မန်းဂဇက် ချစ်သူများ စာပေဆု ၂၀၁၂ ခု စက်တင်ဘာလ (ဂဏန်းများနှင့် ကခုန်ခြင်း)

မြစပဲရိုးOctober 8, 20128min849120

အပြင်မှာ မာခေါက်ခေါက် အတွင်းမှာချို ပုံရမယ်ထင်ရတဲ့ ရွာ့ ကဏန်း နှင့် ကခုန်ခြင်း မဟုတ်။  😉

ဂဏန်း (သချာင်္) နှင့် ကခုန်ခြင်းပါ။

သချာင်္ ဆိုလို့ မျက်လုံးအရောင်တောက် သွားမည့်သူများ ရှိက မှားပါမည်။

လူ သချာင်္ မဟုတ်ပါ။ ကိန်းဂဏန်း များကို ဆိုလိုခြင်းဖြစ်၏။။

 

“လစဉ် အကြိုက်ဆုံး စာမူ ကြေညာပွဲ နဲ့ ကိန်းဂဏန်းများ ဘာဆိုင်လို့လဲ” လို့ ထင်နိုင်ပါ တယ်။

မှန်ပါတယ်။ ဘာမှ မဆိုင်ပါ။

ရှေ့က စာရေးကောင်းသူ တွေရဲ့ အဖွဲ့အနွဲ့ အသော အရွှန်း ကောင်း လေးတွေ လို ရေး ချင်ပေမဲ့ ဘယ်လို စရေးရမှန်း ကို မသိတာ က တစ်ကြောင်း၊

အရင်ထဲက ဒီ အကြောင်းကို တူးဆွချင်နေပေမဲ့ လက်က မပါနိုင် ခဲ့တာမို့ အခု မရေးမဖြစ် ရေး ရမဲ့ အချိန် မှာ ကိုယ်ပြောချင်တာ ကို ထည့်ပေးလိုက်ချင်တာက တစ်ကြောင်း၊

ဒီ အကြောင်းတွေ နဲ့  မဖွဲ့အနွဲ့ မလိုတဲ့ တုံးတိတိ ဂဏန်း တွေ ကို ပွဲထုတ် ပေးလိုက် ပါ တယ်။

သည်းခံပြီး အတူတူ တွဲ က ပေးကြပါ။

 

ဂဏန်း ကြောင်း ရဲ့ အစ ကို ပြန်ချီရရင် ဒီရွာ ရဲ့ သူကြီးမင်း ကို ဆွဲထည့်ရပါမယ်။

ကျွန်မတို့ သူကြီးမင်းဟာ ရွာမှာဖြင့် စာဖတ်သူ ဘယ်လောက် ရှိကြောင်း၊ ရွာသူ/သား အင်အား ဘယ်လောက် ရှိကြောင်း ဝင့်ကြွား စွာ မိန့်လေ့ရှိတာ အများသူငါ အသိပါဘဲ။

 

သူ့ဆီကနေ ရွာထဲမှာ မှတ်ပုံတင်ထား သူ အရေအတွက် နဲ့ စက်တင်ဘာလ အတွက် စာဖတ်သူ statistics ကို တောင်းကြည့်ခဲ့ပါတယ်။

ရွာထဲမှာ မှတ်ပုံတင်ထား သူ အရေအတွက်  က ၉၆၇၉

အဖွဲ့ဝင် တစ်သောင်း ပြည့်လုပြည့်ခင် လေးပေါ့။

စက်တင်ဘာ ၂ရက် နေ့ကနေ အောက်တိုဘာ ၂ရက်နေ့ အထိ ရွာကို စာဖတ်သူပေါင်း ၈၆,၁၂၆ ဝင်ရောက်အားပေးခဲ့ပါတယ်။

အဲဒီ စာရင်းအရ ဆိုရင် လူသစ် များ ဝင်ရောက်အားပေးမှု ဟာ ၄၁.၅၄% ဖြစ်တာမို့ အလွန်အားရ ဖို့ ကောင်းပါတယ်။

စာဖတ်သူ များရဲ့ ဝင်ရောက်လာတဲ့ အကြိမ် က “၁၆၇၉၂၁” Visit ဖြစ်ပါတယ်။

နိုင်ငံအလိုက် Visit ဇယား နဲ့ ဂရပ်ဖ်ပုံ ကို ကြည့်ပါ။

1.

Myanmar [Burma]

121,593 72.41%
2. Malaysia 8,587 5.11%
3. Singapore 7,913 4.71%
4. United States 6,794 4.05%
5. Thailand 6,386 3.80%
6. (not set) 2,730 1.63%
7. China 2,150 1.28%
8. South Korea 2,032 1.21%
9. Japan 1,906 1.14%
10. Australia 1,042 0.62%

အဲဒီ ဇယား အရဆိုရင် ရွာထဲ ကို ဝင်လာတဲ့ သူ များရဲ့ လေးပုံ သုံးပုံ နီးပါး ဟာ မြန်မာပြည် က ဖြစ်ပါတယ်။

ဆိုရရင် ဒီ website ဟာ မြန်မာပြည် က လူများရဲ့ စိတ်ဝင်စားမှု ကို ပိုရတဲ့သဘောပေါ့။

အဲဒီ ဂရပ်ဖ်ထဲက ဂဏန်း တွေကို ဆက်လေ့လာရင် စိတ်ဝင်စားဖွယ် တစ်ခု က Average Visit Duration ပါ။

အဲဒီမှာ ပျမ်းမျှဝင်ဖတ်နှုန်း က တစ်ကြိမ်ဝင်ရင် ၆ မိနစ် ကျော်ကျော် ဘဲ ရှိတာပါ။

ဒီ ၆မိနစ် ဆိုတာ Post တွေကို ဖတ်ဖို့ သိပ်ပြီး လုံလောက်တဲ့ အချိန်တော့ မဟုတ်လောက် ပါဘူး။ ဒါဟာ မြန်မာပြည်က လူအများ ကိုးနတ်ရှင်ကို အံတုပြီး စိတ်ရှည်သည်းခံစွာ နဲ့ ကြိမ်ဖန် များ စွာ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြရတာ ကို ပြနေတဲ့ ရလာဒ် လားလို့ တွေးနေမိ ပါတယ်။

ဒီရလာဒ် ဂဏန်း ကို ပိုပြီးကောင်းလာစေဖို့ ကတော့ မြန်မာပြည် ကိုးနတ်ရှင် ကောင်းဖို့ ပါဘဲ။

ဒီအတွက် သူကြီးမှ အထူးတာဝန်ယူပြီး ပိုကောင်းတဲ့ ကိုးနတ်ရှင် အတွက် ဆောင်ရွက်ပေး ဖို့ စဉ်းစားသင့်သလားဘဲ။

 

ဆက်ရရင် ဒီ သိန်းချီ နေတဲ့ ဝင်ရောက်ကြည့်ရှုမှု နဲ့ သောင်းနီးပါးရောက် နေတဲ့ အဖွဲ့ ဝင်များ အတွက် သူကြီး မှာ အားရ ပီတိဖြစ်နေပုံရပါတယ်။

သူကြီးကတော့ (သူ့လက်သုံးစကား) နှစ်၁၀၀ဝ ကျိန်စာ ကနေ လွတ်နေသူလို့ မှတ်ထားတာ။

တကယ်တော့ သူ့ခမျာလဲ ကျွန်မတို့ မြန်မာအစိုးရ (ယခင်လို့သာထားပါတော့) လိုဘဲ ထိုးပြတဲ့ ကိန်းဂဏန်း တွေ ကို ယုံကြည်ပြီး ဟုတ်လှပြီထင်နေသလားဘဲ။

 

ဒီလို အမှန် အားရစရာ လို့ မမြင်မိတာကြောင့် ဂဏန်းများ နဲ့ ကခုန်ခဲ့ခြင်း ပါဘဲ။

(ကျွန်မ တွေ့ရှိချက် မှားရင်လဲ မှားနိုင်ပါတယ်)

 

စက်တင်ဘာလ အတွင်းက တင်ခဲ့တဲ့ Post တွေကို စာရင်းပြုစုကြည့်ခဲ့ပါတယ်။

အောက်မှာ ဂရပ်ဖ်ပုံ နဲ့ ပြထားတာ တွေ့ရှိချက်ပါ။

၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်း Post ပေါင်း ၄၅၄ပုဒ် နဲ့ Post တင်သူ ၁၄၉ ဦးဖြစ်ပါတယ်။

ဒီတော့ ပျမ်းမျှ အားဖြင့် တစ်လမှာ လူတစ်ယောက် က  ၃ပုဒ်ဘဲ တင်တဲ့ သဘောပါဘဲ။

အဲဒီ Post တင်သူ ၁၄၉ဦး ကို ထပ်ပြီး ခွဲကြည့်ရင်

 

ပုဒ်ရေ (၂၀) ပုဒ် အထက်တင်သူ (၁) ဦး

ကိုပေါက်(မန္တလေး)

 

ပုဒ်ရေ ၁၅ပုဒ် မှ ၂ဝပုဒ် အတွင်း တင်သူ (၂) ဦး

aung moethu, DEPARKO

 

ပုဒ်ရေ ၁ဝပုဒ် မှ ၁၄ပုဒ် အတွင်း တင်သူ (၅) ဦး

ကိုခင်ခ, ကို သာ, manawphyulay, ကြောင်ကြီး, kai

 

ပုဒ်ရေ ၅ပုဒ် မှ ၉ပုဒ် အတွင်း တင်သူ (၁၈) ဦး

မောင်ပေ, အလင်းဆက်, Thaw Zin Loikaw, Alpha Vanishing, မဟာရာဇာ အံစာတုံး, zipper john,

the best, may flowers, လုံမလေး မွန်မွန်, htet way, Black Cloud, ရွှေအိမ်စည်, သူရဿဝါ

ကိုရင်စည်သူ, Novy, Kyaemon, Bl4ck_B4dB0y, ဝင့်ပြုံးမြင့်

 

ပုဒ်ရေ ၂ပုဒ် မှ ၄ပုဒ် အတွင်း တင်သူ (၅၆) ဦး

ရင် နင့် အောင်, မြတ်ကျော်သူ. ထွန်း ပြောင်, ကထူးဆန်း, Thu Wai, phone_kyaw, Mobile

maung khinmin, Ma Ei, kotun winlatt, Ko out of., foot y, ကြောင်လေး, ကြောင်ဝတုတ်

ဦး ကျောက်ခဲ, ရှူံးနိမ့်မှုများနဲ့.. လူ, ဒဿ ဖွတ်ကျား, weiwei, TTNU, Swal Taw Ywet

Surmi, spyhacker satan, R Ga, marblecommet, Htoo thin, candle, ariyathitsa

နေဝန်းနီ, စေပိုင်ထွဋ် (ပုသိမ်), ဦးဦးပါလေရာ, အရီးခင်လတ်, အတိသဉ္ဖာ နာဂရချစ်သူ, ရဲစည်, ရာဇဝင်လူဆိုး, မုယော, မျိူးချစ် နဂါး, ပန်းစံပါယ်, စိန်ဗိုက်ဗိုက်, Zaw Wonna, zaw win,

