Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


padonmarJune 3, 20161min6937
မြေပဲ ကျွန်း ထိုင်ဝမ်မှာ ဘယ်တွေ ရောက်ခဲ့လဲ လို့ မေးရင် ဆေးရုံတွေ ရောက်ခဲ့ပါတယ်လို့ ဖြေရပါမယ်။ Dalin Tsu Chi Buddhist Hospital Havo Medical Center Shin Kong Memorial Hospital West Garden Hospital Far Eastern Hospital နာမည်မှတ်မရတာ ကျန်ဦးမယ်ထင်ပါရဲ့။ ရောက်တဲ့ ဆေးရုံမှာ ဆေးဘယ်လိုကုတယ်ဆိုတာတော့ အရည်ပျော်ဦးနှောက်က စိတ်မဝင်စားဘဲ Volunteers လို့ နာမည်ထိုးပေးထားတဲ့ waist coat တွေ ဝတ်ထားတဲ့ သက်ကြီးပိုင်းတွေကို လိုက်ကြည့်နေမိပါတယ်။ အဲဒီ Volunteer တွေက လူနာတွေကို စာရင်းသွင်းပေးတာ၊ သွေးဖောက်ဖို့ လမ်းညွှန်ပေးတာ၊ သွေးပေါင်ချိန်စက်နဲ့ သွေးပေါင်ချိန်ပြီး မှတ်တမ်းစာရွက်လေး ထုတ်ပေးတာ၊မသွားတတ်တဲ့ […]


padonmarMay 16, 20162min83312
  ထိုင်ဝမ်မြေပဲကျွန်းအကြောင်းမှာ တတိယ နေရာအဖြစ် ပြောချင်တာကတော့ ဖန်တရာတေအောင် ပြောပြီးဖြစ်တဲ့ တန်းစီခြင်း Queue ပါပဲ။ ထိုင်ဝမ်မှာ ဘယ်နေရာမဆို တန်းစီပါလို့ ပြောနေစရာ မလိုပါဘူး။ ရထားပေါ်တက်မယ့် တံခါးဝမှာ တန်းစီဖို့ မျဉ်းကြောင်းလေး ဆွဲပေးထားပါတယ်။ တန်းအဝေးကြီး စီမနေရအောင် တန်းစီတဲ့ လိုင်းကို အနားမှာတင် ၃ပတ်လောက် ကွေ့ပြီး ဆွဲပေးထားပါတယ်။ မျဉ်းကြောင်းအတိုင်း ဝင်စီသွားရုံပါပဲ။ စက်လှေခါး Escalator တွေမှာလည်း ညာဖက်ကို ကပ်စီးပေးကြပါတယ်။   ရုံးတက်ချိန် ကျောင်းတက်ချိန် အလျင်လိုသူတွေ လူငယ်တွေက လွတ်နေတဲ့ ဘယ်ဖက်က လွတ်လွတ်ကြီး ပြေးသွားနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတွေ တခုနဲ့ တခု ကပ်ရပ်ပေးတဲ့ ဖက်ချင်း မတူဘူးလို့ ဖတ်မှတ်မိပါတယ်။ ဂျပန်မှာက ဘယ်ဖက်ကို ကပ်ရပ်ပါတယ်တဲ့။ […]


padonmarMay 15, 20163min119212
  ထိုင်ဝမ်ဆိုတဲ့ မြေပဲကျွန်းမှာ ခဏရောက်တုံး သဘောကျမိတာလေးတခုကတော့ အများနဲ့ ဆိုင်သောနေရာများကို အများသုံးခွင့်ရတာပါပဲ။ Public usage of public space လို့ ဘိုလိုတော့ကြည့်ပါမယ်။ တရုတ်လိုတော့ (ပုဟွေ့ကျန်ဟွ) မပြောတတ်လို့ပါ။ ဆရာမကြီး ဒေါ်ခင်လှတင်ရဲ့ ဓမ္မသင်တန်းဖွင့်လှစ်ရာ ကျုံးဟို အလယ်တန်းကျောင်းမှာ ညဖက်ဆို ကျောင်းသားလေးတွေ အကကျင့်တာ၊ စန္ဒယားတီးတာ၊စာဖတ်တာတွေ တွေ့ခဲ့ရသလို လူကြီးတွေလည်း ထိုက်ကျိကျင့်တာ၊ဝူရှူး ကျင့်တာ ညတိုင်းတွေ့ခဲ့ရပါတယ်။                   တနင်္ဂနွေတရက်မှာ အမျိုးတွေရှိရာ ပန်ချောင်းရပ်ကို ဒေါက်တာနှင်းဝတ်ကြည် Hnin Wut က MRT နဲ့ လိုက်အပို့ ပန်ချောင်းဘူတာရဲ့ မြေအောက်ထပ် အကျယ်ကြီးမှာ လူငယ်လေးတွေ […]


