padonmarJune 6, 20161min6508
ကျမတို့ ရွှေပြည်ကြီးက ရွှေမြန်မာတွေ သုံးနေကျ စကားပုံ တခုရှိပါတယ်။ အကျိုးဆော့ အကန်းမော့တဲ့။ ခြေထောက်ကျိုး/မသန် တဲ့သူ ဆော့ရင် အပြစ်ပါတဲ့။ မျက်စိမမြင်တဲ့သူကန်းတဲ့သူ မော့တော့တော့ လမ်းလျှောက်ရင် အပြစ်ကြီးပါတဲ့။ တကယ်လည်း အပြင်မှာ ခြေလက်မသန်တဲ့သူတွေ မျက်မမြင်တွေဆိုရင် လူတန်းစားတရပ်လို သဘောထားကြပါတယ်။ အသနားခံ၊အပယ်ခံ၊လူတောမတိုးနိုင်တဲ့သူတွေလို့ သတ်မှတ်ကြပါတယ်။ မျက်မမြင်တွေ အတွက် မျက်မမြင်ကျောင်း ၂ကျောင်း (သမိုင်းခဝဲခြံနဲ့ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်း) က အသက်မွေးဝမ်းကျောင်းသင်ပေးရုံပါပဲ။ ဆွံ့အနားမကြားသူတွေအတွက် မေရီချက်ပမင်ကျောင်း ၁ကျောင်းပဲ ကြားဖူးပါတယ်။ ခြေလက်မသန်စွမ်းသူတွေအတွက် သမိုင်း မသန်စွမ်းဆေးရုံ နဲ့ မင်းဓမ္မလမ်းထဲမှာ ဂျပန်က လာဖွင့်ထားတဲ့ မသန်စွမ်း သက်မွေးသင်တန်းပဲ တွေ့ဖူးပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းက ကူညီထောက်ပံ့ထားတဲ့ ထီလှည်းလေးတွေဆိုလည်း တခါတရံမှ တွေ့ရတတ်တာပါ။ မျက်မမြင်တွေတွက်လည်း တနှစ်မှ တခါ မျက်မမြင်လမ်းလျှောက်ပွဲ […]


padonmarJune 3, 20161min6797
မြေပဲ ကျွန်း ထိုင်ဝမ်မှာ ဘယ်တွေ ရောက်ခဲ့လဲ လို့ မေးရင် ဆေးရုံတွေ ရောက်ခဲ့ပါတယ်လို့ ဖြေရပါမယ်။ Dalin Tsu Chi Buddhist Hospital Havo Medical Center Shin Kong Memorial Hospital West Garden Hospital Far Eastern Hospital နာမည်မှတ်မရတာ ကျန်ဦးမယ်ထင်ပါရဲ့။ ရောက်တဲ့ ဆေးရုံမှာ ဆေးဘယ်လိုကုတယ်ဆိုတာတော့ အရည်ပျော်ဦးနှောက်က စိတ်မဝင်စားဘဲ Volunteers လို့ နာမည်ထိုးပေးထားတဲ့ waist coat တွေ ဝတ်ထားတဲ့ သက်ကြီးပိုင်းတွေကို လိုက်ကြည့်နေမိပါတယ်။ အဲဒီ Volunteer တွေက လူနာတွေကို စာရင်းသွင်းပေးတာ၊ သွေးဖောက်ဖို့ လမ်းညွှန်ပေးတာ၊ သွေးပေါင်ချိန်စက်နဲ့ သွေးပေါင်ချိန်ပြီး မှတ်တမ်းစာရွက်လေး ထုတ်ပေးတာ၊မသွားတတ်တဲ့ […]


ဇီဇီMay 20, 20161min181941
အလွဲတွေ မပြောခင်မှာ နည်းနည်း ပျိုးပါရစေ။ ဟိဟိ (လေကြောရှည်တော့မယ်) :mrgreenn: ကေဇီ မွေးရာပါတတ်တဲ့ ပညာရပ်ထဲမှာ အနှိပ်ပညာရပ်ပါပါတယ်။ (ကျန်တဲ့ ပညာတွေကတော့ ပြောမပြဘူးးးး) :k: ကိုယ်တိုင်ကလည်း အနှိပ်ခံရတာကို အတော်ကြိုက်တာရယ်။ မွေးမေလေ့နဲ့ လုံးဝ တူတဲ့ အချက်တွေထဲမှာလည်း အနှိပ်ပညာလည်း ပါသပေါ့။ သူကတော့ ဇိမ်မခံတတ်ဘူးး။ သူများသာ နှိပ်ပေးချင်တာ။ ဘယ်နားကို ဘယ်လိုလေး နှိပ်လိုက်ရင် မျက်ရိုးကိုက်တာ ပျောက်တာတို့ ဇက်ကြောတက်တာ ပျောက်တာတို့ ဆိုတာ သူ့လောက် မသိပေမဲ့ ကိုယ့်လက်နဲ့ အနှိပ်ခံဖူးသူတိုင်း လက်ပေါက်တယ်လို့ ပြောကြတယ်။ (အနှိပ်ခံဖူးတဲ့ ရွာသူ ရွာသားတွေ ရှိတယ်) :aa: လက်ပေါက်တာက နှိပ်တဲ့သူရဲ့ ဝတာ ပိန်တာနဲ့ မဆိုင်သလို အရမ်းအားစိုက်စရာလည်း မလိုပါဘူးး။ ငယ်တုန်းကတော့ […]


