော့်ဘက်က ခိုင်လုံတဲ့ အထောက်အထားပြရမှာမို့ စာမျက်နှာ (စာ – ၁၁ရ မှ စာ – ၁၂ရ အထိ) မှာ မီးကုန်ယမ်းကုန်ပါပဲ။ ဒီစာအုပ်ရဲ့ ညစ်ညမ်းမှုအထွတ်အထိပ်ပါပဲ။
အောင်ရင်ငြိမ်းဟာ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အမြဲဆာလောင်မွတ်သိပ်နေတဲ့ ကြောင်တစ်ကောင်။
အင်မတန်လိင်ကိစ္စမှာ လက်ယဉ်နေတဲ့ တဏှာရူးပဲဆိုတာ အပေါ်လွင်ဆုံး အခန်းပါပဲ။
ရှေ့မှာကတည်းက ဝတ္ထုမည်ကာမတ္တဝတ္ထုလို့ ပြောထားခဲ့တယ်။ တကယ်က လိင်ဝတ္ထု၊ အပြာဝတ္ထု၊ ညစ်ညမ်းဝတ္ထု ပါပဲ။ ဒါပေမယ့် ဝတ္ထုအကြောင်း ဆက်ပြောရမယ့် ဝတ္တရား ရှိတယ်။
ဆက်ရရင် ဒီလိုနဲ့ ဒီအကြောင်းတွေ သိသွားတဲ့ သူ့ယောက်ျား ဦးအေးချမ်း နဲ့ အောင်ရင်ငြိမ်းတို့ တွေ့ဆုံခန်း။ အဲဒီမှာလည်း အောင်ရင်ငြိမ်းက သူ့အယူအဆတွေ ပြော။ ဦးအေးချမ်းကလည်း မယားခိုးမှု နဲ့ စွဲလို့ရတယ်ပေါ့။ နောက်ဆုံးတော့ အတင်းချည်း ဇာတ်ကောင်နှစ်ကောင် ပြေငြိမ်းလိုက်တယ်ပေါ့။
နောက်ပိုင်းမှာ အောင်ရင်ငြိမ်းတစ်ယောက် ဩဂတ်စ်မိုး နဲ့ ဝေးရတာမို့ လေလွင့်နေတယ်ပေါ့။
ကာမကို ဆာလောင်တတ်တဲ့ အောင်ရင်ငြိမ်းဟာ မိန်းမတွေနဲ့ ကင်းကွာပြီး မနေနိုင်တော့လို့ ကျန်တဲ့မိန်းမတွေနဲ့ အချစ်မပါပဲ လိင်ဆက်ဆံမှုတွေ လုပ်တဲ့အကြောင်းဆက်ရေးပြထားတယ်။
ဒီလိုနဲ့ သူသေခါနီးမှာ ဩဂတ်စ်မိုး ရောက်လာတာနဲ့ ဇာတ်သိမ်းထားပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်ကို ဖေါ်ပြစရာရှိပါတယ်။ အဲဒါကတော့ အောင်ရင်ငြိမ်းရဲ့ ဘာသာရေး စော်ကားမှုပဲ။ အင်မတန်မိုက်ရိုင်းတဲ့ အရေးအသားဖြစ်တယ်။
မြန်မာတစ်မျိုးသားလုံးကို စော်ကားတယ်။ ဒါကြောင့် ဒီလူဟာ မျိုးမစစ်လို့ ပြောရမယ်။
ဖတ်ကြည့်ပါ။ စာမျက်နှာ (၅၆) မှာပါတဲ့ လက်မောင်းမှာ Love and Sex ဆေးမင်ကြောင်နဲ့ နတ်ဆိုးစေတမန် ကိုးကွယ်မှု ဆိုတဲ့ ကဗျာ။ သူ့ကဗျာရဲ့ အောင်တန်းကျပုံကို ကောက်နုတ်ဖေါ်ပြလိုက်ပါတယ်။
“ရူးသွပ်နေတဲ့ ချစ်သူနှစ်ယောက်
We are 1 outsiders
လူ့အဖွဲ့အစည်းကို ဆန့်ကျင်၊
လူမှုကျင့်ဝတ်တွေဆုတ်ဖြဲ
အတိတ်ကို ပြန်မတွေးနဲ့၊
ပစ္စည်းမှာ ဒဏ်ရာတွေရှိတာ
ခဏမေ့ထား
မင်းနှုတ်ခမ်းတွေ
ခြောက်သွေ့နေရင်လည်း
နမ်းမှာပဲ
မင်းရင်သားတွေ ပျော့ပြဲနေလည်း
ဆွဲမှာပဲ
လူ့အဖြစ်ဟာ ပေါ့ပေါ့လေး၊
အလေးချိန်မရှိ၊ အနှစ်သာရမရှိ
ငရဲကို ဂရုမစိုက်နဲ့
God is Gay.
God is dead with HIV.
အခု အဲဒီငရဲကိုငြင်းဆန်၊
နတ်ဆိုးစေတန် ကိုးကွယ်စို့။
အဲဒီမှာ အထူးပြောချင်တာက “ဘုရားဟာ ဂေး၊ ဘုရားသခင်ဟာ HIV အေအိုင်ဒီအက်စ် နဲ့သေပြီဆိုတာတွေဟာ တော်တော့်ကို လူစိတ်ပျောက်ပြီး ရေးတဲ့ ချေးထုပ်ခနောင်းတောင် တန်ဘိုးမရှိတဲ့ ကဗျာပဲ။ အဲ…ကဗျာလို့ ဆိုရမှာတောင် သနတယ်။ ဒါ့အပြင် တချို့အခန်းတွေမှာ ဘာသာရေးတိုက်ခိုက်ချက် ပေါက်ပန်းဈေး အတွေးအခေါ်တွေက နှလုံးနာစရာ ကောင်းလှတယ်။
အောင်ရင်ငြိမ်းဟာ မိစ္ဆာဒိဌိပဲ။ ကဗျာမာရ်နတ်ပဲ။ စာပေဓမ္မ န္တရာယ်ပဲ။ သူက ဒီစာအုပ်နဲ့ သူအမြီးပြတ်တာကို လိုက်ပြပြီး ငါ့လို အမြီးဖြတ်ပါလားလို့ ပြောနေတဲ့ တိရာစ္ဆာန်ပဲ။ မြန်မာတင်မက ကမ္ဘာ့နိုင်ငံတချို့ကပါ အနှိုင်းမဲ့ ဗုဒ္ဓလို့ ယုံကြည်ကိုးကွယ်ဆည်းကပ်နေတဲ့ ဘာသာရေး ကိုင်းရှိုင်းမှုကိုပါ ငါနဲ့ကိုင်တုပ်တဲ့ အမျိုးယုတ်ပဲ။
မင်းဟာ ကဗျာဆရာမဟုတ်ဘူး။ ကဗျာရူး၊ စာရူး၊ တဏှာရူးပဲ။ မင်းလို စုန်းပြူး တစ်ကောင်ရှိနေတော့ ငါတို့ကဗျာဆရာတွေ နာမည်ပျက်တယ်။ အသရေယုတ်တဲ့ မင်းစာအုပ်ကို လက်ညောင်းခံရေးနေရတာ
ရေးချင်လို့ ရေးနေတာမဟုတ်ဘူး။ မင်းတို့လို တာဝန်မဲ့ အရေးအသားတွေကို သတိပေးဖို့ တာဝန်ရှိလို့ဟေ့။
ဒီအတိုင်းဆို စာပေလောက အတွက် ရင်မောလှတယ်။
ဖြိုးထိန်
+++++++++++++++++++++++
ကဲ။ စာအုပ်မသိခင် ဝေဖန်ချက်ဖတ်ရတာနဲ့တင် ကို မျက်လုံးပြူးစရာဖြစ်နေတယ်ဗျာ။
အဲ နောက်တစ်ခုက သူ့ရဲ့ “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” စာအုပ်နဲ့ ပိတ်သက်လို့ စည်သူအောင်မြင့်ရဲ့ ဧရာဝတီသီတင်းမှာ ရေးထားတဲ့ သုံးသပ်ချက်လေး ပြပါမယ်။
++++++++++++++++++++++++++++++
အောင်ရင်ငြိမ်း အပြာဝတ္ထု ရေးသလား (စည်သူအောင်မြင် ရဲ့ အတွေးအရေး)
ပြီးခဲ့တဲ့ ရက်ပိုင်းက ဝတ္တုသစ် တအုပ်ထွက်ပြီး ဆိုင်တွေပေါ် ရောက်ပါတယ်။ ရေးသူက အောင်ရင်ငြိမ်း၊ ဝတ္တုနာမည်က “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” တဲ့။ စာအုပ် မျက်နှာဖုံး အပေါ်ဘက်မှာတော့ NC 18 ဆိုပြီးလည်း ဖော်ပြထားပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ဆိုတာမျိုးပေါ့။ ဒီ NC 18 ဆိုတဲ့ အသုံးအနှုန်းလေးကိုတော့ ဒီဂျစ်တယ် ဓာတ်ပြားစနစ်တွေ မပေါ်ခင် အရင် ဗီဒီယို ခွေငှားတဲ့ ခေတ်က အပြာကားတွေ (တရားမဝင် လိင်ဆက်ဆံမှု ခွေတွေ) ကို ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ နောက်စာလုံးတလုံးက Not For Conservatives ပါတဲ့၊ အယူအဆ အဟောင်းသမားတွေအတွက် မဟုတ်ဘူးပေါ့ဗျာ။ အင်း … အမှာစာ ရေးပေးသူတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ နိုင်ငံတကာ ရေးရာတွေကို ဘာသာပြန်လေ့ရှိတဲ့ စာရေးဆရာ “မင်းခက်ရဲ” နဲ့ စာရေးဆရာ “မလေး” ပါ။ ဒီ စာအုပ်အကြောင်း ဘာလို့ ပြောပြချင်တာလဲ။ စာအုပ်ဝေဖန်ရေး ရေးမလို့လား။ စာအုပ် ကြော်ငြာ လုပ်မလို့လား။ မဟုတ်ပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတဲ့ သက်တန်း ၂ နှစ်တာ ကာလအတွင်း ရေးသားဖော်ပြလာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမလို့ပါ။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်နဲ့ လူ့အဖွဲ့အစည်း အဆက်အစပ်အကြောင်း ဆွေးနွေးမလို့ပါ။ အပြာ (အပြာဆန်ဆန်မဟုတ်) ဒါမှမဟုတ် ညစ်ညမ်းတယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ရုပ်ပုံတွေ၊ စာသားတွေကို ပုံနှိပ်ထုတ်ဝေခွင့် ပြုသင့်နေပြီလား စတာတွေ ဆွေးနွေးသွားဖို့ပါ။
ဝတ္တုဆိုတော့ ဒြပ်မဲ့ ဝတ္တုတော့ မဟုတ်ပါဘူး။ ဇာတ်ကောင် ရှိသလို ဇာတ်လမ်းလည်း ရှိပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ရိုမန်းဘော့ထ် လို့ခေါ်တဲ့ လူတပိုင်း စက်တပိုင်း လူ၊ သူ့ ပတ်ဝန်းကျင်ကတော့ သူ့ကို လူအဖြစ်ပဲ သတ်မှတ်ထားတဲ့ သဘော။ မိန်းမရဖူးတယ်၊ ကလေးရဖူးပြီး ကွဲနေတဲ့သူ၊ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လိုက်လံ အိပ်စက် လိင် ဆက်ဆံနေတဲ့သူ။ အဲဒီအထဲမှာ ရိုးရိုး အမျိုးသမီးတွေ ပါသလို ၁ရ နှစ်အရွယ်၊ အရွယ်မရောက်သေးသူလည်း ပါ၊ အသက်ကြီးကြီး ယောက်ျား နဲ့ ကလေးတွေ ရထားတဲ့ အိမ်ထောင်သည် အမျိုးသမီးနဲ့လည်း အိပ်ရဲ့။ အဲ… အိပ်တဲ့အခန်း၊ ဆောရီး သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်းခေါ်တယ်။ အဲဒီအခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ် လိင်ဆက်ဆံကြတာဟာ အမှားကျူးလွန်တာ မဟုတ်ဘူးဆိုတာမျိုးလည်း အသေအချာ တရားဟောထားလေရဲ့။ နောက်ဆုံး နိဂုံးကျမှသာ တန်ဘိုးအဟောင်းတွေ အတွေးအခေါ် အဟောင်းတွေ ပြိုကျပြီး တန်ဘိုးသစ် အတွေးအမြင်သစ်တွေ ပြောင်းလဲမှုတွေကို မြင်တွေ့ရမယ် ဘာညာ သာရကာ နိဂုံးချုပ်ထားလေရဲ့။
ဒီနေရာမှာ ဝတ္တုကို တန်ဆာဆင်ထားတဲ့ ရိုမန်းဘော့ထ် ရဲ့ လိင်ဆက်ဆံပုံအကြောင်း ဖော်ပြထားတာတွေကို ထုတ်နှုတ် ကိုးကားရင် ကောင်းမလား မကောင်းဘူးလား စဉ်းစားရပါတယ်။ အစောဆုံး ဖေ့ဘုတ် စာမျက်နှာတင်သူ တယောက်ကတော့ မျက်နှာဖုံး နှစ်ခုကိုပဲ တင်ပြီး ဝေဖန်ပါတယ်။ အတွင်းက စာသားတွေ ဖော်ပြရင် သူ့ဝေါ ညစ်ညမ်းမှာ စိုးလို့တဲ့။ ဒါပေမယ့် ဝေဖန်ဆွေးနွေးသူတွေကလည်း မနည်းပါဘူး။ ဆွေးနွေးကြပါတယ်။ အမေရိကား ရောက်နေတဲ့ ဒါရိုက်တာ ချိုတူးဇော် တို့တောင် ပါလိုက်သေးရဲ့။ ခက်တာက သူတို့တွေက ဒီ ဝတ္တုထဲမှာ ဘယ်လို ရေးသားဖော်ပြထားမှန်း မသိကြဘူး။ ကျွန်တော်ကတော့ အသက် ၅ဝ အရွယ်ရှိပြီ။ ကျနော့်တသက် တရားဝင် ပုံနှိပ်ဖော်ပြတဲ့ စာအုပ်စာတန်းတွေမှာ တကြိမ်မှ မတွေ့ဘူးတဲ့ အရေးအသားတွေ ဖော်ပြထားတယ်ဆိုတာ သိစေချင်တဲ့အတွက် ဘာပဲပြောပြော နမူနာ တချို့ ထုတ်နှုတ်ဖော်ပြပါမယ်။
“ သူ့ပေါင်နှစ်ဖက်ကြားထဲ ခေါင်းဝင်ပြီး ပစ္စည်းကို လျှာနဲ့ နမ်းဖို့ ဟန်ပြင်လိုက်တော့ ဘာမှမလုပ်ရသေးပဲ အရည်တွေ စိုရွှဲနေတာ တွေ့ရတယ်၊ သူ လိင်စိတ် နိုးကြားပြင်းထန်နေတဲ့ သဘောပါပဲ။ လျှာနဲ့ စ နမ်းလိုက်တဲ့ အချိန်မှာ သူ့ကိုယ်လုံးလေး တစ်ချက် တွန့်သွားပြီး အနမ်းခံရတဲ့ အရသာကို ခါးကော့ ခံစားနေပါတယ်။”
“ သူ့ရင်သားနှစ်ဖက်ကို လက်နဲ့ ဆုတ်ကိုင်ပြီး ကျွန်တော့်ပစ္စည်းကို သူ့ပစ္စည်းထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ သူ့ပေါင်တံ နှစ်ဖက်ကားလို့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်ထားပါတယ်။” (စာ- ၃၈)
“ အိပ်ယာပေါ်က ခေါင်းထောင်ထ၊ လက်ချောင်းတွေနဲ့ ကျွန်တော့်ပါးနှစ်ဖက်ကို ကိုင်ပြီး ကိုယ်ခန္ဓာကို သူ့ဆီ အတင်းဆွဲယူနေတယ်။ ကျွန်တော့်ပစ္စည်းကို ကြည့်လိုက်တော့ ငနဲက အကြောပြိုင်းပြိုင်းထ ထောင်မတ်လို့၊ ဒူးထောင်ကားထားတဲ့ သူ့ပေါင်တံ နှစ်ဖက်ကို အလိုက်သင့် တွန်းတင်ပြီး သူ့ပစ္စည်းထဲ ကျွန်တော့်ပစ္စည်း ထိုးသွင်းဖို့ ဟန်ပြင်လိုက်တယ်။” (စာ- ၆၃)
“ သူက လိင်မဆက်ဆံဖြစ်တာ ၄ နှစ်ကျော် ကြာမြင့်နေလို့ ထင်ပါရဲ့။ သူ့ပစ္စည်းက တကယ့် ဆယ်ကျော်သက် အပျိုစင်လို ပြန်ဖြစ်နေပြီး ကျွန်တော့်ပစ္စည်းက သူ့အထဲမှာ ပြည့်ကျပ် ညှပ်နေတယ်လို့ ထင်မိတယ်။ သူကလည်း ဘဝမှာ မေ့လျော့ထားရတဲ့ လိင်အရသာကို အပြည့်အဝ ခံစားလို့။” (စာ- ၁၃၇)
အင်း … တော်လောက်ပြီထင်တယ်။ စာအုပ်ထဲမှာ ဒီထက် ပိုများပါတယ်။ အမယ် … အဲလို စာသားတွေကို ဒေါက်တာချက်ကြီး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဇာတ်လမ်းတွေလို သာမာန်ကာလျှံကာ ထည့်သွင်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာထရန် ရပ်ဆဲလ်၊ ဆီမွန်ဒီဗူးဗွား၊ အိုရှိုး၊ မိုက်ကယ်ဖူကိုး စတဲ့ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ ဒဿန ပညာရှင်တွေရဲ့ ဘာသာပြန် စာလုံး စာပိုဒ်တွေနဲ့ တအုပ်လုံး မွန်းမံ ချယ်မှုန်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေလက်အောက် နှစ်ပေါင်း ၆ဝ နီးပါး နေခဲ့ရပါတယ်။ လွတ်လပ်မှု မှန်သမျှ နင်းခြေ ခံခဲ့ရပါတယ်။ အခု အစိုးရသစ် သက်တန်း ၃ နှစ်တာ ကာလ အတွင်းမှာလည်း လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး မရကြသေးပါဘူး။ အာဏာအရပ်ရပ်ကို စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက မြဲမြဲမြံမြံ ချုပ်ကိုင်ထားမြဲ ရှိပါသေးတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့ ၂ နှစ်ကမှ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာပါ။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာနဲ့ အမျှ အရေးအသား ပေါင်းစုံ ပေါ်ထွက်လာခဲ့တာမှာ အခု ဖော်ပြပါ ဝတ္တုကလည်း တအုပ် အပါအဝင်ပါ။
