padonmarNovember 27, 20154min74517
      သကျမဟာသီရိဘုရားကြီးတန်ဆောင်းထဲမှာ မုန့်ပွဲတော်အတွက် အရုဏ်ဆွမ်းမလောင်းခင် မနက် ၅နာရီကတည်းက အစောဆုံး လာထွက်ပေးတဲ့ မုန့်သည်ကတော့ အာဒက်ပါပဲ။ မုန့်အဖြူ ကို သကြားဖြူးပေးရင် တခု 150 ပါ။ ကြက်ဥထည့်ရင်တော့ တခု 300 တဲ့။ ပူပူနွေးနွေး ချိုဆိမ့်ဆိမ့် ကျွတ်ကျွတ်လေး မို့လို့ အတူပါသွားတဲ့ တူနဲ့ တူမတွေက အဲဒီ မုန့်သည်နားက မခွာတော့ပါဘူး။ နွားနို့နဲ့ စိမ်စားရင် ပိုကောင်းတာပေါ့။ လက်ဖက်ရည်နဲ့လည်း လိုက်တယ်။ မနက် ရနာရီလောက်မှာ အားလုံးကုန်လို့ ဆေးကြောနေတုံး ဘယ်လောက်ဖိုးရောင်းရလဲဆိုပြီး အင်တာဗျူးလိုက်တာ ပြုံးပြုံးကြီးနဲ့ တသောင်းခွဲဖိုး ရောင်းရတယ်တဲ့။ ဒီဇင်ဘာ ၂ရ သိမ်တော်ကြီး ဝါးခယ်မအသင်း နှစ်ပတ်လည်ကျရင် လိုက်လာရောင်းနော်ဆိုတော့ လာမှာပေါ့တဲ့။ အကိုကြီး အမကြီးတို့ […]


padonmarOctober 16, 20151min39412
မှော်ပီဆရာသိန်းကြီးရဲ့ ဗျိုင်းနားမင်္ဂလာ စာတမ်း ပြန်ပုံနှိပ်ထုတ်ဝေတာဖတ်ရပါတယ်။မင်းလောင်းရွေးတော့ အဖေက မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်မယ်၊မင်္ဂလာဗျိုင်းနားပါစေ။ သားက သူသာမင်းဖြစ်ရင် တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် လုပ်မယ်တဲ့။ ဗျိုင်းက သားခေါင်းပေါ် နားလိုက်တာ တိုင်းပြည်ကြီးလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကရော။ အဲဒါ ဘာ့ကြောင့်လဲဆိုတော့ တိုင်းသူပြည်သားတွေ ကုသိုလ်ကံ မကောင်းလို့ပါတဲ့။ (ဒီနေရာမှာ ကုသိုလ်ကံဆိုတာကို ရှေးရိုးစွဲ ယူနေကျ အပေါ်ယံ လူအများမြင်ကောင်းရုံ လှူတာ ၊ဥပုသ်စောင့်တာ၊တရားအားထုတ်တာပဲ မယူဘဲ အတွင်းစိတ်ထားကောင်းများ ရှိတာမှ ကုသိုလ်ကံလို့ ယူစေချင်ပါတယ်)စည်းကမ်းမရှိ၊ ကိုယ်ချင်းစာစိတ်မရှိ၊လုံ့လဝီရိယမရှိ၊ဉာဏ်အမြော်အမြင်မရှိရင်တော့ မင်းကျင့်တရားနားမလည်တဲ့ သားပေါ်ပဲ ဗျိုင်းနားသွားပါလိမ့်မယ်။


