အောက်တိုဘာ အကောင်းဆုံး ပို့စ်အတွက် အကြိုရင်ခုန်စရာ
အောက်တိုဘာ အကောင်းဆုံး ပို့စ်အတွက် အကြိုရင်ခုန်စရာ
အင်းလျားရေပြင်ပေါ် ဖြတ်သန်းတိုက်ခတ်လာတဲ့ လေကလေးက အေး မြ လို့ ၊
( ဦး………..မပြန်နဲ့ဦးနော် )
( အင်းပါ….ဦးက ဘာလို့ ပြန်ရမှာလဲ?…..ဟိုးမှာ ကြည့်ပါဦး…….ငှက်ကလေးတွေကပျံလို့… အင်းလျားရေပြင်ကြီးကလည်း…..လှလို့…….
ချစ်ဖို့ ကောင်းတယ်နော်…..)
( ဘာ..ဘယ်လို……ဦးက ဒါတွေကိုချစ်တယ်……. ဒါဆို…….ဒါဆို…….ဦးဘေးက………ဦးဘေးက……… )
( ဪ……ကလေးရယ်…….ဒါက ပတ်ဝန်းကျင်အလှကို ပြောတာပါ……..ဦးရင်ထဲမှာကတော့……….
ဘယ်သူရှိမလဲ………….သိရက်သားနဲ့ကွာ………… )
( ဟင်..ဦးက လေ……ဦးက စကားအရမ်းတတ်တာပဲ အင်းပေါ့လေ…..ဒါကြောင့်လဲ….ဒီက ဦးကို မခွဲနိုင်တာပေါ့………. )
( ဒီလိုလား……….ဒီလိုဆို………..လာထား………..အာဘွား………….. )
( ဟင် ဦး က လူဆိုး ပဲကွာ )
အဖေကြီး………….အဖေကြီး………….
ဟဲ့ သောက်တလွဲ ၊ ငါ့သားအသံပါလား ၊
( အမ်……..ဘာ….ဘာလဲ……. )
( အဖေကြီး ဖုန်းလာနေတယ်….. )
သေစမ်းကွာ……အာဘွား ဘဝတောင်မရောက်လိုက်ရဘူး
ဆိုးလှတဲ့ဘဝ….
အိပ်မက်လှလှတောင် မမက်ရပါလားကွယ်………ခြေရင်းက နာရီကို ကြည့်လိုက်တော့…..မနက် ၆ နာရီ……..
ဟောဗျ ဒီအချိန်ကြီး…..
ဖုန်းကို လှမ်းကိုင်ပြီး ခေါ်သူကို ကြည့်တော့…. Kyeemite……တဲ့
ဒုက္ခ…..ကိုမိုက် ဘာဖြစ်ပါလိမ့်…………
( ဟုတ်……ကိုမိုက်……ပြော… )
( ကိုမျိုးရေ….မနက်စောစော နှောင့်ယှက်သလိုများ….ဖြစ်သွားလားဗျာ )
ဒင်းက နှောင့်ယှက်တာမဟုတ်ဘူး… အိပ်မက်လှလှကိုပါ ဖျက်ပစ်တာ….လူဆိုး 🙂
ဒါပေမယ့် သူက ဥက္ကဌ ဆိုတော့လည်း……..
( ဪ…ရပါတယ်…ကိုမိုက်ရယ်…ကျနော်နိုးနေပါပြီ ပြော..ကိုမိုက် )
( ဒီလို ကိုမျိုးရေ….အခု နိုဝင်ဘာထဲ ရောက်နေပြီဆိုတော့…အောက်တိုဘာ ပို့စ်တွေထဲက ဆန်ကာတင်ရယ် အကောင်းဆုံးရယ်
ကျနော်တို့ ဖတ်ရွေးတွေက ရွေးပြီးတင်ရတာလေ…
အဲဒါ ကိုမျိုးရေ…ကျနော်တို့ ဖတ်ရွေးတွေမှာလည်း…ကိစ္စများမြောင် လူတို့ဘောင် ဖြစ်နေလို့ဗျာ….