YE YINT HLAING, Wow, wintayzahlaing, Thu Ra Tha Wah, si tone, pooch, padonmar,

Nyein Chan, Maungmoenyo, Ma ma01306, linnlinnn, kyeemite, Ko Nge , Green Rose,

Foreign Resident, athwe lay

 

ပုဒ်ရေ ၁ပုဒ်သာ တင်သူ (၆၇) ဦး

အေးဝတီ ကြီး, ရွှေညာသား, ရွှေ ကြည်, မှော်ဆရာ, မောင် ဓုဝ, ဇောက် ထိုး, ကြေးမုံ ဂျီး, ဦး ဗိုလ်သိန်း

သုရှင်, ဝူးဝါးဝူးဝါး, လူမုန်း စစ်မုန်း, ရွာစားကျော်, ရှမ်းပြည်သား, နွယ်ပင်, မိုးကျရွှေကိုယ်, မိုး မင်းသား

ဖိုးကြက်တောင်, တစ္ဆေ, တပည့် ကြီး, ညလေး, ဆိုုး t, ခပ်မိုက်မိုက် ကောင်မလေး , ချစ်ရင်ထူး II,

ကိုပါကြီး, Victory, uncle gyi, Tun Tun Naing, top star, TheWinner, than shwe mg, Sonny,

shwe tallatr, Pye Kun Zaw, professor dr, pazflor, P chogyi, nigimi77, Mလုလင်, myohtat, myanmar oscar, min chan lawi htaw, MH K, me dain, MAUNG, Mara Yu, MaMa, mab kzb, lynn lynn, Lu Min, KyawThein, koko chit, Ko Malt , Khaing Khaing, kaungsumyatsan,

Kaung Say Chin, kaung myat, kalink, Justice AB, Ju Jue, gyinkalay, fatty, etone, Charm Boy, Aung, Arkar11, areno areno, amatmin

 

အများစုဟာ တစ်ပါတ် ကို တစ်ပုဒ် တောင် မတင်ကြပါဘူး။

သဘောကတော့ မန်ဘာများမှ တစ်ပါတ် တစ်ပုဒ် သာတင်ဦး ဒါထက် အများကြီး ကောင်းတဲ့ ကိန်းဂဏန်း ရနိုင်ပါသေးတယ်။

 

Post တစ်ခု မှာ တွဲရက် အရေးတကြီး ပါရမဲ့ မှတ်ချက်ပေးသူများရဲ့ ကိန်းဂဏန်းပြ ဂရပ်ဖ်ပုံ ကိုလဲ ကြည့်ပါ။

(မှတ်ချက် များအတွက် စာရင်းမှာ စက်တင်ဘာ ၁ ရက်မှ ၁၅ရက် အတွင်း ကိုသာ ပြုစုထားနိုင်ပါသည်)

၂၀၁၂ခုနှစ် စက်တင်ဘာ(၁) ရက် မှ စက်တင်ဘာ(၁၅) ရက် အထိ

မှတ်ချက် အခု(၁၀၀) ရဲ့ အထက် ပေးသူ (၂) ဦး

မောင်ပေ, မဟာရာဇာ အံစာတုံး

 

မှတ်ချက် (၇၅)ခု မှ (၁၀၀)ခု အကြား ပေးသူ (၁) ဦး

Pooch

 

မှတ်ချက် (၅၀)ခု မှ (၇၄)ခု အကြား ပေးသူ (၁၁) ဦး

အရီးခင်လတ်, surmi, etone, ကိုခင်ခ, Kyeemite, MaMa, အတိသဉ္ဖာ နာဂရချစ်သူ

Kai, ကထူးဆန်း, ကြောင်ကြီး, ဒဿ ဖွတ်ကျား

 

မှတ်ချက် (၂၅)ခု မှ (၄၉)ခု အကြား ပေးသူ (၂၅) ဦး

Shwe Ei, ဦးဦးပါလေရာ, အလင်းဆက်, Moe Z, ရွှေ ကြည်, Crystalline,

Khaing Khaing, လုံမလေး မွန်မွန်, Hnin Hnin, မိုက်ကယ်ဂျော်နီအောင်ပု, ကိုပေါက်(မန္တလေး), Manawphyulay, Ma Ei, may flowers, ရာဇဝင်လူဆိုး,

mayjuly, Shwe Tike Soe, ခပ်မိုက်မိုက် ကောင်မလေး, Mon Kit, ကြောင်ဝတုတ်, kotun winlatt, nozomi, padonmar, Wow, စိန်ဗိုက်ဗိုက်

 

မှတ်ချက် (၂၄)ခု မှ (၂၀)ခု အကြား ပေးသူ (၈) ဦး

Mလုလင်, linnlinnn, ကိုရင်စည်သူ, ရဲစည်, Foreign Resident

San Hla Gyi, YE YINT HLAING, သစ် တည်

 

မှတ်ချက် (၁၅)ခု မှ (၁၉)ခု အကြား ပေးသူ (၉) ဦး

nigimi77, ဦး ကျောက်ခဲ, amatmin, weiwei, P chogyi,

Kyaw Myo Thet, Novy, ကြည်ဆောင်း,  ဆူး

 

မှတ်ချက် (၁၀)ခု မှ (၁၄)ခု အကြား ပေးသူ (၁၆) ဦး

Cobra, TTNu, aanyar thar, candle, char too lan, Htoo thin

ဦး ဂျစ်, နေဝန်းနီ, aung moethu, Good™, pyopyo may, nature

R Ga, Thu Wai, ထွန်းပြောင်, နွယ်ပင်

 

မှတ်ချက် (၅)ခု မှ (၉)ခု အကြား ပေးသူ (၃၁) ဦး

လူစိုးကြီး, ဝင့်ပြုံးမြင့်, ahnyartamar, Alpha Vanishing, htet way, Black Cloud

Kolumbus, si tone, TNA, zarlay, ကိုရင်မောင်, ပစ်ပစ်ချန်, မိုချို, ဝူးဝါး ဝူးဝါး

Aemoshu, Ko Khin Lwin, Nay Mara, Reign, Rose Minn, the best, ညလေး

တညင်သား, မိုးတိမ်, မှော်ဆရာ, DEPARKO DEPARKO, King of Screts (Bo Min)

Ko Ko Aung, Ko Nyein Chan, Uncle Gyi, ပန်းစံပါယ်, မိုးသောက်ချိန်

 

မှတ်ချက် (၂)ခု မှ (၄)ခု အကြား ပေးသူ (၄၂) ဦး

aye.kk, Fall Guy, garuda, Historical_Crime, ko win, ma ma01306

pazflor, SayaGyi Jit, Tin Tin, we R one, မာလိန်မှုူး, မိုးမင်းသား, သူရဇော်

မောင်သုည, chityimhtoo, kaungsumyatsan, Kim Kumuddra, marbelcommet

Moonpoem, Peace Maker, Swal Taw Ywet, ကိုသင်း, ဒုတ်ထိုး, မိုးမှောင်

ရှမ်းပြည်သား, နောက်နေ, ရွှေအိမ်စည်, kthwinzayarmyo, Pauk Pauk

Phaung Phaung, Sonny, Than Lwin Oo, Utawgyaw, YanLay, ကိုသင်း

ချိုတူး, နှင်းဆီ ငုံ, တာတီး, ဘဘဖရဲ, မမ အညာသူ, ကြောင်လေး, မောင်ဘလှိုင်

 

မှတ်ချက် တစ်ခါ ပေးသူ (၆၅) ဦး

Captainamerica, Cerberus, Chityaaung, City Jogger, ginkalay, Green Rose

Hein Htet, ho leo, Intro, Ju Jue, Justice AB, Ko Out Of, Ko Zin Yaw, KP

Kyaw Thar, Kyaw Thein, Lazy Boy, Leo3 user, maungmoenyo, meemeesuku

Mobile, myanmarcitizen, mzm, Naing Ngan Kyaw, Nyein Nyein, Oo Oo

Pye Kun Zaw, same kyaw, Shwe Phyu, Shwe Pont, Silver Twig, ster

Sweet Tooth, timothy, Uncle Lay, Victory, win, ye thura, Ye Yint Thu

ကုလားကြီး, ချစ်တတ်သူ, ချာလီဒလဝမ်, ဂန္တာရီဆြာအုပ်, စနေ, ဇွဲမာန်(အင်းဝ)

တာတီး, ထိပ်တင်တုတ်ကြီး, ပိုင်လေး, ဖိုးကြက်တောင်, ဖိုးထောင်, ဘရားသား

မြို့ ဟောင်းသား, ရင်နင့်အောင်, လူပုလေး, သူရဿဝါ, အိမ်လွမ်းသူ, ဦးသိန်းစိန်

ကြောင်လတ်, တေလေ, ဒေါက်တာအေးမောင်, နေ ့သစ်/ ဘဝသစ်

နောက်နေ……., လေပြေ, လေပြေ ရိုင်း, အေးဝတီကြီး

 

ဒီတော့

မှတ်ချက်ပေါင်း (၂၆၄၅) ကို လူပေါင်း (၂၁၀)  မှ နှစ်ပါတ် အတွင်း ပေးခဲ့ပါတယ်။

လူတစ်ယောက်ကို ပျမ်းမျှ မှတ်ချက် (၁၂)ခုပေါ့။

ဒီတော့ တစ်ပါတ်ကို လူတစ်ယောက် ဆီကနေ ပျမ်းမျှ မှတ်ချက် (၆)ခု ဘဲရပြီး တစ်ရက်ကို မှတ်ချက် တစ်ခုဘဲ ရသလိုပေါ့။

ကျွန်မတို့ ဒီထက် ပိုပြီး မှတ်ချက်တွေ မရနိုင်တော့ဘူးလား။

 

ဘာကြောင့်ဒီလို ဖြစ်ရသလဲ ဆက်ကြည့်ရင် မောင်အံဇာ ရဲ့ ကြိုးစားပြီး ကောက်ယူထားတဲ့ သန်းခေါင်စာရင်း ကို ကိုးကားပါဦးမယ်။

https://myanmargazette.net/105066/mandalay-gazette-2/editors-notes-announcements-letters-to-the-editor

သန်းခေါင်စာရင်းအရ  (၉၆၇၉) အဖွဲ့ဝင်စာရင်းပေါက် ထဲက (၂၁၃) ဦး ကိုသာ လက်ဆုပ် လက်ကိုင် ပြနိုင်တဲ့ သဘောပါဘဲ။