padonmarAugust 29, 20151min117751
ကဗျာဆန်ဆန်ပြောရရင်တော့ ဒီစာကို နှလုံးသွေးနဲ့ ရေးရတယ်လို့ ပြောချင်ပါတယ်။ဟုတ်တယ်။ နှလုံးသွေးမှ အရှင်လတ်လတ် ခုန်နေဆဲ နှလုံးသားကို ဒါးစိုက်လို့ တစက်စက်နာကျင်စွာ ကျရတဲ့သွေး။ဘာလို့လဲဆိုတော့ ကိုယ်အလေးအနက်ထား ပြောခဲ့ရေးခဲ့တာနဲ့ ဆန့်ကျင်ဘက်ပြောရလို့ပါ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx တချိန်ကလည်း ရင်နာနာနဲ့ ရေးခဲ့ရတယ်။နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား ဆိုပြီး ဘာ့ကြောင့် ချစ်ပါရက်နဲ့ အမိမြေကို စွန့်သွားကြရတယ်ဆိုတဲ့ အကြောင်း။စာအဆုံးမှာတော့ ဆယ်လမွန်ငါးလေးတွေလို ပြန်ချိန်သင့်ပါပြီဆိုပြီး အမိမြေရဲ့ အဝေးရောက်သားသမီးတွေကို ပြန်ခဲ့ဖို့ ခေါ်ခဲ့မိတယ် ။ခေါ်ခဲ့မိပါတယ်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခုတော့…………စက်တင်ဘာလ ၁ရက်ကနေစပြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်လိုက်ပြီလို့ ကြေငြာလိုက်ပြီ။အလုပ်သမားလေးတွေဖက်က စဉ်းစားရင် ဝမ်းသာပါတယ်။သူတို့လေးတွေ တူတူတန်တန် လုပ်ခရပြီး ဘဝ အဆင့်တိုးတက်မယ်လို့ မျှော်မှန်းရတာပေါ့။အမိုးအကာအောက်က လုံလုံခြုံခြုံ အလုပ်မှာ တနေ့ ၈နာရီလုပ်ရင် ကျပ် ၃၆၀ဝ ဝင်ငွေကို […]


padonmarAugust 18, 20151min55115
ဒီကနေ့ရဲ့ မွေးနေ့ရှင်အပေါင်းအတွက် မွေးနေ့လက်ဆောင်အဖြစ် ဆရာ သင့်လူ ဘာသာပြန်တဲ့ `သက်တော်ရာကျော်ရှည်စေသော်ဝ်´စာအုပ်ကလေး လက်ဆောင်အဖြစ် စာမြည်းပေးပါတယ်။ ဒီစာအုပ်ကို ငါတို့စာပေက မူရင်းစာရေးဆရာထံမှ မြန်မာဘာသာပြန်ခွင့် မူပိုင်ယူပြီး ပြန်ထားတယ်ဆိုတာကလည်း ထူးခြားချက်တခုပါပဲ။ 2005 မေလ 2ရက်နေ့မှာ အသက် ၁၀ဝ ပြည့်တဲ့ အဖိုးကြီး အယ်လန် ဟာ မွေးနေ့ပွဲကျင်းပပေးမယ့် မြို့တော်ဝန်နဲ့ ပရိသတ်ကို ရှောင်ကွင်းပြီး သူနေတဲ့ လူအိုရုံရဲ့ ပြူတင်းပေါက်ကို ကျော်ပြီး ထွက်ပြေးရာက ဖြစ်လာတဲ့ ဇာတ်လမ်းပါ။ သူထွက်ပြေးရာလမ်းမှာ ပတ်သက်မိတာက အကြမ်းဖက်သမားများ The Violence ဆိုတဲ့ ခပ်မိုက်မိုက်နာမည် ပေးချင်တာကို စာလုံးပေါင်းမှားပြီး တယောသမားများ The Violins လို့ နာမည်ရသွားတဲ့ ဂိုဏ်းဝင် ၄ဦးကြီးများတောင်ရှိတဲ့ ပြန်လမ်းမရှိ လူဆိုးဂိုဏ်းကြီးရဲ့ ပေါင်သန်းငါးဆယ်ပါ […]


