ကြောင်လတ်November 17, 20111min29610
ဪ   ယောက်ျား   တန်ခူးလ  သင်္ကြန်ပွဲ ၊                                                                                                       ကဆုန်လ ညောင်ရေသွန်းပွဲ……                                                                             ……………………………………                                                                                …………………………………….. တပေါင်းလ သဲပုံစေတီပွဲ။   မြန်မာ တွေဟာ တော်တော်အပျော်အပါးမက်ပါတယ်။ တနှစ်မှာ ဆယ့်နှစ်လရှိပါတယ်၊ ဆယ့်နှစ်လ လုံးမှာပွဲတော်နဲ့၊နေပူရင်လဲ နေပူထဲ။မိုးရွာရင်လဲ မိုးရွာထဲ၊ နှင်းဝေရင်လဲ နှင်းတွေထဲ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြတာပါ။ ဒါနဲ့တင်အားမရသေးဘူး၊ ဒေသလိုက်သီးခြားပွဲတွေလုပ်ပါသေးတယ်၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ၊ ပုသိမ်မှာထင်ရှားတဲ့ နိဂြောဓါ ဘုရားပွဲ၊ ရှမ်းကုန်သည်လှဲ့ပွဲ၊ရဟန္တာပွဲ ၊ကုသိန္နာရုံဘုရားပွဲ၊အိုအများကြီးမှ အများကြီးပါ၊ ဒါနဲ့တင်မကျေနပ်သေးပါဘူး၊ တရုပ်ကူးလဲမြန်မာမူးတာပဲ၊ ကရင်ကူးလည်းမြန်မာမြူးတာပဲ၊ ကုလားကူးလဲ၊ မြန်မာထူးတာပဲဗျ၊ဒီလောက်ပွဲတွေလုပ်ရတာအားမရသေးဘူး၊ ဟောပွင့်လင်းရာသီရောက်လာရင် ဟိုမြို့ ဒီမြို့လိုက်ပြီး ဈေးပွဲတော် တဲ့ လုပ်ကြပြန်ပါရောလား။ “ကိုရင်ကြောင်ရေ၊ဒီနေ့ကစပြီး ဈေးပွဲတော် တစ်ပတ်လုပ်မယ်တဲ့၊ အိမ်အသုံးအဆောင်လေးဘာလေးသွားဝယ်ကြရအောင်” ကြောင်လတ်ရဲ့အိမ်သူသက်ထားဇနီးမယားက ဒီနေ့စဖွင့်တဲ့ဈေးပွဲတော်သွားဖို့ ပြောပါတယ်၊ကျွန်တော်လည်းမသွားချင်တာနဲ့ “စဖွင့် ဖွင့်ခြင်း […]


ကြောင်လတ်November 16, 20111min190
ဪ   ယောက်ျား   တန်ခူးလ  သင်္ကြန်ပွဲ ၊                                                                                                       ကဆုန်လ ညောင်ရေသွန်းပွဲ……                                                                             ……………………………………                                                                                …………………………………….. တပေါင်းလ သဲပုံစေတီပွဲ။   မြန်မာ တွေဟာ တော်တော်အပျော်အပါးမက်ပါတယ်။ တနှစ်မှာ ဆယ့်နှစ်လရှိပါတယ်။ ဆယ့်နှစ်လလုံးမှာပွဲတော်နဲ့၊နေပူရင်လဲ နေပူထဲ။မိုးရွာရင်လဲ မိုးရွာထဲ၊နှင်းဝေရင်လဲ နှင်းတွေထဲ   ပျော်ပွဲရွှင်ပွဲဆင်နွှဲနေကြတာပါ။ဒါနဲ့တင်အားမရသေးဘူး၊ ဒေသလိုက်သီးခြားပွဲတွေလုပ်ပါသေးတယ်၊   နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ၊ ပုသိမ်မှာထင်ရှားတဲ့ နိဂြောဓါ ဘုရားပွဲ၊ရှမ်းကုန်သည်လှဲ့ပွဲ၊ရဟန္တာပွဲ ၊ကုသိန္နာရုံဘုရားပွဲ၊အိုအများကြီးမှ အများကြီးပါ၊ ဒါနဲ့တင်မကျေနပ်သေးပါဘူး၊     တရုပ်ကူးလဲမြန်မာမူးတာပဲ၊ ကရင်ကူးလည်းမြန်မာမြူးတာပဲ၊ ကုလားကူးလဲ၊ မြန်မာထူးတာပဲဗျ၊ဒီလောက်ပွဲတွေလုပ်ရတာအားမရသေးဘူး၊   ဟောပွင့်လင်းရာသီရောက်လာရင် ဟိုမြို့ ဒီမြို့လိုက်ပြီး ဈေးပွဲတော် တဲ့ လုပ်ကြပြန်ပါရောလား။ “ကိုရင်ကြောင်ရေ၊ဒီနေ့ကစပြီး ဈေးပွဲတော် တစ်ပတ်လုပ်မယ်တဲ့၊ အိမ်အသုံးအဆောင်လေးဘာလေးသွားဝယ်ကြရအောင်” ကြောင်လတ်ရဲ့အိမ်သူသက်ထားဇနီးမယားက ဒီနေ့စဖွင့်တဲ့ဈေးပွဲတော်သွားဖို့   ပြောပါတယ်၊ကျွန်တော်လည်းမသွားချင်တာနဲ့ “စဖွင့် ဖွင့်ခြင်း သွားမဝယ်နဲ့ […]


PhyoNovember 16, 20111min66525
ထောင်းခနဲဖြစ်သွားတဲ့ စိတ်ကို ဖြစ်ညှစ်မျိုချပြီး ပါးစပ်ဖျားကနေ ထွက်အံကျလာတော့မယ့် စကားလုံးတွေကို အတင်းကို တားဆီးနေရတယ်။ ဒင်းလုပ်ပုံ ကြည့်ဦး။ ဒင်းဆိုတာ ကျုပ်သားမက်။ ကျုပ်ရဲ့ တစ်ဦးတည်းသော သားမက်။ ကျုပ်အေ မနက်က ဈေးသွားရင်း ငါးခူလေး ၃ဝ သား ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စိတ်ကူးပေါက်တာနဲ့ ငါးခူအသားကို လင်တော်မောင်အတွက် ကြော်၊ ငါးခူခေါင်းကို ပြုတ်၊ ထောင်း၊ ရေစစ်၊ နောက်ဖေးက ငှက်ပျောပင် သေးသေးတစ်ပင်ခုတ် မုန့်ဟင်းခါးချက်ဖြစ်တယ်။ ကိုယ်စားရတော့လည်း သမီးတော်ကို သတိရပြန်ရော။ ဒါနဲ့ ချိုင့်နဲ့ထည့်ပြီး သူ့အိမ်ကို ချီတက်။ သူ့အိမ်နဲ့ ကျုပ်အိမ်က ၅မှတ်တိုင်လောက်တော့ ကားစီးသွားရတယ်။ သူ့အိမ်ရောက်တော့ သမီးတော် မျက်နှာသိပ်မလှဘူး။ ဒါလည်း ကိုယ့်အလုပ်မဟုတ်ပါဘူးလေ။ သားမက်တော်ကို ကြည့်ပြန်တော့လည်း […]


TTNUNovember 16, 20111min39210
ကျမအမေ မပြောပြခဲ့တဲ့ ပုံပြင်များ ကျမမောင်အငယ်ဆုံးလေးက အမေရိကားမှာ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ပါတယ်။ ကျမတို့ မတွေ့ကြတာ နှစ်များစွာကြာပြီပေါ့။ သူက အမေ့ အချစ်ဆုံးသားထွေးလေးပါ။ မနေ့က Facebook ဝင်ကြည့်တော့ သူ့သမီးအကြီးမလေး Post တင်ထားတာ ဖတ်ရပါတယ်။ ကြီးဒေါ် အနေနဲ့ ပေမဲ့ သူတို့က ကျမရဲ ့ Facebook Friend တွေလေ။ Shwe Nemyo says: How Do yu expect Kids to Listen to their Paarents when Tarzan lives half Naked, Cinderella comes home at midniqht, Pinocchio lies all […]