padonmarMay 13, 20163min79411
ခရီးထွက်ခဲတဲ့ ဒေါ်ပဒုမ္မာက အိမ်ကနေထွက်ပြီး ခရီးလေးများ သွားမိပြီဆို ရေးမဆုံးပေါင် တောသုံးထောင် ဖြစ်ပါလေရော။ တနှစ်က ကိုရီးယားလေး ၅ရက်သွားမိပါတယ်။ ကကြီးအကြောင်း တတို့နှစ်တို့ ရေးလိုက်တာ ၄ပိုင်းဖြစ်သွားတယ်။ အခုလည်း မြေပဲကျွန်းဆိုတဲ့ ထိုင်ဝမ်ကို တလလေး သွားရပါတယ်။ ရေးချင်တာတွေ များလို့ ၁။၂။၃။၄ ဇာတ်လမ်းတွဲမယ် စိတ်ကူးတာပဲ။ဘယ်တော့ပြီးမယ်တော့ မသိ။ ထိုင်ဝမ်ကျွန်းက မြေပဲတောင့်ပုံလေးနဲ့ တူလို့ မြန်မာပြန်များက မြေပဲကျွန်းလို့ ခေါ်ကြပါတယ်။ ထိုင်ဝမ်တရုတ်တွေကိုတော့ မြေပဲတွေလို့ ATT (=အတင်းတုပ် credit tဝ Kay Thwe Oo) ကြပါတယ်။ သူတို့က ကိုယ်တို့ ရွှေပြည်ကြီးထက် တိုးတက်တော့ ရိုးရိုးမြေပဲ မဟုတ်။ Value added= packing ကောင်းကောင်းထုပ်ထားတဲ့ မြေပဲယိုပါ။ မြေပဲကျွန်းအကြောင်းပြောပြမယ့်ထဲမှာ တိုက်အမြင့်ကြီးတွေ […]


padonmarMarch 17, 20161min68210
ကွယ်လွန်သူ ဆရာကြီး ဦးအောင်သင်းရဲ့ လှလိုက်တာနော် နှင့် ရသ စာတမ်းငယ်များ စာအုပ်ထဲက `စစ်မဲ့သူရဲကောင်း´ ဆောင်းပါးလေး ကောင်းလွန်းလို့ မိတ်ဆွေများကို မျှဝေပါတယ်။ ဆရာကြီးက စစ်မဲ့သူရဲကောင်းအဖြစ် ရမည်းသင်းစား သီဟပတေ့က သူ့လက်ဖက်ခွက်ပေါ် ဖက်ဝန်း မအုပ်ပေးမိမှုအပေါ် အထင်လွဲပြီး ပုန်ကန်ရန်ကြံစည်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ငါးစီးရှင်ကျော်စွာ ကို ရည်ညွှန်းပါတယ်။ သူနဲ့ နှိုင်းယှဉ်ပြတာကတော့ ငရမန်ကန်းနဲ့ ကြွေအံကစားရင်း မခံချင်စိတ်နဲ့ `နင်စွမ်းရင် ပုန်ကန်လေ´ လို့ ပြောခဲ့တဲ့ စောလူးမင်း ရဲ့ မိုက်မဲမှုပါပဲ။ သမိုင်းမှာ စောလူးမင်းလို ညံ့ဖျင်းတဲ့ ခေါင်းဆောင်မျိုး မွှေလိုက်ပြီ ဆိုရင် နောက်ဆက်ခံရတဲ့ ခေါင်းဆောင်ဟာ ဖာလို့ ထေးလို့ မဆုံးနိုင်အောင်ဖြစ်တတ်တာ ဓမ္မတာပါတဲ့။ စောလူးမင်းနောက်က တက်တဲ့ ကျန်စစ်မင်းကြီးရဲ့ ဘဝဟာ သူ့ရဲ့ […]