padonmarAugust 10, 20151min52415
ပဏ္ဍိတာရာမ၊ရွှေတောင်ကုန်း ဆရာတော်ကြီးသက်တော်(၉၄) နစ်ပြည့်ဝိဇာတမင်္ဂလာအတွက် ရည်မှန်းပူဇော်ပါသည်။ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာကို ကလျာဏမိတ္တဖြစ်တဲ့ သူငယ်ချင်း ကြောင့် စပြီး ရောက်ခဲ့ဖူးတာ အခုဆို ရနှစ်နီးပါ ရှိသွားပါပြီ။ လေးနှစ်ဆက်တိုက်လည်း သင်္ကြန် တရားစခန်းတွေ ဝင်ဖြစ်ခဲ့ပါတယ်။အခုတော့ တရားစခန်းမှာ အားမထုတ်နိုင်တာ ကြာပါပြီ။ ရန်ကုန် ရွှေတောင်ကုန်းမှာ ရှိတဲ့ ကျောင်းကိုတော့ အိမ်နီးချင်းဖြစ်တဲ့ ဆရာတော်ကြီးရဲ့ ကပ္ပိယ ဒေါက်တာဝင်းနိုင်ထွန်း အကျိုးဆောင်မှုကြောင့် ဆွမ်းအလှူများ အကြောင်းသင့်တိုင်း လှူဖြစ်ပြီး ရောက်မိပါတယ်။ အလှူလုပ်ဖြစ်တိုင်း ဆရာတော်ကြီးက တရားဟောပေးလို့ နီးနီးစပ်စပ် ဖူးတွေ့ရပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက ကိုယ့်ကို မမှတ်မိပါဘူး။ ဒါလည်း မဆန်းပါဘူး။ကိုယ်က ကျောင်းကို အလှူရှိမှ ရောက်တဲ့ အပြင် မှတ်မိလောက်စရာ ဘာမှလည်း ထူးခြားစွမ်းဆောင်ရည် ရှိတာ မှ […]


padonmarJuly 29, 20151min55627
ဝါဆိုလပြည့်ဆိုရင် တရားဦး ဓမ္မစကြာဟောတာကိုပဲ သတိရမိတတ်ပါတယ်။ တရားဦးနာကြားခွင့်ရပြီး ဂေါတမမြတ်စွာဘုရား သာသနာမှာ ပထမဆုံး သောတာပန်အဖြစ် သစ္စာလေးပါးတရားကို နားလည်သွားသူကတော့ လူတိုင်းသိတဲ့ အရှင် ကောဏ္ဍည မထေရ်ကြီး ဖြစ်ပါတယ်။ မြတ်စွာဘုရားက `အညာသိဝတဘော ကောဏ္ဍညော ၊ အညာသိဝတဘော ကောဏ္ဍညော =ကောဏ္ဍညတော့ တရားမှန်ကိုသိသွားပြီဟေ့ ´ လို့ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးခံရတဲ့ အတွက် `အညာသိ ကောဏ္ဍည =တရားကို ဦးဆုံးသိသူ ကောဏ္ဍည ´ရယ်လို့ နာမည်ကျော် ဧတဒဂ်ရ မထေရ်ကြီး ဖြစ်ပါတယ်။ ဒီဘုရား သာသနာမှာ နောက်ဆုံး ကျွတ်တန်းဝင်တဲ့ (ဘုရားမျက်မှောက် နောက်ဆုံး ရဟန္တာ အဖြစ်ရသူ) သာဝက ကိုတော့ သိသူနည်းပါတယ်။ သုဘဒ္ဒပရဗိုဇ် လို့ခေါ်ပါတယ်။ (ဘုရားဖြစ်ရာ ဗောဓိပင်အောက်ကနေ ဓမ္မစကြာတရားဟောဖို့ […]


padonmarMay 24, 20151min85538
ဒွေးလေးပဒုမ္မာကို သူ့ညီမတော် မလတ်က ညဇီးကွက်လို့ နာမည်ပြောင်ပေးထားတယ်။ ဟုတ်လည်းဟုတ်တာပဲ။ဒေါ်ပဒုမ္မာက အလုပ်ကနေ ညနေ ၆နာရီခွဲလောက်မှာ အိမ်ပြန်ရောက်၊ရေမိုးချိုး၊ ထမင်းစားပြီးချိန် ည၈နာရီလောက်ကနေစပြီး ကမာ္ဘကြီးကို ဖန်သားပြင်ကနေ ချောင်းကြည့်လေ့ရှိပါတယ်။ ဒီကနေ့ညလည်း အီးမေးတွေ ဂျီမေးတွေကို အရင်စစ်၊စာပြန်စရာရှိတာတွေ စာစီပြီးပြန်၊တလက်စတည်း ဟိုဖက်မှာ tab တွေဖွင့်ထားပြီး အဂ္ဂမဟာ ဖွဘုတ်တော်ကြီးကနေ ဘယ်သူတွေ စုပြီး စားကြသောက်ကြသလဲ၊ငါ့အကြောင်းဘာတွေ ထည့်ပြီး tag ကြ mention လုပ်ကြသလဲဆိုတာ စစ်၊ မိတ်ဆွေတွေရဲ့ ဘာညာသာရကာတွေကို Like လုပ်ရ၊ Comment ပေးချင်တာလေးတွေပေးရ၊နောက် tab တခုကနေတော့ ဂဇက်ကို စိတ်ရှည်လက်ရှည် ဝင်ဖို့ကြိုးစားရ။အဲဒါတွေနဲ့ တင် နာရီလက်တံ ၂ပတ်လည်ပြီး ည ၁ဝနာရီ ထိုးပါလေရော။ ဖန်သားပြင်က Virtual world ကြီးက […]


