Category: Editor’s Notes


kaiJanuary 20, 20222min5680
၂၀၂၂ ယခုနှစ်တွင် ၂၀၂၀ကောက်ခံခဲ့သော သန်းခေါင်စာရင်း၏ အသေးစိတ်ရလဒ်တို့ထွက်လာမည်ဖြစ်ပါသည်။ အမေရိကပြည်၏ လွှတ်တော်ခုံနေရာများ လူမျိုးစုနိုင်ငံတူအုပ်စုများ ဆင်းရဲချမ်းသာ လူများစု/လူနည်းစုတို့ကို ကိန်းဂဏန်းဖြင့်ပြတ်သားစွာဆုံးဖြတ်ချက်ကျမည့်နှစ်ဖြစ်သည်။ MSMသတင်းများတွင် ၂လတကြိမ်မျှပါလာတတ်သော အမေရိကားရောက်မြန်မာကွန်မြူနတီသို့ရှေ့ရှုသုံးသပ်ရေးပါမည်။ “ပထမမြန်မာ-အမေရိကန်များ”အမေရိကားသို့မြန်မာစတင်ရောက်ရှိသည်ဟုမှတ်တမ်းရှိသည်မှာ ၁၈၅၈ရောက်ရှိသူမောင်ရှောလူးဖြစ်၏။ အမေရိကားမှ ဆရာဝန်ဘွဲ့ရပြီးနောက်မြန်မာပြည်သို့ပြန်သွားဇတ်မြုတ်သဖြင့် ပထမအခြေချသူဟုမဆိုနိုင်။ သီပေါမင်းလက်ထက် ၁၈၈၄တွင် တောင်တလုံးအမည်ရဆင်ဖြူတစီးအား အမေရိကားရှိ ဆက်ကပ်အဖွဲ့သို့ရောင်းချဖူးသည်မှတ်တမ်းရှိသဖြင့် အဆိုပါဆင်ဖြူနှင့်အတူလိုက်ပါသွားသူ ဘိုးချူးနှင့်ဘချူးဆင်ထိန်း၂ဦးမှာလည်း အမေရိကားတွင်အခြေချနေသူများဖြစ်နိုင်သည်။ ၁၈၈၈တွင်မျက်နှာ၌ပင်အမွှေးအမျှင်များရှိသူ မြန်မာမိသားစုတခုအားလည်း အဆိုပါဆက်ကပ်အဖွဲ့မှ P.T Barnum ကပင်စာချုပ်နှင့်ခေါ်ဆောင်သွားသည်ဟု သတင်းရှိသည်။ အဆိုပါမိသားစုဝင်များ(မောင်ဘိုးဆက်နှင့်မမီး)မှာဝါရှင်တန်တွင်နောက်ဆုံးသိရှိလျှက်တိမ်မြုတ်သွားခဲ့၏။မြန်မာဂဇက်သတင်းစာအနေဖြင့်လူတွေ့မေးမြန်းဖူးသူမှာ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ၁၉၄၈မတိုင်ခင်ကရောက်ရှိခဲ့ပြီး အမေရိကန်အမျိုးသမီးနှင့်အိမ်ထောင်ကျ အခြေချသူဖြစ်သည်။ ထို့နောက်ဦးနု၏ ပြည်တော်သာစီမံကိန်းများအရ အမေရိကားသို့ပညာတော်သင်များအသုတ်လိုက်‌ရောက်လာကြပြီး ထိုသူများထဲမှ အခြေချသူအချို့ရှိပါသည်။ အင်တာဗျူးလည်းလုပ်ဖူးပါသည်။ “ဦးနေဝင်းပြေးများ”မြန်မာနိုင်ငံရောက်လုပ်ငန်းရှင်သူဌေးကြီးများနှင့်ပညာတတ်များ နိုင်ငံခြား(အိန္ဒိယ၊ ချိုင်းနား)မွေးသူများနှင့်မြန်မာပြည်ပေါက်များ အလုံးအရင်းနှင့်ထွက်ခွာကြရန်ကြိုးစားကြသည်မှာ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီးနောက်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပြည်သူပိုင်ဆက်သိမ်းကာ တရုတ်၊အိန္ဒိယနွယ်သားလုပ်ငန်းရှင်အများအပြားအား အချို့ပြည်နှင်ဒဏ်ပေး၊ […]


kaiDecember 16, 20212min211
