ကြက်မတစ်ကောင်ရဲ့ခံစားချက် (ပြည်တွင်းလူကုန်ကူးမှုအကြောင်း) -၂ ကျမလည်းပွဲစားအဒေါ်ကြီးကိုဖုန်းလှမ်းဆက်ပြီး သူလာခေါ်တဲ့ ရက်မှာ ကျမလုပ်အားခ ကျန်တဲ့ငွေ တောင်မယူတော့ပဲနဲ့ အလုပ်ကထွက်လိုက်ပါတယ်။ ပွဲစားအဒေါ်ကြီးက ရန်ကုန် အထည်ချုပ်စက်ရုံမှာတော့ အလုပ်ရမယ်ပြောတယ်၊ ကျမက စက်မှ မချုပ်တတ်တာ ဆိုတော့ စက်နင်းတတ်ရင်၊ ချုပ်ကြောင်းဖြောင့် ရင်ဖြစ်တယ်လို့ပြောတယ်၊ စက်ရုံမှာက နယ်ဆိုင်တွေမှာလို အင်္ကျ ီ တစ်ထည်လုံး ချုပ်ရတာမဟုတ်ဘူးတဲ့၊ သူ့အပိုင်းနဲ့ သူ တခုခြင်းတွဲရတာ တဲ့၊ ကျွမ်းကျင်လာမှ တဆင့်ခြင်းတက်ရတယ်ဆိုတော့အဆင်ပြေတာပေါ့။ ကျမက အားရင် ဂျီးတော် မကျော့ တို့ အိမ်မှာစက်သွားနင်းနေကျ၊ အပ်ကြောင်းဖြောင့်ရုံတင်မက ပုဆိုးတို့ ထမိန်တို့ တော့ကောင်းကောင်းချုပ်တတ်တယ်။ ဒါနဲ့ ကျမ လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ခုကိုရောက်ခဲ့တယ်။ ပွဲစားကိုတော့ ထုံးစံအတိုင်းတလစာပေးရတာပေါ့။ စက်ရုံမှာ အဆောင်နေရင်လည်းရတယ်၊ အဆောင်ကြေးနဲ့ စားစရိတ်ကိုလစာထဲကဖြတ်ယူတယ်၊ ဒါပေမဲ့ ကျွေးတဲ့ဟင်းကမကောင်းဘူးဆိုတော့ […]