padonmarFebruary 18, 20161min88216
14.2.2016 ညနေ ၅နာရီ ၄၅ မိနစ်တွင် မထက်ထက်ထွန်း အိမ်၌ ဟောကြားပေးသော ဆရာတော် ဦးဇောတိက တရားထဲမှ ကျန်းမာရေးအတွက် သိကောင်းစရာများ (၁) ကျန်းမာဖို့အတွက် အစာ အများကြီး စားစရာ မလိုပါ။ အချိုဓာတ်ကနေ Cholesterol အဖြစ်ပြောင်းစေပါတယ်။ ဒါ့ကြောင့် အချိုကို လျှော့စားရပါမယ်။ အစာစားတဲ့အခါ အဆာပြေပြီဆိုရင် ရပ်လိုက်ပါ။ လူရဲ့ ဦးနှောက်က အစာစားပြီး အချိန်အနည်းငယ်ကြာလို့ သွေးထဲက အချိုဓာတ်တက်လာမှ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်ရပါတယ်။ ဒါ့ကြောင့် ဗိုက်ဝပြီ ဆိုမှ ရပ်ရင် လိုအပ်တာထက် ကိုယ်ထဲကို ပိုဝင်သွားပါပြီ။ (ဘုန်းဘုန်းဆို ဆီးချို ရှိတာ ကိုယ်လက်လှုပ်ရှားပြီး အစားထိန်းထားရုံနဲ့ ဆီးချို မတက်တော့ပါဘူး၊ အစာလျှော့တဲ့ အတွက် လူကလည်း ပိန်မသွားပါဘူး။) Longevity […]


padonmarFebruary 17, 20161min5659
ကြည်ဖြူပါစေ တရားတော်(ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်း စာချဆရာတော်) (လင်းထက်ဦး+အိဖြူမွှေး မင်္ဂလာဆွမ်းကျွေး 12.2.2016) မှတ်သားဖွယ်များ (၁)မင်္ဂလာဆောင်တယ်ဆိုတာ တိုးတက်ခြင်း၊ကြီးပွားခြင်း၊ချမ်းသာခြင်းတွေဆောင်တဲ့ အလုပ်ကို လုပ်ရင် မင်္ဂလာဆောင်တာပါပဲ။ မင်္ဂလာဟာ အမြဲ ဆောင်နေနိုင်တဲ့ အလုပ်ပါ။ စာသင်ခန်းကို ဝင်လို့ ဆရာနဲ့ တပည့် မင်္ဂလာပါလို့ နှုတ်ဆက်လိုက်တာဟာ ဂါရဝေါစ၊နိဝါတောစ၊ကာလေန ဓမ္မဿ ဝနာ ဆိုတဲ့ ရိုသေခြင်း ၊ကိုယ့်ကိုကိုယ် နှိမ့်ချခြင်း၊ သင့်တော်တဲ့အချိန်မှာ မှန်ကန်တဲ့ တရားကို နာယူသင်ယူခြင်း ဆိုတဲ့ မင်္ဂလာကို ဆောင် လိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်တိုင်းမှာ မင်္ဂလာဆောင်နိုင်အောင် ကြိုးစားကြရပါမယ်။ (၂) ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားကို မြင်တော့ ကိသာဂေါတမီဆိုတဲ့ ပိန်ပိန်ပါးပါး မင်းသမီးက ဂါထာလေး တပုဒ်ကို သီဆိုလိုက်ပါတယ်။ `ရတနာထိုက်တဲ့ သားသမီးကို ရတဲ့ မိဘဟာ […]


padonmarJanuary 10, 20164min128529
(Facebook မိတ်ဆွေ ဒေါက်တာ မောင်မောင်မြင့် ဆီက ခွင့်တောင်းပြီး မျှဝေပါတယ်။ ဆရာက မင်္ဂလာဈေး ဒုတိယအကြိမ် မီးလောင်မှု အပြီးမှာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ နည်းစနစ်ကောင်းတွေ၊မလွှဲမရှောင်သာ ကြုံလာရင်လည်း ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေမယ့် အစီအမံတွေကို ကိုယ်တွေ့အဖြစ် ရေးပေးထားတာပါ။FB မှာ တရက်အတွင်း 1500 ကျော် Share ယူသွားကြလို့ ဖတ်ပြီးသားလည်း ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် မဖတ်ရသေးတဲ့ ဂဇက်မိတ်ဆွေများအတွက် လာတင်ပေးပါတယ်။) ၂၀၀၂ခုနှစ်လောက်က မိတ်ဆွေတစ်ယောက်ရဲ့ လှိုင်သာယာမှာလည်ပတ်နေတဲ့ ပလတ်စတစ်ပုံနှိပ်လုပ်ငန်းမှာ မနက်လင်းအားကြီးအချိန် မတော်တဆမှုတစ်ခုဖြစ်ပါတယ်။ ပလတ်စတစ် ပုံနှိပ်လုပ်ငန်းဆိုတာ ပလတ်စတစ် အလိပ်လိုက်ကို ဆေးရောင် Dot လေးများ နှစ်ထားတဲ့ Rollerပေါ်ဖိ .. တင်ဒါနဲ့ ဖျော်ထားတဲ့ ဆေးရောင်ကန်ထဲ ဖြတ်ပြေးစေပြီး ပုံနှိပ်ရတာပါ။ အရောင် […]