ကောင်းပါပြီ။ ဒါဟာ အနုပညာနဲ့ ဖော်ကျူးတဲ့ ဝတ္တု တစ်ပုဒ်လား။ လိင်ကိစ္စ ဆိုတာကတော့ တကယ့် လူ့ဘဝ ထဲမှာ ရှိနေလေတော့ ဒါကို တနည်းနည်းနဲ့ ရေးသား ဖော်ပြကြတာပါပဲ။ နိုင်ငံတကာမှာ ရှိခဲ့သလို မြန်မာ ဝတ္တုတွေမှာလည်း ရှိခဲ့တာပါပဲ။ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ လို ဂန္ထဝင်မြောက် အထင်ကရ ဝတ္တုကြီးမှာလည်း ပါတာပါပဲ။ ဒါပေမယ့် ဒီလို ဖော်ပြတာမျိုးတော့ မဟုတ်ပါဘူး။ ဆုံးပါးသွားပြီဖြစ်တဲ့ စာရေးဆရာကြီး နတ်နွယ်ကလည်း “တံခွန်တိုင်မောင်နှမများ” ရာဇဝင် ဝတ္တုမှာလည်း ဒီလို ဇာတ်ဝင်ခန်း ပါတာပါပဲ။ ဒါပေမယ့် “ ဇီးဖြူသီး စကောထဲ လှိမ့်သလို၊ လမ်းကြမ်းကြမ်းမှာ လှည်းစီးရသလို” ဆိုတာမျိုးလောက်ပဲ ရေးခဲ့ပါတယ်။ ဒါတောင် ညစ်ညမ်းတယ် ဆိုပြီး အပြင်းအထန် ဝေဖန်လို့ ဆရာနတ်နွယ် စိတ်ဆိုးခဲ့ပါသေးတယ်။ ပြင်သစ်မှာလည်း “လေဒီချက်တာလီရဲ့ ချစ်သူ” မှာလည်း အဲလို အခန်းမျိုး ပါတာပါပဲ။ အဲဒီအတွက် ကာလတခု ပိတ်ပင်တာတောင် ခံခဲ့ရပါတယ်။ ဒါပေမယ့် အခု ဝတ္တုမှာ ရေးသလိုမျိုး မဟုတ်ပါဘူး။
အဲတော့ ဒီစာအုပ်ကို ဘယ်ခြင်းတောင်းထဲ ထည့်ရမှာပါလဲ။ အနုပညာနဲ့ ဖန်တီးတဲ့ ဝတ္တုစာရင်းထဲ ထည့်ရင်တော့ တကယ့် ရသဝတ္တုရေးဆရာတွေ လက်ခံကြမှာ မဟုတ်ပါဘူး။ အဘိဓမ္မာ စာအုပ်ထဲ ထည့်ရလောက်အောင်လဲ ဘာ အသစ်မှ မတွေ့ရပါဘူး။ ဆေးပညာ စာ အုပ်ထဲလည်း ထည့်လို့ မရပါဘူး။ ပြောရရင် နိုင်ငံမှာ မုဒိန်းမှု ဖြစ်ပွားမှုနှုန်း မြင့်တက်နေချိန်၊ အဲဒီအထဲကမှ လူမဆန်တဲ့ သက်ငယ် မုဒိန်း အမှုတွေက ရာခိုင်နှုန်း အချိုးအစား အများကြီး ပါဝင်နေချိန် ပြည်သူတွေ ပူပန်သောက ရောက်နေချိန် ဒီ ဝတ္တု ထုတ်ဝေလာတာပါ။
ဒီလို ညစ်ညမ်းတာမျိုးတွေ ဖေ့ဘုတ်လို၊ အင်တာနက် ဝက်ဘ် ဆိုက်လိုမျိုးတွေမှာ လွယ်လွယ်ကူကူ ရှာဖတ်နိုင်တာပဲ။ ဓာတ်ပြားတွေလည်း အောလပုံ ဝယ်လို့ ရနိုင်တာပဲ မဟုတ်ဘူးလား။ ဘာများ ထိန်းချုပ်ချင်သလဲ မေးခွန်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ညစ်ညမ်းမှုတွေဟာ သူ့နေရာနဲ့ သူ ရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်တိုင်းပြည်မှာမှ အိမ်ဦးခန်း ထားလေ့မရှိပါဘူး။ လွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို လုံးဝ မပိတ်ပင်လိုပါဘူး။ လွတ်လပ်စွာ ရေးသားပါ။ ပြီးရင် လွတ်လပ်စွာ ဝေဖန်တာကိုလည်း ခံယူရပါမယ်။ ဒီနေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် အမုန်းတရားတွေပွားပြီး လူမျိုးတုန်း သတ်ကြ ဖြတ်ကြတဲ့ အဖြစ်မျိုး ရောက်သွားမှာမျိုးကို ဝေဖန် တားဆီးရမှာ ဖြစ်သလို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်တန်ဘိုး ပျက်စီးအောင်၊ ရာဇဝတ်မှု ကျူးလွန်မှုကို အားပေးသလို ဖြစ်လာမှာမျိုးတွေကိုတော့ ဝေဖန်ရပါမယ်။ လိုအပ်ရင် တားဆီးရပါမယ်။
အရေးကြီးဆုံး အချက်က ဒီနိုင်ငံဟာ အရင် စစ်အာဏာရှင်တွေက ဖျက်ဆီးထားခဲ့လို့၊ ပညာရေးဟာ ဟိုးချောက်ထဲအထိ နိမ့်ကျ နေတဲ့ နိုင်ငံတနိုင်ငံပါ။ အဲလို အခြေအနေအောက်က ပြည်သူတွေကို ဘာလွတ်လပ်မှု၊ ညာလွတ်လပ်မှု ဆိုပြီး ခုလို ဝတ္တုတစ်အုပ် ထည့်ပေးတာကတော့ မသင့်တော်ပါဘူး။ စာအုပ်ရောင်းကောင်းချင်လို့၊ ညှို့မဂ္ဂဇင်းတုန်းကလို ငွေကြေး အမြတ်အစွန်းရချင်လို့ ဆိုရင်တော့ ခင်ဗျားတို့ သဘောပါပဲ။
ညစ်ညမ်းတဲ့ အကြောင်းပြောလို့ ညစ်ညမ်းတဲ့ အပြာကားတကား နဲ့ပဲ နိဂုံးချုပ်ပါမယ်။ နိုင်ငံခြား အပြာ ဗီဒီယို ဇတ်ကား တစ်ခုပါ။ ဇတ်လမ်းအစမှာ လူတစ်ယောက်ဟာ အမျိုးသမီး နှစ်ယောက်ကို မြေတိုက်ထဲ ဖမ်းခေါ်လာပါတယ်။ နောက် … အဲဒီ မြေတိုက်ထဲမှာ ချုပ်နှောင်ထားပြီး အမျိုးမျိုး ပြုကျင့်ပါတယ်။ တကားလုံး အဲဒီ အခန်းပါပဲ။ ဇာတ်လမ်းပြီးခါနီးမှာ ရဲက မြေတိုက်ထဲ ထိုးဖောက်ဝင်ရောက်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းပါတယ်။ ပြီးတော့ စာတန်းထိုးပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ် တဲ့။ အခု အောင်ရင်ငြိမ်းရဲ့ ဝတ္တုဟာလည်း အဲဒီ ဗီဒီယို ဇာတ်ကားလို ဖြစ်လေမလားပဲ။ ကျနော် ကွန်ဆာဗေးတစ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ဝတ္တုကို အဲလိုပဲ မြင်ပါတယ်။ ဟော … ပြောရင်းဆိုရင်း ဒီဆောင်းပါးတောင် ညစ်ညမ်းဆောင်းပါး ဖြစ်မှန်းမသိ ဖြစ်သွားလေပြီလား မပြောတတ်တော့ပါဘူး။
(စည်သူအောင်မြင့်သည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)
+++++++++++++++++
ကိုင်းးး၊ အဲဒါတွေသာဖတ်ကြည့်။ ဒါတောင် ဖွဘုတ်ပေါ်မှာ ဟိုလူက နည်းနည်းပြော ဒီ လူကနည်းနည်းပြောနဲ့ သူတို့ အချင်းချင်း ဖိုက်ကြတာတွေ မပါနိုင်တော့ဘူးးး
ဒါရိုက်တာ ချိုတူးဇော် ပြောထားတာလေးတော့ ဆွဲထည့်ချင်သားဗျ။
“မကြိုက်ရင် မဖတ်နဲ့ပေါ့. . .”
ကျနော့်ကွန်မန့်တွေမှာ အမြဲ ဒီလိုရေးသင့်တယ်၊ ဒီလို မရေးသင့်ဘူး လာလာ မန့်သမျှ လူတွေကို ကျနော်က “မကြိုက်ရင် မဖတ်နဲ့ပေါ့” လို့ ပြန်ပြောတာ၊ “ဘု တော” တာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ပိတ်ဆို့နေတဲ့ မဆလမှိုင်းကြီးတွေကို ဖွင့်ပေးတာ။ ရွေးချယ်ပိုင်ခွင့်ဆိုတာ လွတ်လပ်မှု ရှိမှ ရတယ်။
ခင်ဗျားတို့ အသိဉာဏ်က လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှု ကို မမီ ရင်တော့ အာဏာရှင်က ပြုံးပြုံးကြိီး ခင်ဗျားတို့ တုံးမှု ကို အသုံးချသွားပါလိမ့်မယ်။
သူ့စာ ကို မကြိုက်ရင် မဖတ်နဲ့။
မကောင်းကြောင်း၊ အဆင့်အတန်းမရှိကြောင်း၊ မြင်တယ် ထင်တယ် ဆိုရင်လဲ လွတ်လပ်စွာ ချက်နဲ့၊ လက်နဲ့ ဝေဖန်၊
အဲဒီလို စာ ကို ရေးရမလား လို့ ရှုတ်ချ ကန့်ကွက်ဆန္ဒပြချင်သပ ဆိုလဲ ပြ၊
တစုံတခု တသင်းတဖွဲ့ကို ထိခိုက်ပုတ်ခတ်၊ အကျိုးစီးပွားပျက်စီးစေတယ် လို့ ဥပဒေကြောင်း အရ ခိုင်လုံရင် ဥပဒေနဲ့ တရားစွဲဆို လို့ ရသေးတယ်။
အဲဒါတွေအားလုံးက ခင်ဗျား ရဲ့ လွတ်လပ်ခွင့်။
ဒါပေမဲ့
သူ့ရဲ့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကိုတော့ ချုပ်ချယ် ကန့်သတ်ဖို့ မကြိုးစားပါနဲ့။
အဲဒါ ဒီမိုကရေစီယဉ်ကျေးမှု ပါပဲ။
ချိုတူးဇော်
တချိန်က အမေရိကန် USIS က ထုတ်ခဲ့တဲ့ “ခြံစည်းရိုးအတွင်းက လူ” ကို ပြန်ထုတ်ဝေ၊
လူတွေကြား ပြန်ပြန့်နှံ့အောင် နီးစပ်သူတို့ အားထုတ်ကြစေချင်တယ်။ အဲဒီ စာအုပ်က ဒီမိုကရေစီယဉ်ကျေးမှု ကို အတော်လေး ကို လူတိုင်း နားလည်လွယ်အောင် ဥပမာကောင်းလေးတွေနဲ့
ဖေါ်ပြထားတာပါ။
++++++++
“ယင်ကောင်လား
ပျား လား.. .”
ယင်ကောင်တွေက အညှိီ ကို ရှာတယ်
ပျားတွေက ပန်းရနံ့နောက်ကို လိုက်တယ်. . .
ယင်ကောင်တွေက ရောဂါဘယ ကိုပဲ ပေးတယ်။
ပျားတွေက ချိုမြိန်သော ဆေးဘက်ဝင်သော ပျားရည်ကို ထုတ်လုပ်တယ်။
သင့်ဘဝ ယင်ကောင် အဖြစ်မခံပါနဲ့။
ပျား ဖြစ်အောင် သာ ကြိုးစားပါ။
သွားပုပ်လေလွင့်မှာ သာယာပြီး၊ အတင်းအဖျင်းနဲ့ အချိန်ကုန်၊ အညှီအဟောက်ကိုပဲ
စိတ်ဝင်စားရင် သင်ဟာ ယင်ကောင် ဘဝ နဲ့ ပြီးသွားလိမ့်မယ်။ ရောဂါတွေနဲ့ တူတဲ့ အကုသိုလ်
တွေ ကိုသာ လူ့လောက မှာ သင်ဖြန့်ဝေနေတယ်။
ပျားတွေလို မွှေးရနံ့သင်းရာ ပန်းတွေနဲ့ တူတဲ့ ကောင်းမှုကုသိုလ်နဲ့ ပညာဗဟုသုတတိုးပွားရာမှာဘဲ ကျက်စားပါ။
အဲဒီ ပညာဗဟုသုတတွေကို ဆောင်ကြဉ်းပြီး၊ ပျားရည်နဲ့ တူတဲ့ ကုသိုလ်အလုပ်တွေ၊
ကောင်းမြတ်သော အလုပ်တွေ ကိုသာ လောက အတွက် ဖြန့်ဝေပါ။
လူပြောများတဲ့ လိင်ဆက်ဆံမှုတွေကို အသေးစိတ်နီးပါး ရေးဖွဲ့ထားတဲ့
စာရေးဆရာတယောက်ရဲ့ စာအုပ်ဟာ အညှီ ဆိုပါတော့၊ ယင်ကောင်တို့ အညှီ မှာ အုံဖွဲ့ တဝီဝီ နဲ့ အချိန်ကုန်သလို အကုန်မခံပါနဲ့။
ကျနော့်ကို ညီမငယ် တဦး တမျက်နှာစ နှစ်မျက်နှာစ ပို့ပေးလို့ ဖတ်ရ၊ ဒါဟာ ကျနော်ဖတ်ချင်တဲ့ စာအုပ်မျိုး မဟုတ်တဲ့အတွက် ဖတ်ရန် အားထုတ်စရာ မရှိ၊ ဖတ်လဲ မဖတ်လို။ ရေးတာကတော့သူသန်ရာ သူ ရေးတာ၊ သူ့လွတ်လပ်ခွင့်။
မဖတ်တာက ကိုယ့်အဆင့်အတန်း။ (ကိုယ်က နိ်မ့်တာလဲ ဖြစ်နိုင်ပါသကို)
ကျနော့်မှာ ဟောဒီ အင်တာနက်ပေါ်က ဖတ်စရာတွေ မှ အများကြီး။
သန်ရာ သန်ရာ ရေးသူတို့ထံမှ သန်ရာ သန်ရာ ဖတ်ပါလေ။
သင်္ကန်းမှ အားမနာ ထိုသော စာအုပ်ကို ဖတ်ပြီး၊ ဝေဖန်ဆွေးနွေးနေသော ရဟန်းပျို တို့၊
ဆင်ခြင် ရှက်ရွံ့စေ။
ကိုယ့်အလုပ်ကိုယ်လုပ်
တကုပ်ကုပ်။
ပျား သာ ဖြစ်စေ၊
ယင်ကောင် တွေ ထဲ
မပါလေ နှင့်။
ချိုတူးဇော်
++++++++++++++
ကဲ။ ဒီနောက်ကတော့ ကျနော်တို့ စာကြမ်းပိုး အဖွဲ့ရဲ့ ထင်မြင်ချက်လေးတွေနဲ့ အဆုံးသတ်ချင်ပါတယ်။
စာကြမ်းပိုး (၁) –
ဆိုတော့ ကျွန်တော်တို့ ဦးတည်ဆွေးနွေးကြတာက အောင်ရင်ငြိမ်း တစ်ယောက်တည်းကို ရည်ရွယ်တာမျိုးမဟုတ်ပဲ မြန်မာစာပေလောကမှာ ဒီလိုအပြာစာပေပေါ်ပေါက်လာပြီ ဆိုတာ အသိအမှတ်ပြုပြီး ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတဲ့ အတွေးမျိုးတွေပေါ့…။ အဲဒါ က အဓိက ရည်ရွယ်ချက်ပါ။ အောင်ရင်ငြိမ်းနောက်မှာထပ်ထွက်လာမယ့် အပြာဝတ္ထုတွေက တန်းစီနေကြပါပြီ။ တိုးတက်မှုနဲ့ အတူ ကပ်ပါလာတတ်တဲ့ ဆုတ်ယုတ်မှု တစ်ခုလို့ ကျွန်တော်က ယူဆပါတယ်။ ဆုတ်ယုတ်မှု မလိုချင်ရင် တိုးတက်မှုကိုလည်း မမက်ကြနဲ့ပေါ့ဗျာ။ စာပေစိစစ်ရေးမရှိတော့တဲ့ အချိန်မှာ ချက်ခြင်းဆိုသလိုပဲ လိင်ပညာပေးမဂ္ဂဇင်း တစ်အုပ် ပေါ်ထွက်လာခဲ့တာ မှတ်မိပါသေးတယ်။ နောက်…ဘယ်လို ကိုင်တွယ်လိုက်သလဲမသိ…။ အဲဒီမဂ္ဂဇင်း ထပ်ထွက်မလာတော့ပါဘူး။ အခု အောင်ရင်ငြိမ်း ရဲ့ အပြာဆန်ဆန် ဝတ္ထု။ ပထမတစ်အုပ်ထွက်ခဲ့ပြီးပြီ။ ဆရာဖြိုးထိန်တို့လည်း ဝေဖန်ဆွေးနွေးခဲ့ကြပြီးပြီ။ အခု နောက်တစ်အုပ် ထပ်ထွက်လာတော့မှ အသံတွေ ပိုကျယ်လာတာခင်ဗျ။ ကျွန်တော့်အထင်ပြောရရင် ဒါမျိုး ဝတ္ထုတွေ ထပ်ထွက်လာပါလိမ့်ဦးမယ်။ ဒါ ဆူနာမီ နဲ့ တူတဲ့ လှိုင်းကြီးတွေပါ။ ဆိုတော့ ဆူနာမီလို လှိုင်းတွေကို ရင်ဆိုင်အံတု ဖို့ ကျွန်တော်တို့ ပြင်ဆင်ကြရမှာပါ။ အခုက စာပေစိစစ်ရေး ရုတ်တရက်ပျောက်သွားတဲ့ အချိန်မှာ အပြာစာပေ ဆူနာမီကြီးက ကျွန်တော်တို့ ကလေးတွေကို ပြင်ဆင်ချိန်မပေးပဲ ဖုံးလွှမ်းသွားတဲ့ သဘောပါ။ ပြင်ဆင်ချိန် လုံးဝမရှိလိုက်တဲ့ သဘောပါ။ ဆိုတော့ ကျွန်တော်တို့ ကလေးတွေကို ပညာပေးရပါတော့မယ်။ နောက် စာအုပ်တွေမှာ Rating သတ်မှတ်တာတွေ ထင်ထင်ရှားရှားလုပ်ဖို့လိုပါမယ်။ မုဒိမ်းမှု ပေါများလှတဲ့ အချိန်မျိုးမှာ ဒီလို အပြာဝတ္ထုတွေကို စာအုပ်အငှားဆိုင်တွေ မှာ ပေါ်ပေါ်ထင်ထင် တင်ငှားနေကြတာမျိုးကို ကျွန်တော် အလိုမရှိပါဘူး။ အငှားဆိုင်တွေပေါ်တင်တာကိုလည်း ကန့်သတ်ထားသင့်ပါတယ်။ စီးတီးမတ်လို ဆိုင်မျိုးတွေကရော ဒီလိုစာအုပ်တွေကို ဂုဏ်ယူဝင့်ကြွားစွာ တင်ရောင်းကြမယ် မထင်မိပါဘူး။ အရင်ကလည်း မြန်မာ အပြာစာအုပ်တွေ ရှိခဲ့တာပါပဲ။ အွန်လိုင်းမှာလည်း အလွယ်တကူ ဒေါင်းလုဒ်ဆွဲ ဖတ်နိုင်နေတာပါပဲ။ ဒါပေမယ့် အခုပေါ်လာတဲ့ အချစ်ဝတ္ထုပုံဖမ်းထားတဲ့ အပြာရောင်စာပေ ကိစ္စကို ရင်ဆိုင်ဖို့ကျတော့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှု မရှိပဲ ရင်မဆိုင်သင့်ပါဘူး။ ဘာတွေ ပြင်ဆင်ကြမလဲ။ ဆွေးနွေးကြတာပေါ့…။
စာကြမ်းပိုး (၂) –
ခက်တော့ ခက်သားကလားးး
သုံးသပ်ချက်မျိုးစုံကို အရင်ဖတ်မိတာဗျ။ စာအုပ်က နောက်မှ။
ကျနော့ တယောက်တည်း အမြင်ပြောရရင်တော့
အရင် ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတဲ့ စာအုပ် ပေါ်တင်ဖြစ်လာတယ် ဆိုတာ တစ်ချက်။
အဲဒီလို စာအုပ်ကို တရားဝင်ခွင့်ပြုရလောက်အောင် ဘာတွေဖြစ်သွားပြီလည်း ဆိုတာ တစ်ချက် ။
(သူတို့ အကြောင်းဖော်တဲ့ စာအုပ်က လွဲရင် ခွင့်ပြုလိုက်ပြီလားတော့ မသိ။ဘာလို့ ဆို ဒီ မနက်ပဲ ကိုမိုးဇေငြိမ်းရဲ့ “ဘာလဲဟဲ့ စွမ်းအားရှင် စာအုပ်ကို ခေါ်မေးပြီး ထုတ်ဝေခွင့် ပိတ်ထားတယ် ကြားတယ်ဗျ)
နောက်တော့ ဒီ စာအုပ်ကို တရားဝင်ပေးဖတ်နိုင်ရလောက်အောင် ကျနော်တို့ နိုင်ငံက ၁၈ နှစ် အထက်တွေ အတွေးအခေါ်တွေ ရင့်ကျက်နေပြီလား ဆိုတာ တစ်ချက်။