ေအမီNovember 16, 20111min158251
မိန်းကလေးတွေဟာ ပန်းသီးပင်ပေါ်က ပန်းသီးလေးတွေနဲ့ တူတယ်တဲ့။ ဘာကြောင့်ပါလိမ့်……… အကောင်းဆုံး အလုံးတွေက အပင်ရဲ့ထိပ်ဆုံးမှာရှိတတ်ကြတယ်၊ ဒါပေမဲ့ ယောကျာ်းလေးတွေကတော့ အကောင်းဆုံးအလုံးဆီကိုရောက်ချင်စိတ်မရှိကြပါဘူး၊ ဘာကြောင့်လဲဆိုတော့ အပင်ထိပ်ကနေပြုတ်ကျမှာကို ကြောက်ကြလို့ပေါ့။ အဲဒိတော့ အပင်ခြေမှာကျနေကြတဲ့ အလုံးတွေကိုပဲကောက်သွားကြတယ်။ အဲဒိအလုံးတွေက ထိပ်ဆုံးကအသီးတွေလောက် မကောင်းကြပေမဲ့ လွယ်လွယ်ရနိုင်တယ်လေ။ ဒီတော့ ထိပ်ဆုံးကပန်းသီးလေးတွေက စဉ်းစားတယ်…….”အင်း..သူတို့တွေတော့ တစ်ခုခုတော့မှားနေပြီ”….လို့။ အမှန်တော့ သူတို့တွေဟာ တကယ်ကိုအဖိုးတန်လေးတွေပါ။ သူတို့တကယ်လုပ်ရမှာက သူတို့ရှိတဲ့အပင်ထိပ်ဖျားထိ သတ္တိရှိရှိတက်လာရဲတဲ့ သူရဲကောင်းကိုစောင့်နေဖို့ပါပဲ။ အေမီ နားလည်သလိုခံစား ဘာသာပြန်လိုက်ပါတယ်။ မှားတာရှိရင် သည်းခံပါနော်။ ဒါကတော့ မူရင်းစာသားတွေပါ………….. Girls are like apples on trees. The best ones are at the top of the tree. […]


ဂန္တဝင်မြောက် နှုတ်ခမ်းပါးက မှော်ဆန်တဲ့ မင်းအပြုံးတွေဟာ အခုတော့ ငါ့ကိုလွမ်းတေးဖွဲ ့စေခဲ့ပြီ……. မျှော်လင့်မထားတဲ့ မင်းရဲ ့ရင်ဝှက်ဓားက ငါ့ရင်တံခါးကို ကျိုးပျက်စေခဲ့ပြီ… အပြင်မှာ.  မှောင်သလား လင်းသလား…???? မကွဲပြားတော့ဘူး။ နေထွက်၊နေဝင် ကျွန်တော်နဲ ့မသက်ဆိုင်သလို… မေ့ကို စွဲလမ်းမှုဟာ ကော်ပီသီချင်းမဟုတ် နီကိုတင်းမဟုတ် အဓမ္မမှုမဟုတ်ပေမယ့်….????? နောက်လူတွေ ဘာသာပြန်ဖို ့ ထားပေးခဲ့ရင်း…. ကျွန်တော်ကတော့  အထီးကျန်ဆန်ခြင်းကို ဘဝမှတ်လို ့ အနာဂတ်ကို အမှတ်တမဲ့နဲ ့……. ခရီးဆက်နေဆဲ…………။ ဘဝဆိုတာသာ ကိုယ်ရေးချင်တာရေးပြီးပြန်ဖျက်ခွင့်ရှိတဲ့ Whiteboard တစ်ချပ်ပေါ်က မှင်စက်တွေဖြစ်ခဲ့မယ်ဆိုရင် ငါရေးထိုးခဲ့တဲ့ ငါ့သမိုင်းကြောင်းကို ပြန်ချေဖျက်ခွင့်ရချင်တယ်……. ဘယ်သူမှ မဖိတ်ခေါ်ဘဲ ငါဝင်ရောက်လာခဲ့သလို ဘယ်သူ ့ကိုမှနှုတ်မဆက်စေဘဲ ငါ့ကိုပြန်ထွက်ခွာခွင့်ပြုပါ. မေ……….