အဲဒါ ဆန်ကာတင်စာရင်းကို ကျနော်တို့ လုပ်ထားပြီးသား…အဲဒါလေး…
ကိုမျိုးက နိဒါန်းလေးနဲ့ ကူညီပေးပါဗျာ…
ဒီမှာ မဒမ်မိုက်ကလည်း..သူ့ကိစ္စတွေ ကျနော် ကူပေးရဦးမှာမို့…..ရက်ကလည်း ကပ်နေလို့ပါ… )
ဪ ..ကိစ္စများမြောင် လူတို့ဘောင်တဲ့ ၊ ကျုပ်ကတော့ နတ်ကျနေတာပဲ…လှပလွန်းတဲ့ အိပ်မက်ပျက်ရတဲ့ကိစ္စနဲ့တင် တင်းနေတာ
( ဟုတ် အဲဒီတော့… )
( အဲဒီတော့ ကိုမျိုးရယ်…ကိုမျိုးက ပြောဘူးတယ်လေ…ကျနော်က မနက် ၉ နာရီ ရုံးရောက်၊ ဂဇတ်နဲ့ FB ဖွင့်၊ ဂျီမေလ်းဖွင့်၊ သတင်းဆိုက်ဖွင့်..
ညနေ ၅ နာရီ အထိလို့ ပြောဘူးလို့…အဲဒါ.. ကျနော်က အိမ်ကိစ္စ စက်ရုံကိစ္စတွေနဲ့ ဒီရက်ထဲ ဘယ်လိုမှ မလှုပ်အားလို့…
ကိုမျိုးကို အကူအညီတောင်းတာပါ…ကိုမျိုးရယ်…..ကျနော်တို့က ကမာရွတ်မှာ နေကြသူချင်းလေ )
အမ်…လာပြန်ပြီ….အင်း…….ပြန်စဉ်းစားတော့လည်း..သူက ကမာရွတ်
မြကန်သာ အိမ်ရာ…. ကျနော်က ကမာရွတ်၊ ပြည်ရိပ်မွန် အိမ်ရာ….အင်း …အင်းပါ ဟုတ်ပါတယ်လေ…
ဘယ်တုန်းကတည်းက အကြံအစည်နဲ့မှတ်ထားလည်း မသိပါဘူး…
ကဲ..ကဲ…ထားပါတော့လေလို့ စဉ်းစားနေတုန်း.
( ကိုမျိုးရယ်.. ဒီအခုရေးရမယ့်ပို့စ်က အောက်တိုဘာ အကောင်းဆုံး ဘယ်သူလဲဆိုတာ ရွေးရမှာဆိုတော့…ကိုမျိုးက
အောက်တိုဘာထဲမွေးတဲ့သူလေ.. အောက်တိုဘာအကောင်းဆုံးပို့စ်ကို…
အောက်တိုဘာ မွေးတဲ့သူက ကြေငြာပေးတော့ ပိုပြီး မိုက်တာပေါ့ဗျာ…ဟုတ်တယ်ဟုတ်…. )
အမယ်… ကျုပ် အောက်တိုဘာ မွေးတာတော့ ဒင်းက သိပြန်ပြီပေါ့…ကျုပ်မွေးနေ့တုန်းကတော့ ဘတ်ဒေးဝစ်ရှ်လေးတောင် မလုပ်ပဲ….
အဲ…အဲ…ဒါတင် ဘယ်ကမလဲ..အောက်တိုဘာမွေးတာ ရွာသားထဲက အထင်ကရ ၂ ယောက် ရှိသေးတယ်လေ….
ကိုအမတ်မင်းနဲ့ ကိုဘလက် တကယ့်ဝါရင့် ရွာသားဟောင်းကြီးတွေ…
( ကိုမိုက်..အဲသလိုဆိုဗျာ…အောက်တိုဘာ မွေးတာ ကိုအမတ်တို့ ကိုဘလက်တို့ ရှိတယ်လေ)
( ကိုမျိုးရေ…ကျနော်ဆက်ပြီးပါပြီ… ကိုအမတ်ကလည်း ခရီးထွက်မယ်ဆိုလား…
ကိုဘလက်ကလည်း မိန်းမအကြို့အပို့နဲ့ မအားဘူးဆိုလား…အဲဒါကြောင့်ပါဗျာ. .)