နှစ်ကုန်တော့မည်၊ နှစ်ဟောင်းကိုနှုတ်ဆက် နှစ်သစ်ကိုကြိုပါရစေ။ဇန်နဝါရီ ၆ရက်နေ့တွင်အမေရိကကွန်ဂရက်ရုံးသို့ လူအုပ်စုကြီးဝင်စီးခြင်းဖြစ် ဇတ်ကြမ်းစဖွင့်ခဲ့သော ၂၀၂၁ သည် ဇန်နဝါရီ၂၀တွင် ဂျိုးဘိုင်ဒင်ကျမ်းကျိန် အမေရိကသမ္မတအဖြစ်စတင်ထမ်းဆောင်ခြင်းဖြင့် တစခန်းရပ် အရေးယူခြင်းတို့စခဲ့သည်။အမေရိကား၏၂၀၂၁သည် လူဖြူထိပ်တင်နှင့်အမျိုးသားရေးအစွန်းရောက်ဝါဒအား ဖြေရှင်းအရေးယူနေရရာနှစ်ပါ။ ကွန်ဂရက်မှ ဇန်နဝါရီ ၆ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ယခင်သမ္မတထရမ့်နှင့် အစွန်းရောက်အမည်ခံများကို အမည့်ချွေချနေဟန်ရှိသည်။ သမ္မတဘိုင်ဒင်အုပ်ချုပ်ရေး၏ရည်ရွယ်ချက်မှာ (ရိုးရှင်းသည်ဆိုချင်ဆို) ထရမ့် ၂၀၂၄တွင်သမ္မတအဖြစ်ပြန်လည်ရွေးကောက်မခံနိုင်ရေးတည်း။ အမေရိကသမိုင်းတွင် သမ္မတ ၄၆ဦးအနက် နောက်တကြိမ်ပြန်လာနိုင်သူမှာလည်း သမ္မတဂရိုဗာကလိဗ်လန်းဒ်(၂၂ နှင့်၂၄မြောက်)တဦးတည်းသာရှိဖူးပေသည်။ ၂၀၂၄သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတဘိုင်ဒင်၏အသက်မှာ၈၂နှစ်ရှိနေမည်ဖြစ်၍ မှား/မှန်အနာဂတ်ချိန်ဆချက်တို့မှာ ၂၀၂၂ အထွေထွေရွေးကောက်ပွဲတွင်များစွာတည်သည်။ “သတင်းဒိုင်ယာရီ”သမ္မတဂျိုးဘိုင်ဒင် အာဏာရသည်နှင့် ဒေါ်လာထရီလီယံချီသည့် ဘက်ဂျက်ဥပဒေများပြုရန်ကြိုးစားခဲ့သည်။ အစပိုင်းကိုဗစ်ရောဂါကြောင့်ကျဆင်းနေသောစီးပွားရေးကိုဆွဲတင်ခြင်း($1.9 trillion American Rescue Plan -March 12) မှသည် BBB(Build Back Better) ဟုခေါ်သော($1 trillion infrastructure […]


kaiNovember 16, 20211min241
“ဤခရီးမနီး”နွေဦးတော်လှန်ရေးသည် UWSA နှင့် အထူးသဖြင့် AA တို့ဆယ်စုနှစ်အတွင်းဆွဲယူလုပ်ဆောင်သွားပုံတို့ကိုတု၍ ယနေ့မြန်မာလူထုနည်းနာယူလုပ်နေခြင်းဖြစ်ပါသည်။ သတင်းများအရ KIO/KIA နှင့် UWSA တို့သည်ကိုယ်ပိုင်လက်နက်စက်ရုံရှိကြပြီး သယံဇာတပရံကတပစ္စည်းတို့မှအဓိကပုံမှန်ဝင်ငွေရှိကာ AAမှာလည်း ရခိုင်လူထုအခွန်ငွေနှင့်ထပ်ဆောင်းဖြည့်ထားခြင်းဖြစ်၏။ နောက်ခံမှာ အိမ်နီးချင်းနိုင်ငံကြီးဖြစ်သည်ကို ထူး၍ရှင်းပြရန်ပင်မလို။NUG သည် လူအင်အားရှိသဖြင့် တော်လှန်ရေးတခုကို အချိန်တိုနှင့်ဖြတ်နိုင်မည်တွေးပါသလား။ တွက်ကြည့်အံ့။လူတဦးတနေ့စားစရိပ် ၁ဒေါ်လာရှိပါက လူ၁သိန်းအတွက်တရက်ကုန်ကျမည့် စားစရိပ်ငွေသည် ဒေါ်လာ၁သိန်းပါ။ တလ ဒေါ်လာ ၃သန်းနှင့် ၆လလျှင် ၁၈သန်းစားစရိပ်ချည်း