padonmarMay 23, 20151min50828
ရွံတတ်ရင်တော့ ဆက်မဖတ်ပါနဲ့နော်။ ဟုတ်တယ်လေ၊တီကောင်ဆိုတာ စာထဲမှာတောင် တော်တော်ရွံဖို့ကောင်းပါတယ်။ ထိလိုက်မိရင်လည်း အေးစက်စက် ပျော့စိစိ ချွဲတဲတဲနဲ့။ ကျမလည်း အစက တီကောင်မြင်ရင် ကြောက်တော့ မကြောက်ပေမယ့် ရွံမိပါတယ်။အပင်တွေ စိုက်ဖို့ မြေကြီးတူးဆွရင်း အမှတ်တမဲ့များ တီကောင် မည်းမည်းဝဝကြီးတွေကို ကိုင်မိရင် အလန့်တကြား လွှင့်ပစ်မိခဲ့ပါတယ်။ အခုတော့ ကျမ တီကောင်တွေနဲ့ မိတ်ဆွေ ဖြစ်နေပါပြီ။ မိုးလေး တပြိုက်နှစ်ပြိုက်ရွာလိုက်ပြီဆိုရင် သူတို့နဲ့ ကျမ မျက်နှာချင်းဆိုင်တွေ့ရပါပြီ။ တီကောင်တွေ့တာများ ဆန်းတာလိုက်လို့။ဒါပေမယ့် သူတို့ ကျမကို လာတွေ့တဲ့နေရာက တီကောင်တွေ ကျက်စားလေ့ရှိ်တဲ့ မြေကြီးကနေ ၁၅ပေ လောက်မြင့်မယ့် အိမ်အပေါ်ထပ်က ကျမရဲ့ ရေချိုးခန်းမှာပါ။ အိမ်မှာ တခြားရေချိုးခန်းတွေ ရှိပေမယ့် ကျမရေချိုးခန်းကို ကိုယ်တော်တွေ မချောတွေက ဘာကြိုက်ကြတယ်မသိပါဘူး။ မြေဆွဲအား ဆန့်ကျင်ပြီး […]


padonmarMay 11, 20151min66826
ကျမတို့ညီအမတွေရဲ့ ကလေးဘဝတလျှောက် ဆံပင် အလှဖန်တီးရှင်က အမေပါ။အမေ့လက်ရာကတော့ အားလုံးတပုံစံတည်းထွက်ပါတယ်။အဲဒီပုံကတော့ Bob Hair လို့ခေါ်တဲ့ ရှေ့ဆံမြိတ်က မျက်ခုံးပေါ်အတိ၊နောက်ဆံပင်က ဂုတ်ပေါ်တိတိ ၊အုန်းမှုတ်ခွက်မှောက်ထားသလိ ုနေလို့ အုန်းမှုတ်ခွက်ေကလို့လည်း ခေါ်ပါတယ်။ ကျမတို့ မောင်နှမတွေကတော့ ငယ်ငယ်က ဖတ်ဖူးတဲ့ကာတွန်း ဦးအောင်ရှိန်(ထင်တယ်)ရဲ့ Three Stooges လိုမျိုး ဇာတ်ကောင် ဘဲဂေါင်း၊ဆန်ပြုတ်နဲ့ အီကြာကွေး တို့ရဲ့ ဆံပင်ပုံနဲ့ တူတယ်ဆိုပြီး ဘဲဂေါင်းဆန်ပြုတ်အီကြာကွေးကေလို့ ခေါ်ပါတယ်။ အမေက ကိုယ့်ဆံပင်ကို ကပ်ကြေးနဲ့ ညှပ်ပြီဆိုရင် မတိုစေနဲ့နော်လို့ တဖွဖွ မှာရပါတယ်။ ညှပ်ပြီးရင် ဆောင့်ကြောင့်ထိုင်နေတဲ့ သူ့ပေါင်ပေါ် မျက်နှာမှောက်ခိုင်းပြီး လည်ဂုတ်ပေါ်က ဆံပင်ငုတ်တိုလေးတွေကို ဂျုုတ်နဲ့ ဆွဲပေးပါတယ်။အဲဒီ အချိန်ငြိမ်အောင် ထန်းလျက်ခဲတလုံးပေးပြီး ချော့ထားတတ်ပါသေးတယ်။ ပြီးရင်တော့ မှန်ကြည့်ခွင့်ရပါပြီ။မှန်ထဲ ဆံပင်ညှပ်ပြီးစ ကိုယ့်ပုံကြည့်တိုင်း အမေညှပ်တာ […]