အဖွဲ့သားများရဲ့ (၂.၂၀%) သာ active ဖြစ်ပါတယ်။

အဲဒီ Active ထဲမှာ လဲ ငြိမ်နေသူတွေ ရှိပါသေးတယ်။

ကျွန်မတို့ ဒီထက် ပို Active ဖြစ်တဲ့ ရာနှုန်း ဂဏန်း ကို ရဖို့ ကြိုးစားသင့်ပါတယ်။

ဂဏန်းတွေ နဲ့ ပုံတွေ ကြည့်ပြီး မူးနောက်များ သွားကုန်ပြီလားမသိ။

ဒီတော့ လိုရင်းကို ပြောရရင်ဖြင့်

စက်တင်ဘာလ အတွက် ဖတ်ရွေး အဖွဲ့ဝင် တွေက –

ဦးဦး ပါလေရာ၊ ကိုဘလက်ချော၊ မပဒုမ္မာ၊ ကိုကြီးမိုက်၊ ကိုပေါက်(မန်း)၊ မမ၊ ဝေဝေ၊ ကိုထူးဆန်း၊

အရီးခင်လတ်၊ Fatty Cat နဲ့ Shwe Tike Soe တို့ ဖြစ်ပါတယ်။

 

၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်း Post တင်သူ (၁၄၉) ဦး ရဲ့ Post ပေါင်း (၄၅၄) ပုဒ် ကို မန်းဂဇက် ဖတ်ရွေး အဖွဲ့ ဝင် (၁၁) ဦးမှ သူတို့စိတ်ကြိုက် ရွေးချယ် ခဲ့ပါတယ်။

 

အဲဒီအထဲ က စာရေးသူ (၁၆) ဦးရဲ့  ဇကာတင် ရွေးချယ်ခံ စာမူ (၁၇) ပုဒ် ရခဲ့ ပြီးအဲဒီ စာမူ တွေကတော့

(၁) ရာဇဝင်လူဆိုး ရဲ့ “မီးပွိုင့်မှာ ကျနော်…ရှိတယ်”

(၂) Alpha Vanishing ရဲ့ “Virus ရန်ကနေ ကာကွယ်ချင်တယ် ဆိုရင်”

(၃) ကို surmi ရဲ့ “မန်းဂဇက် ရံပုံငွေ ပဒေသာကပွဲကြီး”

(၄) Green Rose ရဲ့ “နှမ်းတစေ့နှင့် ဆီကြိတ်မယ်”

(၅) aungmoethu ရဲ့  “အစွန့်ပစ်ခံ…ပွင့်ဖတ်” နဲ့ “ကြယ်တစ်ပွင့်မွေးဖွားခြင်း”

(၆) Swal Taw Ywet ရဲ့  “လျှပ်စစ်သုတ – ၁ (ဓါတ်လိုက်ခြင်း)”

(၇) ကိုကြီးမိုက် ရဲ့ “ထောင်ထွက်ကြီးမိုက်…Ex-convict”

(၈) Pooch ရဲ့ “Anyone can sing”

(၉) ရှူံးနိမ့်မှုများနဲ့.. လူ ရဲ့ “KFC စားသုံးသူ”

(၁၀) etone ရဲ့ “ချစ်တယ်ပြောဖို့ မမေ့ပါနဲ့”

(၁၁) တီချယ်ကြီးTTNu ရဲ့ “နောင်ရိုးတို်က်ပွဲနှင့်ကျမကလေးများ”

(၁၂)  Thaw Zin Loikaw ရဲ့ “နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ်”

(၁၃) အလင်းဆက် ရဲ့  “ဇ = ဇိမ် ရှိရှိ ..မနေရတဲ့ လုူတွေ…အကြောင်း”

(၁၄) ရင် နင့် အောင် ရဲ့  “လူနှင့်ဖိနပ်များ”

(၁၅) ခင်မမမျိုး ရဲ့ “လမ်းဆုံ”

(၁၆) ဦးကျောက်ခဲ ရဲ့ “တစ်သက်စာ အလွဲ”

ဇကာတင် စာမူ တွေ ရဲ့  ပွိုင့် ရတဲ့ ဂရပ် ပုံက ဒီလိုပါ။

ပရိတ်သတ်ကြီး အနေနဲ့ ရော ဒီလ ဇကာတင် Post  တွေထဲက ဘယ် Post ကိုများ ပိုပြီး သဘောကျမိပါ သလဲ။

Result ကို မကြာခင် မှာ အဖြေညှိ ကြတာပေါ့။

(မနက်ဖြန်ည မှာ ပုံထဲ က ??????? နေရာမှာ စာသား တွေ ဝင်လာပါမယ်)

အခု တော့ အမူးပြေ ကော်ဖီခါးခါး လေးဖြစ်ဖြစ်၊ လက်ဘက်ရည်ချိုပေါ့လေး ဖြစ်ဖြစ်၊ သံပုရာရည် ရှရှ လေး ဖြစ်ဖြစ် သောက်လိုက်ကြပါဦး။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အထူးသဖြင့် Result ရအောင် အားထုတ်ပေးခဲ့ သော မောင်ဗိုက် နဲ့Post  တွေ ကို ရှာလို့ လွယ်အောင် ကြိုးစားပေးထားတဲ့ မောင်အံ ကိုလဲ အထူးကျေးဇူးပါဟေ့။

 

ဒါထက်

အမေရိကန် သမ္မတ(ဟောင်း) John F. Kennedy ရဲ့ Quote လေးတစ်ခု က

“My fellow Americans,

ask not what your country can do for you,

ask what you can do for your country”

တဲ့။

 

ဒီတော့

ကျွန်မ တို့ လဲ

ဒီ ရွာ အတွက်ဘဲ ဖြစ်ဖြစ်

ကိုယ့်အမိမြေ မြန်မာပြည် (အဖ ဆိုချင်လဲဆိုပါ။ဘာဘဲဖြစ်ဖြစ် ပညတ် တစ်ခုပါဘဲ) အတွက်ဘဲ ဖြစ်ဖြစ်

ကျွန်မတို့ “ဘာလုပ်ပေးနိုင်မလဲ” လို့ ဘဲ မေးကြပါစို့။

(ဆိုင်ရာ အကြီးအကဲ မှ လဲ တန်ပြန် အလိုက်သိပါ Vice Versa )  :kwi:

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

120 comments

  • Khaing Khaing

    October 8, 2012 at 3:33 pm

    ဒီလအတွက် စာပေဆုရှင်ကို စောင့်မျှော်နေပါကြောင်း …..

  • မိုချို

    October 8, 2012 at 3:53 pm

    အရီးလတ်ရေ
    သေချာ စိတ်ရှည်၊ လက် ရှည် ကို ပြုစု ထားတာပါပဲလား။ အရီး ရဲ့ ရွာ အပေါ် ထားတဲ့ စေတနာနဲ့ စိတ်ဝင်စားမှု ကို လေးစား အားကျမိပါရဲ့။
    ပြီးခဲ့တဲ့ လက မိုချို ဆို တစ်ပုဒ်မှ မတင်ဖြစ်သလို ကွန်မန့် လဲ ဟုတ်တိပတ်တိ မပေး ဖြစ်ခဲ့ ဘူး။ အရီး ပြုစုထားတဲ့ စာရင်း အရ ၅ ခုတော့ ကျော် မှန်း ခုမှ သိတယ်။
    အဲဒီ လို ဂရပ်တွေ၊ ဘိန်းမုန့် လှီးထားတဲ့ အပိုင်းလေးတွေ နဲ့ တူတဲ့ စက်ဝိုင်း စိတ်လေးတွေ တွေ့ တော့ အရင်က လုပ်ခဲ့ တဲ့ ရုံး ကို သတိရမိသား။

  • စိန်ဗိုက်ဗိုက်

    October 8, 2012 at 3:55 pm

    အစိုပါ စုရှင်ကတော့ ဆိန်ဗိုက်ဗိုက်ပင် ဖြစ်ချေတော့သည် တမုံ ့ :harr:
    အရီးတင်ပေးတဲ့ ကိန်းဂဏန်းတွေ တော်တော်မိုက်တယ်ဗျ
    ဖတ်သာဖတ်နေတာ ရွာအခြေအနေသိဘူးရယ်..
    ကျေးကျေးဇူးဇူး

  • Shwe Ei

    October 8, 2012 at 3:59 pm

    ဗယာကြော်ပါ အရီးလတ်။
    ကိန်းဂဏန်းတွေနဲ့ဖော်ပြတာကလဲ တမျိုး(I Prefer) စိတ်ဝင်စားဖို့ကောင်းပါတယ်။
    စိစပ်သေချာစွာကြိုးစားပေးထားကျတဲ့ အရီးလတ်နဲ့အဖွဲ့ဝင်အားလုံး ပို့စ်ကောင်းတပုဒ် အမြန်ဆုံးရွေးထုတ်နိုင်ပါစေဂျောင်း။ :hee:

  • ဟိဟိ..စိမ်းပြာလေးက ဘယ်သူဖြစ်မလဲ..ရင်ခုန်လိုက်တာနော်….
    အရီးရေ…ဒီကိန်းဂဏန်းတွေကြားမှာ အရီးတစ်ယောက် ဘယ်လောက်အလုပ်ရှုပ်လိုက်မလဲ..ဖတ်တော့သာ အဆင်သင့်…
    အရီးရဲ့ စေတနာကို ဝမ်းသာဂုဏ်ယူစွာ အသိအမှတ်ပြုကျေးဇူးတင်ပါတယ် အရီးရှင့်..
    မနက်ဖြန်မှပဲ result ကို ကြည့်တော့မယ်နော်.. :kwi:

    ချစ်သောတူမ
    လုံမလေး

  • Moe Z

    October 8, 2012 at 4:13 pm

    ဒီလဆုရှင်ကတော့ .. ဟုတ် အရီး မနက်ဖြန်ညမှ ပြန်ကြည့်လိုက်မယ် :mrgreen:

    • ကထူးဆန်း

      October 8, 2012 at 8:39 pm

      အဟမ်း အဟမ်း ..ကြိုသိချင်သလား ..
      စိန်ဗိုက်ဗိုက် ကို ဘီးအီးတိုက် …

  • kyeemite

    October 8, 2012 at 4:18 pm

    အင်း..အင်္ဂလန်က ဘင်သံလေးနဲ့ ဂဏန်း (သချာင်္) နှင့် ကခုန် သွားတာမြန်လိုက်ပါဘိတော့..
    လိုက်ကလို့တောင်မမီနိုင်ဘူး ကိုခင်လတ်ရေ…
    သေချာပေါက်ပြောနိုင်တာတစ်ခုကတော့…ကိုခင်လတ်ကြီး “မအိုသေးပါတကား”
    ဆိုတာပါပဲ…
    :harr: :kwi:

  • ကြောင်ဝတုတ်

    October 8, 2012 at 4:18 pm

    အရီးရေ… အရီးရဲ့စစ်တမ်းကြီးမြင်လိုက်မှ…
    အဲဒီလောက်တောင်ပြုစုထားရပါလားလို့… တစ်လမှ ပိုစ့်နှစ်ခုလောက်တင်နိုင်ဖို့ မနည်းကြိုးစားနေရသူမို့
    ရှက်မိပါတယ်…
    အရီးပြောသလို ရွာကြီးအတွက် ဘယ်လောက်လုပ်ပေးနိုင်ပြီလဲဆိုတာကို ပြန်လည်တွေးတောပြီး ထပ်မံကြိုးစားပါဦးမယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • may flowers

    October 8, 2012 at 4:19 pm

    ဆုရှင်ကို ထပ်တူရင်ခုန် စောင့်မျှော်နေပါတယ်ရှင့် ..။

  • ရွှေ ကြည်

    October 8, 2012 at 4:24 pm

    အရီးရေအကြော်စုံကျွေးချင်ပေမယ့် ဆီကိုစိတ်မချလို့မကျွေးတော့ဘူး..။
    ရွှေကြည်တော့မူးသွားတယ် အရီးဆိုပိုမူးမှာ ကြိုးစားပမ်းစားစစ်တမ်းလုပ်ထားတာအားရစရာ..။
    ဘယ်သူပဲရရ ကျေနပ်တယ် အားလုံးကိုကြိုက်တာပဲ..။

    အရီးကိုချစ်တဲ့
    ရွှေကြည်

  • အရီးရေ..အပေါ်က နံပါတ်အစဉ်လိုက်နဲ့ အောက်က ဂရပ်က အစဉ်လိုက်နဲ့ တွဲကြည့်ရင်ရော ရလားဟင်… 🙄 🙄

      • အရီးခင်လတ်

        October 8, 2012 at 5:02 pm

        ဟိဟိ။
        အလည်လေး။
        အစကထဲ က မတူ ပါဘူး သမီးရေ။
        ပုံမှာက ၁ရ နဲ့ အပေါ်စာ က ၁၆ ပါ။
        ဒါပေမဲ့ ၂ ဦး က သွားတိုက်ဆိုင် နေလို့ ပြင်လိုက်တာပါ။
        နောက်ဆို ညည်း ကို စာရင်းပြုစုရေး အဖွဲ့ဝင်ခေါ်မယ်။ :hee:

        • ဟီး..အမှန်တော့ သမီးက မစဉ်းစားမိခင် သမီးထက်အရင် စဉ်းစားမိတဲ့သူက မှန်းပြီးသား အရီးရဲ့…နောက်မှ သမီးလည်း တွေးမိသွားလို့ ပြန်ကြည့်တော့ သူပြောတဲ့သူနဲ့ မတူဘူး..သူ့ကို ပြန်မေးမလို့ကြည့်တော့ သူက အောက်သွားပြီ..ပြောသွားသေးတယ်..အရီး ပြန်ပြောင်းလိုက်ပြီတဲ့.. :kwi:

  • Shwe Tike Soe

    October 8, 2012 at 4:44 pm

    ဒီလ ဆုရှင်ကတော့ နေတိုးတိုက် ပဲ ဖြစ်ပါတယ် ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးး
    ဖြောင်းဖြောင်းဖြောင်း………… (နပန်ဝိုင်းအုပ်သံ)……. ဟိဟိဟိဟိ :kwi: :kwi: :hee:

    • R Ga

      October 8, 2012 at 5:32 pm

      နေတိုးထိုက်ဆိုတာ ကမ္ဘာအရပ်ပုဆုံး လူသားအဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြုရွေးချယ်မယ့် သူ တစ်ယောက်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    • ဘယ်တုန်းက တိုးတိုက်သွားတာလဲ… ပြောတော့ မော်ပြီး ကုန်းတယ်ဆို..သူပဲ အမျိုးမျိုး.. :kwi:

    • Khaing Khaing

      October 9, 2012 at 9:53 am

      အမလေးဟဲ့ …နေတိုးတိုက် တဲ့ … ဖြစ်နိုင်ပါတယ် … နေတိုးကို သူကပုတော့မမြင်ဖူးလေ … အဲဒါသွားတိုက်မိလို့ … နေတိုးတိုက် ဖြစ်သွားတာဖြစ်မယ် …. မွန်လေးပြောသလို ..မင်းမော်…. ဘာဆိုလား အဲဒီနှာမည်နဲ့ ပိုလိုက်ပါတယ် .. မိတိုက်ရယ် ….:)

  • MaMa

    October 8, 2012 at 4:44 pm

    မလတ်ရေ-
    ငါမအိုသေးဘူးဆိုတာထက် ပိုပြီး….
    ပျိုမြစ်နုနယ်နေသေးတယ် ဆိုတာကို ပြသလိုက်နိုင်ပါတယ်။
    သဘောကျ အားကျ သွားရည်ကျ သွားပါကြောင်းးးးးးးးးးးးး
    :hee: :hee: :hee:

    • အရီးခင်လတ်

      October 8, 2012 at 5:08 pm

      မမ က သိပ်ချစ်ဖို့ကောင်းတယ်။ :hee:

  • အရီးခင်လတ်

    October 8, 2012 at 5:07 pm

    အားပေးကြတဲ့ ပိတ်သတ်ကြီး ကို ကျေးဇူးတင်ပါကြောင်း။ :hee:

  • ဦးဦးပါလေရာ

    October 8, 2012 at 5:09 pm

    အားပါးပါး…
    အတော်ကြီးလုပ်ထားတာပါကလား မခင်လတ်ရေ…။
    ကျုပ်မလဲ ကိုယ်ကျင်လည်တဲ့ရွာအကြောင်း အခုမှပဲ စေ့စေ့ငုငု သိပါတော့တယ်။
    လောလောဆယ်ပြောချင်တာကတော့
    ဒီပိုစ့်ဟာ ဆုကြေငြာတဲ့ပိုစ့် ဆိုတာထက် ပို ပါတယ်… ဆိုတာပါပဲဗျား…။

  • amatmin

    October 8, 2012 at 5:31 pm

    အရီးရေ..
    စေတနာစကားတွေ ပါတဲ့ ပို့စ်ကို ဖတ်ပီး ဘရာကြော်ပါဗျာ.
    အရီးရွတ်ပြတဲ့ ကနေဒီ စကားကို မှတ်သွားရင်း..
    တခါတလေ ME types ဖြစ်တတ်တဲ့ ကိုယ့်စိတ်တွေကို
    We type ဖြစ်နေတတ်အောင်ကြိုးစားကြည့်ပါ့မယ်..
    ဒါနဲ့ စကာတင်ပို့စ်တွေကို အားပေးရင်း စက်တင်ဘာဆုရှင်ကို မျှော်နေပါ့မယ် နော့ 🙂

  • aye.kk

    October 8, 2012 at 5:34 pm

    အရီးလတ်,….။
    ပြုစုထားတဲ့စာရင်းတွေကြည့်ပြီး၊အရီးလတ်ရဲ ့
    စေတနာတွေကိုလေးစားအားကျမိပါကြောင်းပြောပြပါရစေ။
    ပြီးခဲ့တဲ့လအတွက်၊အားနာမိတယ်။အခြေအနေအရ။မရေးဖြစ်သွားလို ့ပါ။။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 8, 2012 at 6:25 pm

    ( အဲဒီမှာ ပျမ်းမျှဝင်ဖတ်နှုန်း က တစ်ကြိမ်ဝင်ရင် ၆ မိနစ် ကျော်ကျော် ဘဲ ရှိတာပါ။
    ဒီ ၆မိနစ် ဆိုတာ တွေကို ဖတ်ဖို့ သိပ်ပြီး လုံလောက်တဲ့ အချိန်တော့ မဟုတ်လောက် ပါဘူး။ )

    ( သန်းခေါင်စာရင်းအရ (၉၆၇၉) အဖွဲ့ဝင်စာရင်းပေါက် ထဲက (၂၁၃) ဦး ကိုသာ
    လက်ဆုပ် လက်ကိုင် ပြနိုင်တဲ့ သဘောပါဘဲ။ )

  • အိမ်လွမ်းသူ

    October 8, 2012 at 6:55 pm

    တော်လိုက်တာ အရီးရေ သေသေချာချာ စေ့စေ့စပ်စပ်ကို analysis လုပ်ထားတာပါလား။ ဒါကြောင့်လဲ အရီးခင်လတ် အရီးခင်လတ် နဲ့ ဒီရွာမှာ နာမည်ကြီးနေတာကို။ အရီးကို ဒီရွာရဲ့ Secretary of Village ( like secretary of state in US ) ခံဖို့ သူကြီးကို အဆိုပြုပါတယ်။

    • အိမ်လွမ်းသူ

      October 8, 2012 at 6:58 pm

      ( ခံ ) ကို ( ခန့်) လို့ဖတ်ပေး ကြပါ။ ဟီး ဟီး စာလုံးပေါင်းမှားသွားလို့။

      • ဂန္ဓာရီ ဆြာအုပ်

        October 8, 2012 at 9:43 pm

        ဟေ့လူနော်..ဟေ့လူ.. စာလုံးပေါင်းကလဲ မှားမှ မှားတတ်ပလေ.. ကြားထဲ နငယ် တစ်လုံးလုံးကျန်ခဲ့တာနော် .. ဟွန်း 😛

  • weiwei

    October 8, 2012 at 7:26 pm

    သူကြီးကို အဲဒီလို သက်သေအတိအကျနဲ့ ပြနိုင်မှ ….

