Yin Nyine NwayMay 6, 20121min5268
ကိုချာတူး (ရွာထဲက ချာတူးလန်မဟုတ်) တယောက် သူငယ်ချင်းတွေနဲ့ တောထဲသွားကြတယ် တောထဲရောက်တော့ သူတို့ကို တောတွင်း အသားစားလူရိုင်းတွေဖမ်းမိသွားကြတယ် သူတို့ကို ခေါင်းဆောင်က တောထဲမှာ ကြိုက်တဲ့ အသီး 3လုံးသွားခူးခိုင်းတယ် ကိုချာတူးသူငယ်ချင်း2ယောက်မှာ တယောက်က ငါ လိမ္မော်သီး ခူးလာရင်တော့ ခေါင်းဆောင်ကြီးက ကြိုက်မှာပဲတဲ့ သူက ချိုပြီး အရေရွန်းတယ်ဆိုပြီး 3လုံးခူးလာတယ် နောက်တယောက်ကတော့ ဆီဖြူသီးဆို ရေနဲ့သောက်ရင်းစားရင် ချိုမှာ ဆိုတော့ ခေါင်းဆောင်ကြီးကြိုက်မှာသေချာတယ်ဆိုပြီး 3လုံးခူးလာတယ် နောက် သူတို့ 2ယောက် ခေါင်းဆောင်ကြီးဆီလဲရောက်ကော …ခေါင်းဆောင်က နင်တို့ခူးလာတဲ့ အသီး3လုံးကို ကိုယ့်ဖင်ထဲ ကိုယ် ထည့်ပြရမယ်လို့ ပြောလိုက်တယ် တကယ်လို့ ထည့်ရင်းမျက်နှာပြောင်းရင် အသံထွက်ရင် သတ်စားမယ်လို့ပြောလိုက်တယ် ပထမတယောက်က လိမ္မော်သီးဆိုတော့ ထည့်လို့မရဖြစ်နေတယ် နောက်တယောက်က ဆီးဖြူသီး 2လုံးဝင်သွားပြီးတဲ့နောက်မှာ […]


jackalin jonginMay 6, 20121min2911
ထိုကဲ့သို့သော တောင်သူ တောသားတို့၏ စီးပွားရေး အလျဉ်မမှီ ဖြစ်ရာမှသည်………. ထိုတောသူတောင်သားတို့ သားသမီးများ၏ ဘဝ၌ ရှေ့ဆက်ရှောက်လှမ်းရမည့် လမ်းကြောင်းဖြောင့်ဖို့အတွက် သင်ကြားရသော ပညာရေးကဏ္ဍ၌ အခက်အခဲ များစွာဖြင့် ရင်ဆိုင်နေကြရပေ၏။ တချို့ဆိုလျှင် ၃တန်း ၄တန်းမျှနှင့် မိဘ၏တောင်သူလုပ်ငန်းခွင်၌ ဝင်ရောက်လျက် စားဝတ်နေရေးအတွက် ကူညီရှာဖွေပေးရပေ၏။ တချို့ကားကျောင်းမျှပင် မတက်ရောက်နိုင်ချေ။ ကျောင်းတက်ကြရသော ကျောင်းသားကျောင်းသူများကြတော့လည်း ကျူရှင်တက်ရတာနှင့်ပင် အချိန်ကုန်ကြရလေ၏။ ကျူရှင်တက်ပြန်သော်လည်း အတန်းပိုင်နှင့်ဆိုင်ရာဆိုင်ရာ ကျူရှင်တက်မှသာလျှင် အဆင်ပြေတတ်လေ၏။ သို့မဟုတ်လျှင် ဒုက္ခကြုံရပြန်၏။ စီးပွားရေးကကျပ်တည်း ရသည့်အထဲ ပညာရေးကလည်း ငတ်ရမည့်ပုံ။ အစုံစုံသော အဖုံဖုံသော ဒုက္ခတို့နှင့် ထွေးရာယှက်တင် ရစ်ငင်လျက်ရှိသည့်  တိုင်းပြည်ထမင်းအိုးတို့၏ သားသမီးတို့သည်ကား စအိုထဲ ရွှံ့ဝင်ရာလမ်းသို့သာ မြန်းရပြန်တော့၏။ (ရင်နာစရာ)။ အချို့ကား ဉာဏ်ပညာထက်မြက်ပါလျက် ရှေ့ဆက်ပြီး ပညာသင်ကြားဖို့ ငွေမလုံလောက်သည့်အတွက် […]