padonmarApril 26, 20156min54435
ဒီတခေါက် ဇာတိမြေ အပြန်ခရီးမှာ နေ့လည်ပိုင်းကျတော့ အဖေ့ဆီစက်လုပ်ခဲ့ရာ တရုတ်တန်းရပ်ကွက်ကလေးကို ပဲ့ထောင်နဲ့ ကူးခဲ့ကြပါတယ်။ ရောက်တဲ့ အချိန် ကလေးတွေ နည်းနေလို့ သာကူကျိုနေတဲ့ အဖွဲ့ကို မေးကြည့်တော့ ညနေ ၃နာရီမှ လာလို့ ခေါ်ထားတယ်တဲ့။ အခုက ၂နာရီပဲ ရှိသေးတယ်။စောနေသေးတော့ အနီးအနားကို လိုက်ကြည့်ဖို့ ထွက်ခဲ့ပါတယ်။ မထွက်ခင် ရောက်နေတဲ့ ကလေးတွေကို `အခုစောသေးတယ်။ သားတို့ သမီးတို့ ဒီနား တဝိုက်မှာ အမှိုက်တွေ ပွနေတာပဲ၊ဆရာမ ဟိုဖက်သွားတုံး အမှိုက်ကောက်ထားကြနော်။ အမှိုက်ကောက်ပြီးရင် ဘယ်မှာ ပစ်မလဲ´ `မြစ်ထဲ ချပါမယ်´ `မြစ်ထဲ အမှိုက်ချရင် အဲဒီအမှိုက်ဘယ်ရောက်သွားမလဲ´ `ရေထဲ မျောသွားပါမယ်´ `မျောပြီးရင်ကော´ တချို့က နည်းနည်း တွေ သွားကြတယ်။ `ကမ်းပေါ် တနေရာရာမှာ တင်သွားပါမယ်´ […]


padonmarApril 19, 20152min52322
နှစ်စဉ် ဇာတိမြို့လေးကို ပြန်နေကျ အတိုင်း ဒီနှစ်လည်း မတ်လ ၂၈ရက်က ပြန်ဖြစ်ခဲ့ပါတယ်။ ၂၉ရက်နေ့ မနက်မှာ မိဘဘိုးဘွားတွေရဲ့ အုတ်ဂူမှာ ကန်တော့ဖို့ သချိင်္ုင်း(သို့)သုသာန် ကို တခေါက် ရောက်ခဲ့ပါတယ်။ အဖေနဲ့ အမေရဲ့ အုတ်ဂူကို သန့်ရှင်းရေး လုပ်နေတုံးမှာ ကလေးတွေ အနားကို ဝိုင်းလာပါတယ်။ ပန်းရောင် အကျီ်နဲ့ ကလေးမလေး တယောက်က ကျမတို့ကို စေ့စေ့ကြည့်ပြီး မေးလာပါတယ်။ `အဒေါ်ကြီး၊အဒေါ်ကြီးက မနှစ်တုံးက သမီးတို့ကို စာတွေမေးသွားတာမလားဟင်´ `ဟုတ်ရဲ့လား၊သမီးက မှတ်မိလို့လား´ `အင်း၊မှတ်မိတာပေါ့။သမီးတို့ကို လိပ်ပြာလေးတွေပါတဲ့ ဘောပင်လေးတွေ ပေးသွားတယ်လေ´ `ဟုတ်တာပေါ့သမီးရယ်။အဲလိုရတာ ပျော်လား´ `အင်း၊ပျော်တယ်။´ `ဒါဆို မနှစ်က အဲဒီ လိပ်ပြာ ဘောပင်လေးတွေ ဘာလို့ ရတာလဲ´ ` စာတတ်တဲ့လူတွေရတာ၊အခု သမီး […]