padonmarJanuary 6, 20161min122410
ကျမတို့ ငယ်ငယ်က စာစောင်တွေထဲ ပါခဲ့တဲ့ ဆရာ ဗန်းမော်ညိုနွဲ့ ရေး အရုဏ်ဦးကလေးကဗျာများစာအုပ် ကို စိတ်ကူးချိုချိုက ဝယ်ခဲ့တယ်။ တအုပ်မှ ၁၀၀ဝ ရယ်။ Discount 20% ဆိုတော့ ၈၀ဝ ပဲကျတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့ တိုင်အောင် ကဗျာတွေက ခေတ်မီ အသုံးတဲ့ဆဲပါ။ ဖတ်ကြည့်စေချင်ပါတယ်။ဝယ်ပြီး သားငယ်သမီးငယ်လေးတွေကို သင်ပေးစေချင်ပါတယ်။


padonmarJanuary 4, 20164min175029
၂၀၁၅ ဆိုတဲ့ ၃၆၅ ရက်ကိုတော့ ကျော်ဖြတ်ခဲ့ပါပြီ။ မသေသေးဘူးဆိုတော့ ဒီနှစ်ထဲ ကိုယ်ဘာတွေများ ဖြစ်ခဲ့သလဲ၊လုပ်မိခဲ့သလဲလို့ ဒီမှတ်တိုင်ကို ပြန်လှန်သုံးသပ်ခွင့်ရလိုက်ပြန်ပါပြီ။ ဒီနှစ်ကတော့ ဝါးခယ်မနှစ်၊ခရီးသွားနှစ်၊သင်္ဂဟမေတ္တာနှစ်၊ ရွှေခယ်ရတနာနှစ်၊FB နှစ် လို့ သတ်မှတ်ရမှာပါပဲ။ ရန်ကုန်ကို ၂၀၀ဝ ခုနှစ်ပြောင်းလာပြီး နောက်ပိုင်းနှစ်တွေမှာ တနှစ်ကို တခေါက်ပဲ ဝါးခယ်မ ပြန်ဖြစ်ရာကနေ ၂၀၁၅ မတ်လ ၂၈ မှာ ပြန်ဖြစ်တော့ လမ်းတွေ အလွန်ကောင်းနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် လာချင်ရင် အနီးလေး လို့ FB Note တစောင် ရေးလိုက်မိတာ နိမိတ်ဖတ်သလိုပဲ ဝါးခယ်မကို မကြာမကြာ ရောက်ဖြစ်တော့တာပါပဲ။ လူလည်းရောက် လူကိုယ်တိုင်မရောက်နိုင်ချိန် စိတ်နဲ့လက်(FB ပေါ်ကနေ)ရောက်ပါပဲ။ ဇွန်လဆန်း 7.6.2015 မှာ ရွှေခယ်ရတနာစာကြည့်တိုက်ဖွင့်ပွဲတက်၊ ဇူလိုင်လဆန်း 1.7.2015 […]