နောက်ပြီး ငါးပွက်ရာ ငါးစာချတတ်တဲ့ ကျနော်တို့ နိုင်ငံ အသိုင်းအဝိုင်းအရ ဒီ စာအုပ်ပေါက်ပြီးရင် ဒါမျိုးတွေ နောက်က အများကြီးလိုက်မှာဆိုတာ တစ်ချက်။
နောက်ပြီး ပညာပေး အမည်ခံပြီး ဒါမျိုး များများထွက်လာရင် ဆေးကျောင်းမှာ သင်တဲ့ အနတ်တမီ ဘာသာကြီးနောက်ကောက်ကျဖို့ရှိတယ်ဗျ။
ဟားဟားဟားးး
အဲဒီ ယေဘူယျ အချက်တွေနဲ့ပြောရရင်ကျနော်က တော့ သဘောမကျဘူးဗျာ။
စာကြမ်းပိုး (၃) –
၁ ။ လိင်ကိစ္စကို ပျစ်ပျစ်နှစ်နှစ်ရေးပြထားတဲ့ စာအုပ်တွေကို ဖတ်တဲ့လူတစ်စု ရှိနေတာတော့ ဟုတ်ပါတယ်။
ဒါပေမယ့် အဲဒီလူတစ်စုကို ”စာဖတ်သူ”ဆိုတဲ့ အထွေထွေ
စာဖတ်ပရိတ်သတ်ကြီး စာရင်းထဲ မသွင်းသင့်ပါဘူးလို့ ယူဆပါတယ်။
မောင်နှင့်နှမ/သားနဲ့အမိ အတူဖတ်လို့ . . . မသင့်တော်တဲ့ စာမျိုးကိုမှ ဖတ်ချင်လှပါရဲ့ဆိုသူတွေအတွက်စာပေအနုပညာသမားစာရင်းထဲမဝင်တဲ့ ဘာညာစာအုပ် (အပြာစာအုပ်) ရေးသူတွေ ရှိတာလည်း ဟုတ်ပါတယ်။
အဲ့ဒီ ညစ်ညမ်းစွာ ရေးသူ/ညစ်ညမ်းစွာဖတ်သူတွေဟာ တိုးတိုးတိတ်တိတ် ညစ်ညမ်းစွာရှိနေကြတာ ကြာပါပြီ။
ဖတ်တဲ့သူတွေလည်း ဖတ်ကြ ။ ရေး ထုတ် ရောင်းသူတွေလည်း ရောင်းကြနဲ့ပေါ့ ။
ဒီအခြေအနေဟာ ဒီနိုင်ငံမှာ ပေါ်တင် အနေအထားနဲ့ မရှိခဲ့ပါဘူး။
စာဖတ်သူစာရင်း/ရသ&သုတ စာပေချစ်သူစာရင်းထဲ မသွင်းထိုက်တဲ့ ညစ်ညမ်းစာပေဖတ်သူတွေဖတ်ဖို့လောက်နဲ့. . . လိင်အသားပေးစာအုပ်တစ်အုပ်ကို တရားဝင်ထုတ်ဝေလိုက်တာဟာ
ကျန်တဲ့ အထွေထွေစာချစ်သူ စာဖတ်ပရိတ်သတ်ကြီးကို စော်ကားရာတောင် ရောက်သလားလို့ ။
( မဖတ်ချင်သူ မဖတ်နဲ့ပေါ့လို့ လွယ်လွယ် ဆိုရင် ရပေမယ့် ဒီလိုစာအုပ်မျိုးကို စာပေလောကရဲ့ စာအုပ်စင်ပေါ်မှာ မြင်နေရတာကိုက ”စာပေရွာ” နာ ပါတယ် ။ )
၂။ ဒီစာအုပ်ဟာ ရသ/သုတချစ်သော စာချစ်သူ / တကယ့်စာဖတ်သူတွေအတွက် နှစ်သက်မြတ်နိုးစရာမဟုတ်ဘူးလို့ . . .ကျနော်တို့ကတော့. . .ယူဆပါတယ်။
ဒီလို စာအုပ်မျိုးဟာ ညစ်ညမ်းစာဖတ်သူတွေအတွက်သာ အားရကျေနပ်လောက်တဲ့ စာအုပ်မျိုးမို့ ပန်းဆိုးတန်းမှာ ခိုးကြောင်ခိုးဝှက်ရောင်းတဲ့ ဘာညာစာအုပ်အပါး ခပ်ပေါပေါလေးတစ်အုပ်လို့ပဲ သဘောထားပါတယ် ။
ဒါကြောင့် ဒီလိုစာမျိုးကို ရေးသူကိုလည်း (ဒီစာအုပ်အတွက်) စာပေအနုပညာသမားစာရင်း မသွင်းနိုင်ပါဘူး ။
ညစ်ညမ်းစာပေရေးသားသူ/ ညစ်ညမ်းစာရေးသူအဖြစ် အသိအမှတ်ပြုရုံပါပဲ။
၃။ ဒီလို လိင်စိတ်နိုးကြွစေသော စာမျိုးကို ဖတ်လိုက်သူ(စာဖတ်သူ)ဟာ ဒီစာအုပ်ထဲက ဘာများ ယူလို့ရလိုက်မလဲ။
လင်ရှိမယားတစ်ယောက် နဲ့ အခြားယောကျာ်းတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု / အိမ်ထောင်ရေးသစ္စာမဲ့မှုကို ပြုကောင်း/လုပ်ကောင်းသယောင်ယောင် အယူအဆမျိုးကို. . . မြင်ရဖတ်ရလို့ ဘာများ ရလိုက်မလဲ။
ဖတ်တဲ့သူဟာ စာအုပ်ထဲက စာသားတွေရဲ့ အဓိပ္ပာယ်ဖော်ဆောင်ချက်အရ လိင်စိတ်တွေ နိုးကြွလာမယ်။
ဖတ်ရတာ တမျိုးအရသာ ရှိနေမယ်။ ရပ်ကွက်ထဲကလူတွေပြောသလိုပြောရရင် ဖီးလ်တက်လာမယ်ပေါ့ဗျာ ။
ဒါက အပေါ်ယံသဘောပါ။ ဖတ်လိုက်လို့ ဖီးလ်တက်လာစေရုံလောက်နဲ့တော့ ရသမြောက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး ။
ဒါ ရသပါလို့သတ်မှတ်ရင်လည်း အဆင့်အတန်းမရှိတဲ့ ရသတစ်ခုခုပဲ ဖြစ်မယ် ။
တကယ်လို့ ဒီလိုရေးတာကို ဒီလူတွေ ဖတ်ပြီး ဒီလိုဖီးလ်တက်သွားပါတယ်ဆိုတဲ့အချက်ကို . . . စာပေကပေးတဲ့ ရသစာရင်းထဲ ထည့်ရင် ထည့်တဲ့သူဟာ. . . . ရသအနုပညာကိုစော်ကားတဲ့လူလို့ ကျနော် ယူဆတယ်။
၄ ။ ဒီလိုစာကို ဖတ်လို့ အကျိုး ရလဒ်ဘာတွေ ရှိမလဲ ။
”တကယ့်စာဖတ်သူတွေ” ကတော့ စာအုပ်ထဲကနေ ယူသင့်တာယူ ချန်သင့်တာချန်ပြီး အမှားအမှန်ခွဲခြားလိုက်လိမ့်မယ်။
ဒီစာအုပ်ဟာ သမိုင်းမှာ ရိုင်းတဲ့စာပဲလို့. . .သတ်မှတ်နိုင်လိမ့်မယ် ။
——————
ရသစာပေကို လေ့လာလိုက်စားစပြုတဲ့ လူငယ်စာဖတ်ပရိတ်သတ်(စာဖတ်သက် နုငယ်သူလူငယ်များ) အတွက်တော့ . . . ဒီစာအုပ်ကို ဖတ်ပြီး အတုယူမှားနိုင်တယ်။
ဒီစာအုပ်ထဲက အရသာကို ညစ်ညမ်းပါလားလို့ မဝေဖန်နိုင်ခင် ကောင်းလှချည်လားလို့. . .စွဲလမ်းသွားနိုင်တယ် ။ စာဖတ်သက် နုငယ်သူ လူငယ်စာဖတ်ပရိတ်သတ်တွေအတွက်တော့ ဒီစာအုပ်ဟာ အဆိပ်တစ်ခွက်ပါ ။
—————————
စာရင်းထဲ သွင်းမထားတဲ့ ညစ်ညမ်းစာကိုမှ ဖတ်ချင်သူတစ်စု / စိတ်ဆန္ဒနောက်ကို အသိဉာဏ်နဲ့ အမှားအမှန် လိုက် မခွဲခြားနိုင်ပဲ ရွေးချယ်ဖတ်ရှုနေသူတစ်စုအတွက်တော့ ဒီစာအုပ်ဟာ အဆာပြေ ရေတစ်ခွက်ပေါ့လေ။
၅ ။ ဒီလိုစာအုပ်မျိုးကို ဒီလိုနိုင်ငံမှာ ဒီလိုတရားဝင် ရေးသားခွင့် / ထုတ်ဝေခွင့် / ရောင်းချခွင့် ပြုလိုက်တာဟာ ဘယ်နည်းနဲ့မှ မကောင်းပါဘူး။
ရေးသူရေးဖတ်သူဖတ် . . .ဒါပေမယ့် အသိအမှတ်ပြုပြီး စာပေ”တန်း”ပေါ် ပစ်မတင်သင့်ဘူး။ စာပေစင်မြင့်ပေါ်မှာ နေရာမပေးသင့်ဘူး ။ ဒီလိုစာသားမျိုးတွေနဲ့ ဒီလိုစာအုပ်မျိုးကို စာပေအိမ်ဦးခန်းပေါ် တင်မထားသင့်ပါဘူး။
(သူ့ဘာသာသူ ညစ်ညမ်းတဲ့ချောင်ကြိုချောင်ကြားမှာသာ ထားသင့်တယ်။ ချောင်ကြိုချောင်ကြားကြိုက်သူတွေ ညစ်ညမ်းစွာ ကြိုက်ပါစေ။ ပေါ်တင်တော့ မကြိုက်စေသင့်ပါဘူး။ )
”စာပေစင်မြင့်”မှာ မြင်သင့်တာမြင်ရအောင် ကြဉ်သင့်တာ ကြဉ်ရအောင် တာဝန်ရှိသူက တာဝန်ရှိသည့်အလျောက် ဆောင်ရွက်ပေးဖို့ လိုပါသေးတယ်။
ဒါမှ ကျနော်တို့ တို့ချစ်တဲ့ . . .”စာပေရွာ ” မနာမှာပါ။
စာကြမ်းပိုး (၄) –
ကျနော် ကတော့ –
ဒီကိစ္စဟာ စာပေကို ခုတုံးလုပ်ပြီး ဘော်ချက်တာလို့မြင်တာပဲဗျာ….
အပြာစာပေကို ၁၈နှစ်အထက်မှဖတ်ရန်ဆိုပြီး rating လုပ်တော့ရော ၁၈ နှစ်အထက်တွေဖတ်ရင် အကျိုးရှိမှာမို့လို့လား …..လို့ တဖက်လှည့်နဲ့ စဉ်းစားကြည့်မိပါတယ်။ ၁၈ နှစ်အောက်တွေမဖတ်အောင်ရော ဘယ်လိုထိန်းချုပ်လို့ ရမှာလဲ … ပေါ့ဗျာ…။
ဘယ်နိုင်မှာ ဘယ်လို ဘာတွေလုပ်တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး….
ကျနော် သိတာကတော့ ဒီနိုင်ငံမှာ အဲဒါမျိုးတွေအတွက် အသင့်မဖြစ်သေးပါဘူး…. အဲဒါမျိုးတွေရဲ့ ဆိုးကျိုးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး…..
ဒါမျိုးတွေကို ထိထိရောက်ရောက်မတားဆီးလို့ လူငယ်တွေမှာ ထိခိုက်မှု့တစ်စုံတစ်ရာဖြစ်ခဲ့ရင် သမိုင်းတရားခံဟာ အဲဒီအပြာစာပေတွေရေးသားထုတ်ဝေဖြန့်ချီသူတွေနဲ့ အားပေးအားမြှောက်ပြုသူတွေသာ ဖြစ်ကြပါလိမ့်မယ်။
ပြီးတော့ – အဲဒါမျိုးတွေ မဆင်မခြင် မစောင့်မထိန်း လျှောက်ရေးလို့ စာပေစိစစ်ရေးဆိုတဲ့ လက်မည်းကြီး တစ်ကျော့ပြန်လာခဲ့ရင်ဖြင့် ကိုယ်ကျိုးမနည်းပေဘူးလားဗျာ…။
+++++++
ကဲ။ စာဖတ်သူ အမြင်လေးတွေလည်း သိချင်ပါသေးတယ်။
64 comments
ဇီဇီ
June 22, 2014 at 12:12 pm
ဟာ!!!!!
ကြမ်းတယ်ဟေ့။
:hint:
မှာဖတ်ရမလိုတောင် ဖြစ်နေပါလားးးး
အနော့ အမြင်ကတော့ အနော်တို့ နိုင်ငံမှာ ဖြစ်သင့်တာ ရှေ့စဉ်နောက်လိုက်မှာ …..
နောက်ကဖြစ်ရမဲ့ဟာတွေ အရင်ဖြစ်နေသလိုပါပဲ။
:hint:
ဟုတ်ပါတယ်။
ရေစီးဆိုတာလည်း တားမရပါဘူးး
အမြင်မတူတာတွေကိုလည်း ပိတ်ထားလို့ မရပါဘူးး
ဒါပေမဲ့
ဒီထက်ပိုပြီး ဖြစ်သင့် လုပ်သင့်တဲ့ ကိစ္စတွေ စာပေလောကအနုပညာလောက မှာ အများဂျီး မဟုတ်လားနော့။
ခုတော့…..
:hint:
ဇီဇီ
June 22, 2014 at 12:44 pm
ကျွန်တော့် အတွေး သက်သက်ပါ (By Lay Lwint Thu)
—————————————–
မလွတ်လပ်တဲ့ တစ်ခေတ် တစ်ချိန်က အတားအဆီး ပိတ်ဆို့မှု များစွာနဲ့ ..စာပေလည်း မဖွံ့ဖြိုး .အနုပညာလည်း မတိုးတက် … အဘက်ဘက်က နိမ့်ကျသပေါ့ လေ ……
လူတိုင်းလည်း ပြောကြ …ကျွန်တော်လည်း အဲသလိုပဲ ယုံကြည်မိပါတယ် … ဘာလို့ ပိတ်ထားသလဲ အားလုံး ဖရီးဒမ်း … ဒါပဲပေါ့ ……………..
ဟော ခုတော့ လွတ်ပြီ ကျွတ်ပြီ အားလုံး ဖရီးဖြစ်ပြီလည်း ဆိုရော …….
ဂျာနယ်တစ်ချို့ မျက်နှာဖုံးကအစ … မိသားစု မဖတ်ရဲဘူး …
အင်တာနက် စာမျက်နှာ … နားမလည်တဲ့ အမေ့ကို သင်ပြ ပေးချင်တာတောင် သင်မပေးရဲဘူး …
ပလူပျံ နေတဲ့ အတားအဆီးမဲ့ ဓာတ်ပုံ တွေ………..
အတားအဆီးမဲ့ စာသားတွေ ………
အရင်က TV ကြည့်ရင် ပျင်းစရာကောင်းပေမယ့် စံပြု နိုင်သော ရုပ်သံ အစီ အစဉ်တွေ ကနေ အခု ကြည့်ဖြစ်ရင် … ဂလိုဘယ်လိုက်ဇေးရှင်း ဆိုပြီး … ဒလဟော သွန်ပြ နေတဲ့ ခေတ်ပေါ် အကြောင်းအရာတွေ …. သီချင်း သီချင်း လာနေတယ် ဆိုတိုင်း ..မိသားစု ထိုင်ကြည့်ဖို့တောင် မသင့်တော်တော့တဲ့ .. အစီအစဉ်တွေ ……
အနှစ်သာရမဲ့ ရန်လိုခြင်း သက်သက် ပုံရိပ်တွေ စာသားတွေ ……..
တော်လှန်သော သဘောတရားတွေ … အကျဉ်းထောင် သူရဲကောင်းတွေ …
ဒါက ကျွန်တော်တို့ အရင်က ထင်ခဲ့သလို ..လွတ်လပ်သွားလို့ ..တဟုန်ထိုး တိုးတက်လာ သလား ဆိုတာ သေချာပြန်စဉ်းစားမိတယ် ….
နေရာတိုင်းမှာ အကန့်အသတ် စည်းဘောင် ဆိုတာ အပြင် အခြေအနေနဲ့ အချိန် အခါ ဆိုတာလည်း ရှိပါသေးတယ် ….. ပြီးတော့ လူတိုင်းလိုက်နာရမယ့် လူမှု စည်းကမ်း တွေအပြင် .. ပရော်ဖက်ရှင်နယ် တစ်ဦးချင်းဆီမှာ ရှိရမယ့် သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ် အက်သစ် တွေလည်း ရှိပါတယ် ……. လွတ်ပြီကွ ဆို အကုန် လွတ် ပစ်လို့ တော့ မရပါဘူး …စည်းနဲ့ ဘောင်နဲ့ အက်သစ် နဲ့ လွတ်ကြရင် ပိုကောင်းမှာပါ ………….
တရားဥပဒေ စိုးမိုးမှု မရှိဘူး ဆိုတာ .. မတရားခံရတဲ့ အမှုတွေ ရှိနေမှ မဟုတ်ပါဘူး.. ပြဠာန်းထားတဲ့ လုပ်ထုံး လုပ်နည်းနဲ့ မလုပ်ပဲ .. လုပ်သင့် လုပ်ထိုက်တာကို မလုပ် ..မလုပ်သင့် မလုပ်ထိုက်တာကို ဝန်ထမ်းတွေ လုပ်ရင်လည်း တရားဥပဒေ စိုးမိုးမှု မရှိတာပဲ ….. ဒီလိုပဲ … လိုက်နာသင့် လိုက်နာအပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ကျင့်ဝတ် တွေကို မလိုက်နာပဲ နေရင်လည်း တရားဥပဒေ စိုးမိုးမှု မရှိဘူးလို့ ပြောနိုင်တာပါပဲ …….
သိပ်လွတ်လပ်သွားကြတယ် ….
တည်ဆောက်ရေးနဲ့ တော်လှန်ရေး မကွဲပြားဘူး ဖြစ်နေကြတုန်းပဲ ……..
အရှေ့ကို သိပ်ကို ကျော်ပြီး လှမ်းခြင် ကြတုန်းပဲ ……
ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်း ဆိုတာ ..အမေရိကန် ပုံစံလည်း ပုံတူ ကူးလို့ မရပါဘူး
ထိုင်း ပုံစံကိုလည်း ပုံတူး ကူးလို့ မရပါဘူး …
နေရာတိုင်းမှာ ဥရောပ ပုံစံနဲ့ မြင်လို့လည်း မရပါဘူး
လူ့အခွင့်အရေးပေတံ ဆိုပြီးလည်း နေရာတိုင်းကို လိုက်တိုင်းနေလို့ မရပါဘူး … လူ့အခွင့်အရေး ပေတံနဲ့ ထူထောင်ခါစ ကျွန်တော်တို့ တိုင်းပြည်ကို တိုင်းကြမယ် ဆိုရင် .. အဲဒီ လူ့အခွင့်အရေး ပေတံ စံနှုန်း ဆိုတာကရော ဘာနဲ့ စံပြု ထားသလဲ လို့ ပြန်မေးချင်စရာပါ ..
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ..ကိုယ့်ယဉ်ကျေးမှု ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်သော ကျင့်ဝတ် အပြည့်ဖြစ်သော လူမှု အသိုက်အဝန်းကို အစွန်း ကင်းကင်း ထူထောင် နိုင်ခြင်းသည်သာ နိုင်ငံ တည်ဆောက်ခြင်းပါပဲ ..
အိုးး.. သူများ Sexy ကိုယ် Sexy ပေါ့ ဆိုပေမယ့် ဒီတိုင်းပြည်မှာ လူနည်းစုကြီး သိပ်ကြိုက်ပါတယ် ဆိုရင်တောင်မှ လူများစုကြီးသည် .. ယဉ်ကျေးမှု အရ ..ဒါဟာ ရှက်စရာ ကောင်းတယ် ဆိုတာ လက်ခံ ယုံကြည်ထားပါတယ် ဆိုတာ မေ့မထား သင့်ပါဘူး ……..
… ဖွံ့ဖြိုး တိုးတက်ရေး .. ပညာမြင့်မားရေး ..စီးပွားရေး ခိုင်မာရေး .. ငွေကြေး တည်ငြိမ်ရေး ဆိုတဲ့ စကားတွေ အသံတွေ စာသားတွေ အစီအစဉ်တွေ ကျွန်တော်တို့ ..အခု ထူထောင်နေပါတယ် ဆိုတဲ့ ကာလမှာ ..ကြားဆို တိုးတိုးတောင် မကြားရပေမယ့် …….