padonmarMay 15, 20163min117012
  ထိုင်ဝမ်ဆိုတဲ့ မြေပဲကျွန်းမှာ ခဏရောက်တုံး သဘောကျမိတာလေးတခုကတော့ အများနဲ့ ဆိုင်သောနေရာများကို အများသုံးခွင့်ရတာပါပဲ။ Public usage of public space လို့ ဘိုလိုတော့ကြည့်ပါမယ်။ တရုတ်လိုတော့ (ပုဟွေ့ကျန်ဟွ) မပြောတတ်လို့ပါ။ ဆရာမကြီး ဒေါ်ခင်လှတင်ရဲ့ ဓမ္မသင်တန်းဖွင့်လှစ်ရာ ကျုံးဟို အလယ်တန်းကျောင်းမှာ ညဖက်ဆို ကျောင်းသားလေးတွေ အကကျင့်တာ၊ စန္ဒယားတီးတာ၊စာဖတ်တာတွေ တွေ့ခဲ့ရသလို လူကြီးတွေလည်း ထိုက်ကျိကျင့်တာ၊ဝူရှူး ကျင့်တာ ညတိုင်းတွေ့ခဲ့ရပါတယ်။                   တနင်္ဂနွေတရက်မှာ အမျိုးတွေရှိရာ ပန်ချောင်းရပ်ကို ဒေါက်တာနှင်းဝတ်ကြည် Hnin Wut က MRT နဲ့ လိုက်အပို့ ပန်ချောင်းဘူတာရဲ့ မြေအောက်ထပ် အကျယ်ကြီးမှာ လူငယ်လေးတွေ […]


padonmarMay 13, 20163min77411
ခရီးထွက်ခဲတဲ့ ဒေါ်ပဒုမ္မာက အိမ်ကနေထွက်ပြီး ခရီးလေးများ သွားမိပြီဆို ရေးမဆုံးပေါင် တောသုံးထောင် ဖြစ်ပါလေရော။ တနှစ်က ကိုရီးယားလေး ၅ရက်သွားမိပါတယ်။ ကကြီးအကြောင်း တတို့နှစ်တို့ ရေးလိုက်တာ ၄ပိုင်းဖြစ်သွားတယ်။ အခုလည်း မြေပဲကျွန်းဆိုတဲ့ ထိုင်ဝမ်ကို တလလေး သွားရပါတယ်။ ရေးချင်တာတွေ များလို့ ၁။၂။၃။၄ ဇာတ်လမ်းတွဲမယ် စိတ်ကူးတာပဲ။ဘယ်တော့ပြီးမယ်တော့ မသိ။ ထိုင်ဝမ်ကျွန်းက မြေပဲတောင့်ပုံလေးနဲ့ တူလို့ မြန်မာပြန်များက မြေပဲကျွန်းလို့ ခေါ်ကြပါတယ်။ ထိုင်ဝမ်တရုတ်တွေကိုတော့ မြေပဲတွေလို့ ATT (=အတင်းတုပ် credit tဝ Kay Thwe Oo) ကြပါတယ်။ သူတို့က ကိုယ်တို့ ရွှေပြည်ကြီးထက် တိုးတက်တော့ ရိုးရိုးမြေပဲ မဟုတ်။ Value added= packing ကောင်းကောင်းထုပ်ထားတဲ့ မြေပဲယိုပါ။ မြေပဲကျွန်းအကြောင်းပြောပြမယ့်ထဲမှာ တိုက်အမြင့်ကြီးတွေ […]


