Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


weiweiNovember 9, 20141min83842
အောက်တိုဘာလဆိုတာ ကျွန်မအတွက်တော့ အမှတ်ရစရာပေါင်းများစွာရှိခဲ့တဲ့ လတစ်လဖြစ်ပါတယ်။ ကျွန်မရဲ့ လူ့ဘဝအစက အောက်တိုဘာလမှာပါ။ ငယ်ဘဝအားလုံးမှာ အောက်တိုဘာလဆိုတာ ပျော်စရာအကောင်းဆုံးလဖြစ်ခဲ့တယ်။ သီတင်းကျွတ်နီးရင် အမေက အကျီင်္အသစ်ဝယ်ပေးလေ့ရှိတယ်။ သီတင်းကျွတ်ဆိုတော့ လူကြီးမိဘတွေကို လိုက်ကန်တော့ကြလို့ မုန့်ဖိုးရတယ်။ အဖိုးနဲ့အဖွားနဲ့အတူနေတာမို့လို့ သူတို့ကို လာကန်တော့ကြတဲ့ မုန့်တွေကိုလဲ အားရပါးရစားရတယ်။ အိမ်ကို ဧည့်သည်တွေအလာများတယ်။ အရင်တုန်းက သီတင်းကျွတ်မီးထွန်းပွဲဆိုတာ ကလေးတွေအတွက် အရမ်းပျော်စရာကောင်းပါတယ်။ မီးပုံးလေးတွေကို ဝါးတုတ်ချောင်းထိပ်မှာ ဘီးလေးနဲ့တွန်းရတဲ့ မီးပုံးလှည်းလိုမျိုးနဲ့ ရပ်ကွက်ထဲ လှည့်တွန်းပြီး မီးထွန်းထားတဲ့အိမ်တွေကို လိုက်ကြည့်ကြတယ်။ ဖယောင်းတိုင်တွေပေါလို့လား သေချာမမှတ်မိပေမယ့် တစ်အိမ်လုံး ခြံစည်းရိုးတွေမှာ ပြူတင်းပေါက်တွေမှာ ဖယောင်းတိုင်တွေ စီထွန်းခဲ့ကြတာ အိမ်တိုင်းလိုလိုပါပဲ။ တစ်လမ်းလုံးလမ်းထိန်လို့။ မီးပုံးရှားပါးတဲ့အချိန်တွေက သစ်ရွက်လေးတွေနဲ့ ကိုယ်တိုင်လုပ် မီးပုံးလေးတွေလုပ်ပြီး ကစားခဲ့ကြတာကလဲ အမှတ်ရစရာဖြစ်ခဲ့ဖူးတယ်။ ကျွန်မရဲ့ အောက်တိုဘာလအပေါ် ပျော်ရွှင်ကြည်နူးမှုတွေကို အဆုံးသတ်သွားတဲ့ […]


weiweiNovember 5, 20141min94241
အခုတလော သိသိသာသာပြောင်းလဲမှုက ခေါင်းတမော့မော့ဖြစ်နေတဲ့ကိစ္စ … ဘယ်အချိန်ကစပြီး ခေါင်းမော့သွားလဲဆိုတာ သတိမထားမိခဲ့ပေမယ့် သတိထားမိချိန်မှာ တော်တော်လေးမော့နေပြီ။ ငယ်ငယ်လေးထဲက ဘယ်တော့မှ ခေါင်းမမော့ပဲ အောက်ကိုချည်းငုံ့ကြည့်နေတတ်ခဲ့တာ။ လူတောမတိုးသလိုလို၊ ကြောက်သလိုလိုနဲ့ ခပ်ရွံ့ရွံ့နေတတ်ခဲ့တယ်။ အမြဲတမ်း ခေါင်းငုံ့ပြီး လမ်းလျှောက်တယ်။ စာဖတ်ရင်လဲ ငုံ့ကြည့်ပြီး ဖတ်ခဲ့တယ်။ အခုနောက်ပိုင်း လမ်းလျှောက်ရင်လဲ ခေါင်းတမော့မော့၊ ကွန်ပျူတာကြည့်လဲ ခေါင်းတမော့မော့၊ စာအုပ်ဖတ်လဲ စာအုပ်ကိုထောင်ပြီး ခေါင်းမော့ဖတ်လေ့ရှိနေပြီ။ ဘာကြောင့်များပါလိမ့်ပေါ့ .. တရားခံက မျက်မှန်ဖြစ်နေတယ်။ ငယ်ငယ်ထဲက မျက်စိပါဝါများလို့ မျက်မှန်တပ်ခဲ့ရပေမယ့် ဘာမှမသိသာခဲ့။ ဒီအတိုင်းမျက်မှန်တပ်လိုက်ရင် အားလုံးမြင်နေရတယ်။ အဝေးကြည့်ကြည့် အနီးကြည့်ကြည့် အားလုံးအိုကေခဲ့တယ်။ ပြသနာစဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ၃ နှစ်လောက်က မျက်မှန်တပ်ပေမယ့် အနီးကြည့် အထူးသဖြင့် ကွန်ပျူတာကို ကောင်းကောင်းမမြင်ချင်တော့၊ စာအုပ်ထဲကစာကို မဖတ်နိုင်တော့ဘူး။ အဲဒီတော့ […]


weiweiOctober 28, 20147min46413
မုံရွာမြို့မဝင်ခင် ဗောဓိတစ်ထောင်ကို အရင်တွေ့ရပါလိမ့်မယ်။ မုံရွာမြို့ထဲကနေ ၁၁ မိုင်ခန့် ကွာဝေးပါတယ်။ ရပ်တော်မူဘုရားကြီးကို အဝေးကနေ လှမ်းဖူးမြင်နိုင်ပါတယ်။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး၏ ကျေးဇူးတော်ကြောင့် ဘုရားစေတီများ၊ ရုပ်ပွားတော်များ၊ စိမ်းလန်းစိုပြေနေသော သဘာဝပါတ်ဝန်းကျင်များကို အံ့ဩဖွယ်ရာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက ရပ်တော်မူဘုရားကြီး၊ လျှောင်းတော်မူဘုရားကြီး၊ စေတီတော်တစ်ဆူနဲ့ ထိုင်တော်မူဘုရားကြီးတစ်ဆူ တည်ထားဖို့ ရည်ရွယ်ခဲ့ပေမယ့် ပျံလွန်တော်မူသွားချိန်မှာ ထိုင်တော်မူဘုရားကြီးတစ်ဆူ မပြီးစီးခဲ့ပါဘူး။ ယခု တည်ဆောက်နေဆဲ အနေအထားနဲ့ တွေ့ခဲ့ရတယ်။ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့တာ ၆ နှစ်ရှိသွားပြီဖြစ်ပါတယ်။ မျှော်စင်ပေါ်ကနေ ပါတ်ဝန်းကျင်တစ်ခုလုံးကို အားရအောင်ကြည့်ပြီးတဲ့အခါမှာတော့ ရပ်တော်မူဘုရားကြီးဆီကို သွားခဲ့ကြပါတယ်။ အထပ်ပေါင်း (၃၁) ထပ် ရှိတဲ့ ဘုရားကြီးကို မျှော်ကြည့်ပြီး တက်မကြည့်ခင် ကြိုပြီးမောသွားတယ်။ မနက်စောစောမို့လို့ တော်ပါသေးတယ်။ ရာသီဥတု မပူပါဘူး။ ဘုရားဖူးလဲ […]


weiweiOctober 28, 20146min84831
မုံရွာမြို့ရောက်ရင် ကျောက်ကာရွှေဂူနီဘုရားဆီကို သွားဖူးဖြစ်ကြမှာပါ။ မုံရွာမြို့ထဲကနေ ၈ မိုင်ခန့်သာ ဝေးပါတယ်။ ကျွန်မတို့သွားဖြစ်တဲ့အချိန်က ညနေခင်းအချိန်မို့လို့ အေးချမ်းသာယာတယ်။ အဖိုးတန် ကျောက်သံပတ္တမြားများနဲ့ ရွှေသားများစွာရှိခြင်းကြောင့် အထူးစောင့်ရှောက်ထိန်းသိမ်းထားရတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ကျောက်ကာဆိုတာနဲ့ တစ်ဆက်ထဲ နံမည်ကြီး ထန်းဇလုပ်ရေတံခွန်စခန်းကို သတိရကြမှာပါ။ ကျောက်ကာညနေခင်း ကျောက်ကာသူတွေ ရေခပ်ဆင်းတဲ့အကြောင်း သီချင်းရှိခဲ့ပြီး အလွန်ကျော်ကြားခဲ့ဖူးပါတယ်။ ကျောက်ကာသူတွေအလွန်ချော အလွန်လှတဲ့အကြောင်း ကျောက်တောင်တွေကြားက ရေတံခွန်ထဲမှာ ရေချိုးဆင်းပုံတွေကို ရေးစပ်ထားခဲ့တဲ့သီချင်းကြောင့် ဘယ်လိုနေရာမျိုးနဲ့ ဘယ်လိုများချောမောလှပလဲဆိုတာ သိချင်လောက်အောင် စွဲဆောင်မှုရှိခဲ့ဖူးပါတယ်။ ရုပ်ရှင်ထဲမှာ ပါခဲ့တဲ့ နေရာတစ်ခုမို့လို့လဲ အပြင်မှာ မြင်ချင်မိပါတယ်။ တစ်ခါမှ မရောက်ဖူးသေးလို့ ဒီတစ်ခါတော့ သေချာမေးမြန်းပြီး သွားကြည့်ဖြစ်ခဲ့တယ်။ တော်ရုံနဲ့ မရောက်ဖြစ်ကြတဲ့ ထန်းဇလုပ်ရေတံခွန်စခန်းရဲ့ ညနေခင်းအချိန်ကို ဓါတ်ပုံမှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ ဒီပို့စ်မှာ ဓါတ်ပုံကို ဦးစားပေးထားပါတယ်။ ဇာတ်လမ်းနဲ့ သမိုင်းကြောင်း […]


weiweiOctober 16, 20147min75415
ဖိုလ်ဝင်တောင်ဆီကို မရောက်ဖြစ်တာကြာခဲ့ပါပြီ။ မေ့သလောက်တောင် ရှိနေပြီမို့ ဒီတစ်ခေါက် မုံရွာရောက်တုန်း ရောက်ဖြစ်အောင်သွားလိုက်ပါတယ်။ သီတင်းကျွတ်လဖြစ်လို့ အညာဒေသဖြစ်ပေမယ့် ပါတ်ဝန်းကျင်က စိမ်းစိုလို့နေပါတယ်။ မုံရွာမြို့ထဲကနေ တစ်နာရီကားမောင်းလိုက်ရင် ဖိုလ်ဝင်တောင်ကိုရောက်ပါတယ်။ မြစ်ကိုဖြတ်ပြီး သွားရတာမို့လို့ ရေလမ်းကသွားလို့ရသလို တံတားဖြတ်ပြီး ကားနဲ့လဲ သွားလို့ရပါတယ်။ တံတားကိုကျော်ဖြတ်လိုက်တာနဲ့ ပါတ်ဝန်းကျင်က တစ်မျိုးပြောင်းလာတယ်။ တောင်တန်းတွေ၊ တောင်ကတုံးတွေ၊ အဲဒီတော့မှ သတိရမိတာက လက်ပန်းတောင်းတောင်ဆိုတာ ဘယ်ဟာများပါလိမ့်ပေါ့။ ဘယ်တောင်ဖြစ်မလဲလို့ လျှောက်ပြီးမှန်းကြည့်ခဲ့ကြတယ်။ တောင်ကြီးတစ်ခုထိပ်မှာ ယန္တရားနဲ့ အလုပ်လုပ်နေကြတာတွေ့ခဲ့ရသေးတယ်။ ကားပေါ်ကနေမို့လို့ ဓါတ်ပုံသေချာမရိုက်ခဲ့ရဘူး။ ကားသွားရင်း ဒီအတိုင်းရိုက်လိုက်တာမို့လို့ သိပ်တော့ မထင်ရှားဘူး။ ထူးထူးခြားခြား သတိထားမိခဲ့တာက တွင်းသေးသေးလေးတွေ၊ လမ်းတစ်လျှောက် တွေ့ရတယ်။ ကြေးနီတွေကို တစ်နိုင်တစ်ပိုင်များတူးနေကြတာလားလို့ တွေးကြည့်မိသေးတယ်။ ဟုတ်မဟုတ်တော့မသိ။ ဖိုလ်ဝင်တောင်ကို အဝေးကနေမြင်ရပါတယ်။ လောင်းလှေကြီးတစ်စင်းမှောက်ထားတဲ့သဏ္ဍာန်မျိုးဖြစ်ပါတယ်။ အလောင်းတော်ကသဖခရီးစဉ်ရှိတဲ့ရာသီတွေမှာ လူသွားလူလာများပေမယ့် တခြားအချိန်တွေမှာ […]


weiweiOctober 15, 20141min115741
  သဘာဝရဲ့ ဂရုဏာ ။ https://myanmargazette.net/205792   သဘာဝရဲ့ ဂရုဏာပို့စ်နဲ့ ဆက်စပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။ မွသဲက သဘာဝရဲ့ ဂရုဏာပို့စ်ကို တင်လိုက်ပြီးပြီဆိုတော့ ဘိုးဘွားတွေအတွက် လိုအပ်ချက်တွေကို သိသင့်သလောက်သိသွားကြပါပြီ။ သိသွားတဲ့အခါမှာ ဒုက္ခရောက်နေသူတွေ စုဝေးနေတဲ့နေရာကို စီမံအုပ်ချုပ်တဲ့အခါ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ဆောင်ရွက်နေသလဲဆိုတာနဲ့ ဒုက္ခတွေကို ဘယ်လိုခွန်အားတွေနဲ့ အံတုပြီးနေကြသလဲဆိုတဲ့ သဘာဝရဲ့ တရားဓမ္မတွေကို စိတ်ဝင်စားမိခဲ့ပါတယ်။ တကယ်စဉ်းစားကြည့်ရင် သာမန်မိသားစု ၅ ယောက်လောက်ရှိတဲ့ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့ လူမှုရေးကိစ္စတွေကို စီမံဆောင်ရွက်နို်င်ဖို့တောင် ခက်ခဲပါတယ်။ လူပေါင်း ၂၀၀ဝ ကျော်ကို နေ့စဉ် စားဝတ်နေရေး ကျန်းမာရေးအဆင်ပြေအောင် ဆောင်ရွက်နေရတဲ့ ရိပ်သာတစ်ခုအနေနဲ့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ မှန်းဆလို့တောင် မရနိုင်ပါဘူး။ ဆရာတော်ကပြောပြပါတယ်။ တကယ်တော့သူစလုပ်တဲ့အခါမှာ အခုလို အများကြီးကနေ စလုပ်ခဲ့တာမဟုတ်ပါဘူး။ တစ်နိုင်တစ်ပိုင် […]


weiweiOctober 10, 20145min71320
ပတ္တမြားမြေသို့အလည်တစ်ခေါက်ပို့စ်ရဲ့ အဆက်ဖြစ်ပါတယ်။ ဓါတ်ပုံတွေများလို့ ၂ ပိုင်း ခွဲလိုက်တာပါ။ ပတ္တမြားစေတီတောင်ပေါ်ကနေ မြင်ရတဲ့ မိုးကုတ်မြို့က အလွန်လှပါတယ်။ နေ့လည်စာ စားပြီးတဲ့အချိန်မှာ ဖောင်တော်ဦးဘုရားဆီကို သွားခဲ့ပါတယ်။ ဖောင်တော်ဦးဆိုတော့ ကန်အစပ်မှာရှိမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ ဒီအတိုင်း မြို့ထဲမှာပဲ ရှိပါတယ်။ ပုံတွေကြည့်လိုက်ကြပါအုန်း။ ဖောင်တော်ဦးဘုရားကနေ မြို့လည်ကို လှမ်းမြင်ရပါတယ်။ ထူးခြားတာကတော့ မိုးကုတ်ဈေးပါ တြိဂံပုံ သဏ္ဍာန် တည်ထားပါတယ်။ မိုးကုတ်က အပြန်မှာတော့ လာလမ်းဖြစ်တဲ့ ပြင်ဦးလွင် မိုးကုတ်လမ်းကို ပြန်မသွားပဲနဲ့ သပိတ်ကျင်း မန္တလေးလမ်းကနေ ပြန်ခဲ့ပါတယ်။ မိုးကုတ် မန္တလေး ၁၂၆ မိုင်ရှိပါတယ်။ သပိတ်ကျင်းအထိ မိုင် (၄၀) လောက် တောင်တက်လမ်း အကွေ့လမ်းတွေရှိပေမယ့် သပိတ်ကျင်းကျော်သွားရင် မြေပြန့်ဖြစ်သွားပါပြီ။ အသွားအလာပိုများပါတယ်။ ပြင်ဦးလွင်လမ်းကတော့ လုံခြုံမှုမရှိဘူးလို့သိခဲ့ရတယ်။ သူပုန်တွေရှိပြီး […]


weiweiOctober 10, 20144min76117
ကျွန်မနဲ့ ခရီးသွားခြင်းက တစ်သားထဲဖြစ်နေသလိုပါပဲ။ ပိတ်ရက်ရလိုက်တိုင်း ခရီးတစ်ခုခုထွက်ပြီး အပန်းဖြေတတ်တာ အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ ရက်ရှည်ရင်တစ်မျိုး၊ ရက်တိုရင်တစ်မျိုး အဆင်ပြေသလို သွားလေ့ရှိပါတယ်။ ဒီအပါတ် သီတင်းကျွတ်မှာ မရောက်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ မုံရွာဘက်ကို သွားလည်ပြီး ပြင်ဦးလွင်မှာအပန်းဖြေမယ်လို့ စီစဉ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် မုံရွာကပြန်ပြီး ပြင်ဦးဘက် အတက်လမ်းမှာ စိတ်ကူးပြောင်းသွားတယ်။ မန္တလေး-ပြင်ဦးလွင်-မိုးကုတ် ပြေးဆွဲနေတယ် တက်စီကားလေးတွေကြည့်ပြီး မိုးကုတ်သွားကြရင်ကောင်းမယ်လို့ တွေးမိပြီး ပြင်ဦးလွင်မှာညအိပ်ပြီး မနက်ဘက် မိုးကုတ်ဘက်ကို ခရီးထွက်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ကနေ မိုးကုတ်ကို ၉၃ မိုင်ရှိပါတယ်။ ဘုမသိ ဘမသိ ဘယ်သူမှမမေးပဲ လမ်းညွှန်အတိုင်းမောင်းသွားလိုက်တယ်။ မနက် ၈ နာရီလောက်မှာ ပြင်ဦးလွင်ကနေ စထွက်ဖြစ်ပါတယ်။ လမ်းတလျှောက် ရွာငယ်လေးတွေရှိပေမယ့် ဆိုင်ကြီးကြီးမားမားမရှိပါဘူး။ ဆီရောင်းတဲ့ပန့်ဆိုင်လဲ မရှိဘူး။ ဆိုင်ကယ်လေးတွေတော့ အသွားအလာရှိတယ်။ ပါတ်ဝန်းကျင်က အရမ်းကိုသာယာလှပတယ်။ […]


weiweiOctober 9, 20144min71518
မိုးကုတ်နဲ့ မုံရွာဘက် ခရီးထွက်ဖြစ်တဲ့အတွက် ဓါတ်ပုံတော်တော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ ခရီးသွားပို့စ်ကို တစ်နေရာချင်းစီ တင်ဖို့အစီအစဉ်လဲရှိပါတယ်။ ပထမဆုံးပို့စ်ကို မျောက်ပုံတွေနဲ့ စလိုက်ချင်တယ်။ (ဆွေမျိုးတွေကို ဦးစားပေးတဲ့သဘောပေါ့ .. 🙂 ) မုံရွာ ဖိုလ်ဝင်တောင်မှာ စိတ်ဝင်စားစရာ ရှေးဟောင်းစေတီပုထိုးလက်ရာများအပြင် သဘာဝအတိုင်း ပျော်ပါးနေထိုင်နေကြတဲ့ မျောက်တွေလဲရှိပါတယ်။ လူတွေနဲ့ ယဉ်ပါးနေတဲ့မျောက်တွေမို့လို့ အနီးကပ် ဓါတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။ တောင်ပေါ်မှာ မျောက်တွေက အုပ်စုဖွဲ့ပြီးနေထိုင်ကြတယ်။ အုပ်စုကြီးတစ်စုမှာ မျောက်မများနဲ့ မျောက်ကလေးများအတူတူနေထိုင်ကြတယ်။ သူတို့နားမှာ မျောက်ထီးမတွေ့မိခဲ့လို့ မေးကြည့်တဲ့အခါမှာတော့ အထီးတွေက သင်းကွဲကောင်တွေဖြစ်ပြီး သီးသန့်နေကြရတယ်တဲ့။ မျောက်မတွေကိုတော့ အင်အားကြီးတဲ့ မျောက်ထီးကြီးတစ်ကောင်ကပဲ အပိုင်သိမ်းထားတာဆိုပဲ။ မျောက်မနားကပ်ချင်ရင် အဲဒီအကောင်ကြီးကို အနိုင်တိုက်ခိုက်ပြီး ဗိုလ်လုပ်နိုင်မှ ရမယ်တဲ့လေ။ မျောက်တွေမြင်တော့ ဘောင်းဘီဝတ်ပေးချင်စိတ်ပေါက်ခဲ့တယ်။ မျောက်ပုံတွေကြည့်ရင်း အပျင်းပြေနိုင်ပါစေ …


weiweiAugust 11, 20141min107822
ဇီဇီရဲ့ စတစ်ကီရိုက်တွေကို တွေ့ပြီး သတိရမိတာလေးတစ်ခု စမ်းလုပ်ကြည့်တာပါ။ စိနတိုင်းမှာနေခဲ့စဉ်တုန်းက စားခဲ့ဖူးတာလေးကို ပြန်အောက်မေ့ပြီး တီထွင်ထားတဲ့ menu တစ်ခုဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် တင်ပြလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ကောက်ညှင်း … ဆန်ချိန်ခွက် ၁ ခွက် ဝက်သားကြိတ်ပြီးသား …. ၃၀ဝ ဂရမ် (၂ဝ ကျပ်သားခန့်) ဆား .. အနဲငယ် သကြား … တစ်ဇွန်း ပဲငံပြာရည် .. အကြည်/အနောက် ဂျုံမှုန့် …. ၂ စွန်း ကြက်သွန်မြိတ် … ၂ ပင်ခန့် နှမ်းဆီ .. လက်ဖက်ရည်ဇွန်း ၂ ဇွန်း ငရုတ်ကောင်းမှုန့် .. အနဲငယ် ကြက်ဥ (သို့) ဘဲဥ … […]


weiweiJuly 24, 20145min87317
မယ်ဆိုင်ဘက်မှာ ၂ ည အိပ်ပြီးနောက် နောက်ထပ်တစ်ရက်စာ လည်ပါတ်ဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ ခရီးသွားခေါင်းဆောင်က အစီအစဉ်ပြောင်းပါတယ်။ တရုတ်ပြည်နယ်စပ်မိုင်းလားမြို့ကို သွားမယ်လို့ ပြောလာပါတယ်။ သွားချင်တဲ့သူလဲရှိသလို မသွားချင်တဲ့သူလဲရှိပါတယ်။ ကျွန်မကိုသာမေးရင် မသွားချင်ဘူး မယ်ဆိုင်ဘက်မှာပဲ ထပ်လည်မယ်လို့ ပြောမှာပါ။ ဒါပေမယ့် အများဆန္ဒကိုမမေးပဲ သွားချင်တဲ့သူအနဲစုဆန္ဒကို ဦးစားပေးပြီး ခရီးစဉ်ကို ပြောင်းလိုက်ပါတယ်။ မနက်စောစော မယ်ဆိုင်ကနေ တာချီလိတ်ဘက်ကို ပြန်ရတယ်။ တာချီလိတ်ကနေ ကျိုင်းတုံ – ကျိုင်းတုံးကနေမှ မိုင်းလားကို မိုင် ၉ဝ ကျော် ဆက်သွားကြရမှာဖြစ်ပါတယ်။ အသွားတုန်းကထဲက သိခဲ့သလိုပဲ တာချီလိတ်ကနေ မနက် ၈ နာရီကျော်မှ ထွက်ဖြစ်ခဲ့ပြီး ကျိုင်းတုံကို နေ့လည်ထမင်းစားချိန်ရောက်တယ်။ နေ့လည်စာစားပြီး မိုင်းလားမှာသုံးဖို့ တရုတ်ငွေလဲကြရပါတယ်။ ပြီးတော့ ခရီးဆက်ကြတယ်။ လမ်းခရီးက […]


weiweiJuly 15, 20145min81217
ဘုရားဖြူကနေ မူလမြဘုရားကို ဆက်သွားကြပါတယ်။ ဆင်တူ အံဇာတုံးကား (၈) စီး တန်းစီပြီး သွားကြပါတယ်။ ကားသမားတွေရဲ့ စည်းလုံးညီညွတ်မှုတစ်ခုကို တွေ့ခဲ့ရသေးတယ်။ လမ်းကွေ့တစ်ခုရောက်တိုင်း ကားတစ်စီးက ဝင်ရပ်ပြီး ကြားထဲကို တခြားကားတွေဖြတ်မဝင်အောင်ကာထားပေးလေ့ရှိပါတယ်။ ပြီးတော့မှ အဲဒီကားက နောက်ဆုံးကနေ ပြန်လိုက်တယ်။ အရမ်းရှင်းနေတဲ့ လမ်းတွေမှာတောင်မှ စည်းကမ်းတကျမောင်းနေတာက ကျွန်မတို့ရန်ကုန်သူားတွေအတွက် အံ့ဩစရာဖြစ်နေခဲ့တယ်။ တစ်စီးနဲ့တစ်စီး တစ်ချိန်လုံးဆက်သွယ်ပြီးစကားပြောနေကြတာလဲ သတိထားမိခဲ့ပါတယ်။ အချိန်မရလို့ မြဘုရားမှာ ၁၅ မိနစ်လောက်နဲ့ အမြန်ဝင်ခဲ့ရပါတယ်။ မြဘုရားလို့ နံမည်ခေါ်ပေမယ့် တကယ်တော့ ကျောက်စိမ်းဘုရားဖြစ်ပါတယ်။ ဘန်ကောက်က မြဘုရားထက် အရင်စောပြီး ပူဇော်ခဲ့တာဖြစ်လို့ မူလမြဘုရားလို့ ခွဲခြားပြီး နံမည်ခေါ်ပါတယ်။ ဘုန်းကြီးကျောင်းဝင်းတစ်ခုလိုမျိုးထဲမှာ ကျောင်းဆောင်ကြီးတွေနဲ့ထားရှိပါတယ်။ သန့်ရှင်းသပ်ရပ်မှုကတော့ ပုံတွေမှာပဲ ကြည့်လိုက်ပါအုန်း .. မူလမြဘုရားကနေပြီး ကိုးထပ်ဘုံကျောင်းကို ဆက်လက်ထွက်ခွာခဲ့ကြပါတယ်။ တစ်နာရီလောက် […]


weiweiJuly 13, 20145min88121
အပိုင်း (၅) မှာ ရွှေတြိဂံနေရာအထိ ပို့ပေးပြီး ၂ လ လောက် ထပ်ကြာသွားတယ်။ မှတ်မိကြသေးရဲ့လားတောင်မသိဘူး။ ချင်းရိုင်မြို့က နံမည်ကြီး White temple ၊ ယိုးဒယားလို Wat Rong Kung ကို ခရီးဆက်ကြမယ်။ အချိန် ၂ နာရီလောက် ကားဆက်စီးလိုက်တဲ့အခါ White temple ကို ရောက်ပါတယ်။ နေ့လည် ၁၂ နာရီရှိပြီမို့ ထမင်းစားဖို့နဲ့ လည်ပါတ်ဖို့ စုစုပေါင်း အချိန် ၁ နာရီခွဲ ရပါမယ်။ နွေနေ့လယ်ခင်းမို့ အလွန်ပူပြင်းနေပေမယ့် မြင်ရတဲ့ ရှုခင်းနဲ့ ဘုရားကျောင်းလက်ရာတွေက အံ့ဩစရာအလွန်ကောင်းပါတယ်။ အရမ်းခက်ခဲပင်ပန်းခဲ့တဲ့ ခရီးစဉ်တစ်ခုလုံးကို မေ့သွားနိုင်လောက်အောင် စွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 1997 ခုနှစ်မှာ chalermchai Kostpipat ဆိုသူ […]