အတိတ်ကို စာရင်းရှင်း နေတာ
စိတ်လွတ်ကိုယ်လွတ် လွတ်ချင်တိုင်းလ ွတ်နေတာ
အတော်လေးကို ကြာခဲ့ပြီ ……
(Lay Lwint Thu)
alinsett (gazette)
June 22, 2014 at 12:14 pm
ကျန်းးးး
စာကြမ်းပိုး(၃) ပြောတဲ့သဘောလေးက
အဲ့ဒီလိုစာအုပ်တွေအပေါ် ကျနော့်သဘောထားပုံနဲ့ ကွက်တိပဲ
😆
ROssI
June 22, 2014 at 12:25 pm
ဟော့
kogyi mind
June 22, 2014 at 12:32 pm
စာကြမ်းပိုး တွေပြောသမျှ အကုန်လက်ခံပါတယ်..သဘောတူမျှပါတယ်..
ROssI
June 22, 2014 at 1:03 pm
သိဘု …
တစ်ပူးကတော့ အချွန်နဲ့ မနေဘီ …
အဲ့ အောင်ယင်ငြိမ်း တို့ ဇွန်တင်ချာ တို့ မေညတ်မွန် တို့ ဆာဆာထက် တို့ ထောင်ကျကုန်ရင်
ခီညားတို့ ကို ကျော် …စန္ဒာပြမယ်…
ဗြဲ
naywoon ni
June 22, 2014 at 1:05 pm
လွတ်လပ်သည်ဆိုသော်လည်း…….( နေဝန်းနီရဲ့ သဘေထား )
စာပေလွတ်လပ်ခွင့် မရခင်တုန်းက ဘယ်သူ့ ကဗျာ ဆင်ဆာထိလို့ ဘယ်သူဝတ္ထု ကဖြင့် ထုတ်ဝေခွင့်မရလို့ စသည်ဖြင့် ကြိုးကြားကြိုးကြား ကြားနေရတာက မကြာခဏ ဆိုသလိုပင် ။ စာေပလွတ်လပ်ခွင့် ရပါပြီတဲ့ ။ ကြားနေကြအသံတွေ တိတ်သွားပေမဲ့ ဖောက်ထွက်လာတဲ့ စာပေ မတွေ့ရပြန်ဘူး ။ ရလာတဲ့အခွင့်အရေး အပြည့်အဝ အသုံးချသွားနိုင်တာက ” ဂျာနယ် ” တွေပဲဖြစ်တယ်။ စာပေသမားတွေ ဘက်က လွတ်လပ်ခွင့်နဲ့ အတူ အဆင့်မြင့် အနုပညာတွေကို လွတ်လွတ်လပ်လပ် မဖန်တီးကြသေးဘူးလို့ ကျနော်မြင်တယ် ။ သီချင်း ရုပ်ရှင်ဘက်မှာလဲ ဒီအတိုင်းပဲ လွတ်လပ်ခွင့်ကို Sex ဘက်မှာ ပိုပြီး အခွင့်အရေးယူလိုက်ကြတာပဲ ။ တစ်ကယ်တော့ ရရှိတဲ့ လွတ်လပ်ခွင်ဟာ လက်ရှိ အနုပညာဖန်တီးသူတွေနဲ ထိုက်တန်မှုကော ရှိရဲ့လား စဉ်းစား စရာဖြစ်နေတယ် ။ ဒါက ဘယ်နေရာမှာ ဘာမှမဟုတ်တဲ့ မြန်မာ့ အနုပညာကို ချစ်တဲ့ ပြည်သူတစ်ချို့ရဲ့ ခံစားချက်ပါ။။ ကျနော်တို့က ယဉ်ကျေးမှု ဓလေ့ ထုံးစံရဲ့ ထွက်ပေါက်မရှိတဲ့ စည်းဝိုင်းထဲမှာ ပိတ်မိနေလို့ ဒီ လိင်ပိုင်းဆိုင်ရာ အနုပညာကို လက်မခံတာမဟုတ်ပါဘူး ။ ကျနော်တို့တစ်ယောက်ချင်းစီမှာ လက်ခံနိုင်မဲ့ အရည်အသွေး စည်းကမ်းမပြည့်ဝသေးလို့ ထုတ်လုပ်ဖို့စောနေသေးတယ်လို့မြင်လို့ပါ ။ စည်းကမ်းကျနသော ဒီမိုကရေစီဆိုတာကလည်း အပြောပဲ ရှိနေသေးတယ် ။ လုပ်တော့ စောက်တစ်လွဲ ဆိုတဲ့ အချိန်မှာ စောစောက ပြောတဲ့ Sexural Article လို့ပြောမလား ။ လိင်ပိုင်းဆိုင်ရာအနုပညာပေါ့လေ ။ အဲ့ဒါကို သွားင်္ပြီး လက်သင့်ခံလို့မဖြစ်သေးပါဘူး ။ ဒီမိုကရေစီရင့်သန်ပြီးသား နိုင်ငံရပ်ခြား တိုင်းပြည်တွေနဲ့ သွားပြီး ခိုင်း နှိုင်းဖို့မကြိုးစားပါနဲ့ ဦး ။ သူတို့တွေဆီမှာ စည်းကမ်းသား ပြည့်ဝပြီးသား ကျနော်တို့ဆီမှာက မလုပ်ရဘူးလို့တားမြစ်ထားရင် ခိုးပြီး လုပ်ချင်တဲ့ အကျင့်က အရိုးစွဲ နေပြီးသား ။ အသက် ၁၈ အောက် မဖတ်ရလို့ သတ်မှတ်ထားလို့ ၁၈ နှစ်အောက်က ရှောင်သွားမယ် ထင်သလား ။ လူမြင်သူမြင် မဖတိရရင် ခိုးဖတ်မှာပဲ ။ အဲ့စည်းကမ်း ဖောက်ဖျက်လို့ တရား ဥပဒေမှာ ခိုင်ခိုင်မာမာ ပြဌာန်းပေးထားတာ တိတိကျကျ အရေးယူတာတွေ ရှိနေပြီလား ။ ဆေးလိပ်နဲ့ အရက်မှာ တောင် ၁၈ နှစ်အောက်တွေ အတွက် ထိမ်းသိန်း ရခက်နေတာ နောက်တစ်မျိုးတိုးလာရင် ………. ။ တစ်ချို့က ပြောကြဦးမယ် ။ ဝတ္ထု ဖန်တီးတာက အပြင်မှာ ရှိလို့ လက်ရှိဖြစ်ပျက်နေတဲ့ အပေါ်မှာ ခံစားမှုနဲ့ ဖန်တီးတာပါလို့ ။ အဲ့သလိုသာ အပြင်လောက မှာ ရှိသမျှ ဖန်တီးကြကြေးဆို အွန်လိုင်းပေါ်က အပြာ လောကက စာပေနယ်မှာ နေရာရလာတာ ကြာပေါ့ ။ တစ်ချို့စာအုပ်တွေဆိုရင် မြန်မာပြည်မှာ လက်ရှိရေးနေတဲ့ စာရေးဆရာတွေ သနားတယ်လို့ ပြောရအောင် ဇာတ်လမ်းဆင်ပုံ အကွက်ချပုံ ကောင်းတယ် ။ ဘာကြောင့်များ ဒီလောကထဲပျော်မွေ့နေရသလဲလို့ နှမြောလောက်အောင်ကောင်းတယ် ။ သူတို့တွေ ဘာကြောင့် အပြင်ကို ထွက်မလာလဲ ။ ရှင်းတယ် ။ လူ့ယဉ်ကျေးမှု အပြင်ဘက်ရောက်နေလို့တဲ့ ။ ယဉ်ကျေးမှု အပြင်ဘက်ရောက်နေတဲ့ ကိစ္စ ။ တစ်ကိုယ်ရေ ခံစားမှုသက်သက် ဖန်တီးမဲ့ အနုပညာ အများစုအတွက်အဆိပ်အတောက် ဖြစ်မဲ့ အနုပညာဆ်ု်ိရင်တော ့ ဆန့်ကျင်ရမှာပဲ ။ ခင်ဗျားတ်ို့ပြောပြောနေတဲ့ အောင်ငြ်ိမ်းဖြစ်ဖြစ် သူ့အဖေဖြစ်ဖြစ် အဲ့ဒါ နေဝန်းနီ ရဲ့ သဘောထားပဲ ။
ဦးကြောင်ကြီး
June 22, 2014 at 1:16 pm
ဆာကြက်ဖိုးတစ် ပြောသလို မိုးဇေငြိမ်းရဲ့ ဘာလဲဟဲ စွမ်းအားရှင် စာအုပ်ကြတော့ စာပေစီစစ်ရေးက ခေါ်ပိတ်တယ်.. အောင်ရင်ငြိမ်း စာအုပ်ကြတော့ ဖွင့်ပေးထားတယ် ဆိုကထဲက ရှင်းပါတယ်… တမင်ရည်ရွယ်ချက် ရှိရှိနဲ့ လွှတ်ပေးထားတာပါ။ မြန်တျန့်ပြည်ကို ထောက်လှမ်းရေး ကွန်ယက်နဲ့ အုပ်ချုပ်ထားတာ.. ဗိုခင်ညွှန့်လက်ထက်က အတိုင်းပဲ။ အခြေအနေအရ မဖမ်းဆီးဘဲ လွှတ်ပေးထားတာပဲရှိတယ်။ ကျန်တာတော့ မှတ်တမ်းအကုန် ရှိပြီးသား.. ဘယ်သူ ဘာလုပ်နေလဲ သိပြီးသား၊ အန်အယ်လ်ဒီနဲ့၈၈က လူထုလှုပ်ရှားမှု လုပ်ချိန်မှာ ဒါမျိုးတွေနဲ့ လမ်းလွှဲချင်မှာပဲ။ အပြာစာပေ သင့်မသင့် ဆိုတာထက် ပြသနာက မြန်တျန့်ပြည်ရဲ့ ဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ဥပဒေအရ ပြဌာန်းပြီးသား တပုံဂျီး.. အဲဒါတွေ ဘယ်လို အသက်ဝင်အောင် လုပ်မလဲ စိုးရိမ်စရာရှိတယ်။ ဥပမာဗျာ ဆေးလိပ် အရက် ၁၈နှစ်အောက် မသောက်ရ တားမြစ်ထားတာပဲ၊ သိနေရမှာပဲ ဆင်ခြေပေးလို့ မဖြစ်ဘူး။ ဥပဒေထုတ်ထားပေမဲ့ လိုက်နာမှုရှိအောင် ဘယ်လိုစီမံမလဲဆိုတာ အခရာကြတယ်။ ပြန်ချုပ်လိုက်ရင်တော့ ဦးသိန်းဂိန်အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက် တခုမျှသာပါပဲ။ လှည့်တိုင်းရတဲ့ မြန်တျန့်တွေကတော့ တောင်ကြ ခံဂျပေါ့..
အရီးခင်
June 22, 2014 at 1:29 pm
ကျွန်မ မနေ့ က ပွဲ တစ်ခု မှာ ဒီ အစိုးရ ရဲ့ အင်မတန် ကောက်ကျစ် တဲ့ အကွက်ဆင် ဖမ်းတတ်ပုံ ဇာတ်လမ်း တစ်ချို့ ကြားခဲ့ ရတယ်။
ဒါဟာ သူတို့ ထဲ က လူရင်း နော်။
ကလိန်ကကျစ်စိတ်တွေ နဲ့ အင်မတန် ကြောက်စရာ ရွံ စရာ အာဏာဖက်တွယ်ထားမှု တွေဘဲ။
အခု ဟာကတော့ တမင်တော့ တိုက်လုပ်တာ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ တိုင်းပြည် အညွန့်တွေ တက်မလာနိုင်အောင် ချိုး ဖို့ ဝန်မလေးတဲ့ အစိုးရ စစ်စစ် ဆိုတာ ပိုပိုပြီးပေါ်လာပါတယ်။
ဒါကို မြင်ကြ ဖို့ ကြိုးစားပြီး ဖယ်ရှားကြဖို့ ကတော့ အနာဂါတ် မြန်မာပြည် ရဲ့ ကလေး တွေ ကို တိုးတက်စေသူတိုင်း ရဲ့ တာဝန်ပါဘဲ။
ဦးကြောင်ကြီး
June 22, 2014 at 1:41 pm
မှန်ပါတယ် အရီး..။ စာရေးသူသည် စစ်အစိုးမရ ဘက်တော်သား ဖြစ်ချဉ်မှ ဖြစ်မယ်။ လိင်ကိစ္စ စည်းဘောင်မထားလိုသူ sexberal သမားလည်း ဖြစ်နိုင်ပါတယ်။ အဲလိုမျိုးတွေ ခေတ်တိုင်း နိုင်ငံတိုင်းမှာ ရှိပါမယ်။ ထောက်ပြချဉ်တာ စစ်တပိုင်းအစိုးမရရဲ့ ယုတ်မာပက်စက်တတ်မှုကိုပါ။ ဖြစ်လာတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ မကြိုးစားပဲ ပိုရှုပ်ထွေးအောင် လုပ်တာမျိုး ၈၈၈၈ အရေးအခင်းကာလမှာ ထောင်ဖွင့်ချတာ.. ဂိုထောင်ဖောက်ခွင့် ပေးပြီမှ နာမည်ဖျက်တာ တပုံတခေါင်းကြီး ရှိပါတယ်။ ခုလည်း ရိုးရိုးသားသား ရေးတယ်ပြောပြော.. ကြံရာပါပြောပြော ပွဲဆူအောင်၊ လူတွေ အာရုံလွဲအောင် တမင်လွှတ်ပေးလိုက် ပြန်ပါပြီ။ အာဏာသည် ပထမ.. အာဏာသည် ဒုတိယ ဆိုတဲ့အကောင်တွေဆိုတော့လည်း မလုပ်ရဲတာ မလုပ်ရက်တာ ဘာမှမရှိ…
အရီးခင်
June 22, 2014 at 1:23 pm
ဒီလို စာမျိုး တွေက ခေတ်အဆက်ဆက် ရှိပါတယ်။
နောင်လဲ ရှိနေမှာပါ။
ကာမကိစ္စ ဆိုတာကလူ့မျိုးဆက် ပြန့်ပွါးဖို့ အတွက် လူ့လောကထဲ ထိပ်ပိုင်းအရေး လိုဖြစ်နေတာ ငြင်းမှမရဘဲ။
လူတွေသာ မက တိရိစ္ဆာန်တွေ၊ အပင်တွေ လဲ သူ့နည်း သူဟန် နဲ့ မျိုးပွါးကြတာ ဘဲ။
ဒီတော့ လူတွေ ကာမဆက်ဆံမှု အကြောင်း ကို စိတ်ဝင်စားတာ က သဘောဝ တရားဘဲ။ သိပ်ပြီး အဆန်းကြီး နဲ့ ပြသနာ မဟုတ်ပါဘူး။
ပြသနာ က ဒီမှာပါ။
“ငါ” ဟာ လူတစ်ယောက် တိရိစ္ဆာန် တွေ ထက် တော့ စား၊ ဝတ်၊ နေမှု အတွက် အသိဉာဏ်ပညာ သာ တယ် လို့ လက်ခံ ထားတဲ့ သူတိုင်း ကာမကိစ္စ မှာလဲ တိရိစ္ဆာန် တွေ ထက်တော့ သာရပါမယ်။
မဟုတ်လို့ ကတော့ ဒီ “လူ” တစ်ယောက်ဟာ “တိရိစ္ဆာန်” အသိဉာဏ်ပညာ လောက်ဘဲ ရှိတာပါ။
စိတ်ကောင်းထားကြည့်ရင်တော့
ဒီလို “လူ” တွေ က သနားဖို့ကောင်းပါတယ်။ သူတို့ ရဲ့ စဉ်းစားနိုင်မှု အသိဉာဏ် တွေ “တိရိစ္ဆာန်” အဆင့်ထက် ပိုအောင် ဖြစ်နိုင်သ၍ ဝိုင်းပြီး ကူညီသင့်ပါတယ်။
မကောင်းတဲ့ စိတ်နဲ့ကြည့်ရင်တော့
ဒီလို “တိရိစ္ဆာန်” လို လူတွေ ရဲ့ စာတွေ က စကားထဲ ထည့်ပြော နေရလောက်အောင် ကိုယ် နဲ့ တန်းမညီတာမို့ ဒါတွေ ကို အရေးလုပ်ဖို့ ကိုယ့် အချိန် ကို ပေးသင့် သလား ပါဘဲ။
ကျွန်မ ဒီက စာအုပ်ဆိုင်တွေ ၊ စာကြည့်တိုက်တွေ ကို အမြဲ ရောက်ပါတယ်။
အနောက်တိုင်း ရဲ့ စာအုပ်ဆိုင် တွေ မှာတောင် မှ ကျန်းမာရေးအတွက် ဆိုင်တဲ့ စာအုပ်ကလွဲလို့ ဒီလို အပြာစာအုပ်တွေ မတင်ပါဘူး။
ဒီလို တိရိစ္ဆာန်သာသာ ( အောက်တန်းကျ တယ် မပြောဘူး၊ တိရိစ္ဆာန် ဆိုတာ အောက်တန်းမကျပါဘူး။ တွေးခေါ်မှု အသိပညာ မရှိသလောက် နဲရုံ ပါဘဲ) အယူအဆ စာအုပ် ကို ထုတ်ဝေခွင့်ပေးသူ / ဌာန မှာ တာဝန်ရှိပါတယ်။
သူတို့ တာဝန်ယူ ဖြေရှင်း ရမှာပါ။
ဒီအတိုင်း လွှတ်ထား လို့ ကတော့ ကိုယ့်တာဝန်ကိုယ် မသိတဲ့ ၊ အဆင့်မြင့် တာဝန်မယူနိုင်/ မယူတတ်တဲ့ တိရိစ္ဆာန်သာသာသူတွေ ကြီးစိုး နေတဲ့ တိုင်းပြည် ဆိုတာ ကို ဟန်လုပ် ဖုံးဖိ မနေပါနဲ့တော့။
ဒီလိုပြောတာမို့ ကွန်ဆာဗေးတစ် လို့ ပြောလဲ အင်မတန် ဂုဏ်ယူစွာ အခေါ်ခံရဲပါကြောင်း ဆိုတာလေး။
ဇီဇီ
June 22, 2014 at 1:29 pm
https://m.facebook.com/aungyin.nyein?fref=nf
အရီးရေ။
ဒါက စာရေးသူရဲ့ ဖဘ အကောင့်။ သွားကြည့်မိပြီး မှ သူတို့ ပါးစပ်ထဲမလည်း အတော် လမ်းဟောင်းသမားဖြစ်နေလို့။
အဲဒီ လမ်းသစ်တော့ မလိုက်ပါရစေနဲ့
လမ်းဟောင်းမှာ ဆုံးတဲ့နေရာ ဆက်ထိုင်ချင်စိတ်ပေါက်နေပါတယ်။
:hint:
Foreign Resident
June 22, 2014 at 1:37 pm
စာ ကြမ်းပိုး says:
” ဒီဘက်လည်း လာဆွေးနွေးပေးစေလိုပါတယ် ခင်ဗျား ”
—http://myanmargazette.net/199327—
ကျေးဇူးဘဲ ၊ စာ ကြမ်းပိုး ရေ ။
အခုလေးတင်မှ တင်လိုက်တဲ့ Post ပေဘဲကိုး ။
အဲဒီ Post လေး ဖတ်လိုက်မှဘဲ ၊ အဖြစ်အပျက်က ပိုထင်ရှားလာပေသကိုး ။
ကျေးဇူးရှင် က ၊ အပြာစာအုပ်လောက် နီးနီး ကို ရေးထားပေသကိုး ။
အကြမ်းဖျင်း ပြောရရင်တော့ ၊ ကျနော့် သဘောထားက ၊
ကို ချိုတူးဇော် ရဲ့ သဘောထား နှင့် ကိုက်ညီပါတယ် ။
ကို ချိုတူးဇော် လိုပါဘဲ ၊ ဒီလောက် ဖတ်လိုက်ရပြီ ဆိုရင်ကိုဘဲ ၊
ကျနော့် အနေနှင့် ၊ ဒီစာအုပ် အမျိုးအစားတွေကို မကြိုက်လှသဖြင့်သော် ၎င်း ၊
အသက်အရွယ် အတွေ့အကြုံ အရလဲ ရိုးသွား အီသွားပြီ ဖြစ်သဖြင့် ၎င်း ၊
ဝယ်ယူ / ငှားရမ်း ဖါတ်ဖြစ်တော့မှာ ၊ မဟုတ်ပါ ခမျ ။
ဒါပေမယ့် ၊ ” အပြာစာအုပ် ” ဖြစ်နေတယ် ဆိုရင်တောင်မှ ၊
အကျိုးပြုမှု ( or ) ဖျော်ဖြေမှု တစ်ခုခု ကို ပေးတယ်လို့ ယူဆမိပါတယ် ။
ဒါကြောင့်လည်း နိုင်ငံတကာမှာ ထုတ်ဝေခွင့်ပေးရ ၊ လက်ခံထားရပေသကိုး ။
( ဖျောက်ဖျက်လို့လဲ ပျောက်ပျက်သွားပေမယ့် အရာမှ မဟုတ်ပေဘဲလေ )
( အဲဒီတော့ကာ မပျောက်မယ့်အတူတူ စည်းစံနစ်ကျအောင် လုပ်ရပေမပေါ့ )
ဇီဇီ says:
” အာဗျာ။ ကျုပ် အဘဖောနဲ့တော့ ခက်ကပြီ။
တဂျီး နဲ့ အဘကို တော့ အရေထူတဲ့ နေရာမှာ အလေးစားဆုံးပဲ ”
kogyi mind says:
” ဒီစာအုပ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို သူတပြန်ကိုယ်တပြန် ရေးပြချင်စမ်းပါဘိတယ်..