ဪ..ကိုမိုက်ပြောမှ ကိုယ့်ကိုယ်ကို ဝမ်းနည်းလိုက်တာ…ခရီးသွားစရာလည်းမရှိ…ကြိုစရာမိန်းမလည်းမရှိ….ငုံးတိတိငါ….. အတော် သနားစရာပါလားကွယ်….
ကိုအမတ်က ခရီးသွား
ကိုဘလက်က ဇနီးမယား
အဲသလိုဆို ကျုပ်ကလည်း သမီးသားတွေနဲ့ ရုန်းနေရတာပဲလေ ၊
ဪ ဒါပေမယ့် လူပျိုကြီး ကိုအမတ်ခမျာမလဲ ဝါကျွတ်ပြီဆိုတော့ စိတ်ထဲ မရိုးမရွနဲ့ ထိုင်မရ ထမရ ဖြစ်ချင်ဖြစ်နေမှာ ၊
ကိုဘလက်ကျပြန်တော့လည်း မိန်းမနဲ့ အဆင်ပြေမှ ဆိုင်လေး ဘာလေးသွားရတာ အဆင်ချောမပေါ့ ၊
( ကိုမျိုးရယ်… ကိုမျိုး ဒီရွာကို ဘယ်လောက် သံယောဇဉ်ရှိတယ်ဆိုတာ ကျနော်သိပါတယ်ဗျာ…….. )
လာပြီ….လာပြီ….ချုပ်ချက်တွေ……..
( ဒီတော့ ကိုမျိုးရယ်…..ဒီလအတွက် အဆင်ပြေအောင်လုပ်ပေးပါ…….ဒီလိုလုပ်ဗျာ…
ကိုမျိုး…..အဲဒီ အောက်တိုဘာ အကောင်းဆုံးဆု ကြေငြာပြီးသွားတဲ့ ၁၅ ရက်နေ့ညမှာ ကိုမျိုးကို ကျနော် ဘီယာ တစ်ဂျားရယ်၊ ဆတ်သားမွကြော်လေးရယ်နဲ့
စူပါဝင်း မှာ ပြုစုပါ့မယ်ဗျာ…… )
(ဟား…ဟား…ဟာ… ဘယ်ရမလဲ ကိုမိုက်ရယ် ဘီယာတစ်ဂျားက နံကြားတောင်မကပ်ဘူး.. )
( ကဲ ကဲ ဒီတော့ KTV တစ်ဆက်ရှင်ပါပို့ပေးမယ်ဗျာ ၊ ကျုပ်တို့ သွား ဟဲကြတာပေါ့ ၊ ကိုမျိုးသန့်ဖြစ်ချင်တောတွေ ဖြစ်ရမယ်ဗျာ. ….)
အမယ်လေး…ငါ့အကြိုက်တွေကို ဘယ်တုန်းကတည်း သုတေသန လုပ်ထားလဲ မသိပါဘူး ၊
ကဲပါလေ…ကိုယ်ကလည်း သံယောဇဉ်ကြီးတတ်တဲ့သူ…ဆိုတော့ ….ဘီယာကြောင့်…KTV ကြောင့် ဟုတ်ဘူးနော်…
.တော်ကြာ အောက်တိုဘာ အကောင်းဆုံးပို့စ်ကို မတင်နိုင်ရင် မျှော်လင့်နေတဲ့သူတွေ…သူတို့အတွက်
စဉ်းစားရမယ်လေ…ဘီယာက တစ်ဂျားဖြစ်ဖြစ် နှစ်ဂျားဖြစ်ဖြစ်….KTV ပဲ ဖြစ်ဖြစ်……. ကိုယ့်ဟာကိုဖြစ်ပေမယ့်…..
သူကလည်း…ထောင်ထွက်ကြီးမိုက်…ဆိုတဲ့ နာမည်ကြီးနဲ့ဆိုတော့…ကျနော် ကြောက်မိပါတယ်..