phone_kyawMay 6, 20121min4479
လေယျာဉ်စီးရတာ အရမ်း ခေါင်းကိုက်တယ်။ အထူးသဖြင့် အဆင်း၊ အတက် မှာ ဆိုရင် နားတွေအူလာတယ်။ ဒီလိုအူလာရင် နှာခေါင်းကို ပိတ်ပြီး မှုတ်ထုတ်လိုက်မှ သက်သာတယ်။ လေယျာဉ်ပေါ်က ဆင်းပြန်တော့လည်း ခေါင်းကမှုးလာတယ်။ ဒီဒဏ်ကို လုံးဝ မခံစားနိုင်ဘူး။ စီးရတဲ့လေယျာဉ်ကလည်း တစ်လမှာ လေးငါးခေါက်လောက်ဆိုတော့ ကြာလာရင် ငါ့ခေါင်းတွေကွဲသွားနိုင်တယ်ဆိုပြီးတောင် တွေးမိတယ်။ ဒါက အလုပ်သွားတဲ့နေ ့နဲ ့အိမ်ပြန်တဲ့နေ ့တွေမှာ ဖြစ်တဲ့ ခံစားချက်ပါ။ အရင်တုန်းက လေယျာဉ်နဲ ့အလုပ်သွား အလုပ်ပြန်ကို သဘောကြလို ့မိုင်းမှာ လုပ်တဲ့အလုပ်ကို ရွေးပြီးလုပ်ခဲ့တယ်။ ကြာလာတော့ ရိုးအီသွားပြီ။ လေယျာဉ်စီးရတာ လန် ့လာပြီ။ နားအူလာလို ့။ မိန်းမနဲ ့ခလေးတွေက မိုင်းပေါင်း ၁၀၀ဝ ကျော်နေရာမှာ နေတယ်။ ကျနော်က […]


“အိတ်ချ် … ထီ … အန်မ် … အယ်လ်” ဆိုတဲ့ ပထမဆုံးပို့စ်မှာ HTML အခြေခံလေးကို ပြောခဲ့ပါတယ်။ ဒုတိယဖြစ်တဲ့ “အိတ်ချ် … ထီ … အန်မ် … အယ်လ် – ၂” ဆိုတဲ့ ပို့စ်မှာတော့ စာလုံးပုံစံတွေနဲ့ ပုံထည့်သွင်းတာကို ပြောခဲ့ပါတယ်။ အခုပို့စ်မှာတော့ Web Page ပေါ်မှာ ဇယားကွက် (table) တည်ဆောက်တာကို ပြောပေးသွားပါမယ်။ WebPage ပေါ်တွင် ဇယားကွက်(table) တည်ဆောက်ပုံ ကျနော်တို့ Webpage ပေါ်မှာ ဇယားကွက် တစ်ဆောက်ဖို့အတွက်ဆိုရင် <table> </table> ဆိုတဲ့ Tag ကို အသုံးပြုပါတယ်။ ဒါပေမယ့်လို့ ဇယားကွက် ဆောက်တဲ့အခါ အဲဒီ tag […]