    ဆုကြေညာသူတွေက တစ်လနဲ့တစ်လ မရိုးနိုင်အောင် အစွမ်းကုန် ပညာစွမ်းတွေပြသွားနိုင်ကြတော့ ကိုယ့်အလှည့်ရောက်ရင် ဒုက္ခရောက်ရချည်ရဲ့လို့ တွေးမိပြီး ရင်တုန်နေရပါတယ် …
    :hee:

  • မောင်ပေ

    October 8, 2012 at 7:42 pm

    အားပါးပါး
    တစ်ကယ်ကို အထူးအားစိုက်လေ့လာပြီး ပြုစုထားတဲ့ ကိန်းဂဏန်းတွေပါကလား
    လေးစားသမှုနဲ ့ဂျစ်မိသွားပြီ အရီးရေ

  • padonmar

    October 8, 2012 at 7:52 pm

    {သန်းခေါင်စာရင်းအရ (၉၆၇၉) အဖွဲ့ဝင်စာရင်းပေါက် ထဲက (၂၁၃) ဦး ကိုသာ လက်ဆုပ် လက်ကိုင် ပြနိုင်တဲ့ သဘောပါဘဲ။
    အဖွဲ့သားများရဲ့ (၂.၂၀%) သာ active ဖြစ်ပါတယ်။
    အဲဒီ Active ထဲမှာ လဲ ငြိမ်နေသူတွေ ရှိပါသေးတယ်။
    ကျွန်မတို့ ဒီထက် ပို Active ဖြစ်တဲ့ ရာနှုန်း ဂဏန်း ကို ရဖို့ ကြိုးစားသင့်ပါတယ်။}

    မလတ်ရေ
    အခုလည်း အဲဒီအတွက် ကြိုးစားနေကြတာလို့ပဲပြောရမလားနော်။
    ဒီစာရင်းအရဆို ၂၀ဝ ကျော်ပဲ ဖတ်ကြတဲ့ သဘောများလား။
    ကျမတို့ အားရှိအောင် ဒီ ၂၁၃ ဦးထက်ပိုတဲ့ စာဖတ်သူတွေ ကလည်း ပွဲထဲမှာ ဒို့လူလေးများဆိုသလေး လို့ခေါ်ရင် ဝေလေလေ လို့ ထူးသလို သူတို့ရှိနေကြောင်း အသံလေးပေးကြရင် ကောင်းမှာပါပဲ။
    ……………….
    ဂရုပုံကြည့်ရင် ကိုယ့်ပုံကိုယ် အရင်ရှာတတ်တယ်တဲ့။ခုလည်း မလတ်ရဲ့ စာရင်းရောင်စုံထဲမှာ ကိုယ့်နာမည် လိုက်ရှာလိုက်တော့ နေရာတိုင်းမှာ အလယ်အလတ်ထဲက ချည်းပါလား။အင်း ဘယ်နေရာက ထပ်ကြိုးစားရပါမလဲ။
    ………………..
    စာမေးပွဲကို ဂုဏ်ထူးတွေ တသီကြီးနဲ့ အောင်သွားတဲ့ မလတ်ကို ဘာကြော်ကျွေးရမလဲ စဉ်းစားလိုက်တော့ ဂဏန်းခွက်ကြော် လေး စားပါ မလတ်။

    ချစ်သော
    ပဒုမ္မာ

    • လယ်ထွန်Z

      October 9, 2012 at 8:14 am

      ရှင်းပါတယ် အန်ကယ်ဒုံ ရာ ..
      လူ တစ်သောင်းမှာ လူ၂၀ဝ ပဲ ရီဂျစ်စတီ လုပ် စာရေး(ကောမန့်ရေး) ကြသတည်းပေါ့..
      ကျန်လူများကတော့ သည်အတိုင်းပဲ ပလိန်း ဝင်ရင်း စာဖတ် ကြသတည်းပေါ့…။

      အရီးက ကြိုးစားမယ် ပြောတယ် … ဘာကြိုးစားမယ် ဆိုတာတော့ ပြောမသွား …
      ကျနော် ပြောကြည့်ပါ့မယ် …။ သဂျီး အသစ် တင်ထားတဲ့ ဆက်တင် တွေ ရှိပါတယ်…
      မန်ဘာ အုံးလိ တို့ .. စီဂျေ အုံးလိ တို့ …။
      အဲ့ဒါတွေ သုံးပြီး ကြိုးစားနိုင်မယ် ထင်ပါကြောင်း …။
      မန်ဘာဖစ်မှ ဖတ်နိုင်မယ့် ပိုစ့်တွေ … မန်ဘာဖစ်မှ မန့်နိုင်မယ့် ဗုတ်နိုင်မယ့် အရာတွေ
      များလာ ရှိလာ မှ ..မန်ဘာပိုဖြစ်လာမယ် ပိုဖြစ်ချင်လာမယ် ယူဆပါကြောင်း…။

      မန်ဘာ နဲ့ နွန်းမန်ဘာ အခွင့်အရေး လုပ်ပိုင်ခွင့် ထူးခြား ကွဲပြားမှု လောက်လောက်လားလား
      မရှိသေးသမျှတော့ အဆိုပါ ဂဏန်းကို ဆွဲတင်ဖို့ရာ မလွယ်သေးကြောင်း …
      အဆိုပါ ကိစ္စကို စဉ်းစားကြစေလိုကြောင်း (ခွက်ဒစ် တူ အဘဖော)

      ပုံ
      ပရိုမုတ်တာ ဖော် ဘီးရင်း အေ မန်ဘာ
      မိဂီ

      • surmi

        October 9, 2012 at 8:27 am

        မှန်တယ်ဗျာ
        ရွာထဲက နာမည်ကျော် ဘက်စ်ဆဲလ်လား တွေရဲ ့ပို ့စ်တွေကို
        အဲသလိုလုပ်လိုက်ရင် အတင်းကိုမန်ဘာဝင်ပြီးလာဖတ်မှာပဲ
        ခက်တာက သဂျီးစည်းကမ်းအရ မန်ဘာဝင်လို ့လွယ်မလွယ် ?

        • လယ်ထွန်Z

          October 9, 2012 at 8:46 am

          လွယ်တယ်ဗျ ဦးဆာမိရ …
          ကျုပ်ဖြင့် လွယ်လွန်းလို့ကို အားမလိုအားမရဖြစ်နေတာ …

          ပြောရရင် သဂျီး ရွာသား registration မှာက confirmation မပါဘူးဗျာ…
          မပါတော့ ကြိုက်သလို အကောင့်ဆောက်လို့ရနေတယ်…

          ဥပမာ Facebookလို နာမည်ကျော် SNS မှာ အဆိုပါ step ပါတယ်…
          ဆိုပါစို့ ကျနော် အဲ့မှာ အကောင့် ဆောက်ရင် account confirm လုပ်ဖို့
          ကျနော့် mail address ထည့်ရတယ် ..အဲ့သည့်ကို confirm mail
          လာတယ် ..အဆိုပါ link ကတဆင့် ကိုယ့် account ကိုကိုယ် activate လုပ်ယူရတယ်..
          (ပေါက်ကရ မေးလ် လျောက်ထည့်ရင် အဆိုပါ ကွန်ဖာမေးရှင်းစာ က ထည့်လိုက်တဲ့
          ပေါက်ကရ မေးလ်ကို ရောက်သွားမှာမို့ ..ကျနော် ကွန်ဖန်း လုပ်ပီး အက်တီဗိတ်လို့ မရနိုင်)

          ရွာမှာ အဲ့သည့် အဆင့် မပါရှိဘူး ..။ ဆိုတော့ ..အကောင့်ကို ဖောဖောသီသီ
          ဆောက်ယူလို့ရနေတယ်…။ ထားပါတော့ ကျနော် တကယ် မရှိနေတဲ့
          thincharwintkyaw@gmail.com နဲ့ အကောင့် ဆောက်ယူမယ်…
          အခု ချက်ခြင်းရတယ်။ အနှီ မရှိနေတဲ့ မေးလ် ကို confirm စာ ပို့တဲ့စနစ်မဟုတ်တော့လေ…။
          ပြောရရင် ..ဆယ်ကိုယ်ခွဲထားတဲ့ ဆြာတွေသည် အားနည်းချက်ကို ပိုသိပါတယ် ။
          အနှီ အဆင့်လေး တစ်ဆင့် မရှိတဲ့ အကြောင်း ကို …။
          အဲ့ဒါလေးရှိရင်တော့ … အင်း အနည်းဆုံး ဆယ်ကိုယ်ခွဲချင်ရင် မေးလ်အကောင့် ဆယ်ခုရှိဖို့
          လိုမှာ ဖြစ်ပါကြောင်း ..။ ခုတော့ အကောင့် ဆယ်ခုမရှိလည်း ဆယ်ကိုယ် ခွဲလို့ ရနေပါကြောင်း…။

          အချုပ်ပြောရရင်တော့ .. ရွာ့စည်းကမ်းပိုင်းအရ ရွာသားဖြစ်ဖို့ သည်လောက် ဖြေလျှော့ထားပေးတာတောင်
          စုစုပေါင်းရဲ့ ၂% သည်သာ တရားဝင် ဖတ်သူရေးသူ ဖြစ်နေသေးတာကတော့ အားရဖွယ် လုံးဝ (လုံးဝ)
          မကောင်းပါကြောင်း..။

          ပြင်စရာတွေ ကျန်နေပါသေးကြောင်း …။

          ခင်တဲ့

        • kai

          October 10, 2012 at 3:45 am

          အခုသုံးထားတဲ့.. မင်ဘာမှတ်ပုံတင်စနစ်မှာ.. အဲဒီ email confirmation မပါဘူးဖြစ်နေတယ်..။
          ဆိုတော့.. အခု ပတ်စ်ဝပ်ကို မင်ဘာကထည့်ထားတဲ့အီးမေးလ်ကို လှမ်းပို့တဲ့စနစ်ပြင်ထားပါတယ်.။
          လောလောဆယ်တော့.. မင်ဘာဝင်ပြီးနောက်.. လော့ဂ်အင်လုပ်တာ.. နည်းသွားတာတွေ့ရတယ်.။
          နောက် ၂ရက်စောင့်ကြည့်ဥိးမယ်..။

          ပြင်စရာတွေ.. နည်းနည်းချင်းတော့ ပြင်မယ်လုပ်ထားတာပဲ..
          အကြံလေးတွေ ပေးကြပါလို့..

        • surmi

          October 9, 2012 at 9:02 am

          ခုမသိတယ်မောင်ဂီရေ
          ကျုပ်က တစ်ကယ် အကောင် ့ရှိမှ ရတယ်အောက်မေ ့တာ
          ကျုပ်ဒုံးဝေးတာဗျို ့
          :hee:

  • အလင်းဆက်

    October 8, 2012 at 7:53 pm

    မှန်း…စမ်း.. ဘယ်တူ ဖစ်မရဲ…
    တားတား လက်စွမ်းပြပြီး…ရေးထားတာတော့ မမျှော်လင့်ရဲပါဘူးဂျာ ။

    ———————————-

    “My fellow Americans,

    ask not what your country can do for you,

    ask what you can do for your country”
    အဲဒိ စာသားကို…
    အရမ်းကြိုက်..။

  • ဆု မကြေညာခင် ချောင်းဆိုးသံ ..
    အဟွတ် .. အဟွတ် .. အဟမ်း …

    အမှန်ဒဂယ် ဆု ရရှိသွားသူကတော့ ….?????
    စိန်ဗိုက်လည်း မဟုတ်၊ ရွှေတိုက်လည်း မဟုတ် …
    ကျွန်ုပ် မဟာဘာဂျာ သာ ဖြစ်ပေတော့သဒီး ….
    ဤသို့ မှတ်ကြကုန်လော့ … ငွင်း .. ငွင်း …

    အရီးရေ …
    အရီးရဲ့ ဂဏန်းတွေက လန်းလှသဗျာ …
    ချယ်ဘဲဂျို့ ….
    ဒါ့ထက် သုံးချိန် သုံးခါမြောက် အောင်မြင်လုလှပါပေါ့နော့ …

    • ဂန္ဓာရီ ဆြာအုပ်

      October 9, 2012 at 9:14 am

      အော် မဟာဘာဂျာတောင်ဖြစ်သွားပြီးကိုး.. မဟာဘာဂျာက မှတ်ချက် အခု(၁၀၀) ရဲ့ အထက် ပေးသူ (၂) ဦး ထဲမှာ ပါနေပါလား.. 24 hour online ထင်ပါ့..နာချွန်လိုက်မယ်နော်..ဟွန်းဟွန်း.. 😛