ကျွန်တော်ကတော့ ဆိုးကျိုးဘက်ကနေ ရေးမယ်ဗျာ..ကိုဖောရိန်းက ကောင်းကျိုးဘက်ကနေရေး. ”
ဟဲ ဟဲ ၊ အဲဒီ စာအုပ်ကြီးလဲ မဖတ်ရသေးပါဘူး ။
သေသေချာချာ မဖတ်ရသေးဘဲနှင့် ၊ ဘယ်လို ငြင်းကြမတုံးဗျ ။
နောက်ပြီးတော့ ၊ ကျနော်က ဒီ စာအုပ် / ဒီ အယူအဆ ကို ၊
ထောက်ခံနေတာလဲ မ ဟုတ်ဘူးလေဗျာ ။
US ၊ ဩဇီ စသဖြင့်သော ၊
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) ရတဲ့ တိုင်းပြည်တွေမှာ ၊
ထွန်းကားတဲ့ Liberal အတွေးအခေါ် ရဲ့ ကြောင်းကျိုး ဆင်ခြင်ပုံ နှင့် တွေးပြပါသဗျ ။
ကျနော့် ရဲ့ တစ်သီး ပုဂ္ဂလ ခံစားချက် အရဆို ဒီ စာအုပ် ကို စိတ်ကို မဝင်စားပါဘူး ။
ဒါကြောင့် သိပ်ပြီးတော့ ထူးပြီး ၊ ထောက်လဲ မ ထောက်ခံ ၊
ကန့်လည်း မ ကန့်ကွက် လှပါဘူး ။
ဒါပေမယ့် ( ဒါပေမယ့် ) ကျနော်ကတော့ ၊
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) ကို ၊
ချစ် လဲ ချစ်မြတ်နိုး ၊ ယုံ လဲ ယုံကြည်သူ ဖြစ်တော့ကာ ၊
Voltaire ဗေါ်လတဲယား ပြောခဲ့တဲ့ စကားကိုဘဲ ပြန်ကိုးကားပါတယ် ။
” I do not agree with what you have to say,
but I’ll defend to the death your right to say it ”
Voltaire
” မင်း ပြောတဲ့ စကား / အယူအဆ ကို ငါ သဘောမတူဘူး ။
ဒါပေမယ့် ၊ မင်း ( အဲဒီ အယူအဆ ကို ) ပြောဆို ရေးသားခွင့် ရှိစေဖို့ အတွက် ၊
ငါ့ ရဲ့ အသက် ကို ပေးပြီး ကာကွယ်ပေးသွားမယ် ”
( ဗေါ်လတဲယား )
ကျုပ် ရဲ့ ဆိုလိုရင်း ကလဲ ၊ ဒါပါဘဲ ခမျ ။
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) ကို ၊
မှန်မှန် ကန်ကန် နားလည်ကြ စေချင်ပါတယ် ခမျ ။
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) ကိုမှ ၊
ယုံကြည် ချစ်မြတ်နိုးသူ ( Foreign Resident ) ။ 😛
အရီးခင်
June 22, 2014 at 1:45 pm
ဒီမိုကရေစီ ဆိုတိုင်း လမ်းဘေး မှာ ဆေးရိုး လှမ်း လို့ မရ ပါဘူး ကိုအဘဖော ရှင့်။
လွတ်လပ်စွာ ရေးခွင့် ဆိုတာ အများ ကို မထိခိုက် သ၍ ရေးပါ။
ဒါပေသည့် ၁၈နှစ် အောက် မဖတ်ရ စာတမ်းကို အကြောင်းပြပြီး ကလေးတွေ ကို ပိုပြီး ဖတ်အောင် လုပ်နေတာပါ။
ဥပဒေ မကောင်းတဲ့ နိုင်ငံမှာ၊ စည်းကမ်းမဲ့ ဟို လူတစ်မျိုး ဒီလူတစ်ဖုံ ပေးတာ ရတာ ခြင်း မတူတဲ့ နိုင်ငံ မှာ ဒီလို စည်းလွတ် ဘောင်လွတ် လုပ်နေတာ အများ ကို ထိခိုက်ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီတောင် မရ သေးတဲ့၊ ဥပဒေ မကြီးစိုးသေးတဲ့ တိုင်းပြည်မှာ ဒီလို လုပ်ချင် ရေးချင်တိုင်း မလုပ်ရ၊ မရေးရပါဘူး။
ဒီအတွက် ကျွန်မ ကတော့ အနာဂါတ် လူငယ်တွေ အညွန့်မတက်ခင် အညွန့်မတုံးရလေ အောင် တတ်နိုင်သ၍ ကာကွယ်မှာပါဘဲ။
ဒါဟာ ဒီမိုကရေစီ ကို ဆန့်ကျင်တာမဟုတ်။
စစ်မှန်တဲ့ ဒီမိုကရေစီ ကို ကျင့်သုံးတတ်အောင် ကူညီ အားပေး ခြင်းပါ။
naywoon ni
June 22, 2014 at 2:06 pm
ကျန်တော်ပြောချင်တာ ပါပဲအရီး ရေ ဒီမိုကရေစီ သားပြည့်ဝနေပြီးသားတိုင်းပြည်မှာ ဘာမဆို စည်းကမ်းတစ်ကျ ရှိပြီးသားပေမဲ့ မြန်မာပြည်လို စည်းကမ်းဆိုတာ စာအုပ်ထဲမှာပဲ ရှိသေးတဲ့ တိုင်းပြည်မှာ လက်ခံကျင့်သုံးလို့မရတာတွေရှိတယ် ။ တိကျတဲ့ ဥပဒေ ထိရောက်တဲ့အရေးယူမှု ဆိုတာတွေရှိလာရင်တော့ ဘာမဆို သူ့သဘောသူဆောင် ဝင်ရောက်နိုင်ပါတယ် ။ ခုလိုကိုယ်ခံအားနည်းနေသေးတဲ့ တိုင်းပြည်မှာ လက်ခံဖို့ စောလွန်းနေသေးတယ် ။
Foreign Resident
June 22, 2014 at 2:03 pm
အရီးခင် က ဟိုဘက်က Post ကို မဖတ်ရသေးလို့ ပြောနေတာ ။
ဟိုဘက်က Post မှာ အရွယ် မရောက်သေးတဲ့ ၊
ဆင်ခြင် ဆုံးဖြတ်နိုင်မှု မပြည့်ဝသေးတဲ့ ကလေးသူငယ် တွေ ကိစ္စ ပြောပြီးသား ။
အဲဒီမှာ အရင် သွားဖတ်ကြည့်လိုက်ဦး ။
သီဟသူရ ညောင်ရမ်းဂျီးထူ
June 22, 2014 at 1:49 pm
ဩဇီနိုင်ငံသားကိုဖေါရိန်း လာဖတ်သင့်ပါတယ် ။
အရီးခင် ၊ ဇီဇီ ၊နေဝန်းနီ၊ ကြောင်ကြီး၊ တို့ပြောထားတာတွေထောက်ခံပါတယ် ။
စာကြမ်းပိုးများ ဒီလို သဘောရှိလို့လေးစားပါတယ် ။
မြန်မာဟာ မြန်မာဖြစ်ကြောင်း ၊
မြန်မာ ကို တခြားမျိုးနွယ်နိုင်ငံတွေရဲ့အကျင့်စရိုက်အတိုင်း ဖြစ်ရမယ်လို့ မနှိုင်းသင့်ပါဘူး ။
အရီးခင်
June 22, 2014 at 2:05 pm
တစ်ခြားနိုင်ငံဖွား အနောက်တိုင်းသား တွေ မှာလဲ လူတန်းစားကွဲ ပါတယ်။
လူက လူလို အသိ နဲ့ နေတဲ့ အနောက်တိုင်းသား
လူက တိရိစ္ဆာန် အသိ နဲ့ နေတဲ့ အနောက်တိုင်းသား
တော်ကြာ ဒီလို ဟာတွေက အနောက်တိုင်းသား တွေ ဓလေ့အကျင့်စရိုက် လို့ ထင်မစိုး လို့ပါ။
တကယ်တော့ လက်တွေ့မြင်နေတာက Life Style ဆိုတာ အနောက်တိုင်းသား၊ အရှေ့တိုင်းသား၊ ဘာသာရေး ကိုးကွယ်မှု နေရာ ဒေသ ဘာမှ မဆိုင်ပါ။
လူ့ ကိုယ်ကျင့်တရား ကို ဘယ်လိုအသိနဲ့ လက်ခံ ကျင့်သုံးနိုင်လဲ ဆိုတဲ့ ဆင်ခြင်တွေးခေါ် နိုင်စွမ်း နဲ့သာ ဆိုင်ပါတယ်။
အဲဒီ ပေါ်တည်ပြီး လူတွေ ရဲ့ Life Style မတူကြတာပါ။
black chaw
June 22, 2014 at 2:23 pm
အဟမ်း…အဟမ်း…အဟမ်း…။
ဒီလိုရှိပါတယ်ခင်ဗျ…။
အိမ်က ၁ဝ နှစ်သား ကလေးတစ်ယောက်ကို Grand Royal တစ်ပုလင်းလောက်
သွားဝယ်ခိုင်းကြည့်ပါ။ မြန်မာပြည်မှာ ဝယ်လို့ရပါတယ်။
အမေရိကား မှာ ၁ဝ နှစ်သားလေး အရက်ဝယ်လို့ ရမရ
ခင်ဗျားတို့ သိမှာပါ။
ဆိုတော့ ဘယ်လိုပဲ ၁၈ နှစ်အောက် မဖတ်ရဆိုပြီး
သတိပေးထားထား
၁ဝ နှစ်သားလေးတွေကလည်း အားပေးမှာပါပဲ…။
ဒီလိုစာအုပ်မျိုးတွေ ဖတ်ဖတ်ပြီး
၁၄ နှစ်သား က ၁၃ နှစ်သမီးကို မုဒိမ်းကျင့် ဆိုတဲ့အမှုမျိုးတွေ
ပေါ်ပေါက်လာနိုင်စရာ ရှိပါကြောင်း။
ကိုဖေါ တို့ ကျွန်တော်တို့ အရွယ်ကျတော့ ဆင်ခြင်နိုင်စွမ်းမြင့်မားနေပြီဖြစ်တဲ့အပြင်
ဒီလို တစ်တစ်ခွခွ အပြာစာအုပ်တွေကို အွန်လိုင်းမှာကြိုက်သလောက် ရနေသူတွေ ဖြစ်တဲ့အတွက်
အောင်ရင်ငြိမ်းတို့လို စာအုပ်တွေ ထွက်လာတာ
ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိနိုင်ပါ။
ကလေးတွေနဲ့ အမျိုးသမီးငယ်လေးတွေအတွက် စိုးရိမ်စရာကောင်းပါတယ်။
ဆိုတော့…။
ကလေးတွေနဲ့ အမျိုးသမီးငယ်လေးတွေ လွယ်လွယ်ကူကူ ဖတ်လို့ ရနိုင်တဲ့
အခွင့်အရေးမပေးသင့်ဘူးလို့ထင်ပါတယ်။
ကျွန်တော် ဆိုလိုတာ မရေးနဲ့ မထုတ်နဲ့ လို့ ဆိုတာ မဟုတ်ဘူးနော်…။
အလွယ်တကူ မရရှိနိုင်ဘို့ ပြောတာပါ။
အဟွတ်…အဟွတ်…အဟွတ်
အော်…ချောင်းဆိုးနေလို့ နောက်တစ်ခေါက်ပြန်လာခဲ့ပါမယ်ဗျာ…။
Iris
June 22, 2014 at 2:55 pm
စာရေးဆရာကိုလည်းမသိဘူး။ဘာကြောင့်ငြင်းခုန်နေကြသလဲခုမှသဘောပေါက်တယ်။ ကြိုက်တဲ့သူဖတ်လိမ့်မယ်။မကြိုက်တဲ့သူမဖတ်ဘူးပေါ့။ကိုယ်ကတော့မဖတ်မဲ့ထဲပါ ပါတယ်။ ဘယ်လိုအတွေးအခေါ်နဲ့များ God is gay, God is die with HIV လို့များရေးသွားပါလိမ့်။ မယုံကြည်ပေမဲ့ အဲ့လိုတော့ စော်စော်ကားကား မရေးသင့်ဘူးလို့ထင်ပါတယ်။
ကိုပေါက်(မန္တလေး)
June 22, 2014 at 2:58 pm
အခု လို လူတိုင်း လက် နဲ့ ကိုင် ဖတ် နိုင် တဲ့ စာအုပ်တွေ ထွက်လာ လို့ ဝိုင်း ဝန်း တားဆီး ကြတာ လဲမှန် တယ်။
ကဲ လက ်တွေ့ ကျကျ ပြော ရ မယ် ဆို ရင ်
ကျနော် က အင် တာန က် ဆိုင် တော် တော်များများ ( ရောက်တဲ့ မြို့ ရောက်တဲ့ နေရာ မှာ) သုံးပါတယ်.
ဘာလို့လဲ ဆို တော့ကျနော် ဖုန်း အစုတ် 680 စီဒီ အမ်အေ က အင်တာနက်သုံး မရ လို့ ပါ။
ကိုယ်က သူမ ျား သုံး သွားတဲ့ စက် ကို ဆက်ထိုင် တယ် ဆို ရင် ရှေ့ က လူ ဖွင့် သွားတဲ့
လိုင်းတွေ က ကိုယ်က ဆက်ဖွင့် ကြည့် လို့ ရ တာ ပါ ဘဲ။
အဲ မှာ ဘာ သွား တွေ ့ လဲ ဆို တော့
အပြာရုပ်ရှင်( ဆင်ပြီး ရိုက်ထားတာရော ၊ချောင်းရိုက်ထားတာရော ၊ကိုယ်တိုင်ရိုက်တင်တာရော)
အပြာ ဝတ္တု အပြာကာ တွန်း ကား အားလုံးက ရှာစ ရာမ လို ဘဲ ကြည့် လို့ ရတယ် ဆို တာ ကို သိ လာ ရပါတယ်။
နောက်အချိို လူ ငယ် အထိုင်များ တဲ ့ဆိုင်ဆို ရင် အဆင်သင့် ကြည့် နိုင်အောင် ကူးေ ပး ထား တာ ကို လဲ တွေ့ ရပါတယ်။
အဲ တော့ ကျနော် ပြော ချင် တာ အပြာ ဆန် ဆန် စာအုပ်ကတော့ အခု စထွက် လာ ပြီ။
ဒါ ကို လဲ တား ရင ်မယ်။
အင် တာ နက် မှာ ကြည့် ချင် သလို ကြည့် လို့ ရနေတာ ကို လဲ ဘယ် လို တားရမယ် ဆို တာ စဉ်း စားရ မယ်။
အော………..ပြောရအုံးမယ်။
ဲအဲ လို ခွေတွေက လဲ ခွေဆို်င် တွေမှာ တစ်ချပ်မှ ၅၀ဝ ပေါ မှာ ပေါ၊
ကဲ အခု တော့ ဘယ် လို လုပ် ကြ မလဲ ။
Zaw Thant
June 22, 2014 at 4:27 pm
.. ဝင် ဝေဖန်မယ်လို့ စဉ်းစားလိုက်တော့ ခေါင်းထဲဝင်လာတာက for what sake? .. ဘယ်သူအကျိုးအတွက်ပေါ်မူတည်ပြီး ပြောရမှာတုံးပေါ့.. လူငယ်တွေအတွက်လား၊ စာပေလောက အတွက်လား၊ စာဖတ်သူအတွက်လား၊ ယဉ်ကျေးမူအတွက်လား၊ တစ်ဦးချင်းလွတ်လပ်ခွင့် အတွက်လား.. စသည်ပေါ့.. အဲ့ဒါပေါ်မူတည်ပြီး အမြင်တွေကွဲမယ်ထင်ပါတယ်.. စဉ်းစားမိသလောက် တစ်ခုချင်းအတွက်ပြောရရင်
၁. လူငယ်တွေအတွက် အဆိပ်သင့်မှုဆိုရင်တော့ အသည်းအသန် ဆွေးနွေးရမယ့် ကိစ္စမဟုတ်ဘူးထင်တယ်.. ဘာလို့လဲဆို ဒီထက်ဆိုးတဲ့ အရက်၊ဆေးလိပ်၊ကွမ်း၊ဆေး စတာတွေတောင် ကောင်းကောင်းမထိန်းချုပ်နိုင်တာ အသိသာကြီး.. လိင်ကိစ္စဆိုလည်း နေရာဒေသ ပတ်ဝန်းကျင်အလိုက် ထိန်းလို့ မရတဲ့ အပိုင်းတွေရှိတယ် (တချို့တက္ကသိုလ်ကျောင်းများနဲ့ နီးတဲ့ သူငယ်ချင်းဆေးခန်းတွေဆို ကိုယ်ဝန် တားပေးရတာတွေ၊ ဖျက်ချဖို့လာပြကြတာတွေ၊ ဘာညာပေါ့).. ဒီလိုစာအုပ်ထက်ပို ဟဲဗီးဖြစ်မယ့် media မျိုးစုံကလည်း အလွယ်တကူရနေတော့ သိပ်မထူးလှဘူးထင်တယ်.. စာအုပ်ကို ထောက်ခံနေတာတော့ မဟုတ်ပါဘူး၊ သိပ်မထူးလှဘူးလို့ ထင်တာပါ.. ၁၈+ အရာတွေကို ၁၈ အောက်တွေ လက်လှမ်းမမှီအောင်လုပ်နိုင်ဖို့ ကအရင်ဖြစ်ရမယ်ထင်တယ်..
၂. စာပေလောက အတွက်ဆိုရင်တော့ ကိုယ့်နိုင်ငံစံချိန်နဲ့ပြောရရင် တရားဝင်ခွင့်ပြုပေးထားခံရတာ မျက်ခုံးပင့်စရာကြီးပဲ.. တခြားနိုင်ငံတွေမှာ ဒါမျိုးခွင့်ပြုတာ ပြုတာတပိုင်းပေါ့နော.. တချိန်ချိန်တော့ ဖြစ်လာမှာ အမှန်ပေမယ့် အခုချိန်ကတော့ စာကောင်းပေကောင်းတွေတောင် အရောင်းရမတွင်ကျယ်တဲ့ အချိန် ဒီစာအုပ်တွေ ရောင်းကောင်းနေရင်တော့ အကျိုးပြုစာရေးဆရာတွေကို မျက်နှာပူစရာ.. တလွဲဆံပင်ကောင်း မဖြစ်သင့်သေးဘူးပေါ့.. သူလိုင်းနဲ့သူ ဖွံဖြိုးပြီးသွားတဲ့ အချိန်ဆိုရင်တော့ နေရာတစ်ခုပေးထားလည်း ကန့်ကွက်ဖို့မလိုဘူးထင်ပါတယ်.. ကြိုက်တဲ့သူကြိုက်တဲ့လိုင်းဖတ်ကြပေါ့…
၃. စာဖတ်သူတွေအတွက် ဆိုရင်တော့ ပြောစရာမရှိပါဘူး.. ကိုယ်ကြိုက်ရင်ဖတ် မကြိုက်ရင်မဖတ်နဲ့ပေါ့..