ကြောင်လတ်November 15, 20111min204
ဪ   ယောက်ျား   တန်ခူးလ  သင်္ကြန်ပွဲ ၊                                                                                                       ကဆုန်လ ညောင်ရေသွန်းပွဲ……                                                                             ……………………………………                                                                                ……………………………………..                                                                                             တပေါင်းလ သဲပုံစေတီပွဲ။   မြန်မာ တွေဟာ တော်တော်အပျော်အပါးမက်ပါတယ်။                                တနှစ်မှာ ဆယ့်နှစ်လရှိပါတယ်၊ဆယ့်နှစ်လ လုံးမှာ ပွဲတော်နဲ့၊နေပူရင်လဲ နေပူထဲ။မိုးရွာရင်လဲမိုးရွာထဲ၊   နှင်းဝေရင်လဲ နှင်းတွေထဲ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြတာပါ။ ဒါနဲ့တင်အားမရသေးဘူး၊ ဒေသလိုက်သီးခြားပွဲတွေလုပ်ပါသေးတယ်၊   နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ၊ ပုသိမ်မှာထင်ရှားတဲ့ နိဂြောဓါ ဘုရားပွဲ၊ ရှမ်းကုန်သည်လှဲ့ပွဲ၊ရဟန္တာပွဲ ၊ကုသိန္နာရုံဘုရားပွဲ၊အိုအများကြီးမှ           အများကြီးပါ၊ ဒါနဲ့တင်မကျေနပ်သေးပါဘူး၊ တရုပ်ကူးလဲမြန်မာ                    မူးတာပဲ၊ ကရင်ကူးလည်းမြန်မာမြူးတာပဲ၊ ကုလားကူးလဲ၊   မြန်မာထူးတာပဲဗျ၊ဒီလောက်ပွဲတွေလုပ်ရတာ   အားမရသေးဘူး၊ ဟောပွင့်လင်းရာသီရောက်လာရင် ဟိုမြို့ ဒီမြို့လိုက်ပြီး ဈေးပွဲတော် တဲ့ လုပ်ကြပြန်ပါရောလား။ “ကိုရင်ကြောင်ရေ၊ဒီနေ့ကစပြီး ဈေးပွဲတော် တစ်ပတ်လုပ်မယ်တဲ့၊ အိမ်အသုံးအဆောင်လေးဘာလေးသွားဝယ်ကြရအောင်” ကြောင်လတ်ရဲ့အိမ်သူသက်ထားဇနီးမယားက […]


etoneNovember 14, 20111min50324
https://myanmargazette.net/79695/economic-news-international-news-news-industry-people-in-the-news-us-news-news မှာ mg wineဆိုတဲ့ တစ်ယောက်ရေးထားတဲ့ ပို့စ်ကို ဖတ်မိပြီး ကော့မန့်ပေးမယ်တွေးတော့ ကော့မန့်ပိတ်နေတာနဲ့ ပို့စ်တင် ဆွေးနွေးဖို့ ဆန္ဒဖြစ်လာခဲ့မိတယ် ။ ပို့စ်ကို ဖတ်တာနဲ့ တမင်သက်သက်လူလည်ကျတာကို ကွက်ကွက်ကွင်းကွင်းမြင်ရသလို ့အပေးကမ်းရက်ရော ၊ ယုံမှားလွယ်တဲ့ လူနာရှင်တွေကိုလည်း ကရုဏာဒေါသဖြစ်ရပါတယ် ။ အားမနာတမ်း ပြောရလျှင်တော့  ကိုယ်ညံ့လို့ ကိုယ်ခံရပြီး သူခိုးပြေးမှ ထိုးကွင်းထတာလို့ပဲ ကျွန်မကတွေးမိပါတယ် ။ ကျွန်မတို့တွေ နေထိုင်ရပ်တည် စားသောက်ရေးအတွက် ပိုက်ဆံရှာကြရတယ် ။ ပိုက်ဆံရှာနည်းမျိုးစုံရှိပါတယ် … သမ္မာအာဇီဝရော ၊ဖြတ်လမ်းနည်းရောပေါ့ … ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို ့တွေ ပိုက်ဆံရှာနေကြပါတယ်  ။ ပိုက်ဆံ လွယ်လွယ်ရတဲ့ လူတွေကလွဲလျှင်  ကျန်တဲ့ လူတွေ ပိုက်ဆံရှာရခက်ခဲတာ ၊ လက်ထဲ အသုံးမခံတာ […]


“ကျွန်တော်တို့တွေက စကားဝှက်နဲ့ လည်ပတ်နေတဲ့ လောကကြီးထဲမှာ နေ..နေရတဲ့ လူတွေပါ။ အက္ခရာ (၄) လုံးကနေ အလုံး (၂၀) ထိ ပါဝင်တဲ့ အဲဒီလို စကားဝှက်တွေက သတင်းအချက်အလက်တွေကို ဝင်ရောက် ကြည့်ရှူ့ဖို့၊ သူငယ်ချင်း မိတ်ဆွေများနဲ့ ဆက်သွယ်ဖို့နဲ့ အွန်လိုင်း ဈေးဝယ်ဖို့အတွက် ဆယ်သွယ်ရေး တံခါးကို ဖွင့်ပေးနိုင်တယ်လေ။” အထက်မှာ ရေးထားတဲ့ စာက စာအုပ် တစ်အုပ်ထဲက ဖတ်ထားတာလေးပါ။ သူ ပြောဆိုထားတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့က နည်းပညာခေတ်ကြီးထဲမှာ နေ..နေကြတော့ ကိုယ်ပိုင် လွတ်လပ်ခွင့် ဆိုတဲ့ အရာလေးတစ်ခုတည်းအတွက်နဲ့ စကားဝှက်ဆိုတာကို လက်ဆွဲ ထားနေကြရတယ်။ ကိုယ့် အချက်အလက်တွေ သူများ မသိရအောင် ဒါမှမဟုတ် ကိုယ်ရဲ့ ငွေကြေးတွေကို သူများ ခိုးသုံးလို့ မရအောင် […]


PhyoNovember 11, 20111min123455
“ပထမတော့ ဆရာနဲ့တပည့် ရိုးရိုးခင်မင်ကြ၊ သံယောဇဉ်တွယ်ကြတယ် ထင်မိတာ မြရယ်၊ အရွယ်ချင်းကလည်း သားအဖ အရွယ်လေ၊ ကျွန်မလည်း ဘယ်ထင်မလဲ၊ ကိုကြည်မောင်က ကောင်မလေးကို ခေါ်တော့လည်း သမီးတဲ့၊ အခုလို ဗိုက်ထွက်လာပြီဆိုမှ သူတို့အကြောင်းကို ကျွန်မ သိရတော့တာ၊ ကျွန်မကိုယ်က အ,တာပါလေ” မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့ မခင်ဝေ စကားတွေကို နားထောင်ရင်း မမြသွေး သက်ပြင်းချမိတယ်။ မခင်ဝေ့ယောက်ျား ကိုကြည်မောင့်အသက်က ငါးဆယ်နီးနေပါပြီ။ ကိုကြည်မောင်က ကုမ္ပဏီတစ်ခုက မန်နေဂျာပါ။ ကလျာဆိုတာ ကိုကြည်မောင့်ရဲ့ ပီအေခေါ် စက္ကထရီခါ် အနီးကပ်နေရတဲ့ ကိုယ်ရေးအတွင်းရေးမှူးပေါ့။ ကောင်မလေးက ၂ဝ ကျော်ရုံလေး။ ကိုကြည်မောင်က တစ်သက်လုံး သိက္ခာရှိရှိ နေလာခဲ့ပြီး ဘာမျှ အစွန်းအထင်းမရှိတဲ့လူ။ သားသမီးကလည်း သုံးယောက်။ နှစ်ယောက်က ဘွဲ့ရပြီးပြီ။ တစ်သက်လုံး […]