  • အလင်းဆက်

    October 8, 2012 at 8:26 pm

    ဂေဇက်မှာ..စာဖတ်သူမနည်းပါဘူး ။
    ကျွန်တော့် အသိထဲမှာကိုက.မနည်းပါဘူး ။
    ကျွန်တော် ့မေးလ်းအကောင့်က… ဂေဇက်မှာ.တံခါးမရှိဓါးမရှိ… ပြထားတာမို ့…
    အပြင် စာဖတ်သူတွေ..က ခင်မင်ချင်လို ့.. ဆက်သွယ်လာတာတွေ.မနည်းပါဘူး ။

    သူတို ့ ပြောပုံ အရတော့…
    သူတို ့က မန်ဘာ သာ မဝင်ဖြစ်တာ..
    ဂေဇက် စာရေးသူတွေရဲ ့စာတော်တော်များများနဲ ့ရင်းနှီးနေကျတာ ။

    လေးလေဘလက်တို ့..
    အန်တီပဒုမ္မာ တို ့
    အရီးလတ်တို ့.
    ဦးကြောင်တို ့
    …….စသူတွေ..အများကြီးရဲ ့စာဖတ်ပရိတ်သတ်တွေ….ကို
    မန်ဘာ မဟုတ်တဲ ့
    စာဖတ်သူတွေ..အများကြီး. အဖြစ်တွေ ့ရပါတယ် ။

    ခိုင်လုံတဲ ့ သတင်းရပ်ကွက် အရ….
    ပြောရဥိးမယ် ဆိုရင်…
    စာရေးဆရာမဂျူး..တို ့
    နိုင်ငံရေး.ဆန်သူ..ကာတွန်းဆရာကြီး…တချို ့တ်ို ့တောင်… ပုံမှန်.ဖတ်နေတဲ ့
    ဂေဇက်..ပါပဲ..လို ့….. ကြားမိပါတယ် ….
    ခညာ…….

    :buu:

  • ကထူးဆန်း

    October 8, 2012 at 8:55 pm

    အရီးရေ .. ကံကောင်းလို့ပါလား .. အရီး အရင် ရေးရလို့ ..
    ပုဒ်ရေ အများဆုံးရေးပေးနိုင်တဲ့ လေးပေါက် နှင့် မှတ်ချက် အများဆုံးပေးနိုင်သူ များဖြစ်သည့် ကိုပေနှင့် မဟာရာဇာ အားလည်း ဂုဏ်ယူမိပါကြောင်း။
    လောလောဆယ်တော့ ကော်ဖီခါးခါး သောက်တော့မှာဖြစ်ပါကြောင်း ။ :hee:

  • နေဝန်းနီ

    October 8, 2012 at 9:31 pm

    အရီးရေ့….။ ကျွန်တော်က ကိန်းဂဏန်းများနဲ့ ဆော့ကစားမလို့ရှိသေးတယ်…။ အရီးက ဂဏန်းများနဲ့ကခုန်နေပြီလား…။ နောက်နေ့မှ တင်တော့မယ်ဗျာ…။ ကိန်းဂဏန်းတွေ တိကျသေချာဖို့ အတွက် ပါဝါ တည်ငြိမ်ဖို့လိုပါလိမ့်မယ်နော့…….။ ပါဝါ မတည်ငြိမ်ရင် မြန်မာပြည်က ရုံးတွေမှာ ရီပို့ထုတ်တဲ့ စာရင်းတွေ လို ယောင်ရွှီး လချုပ်နှစ်ချုပ်တွေ ဖြစ်ကုန်လိမ့်မယ်……..။

  • surmi

    October 8, 2012 at 9:47 pm

    အရီးရေ
    နောက်ကျနေပြီဗျာ ခွင် ့လွှတ် ။
    ကျနော်ကတော ့ လစဉ်ဆုစာရင်းကြေငြာပေးနေတဲ ့သူတွေကို ဂုဏ်ပြုဆုပေးချင်
    တော ့တာပါပဲ ။တစ်ယောက်တစ်မျိုးမရိုးနိုင်အောင် တင်ပြကြေငြာပုံတွေကောင်းလွန်းလို ့ ။
    အဲ စာရေးနဲတဲ ့သူတွေထဲမှာအရီးလဲပါတယ်နော် ဟဲဟဲ ။ဒါပေမဲ့ အရီးကတာဝန်ကျေပါ ့ဗျာ
    ကွန်မန် ့ ကောင်းကောင်းပေးပြီး ရေးတဲ ့သူတွေကိုအားတက်စေလို ့ ။
    ကျနော်ကတော ့ မန် ့တာတွေကလည်းအားနည်း ၊ ပို ့စ်တင်တော ့လည်းအပြောင်အပျက်
    ဆိုတော ့ အများကြီးကြိုးစားကြည် ့ရပါဦးမယ် ။ အစ်မပဒုမ္မာပြောသလိုကိုယ် ့နာမည်
    ရှာကြည် ့ရင်ဘိတ်ချီးဖြစ်နေတယ် ဟဲဟဲ
    ဟုတ်ကဲ ့ ဒိထက်ပိုပြီးတစ်ခုခုလုပ်နိုင်အောင်ကြိုးစားကြည် ့ပါမယ်ခင်ဗျ
    ခက်တာက ကိုယ် ့အကြောင်းကိုယ်သိတော ့ အားမရှိလှဘူးဗျို ့
    :hee: :hee:

    • ဟုတ်ပါ့ ဟုတ်ပါ့..
      လုံမလေးဆိုလည်း လတိုင်း စာရွေးအဖွဲ့ထဲက ဘယ်သူက ဘယ်လိုပုံစံနဲ့ ကြေညာမလဲဆိုတာ အရမ်းစိတ်ဝင်စားပြီး မျှော်မိနေတာ..လကုန်ပြီဆို သတိရနေပြီ… :harr:

  • pooch

    October 8, 2012 at 10:25 pm

    အရီးရေ အနော်တော့ ဂဏန်းတွေကိုတော့ မြင်ပါရဲ့ အောက်ဆုံးက Vice Versa ကိုမြင်မှ အိပ်ချင်နေတာ ပြေသွားတယ်။ Vice Versa ရေမွှေးတခုကို မှတ်မှတ်ရရဖြစ်သွားလို့ပါ။
    အခုတလော အနော့်ရဲ့ စိတ်တွေ fatigue ဖြစ်နေတယ် 🙁

    ဒီပိုစ့်လေးကတော့ အရီးရဲ့ ” what I can do for our MG ” ဆိုတဲ့ စိတ်ဓာတ်ကို အထင်ကရ ပြလိုက်တာပါပဲ။
    အနော်လည်း ကြိုးစားပါအုန်းမယ်အရီး။

    • ဂျီးဒေါ်ပုချ် (ဟို “ပု” နဲ့ မမှားအောင် နောက်က ချ် ထည့်ဒါ)
      ဂယ် ကြိုးစားမယ်ဆိုရင် အနော်က ကြိုးဒွေ ဖဒီးဝယ်ပီး ပို့ပေးဘာမယ် .. ငွင်း .. ငွင်း ..
      :kwi:
      စားဖို့ဘဲ ကြောဒါနော် … သုံးဖို့တွက်ဆိုရင်ဒေါ့ ရဘူး ..
      (လာပီးနောက်တွားဒါဘာ ခညာ)

  • Fall Guy

    October 9, 2012 at 12:37 am

    အရီးလတ်ရေ
    ဂေဇက်မှာ..မန်ဘာမဝင်ဘဲစာဖတ်သူမနည်းပါဘူး။ ကျနော်တောင်မန်ဘာမဝင်ဘဲနေ့စဉ်စာဖတ်လာတာတနှစ်ခွဲအနည်းဆုံးဘဲ။ မြန်မာစာမရိုက်တတ်လို့……….။အခုမှရွာသားဖြစ်ချင်လို့ကြိုးစားရိုက်နေတာ….။ ပိုစ့်တင်ဖို့အတွက်တော့ကြိုးစားရဦးမယ်……..။

  • kai

    October 9, 2012 at 1:10 am

    မန်းဂဇက်ဟာ..
    မြန်မာပြည်တွင်းက.. ဘီဘီစီ..ဗွီအိုအေ.. အပါအဝင်.. ဖေ့စ်ဘုတ်.. ဂျီမေးလ် ဝင်လို့ကြည့်လို့မရခင်ခေတ်.. လွန်ခဲ့တဲ့.. ရနှစ်ကတည်းက.. မြန်မာပြည်တွင်းကနေ.. မည်သူမဆို..ကြည့်လို့ဖတ်လို့ရတဲ့.. အမေရိကအခြေစိုက်… တခုတည်းသော.. သတင်းမီဒီယာ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်..။
    ဘယ်သူတွေဖတ်ကြသလည်း.. တွေးကြည့်..
    .. မေးကြည့်.. လက်၂ဆစ်… :kwi:

    • အရီးခင်လတ်

      October 9, 2012 at 3:18 am

      လွန်ခဲ့တဲ့.. ရနှစ်ကတည်းက.အင်တာနက်ကောင်းကောင်း ရနေတာ ဘူသူ တွေလဲ။ 🙄

  • Fall Guy

    October 9, 2012 at 1:18 am

    သဂျီးကလဲ လှပါတယ်ဆိုမှ က ပြနေပြန်ဘီ………။

    • အရီးခင်လတ်

      October 9, 2012 at 3:16 am

      ဘာ အက ဖြစ်မလဲ။ 🙄 :kwi:

      • Hnin Hnin

        October 12, 2012 at 5:37 pm

        ဟိ…’ သူကြီးအက ‘ :kwi:

  • အရီးခင်လတ်

    October 9, 2012 at 3:15 am

    ဝင်ရောက် ပြီး မှတ်ချက် ဝေမျှ ပေးသွားကြသော
    ခိုင်ခိုင် (အညောင်းသိတ်မထိုင် နဲ့ ဦး။ ကွန်ဂရက်ကျူလေးရှင်း နော်။ အခုမှ ကွန်ဂရက်ကျူလေးရှင်း ရတာ စောဒီး သမီးရေ့)

    မိုချို (မိုချို့ စာတွေ ကလဲ တစ်ပုဒ် ဆို ဆိုသလောက် အင်အားရှိပါတယ်၊ အမြဲအားပေးနေပါတယ်၊ အားရင်သာ ဝင်လာပါ)

    မောင်ဗိုက် (ဒီည သောက်စရာ မလိုတော့ ဘူး ဟုတ်)

    Shwe Ei (ကျေးဇူး ပါသမီးရေ)

    လုံမလေး မွန်မွန် (အဖွဲ့ ဝင်ဖို့သာပြင်ထား)