chityimhtooMay 6, 20121min65014
စက်ခေါင်းမှူးလက်ထောက် ဦးဌေးနိုင်ရဲ ့ သက်စွန့်ဆံဖျား အသက်ကယ်တင်ဆောင်ရွက်မှုကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။ ‘ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ မကယ်တင်ဘူးဆိုရင် ကျွန်တော် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်’ ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မှ ရန်ကုန်သို့ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်လာသော အမှတ်(၁၇၆)အစုန်ရထား၊ ဒါးပိန်ဘူတာသို့ မရောက်မီ တံတားအမှတ်(၂၈)ပေါ်တွင် ရှိသော အသက် ၈၃ နှစ်အရွယ် အမယ်အိုကြီးတစ်ဦး နှင့် အသက်ရှစ်နှစ်အရွယ် လူမမယ် အရွယ်မြေးမလေးတစ်ဦး၊ တစ်နည်းဆိုသော် သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေသော မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သူ တစ်ဦး၊ အကြောင်းမလှပါက ကယ်တင်သူ အပါအဝင် သုံးချောင်းသော အသက်တို့ ဆုံးရှုံးပျက်စီးဖွယ် အခြေအနေတစ်ရပ်မှ သုံးဦးစလုံး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြသည်။ […]


weiweiMay 6, 20121min60319
ကျွန်မကတော့ အစားအသောက်ဆိုရင် မျက်စိနဲ့အရင်စားပြီးမှ ပါးစပ်နဲ့စားတတ်သူတစ်ဦးဖြစ်ပါတယ်။ လှလှလေးနဲ့ စားချင်စဖွယ်ပြင်ဆင်ထားမှလဲ သဘောကျတယ်။ ဒီကနေ့ ဧည့်သည်လာဖို့ရှိတာနဲ့ မုန့်လုပ်ဖို့စဉ်းစားတဲ့အခါ ကျောက်ကျောလှလှလေး လုပ်ကျွေးမယ်လို့ အကြံဖြစ်လာတာနဲ့ ရောင်စုံကျောက်ကျော လုပ်ဖြစ်ပါတယ်။ စိတ်ရှည်မှ လုပ်လို့ရမယ့် ခပ်လွယ်လွယ်အစားအစာတစ်ခုဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများ Agar ကျောက်ကျော အပြာရောင် တစ်ထုပ် သကြား ၂ဝ ကျပ်သား အရောင်အတွက် အဆင်ပြေတဲ့အရောင် သုံးလို့ရပါတယ်။ ရေ တစ်လီတာခွဲ ကို နဲနဲလျော့ထည့်ပါတယ်။ ပြုလုပ်ပုံ ရေနွေးဆူအောင်အရင်ကြိုပါတယ်။ ရေနွေးဆူတဲ့အခါ ကျောက်ကျောမှုန့်နဲ့သကြားထည့်ပြီး ၁ဝ မိနစ်ခန့်မွှေပေးရပါမယ်။ ပြီးရင် မီးဖိုပေါ်ကခဏချပြီး အိုးအသေးထဲကို ကျိုထားသည့်ကျောက်ကျော ငါးပုံတစ်ပုံခန့်ထည့်ပါတယ်။ အရောင်တစ်မျိုး ထည့်ရောတယ်။ ၂ မိနစ်လောက်တည်တယ်။ ပြီးရင် ခွက်ထဲကိုလောင်းထည့်ပါတယ်။ အဲဒါပြီးရင် နောက်ထပ်ကျောက်ကျောရည်ထဲ့တယ် အရောင်တစ်မျိုးထည့်တယ်။ ၂ မိနစ်လောက်တည်တယ်။ […]


မောင် ပေMay 6, 20121min4545
မင်္ဂလာပါ ခင်ဗျာ ။ ကျုပ်မောင်ပေ ကတော့ တနင်္ဂနွေညတွေ ဆိုရင် ၊ ဘောလုံးပွဲတွေ တစ်ပွဲပြီး တစ်ပွဲကြည့်ရင်း နဲ ့တော်တော်နဲ ့အိပ်မရခဲ့တာကြာပါပြီ ။ ဒီကနေ ့6.5.2012 ည ဘောလုံးပွဲစဉ်တွေထဲကနေ ချိုမြိန်စေနိုင်မယ့် ပွဲနဲနဲဘဲ ရွေးကြည့်ပြီး အိပ်မက်ချိုချိုလေးနဲ ့ပျော်တော့မယ်ဗျာ ။ ကျုပ်နဲ ့အတူလိုက်ပါမယ် ဆိုရင်တော့… ပရီးမီးယားလိဂ် 7.00 နယူးကာဆယ်(၅) – မန်စီးတီး(၁) 7.30 အက်စတွန်ဗီလာ(၁၅) – စပါး(၄) 7.30 ဘော်တန်(၁၈) – ဝက်ဘရွန်း(၁၀) 7.30 ဖူဟမ်(၉) – ဆန်းဒါးလန်း(၁၁) 7.30 ကျူပီအာ(၁၇) – စတုတ်(၁၄) 7.30 ဝုဗ်(၂၀) – အဲဗာတန်(၇) 9.30 မန်ယူ(၂) […]