လူတသိန်းအတွက်ဖြစ်ပါကြောင်း။ လူသားတဦးအတွက်လိုအပ်သည်မှာ စားဝတ်နေရေး၃ပါးဖြစ်၍ CDM ဝင်ထားသူသိန်းချီလစာနှင့် pdfလက်နက်တို/ရှည်စရိပ်တို့တွဲလိုက်လျှင် ၁၀လလျှင်ဒေါ်လာသန်းရာချီလိုအပ်ပါမည်။ထိုဘက်ဂျက်ကို အဓိကထောက်ပံ့ဖြည့်စည်းနေသူများမှာ နိုင်ငံတကာရောက်မြန်မာများနှင့် ပြည်တွင်းမှအချို့သာဖြစ်ကြ၏။ မည်သို့လှူတန်းသည် ရန်ပုံငွေရှာသည်ဖြစ်စေ ထိုပမာဏငွေကို အုပ်ချုပ်စိုးမိုးမှုမြေပိုင်မရှိသေးသော NUG/CRPHမှ လပိုင်းနှင့်ရလာရန်အကြောင်းမရှိ။ နိုင်ငံတခုအကူအညီ သို့မဟုတ် ဘီလီယံနာငွေကြေးရှင်တဦး အဖွဲ့အစည်းတခုမှ မကူလျှင်မဖြစ်နိုင်ပေ။ “အာဆီယံငါးချက်ဆီ”ယခုရက်ပိုင်းတွင် ကမ္ဘာအင်အားကြီး […]


kaiSeptember 11, 20211min240
ကိုဗစ်-၁၉ကပ်ဘေးအပါအဝင် ကိစ္စများမြှောင်တို့တွင် အမေရိကပြည်ထောင်စုသည် ရှေ့ဆုံးမှခါးစည်းခံရသည်။ တနည်းအားဖြင့်ကမ္ဘာလူမျိုးပေါင်းစုံအခြေချနေထိုင်ပြီးစုစည်းတည်ဆောက်ထားသော United States ပြည်ထောင်များ၏အစုနိုင်ငံကြီးဖြစ်သောကြောင့်ဟုဆိုရပေမည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူမျိုးတစ်သောင်းခြောက်ထောင်လာရောက်အခြေချ အမေရိကန်အဖြစ်မျိုးဆက်၁-၄-၆-၈မကတော့ပြီဖြစ်လေရာ ထိုမတူညီသည့်အမျိုး၊ဘာသာ၊သာသနာများကိုစုစည်းထားသော အင်အားသည် အပြိုင်ကြမ်းသလောက် ကမ္ဘာ့ထိပ်တန်းရောက်စေသည်သာမက လူသားမျိုးနွယ်နှင့်ပါတ်သက်လျှင်လည်း အရင်ဆုံး/အများဆုံးထိထိဖြစ်လေ့ရှိ၏။ကိုဗစ်ရောဂန္တရကပ်ဆိုက်ချိန်တွင် သေကြေကြသည်မှာ ယခုထိလူ၄၀.၇သန်းကူးစက်၊ ၆၅၆၀၀၀+ဦးသေထားခြင်းဖြင့် ကမ္ဘာ့အများဆုံးပါ။ယခု ကမ္ဘာဥတုရာသီအစွန်းရောက်လာသည်ဟု သိပ္ပံပညာရှင်များမှန်းဆထားသည့်အတိုင်း မြေကမ္ဘာသို့သဘာဝဘေးအန္တရာယ်ကျရောက်လာခဲ့ပေပြီ။တနည်းအားဖြင့် ကမ္ဘာမြေလက်စားချေပါပြီ။ အမေရိကားက ထိပ်ဆုံးမှအခံတည်း။ သမ္မတဘိုင်ဒင်သည်ပင် ကမ္ဘာနှင့်အမေရိကားအတွက် Code Red ဟုပြောနေရ၏။“Code Red”၂၀၂၁နွေရာသီအမေရိကား၏အနောက်မြောက်ဒေသတို့တွင်မကြုံစဖူး ဒစ်ဂျစ်၃လုံးသို့ရောက်အပူချိန်မြင့်ကြုံရသကဲ့သို့ အနောက်တောင်ပိုင်းတွင် မိုးခေါင်ရေရှား တောမီးကြီးများ ဆင့်ဆက်စံချိန်တင်လောင်သည်။ လောင်သည်မှမနှစ်ကအမြင့်ဆုံးစံချိန်ကိ ဒီတနှစ်နှင့်ဆက်ချိုးသည်ပါပေ။ သက်တမ်းနှစ်ရှည်သစ်ကြီးဝါးကြီးတို့၏တောကြိုးဝိုင်းနှင့် လူနေအိမ်များလည်းမီးထဲပါကုန်သည်။ မိုးခေါင်ဆီးနှင်းပျောက်၍ရေချိုလှောင်ရာကန်မြစ်ကြီးများ ရေခန်းခြောက်ကုန်သည်။အရှေ့တောင်နှင့်မြောက်ပိုင်းသို့အထိလည်း မုန်တိုင်းကြီးများဝင်လေရာ ၂၀၀၅ ကက်တရီနာမုန်တိုင်းနောက်ထက် ပိုမိုကြီးမားပြင်းထန်သော အိုင်ဒါသည် သြဂုတ်လ၂၉၌အရှေ့မြောက်ဖက်သို့ဝိုက်ဝင်သွားရာတွင် လူသားအချို့ကိုပင်အသက်ချွေသွားခဲ့သည်။လူဝီစီယားနားပြည်နယ်/နယူးအိုလင်းမြို့သည် လွန်ခဲ့သော ၁၆နှစ်တိတိ၏ကက်တရီနာမုန်တိုင်းနောက်ပိုင်းသင်ခန်းစာယူ ဘီလီယံ၅၀ကျော်ပစ်ထည့်ကာကြိုတင်ပြင်ဆင်မှုများလုပ်ထားသဖြင့် အနည်းငယ်သက်သာရာရာသွားသော်ငြား […]


kaiAugust 17, 20211min310
အမေရိကပြည်ထောင်စုသည် အာရှတိုက်သားတို့ကို နှိမ်ချဆက်ဆံခဲ့ဖူးသည်။ အမေရိကားသို့ ပြောင်းခိုဝင်ရောက်လာသော ပထမဆုံးအေရှန်းအုပ်စုကြီးမှာ ချိုင်းနီးစ်များဖြစ်၍ ၁၈၅၀ရထားလမ်းများဖေါက်ကြရာတွင် အခကြေးငွေပေးခေါ်ယူ၍ရောက်လာသူများဖြစ်သည်။ ၁၈၇၁တွင် လော့စ်အိန်ဂျလိစ်မြို့၏ ချိုင်းနားတောင်းတွင် လူဖြူလူအုပ်ကြီးမှ ချိုင်းနီစ်း၁၈ယောက်ကို ကြိုးဆွဲချသတ်ပစ်ခြင်းဖြစ် ခွဲခြားနှိမ်ချမှုထင်ရှားစတင်သည်။ ၁၈၈၂တွင်မူ အမေရိကပြည်တွင်နေထိုင်နေသူချိုင်းနီးစ်များကို အမေရိကနိုင်ငံသားဖြစ်ခွင့်မပေးပဲ သမ္မတ အာသာမှ Chinese Exclusion Act ထုတ်ပိတ်ပင်ခဲ့သည်။ ၁၈၈၅ မြန်မာနိုင်ငံ၌သီပေါမင်းပါတော်မူသည့်နှစ်တွင် ဝါယိုးမန်င်းပြည်နယ်တွင် လူဖြူမိုင်းလုပ်သားများက အတူလုပ်ဖေါ်ကိုင်ဖက်ချိုင်းနီးစ် ၂၈ယောက်ကို အစုလိုက်သတ်ဖြတ်ခဲ့ပြန်သည်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသောအခါ ပုလဲဆိပ်ကမ်းဗုံးကြဲခံရသည်ကိုအကြောင်းပြု အမေရိကားရောက်ရှိနေထိုင်နေသူ ဂျပန်လူမျိုးနှင့်အနွယ်ပေါင်းဦးရေ၁၂၀၀၀၀ကျော်ကို သမ္မတရုဇဘဲ့မှ အထူးအမိန့်ထုတ်ခြံခတ်ချုပ်ချခဲ့၏။ ၁၉၈၂တွင် တက်ဆပ်ပြည်နယ်၌ ဗီယက်နမ်စစ်နောက်ပိုင်း၌ရောက်ရှိခိုလှုံနေသော ဗီယက်နမ်ပြောင်းခိုသူများ၏အိမ်များနှင့်သင်္ဘောများကို KKK တို့က မီးတင်ရှို့မှုများပြုခဲ့ကြသည်။ ၁၉၉၂၌ လူမည်းတဦးကို လူဖြူရဲများမှဝိုင်းရိုက်နှက်ကြသည်မှ ဒေါသစိတ်လွှဲ၍ လူမည်းများက ကိုရီးယန်းများ၏စီးပွားရေးလုပ်ငန်းများအားဖျက်စီးမီးရှို့လူသတ်ခြင်းများ လော့စ်အိန်ဂျလိစ်တွင် ဖြစ်ခဲ့သည်။ ၂၀၀၁တွင် ၉/၁၁အကြောင်းပြု ချွတ်ချော်၍ […]


Thakhin Kai BworJuly 14, 20211min200