padonmarJanuary 1, 20161min6768
လူတယောက်တည်း ကားခြောက်စီးတရားတော် (ယောဆရာတော်ကြီး-ဓမ္မဗျူဟာ ဆုနှင်းပွဲ 31.10.2015) လူတယောက်တည်း ကားခြောက်စီးတရားတော် (ယောဆရာတော်ကြီး-ဓမ္မဗျူဟာ ဆုနှင်းပွဲ 31.10.2015) -မိမိခန္ဓာ ဆွေမျိုးပါ၊ ဥစ္စာ အတတ်များ၊ ဒုက္ခများစွာ ကိလေသာ၊ လူမှာရှိတဲ့ မော်တော်ကား။ -လူတယောက်တည်း ကားခြောက်စီး၊ ခရီးတွင်အောင် မောင်း၍သွား၊ လူတယောက်တည်း ကားခြောက်စီး၊ ခရီးတွင်အောင် စီး၍သွား၊ -မဂ်ပေါက်ဖိုလ်ပေါက် နိဗ္ဗာန်ရောက်၊ လမ်းဖောက်ထားတဲ့ မြတ်တရား။ -အရှိ၏အောက် အသိရောက် ၊ တိမ်းမှောက် လူက ရှုံး၍သွား။ ဒုက္ခများစွာ ကိလေသာ၊ လွှမ်းကာဖိ၍ ကားကြပ်သွား။ အရွယ်သာကြီး၊ခရီးမရောက်၊ လမ်းမပေါက် လန့်ကြောက်အားငယ်သွား။ -အသိ၏အောက် အရှိရောက်၊ ပြီးမြောက် လူကအောင်မြင်သွား။ -အဆိုးကို နိုင် အကောင်းပိုင်ကာ၊ အားဖြည့်ပါ၊ ချမ်းသာအေးမြ တိုးတက်သွား။ ကြီးလာသလောက် ခရီးရောက် […]


padonmarDecember 31, 20152min141519
ကျမနာမည်ပြောင်းမှ ဖြစ်မယ်……… Aye Aye Myint·Friday, December 4, 2015172 Reads ဒီလောကကြီးမှာ အေးအေးမြင့်တွေ အတော်ပေါပါတယ်။(ပေါတောတော ဆိုတဲ့ ပေါတာမျိုး မဟုတ်ပါဘူးနော်။ ပေါများတယ် ဆိုတဲ့ ပေါခြင်းပါ။)ဧကန္တတော့ ဒီနာမည်ဟာ နာမည်ပေးတဲ့ မိဘတွေအတွက် အတော် စိတ်ချမ်းမြေ့စရာ နာမည်မျိုးမို့ တနင်္ဂနွေသမီး တော်တော်များများရဲ့နာမည်ကို အဲဒီခေတ်က ဒီနာမည်ပဲ ပေးလိုက်ကြတာ ဖြစ်မှာပဲ။(ကိုယ်လိုရာ ဆွဲတယ်ပြောချင်လည်း ပြောပေ့စေ) အမှန်တော့ ကျမ ငယ်ငယ်က အိမ်ကို ဆွမ်းခံကြွတဲ့ မုံရွာကျောင်းတိုက်က ဆရာတော် ဦးဇောတက အောင်မိမိ(သို့) အောင်မမ လို့ နာမည်ပေးခဲ့တာ။(အဲ့ဒီနာမည်နဲ့သာဆို အခု အတော်ခေတ်မီနေမှာ) ဒါပေမယ့် ကျမတို့ ညီအမများရဲ့ အမည်ကင်ပွန်းတပ် ဆရာကြီးက ကျမတို့ရဲ့ တဦးတည်းသော အကိုကြီးပါ။ အမေက […]


padonmarDecember 31, 20151min112715
ဒီဇင်ဘာဆိုတာ နိုင်ငံခြားရောက် သူငယ်ချင်းတွေ အပြန်များတဲ့လဆိုတော့ gathering တွေ လုပ်ရတဲ့ လပေါ့။ ဒီနှစ် ဒီဇင်ဘာ၂၄ မနက်စောစောမှာ သူငယ်ချင်းစောကြီးက မတ်စိပို့လာတယ်။ သိန်းဌေးတယောက် ရောက်နေပြီ၊ နင့်ကို သူ့ဆီ ဆက်သွယ်ပါပြောခိုင်းလို့ တဲ့။ သူ့Viber ကို ခေါ်တော့လည်း ပြန်မထူး၊ဖုန်းနံပါတ်ကလည်း မသိ။ မနက်၁ဝနာရီလောက်ကျတော့ ဖုန်း တကောလ် ဝင်လာတယ်။ ဟယ်လို ထူးလိုက်တော့ ကျနော့် အသံမမှတ်မိဘူးလားတဲ့။ ဒီအသံ နဲ့ သတင်းကြိုရထားတာနဲ့ ပေါင်းပြီး သိန်းဌေးမလားလို့ ရောချလိုက်တာပေါ့။ (ဒီကောင် သိန်းဌေးက 2nd MB ထဲက တဂရုထဲ တူတူတက်ခဲ့ရတော့ မောင်နှမတွေလိုပါပဲ။ မှတ်မိသေးတယ်။23.12.2003 LA မှာ သူမင်္ဂလာဆောင်တော့ Outside California ကလာတဲ့ ဧည့်သည် လက်ထောင်ပါဆိုပြီး […]