၄. ယဉ်ကျေးမှုအတွက် ဆိုရင်တော့ ညှိကုန်ပြီ.. လိင်ကိစ္စဆိုတာ သဘာဝပဲ ညစ်ပတ်တာမဟုတ်ဘူးဆိုသော်လည်း သိသာသိစေ ဆိုတဲ့ အပိုင်းလေးတွေကရှိတယ်.. ကွန်ဇာဗေးတစ်ဖြစ်ဖြစ် လစ်ဘရယ်ပဲ ဖြစ်ဖြစ် လူများစု လက်ခံထားတဲ့ ယဉ်ကျေးမှုကို လက်ခံရမှာလေးတွေရှိသင့်တယ်.. ဥပမာ ဖော်ရိမ်နာ လင်မယား နှစ်ယောက် မြန်မာပြည်မြို့လည်ထဲမှာ နမ်းနေရင် မသင့်ဘူးဆိုပါတော့.. လိင်ကိစ္စလူတိုင်းနဲ့ ဆိုင်သည်ဆိုသော်ငြား၊ အပြာစာအုပ်များ အရင်ကတည်းက ရှိနေပါတယ်ဆိုသော်ငြား၊ တရားဝင် ရေးသားတာရယ်၊ ထုပ်ဝေခွင့်ပြုတာရယ်က ယဉ်ကျေးမူနဲ့ညိုပါတယ်.. လူများစုရဲ့ ယဉ်ကျေးမူအမြင် တဖြည်းဖြည်းချင်းပြောင်းလာတဲ့ အချိန်ကြတော့ တမျိုးပေါ့..
၅. တစ်ဦးချင်းလွတ်လပ်ခွင့် နဲ့ဆိုရင်တော့ စာရေးသူလည်းသူ့လွတ်လပ်ခွင့် နဲ့သူ ရေးခွင့်ရှိတယ်မှတ်တယ်.. စာပေခွင့်ပြုရေးက ခွင့်ပြုရင်တရားဝင်ဖြစ်သွားတာပေါ့.. ခွင့်မပြုရင်ခိုးထုတ်ချင်ထုတ်ပေါ့.. ဥပဒေနဲ့ညှိလို့ဖမ်းလည်းခံလိုက်ပေါ့၊ ဒါကသူ့အပိုင်း.. သူရေးသားတာ တာဝန်မဲ့တယ်၊ စာပေအဆိပ်သင့်တယ်လို့ယူဆရင် ဝေဖန်တဲ့လူကလည်း သူ့လွတ်လပ်ခွင့်နဲ့ ဝေဖန်လို့ရတာပဲ.. ၁၈ နှစ်ပြည့်သူများကလည်း ကြိုက်ရင်ဝယ်ဖတ်ပေါ့.. မကြိုက်ရင်၊ မတိုးဖူးထင်ရင် မဖတ်နဲ့ပေါ့.. ဒါရှိတာပဲ..
ခင် ခ
June 22, 2014 at 11:41 pm
ဒါက ပေါ်ပေါ်ထင်ထင် ဝယ်ခွင့်ရသွားတာဘဲ ပြောင်းလဲသွားတာပါ တကယ်တောဒီလိုအပြာရောင် စာအုပ်မျိုးတွေ အခွေတွေက ဒုနဲ့ဒေး ခေတ်အဆက်ကတည်းက ရှိခဲ့ပြီးမို့ အထူးအဆန်းတော့ မဟုတ်ဘူးရယ်။
အမှန်က ဒီလိုစာအုပ်တွေ မရေးနဲ့မဖတ်နဲ့ ထုတ်ဝေခွင့်မပြုနဲ့လို တားနေ ပြောနေလည်း ရမည်မထင်ပါ ပေါ်တင်အလွယ်ရခြင်း မရခြင်း ဘဲကွာမှာပါ။
တကယ်လုပ်သင့်တာက ဒို့တိုင်းပြည်က လူငယ်တွေရဲ့ အတွေး အခေါ် အယူအဆ တွေကို မြှင့်တင်နိုင်တဲ့ ပညာပေးမှုတွေ များများလုပ်သင့်တာပါဘဲ။
တစ်ခုတော့ရှိတယ် အဲလို လူငယ်တွေရဲ့ စိတ်စွမ်းအင် အတွေးအခေါ် အယူအဆတွေကို သူများတိုင်းပြည်လို အစိုးရက လုပ်ပေးမှာတော့ မဟုတ်ဘူး ။ သူကတော့ ၂၀၁၅ နီးလာလေလေ အဖက်ဖက်က ကြိုးတွေရှုပ်သည်ထက်ရှုပ်အောင်လုပ်လာလေလေပါဘဲ။ ဒါကြောင့်ကိုယ့်ဝန်းကျင်ကို ကိုယ်ဘဲစောင့်ရှောက်ပြုပြင်ကြပါလို့။
ခင် ခ
June 23, 2014 at 8:45 am
ွှထိုစာရေးဆရာကို ပြည်ထဲရေးက ညစ်ညမ်းစာပေရေးသားဖြန့်ဝေမှုနဲ့ တရားစွဲဖို့ စတင်ဆောင်ရွက်နေတယ်လို့ သတင်းကြားလေရဲ့ဗျာ။
kyeemite
June 23, 2014 at 9:41 am
ကျုပ်တော့ ဒီလိုညစ်ညမ်းစာပေကို တရားဝင်ထုတ်ခွင့်မပြုသင့်ဟုယူဆပါသည်
စာကြမ်းပိုး(၃) ပြောသည် နှင့် တစ်သဘောတည်းရှိပါသည်။
ကိုဘလက်ချောပြောတာလည်း စဉ်းစားသင့်ကြပါသည်…မြန်မာပြည်မှာ ဥပဒေစိုးမိုးမှု ဇီးရိုး အခြေနေမို့ပါ။
ဦးဦးပါလေရာ
June 23, 2014 at 9:46 am
.ကျုပ်လာတာ အတော်နောက်ကျနေပြီကိုး …..
.အဲတော့ကာ အပေါ်က မိတ်ဆွေများက ပညာတတ်များပီပီ ကျိုးသင့်ကြောင်းသင့် သာယာညှင်းပြောင်း ဆွေးနွေးသွားကြပြီဆိုတော့-
.ကျုပ်အလှည့်မှာတော့ ဒုတ်ထိုးအိုးပေါက် ပြောချင်ရာပြောတော့တာကောင်းတယ်….
.ဒီမှာ ဆွေ။နွေးကြတဲ့ အကြောင်းအရာက ခပ်ကြမ်းကြမ်းဆိုတော့
.ကျုပ်လေသံလေး ကြမ်းရင် ရိုင်းရင်လဲ ခွင့်လွှတ်ကြဗျာ-
(မဖတ်ချင်မဖတ်နဲ့ပေါ့) လို့တော့ မပြောပါဘူး… အဟတ်ဟတ်… 🙂
.၁။ ဒီစာအုပ်မျိုး စာအုပ်ဆိုင်ပေါ် တရားဝင်ရောက်လာတာ လက်တွေ့မှာ ဘယ်လိုအကျိုးဆက်တွေရှိမလဲ…. ?
.လူငယ်လူရွယ်တွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးပါတော့မယ်။
.မိဘတွေက စာအုပ်ဆိုင်ဝင်တဲ့ ကလေးတွေ သူတို့ဝယ်လာတဲ့ စာအုပ်တွေကို စောင့်ကြည့်(ရ)ပါတော့မယ်
.မိဘ အုပ်ထိန်းမှု့က လွတ်တဲ့ အရွယ်တွေအတွက်တော့ ဒီစာမျိုးတွေက စာပေအဖြစ်တင်မက မီဒီယာအသွင်မျိုးစုံနဲ့ အရမ်းကို .အလွယ်တကူရနိုင်နေတာပါ။ အဲဒီအရွယ်တွေအတွက် ဘာမှမထူးပါဘူး…။
.ဒီစာမျိုးရေးစားတဲ့ ကောင်စားမျိုးတွေအတွက်တော့ မြောင်းထဲကနေ အိမ်ဦးခန်းရောက်လာတာမို့
.အဲသလို စာရေးသူတွေ အများအပြားပေါ်လာပြီး
.တကယ့်စာကောင်းပေကောင်းရေးသူတွေနဲ့ တတန်းတစားထဲဖြစ်ကာ
.ဆွမ်းဆန်ထဲ ကြွက်ချေးရောပါတော့မယ်….။
ဦးဦးပါလေရာ
June 23, 2014 at 9:54 am
.၂။ စာပေလွတ်လပ်ခွင့်
.လွတ်လပ်ခွင့်ဆိုတာ မိမိရဲ့လွတ်လပ်မှု့က သူတပါးကို မထိခိုက်ဖို့တော့ လိုပါတယ်
.အဲဒါဟာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရဲ့ အခြေခံပါ….။
.ဒီနိုင်ငံမှာ sex ဆိုတာ ထမင်းစားရေသောက်ကိစ္စမဖြစ်သေးပါဘူး။
. ဖြစ်ချင်သူများရှိရင်လဲ ခဏစောင့်ကြပါဦး…။ သိပ်မလောပါနဲ့…။ 😀
.ထမင်းစားရေသောက် ရိုးအီနေတဲ့ကိစ္စမဟုတ်တဲ့အတွက် အဲဒါကို စွဲလမ်းတတ်ပါတယ်။
.အဲဒါမျိုးချည်း အာရုံရောက်နေတတ်ပါတယ်။ အဲဒါဟာ တိုင်းပြည်နဲ့ လူမျိုးကို ထိခိုက်ပါတယ်။
.တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့စာမျိုးကို စာပေလွတ်လပ်ခွင့်နဲ့ ခေါင်းစဉ်တပ်အကာအကွယ်မပေးထိုက်ပါဘူး…။
ဦးဦးပါလေရာ
June 23, 2014 at 10:01 am
၃။ မဖတ်ချင် မဖတ်နဲ့ပေါ့
အဲဒါက ပြသနာ ….
အခုကိစ္စက လူကြီးတွေ အတွက်မဟုတ်ဘူး
လူကြီးကတော့ မျက်စေ့အညောင်းခံပြီး ဖတ်ချင်မလားဗျ ..
လိင်ဖျော်ဖြေတဲ့နေရာတွေကို ကိုယ်တိုင် သွားတော့မပေါ့..
ကျုပ်တို့နိုင်ငံလောက် ဖါခန်းပေါတဲ့နိုင်ငံ ရှိမယ်တောင်မထင်ဘူး….။
လူငယ်လူရွယ်တွေအတွက်…..
သူတို့ ဖတ်ချင်သည်ဖြစ်စေ မဖတ်ချင်သည်ဖြစ်စေ
ဖတ်သင့်မဖတ်သင့်ကို လူကြီးက ဆုံးဖြတ်ပြီး သတ်မှတ်ပေးရမှာ
အဲဒါလဲ လိင်မှု့ကိစ္စက မကောင်းတဲ့ကိစ္စ ဖြစ်နေလို့မဟုတ်ဘူး
ကလေးသူငယ် လူငယ်တွေအတွက် အချိန်မတန်သေးလို့
အဆိပ်အတောက်ဖြစ်မှာစိုးလို့
လမ်းလွဲမှာစိုးလို့ …….
ဦးဦးပါလေရာ
June 23, 2014 at 10:13 am
၄။ ၁၈+ ဆိုပြီး rating သတ်မှတ်ထားတယ်ဆိုတာ
အဟတ်…. ဟတ်…. ဟတ်…..
အဲဒါကြီးက ဒီနိုင်ငံမှာ ဘာသောက်သုံးကျမှာမှတ်လို့…..
ဥပမာ-
ကျုပ်က မော်ဖင်းတွေ မှန်ဘီရိုထဲထည့်ပြီးရောင်းမယ်……
ဆိုင်းဘုတ်တွေ စတစ်ကာတွေ ရုပ်သံတွေ လက်ကမ်းစာစောင်တွေအမျိုးမျိုးနဲ့
ဒီလို သတိပေးထားမယ်-…….
သတိ
မော်ဖင်းသည် ဆေးဝါးအဖြစ် လိုအပ်သောအခြေအနေတွင် တိကျသော အတိုင်းအတာဖြင့်သာ သုံးစွဲရန်ဖြစ်သည်။
မော်ဖင်းကိုသုံးစွဲတိုင်း လက်မှတ်ရ ဆရာဝန်တစ်ဦး၏ ကြီးကြပ်မှု့ဖြင့် သာသုံးစွဲရမည်။
မော်ဖင်းသည် စွဲလန်းတတ်သည်။ မူးယစ်ဆေးဝါးအဖြစ် လုံးဝမသုံးစွဲရ။
အဲသည် သတိပေးချက်ကို – လာဝယ်တဲ့သူတွေကို အလွတ်ရွတ်ခိုင်းပြီး အလွတ်ပြောနိုင်မှ ရောင်းမယ်ဗျာ….။
ဘယ့်နှယ်လဲ …..
ဘာဖြစ်ကုန်မယ်ထင်လဲ ……
တစ်နေ့တစ်နေ့ ဘိန်းစားတွေ စာကျက်သံနဲ့ကို ခင်ဗျားတို့ အိပ်လို့တောင်ရမယ်မထင်ဘူး….။
ဆိုလိုတာက သတိပေးတယ်ဆိုတာ နည်းစံနစ်တကျ အကောင်အထည်မဖေါ်နိုင်ရင် အာပတ်လွတ်ဝိနည်းရှောင်တာမျိုးပဲဖြစ်မှာ ……
ခင်ဗျားတို့ RATING က ၁၈+ မကလို့ ၈၀+ ဖြစ်နေဦးတော့ ….
ဒီနိုင်ငံမှာ ဘယ်သူမှ အရေးမစိုက် အရေးမထား အရးမယူပါဘူး….. လို့ ….
😀
ဦးဦးပါလေရာ
June 23, 2014 at 10:16 am
၅။ အဲဒီတော့ ဒီစာမျိုး စာပေပုံစံတစ်ခုအဖြစ် ရေးသားထုတ်ဝေလာတာကို ဘာလုပ်မှာလဲ …. ???
ဘာလုပ်ရမလဲဗျာ…
ဒီပိုစ့်မှာလိုပဲ ဝိုင်းဘေရမှာပေါ့ …..
ဝိုင်းဆန့်ကျင်ရမှာပေါ့ …..
မြောင်းနဲ့တန်တဲ့ကောင်တွေကို မြောင်းထဲပို့ရမှာပေါ့ ….။
ခင်ဗျားတို့ရပ်ကွက်ထဲ ခွေးရူးဝင်လာရင် ဘာလုပ်လဲ ….၊၊၊
:buu:
pooch
June 23, 2014 at 10:59 am
ခွေးရူးဝင်ရင်တော့ ဝိုင်းရိုက်တာပဲလေ မသေမချင်း
pooch
June 23, 2014 at 10:36 am
ဘာသာရေး ၊ လူမှုရေး ၊ လူမျိုးရေး ၊ စီးပွားရေး ရှိရှိသမျှ အရေးတို့ရဲ့ အခြေခံ အုတ်မြစ် ပညာရေးမှာ တခြမ်းပဲ သုံးခဲ့တဲ့ ဦးနှောက်တွေရဲ့ အစွန်းရောက် ဘေးထွက်ဆိုးကျိုးတွေ ။
ဘာသာရေးမှာလည်း ပလူပျံ တယ်
လူမျိုးရေးမှာလည်း ဆူညံတယ်
စီးပွားရေးမှာလည်း ကောက်ကျစ်တယ်
လူမှုရေးမှာလည်း ညစ်ညမ်းတယ်
အတွေးအခေါ်တွေ အောက်တန်းကျလာတာကို အတွေးအခေါ်နဲ့ပဲ ပြန်ဆွဲတင်မှ ရမယ်။
သီဟသူရ ညောင်ရမ်းဂျီးထူ
June 23, 2014 at 12:00 pm
ခွေးရူးကို လက်ခံထားတဲ့သူတွေ
ရပ်ရွာထဲကို ခေါ်လာတဲ့သူတွေကိုရော ဘာလုပ်သင့်လဲ
ခွေးရူးအားကို း ပဆိန်ရိုး
ဏှာ ဆိုးဝါဒ များအားဆန့်ကျင်ကြ
သီဟသူရ ညောင်ရမ်းဂျီးထူ
June 23, 2014 at 12:22 pm
ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာ ဖြစ်
ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာဖြစ်ကြောင်း တည်ဆဲဥပဒေများအရ သိရသည်။
လက်ရှိအများပြည်သူ ကြည့်ရှုနေသည့် အင်တာနက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်များပေါ်တွင် မော်ဒယ်ဇွန်သဉ္ဇာ၊ မေမြတ်မွန် နှင့်ဇာဇာထက်တို့၏ ညစ်ညမ်းဓာတ်ပုံများ ပျံ့နှံ့နေသည်ကို တွေ့ရသည်။
အလားတူ စာရေးဆရာ အောင်ရင်ငြိမ်းရေးသားသည့် “ရိုမန်း ဘောစ်တွေရဲ့ကမ္ဘာ”စာအုပ်နှင့် ပတ်သက်၍လည်း ညစ်ညမ်းသည့် စာအရေးအသားများပါဝင်နေသည်ဟု ဝေဖန်မှုများထွက်ပေါ်လျက် ရှိသည်။
ယင်းစာအုပ်နှင့် ပတ်သက်၍လည်း လူမှုကွန်ရက် ဖေ့စ်ဘွတ်များပေါ်တွင် ဝေဖန်မှုများ ရှိခဲ့သည်။
ထို့အတူ မော်ဒယ်ညစ်ညမ်းဓာတ်ပုံများ နှင့် “ရိုမန်းဘောစ်တွေရဲ့ကမ္ဘာ” စာအုပ်ကိုလည်း မီဒီယာအချို့မှ ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။
ညစ်ညမ်းဓာတ်ပုံ၊ စာပေများကို အရေးယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စာနယ်ဇင်းကောင်စီနှင့် စာနယ်ဇင်းများက အဓိကလုပ်ဆောင်ရမည် မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကသာ စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်းကို ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပြဌာန်းချက်များအရ သိရသည်။
ညစ်ညမ်းစာပေ၊ ညစ်ညမ်းဓာတ်ပုံများ နှင့်ပတ်သက်၍ အရေးယူထောင်ချနိုင်ရန် ရာဇသတ်ကြီး၏ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ နှင့်၂၉၃ တို့တွင် ပြဌာန်းထားသည်။
ယင်းပုဒ်မများသည် ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ၏ နောက်ဆက်တွဲဇယား၌ ပြဌာန်းထားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်း သိရသည်။
ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများသည် ရဲတပ်ဖွဲ့က သတင်းရလျှင်ရချင်း လိုက်လံစုံစမ်းဖော်ထုတ်နိုင်သည့် ပြစ်မှုပုဒ်မများဖြစ်ပြီး ပြည်သူတစ်ဦးဦးကဖြစ်စေ၊ စာနယ်ဇင်းကောင်စီကဖြစ်စေ တရားရုံးသို့ သွားရောက်ကာ ဦးတိုက်လျှောက်ထားရန် မလိုကြောင်း သိရသည်။
ညစ်ညမ်းဓာတ်ပုံများဖြစ်ပါက ဓာတ်ပုံအရိုက်ခံသည့်သူသာမက ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာအပါအဝင် ယင်းဓာတ်ပုံကို ဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။
ထို့အတူ ညစ်ညမ်းစာပေများဆိုပါကလည်း ရေးသူသာမက ထုတ်ဝေသူဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။
မည်သူမဆို ညစ်ညမ်းသောစာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန်ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသောအရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျှင်သို့တည်း မဟုတ်ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့မြင်သာအောင်ပြခြင်း၊ ဖြန့်ချိခြင်းကိစ္စတစ်ခုခုအလို့ငှာ ပြု လျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့ တည်းမဟုတ် လက်ရှိထားလျှင် ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ အရ သိရသည်။
eleven media မှာတွေ့လို့ ကူးတင်တာပါ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘာလုပ်နေသလဲ
ဘာမဟုတ်တဲ့ နိုင်ငံခြားရုပ်ရှင်ဇတ်လမ်းတွေဖမ်းပြီး
ဒါမျိုးကျတော့ ဖတ်လို့ကောင်းနေလို့လား
ရဲတွေ ခင်ဗျားတို့ အလုပ် လုပ်သင့်ပြီ
ဘာမဟုတ်တဲ့ အပြာစာတွေရေးတဲ့ကောင်ကိုတောင်မဖမ်းရဲ ရင်
ရဲ လုပ်မနေနဲ့ …
ရဲတပ်ဖွဲ့ထဲကထွက်လိုက်
လုံမလေးမွန်မွန်
June 23, 2014 at 12:51 pm
ကျွန်မကတော့ ခုလိုရေးထားတာတွေ ဖတ်မိရုံနဲ့တင် ဒီလိုစာအုပ်မျိုး တရားဝင်ထွက်လာတာကို ကန့်ကွက်ပါတယ်။ ဘာလို့လည်းဆိုတော့ လူ့ကျင့်ဝတ်နဲ့ မညီလို့ပါ။
အရင်က ဆရာကြီး ပီမိုးနင်းရဲ့ စာအုပ်တွေ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ် ဒီလိုမျိုး လူ့ကျင့်ဝတ်ဖောက်ပြန်မှုတွေနဲ့ တန်ဆာဆင်မထားဘူးလို့ ထင်ပါတယ်။ တရားဝင်ထွက်လာတဲ့စာအုပ်ကို မျိုးဆက်သစ်တွေ ဖတ်မိရင် အမှန်တရားလို့ ထင်သွားမှာ စိုးရိမ်ရပါတယ်။
ကျွန်မထင်တာကို ပြောရရင် မြန်မာနိုင်ငံမှာ မုဒိန်းမှုတွေများလာတာ အဲဒီအပြာစာအုပ်တွေကြောင့်ပါ။ ဖုန်းထဲက သတင်းနဲ့ပတ်သက်တဲ့ app တစ်ခုမှာ Blue books ဆိုတဲ့ Subtitle တစ်ခု ပါလာပါတယ်။ အပုဒ် ၃ဝ ကျေ်ာလောက်တော့ ရှိမယ်။ တွေ့တော့လည်း ဖတ်မိတယ်ပေါ့။ လူ့ကျင့်ဝတ်ဖောက်ပြန်မှုတွေနဲ့ တန်ဆာဆင်ထားတာကို စိတ်ပျက်စရာကောင်းလောက်အောင် တွေ့လိုက်ရတယ်။ ဆရာမနဲ့ ကျောင်းသား၊ အဒေါ်နဲ့ တူအရင်း၊ မောင်နှမအရင်းခေါက်ခေါက်၊ သားအဖ၊ နောက် အသက်မပြည့်သေးတဲ့ အိမ်ဖော်…အို အစုံပဲ။ အဲဒီတော့ ဖတ်မိတဲ့သူတွေက ဒါတွေကို အဟုတ်ထင်မယ်၊ ဖတ်ရတဲ့အတိုင်း ဟုတ်မလားဆိုပြီး လက်တည့်စမ်းမယ်၊ ဒီလိုနဲ့ ညံ့ဖျင်းလှတဲ့ ပညာရေးစနစ်၊ နိမ့်ကျတဲ့ လူနေမှုအဆင့်အတန်းအောက်မှာ အမှားအမှန် မခွဲခြားနိုင်တော့ပဲ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ မုဒိန်းမှုတွေ ဖြစ်လာတော့တာပဲ။
ဒါကြောင့် သာမန်လိင်ပညာပေးမဟုတ်ဘဲ လူ့ကျင့်ဝတ်ဖောက်ပြန်မှုတွေနဲ့ တန်ဆာဆင်ထားတဲ့ ဒီလိုစာအုပ်မျိုး တရားဝင်ထွက်လာတာ ရှုံ့ချပါကြောင်း…
kogyi mind
June 23, 2014 at 1:52 pm
စာပေလွတ်လပ်ခွင့်တွေ၊ ခံယူချက်တွေ၊ နားလည်မှုတွေ ခဏဖယ်ထားဗျာ..ခပ်ပြတ်ပြတ်တွေးရင် ကောင်းတယ်..မကောင်းဘူး. နှစ်မျိုးပဲရှိတယ်. ကျန်တာတွေက ဆင်ခြေကောင်းကောင်းရှိရင် ဒီအတိုင်းကြည့်နေရမှာပဲ.. ဆိုးတဲ့အရာကိုတရားဝင်အောင်လုပ်တာလည်းလူပဲ.. ကောင်းတာကို ဖယ်ထုတ်တာလည်းလူပဲဆိုတော့ သတ်မှတ်ချက်ကို လက်ကိုင်ထားပြီး အမှား၊ အမှန်ပြောလို့မရဘူး..ဓမ္မဓိဋ္ဌာန်လက်ကိုင်ထားပြီး ခပ်ပြတ်ပြတ်ပြောရရင်..လူအဖွဲ့အစည်းတစ်ခုလုံးဟာ အရှက်ကင်းမဲ့ပြီး ဒီလိုစာပေတွေဟာ ထမင်းစားရေသောက်ဖြစ်လာခဲ့မယ်ဆိုရင်တောင် ဒီကိစ္စဟာ မှန်သွားပြီလို့ ဘယ်တော့မှ မထင်ချင်ဘူး..အကြောင်းတစ်ခုကြောင့် အကျိုးဆက်ဆိုးမယ်ဆိုရင် ဒီကိစ္စ ဟာ ကန့်ကွက်ရမယ့် အရာဖြစ်သွားပါပြီ..ဥပမာထပ်ပြောပါ့မယ်..လူညီရင် ဤ ကို ကျွဲ လို့ဖတ်လို့ရကောင်းရလိမ့်မယ်..ဒါပေမယ့် အဲဒီ ဤ ဟာ ဘယ်တော့မှ ကျွဲ မဟုတ်ပါဘူး..ဒါကြောင့် ခေတ်ကာလအခြေအနေအရ မလွဲမသွေလက်ခံကောင်းလက်ခံရမယ့်အချိန်ရောက်လာနိုင်ပေမယ့် ( ဒီလိုလက်ခံလိုက်ရုံနဲ့တော့) ဒါဟာဖြင့် မှန်ပါတယ်လို့ ဘယ်တော့မှ လက်မခံပါဘူး.. အချိန်မရလို့ ခပ်တိုတိုပဲ ဆွေးနွေးလိုက်ပါတယ်..