“သတ္တန္တရကပ်”ပြီးခဲ့သော ဆယ်စုနှစ်တွင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲဝင် ပါတီကြီးနှစ်ခု၏ အယူအဆကွဲမှသည် ပေါ်လစီ ခေါင်းဆောင်မှုနိုင်ငံရေးအားပြိုင်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်တွင် ပါတီတို့ဘယ်ညာ အထက်အောက်ကွဲခြင်းသည် ထုံးစံ။ ထိုပါတီတို့ပဋိပက္ခသည် တရားသူကြီးဖြစ်သည့်လူထုမဲဖြင့် ရွေးကောက်ပွဲလုပ်အပြီးဆုံးဖြတ်ချက်ကျရသည်။ ထိုကျပြီးသော ဆုံးဖြတ်ချက်ကို လက်နက်ကိုင်အင်အားစုမှ ဝင်စွက်ဖက်ခြင်းပြုလိုက်ပါလျှင် ဆိုင်ရာပါတီဝင်တို့သာမက မဲပေးထားသူတိုင်းကို စော်ကားရာရောက်၏။ ထို့အတူ ရွေးကောက်တင်မြှောက်မဲပေး တက်လာသည့် ကမ္ဘာ့နိုင်ငံအသီးသီး၏အစိုးရတို့နှင့် ပါတီ/နိုင်ငံဖြစ်တည်မှုများကိုလည်း ပျက်ရယ်ပြုရာဖြစ်၏။ သို့နှင့် သဘာဝပေးတာဝန်အရ တရားမျှတမှုခေါင်းစဥ်အောက်တွင် လူသားဆန်သူတိုင်း အလိုလိုကန့်ကွက်ပြရတော့သည်။မနှစ်၂၀၂၀ ကဖြစ်ခဲ့သည့် ကိုဗစ်-၁၉ ၏ပထမ/ဒုတိယလှိုင်းများတွင် မြန်မာနိုင်ငံသည် ထိရောက်စွာပိတ်စို့နိုင်မှုကြောင့်လော၊ အချိန်မသင့်သေး၍လော ထိုဗိုင်းရပ်စ်မျိုးကွဲက အရှေ့တောင်အာရှ၏ ရာသီဥတုနှင့် ဟန်မကျသေးသလောမသိ။ အနောက်နိုင်ငံများနှင့်နှိုင်းလျှင် လူ့အသက်တို့ကိုများစွာမချွေခဲ့။ NLD အစိုးရ၏ အပိတ်အတားတို့ကြောင့် ၂၀၂၀တွင်းပြည်တွင်းစီးပွားရေးထိုင်းမှိုင်းသွားရသည်။ အစိုးရသည် ကိုဗစ်အတွက် နောင်ခါလာနောင်ခါစျေးသဘောထား လိုသည်ထက်ပို၍ လူအင်အား ဘဏ္ဍာရေးအင်အားပုံအောသုံးခဲ့ပါသည်။ […]


kaiJune 16, 20212min270
UN ကုလသမဂ္ဂတွင် အဖွဲ့ဝင် (၁၉၃)နိုင်ငံရှိသည်။ ဆိုင်ရာခံဝန်ချက်စာချုပ်ချုပ်၍ အဖွဲ့ ဝင်ဖြစ်ကြသောနိုင်ငံများသို့ ချိတ်ဆက်ကူညီခြင်းရှိသလို အပြန်အလှန်ကူညီကြသည်။ UN၏မူလဖြစ်တည်မှုအရ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုကို စစ်ရေးဖြင့် အင်အားသုံး ဖြေရှင်းကြားဝင်ရန် မဖြစ်နိုင်သလောက်အခြေပါ။ ထို”စည်း”ကိုမည်သည့်အကြောင်းပြချက် ဖြင့်ဖေါက်မိသည်ဖြစ်စေ နောင်အနာဂတ်တွင် သမိုင်းတရားခံဖြစ်ကိန်းဆိုက်နိုင်၍ဖြစ်၏။ လူသိန်း/သန်းသေကျေပျက်ဆီးနေသည့်အခြေဆိုက်နေလျှင်သာ အထူးစဉ်းစားပေးသည့်စားပွဲပေါ်တက်လာမည်။ ICC, ICJ တရားရေးသည်လည်း အမည်သညာခေါ်စရာသာရှိသည်။ လက်တွေ့တရားဆိုင် အမှုရှုံး၍ အရေးယူမှုမှာ ပြစ်မှုထင်ရှားတဦးတယောက်အတွက်ပင် အနှစ် ၂၀အထက်ကြာလေ့ရှိသည်တွေ့ရမည်။ မည်သို့ဆိုစေ မြန်မာအတွက် ဒေါ်လာငွေသန်း ချီသုံးနေ့/ညအလုပ်လုပ်သည့်ရုံးတခု /ကုလအထူးကိုယ်စားလှယ်တဦးခ‌န့်ပေးထားပါ၏။ US မှာမူကား မြန်မာ့အရေးကိုဖြေရှင်းပေးရမည်ဟူ၍ မဟာမိတ်ပဋိဉာဉ်စာချုပ် လည်းမထိုးထား ကတိမရှိ။ မြန်မာပြည်တွင်ယခုထိကျဆုံးသေကျေကြသော လူအရေ အတွက် (၈၆၃ဦး -ဇွန် ၁၄)ဟူသည် အာဏာသိမ်းခဲ့သည့်ဖေဖော်ဝါရီလ ၁ရက် တနေ့ထဲ၌ အမေရိကပြည်ထောင်စုတွင်း ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့သူ အမေရိကန် (၁၉၁၃)ဦး၏တဝက် […]


kaiMay 15, 20212min151
“ဆင်းရဲခြင်းသက်ဆင်းအောင်”ဖေဖော်ဝါရီ၁ရက်နေ့တွင် ရွေးကောက်ခံအစိုးရဆီမှ အာဏာလုခြင်းဖြင့် စစ်ကောင်စီထောင်ကာ မြန်မာလူထုအား ဆင်းရဲခြင်းသက်ဆင်းအောင်တပ်မတော်မှလမ်းပြဆောင်သွားလေသည်။ နောက်ခံတွင် NLDအားနိုင်ငံရေးသတ်ခြင်း/လက်စားချေခြင်းတွဲလျှက်ရှိနိုင်ကောင်း၏။၂၀၂၀တွင်း၌ကိုဗစ်ရောဂါကပ်ဘေးကြောင့် မြန်မာ့ဆင်းရဲမွဲတေမှုမှာ လူဦးရေ၏၁၆%မှ ၆၃%အထိတက်လာခဲ့ပြီးဖြစ်သည်။ ဖြစ်နှင့်နေပြီးသော စီးပွားရေးချွတ်ခြုံကျမှုကို အာဏာသိမ်းခြင်းဖြင့်စစ်ဗိုလ်ချုပ်ကြီးများမှတာဝန်ခံလိုက်ရကား မြန်မာလူထု၂၅သန်းခန့်မှာ နောင်နှစ်ဆန်းတွင် စားရေရိက္ခာငတ်ပြတ်ဘေးသင့်တော့မည်ဟု UNDP ကဆိုလာသည်။ယခုနှစ်မြန်မာ့စီးပွားရေးသည် ကမ္ဘာ့ဘဏ်ခန့်မှန်းချက်အရ နောက်ပြန်ဆွဲ၁၀မှသည် ဤအတိုင်းဆက်သွားနေလျှင် အနှုတ်၂၀ အထိဖြစ်သွားနိုင်သည်ဟူသတတ်။ “လူနှင့်ယိုးမှား ပါးကွက်သား”ငြိမ်းချမ်းတည်ငြိမ်နေသောနိုင်ငံကို မဲခိုး/မဲမသမာအကြောင်းပြအာဏာသိမ်းလိုက်သည်နှင့် ငြိမ်းချမ်းစွာဆန္ဒပြထွက်လာကြသော လူထုမှာ သန်းချီလာရကား တိုင်းပြည်ဆူပွက်ကုန်သည်။ သို့နှင့်လက်နက်ကိုင် ရဲ/စစ်သားများကို နှဖါးကြိုးလျှော့ပေးလိုက်ကာ ‌မစ္ဆရိယဒေါသတို့ကို လူထုပေါ်ပုံချစေ၏။ ညအမှောင်တွင် လူမသိထင်ကာ လူထုကိုရိုက်သတ်ကြကုန်၏။ငြိမ်းချမ်းစွာဆန္ဒပြမှုတို့ကို ရက်စက်စွာနှိမ်နင်းခဲ့မှုရလဒ်အဖြစ် ပို၍ပြင်းထန်နာကျည်းစွာတုံ့ပြန်မှုကိုခံရသည်။ အမှန်တကယ်မှာ စစ်တပ်မှပစ်သတ်သော ကျဆုံးအရေအတွက်သည် ၈၈ အရေးတော်ပုံ၏ အာဏာသိမ်းပြီး စက်တင်ဘာနောက်ဆုံး ၂ပါတ်သေသူတို့ကိုမမှီ။ ၂၀၂၀ တနှစ်လုံးအောင့်အီးသည်းခံခဲ့ရသော ကိုဗစ်ကပ်ဘေးအပျော့ စိတ်တင်းကြပ်မှုတို့ဖြေလျော့သော ပါဖောမန့်ပင်လုပ်ကြသည်အထိ အပျော်ဖက်ဆန္ဒထုတ်ဖေါ်ခဲ့သောလူထု၏ပကတိအခြေအနေကိုပင် […]


