ခေတ်က ပညာခေတ်ဖြစ်လာပါသည်။ ပညာမတတ်ရင် လူရာဝင်ဘို့ ခက်ခဲလာမည့် အရိပ်အယောင်တွေ တွေ့နေရပါပြီ။ အလုပ်ခေါ်စာများကို ကြည့်လိုက်ရင်လည်း အနည်းဆုံးလိုအပ်သော ပညာအရည်အချင်းတွေက မြင့်တက်လာခဲ့ပါပြီ။ လုပ်ငန်းရှင်များကလည်း မိမိတို့၏ လုပ်ငန်းကို ဦးစီးဘို့ တော်ရုံလူကို မခန့်ချင်တော့ပါ။ ကုမ္ပဏီတစ်ခုတွင် အဆင်ပြေနေပါလျက် နောက်ကုမ္ပဏီ တစ်ခုသို့ ပြောင်းရွှေ့သွားသူတွေ များလာပါ သည်။ ကျင့်ဝတ်မစောင့်ထိန်းကြတော့ပဲ ကိုယ့်ပြိုင်ဘက်ကုမ္ပဏီထံ မှ ဝန်ထမ်းကို လစာနှင့် အခွင့်အရေးမက်လောက်အောင်ပေးပြီး ခေါ်ဘို့ ဝန်မလေးကြတော့။ အရည်အချင်းရှိသော ဝန်ထမ်းများကို ထိန်းသိမ်းရခက်လာသည့်သဘော။ ထို့အတွက်ကြောင့် တချို့ ကုမ္ပဏီများ၏ ပြသနာဖြေရှင်းသည့် နည်းမှာ မကျွမ်းကျင်သေးသည့်ဝန်ထမ်းများကို ခေါ်ခန့်ပြီး အလုပ်လုပ်ရင်း သင်ကြား ပေးခြင်းဖြစ်ပါသည်။ မကျွမ်းကျင်စဉ်အခါတော့ လစာ အသင့်အတင့်ပဲပေးထားပါသည်ပေါ့။ သို့သော် ကျွမ်းကျင်လာသော အခါတွင် တော့ ဝန်ထမ်းက တခြားကုမ္ပဏီသို့ […]