    Moe Z (အလုပ်များနေလား။ ပျောက်နေသလားလို့ သမီးရေ့)

    ကထူးဆန်း (စီဂျေ ကြီး က စီဂျေကြီး ပါဘဲလေ။ ကျွန်မ မမှီပါဘူး)

    ကကြီးမိုက် (ကကြီးမိုက်လဲ မအိုသေး၊ ကျွန်မလဲ မအိုသေး။ ဒီလိုဘဲ အားတင်းရတာဘဲ။ အဟိ)

    ကြောင်ဝလေး (အချိန်ရလိုက် မရလိုက် နဲ့ မို့ ထင်သလောက် မပေါက်လိုက်ဘူး။ အရီးလဲ ကိုယ်ကသာ ဟိတ်ကြီးဟန်ကြီး လုပ်ပြောတာ။ တကယ်တို့ စိတ်သွားတိုင်း လက်က မရိုက်နိုင်ဘူး)

    may flowers (ကျေးဇူးနော်။ သိရတော့မှာပါ)

    ရွှေ ကြည် (အရီး ကလဲ ရွှေကြည်လေးကို ချစ်ပါ့တော်)

    တားတားလေး ရွှေတိုက်တိုက် (တားတား ကို ဘူသူ တွေ အနိုင်ကျင့်နေတုန်း)

    R Ga (တားတားလေး ကို အဲလိုပြောပါနဲ့ တောက်စ် – ဂဂ မူရင်း)

    မမ (မမ စာတွေ နဲ့ ရွာကိုဝင် ဝင်လာသူ လေ။ မေ့ပြီလား)

    ဦးဦးပါလေရာ (ငှက်ကထကြီး ရဲ့ စကား အားပါးပါး နဲ့ လွင့်သွားတယ်)

    amatmin (အရီးလဲ အပြင်မှာ မီးတိုက် ဘဝ က မလွတ်သေးပါဘူး)

    အစ်မအေး (ကျေးဇူးနော်၊ ကိုယ့် အချိန် နဲ့ မအားရတာ နားလည်ပါတယ်၊ အစ်မစာတွေ
    ကို မျှော်သူတွေအများကြီး)

    ဘပု (နေကောင်းလား၊ မတူသော အမြင်လေး ပေးပါဦးရှင့်)

    အိမ်လွမ်းသူ (ဒီရွာရဲ့ Secretary ဆိုရင် တော့ ပုလိပ် လုပ်မှာ နော်၊ နောက်မှ မှားပါပြီ မပြောနဲ့ – ကိုမင်းကိုနိုင် စကားကို ယူသုံးပါသည်)

    ဂန္ဓာရီ ဆြာအုပ် (အဲဒီ နငယ် က ပုလိပ် ကို လာဘ်ထိုး လိုက်ရတာ)

    ဝေဝေ (ဒီရွာ ရဲ့ ထိပ်တန်း စာရေးကောင်းသူ တွေထဲ ဖြစ်တဲ့ ဝေဝေတို့ စာတွေ ကြောင့် ရွာသူ မဖြစ်ခင် ကထဲက ရွာထဲ ကို မပြတ်ဝင် နေခဲ့ရတာလေ)

    မောင်ပေ (ဂျစ်ပါ ဂျစ်ပါ၊ အဲလို ဂျစ်ကြေး ဆိုရင်ဖြင့် ပြိုင်ပြီး ဂျစ် ပြလိုက်မယ်)

    အစ်မပဒုမ္မာ (မှန်ပါ့ရှင်။ ဒီပွဲ ဟာလဲ ဖြစ်သူ တွေ များလာဖို့ ကြိုးစားနေကြတဲ့ နည်းလမ်းတစ်ခု ပါဘဲ။ သာမာန် စာဖတ်သူတွေ ကတော့ ဒီလ စာရင်းအရ ၈၆,၁၂၆ လို့ ဆိုပါတယ်။)

    အလင်းဆက် (မင်းလို စာရေးကောင်း တဲ့သူတစ်ယောက် ဒီရွာသား ဖြစ်နေတာ အများကြီး ဂုဏ်ယူစရာပါ။ (ဆရာမ)ဂျူး နဲ့ နိုင်ငံရေး.ဆန်သူ..ကာတွန်းဆရာကြီးတွေ ဒီ ရွာထဲ ကို ဝင်ဖတ်တယ် လို့ သိလိုက်ရတာ အားရှိလိုက်တာ။ သတင်းလေးအတွက် ကျေးဇူးပါ)

    မောင်အံ ( မရှိမဖြစ်အံ ဖြစ်နေပါပေါ့လား – (ဆရာမ)ဂျူး သံကြားလိုက်လို့)

    ကိုနေ (ဝန်းနီ) – ကိန်းဂဏန်းများနဲ့ ဆော့ကစား တာကို အင်မတန် စိတ်ဝင်စားမိပါရဲ့ရှင်။ ကျွန်မ ရဲ့ ဂဏန်းတွေက အချိန်မှီ ဖြစ်ဖို့ တင်သလို ဖြစ်နေတာမို့ မမှားအောင် ကြိုးစားထားပေမဲ့ အားမရ ခဲ့ဘူး။

    ကိုဆာမိ – တကယ်တော့ ကျွန်မ က စာရိုက် နှေးတယ်။ ပါးစပ် နဲ့ ပြောလို့ရရင် အများကြီးပို ပြောဖြစ်မှာ။ ဒီ ရွာက ဆွဲအားကောင်း လွန်း ပြီး ဆရာလုပ်ချင်လွန်းလို့ သာ အားတင်းပြီး ရိုက်နေတာ။ အချိန်ကြာတယ်။
    ကိုဆာမိ စာတွေ ကလဲ တစ်ပုဒ် ဆိုတစ်ပုဒ် လူတိုင်းကြိုက်ပါ့။ သရော်စာ ဆိုတာ လူတိုင်းရေးမရဘူးရှင့်။

    pooch လေး – နှလုံးသားမြို့တော် ကို Vice Versa က တူးဆွ လိုက်မိသွားလား။ ချရေးလိုက်၊ စိတ်ထဲ ပေါ့သွားအောင်။ ဖတ်မဲ့ သူတွေ စောင့်နေတယ်။

    Fall Guy ရေ – အရီးလဲ အရင်က ရွာသူ မလုပ်ဘဲ အပြင်က ချောင်းချောင်း နေခဲ့တာ ကြာပေါ့။ ဒီလို မိသားစု လေးထဲ ကို ဝင်လိုက်ရတာ အင်မတန် ချစ်ခင် နွေးထွေးမှု လဲ ရပါတယ်။ ကိုယ်ရင်ဖွင့်ချင်တာ လဲ ဖွင့်လို့ ရပါတယ်။ ကိုယ်လဲ စိတ်ပေါ့၊ အများဆီကလဲ ရှုဒေါင့်စုံ မြင်ရ လို့ အင်မတန် အကျိုးရှိပါတယ်။

    သူကြီး – တစ်ချို့ အောင်မြင်မှုတွေက ထပ်တက်လို့ မရအောင် ဂိတ်ဆုံး နေတာရှိတယ်။ တစ်ချို့က ပိုပြီး အောင်မြင်နိုင်စရာ အကြောင်းတွေရှိသေးတယ်။ ကျွန်မတို့ ရွာက လဲ ဒီလိုဘဲ။ ဂိတ်ဆုံးဖို့ နေနေသာသာ အများကြီး တက်လို့ ရသေးတယ်။ အဲဒါကို ပြောချင်တာပါ။ ပြည်တွင်း ကသာမက ပြည်ပ ကလဲ ပိုပြီး အားပေးနိုင်ပါသေးတယ်။ မန်ဘာ အများ ဆီက အတွေးမျိုးစုံတွေ အများကြီး ရနိုင်ဖို့ အခွင့်အရေးတွေ တစ်ပုံကြီး ရှိပါသေးတယ်။
    တစ်ချိန်ထဲမှာ လူပေါင်း ထောင်/သောင်း ချီပြီး ကြည့်နေတဲ့ သတင်းမီဒီယာ ဝက်ဘ်ဆိုက် လဲ ဖြစ်စေချင်ပါတယ်။ :kwi:

    ဝင်ရောက် ဖတ်ရှုအားပေးသူ အားလုံး ကို အထူးဘဲ ကျေးဇူးပါရှင်။
    အဖြေတိုက်ဖို့ အချိန်နီးလာပါပြီ။ :harr:

    အားလုံးကိုချစ်ခင်စွာဖြင့်

    • Moe Z

      October 9, 2012 at 8:31 am

      ဟုတ် .. အရီး အလုပ်လည်းများတယ် စာတွေလည်းဖတ်နေရလို့ပါ
      နေ့တိုင်းတောင် မဝင်နိုင်တော့ဘူး 🙁

  • Hnin Hnin

    October 9, 2012 at 3:15 am

    မှတ်ချက် ၂၅ဦးထဲပါလို့ ငါအတော်လက်သွက်ပါလား(စာရိုက်ခြင်း းP)…
    ….လေလည်းအတော်ရိုက်(typeပါပဲ)နိုင်လေခြင်း နော်…လို့ ခံစားမိပါတယ်…

    ……အရီးက အင်မတန် အစီအစဉ်တကျနဲ့ကို တင်ပြထားတာ လေးစားအားကျ
    မိပါတယ်…..ကိုယ်အရမ်းကြိုက်တဲ့ ပို့စ်မပါတာလည်းတွေ့တယ်…
    အတို၊အရှည်မှရယ်လို့ မခွဲဘဲ အမှတ်ပေးတယ်ဆိုရင် ဦးကျောက်ခဲ ကိုအတော်
    ကြိုက်တယ်….အရမ်းကြိုက်လို့ ၁ပေးထားတယ်…၁ရဲ့၁ပေါ့…၁ပေးထားတာ
    ၃ယောက်ရှိတယ်…..ကျန်တဲ့ ၁ရဲ့၂….ကျန်တဲ့ ၁ရဲ့၃ တော့ မပြောပြဘူး…
    အကုန်မပါရင် ရှက်စရာကြီး… :-s

    • အရီးခင်လတ်

      October 9, 2012 at 3:30 am

      နှင်းနှင်း ရေ
      ကျေးဇူးနော်။
      Post တွေ အရမ်းကောင်း လို့ ဖတ်ရွေး တွေ အတော်ခေါင်းစားကြတယ် လို့ ညည်းကြတယ်။
      အမှန်ဘဲ။ ကြိုက်တာတွေ မှ အများကြီးပါဘဲ။
      စာရေးကောင်း၊ အတွေးကောင်းတဲ့ သမီးကိုလဲ Post တင်ဖို့ တိုက်တွန်းပါတယ်။
      မန်ဘာတစ်ယောက်ကို တစ်လ တစ်ပုဒ် ဘဲ တင်ဦး။ အများကြီး ဖတ်စရာ ရမှာ။
      လောဘ (သူကြီးကိုယ်စား) 😆