ကြောင်လေးNovember 10, 20111min34311
သရဲလိုက်ခံရတဲ့ကြောင်လေး -၂   ကျွန်တော်တို့နှစ်ယောက်လည်း ထွေရာလေးပါးပြောရင်းသောက်လိုက်တာ သုံးဂျားကုန်သွားပါတယ်။ ထွက်လာတုန်းက ထမင်းစားမယ်ဆိုတဲ့ခေါင်းစဉ်ဟာ ဦးတည်ချက်ပြောင်းသွားပြီးထမင်းလည်းမစားနိုင်ကြ တော့ပါဘူး။   တော်တော်လည်းထွေနေပါပြီ။ “အကို သီချင်းဆိုချင်တယ်ဗျာ ၊နေရာကောင်းကောင်းရှိတယ်မလား” “ရှိတော့ရှိတယ်ကွ၊အခုနှစ်နာရီတောင်ထိုးတော့မယ် မင်းမပြန်သေးဘူးလား” “ဟာ  အကိုကလည်းအခုအချိန်ပြန်လို့က နေပူလို့သေရောပေါ့၊နေအေးမှပြန်မယ်ဗျာ.. နည်းနည်းအနားသွားယူလိုက်ဦးမယ်” “ပြီးရောကွာ၊ ခုနက မင်းမိန်းမ ဘာမှာတာလဲ အဲဒါအရင်သွားဝယ်ထားလိုက်” “အော်ဟုတ်တယ်  ဝက်အူချောင်းမှာတာအကို ” “ဘယ်လောက်ဝယ်မှာလဲ ” “တပိဿာလောက်” “ဟာ အများကြီးဘာလုပ်ဖို့လဲ” “ပေးသင့်တာပေးဖို့အကိုရာ၊နောက်ပီးရေခဲသေတ္တာထဲထည့်ထားပြီး မနက်ထမင်းကြော်နဲ့စား၊ဟင်းမရှိတဲ့အခါအလွယ်တကူ ကြော်စားတာပေါ့” ဒီလိုနဲ့ ဆိုင်ရောက်တော့ တပိဿာဝယ်၊ ဝက်အူချောင်းတွဲတွေကို သုံးထုပ်ခွဲပြီး သတင်းစာစက္ကူနဲ့ပတ်၊ ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး ခုန ဝယ်လာတဲ့ မုန့်ထုပ်တွေ အောက်မှာထားလိုက်ပါတယ်။ မုန့်ထုပ်ပေါ်မှာတော့ပါလာတဲ့ သားရေအိတ်လေးကိုတင်လုက်တောခြင်းပေါ်ကိုအတော်ကျော်ထွက်နေပါတယ်။ ဆိုင်ကယ်ပစ္စည်းဆိုင်မှာ ခြင်းအုပ်တဲ့ပင့်ကူအိမ်သားရေကြိုးတစ်ခုဝယ်ပြီး အုပ်လိုက်ပါတယ်။  နောက်ပြီးကာရာအိုကေကိုသွားပြီးနှစ်နာရီလောက် အချိန်ဖြုန်းလိုက်ပါတယ်။  […]


ကြောင်လေးNovember 9, 20111min43612
သရဲလိုက်ခံရတဲ့ကြောင်လေး ကြောင်လေးသရဲမယုံပါဘူး။ သရဲဆိုတဲ့ နာနာဘာဝနဲ့ ပရလောက ရှိတယ်ဆိုတာကိုမယုံတာမဟုတ်ပါဘူး၊သရဲပူးတယ်၊သရဲစီးတယ်ဆိုတဲ့ကိစ္စကိုပြောတာပါ။ သရဲစီးတယ်၊ပူးတယ်ဆိုတဲ့ကိစ္စဆိုရာမှာ လည်း အဖြစ်အပျက်တိုင်းကိုဆိုလိုတာမဟုတ်ပါဘူး၊ နဲနဲရှုပ်သွားသလားမသိဘူး၊ တချို့ဖြစ်ရပ်တွေဟာတကယ် ဟုတ်ပေမဲ့၊တချို့တွေဟာ တကယ်မဟုတ်ပဲလိမ်ဆင်တွေဖြစ်နေတတ်တယ် ဆိုတဲ့သဘောပါ။ ဒါပေမဲ့ ကြောင်လေးသရဲစီးတဲ့အဖြစ်နဲ့ကြုံလိုက်ရပါတယ်၊ကြောင်လေးကိုစီးတာတော့မဟုတ်ဘူးဗျ ၊ကြောင်လေးမောင်းလာတဲ့ဆိုင်ကယ်ကိုလိုက်စီးတာပါ။ဖြစ်ပုံက ဒီလိုပါဗျာ။ ×××××××××××××××××××××××××××××××××××××××× “ဗမာ့လွပ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်….                                              တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာကြံစည်တယ်…..                                                                          သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်….” “ဟဲလို အမိန့်ရှိပါ” “——–” “ဟုတ်ပါတယ်၊ ပြောပါ အကို ” “——–” “ဟုတ်ကဲ့ ” “——–” “ဟုတ်ကဲ့ […]


ကြောင်လေးNovember 7, 20111min2792
လူမစွမ်းနတ်မ(၂) ဒီတစ်ယောက်အကြောင်းကတော့ အရမ်းကြီးထူးခြားမှုမရှိပါဘူး၊ ဒါပေမဲ့ ရေးလက်စနဲ့မို့ ဆက်ရေးလိုက်တာပါ၊ကျွန်တော်တို့အိမ်နားမှာ ဦးထူးမနှစ်ယောက်ရှိတယ်လို့ပြောခဲ့ပါတယ်။ တစ်ယောက်က မျက်မမြင်ပါ၊တစ်ယောက်ကတော့ မြင်ပါတယ်၊ အခုပြောမဲ့သူက မျက်မြင်ဦးထူးမရဲ့ညီလေးပါ။                  သူ့နာမည်က ကံထူးပါ။ (သူတို့ရဲ့နာမည်တွေကိုထုတ်ရေးနေရတာကတော့ မကောင်းပြောချင်တဲ့သဘောနဲ့မဟုတ်လို့ရေးတာပါ၊  ဆွေမျိုးသားချင်းတွေက ဒီမှာဖတ်ရင်းတွေ့မိတဲ့သူရှိနေရင်လည်းတောင်းပန်ပါတယ်။)  နာမည်နဲ့လိုက်အောင်ကံထူးတာတော့မဟုတ်ပါဘူး၊           သူ့ရဲ့ထူးတဲ့ ကံကြောင့်သာမိဘတွေက ကံထူးလို့ပေးထားပုံရပါတယ်၊  ဘာကြောင်လဲဆိုတော့ သူဟာလက်နှစ်ဘက်မပြည့်စုံတဲ့သူပါ၊မွေးရာပါလို့ပြောပါတယ်၊ လက်တစ်ဖက်က တတောင်ဆစ်လောက်နေရာမှာတုံးတိလေးဖြစ်နေပါတယ်၊အဖျားခပ်ရှူးရှူးလေးပါ။ ထိပ်ဘုလုံးလေးက တစ်လက်မ အဝိုင်းလောက်ပဲရှိမှာပါ ။ဘယ်ဘက်လားညာဘက်လားမမှတ်မိတော့ပါ၊       ကျွန်တော်တို့အဲဒီရပ်ကွက်ကိုရောက်ကာစက အဲဒီလက်နဲ့လိုက်တို့ရင်ကြောက်ပြီးပြေးကြပါတယ်၊ နောက်တော့ နဲနဲကိုင်ရဲလာပါတယ်။ ပျော့စိစိနဲ့ပါ၊နောက်လက်တစ်ဖက်က လက်ငါးချောင်းအပြည့်မရှိပါဘူး။ နှစ်ချောင်းပဲရှိပါတယ်။ လက်သန်းလောက်ဘုတိုလေးနှစ်ခုပါ။ တော်တော်သန်ပါတယ်၊သူ့လက်နှစ်ချောင်းနဲ့ကျွန်တော်တု့ိ ကလေးတွေရဲ့လက်ချောင်းတွေကိုညှပ်ထားရင် ကျွန်တော်တို့ ကလေးတွေ ရုံးလို့မရပါဘူး။   သူက လက်သာမစုံတာ ဆေးလိပ်သောက်ဖို့မီးခြစ် ခြစ်တတ်ပါတယ်၊ ပုဆိုးစည်းတတ်ပါတယ်၊အရက်လဲ သောက်တတ်ပါတယ်၊ ဖဲလည်းရိုက်တတ်ပါတယ်။ သူ့ရဲ့မကောင်းကြောင်းကိုပြောတာမဟုတ်ပါ၊ လုပ်နိုင်စွမ်းတာကိုပြောတာပါ။ ဒါကမထူးခြားပါဘူး၊ထူးခြားတက  ဘက်မညီတဲ့လက်နှစ်ဖက် […]