padonmarApril 17, 20151min59021
Dr.ဒေါ်ခင်နွယ်ဝင်း၏ ဟောပြောချက် မှ နနွင်းအစွမ်းအံမခန်း (Tumeric) နနွင်းသည် ချင်းမျိုးနွယ်တွင် ပါပါသည်။ နနွင်းထဲရှိ ဆေးဖက်ဝင်သောပစ္စည်းမှာ နနွင်းကို အဝါရောင် ဖြစ်စေသည့် Curcumin ဓာတ်ဖြစ်ပါသည်။ နနွင်း၏အစွမ်းများမှာ (၁) ငှက်ဖျားပိုးသေစေသည်။ Anti-malaria effect (၂) ဘက်တီးရီးယားပိုးသေစေသည်။ Anti-bacteria (၃) ဗိုင်းရပ်(စ) ပိုးသေစေသည်။ Anti-viral (၄) ပိုးမပွားအောင်ကာကွယ်ပေးသည်။ Antiseptic (၅) ကင်ဆာဖြစ်စေသော ဓာတ်တိုးမှု ကာကွယ်သည်။ Anti-oxidant (၆) ခန္ဓာကိုယ်ယောင်ရမ်းမှု ကျစေသည်။ Anti-inflammatory (၇) ဦးနှောက်နှင့်အာရုံကြောကို ကာကွယ်သည်။ Neuro-protective (၈) သွေးတွင်းကိုလက်စရောကို ကျစေသည်။ Anti-cholesterol (၉) ဆီးချိုသွေးချိုကျစေသည်။ Anti-diabetic (၁၀) သွေးကြောကျဉ်းရောဂါ(Atherosclerosis)ကို ကာကွယ်သည်။ သွေးကြောထဲသို့ 10,000 […]


padonmarMarch 16, 20151min43119
ဒီပုံထဲက အကျီင်္ စိမ်း ဘောင်းဘီနီကာတွန်းရုပ်နဲ့ ကလေးကို မှတ်မိကြပါသလား။ 2014 နိုဝင်ဘာလ ၁ရက်နေ့တုံးကပေါ့။ ကျမတို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းရဲ့ ဘုံကထိန်ပွဲမှာ လှည့်လည်လာတဲ့ ပဒေသာပင်တွေ အိုးစည်ဒိုးပတ်ဝိုင်းတွေကို တနေရာက ရပ်စောင့်ပြီး ဓာတ်ပုံမှတ်တမ်းတင်နေတုံး…. `ဆရာမ´လို့ နှုတ်ဆက်သံကြားလိုက်ရပါတယ်။ ကျမ အသံကြားရာကို လိုက်ကြည့်တော့ ဒီကလေးလေးကို တွေ့လိုက်ရတာပါပဲ။ ကထိန်လှည့်တာကို တပျော်တပါး လိုက်ကြည့်ကြတဲ့ ကလေးအုပ်စုထဲမှာပါ။ မနှစ်က တရုတ်တန်းရပ်ကွက်ကလေးမှာ ခိုင်ဇာ၊မနှင်းပြုံး၊ရဲစည်တို့ ပေးလိုက်တဲ့ လက်ဆောင် စာရေးကိရိယာနဲ့ ကျောင်းတက်ရင် သုံးဖို့ အသုံးအဆောင်လေးတွေကို Essay နဲ့ စာစီစာကုံး ပြိုင်ပွဲလေး လုပ်ပြီး ဆုချတုံးက သူ့ကိုတွေ့ခဲ့တာပေါ့။သူ့နာမည်တောင် မသိခဲ့ပါဘူး။ ဒီကလေးက ထူးချွန်ဆုမရပါဘူး။ဒါပေမယ့် ကျောင်းတက်တဲ့ ကလေးအားလုံးကို အကျီင်္နဲ့ ဗလာစာအုပ်၊ဘောပင်လေးတွေ ဝေပေးဖို့ တန်းစီခိုင်းတဲ့ […]