TTNUMay 6, 20122min82922
“Cat or Dog?” ဒီတစ်ခါ ခွေးစကား၊ ကြောင်စကားပြောရပြန်ပြီနော်။ ဘာသာစကားတစ်ရပ်စီတိုင်းမှာ ဒီလိုရှိနေမှာပါ။ ကျမတို့ ဗမာစကားမှာလည်း တိရစ ္ဆာန်တွေကို ထည့်သွင်းပုံပမာပြုပြီး ဝေါဟာရတွေ အနှိုင်းခံစကားတွေရှိနေပါတယ်။ နွားကျတယ်။ နွားသိုးကြိုးပြတ်။ ကျွဲပါးစောင်းတီး။ ကျွဲကူးရေပါ။ ကျားကြီးခြေရာကြီး။ ငါးစိမ်းမြင် ငါးကင်ပစ်။ ငါးပွက်ရာ ငါးစာချ။ စူဠလိပ် ရေထဲလွှတ်။ ခွေးကျင့်ခွေးကြံ မကြံနဲ့။ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး။ ခွေးလှေးခုန်လို့ ဖုန်မထပါဘူး။ ကြောင်အိုတော့ ကြွက်မလေး။ ခွေးအိုမှ လက်ပေးသင်။ ကြောင်သူတော် ကြွက်သူခိုး။ ခွေးကလေးအရောဝင် ပါးလျက် နားလျက်။ ရေးလို့ကတော့ ဆုံးမှာမဟုတ်ပါဘူး။ ရှိတာကိုပြောပြတာပါနော်။ ဆိုတော့ အခုလည်း အင်္ဂလိပ်ဘာသာစကားမှာ….. ခွေးလား ကြောင်လား ရွေး ကြရအောင်နော်။ (1) to let the […]


mgwaloneMay 6, 20121min3845
ဒုတိယပိုင်း ဆက်တင်လိုက်ပါတယ်။ ဧရာဝတီကနေ ကျွန်တော်တို့ ယူနေတာ များပါပြီ။ ဘယ်တော့ ဘယ်လို ပြန်ပေးကြမှာလဲ။ မြစ်ဆုံအကြောင်းတင် မဟုတ်ပဲ ဧရာဝတီ မြစ်ရိုးတစ်လျှောက်က အကြောင်းကိုလည်း စဉ်းစားစရာတွေ အများကြီးပါ။


ဒါလေးက တကယ့်ကို ထူးထူးဆန်းဆန်းပါပဲဗျာ……….. 5.5.2012 ရက်နေ့ည 12း45 မိနစ်မှာ- ဟြေရရင်တော့ 6.5.2012 နေ့ဘက်ကိုရောက်ပီပေါ့ဗျာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် (၄)တောင် ရပ်ကွက် သာသနဝေပုလ္လဓမ္မာရုံ မှ ရှင်ဥပဂုတ္တ ရဟန်းတာ မထေရ်မြတ်ကြီးကို ဖေါင်မျှောပူဇော်ပွဲကျင်းပရန်အတွတ်…..ရူခင်းသာကျောင်းဝန်း – အောင်သီတာစာသင်တိုက်၏ ဦးစီးပဓါန နာယက ဆရာတော် အရှင်ဓမ္မာစာရ ၏ အခါတော်ပေးနှင့်အညီ တစ်ညတာ မဟာပဌါန်းတော်မြတ် ကိုတစ်ညတာ ရွတ်ဖတ်ပူဇော်ပြီး ရဟန်းတာမထေရ်မြတ်အား ဖေါင်မျှော ပူဇော်ဖို့ရန်အတွက် ရပ်ကွက်ရှိဓမ္မာရုံမှ မဟာအောင်မြေဘုံစံ ကျောင်းတိုက်သို့ 5.5.2012 ရက် ကဆုန်လပြည့်နေ့ ညနေ ၆ နာရီ မှာ ကျောင်းတော်သို့ ပင့်ဆောင် အပူ ဇော်ခံထားရှိခဲ့ပါတယ်။ အဲဒီညနေ ၆ နာရီမှ စတင်ကာ […]