ဇီဇီMay 9, 20161min73412
  လွယ်လွန်းလို့ လုပ်စားပြီး အရသာကောင်းလွန်းလို့ ကြိုက်လို့ လာမျှတာ။ ပါဝင်ပစ္စည်း ပုဇွန်ထုတ်/ပုဇွန်ဆတ်ထုတ် – ၁ဝ ကောင် အသားပြား – ၁ဝ ပြား ဆား/ငရုတ်ကောင်းအနက် – အနည်းငယ် ဟင်းချက်ဝိုင်/အရက် – ၁ ဖုံး ပင်စိမ်းရွက် – အရွက် ၂၀ သွားကြားထိုးတံ – ၁ဝ ချောင်းး ထောပတ်ဆီ – ထမင်းစားဇွန်း ၂ ဇွန်း ခိခိခိခိ ပိန်အူးမှာ     ပြုလုပ်နည်း ၁) ပုဇွန်တွေ ခေါင်းပြုတ်၊ ချေးကြောင်းထုတ်၊ အခွံခွါထား ၂) ဆား/ငုတ်ကောင်းအနက်မှုန့် ဟင်းချက် အရက်နဲ့ နယ်ထား ၃) အသားပြား ၁ဝ ပြားကို ခွါထုတ်ပြီး […]


ဇီဇီMay 8, 20161min93918
ဒီ တစ်ပတ် cocktail ကတော့ Tequila နဲ့ စပ်တဲ့ Margarita ကို ပြောမှာ ဖြစ်ပါတယ်… လိုအပ်တဲ့ ပစ္စည်းတွေက Tequila- 1 cup orange – 1 lime – 1 sugar – 2 tea spoons salt – a bit mint – 5 branches basil – 5 leaves Ice – 5 cubes     ပြုလုပ်နည်း ၁) ဖန်ပုလင်းထဲ ကို ပင်စိမ်း ၅ ရွက်/ ပူစီနံ ၅ ညွန့် ထည့်. တကီလာ […]


ဇီဇီApril 1, 20162min58810
Sorbet /sɔːrˈbeɪ/ is a frozen dessert made from sweetened water with flavouring (typically fruit juice or fruit purée, wine, and/or liqueur, and very rarely honey).   ဒီ တစ်ပတ် စမ်းထားတာကတော့ သစ်သီးတွေနဲ့ လက်ကျန် ဝိုင်ဖြူတို့နဲ့ လုပ်ထားတဲ့ ရေခဲခြစ် ပါ။ ခွိ။ :mrgreenn:   စိတ်ကူးရှိသလို ကွန့်မြူးနိုင်ပါတယ်။     ကျနော်ကတော့ ချင်တွယ်စရာ ပန်းကန်လုံး တစ်ခု (အကြီးအသေးကတော့ လူများမများပေါ်မူတည်ပြီး ချင်ပါ) ယူလိုက်ပါတယ်။ ပါဝင်သစ်သီးတွေကို တစ်ပန်းကန်စာဆီ ချင်တွယ်ပြီး ဖျော်ရည်စက်ထဲကိုထည့်ပါတယ်။ များရင် […]


ဇီဇီMarch 28, 20163min81126
  ခြောက်ချွေဖက် ဟင်းစပ် – KZ’s ထမင်းဆိုင် ခြေါက်ချွေဖက် ဟင်းစပ်တွေ အပြီးမှာ ဟိုလူ ကို ဒီလူကို လှည့်ပတ်တောင်းယူပြီး ရထားတဲ့ အရာတွေနဲ့ ဟင်းချက်တော့မှာဖြစ်ပါတယ်။ ဟိဟိ   မိုးသူဆီက အာလူးဘာလချောင်ကြော် မွသဲဆီက ကြက်သားနီကြော်, ငရုတ်သီးစိမ်းကြော် ဇော်သန့် ယူလာသော် ဝက်အူချောင်း, တို့ဟူးခြေါက်, အာလူးကြော် ်တွေ ရအပြီးမှာ ခဲခန်းထဲဖွက် အဲလေ ထည့် ဟင်းသီးဟင်းရွက်လောက်ပဲ ဝယ်ပြီး နေ့စဉ်စားသုံးနေတာပါပဲ။ ခိခိ (သည်းခံပါ ပလိတ်သတ်ကြီးး ဒီ ပို့(စ) ရေးမယ်ဆို ဒရပ်ထဲသိမ်းထားတာကြာပါပြီ။ ခုမှ အားလို့ ရေးလိုက်ပါတယ်။ မပြန်ခင်က ဆိုတော့ ခုပြန်လာပြီး ထပ်ရတာတွေနဲ့ ထပ်ရေးပါအူးမယ်။ နောက်တစ်ခေါက်မပြန်ခင်ပေါ့။ ဟေးဟေးဟေး)     […]


ဇီဇီMarch 26, 20163min90513
    နက်ဖန် စနေည ကို အိမ်မှာ စမ်းချင်သူများးရှိရင် စမ်းသပ်နိုင်အောင် တင်ပေးးလိုက်တာပါ.. တညားးလည်းး ခုမှ စမ်းးရင် မူးးမူးးနဲ့ ရေးးလိုက်ပါတယ်.. :k:   Kiwi & Strawberry Sangria   ပါဝင် အချိုးး ၁) ကီဝီ – ၃ လုံးးး ၂) စတော်ဘယ်ရီ အကြီးး – ၂ဝ လုံးး ၃) Rum – ဖန်ခွက် အရှည် တစ်ဝက် ၄) White wine – ၂ ဖန်ခွက် ၅) သကြား – ထမင်းစားဇွန်း ၃ ဇွန်း ၆) သကြားရည် – ဖန်ခွက် […]