အိမ်လွမ်းသူ
June 23, 2014 at 3:33 pm
ဒီ စာအုပ်ကို မဝေဖန်ခင် အဲဒီစာအုပ်ရေးသူရဲ့ အမေ ဒါမှမဟုတ် မိန်းမ ဒါမှမဟုတ် ညီမ ဒါမှမဟုတ် သမီး ဆိုသူတို့ရဲ့ အဲဒိစာအုပ်အပေါ် ထားတဲအမြင်ကို သိရရင် အရမ်းကောင်းမယ်။ ဒါမှမဟုတ် သူဟာ တကိုယ်ရေတကာယ သမားဆိုရင်တော့ ဘာမှ ဆက်ပြောစရာမရှိ တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်မှာ တော်တော်ခင်ရတဲ့ သူငယ်ချင်း အသိ တစ်ယောက်ရှိတယ် အမေက ငယ်ငယ်ကတဲကဆုံးသွားပြီး အဖေ သဘောင်္သား ကလဲနောက် အိမ်ထောင်မပြုပဲ ညီအကို နှစ်ယောက်ထဲ ကျန်ခဲတော့ သူဟာ လူပျိုပေါက် ကထဲက Sex ကိစ္စကို စည်းလျွတ် ဘောင်လျွတ် ကို ဝါသနာပါပါ လိုက်စားတာ ( ပြောရရင် အပျို အအို သူများမယားပါ မရှောင့်ပါဘူး) ။ ကျွန်တော်တို့က ဒီကိစ္စက မသင်တော်ဘူးလို့ ပြောလိုက်ရင်လဲက ဒီကိစ္စက ရှက်စရာမှ မဟုတ်တာလို့ပြောပါတယ် နောက်ပြီး သူလိုလို့ ကိုဖြည့်တာ ဘာငရဲမှ မကြီးပါဘူး ဆိုတာ သူ့လက်သုံး စကား။ သူ အိမ်ထောင်ကြလို့ မွေးလာတာ သမီးကြီးပဲ နှစ်ယောက် အခု တယောက်က အပျိုပေါက်တောင် ဖြစ်နေပြီ ကျွန်တော်တို့ ကတခါတလေ ခင်လို့ သူ့သမီး တွေနဲ့ နောက်ရင်တောင် ဒေါ်သ တော်တော် ထွတ်တတ်နေပြီ။ အဲဒါ ဘာကို ပြတာလဲ ဆိုရင် လူဟာ သူ့ရဲ့ သွေးသားနီးတဲ့ အနီးဆုံးလူ ထဲမှာ မိန်းခလေး ဆိုတဲ့ ခံဘက်ကမရှိ မချင်း ကိုယ်ချင်းမစာ တတ်ဘူးဆိုတာပဲ။ လူဆိုတာ သွေးနဲသားနဲ့ တည်ဆောက်ထား တာကြောင့် ကိုယ်ချင်းစာစိတ်မရှိပဲ စိတ်ရှိတိုင်း စည်းလျွတ်ဝါးလျွတ် တာလုပ်ကြကြေးဆို ဒီလောက မှာ လင်ကောင်မပေါ်ပဲ မွေးတဲ့ကလေးတွေ ထားစရာနေရာ တောင်ရှိမှာ မဟုတ်ဘူး။
kai
June 23, 2014 at 4:25 pm
အပြာရောင်စကားဝိုင်းဆိုလို့.. ကျော်ထားမိတာ.. အခုမှဖတ်ဖြစ်တယ်..။
ဆိုတော့..
ထိပ်မှာစတစ်ကီလုပ်ထားလိုက်တယ်..။ အေးရော..။
မြန်မာပြည်လောလောဆယ်အခြေအနေအရ.. အင်တာနက်ကြီးလည်းပွင့်..
အသက်မပြည့်သူတွေလည်း… ဆဲလ်ဖုံးလေးတွေကိုယ်စီနဲ့.. ဒေါင်းချင်သလောက်ဒေါင်းလို့ရနေတဲ့..ခေတ်ကြီးဆိုတော့ကာ…
ကျုပ်သဘောဆိုရရင်တော့.. ဒါကပါးပါးလေးပဲရှိပါသေးတယ်…. လို့..။
အခုလို..လှိုင်းပြာဝင်လာတာကို.. အကြောင်းပြပြီး.. လွတ်လပ်စွာရေးသားခွင့်ကို ..ပိတ်ပင်မှသာ.. ထိပါးမှသာ.. ပိတ်တဲ့သူ.. ကမ္ဘာ့ရာဇဝတ်မှုမြောက်ကျုးလွန်တာပါလို့..။
အခုလို အပြာလွှမ်းစာရေးတဲ့အတွက်လည်း..စာရေးသူကိုလွတ်လပ်စွာ..ဆဲနိုင်.. ပြောနိုင်ခွင့်ရှိရ..ရှိသင့်ပါတယ်လို့..။
အခုလိုပြန်လှန်မပြောရလုပ်မှသာ.. ဒီမိုကရေစီကိုထိခိုက်တာပါ… လို့..။
အဲလို…။
Mr. MarGa
June 23, 2014 at 5:42 pm
freedom of speech ကို အားရပါးရ အော်ခဲ့ဖူးသမို့
ပြီးတော့ မဟုတ်လဲ တိုးတိုးတိတ်တိတ် ပျံ့နေတာမို့ မှတ်ချက်ချချင်စိတ်တောင် မရှိပါဘူးဗျာ။
ဒီလို ပေါ်ပေါ်ထင်ထင် ထွက်လာတာကို လုံးဝ (လုံးဝ) သဘောမတူ။
သူ့ဟာသူ စက်ကွင်းလွတ်အောင် ဘယ်လောက်ပဲ ရေးထားထား ဆယ်နှစ်ကလေးတောင် အရက်ဝယ်လို့ရနေတဲ့ဆီမို့ ဘယ်လိုမှ မဖြစ်နိုင်တာက သိသာနေတယ်။
Rule of law ကို တိတိကျကျ မလုပ်နိုင်သေးဘဲနဲ့၊ ထိန်းချုပ်နိုင်မှု မရှိသေးဘဲနဲ့ ဒီစာအုပ်တွေ ထွက်လာတာကို ဘယ်အကြောင်းပြချက်နဲ့မှ လက်ခံပေးစရာ မရှိ။
ဒါဟာ လွပ်လပ်ခွင့်ကို အလွဲသုံးစားလုပ်တယ်လို့သာ ခေါင်းစဉ်တပ်ချင်ပါတယ်။
ကွန်ဆာဗေးတစ်လို့ နာမည်တပ်မယ်ဆိုရင်လဲ ကျေကျေနပ်နပ် လက်ခံလျက်….
ဝင့်ပြုံးမြင့်
June 23, 2014 at 8:18 pm
-အေပေး ခွေးမသား အောင်ရင်ငြိမ်း၊
ခလေးတွေ ပညာရေး စုတ်ပြတ်နေပါတယ်ဆိုမှ ဒင်းကတစ်မျိ ုး။
အရီးခင်
June 23, 2014 at 8:30 pm
:-))))))))))))
အရီးခင်
June 23, 2014 at 8:34 pm
သူကြီးမင်း အပြောမြင်လိုက်ရတာ ဟိုလိုလို ဒီလိုလို သိပ်မဟန်ဘူး။
ဒီမိုကရေစီ ကို ဆင်စမ်းသလို မငြင်းချင်တာမို့ “ဖတ်စာ” ကိုင်ပြီး ပြန်ထွက်လာပါတယ်။
ဒီမိုကရေစီ ဖတ်စာ ရဲ့
“အခြေခံသဘော (၈) – လူအများစုမှ ပြဌာန်းသည့် ဥပဒေ ကို မကြိုက်သော်လည်း လိုက်နာရမည်။”
အများစု၏မဲဆန္ဒဖြင့် အတည်ပြုထားသော ဥပဒေများကို လူတိုင်းမှ လိုက်နာကြရမည်။
တိုင်းသူပြည်သား အချို့ကသာ ဥပဒေကို လေးစားလိုက်နာကြရမည်ဟု ဆိုလျှင် တရား မျှတမှုမရှိသည့် အပြင် ရှုပ်ထွေး စရာလဲ ဖြစ်ပါသည်။
အကယ်၍တိုင်းသူပြည်သားအချို့က ဝင်ငွေခွန်ကဲ့သို့ ဥပဒေမျိုးကို လိုက်နာစရာမလို ခဲ့ လျှင် ကျန်တိုင်းသူပြည်သားများသည် ဝင်ငွေခွန်ပိုဆောင်း၍ အစားထိုး ပေးကြရပါလိမ့် မည်။
ထိုသို့အပိုဆောင်းပေးရခြင်းသည် မတရားမှုဖြစ်ပါသည်။ အကယ်၍ လူတစ်ယောက် ကသာ “ငါ့ကားကို လိုင်စင် မလုပ်ချင်လို့ လိုင်စင် မလုပ်ဘူးကွာ” ဆိုလျှင်ရော။
ထိုကဲ့သို့ဆိုလျှင်တော့ ပြသနာများဖြစ်လာနိုင်ပါသည်။
လူတစ်ယောက်က ဈေးဆိုင်တစ်ဆိုင်မှ ပိုက်ဆံများကို အလစ်သုတ်ပြီး လိုင်စင်နံပါတ် မရှိ သောကား နှင့် ထွက်ပြေးကောင်းပြေးနိုင်သည်။
လိုင်စင်လုပ်မထားသောကားကို ရဲဌာနမှ လည်း ရှာနိုင်မည်မဟုတ်ပါ။ ပြသနာတွေ အများကြီး ဖြစ်ပါသည်။
ထိုမှဆက်လျှင် ဥပဒေကို မည်သူတွေက လိုက်နာ ရမည် ၊ မည်သူတွေက လိုက်နာရန် မလို ဟု မည်ကဲ့သို့ ဆုံးဖြတ်ကြပါမည်နည်း?
ထိုကဲ့သို့သော မေးခွန်းအရှုပ်အထွေးများကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ဖြေရှင်း မှသာ ပို၍ ကောင်းပါ လိမ့်မည်။
ဒီမိုကရေစီ စနစ်တစ်ခုတွင် “လူတိုင်း” ဥပဒေကို လိုက်နာကြရပါသည်။
လူအများစု၏ မဲဆန္ဒ ဖြင့် ဥပဒေတစ်ခုကို ပြဌာန်းထားခဲ့လျှင် ပြည်သူတိုင်းက လိုက်နာကြရပါမည်။
ထိုဥပဒေကို ဆန္ဒခံယူစဉ်ကကန့်ကွက်ခဲ့ကြသူများပင်လျှင် ထိုဥပဒေကို လိုက်နာရပါသည်။
ဒီမိုကရေစီစနစ်တစ်ခုတွင် ပြောလေ့ရှိသော စကားတစ်ခုမှာ “ဥပဒေ၏ အထက်တွင် မည်သူ မှမရှိ” ဟုဖြစ်ပါသည်။
ဥပဒေကို လိုက်နာစရာ မလိုဟု အထင်ရောက်နေသောသူကို တွေ့ဘူးပါသလား?
မိမိကိုယ်မိမိ ဥပဒေ၏ အထက်တွင်ရှိသည်ဟု ထင်နေသူမျိုးကိုရော တွေ့ဘူးပါသလား?