သူက ရွာထဲတင် မဟုတ်ပဲ ဆင်ရေတွင်းမှာလဲ လူမိုက်ပဲ ဖြစ်ချင်ဖြစ်နေမှာ ၊
တော်ကြာ ကျနော့်ကို ဆင်ရေတွင်းနား မလာရဆို ဒုက္ခ ၊ .ဒီတော့ …ဒီတော့…
( ကဲ…ကိုမိုက်ရေ ကျနော် ဘယ်လို လုပ်ပေးရမလဲ )
( ကိုမျိုးရေ ၊ ကိုမျိုးဆီ မေးလ်ပို့ထားပါပြီ ၊ ကျေးဇူးပါနော့ )
ကိုင်း ပိုင်ချက်ဗျာ ၊ မေးလ်တောင် ပို့ပြီးပြီဆိုပဲ ၊ ကဲ ကဲ အိပ်ရာကထ ရုံးကိုကြွ ကိုးနတ်ရှင်နဲ့ နပမ်းလုံးပြီးသကာလ
ဆန်ကာတင်ပို့စ်တွေကို ကြေငြာပါပြီခင်ဗျာ ၊
အောက်တိုဘာလအတွက် ဆန်ခါတင်စာရင်းမှာ ရွာသူရွာသား ၁၄ ယောက်ရဲ့ ပို့စ်ပေါင်း ၁၆ ပုဒ်ပါရှိပါတယ် ၊
ဆန်ခါတင်စာရင်းဝင် ( ကေဇီ ၊ မမ ၊ မောင်မာဃ ၊ ပဒုမ္မာ ၊
၊ ကျော်စွာခေါင် ၊ အိတုန် ၊ Don Juan Ronald ၊ သော်ဇင် လွိုင်ကော် ၊ နန်းတော်ရာသူ၊ မောင်ဘလှိုင် ၊ marblecommet ၊ ကိုပေါက် မန္တလေး ၊ စွယ်တော်ရွက် ) တို့
စတင်ရင်ခုန်နိူင်ကြပါပြီခင်ဗျား ၊
ကေဇီနဲ့ Cat Cat လန် အလွဲများးးးးး
KZ
https://myanmargazette.net/187507
ရေကျိုငါးပိအလုပ်ရုံဆွေးနွေးပွဲ
Ma Ma
https://myanmargazette.net/187225
2013 မှာ ပျောက်ဆုံးသွားတဲ့ နည်းပညာပစ္စည်း (၁၀) မျိုး
Mr. MarGa
https://myanmargazette.net/187798
ကကြီးအကြောင်း တတို့နှစ်တို့(၁)KATRI
padonmar
https://myanmargazette.net/188047
ကျနော် ခြစ်သော…မျို ့တစ်မျို ့
Alinsett
https://myanmargazette.net/188002
စားပွဲထိုးလေးရဲ ့သူငယ်ချင်း ( အစ အဆုံး )
ကျော်စွာခေါင်
https://myanmargazette.net/188043
စိတ်ဧ။် ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါရစေ
etone
https://myanmargazette.net/186824
ထိုင်ဝမ်နိုင်ငံမှကြောင်ရွာ
Don Juan Ronald
https://myanmargazette.net/186858
ဖန်ခွက်ကလေးများ
သော်ဇင်(လွိုင်ကော်)
https://myanmargazette.net/186786
ဘုရင့်နောင် ဖောင်ဖျက်(သို့)ဆုတ်သာတက်သာ (Do or Die Vs Plan B)
padonmar
https://myanmargazette.net/187282
မစိန်ရီ ပုစွန်မမြူးပါ
သော်ဇင်(လွိုင်ကော်)
https://myanmargazette.net/187301
အဖေ့ရဲ့ပီစီအို
•*¨နန်းတော်ရာသူ •*
https://myanmargazette.net/187323
အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁ မှ ၈၄)
မောင်ဘလိူင်
https://myanmargazette.net/187892
နောက်များတစ်ခါ..