Mr. humanMay 6, 20121min69411
ဧပြီ ၂၁ရက် နံနက် (ရ :၁၅ ) အချိန်တွင် နွား၁၄ကောင် ကိုတရားမဝင် ရောင်းချရန်ခေါ်ဆောင် လာစဉ် ကသာမြို့နယ်  အောက်ဝဲကြီးကျေးရွာ၌  ဖမ်းမိကြောင်း သတင်းရရှိသည်။ ………………………………………………………………………………………………………………………………………………………………………………………………. ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ ရဦး အား အသေးစိတ်စစ်ဆေးခြင်း ၊ သက်သေများစစ်ဆေးခြင်း ထိုပြစ်မှုအား ဥပဒေနှင့် အညီ တရားစွဲဆိုနိုင်ရန်အတွက် ဆောင်ရွက် လျှက်ရှိပြီး (ပ)၁၂၈/၂၀၁၂ အရ အရေးကြီးကုန်ပစ္စည်း သယ်ေဆောင်မှုပုဒ်မ ၈(၁) ၊၈(၃) အရ ကသာရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း။  ( 7day new ဂျာနယ် မေ၃၊ ၂၀၁၂ စာ၁၇ ပန်းတနော်မြို့နယ်တွင် ကာလ အားဖြင့် ၃လ ကြာပြီ ဖြစ်သော အလားတူ အမှုကို ရဲက […]


Mလုလင္May 6, 20121min75620
တပေါင်းလပြည့်နေ့ က လဲ .. တပေါင်းလပြည့်နေ့ လူစီးကြောင်း ဆိုပြီး တင်ဖူးပါတယ်။ အခုကတော့ ကဆုန်လပြည့်နေ့ ရေစီးကြောင်းပေါ့ …။ ဒီကြားထဲ မှာ ထူးခြားတာလေးတွေဖြစ်သွားတော့ အခုတင်တဲ့ ပုံတွေမှာ cross line တွေပါလာမှာလို့ .. သည်းခံကြပါလို့ …။ ထူးခြားတာက တခြား မဟုတ်ဘူး .. ပုံ .. တွေကို ယူယူသုံး ခံရလို့ပါ။ ကဆုန်လပြည့်နေ့မှာ ရွှေတိဂုံ စေတီတော် ကို သုံးကြိမ် ဦးတိုက် ခဲ့ရတယ်။ ဓာတ်ပုံ ရဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ မို့ … လောလော လောလော နဲ့ပါပဲ .. မိုးမိမှာ စိုးလို့ ထီးကယူလာရသေး .. ထီးက […]


mgwaloneMay 6, 20121min4017
၂၀၁၂ ဇန်နဝါရီ လကုန်ပိုင်းက သွားခဲ့တဲ့ ခရီးစဉ်က ပုံတွေပါ။ ရွှေလုပ်ကွက်ကတော့ အခု ရှိသေးသလား ဆိုတာ မသေချာပါဘူး။ ပြန်လာပြီး မကြာခင်မှာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်မှာ ဒီလိုသတ္ထုတူးဖေါ်ခွင့်တွေ မပေးတော့ဘူးလို့တော့ သတင်းကြားလိုက်ပါတယ်။ ဒီစက်တွေ၊ မီးခိုးတွေ၊ ပြန်စီးလာတဲ့ ရွှံ့ရေတွေက ဧရာဝတီကို ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။ ကျန်တဲ့ အပိုင်းတွေ ဆက်တင်ပေးပါမယ်။