Ma MaFebruary 28, 20163min90117
လွန်ခဲ့တဲ့ ၄နှစ်လောက်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို ရွာသူားတွေ စုပေါင်းပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနိုင်ခဲ့ကြပါတယ်။ ရွာ့အလှူမြင်ကွင်း တစွန်းတစ   ရွာသူားတွေ စည်းစည်းလုံးလုံး တက်တက်ကြွကြွရှိခဲ့ကြတာကို အောက်မေ့သတိရမိပါတယ်။     ရွာသူားတွေရဲ့ စုပေါင်းအလှူ ပြီးတဲ့နောက် ၁နှစ်လောက်အကြာ ၂၃ ၊၄၊ ၂၀၁၃ မှာ ဆေးရုံဖွင့်ပွဲကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သီတဂူသုမေဓာ ဆေးရုံဖွင့်ပွဲ ဖိတ်ကြားလွှာ ဆေးရုံဖွင့်ပွဲလုပ်ပြီးပေမယ့် အဆောက်အဦတွေသာရှိပြီး တာဝန်ကျဆရာဝန်  မရသေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်ပြည့် မပေးနိုင်ခဲ့ပဲ အလျဉ်းသင့်သလို လာရောက်ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ပြုစုကုသမှုကိုသာ ရရှိခဲ့ကြပါတယ်။     လွန်ခဲ့တဲ့ ၄လလောက်ကစပြီး ဆရာဝန် ၂ဦး၊ သူနာပြု ၂ဦး ရောက်ရှိလာပြီဖြစ်လို့……….   […]


ဇီဇီFebruary 24, 201611min165334
ဒီ တစ်ခေါက် ပြန်တော့ ၃ ပတ်။ စားခဲ့တာလည်း အများကြီးပဲ။ ကြုံသလိုစားခဲ့တာမို့ ကက်တဂိုရီ ခွဲပြီး ရေးမို့ ဘယ်လိုမှ စဉ်းစားမရ။ ဆိုတော့ အစဉ်အလိုက်ပဲ ရေးသွားမယ်နော့။ ပုံနဲ့ တကွ။ :mrgreenn: ဂျန် ၃ဝ ရက်နေ့ညနေ ရောက်တော့ ကိုယ့် အဖွဲ့တွေ မွသဲတို့ မက်စေ့လှမ်းပို့ပြီး တားတယ်။ အပြင်စာမစားနဲ့အူးတဲ့။ ကိုယ်က ကျောက်ဖြူရခိုင် ဆိုင် ခြေလှမ်းပြင်နေမှကိုးးး။ :mrgreenn: ဟုတ် .. မစားပါဘူးပေါ့။ အာ့နဲ့ တောင်ဥက္ကလာရပ်ကွက် အတွင်းထဲ တောင်ဥက္ကလာ စာတိုက် နားက”ဥက္ကလာ ခေါက်ဆွဲဆိုင်” ကနေ ခေါက်ဆွဲကြော် ထမင်းကြော် နံကင် မှာစားလိုက်တယ်။ မီးခိုးနံ့သင်းတဲ့ ခေါက်ဆွဲကြော် ငတ်နေတာမို့ စားလို့ကောင်းတာ။ (ရပ်ကွက် အပြင်က […]


ဇီဇီJanuary 18, 20163min125224
  ဒီ တစ်ရွာလုံး ကျောက်+နှင်း, တဂျီး နဲ့ မယ်ခွစ် ပဲ စားတဲ့ အသားး။ နှစ်ကူးမှာ တဂျီး အတွက် စပွိရှယ် စု ပေးတယ်လို့ မှတ်ပါ။ ဒီ တစ်ပတ် က စ တစ်လခွဲလောက် မဝင်နိုင်မှာမို့ ကြိုနှုတ်ဆက်ထားဒါ။   ဒီ အသားမစားသူများကတော့ ခွင့်လွှတ်ကြပါ။ ကျနော်ကတော့ စားပါတယ်။ မစားဖြစ်တာ ကြာရင်း မစားဖြစ်တာပါ (ဟယ် ရှင်းလပ်ထာ) အသားဆို၊ စစ်သားရယ် ကျောင်းသားရယ် ပဲ ရှောင်ပါတယ်။ သစ်သားဆိုရင်တောင် နု ရင်း ဝါးပါတယ်။     တစ်ယောက်ထဲစားမယ့် အမဲစတိတ်ပြုတ်.. (နှင်း)     အမဲသား တောချက် (ကျောက်+နှင်း)   […]