marblecommet
https://myanmargazette.net/187947
လှေပျက်နဲ့အတူ ခရီးဆက်ခဲ့ကြသူများ
ကိုပေါက် (မန္တလေး)
https://myanmargazette.net/186761
စွယ်တော်ရွက်ရဲ့ဘဝမှာ ပထမဦးဆုံးပုံနှိပ်ဖေါ်ပြခြင်းခံရတဲ့ဆောင်းပါး။
Swal Taw Ywet
https://myanmargazette.net/186768
( ကိုမိုက် ၊ ကိုအမတ် ၊ ကိုဘလက် နာမည်တွေ ထည့်ရေးလို့ စိတ်မဆိုးနဲ့ဦးနော့ ) 🙂
26 comments
KZ
November 7, 2013 at 3:52 pm
လက်ခုတ်တီးဖို့ ရလာဒ်ကို စောင့်မျှော်နေကြောင်းပါ။
🙂
kyeemite
November 7, 2013 at 3:56 pm
နာမည်သုံးလို့ စိတ်မဆိုးပါဘူးဗျာ…
ခီများကိုဖုန်းဆက်တာ မနက်၆ နာရီပါ
ညနေ၆နာရီမဟုတ်ပါဘူး..ဒီတော့ ကြီးမိုက် မူးမနေတာ သေခြာတယ်..
ဒီစကားပြောမိရဲ့လားဆိုတာ ဇဝေ ဇဝါရော၊ ဇဝေ ဇနီတွေရောဖြစ်နေလို့.. 😀
kyeemite
November 7, 2013 at 3:58 pm
ဘာပဲ ဖြစ်ဖြစ်ပါလေ..အကောင်းဆုံးပို့စ်ကြေငြာပေးတဲ့ ကိုမျိုးသန့်ကို ကျေးဇူးအကြီးကြီးတင်ပါတယ်ဗျ..
🙂
Myo Thant
November 7, 2013 at 4:07 pm
ကိုမိုက်နော် ပြောပြီးစလစ် နံပါတ် တစ် ပဲ ၊
ဟဲ ဟဲ စတာပါ ကိုမိုက်ရေ ၊ ဒါနဲ့ ပို့စ်ထဲက လင့်ခ်တွေက တိုက်ရိုက်သွားမရတဲ့ပုံပဲ ၊
ကျနော် အဲဒစ်လုပ်ကြည့်ဦးမယ် ၊
TNA
November 7, 2013 at 4:03 pm
လက်ခုတ်တီးရန် ရင်ခုန်စွာစောင့်မျှော်လျှက်
alinsett
November 7, 2013 at 4:14 pm
ဟုတ်ကဲ့
ကျွန်တော်လည်း
ဆု ဘယ်သူရမလဲ
ရတဲ့သူအတွက် လက်ခုပ်တီးဖို ့ အသင့်ပြင်ထားလိုက်ပါပြီ
ကိုယ့် ပိုစ့်လည်း ပါတယ်ဆိုတော့ ရင်လည်း ခုန်မိသား
:kwi:
lele kyi
November 7, 2013 at 4:39 pm
ဦးမျိုုး ရဲ့ ဟင့်န်အရဆိုရင် ပီစီအို လို့ထင်တယ်။ 🙂
padonmar
November 7, 2013 at 6:40 pm
ကျမ နားစွန်နားဖျားကြားမိတာတော့ ဦးမိုက်က ဒီလ ဖတ်ရွေးပေးတဲ့ သူတွေကို လာမယ့် တနင်္ဂနွေမှာ နန်းပြားသုတ် ရှယ် ကျွေးမယ်၊ကော်ဖီတိုက်မယ် ဆိုလားလို့။
Mr. MarGa
November 7, 2013 at 8:59 pm
အွမ်
ဒါဆို သားတို့ ပါတော့ဝူး ပေါ့….. 🙂
•*¨နန်းတော်ရာသူ •*¨
November 7, 2013 at 7:47 pm
ဖျားဖျား ယင်တွေခုန်လိုက်တာနော်….
