သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Oct 18 ။ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင်းက ဟိုတယ်တွေမှာ သီတင်းကျွတ် ပိတ်ရက်အတွက် အခန်းကြိုတင်မှာယူမှုတွေကြောင့် အခန်းအားလုံး ပြည့်နေပြီဖြစ်ကြောင်းဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)က ပြောပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ ထောပတ်သီးတွေကို ထိုင်းနဲ့ ဘာရိန်းနိုင်ငံအပြင် အိန္ဒိယနိုင်ငံနဲ့ ပြင်သစ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူတွေဆီကသိရပါတယ်။ မြန်မာပြည်မှာ ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အဓိက စိုက်ပျိုးကြပါတယ်။ Oct 17 ။ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် အာဏာသိမ်းမြန်မာစစ်တပ်ကို ရှုတ်ချကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။ စကစဟာ အွန်လိုင်းငွေလိမ် ရာဇဝတ်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီးအဲဒီလုပ်ငန်းဟာ အကြီးဆုံး […]