    • ကထူးဆန်း

      October 9, 2012 at 11:13 am

      အဲ့ ဂလို ရှက်စရာကြီး မဖြစ်အောင် ဖတ်ရွေး အဖွဲ့ ဝင်ပါလား နှင်းနှင်း ..အကူအညီတွေ အများကြီးလိုနေပါကြောင်း ။

      • Hnin Hnin

        October 12, 2012 at 5:27 pm

        ‘ ဖတ်ရွေး ‘ ‘ ဖေးရွက် ‘ လုပ်ချင်ပေမယ့် (ကူညီ ‘ဖေး’ မပြီး တာဝန်ထမ်း ‘ရွက်’
        ချင်ပေမယ့်) နှင်းနှင်းအတွက် အတော်ကြီးကျယ်သွားပါပြီရှင့်… း) …
        စာတောင်မှ မရေးရဲတာပါ….နောက်ပြီး ဒီလောက်ရွေးရခက်ပြီး ကောင်းတဲ့ပို့စ်
        တွေကြားထဲကမှ ဦးကျောက်ခဲကို ကြိုက်တယ်ဆိုကတည်းက(လူမဟုတ်..စာ..စာ.)
        ပေါ့ပေါ့ပါးပါးနေချင်တဲ့ ပင်ကိုယ်စရိုက်ရှိလို့ပါ…
        ဆိုလိုရင်းက ခေါင်းစားမခံနိုင်ပါ(အရီးရေးထားတာ ဖတ်ပြီး)….ခေါင်းစားပါ များရင်
        ပိုပိုပြီး အိုစာလာတတ်တယ်နော်..အရီး..ပိုဆိုးရင် ခေါင်းပါ ပိုပြောင်လာတတ်တယ်..
        ဟို..သမတယ်ကြီး ကြည့်ပါလား :P…ဒါကြောင့်..ဖတ်ရွေးအဖွဲ့ထဲက ထွက်လိုက်
        တော့…အဟဲ…
        ပြီးတော့ ဖတ်ရွေးဝင်ရလောက်အောင် အရည်အချင်းလည်း မပြည့်မီသဖြင့်
        သည်းခံပေးပါ(အတည်ပြောခြင်း)…

        အရီးရေးထားတာ ဖတ်ပြီးကတည်းက ဖတ်ရွေးတွေကို ကိုယ်ချင်းစာမိပါတယ်…
        ဖြစ်နိုင်မယ်ဆိုရင် ၁လအတွင်း ပို့စ်တွေကို စာဖတ်သူစိတ်ကြိုက် vote လုပ်ခိုင်း
        ပြီး ဆုပေးတာက ပိုမကောင်းဘူးလားလို့…၁လက အလုပ်ရှုပ်တယ်…..
        ပို့စ်နည်းနေသေးတယ်ဆိုရင် ၃လ၊ ၆လ စသည် ရွှေ့ပြီး vote လုပ်ခိုင်းရင်
        ရမယ်…ဖတ်ရွေးတွေလည်း ခေါင်းစား၊ ချိန်ကုန်၊လူပန်း၊ခေါင်းချင်းရိုက်ငြင်းပွား ဖြစ်နေစရာမလိုတော့ဘူး…၂ယာက်ပြိုင်၊၃ယောက်ပြိုင် အရမ်းကောင်းနေလို့
        ကပ်ချန်ပြီး ဖြုတ်ထားခဲ့ရတာမျိုးလည်း မဖြစ်တော့ဘူး…
        စာဖတ်ပရိတ်သတ်ရဲ့ရွေးချယ်မှုသည် စာပေဆုရသူအတွက် the right choice
        လို့ ထင်ပါကြောင်း….

        • အရီးခင်လတ်

          October 17, 2012 at 8:32 pm

          သမီး နှင်းနှင်း ရေ

          စိတ်မဆိုးပါဘူး ဟေ့။
          Cindy Crawford တစ်ယောက် မအိုစာသေးသ၍ အရီး လဲ မအိုစာ သေးဘူး။ ဟိဟိ။
          :kwi:

  • ကြောင်ကြီး

    October 9, 2012 at 8:23 am

    ထိုင်းနဲ့တရုတ်ပြည် ဆိုရာမှာ အဲဒီနယ်စပ် မြန်မာဖက်ခြမ်း နေသူတွေ အများဂျီး ပါမယ်ထင်တယ်။ ဒါနဲ့ ပရိတ်သတ်အနေနဲ့လည်း ကိုယ့်စိတ်ကြိုက် မဲပေးလို့ရတယ်ဆိုလို့ စက်တင်ဘာလအတွက် ကျနော့်အကြိုက်ဆုံးပို့အဖြစ် ခြစ်သော ကြေးမုံဂျီးလက်ရာ
    [သမီးကြေးမုံဂျီး မှားပါဗီ ကိုကိုကြောင်ကြီးရဲ့ အဲ့ဟဲ့ဟဲ့ဟဲ့ emotion
    – ကြေးမုံ the great] http://myanmargazette.net/148025/creative-writing/my-dear-diary အားရွေးချယ်ပါသည်။ သဘောတူ ထောက်ခံသူများ အပေါင်းလက္ခဏာ ပေးကြဖို့ တိုက်တွန်းပါသည်။ :harr:

  • nigimi77

    October 9, 2012 at 8:45 am

    အပြင်မှာ မာခေါက်ခေါက် အတွင်းမှာချို ပုံရမယ်ထင်ရတဲ့ ရွာ့ ကဏန်း နှင့် ကခုန်ခြင်း မဟုတ်။ 😉

    ဂဏန်း (သချာင်္) နှင့် ကခုန်ခြင်းပါ။

    ==================

    မင်္ဂလာပါ အရီးလတ် !!

  • Crystalline

    October 9, 2012 at 10:02 am

    အရင်လကလည်း ဦးထူးဆန်းကသူသွားနေကျ..ရင်ပြင်တို့ ပန်းခြံတို့နားကပုံလေးတွေနဲ့ :kwi: ဇာတ်လမ်းဆင် ကြေငြာခဲ့သလို ယခုလမှာတော့အရီးကကိန်းဂဏန်းတွေနဲ့ထူးခြားတဲ့ပုံစံနဲ့ပဟေဒိဖွဲ့ထားတာ အရမ်းသဘောကျပါတယ်. ဒီအတိုင်းလွယ်လွယ်မှန်းလို့မရအောင်လုပ်ထားမှန်းသိပေမယ့်လည်း အပေါ်ကစာမူ ရှင်တွေနဲ့တိုက်မိသေးတယ်. ကိုအောင်မိုးသူကနှစ်ပုဒ်ဖြစ်နေတော့… ပို့စ်၃၊၄ခုတော့မဖတ်ရသေးဘူး. ဖတ်ပြီးတဲ့ ပို့စ်အကုန်လုံးကိုကြိုက်ပါတယ်..အဲဒီအထဲက ဦးကြီးမိုက်ပို့စ်၊ကိုအောင်မိုးသူရဲ့ပထမပို့စ်လေးကိုတော့ အနည်းငယ်ပိုတယ်. ဦးဆာမိကြီးရဲ့ပဒေသာကပွဲကလည်းတော်တော်ဆွဲဆောင်နိုင်တယ်.

  • aung moethu

    October 9, 2012 at 10:28 am

    ဆန်ကာတင်ထဲမှာ ပါတာကိုပဲ ဝမ်းသာရပါဘီ…….. း))

  • etone

    October 9, 2012 at 10:40 am

    အရီးလတ်ရေ … အတော်လေးကို အပင်ပန်းခံပြီး ပြုစုထားတာပါပဲလား ။
    အရင်က တစ်ခါမှ မသိသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကိန်းဂဏန်းတွေကို ၊ အသေးစိတ်ချပြသွားတာ .. ဖျားလောက်ပါရဲ့ …. ။ အရမ်းတော်တာပဲ … ။

    စက်တင်ဘာလအတွက်ကို … ကြိုတင်ခန့်မှန်း သံလေးတွေ ကြားနေရပါပြီ … ။ တူတူညီညီပဲ .. ခန့်မှန်း သံလေးတွေထွက်လာလို့ … အရမ်းကို ပျော်စရာကောင်းပါတယ် …. ။ အဲ့ဒီအမှတ်တရ ပို့စ်လေးဖတ်ပြီး .. ဖီလင်လေး .. တမျိုးပြောင်းသွားတယ် …. သဘောလည်းကျတယ် … ။ သူ့ကို Congratulation လုပ်ဖို့ …. စောင့်နေပါတယ် အရီးရေ …. ။ :gee:

  • manawphyulay

    October 9, 2012 at 10:50 am

    အမှန်ပြောရရင် ခုတစ်လော ကျန်းမာရေး မကောင်းလို့ ရွာထဲသိပ်မဝင်ဖြစ်ဘူး။ အားလုံးကို သတိရသလို ပိုစ့်တွေလည်း ဖတ်ချင်ပါတယ်။ အခြေအနေနဲ့အချိန်အခါက မပေးဖြစ်နေတာနဲ့ ဘယ်သူပဲ ရရ မနောကတော့ လက်ခုပ်တီးအားပေးနေပါတယ်။ ဆန်ကာတင်ကိုလည်း ထပ်မံစောင့်မျှော်နေပါတယ်ရှင်။

    • etone

      October 9, 2012 at 11:28 am

      ကျန်းမာရေး မကောင်းမဖြစ်ခံနိုင်ရိုးလား … . . နေပူချိန် ထီးမဆောင်းနိုင်ဘူး …. လက်မအားလို့ … ဟီးဟီး .. အဲ့လက်က ဘေးကတယောက်ကို ချိတ်ထားရင်း …. စကားတွေဖောင်ဖွဲ့သွားတာများ .. နန်းဆုစီးရီး title လိုပဲ .. အဟီး …….. မိုးမမြင် .. လေမမြင် … ။ တည့်တည့်တွေ့လို့ .. နောက်တခါမမြင်လျှင် လိုက်ကိုခေါ်ပြီး .. နှုတ်ဆက်ဦးမယ် … ဟိဟိ ………. ။

      အစ်မမနောကို … ချစ်လို့ ဖွတာ …အဟဲ .. မွှားလို့ .. စတာ … အာပွား……… ။ :kwi:

      • လယ်ထွန်Z

        October 9, 2012 at 11:41 am

        ဟီဟိ ..
        ဗရာကြော် စီဂျေတုန်…

        :kwi:

        :harr:

      • အရီးခင်လတ်

        October 10, 2012 at 3:14 am

        စီဂျေ တုန်တုန်
        ကင်မလာ လေး မပါသွားဘူးလား။
        နောက်တစ်ခါ ဆို ရိုက်ပြီး အရီးကို ပြပါအေ။
        မဟာဆန်သူ မနော ရဲ့ ဘေးက လူကို မြင်ချင်လို့။ :hee:

Leave a Reply