အကယ်၍ လူအချို့ကိုဥပဒေ မလိုက်နာခွင့်သာပေးခဲ့ပါလျှင် ဥပဒေကို လိုက်နာရန်လိုသူ များနှင့်ဥပဒေကိုလိုက်နာရန် မလိုသူများကို ခွဲခြားမှတ်သားထားရန် အလွန်ခက်ပါလိမ့်မည်။
ဥပဒေများသည် လူ့အဖွဲ့အစည်း တစ်ခုလုံး၏ ကောင်းကျိုးအတွက်ဖြစ်ပါသည်။
တိုင်းသူပြည်သားအများစုက ဥပဒေကိုလိုက်နာကြရမည်ဆိုလျှင် လူအနည်းစုကို ဥပဒေမှ ကင်းလွတ်ခွင့်ပြုခြင်းမှာ မတရားမှုဖြစ်ပါသည်။
ဒီမိုကရေစီစနစ်တွင် ဥပဒေကို မကြိုက် သော်ငြားလည်း လိုက်နာရပါမည်။
ပုံတွင်ပါသည့် ဥပဒေကို ကြိုက်နှစ်သက်၍ ပြုံးရွှင်နေသောသူ လေးယောက်သည်လဲ ဥပဒေကို လိုက်နာရပါမည်။ ဥပဒေကို မကြိုက်၍ မဲ့နေသောသူ နှစ်ယောက်သည်လဲ ဥပဒေကို လိုက်နာရပါမည်။
ဒီမိုကရေစီ စနစ်တွင် လူတိုင်း ဥပဒေကို လိုက်နာကြရပါမည်။
===========================================
မဖတ်ရသေးသူများ ဖတ်လိုပါက “ဒီမိုကရေစီ ဖတ်စာ” ပါ။ ကြော်ငြာ ဝင်ပါသည်။ ဖတ်ကြပါ။
ဒီမိုကရေစီ ဖတ်စာ (၁) – Dr. Jerry Dean Epps (ဘာသာပြန်)
http://myanmargazette.net/107296
ဒီမိုကရေစီ ဖတ်စာ (၂) – Dr. Jerry Dean Epps (ဘာသာပြန်)
http://myanmargazette.net/107631
ဒီမိုကရေစီ ဖတ်စာ (၃) – Dr. Jerry Dean Epps (ဘာသာပြန်)
http://myanmargazette.net/107648
ဒီမိုကရေစီ ဖတ်စာ (အစ မှ အဆုံး) PDF Format
http://myanmargazette.net/107650
သူကြီး http://mandalaytube.com က ဝင်မရလို့။
===========================================
ဤ ဖတ်စာ ကြည့်ပါ။
(ဥပဒေများသည် လူ့အဖွဲ့အစည်း တစ်ခုလုံး၏ ကောင်းကျိုးအတွက်ဖြစ်ပါသည်)
ကျွန်မ မြန်မာပြည်အကျိုးစီးပွါး တိုးတက်မှု ကို လိုလားသူ ပြည်သူ တစ်ဦး အနေနဲ့ ဆန္ဒပြုခွင့် ရလျှင် ပြုလိုပါသည်။
“၁၈အောက်ဟု သတ်မှတ်ထားသော စာအုပ်များ ကို အများပြည်သူများ အတွက် ဖြန့်ဖြူးးထုတ်ဝေခွင့်မပေးရန်” ဥပဒေ
“ကလေးသူငယ်များ စီးကရက် အရက်သေစာ” သောက်ခွင့်မပြုသည့် ဥပဒေ
(မယုံမရှိပါနဲ့။ ဒီမှာ အဲဒီ ဥပဒေရှိပါတယ်၊ လူကြီးတွေ တောင် လူများရာ နေရာတွေမှာ ဆေးလိပ်မသောက်ရပါ)
စသဖြင့် ကလေးတွေကို ပညာရေး၊ လူမှုရေး၊ စိတ်ဓာတ်ရေး၊ ကျန်းမာရေး ပျက်ပြားစေတဲ့ အကြောင်းတွေကနေ အကာအကွယ်ပေးမဲ့ ဥပဒေများ ထုတ်ဖို့လိုပါတယ်။
တကယ်ဘဲ လူညီရင် ဥပဒေပြု လို့ ရရပါမယ်။
ဒါမှ ဒီမိုကရေစီပါ။
အများက ကျွန်မ တင်တဲ့ ဒီလို ဥပဒေပြုရန်အဆိုကို ကန့်ကွက်သည် ဆိုပါစို့။
သူတို့ အများရဲ့ ဆန္ဒနဲ့ ထုတ်ဝေခွင့်ရတဲ့ စာအုပ်တွေ ကို အများရှေ့ ရောက်နေတာ ကျွန်မ လက်ခံဖို့လဲ ဝန်မလေးပါ။
ကိုယ့်သားသမီး အတွက် ကိုယ်ဟာကိုယ် တတ်စွမ်းသ၍ ကာကွယ်ဖို့ဘဲ ရှိပါတယ်။
ဒီမိုကရေစီစနစ်တွင် ဥပဒေကို မကြိုက် သော်ငြားလည်း လိုက်နာရပါမည်။
မိုင် ၃ဝမောင်းရန်လမ်း ကို မိုင်၄ဝမောင်းလို့ မရတာ အသိပါ။
အဲဒီလို ဖြေးဖြေးမောင်းရမှာ ကို မမောင်းကြလို့၊ အန္တရာယ်ဖြစ်ခဲ့လို့၊ ဖြစ်လာမှာမို့ ဥပဒေ သတ်မှတ်ထားရခြင်းပါ။
အလကား တော့ မဟုတ်။
ဒါ့အပြင် ကလေးတွေ သွားတာများလာတဲ့ အခါ ဒါကို မိုင် ၂ဝ နဲ့ လဲ ပြီး ဥပဒေ ပြင်ရန် တောင်းဆိုခွင့် ရှိပါတယ်။
ဒါကြောင့် အများအတွက် အကျိုးများတဲ့ ဥပဒေပြနိုင်ဖို့ လူတိုင်းလူတိုင်း မှာ တာဝန် ရှိတယ် ဆိုတာလေး သတိရှိနေကြဖို့ပါ။
ဟိုဘက်မှာ မပြုံး ဖြစ်စေချင်တဲ့ “မယားပြိုင် ဥပဒေ” ဖျက်ပြီး “တစ်လင်တစ်မယား ဥပဒေ” အတွက်လဲ ကျွန်မ သဘောညီပါတယ်။
ဥပဒေ ဖြစ်ဖို့ အစွမ်းကုန်ကူညီပါမယ်။
ဒီလို ကိုယ့် (တနည်း) အများဆန္ဒ တွေ အကောင်အထည် ပေါ်လာနိုင်ဖို့ တိုင်းပြည်ကို စေတနာ ရှိသူ စွမ်းအားရှိသူ ရဲ့ လက်ထဲ ဥပဒေပြုခွင့် အာဏာ ရောက်အောင် သာ ဝိုင်းဝန်း ပံ့ပိုးကြပါ လို့ တိုက်တွန်းလိုပါတယ်။
(ဪ ဒီ အရီးတော့ ဇွတ်ကြီး ဘာဘဲပြောပြော နောက်ဆုံး ဒီဘူတာဘဲ ဆိုက်တော့တာဘဲ )
:-)))))))
PS –
လောလောဆယ် မှာတော့ ထိုအပြာစာအုပ် ကို ရေးခဲ့သူ ကို ထောင်ထဲပို့ ရန်မလိုပါ။
သူ့ အပြစ်မဟုတ်ပါ။
သူတို့ကတော့ ကိုယ့်အကျိုးဘဲ သာမာန်မြင်ပြီး ရေးမှာဘဲ။
တော်ကြာ အမှု တစ်ခုခု ဖြစ်သွားလို့ ရွာကလူတွေ ပယောဂမကင်းဖြစ်တော့မယ်။
ဒါကို အများရှေ့ ပို့သင့်မသင့်၊ အများမှာ အဆိပ်ဖြစ်မဖြစ် သိဖို့ တားဖို့က သက်ဆိုင်ရာ အစိုးရ ရဲ့ တာဝန် သာဖြစ်ပါကြောင်း။
ကိုယ့် အနာဂါတ်ရင်သွေး တွေ အဆိပ်သင့်မှာ ကို ကာကွယ်ရမှာလဲ တိုင်းပြည်ထဲရှိ အရွယ်ရောက်သူတိုင်း ရဲ့ တာဝန်ဖြစ်ပါကြောင်း။
kai
June 23, 2014 at 11:32 pm
၁။ မြန်မာပြည်မယ် ဥပဒေရှိပြီးဖြစ်ပါလိမ့်မယ်..။ ဥပဒေမယ် ချွင်းချက်မရှိသင့်..မြန်မာများ ဥပဒေလိုက်နာမှုအားနည်းသေးသောကြောင့် (ဟုဆိုကာ) ဥပဒေတခုထပ်ပြု ခြင်း.. လူအုပ်စုနှင့်ဖိခြင်း မဖြစ်သင့်….
( အမေရိကားတွင်အမေရိကန်များ လိုက်နာလုပ်နိုင်သည်များကို မြန်မာပြည်ဝယ်.. မြန်မာများလည်း လုပ်ကိုလုပ်နိုင်ရမည်..
၂။ လူအများစုတွန်အားဖိအားကြောင့် ဥပဒေမဏ္ဍိုင်ယိုင်ပြီး တရားရေးကပါ ဘက်လိုက်ပါလျှင်.. ပိုမိုဆိုးဝါးသော အခြေအနေကို လုအများစုကတွန်းပို့နေပြီဟု.. ဟူလို..
In a democracy, the people get the government they deserve. – Alexis de Tocqueville
တိမ်မည်း
June 24, 2014 at 1:55 pm
အရီး…
လူလယ်ခေါင်မှာ ဆေးလိပ် မသောက်ရဆိုတဲ့ ဥပဒေက ရှိပီးသားဆိုတော့ ဘယ်လိုမျိုးလဲဟင်….
အရီး နဲနဲလေး အကျယ်သိရင် အဆင်ပြေမယ်ဆိုရင် ပြောပြပါလားဟင်…
ရှိတယ်ဆိုတာ အခုမှ ကြားဖူးလို ့ပါ….
လေးစားလျက်
တိမ်မည်း
naywoon ni
June 24, 2014 at 2:01 am
သူကြီးနဲ့ အရီး ရေ ခင်ဗျားတို့ နှစ်ယောက် ၂၀၁၅ မှာ လွှတ်တော်ထဲ ဝင်ထိုင်သင့်ပြီ
Foreign Resident
June 24, 2014 at 5:42 am
ကျနော့်ခမျာလဲ ဟိုဘက် Post ရော ၊ ဒီဘက် Post ရော မန့်နေတော့ ၊
မန့်တွေက တစ်ပိုင်းစီ အဆက်အစပ် မရှိသလို ဖြစ်နေတယ် ။
အဲဒီတော့ ဟိုဘက် Post ” ခင်ဗျားတို့ ထမင်းတွေဖြူရဲ့လား (အောင်ရင်ငြိမ်း) ”
ထဲက မန့်လေးကို ဒီဘက် ယူလာပါတယ် ။
Foreign Resident says:
” ၁ ။ အရွယ် မရောက်သေးတဲ့ ၊ ဆင်ခြင် ဆုံးဖြတ်နိုင်မှု မပြည့်ဝသေးတဲ့ ကလေးသူငယ် တွေ ၊
မှားယွင်း ဆုံးဖြတ်မိမှာ စိုးရတဲ့အတွက် ၊ ဒီလို စာအုပ်တွေကို မဖတ်ဖြစ်ဖို့ လိုတယ် ။
အဲဒီလို မဖတ်ဖြစ်ဖို့ အတွက် အစိုးရက ဥပဒေ နှင့် ကာကွယ်ပေးရမယ် ။ ”
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) မူစံတွေ အရ အရ ၊
စာရေးဆရာ အောင်ရင်ငြိမ်း က ၊ ဒီစာကို ရေးသားခွင့် / ထုတ်ဝေခွင့် ရှိပါတယ် ။
သူ့ ရဲ့ လုပ်ရပ်တွေထဲမှာ မ တရားမှု တစ်ခုမှ မတွေ့သေးဘူး ။
( ဒီစာဟာ ကောင်းတယ် ၊ မကောင်းဘူး နှင့် မဆိုင်သေးဘူး နော် )
အဲ ၊ အောင်ရင်ငြိမ်း ရေးတဲ့ ဒီစာ ကို ၊ မမြင်သင့် မမြင်ထိုက်တဲ့ ၊
ကလေးသူငယ် တွေ မ မြင်မိစေဖို့က ၊ အစိုးရ နှင့် ဥပဒေ ရဲ့ တာဝန်ပါ ။
အဲဒီမှာ ခက်တာ ( ၂ ) ချက် ပေါ်လာတယ် ။
၁ ။ ပထမ ၊ မြန်မာပြည်မှာ လက်ရှိ ရှိနေတဲ့ ဥပဒေ တွေက မပြည့်စုံသေးဘူး ။
၂ ။ အရီးခင် says:
” လူအများစုမှ ပြဌာန်းသည့် ဥပဒေ ကို မကြိုက်သော်လည်း လိုက်နာရမည် ”
ဒုတိယ ပြဿနာက မြန်မာပြည်မှာ လက်ရှိ ရှိနေတဲ့ ဥပဒေ တွေက ၊
လူ အများစု ( လူ အများစု ) က ပြဌာန်း ထားတာ မဟုတ်ပြန်ဘူး ။
နောက် တစ်ခုက ဥပဒေကို လူ အများစု က ပြဌာန်းသည် ဆိုသည့်တိုင်အောင် ၊
လူနည်းစု တွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို မထိပါးသင့်ဘူး ။
အခု အဖြစ်အပျက်ကို ၊ နောက်ဆုံး သုံးသပ်ရရင်တော့ ၊
စာရေးဆရာ အောင်ရင်ငြိမ်း ၊ ဒီစာကို ရေးတဲ့အချိန် နဲနဲ စောနေတယ် ။
သူ့စာတွေကို လက်ခံဖို့က ၊ မြန်မာနိုင်ငံသားတွေ အဆင်သင့် မဖြစ်သေးဘူး ။
ဒါပါဘဲ ။
ဟဲ ဟဲ ၊ ကြုံတုန်းလေး ၊
အဘ ရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၅ဝ ) ( ရုရှ စကား ပြောသင့်တယ် ဆိုပဲ ) ” ထဲက ၊
စာသားလေးကို သတိရလို့ ပြန်တင်ပေးလိုက်ပါတယ် ။
” ကျနော်တို့ကော ၊ ဒီမိုကရေစီ နှင့် လူ့ အခွင့်အရေး ကို တကယ် လိုချင်ကြသလားဟင် ။
ဟဲ ဟဲ ၊ အဘ သိပါတယ် ၊ မလိုချင်ကြပါဘူး ။
ဒီမိုကရေစီ – ထဲက ကိုယ်သာမယ့် အချက်လေးတွေကိုပဲ ကွက်ယူပြီး ၊
ကိုယ်နာမယ့် အချက်လေးတွေကိုတော့ဖြင့် မလိုချင်ဘူး ၊ မဟုတ်လား ။
လူ့ အခွင့်အရေး – ဆိုရင်လဲ ၊ ကိုယ်သာ အပြည့်လိုချင်ပြီး ၊
သူများ ကိုတော့ အပြည့် မပေးချင်ဘူး ၊ မဟုတ်လား ။
ဟဲ ဟဲ ဟဲ ၊ ရမှာပါ ။ ရအုံးမှာပါ ။ ”
” I do not agree with what you have to say,
but I’ll defend to the death your right to say it ”
Voltaire
” မင်း ပြောတဲ့ စကား / အယူအဆ ကို ငါ သဘောမတူဘူး ။
ဒါပေမယ့် ၊ မင်း ( အဲဒီ အယူအဆ ကို ) ပြောဆို ရေးသားခွင့် ရှိစေဖို့ အတွက် ၊
ငါ့ ရဲ့ အသက် ကို ပေးပြီး ကာကွယ်ပေးသွားမယ် ”
( ဗေါ်လတဲယား )
ဇီဇီ
June 24, 2014 at 8:28 am
အမှန်တော့လေ အဲလို တစ်တစ်ခွခွတွေ မပါပဲ စိတ်လှုပ်ရှားအောင် ရေးလို့ ရတဲ့ဟာကို …. :mrgreenn:
သူ မို့ မြေအောက် စာပေ ပုံစံကို မြေပေါ်တင်လာရဲတယ်။
:mrgreenn:
ဒီလို အကြမ်းပတမ်းတွေမပါပဲ ရေးလိုရာကို မျက်စိထဲ ပေါ်လာအောင် ရေးတဲ့ နည်း အနော့ မောင်လေး ဂီ ဆီမှာ သင်တန်းတက်လိုက်ပါအူးးးလို့ ပြောချင်ပါတယ်။
:boss:
အဟွတ်။ :mrgreenn:
အနော့ မောင်လေး အရေးအသား ပိုင်နိုင်ကြောင်းကို ဖြင့် ထမင်းစား ပို့(စ) နဲ့ ခြေသည်းညှပ် ပို့(စ) တွေမှာ လေ့လာနိုင်ပါတယ်။
အနော်တို့ ဝါးတို့ အနစ်နာခံပြီး မင်းသမီး အဖြစ် သရုပ်ဆောင်ရတဲ့ ပို့(စ) တွေပါ။
ငိငိငိ။
😀
ဦးကျောက်ခဲ
June 24, 2014 at 10:17 am
အဟတ်… မနေနိုင်လို့ ဓားခုတ်ရာ ဇက်ဝင်ယားရရင်…
ဘောင်းဘီချွတ် စစ်အစိုးရက ဒီမိုကရေစီလို့ လေလည်ပြလိုက်တာ…
ရွှေကိုကို ရွှေမမ ရွှေဂျီပုန်းများက လူ့အခွင့်အရေးဆိုပြီး တန်းစီထွက်တော့ပဲ…
ပြန်တွက်ကြည့်ရင်…
– နေ့စားခနဲ့ ဆန္ဒပြတယ်
– ဂျီပုန်းတွေ ပေါ်ပေါ်ထင်ထင် မင်္ဂလာဆောင်တယ်
– အခု အပြာစာအုပ် ပေါ်တင်ထုတ်တယ်
တိုင်းပြည်အတွက် ဘာများအကျိုးရှိတာ ဘာတွေပါ ပါသလဲ…
ဂျပန်ခေတ် လမ်းမပေါ် ဆေးရိုးလှမ်းတာထက်တောင် ဆိုးသေးတယ်…
နာလိုခံခက် အမြင်ကပ်ပေမည့် ဂွဇက်သဂျီး အလုံး ယူသုံးလိုက်ဦးမယ်…
“အနှစ် တစ်ထောင် ကျိန်စာ”
မှတ်ချက်… ဘာသာရေးကို လာဆွဲမထည့်ရ… ဘာမှမဆိုင်…
😀
kyeemite
June 24, 2014 at 11:37 am
ဖွဘုတ်တော်မှာတွေ့လို့မလာတာ…
Min Din
ဆြာဒင့်သီအိုရီ။
နစ်ရှေးဘာပြောပြော
မော်ဒန်လို့ဘယ်လိုပြောပြော
ကမ္ဘာသစ်ကြီးပါလို့ ဘယ်လိုပြောပြော
ကွန်ဆာဗေးတစ်ဖြစ်ဖြစ်
လစ်ဗရယ်ဖြစ်ဖြစ်
လူအများရှေ့မှာ၊မိသားစုရှေ့မှာ
ကိုယ်ရေးထားတဲ့ စာကိုဖတ်ပြကြည့်။
ပါးထရိုက်ခံရရင် မရေးသင့်တဲ့စာပဲ။
😀 😀 😀
ဇီဇီ
June 24, 2014 at 11:56 am
ခရက်ဒစ် တူ MrMaung KoThet
မြန်မာပြည်နဲ့ နိုင်ငံတကာစံချိန်ကို ချိန်ထိုးမယ်ဆိုရင် အဲ့ဒီ၂ခုဟာ တန်းညီလားဆိုတာကို အရင်မေးခွန်းထုတ် စရာဖြစ်ပါလိမ့်မယ်။
တခြားနိုင်ငံတွေမှာ …………….
ဥပမာ စင်ကာပူမှာ အရက်ဆေးလိပ်စတာတွေကို ဝယ်ယူဖို့ အနိုမ့်ဆုံး အသက်ရှိပါတယ်။
barတွေ night club စတဲ့ ကလပ်တွေကို ဝင်ဖို့ဆိုတာလည်း အသက်ကန့်သတ်ထားပါတယ်။
အသက်မပြည့်သေးသူကို မုဒိန်းကျင့်မိရင်ပဲဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက် (molest) လုပ်မိရင်တော့ ကြိမ်ဒဏ်ရောထောင် ဒဏ်ရောတွဲလာပါလိမ့်မယ်။
secondaryလောက်ရောက်ရင်ပဲ ကျောင်းတွေမှာ sex educationကို တရားဝင် ပညာပေး သင်ပေးနေပါတယ်။
မြန်မာနိုင်ငံလို အဲ့သလို သတ်မှတ်ချက်တွေမရှိသေး၊ ကန့်သတ်ချက်တွေမရှိသေး၊ ထိထိရောက်ရောက် အရေးယူမူတွေမရှိသေးတဲ့ နိုင်ငံတခုမှာ………
အဲ့သလို အထူးသဖြင့် လူငယ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ စာပေတွေကို NC18လို့တပ်လိုက်ရုံနဲ့ ဖြန့်ဝေလို့ ရပြီဆိုရင်တော့ မှားနေပြီလိုုပဲပြောပါရစေ။
ကျနော့်အမြင်ကတော့….
တချို့စာတွေဟာ
မျက်နှာဖုံးမြင်တာနဲ့ မဖတ်သင့်တော့ဘူး။
တချို့စာတွေဟာ
တရွက် နှစ်ရွက်လှန်ကြည့်လိုက်တာနဲ့ မဖတ်သင့်တော့ဘူး။
တချို့စာတွေဟာ
ချပ်ပတာ တခု နှစ်ခုလောက်ဖတ်ပြီးတာနဲ့
မဖတ်သင့်တော့ဘူး။
တချို့စာတွေဟာ
တဝက်လောက်ရောက်ပြီးတာ
မဖတ်သင့်တော့ဘူး။
တချို့စာတွေဟာ
မဖတ်သင့်ဘူးလို့ လူအများပြောရင်ဖြင့်
မဖတ်သင့်တော့ဘူး။
တချို့စာတွေဟာ
လှန်ကြည့်ရုံကြည့်ပြီး ဆက်မဖတ်သင့်တော့ဘူး
တချို့စာတွေဟာ
တခါဖတ်ပြီး
နောက်တခေါက်ထပ်မဖတ်သင့်တော့ဘူး။
တချို့စာတွေဟာ
ကြောင်ပုဇွန်စားကြွတ်ကြွတ်ဝါးဆိုလို ဖတ်ရမယ်။
တချို့စာတွေဟာ
စာအုပ်စင်ပေါ်မှာတင်ထားပြီး
အခွင့်သင့်တိုင်းဖတ်ရမယ်။
တချို့စာတွေဟာ
မိတ်ဆွေအပေါင်းအသင်းစတာတွေကို
ဖတ်န်ိုင်အောင် ဝေမျှရမယ်…
အဲ့သလိုမှတ်ထားပါတယ်ခင်ဗျာ…..
(စာတအုပ်လုံး၊ စာတပုဒ်လုံးကို ဖတ်စရာမလိုပဲ စာဖတ်သာနာခဲ့ရင် စာရေးသူရဲ့စေတနာကို ခန့်မှန်းလို့ရပါတယ်)
သီဟသူရ ညောင်ရမ်းဂျီးထူ
June 24, 2014 at 1:31 pm
စာရေးဆရာ နေနော် ၏ သဘောထား >>>
ပြန်ကြားရေးနဲ့စာရေးဆရာ
အသင်းတွေက တစ်ခုခု
မလုပ်ဘူးဆိုရင်တော့
ကျွန်တော်တို့ စာရေးဆရာတွေ
စုပြီးတစ်ခုခုလုပ ်ရပါလိမ့်မယ်
Ma Ma
June 24, 2014 at 1:57 pm
တစ်ခုစဉ်းစားမိတာ စာရေးသူဟာ သူ့ကလောင်နာမည်နဲ့ လူတောတိုးရဲသလားဆိုတာကို…..:roll: