စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂ဝမိနစ်) အချိန်က စင်ကာပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန်သွားပါသည်။ ခင်မောင်တိုး အမှတ်တရအဖြစ် ယခုနှစ်ဆန်းက အမေရိကနိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ ခင်မောင်တိုးရောက်ရှိစဉ် မန္တလေးဂဇက်နှင့် အင်တာဗျုးခဲ့သည်ကို ပြန်လည်ဖေါ်ပြလိုက်ပါကြောင်း…။ အမေရိကနိုင်ငံ နယူးယောက်မြို့သို့ ၂၀၁၁နိုဝင်ဘာလ၅ရက်၌ရောက်ရှိလာသည့် မြန်မာကိုယ်ပိုင်သံစဉ်တေးသံရှင် ခင်မောင်တိုးအား ၂၀၁၂ဇန်နဝါရီလရရက်နေ့တွင် လော့စ်အိန်းဂျလိစ်မြို့ဖျော်ဖြေပွဲ၌ ပွဲစီစဉ်သူဒေါက်တာဇော်မင်းဦး၊ မမူမူဝင်း၊စန္ဒယားအောင်ဝင်းတို့က မအားလပ်သည့် ဖျော်ဖြေရေးနှင့်လည်ပတ်လေ့လာရေးအစီအစဉ်များကြားမှ မိတ်ဆက်ပေးသဖြင့် ရတနာပုံနေပြည်တော်သတင်းစာက တွေ့ ဆုံမေးမြန်းခဲ့ပါသည်။ ကိုခင်မောင်တိုးရဲ့အနုပညာဘဝခရီးအစကိုပြောပေးပါ… ဂီတအနုပညာကို ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာကြီးခဲ့ပါတယ်။ ၉တန်းအရွယ်မှာ ဂစ်တာစတီးတယ်။ ၁၉၇၄-၇၅မှာ သီချင်း အပျော်တမ်းစဆိုဖြစ်တယ်။ န ြခေ့ငညန အဖွဲ့နဲ့ဆိုဘူးတယ်။ အဲဒီတုန်းက အပျော်တမ်းဘဝပဲရှိသေးတယ်။တကယ်တမ်း […]