kaiMarch 18, 20212min260
ဖေဖော်ဝါရီ(၁)ရက်မနက်ဝေလီဝေလင်းအချိန်တွင် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးတက်၍ သမ္မတသစ်တင်မြောက်ရန်အသင့်ဖြစ်နေပြီးဖြစ်သည့် NLD အမတ် (၃၉၆)ဦး အပါအဝင် တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်များအားလုံးကို နေထိုင်ရာနေပြည်တော်ရိပ်သာအသီးသီး၌ အကျယ်ချုပ်ထိန်းသိမ်းလိုက်ခြင်းဖြင့် စစ်အာဏာသိမ်းမှုဖြစ်ပါသည်။တနိုင်ငံလုံးကျယ်ပြန့်စွာ တပြိုင်တည်းဖမ်းဆီးထိမ်းချုပ်ပြုလုပ်ခြင်းဖြစ်သဖြင့် ရွေးကောက်ပွဲမတိုင်မှီကထဲက နှစ်ချီအကြံကြီးကြံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဟု ထုတ်ဖေါ်ဖွဲ့စည်းခြင်းတည်း။ “မိဘလူထု တုံ့ပြန်မှု”Silent, Boomer, X, Y, Z မျိုးဆက်ဟူသမျှ ၁၉၅၈,၁၉၆၂,၁၉၈၈ စစ်အာဏာသိမ်းတို့ခြင်း၏ခါးသီးမှုကို ကိုယ်တိုင်စီကခံစားဖူးကြသဖြင့် ယခု၂၀၂၁လူထုအုံကြွမှုသည် ပြင်းထန်ပါ၏။အီစွတ်ပုံပြင်များထဲမှ “The Wasp and the Snake”ကိုသတိရစရာဖြစ်သည်။ “Kill you I will, even at the cost of my own life,” အမုန်းတရားသည် မိမိအသက်ပါရင်း၍ရန်သူကိုအပါခေါ် အလုံးစုံပျက်သုဥ်းရေးရောက်သည်အထိချိန်ဆလုပ်ကြခြင်းပါ။နောင်ဘဝများရှိသည်ဟု ရိုးရာဓလေ့အရယုံကြည်သော မြန်မာအများစုကြီးသည် ဤသို့ဤနှယ် တဆုံးလက်စားချေရေးအထိ တွေးထားကြပြီဖြစ်ပုံရသည်။ သမ္မတဘိုင်ဒင်၏ […]


kaiNovember 12, 20202min260
အမေရိက (၄နှစ်တကြိမ်)နှင့်မြန်မာ(၅နှစ်တကြိမ်) နှစ်၂၀မှ တကြိမ်ကြုံနိုင်သော အထွေထွေရွေးကောက်ပွဲကြီး၂ခု လတိုက်ရက်ကပ်ပြီးစီးခဲ့သည်။နှစ်နိုင်ငံလုံးအတွက် ယခုစာရေးသည့်အချိန်အထိ အပြီးသတ်တွက်ချက်မှုများမပြီးသေး၊ တရားဝင်ယတိပြတ်မကျေညာနိုင်သေး။ ၁၁ သမ္မတ/၂ အတိုင်ပင်ခံထပ်တင်မြှောက်ရဦးမယ့် မြန်မာ၂၁ရာစုမြန်မာနိုင်ငံ၏ တတိယအကြိမ်ရွေးကောက်ပွဲကြီး နိုဝင်ဘာ ၈ရက်နေ့တွင်ကျင်းပခဲ့သည်။ပထမတခါ (၂၀၁၀) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်မပြိုင်နေခဲ့၍ ပြည်ခိုင်ဖြိုးမှ ဦးသိန်းစိန်အစိုးရဖွဲ့နိုင်ခဲ့ပါသည်။ဒုတိယတခါ(၂၀၁၅)တွင် သောင်ပြိုကမ်းပြိုနိုင်ကာ NLDစိတ်ကြိုက်အစိုးရဖွဲ့နိုင်ပါသည်။တတိယ (၂၀၂၀ )တွင်လည်း တဝုန်းဝုန်တဝေါဝေါ တောင်ကျရေဆင်းနိုင်ပြန်ကာ NLDစိတ်ကြိုက်အစိုးရဖွဲ့နိုင်ပါဦးမည်။ သမ္မတ,မဖြစ်နိုင်သောဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထပ်မံတင်မြှောက်ရပါဦးမည်။ NLD သည်၂၀ရာစုနှောင်း ၁၉၉၀ ရွေးကောက်ပွဲတွင်လည်းဤသို့နှယ် နိုင်ဖူးသည်။ ၁၉၉၀ရွေးကောက်ပွဲနှစ်က NLD ၏ပြိုင်ဖက်ပါတီကြီးမှာ ထိုစဥ်က မဆလ တဖြစ်လဲတစညဖြစ်၏။ ထိုစဥ်ကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ -မဆလ ဟူသည် ၁၉၆၂မှစတင်အခြေတည်ထားသည့် နိုင်ငံတနိုင်ငံလုံးအတွက်တခုတည်းသောပါတီ။ အခြေခံအဆောက်အအုံ ငွေအရင်းအမြစ်၊ လူအင်အားသာမက ထိုစဥ်ကအာဏာရ စစ်အစိုးရ နဝတနှင့်လည်း ဆရာတပည့်တသားတည်း။သို့သော် […]


kaiOctober 12, 20203min500
နိုဝင်ဘာ ၃ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအတွက် မြန်မာ-အမေရိကန်တို့မဲပေးကြရမည်။ ဆုံးဖြတ်ပြီးသူ/မဲပေးပြီးသူတို့ရှိပြီးဖြစ်ပါလိမ့်မည်။ မဆုံးဖြတ်ရသေးသူတို့အတွက် အခြေအနေအရပ်ရပ်ကိုခြုံသုံးသပ်နိုင်ရန်နှင့် မိမိရောင်စဥ်ကိုပုံဖေါ်သိနိုင်ရန် မီဒီယာအနေနှင့် မြန်မာဆန်ဆန်အချက်အလက်ထုတ်ပြခြင်းပါ။အမေရိကား၏နိုင်ငံရေးစနစ်တွင် ပါတီကြီး၂ခု ဘယ်-ညာ၊ လစ်ဘရယ်နှင့်ကွန်ဆာဗေးတစ်၊ လွတ်ပြန့်စွဲနှင့်ရှေးရိုးစွဲသာ ထင်ရှားရှိသည်။လစ်ဘရယ်ပါတီမှာ ဆိတ်တံဆိပ် အပြာရောင် ဒီမိုကရက်တစ်ပါတီဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီမှာ ဆင်တံဆိ အနီရောင် ရီပါ့ဗလစ်ကန်ပါတီတည်း။ Are You Liberal or Conservative?ခြုံပြောရလျှင် လစ်ဘရယ်တို့သည် လူနေမှုဘဝ၊လူ့အခွင့်အရေး၊ခွင့်တူညီမျှမှုတို့ကိုထိမ်းကြောင်းညှိနှိုင်းပေးရန် အဖွဲ့အစည်းတရပ်/အစိုးရမှ တာဝန်ယူစေသည်။ နိုင်ငံရေးရောင်စဥ်အရ ဘယ်ဖက်။ကွန်ဆာဗေးတစ်ဟူသည် လူတဦးချင်းကိုတန်ဖိုးထား၍ ဘာသာရေးယုံကြည်ကိုင်စွဲကာ အမေရိကန်မူလတန်ဖိုးယူ၏။ ညာဖက်။၁၇၈၉ခုနှစ် ပြင်သစ်တော်လှန်ရေးကာလတွင် အမျိုးသားညီလာခံ၌ ဘယ်-ညာခွဲထိုင်ကြ၍ နိုင်ငံရေးရောင်စဥ်ဖြာ၌မြင်လွယ်အောင် ဘယ်-ညာဟုပေးထားခြင်းရယ်ပါ။အမေရိကန်ဖြစ်ပြီး သင့်နိုင်ငံရေးရောင်စဥ် ဘယ်သို့ဖြာသည် တိတိကျကျသိလိုလျှင် အောက်ပါအမှတ်ပေးစနစ်နှင့်သွားပါလေ။ ၁)သေဒဏ် L.မပေးသင့်။ R.ရှိသင့်/ပေးသင့် ၂) ကိုယ်ဝန်ဖျက်ချ L.အမျိုးသမီးသည်သူ့ခန္ဓာသူပိုင်၍ သူ့စိတ်ကြိုက်ဆုံးဖြတ်နိုင်သည်။ R.ကိုယ်ဝန်အားမည်သည့်အကြောင်းနှင့်မျှ ဖျက်ချခွင့်မရှိ။ […]


kaiJuly 16, 20202min420


kaiJune 13, 20202min1250