(ယင်တွေခုန်ရတဲ့အထဲတစ်ခုတွေးပူမိတာက ဆုရခဲ့ရင် ကျောက်စ်မင်ဂါဆောင်မှာသီချင်းဆိုပြမယ်လို့
ကလေးတွေကိုကတိပေးထားမိလေခြင်း)
😀
နောက်တာပါ….ရနိုင်ခြေအများကြီးကြားးး
Mr. MarGa
November 7, 2013 at 7:51 pm
ဆယ့်ငါးရက်နေ့ကို စောင့်ကာ…
ရင်ခုန်ပါမည်…
(ကိုယ့်အတွက်တော့ ဟုတ်ပါဘူး သူများတွေအတွက်ပါ။) :kwi:
အရီးခင်
November 7, 2013 at 8:20 pm
လက်သွက်လိုက်တဲ့ ကိုမျိုး။
ငါမအို သေး လို့ အော်ပြီး ကြွေးကို အမြန်ရှင်းလိုက်သပေါ့လေ။ 😉
စကာတင်များ အားလုံး Congratulations ပါ။
ခင် ခ
November 7, 2013 at 9:05 pm
ရောက်ပါပေါ့ အောက်တိုဘာဆုရယ်
နောက်နှစ်ခါတော့ ရွှေးကာပြုတယ်
ပြီးရင်တော့ ခြောက်လပြည့်တကယ်
ဆုံကြအုံးမှာ တတိယအကြိမ်ဝယ်။
ဦးကျောက်ခဲ
November 8, 2013 at 8:25 am
ဦးဦးမျိုးကလေ… အားဂျီး ရင်ခုန်အောင်လုပ်တယ်…
မဟုတ်မှလွဲရော… ကျောက်စ် မှန်းထားတာက… ဟိုတစ်ယောက်…
အင်းလေ… မဟုတ်မှတော့လည်း… လွဲမှာပေါ့… အား ဟိ
😀
လုံမလေးမွန်မွန်
November 8, 2013 at 9:25 am
မီတူး မီတူး … ရင်ခုန်ပါအိ … စကာတင်အားလုံးကိုယ်စား.ရင်ခုန်ပါအိ …
မဟာရာဇာ အံစာတုံး
November 8, 2013 at 10:46 am
အော် ..
ဟိုလူဂျီးနှယ် ..
ဒီလူဂျီး အိပ်မက် ကောင်းဒုန်းချိဒေးဒယ် ..
သာသနာဖျက် လုပ်ဒယ် …
ဖိုင်ဒယ်ဝေးးးး
ဆကာတင် ပါသူအပေါင်းအား ..
သာဒု .. သာဒု .. သာဒု .. ပါလို့ ..
အရိပ်စစ်
November 8, 2013 at 4:15 pm
လက်ရွေးစင်များနဲ့ အတူ တူတူရင်ခုန်သွားပါတယ်
ပြောသော ပြောရတာ
ကောင်းတာတွေကတော့ အကုန်လုံးကောင်းကြတာနော….
Ma Ma
November 8, 2013 at 6:27 pm
သန်းကြွယ်သူဌေးလည်း ဖြစ်ချင်တယ်။
ကျောက်စ် မင်ဂါဆောင်မှာလည်း သီချင်းနားထောင်ချင်တယ်။ 🙂
ဦးကျောက်ခဲ
November 8, 2013 at 7:07 pm
အခါတော်ပေး ဖျူဖျူကြော်သိမ်း ပါခင်ဗျ…
ဆက်ဆက်ကြွခဲ့ပါ အန်တီမာမား…
😀
Ma Ma
November 9, 2013 at 7:56 am
အဟမ်း အဟမ်းးးးးး
ဖိတ်စာက ဘယ်မှာနေမှန်းမသိ မဖိတ်ဖိတ်အောင် အတင်းကို ဝင်ရကျိ ုးနပ်ပါပေတယ်။ 😀
padonmar
November 9, 2013 at 1:00 am
အိုး …ဦးကျောက်ကလည်း
ကြော်ငြာအတင်းဝင်နေသကိုး။
ကိုပေါက်(မန္တလေး)
November 9, 2013 at 9:28 am
ရင်ခုန်စောင့်စား
ကိုပေါက် က အမြဲလွဲတတ်တော့
သိပ်မမျျော်တော့ပါ
ကိုယ့်ထက်ကောင်းတဲ့သူတွေ များပါ၏
ဗုံဗုံ
November 9, 2013 at 10:59 am
ဘယ်ဒူရရ မုန့်ကျွေးဖို့သာ ပြင်ဆင်ထားစေလိုကြောင်း……
ရဲစည်
November 9, 2013 at 12:40 pm
ဒီလမှာ ၂ဆုပေးဖို့ ဖတ်ရွေးလူကြီးမင်းများအား တောင်းဆို အကြံပြုပါတယ်ခင်ဗျ
ဇာတ်လမ်းတွဲရေးသူတွေ ဘာသာပြန်တွေကို တဆုပေးသင့်ပါတယ်။ အားထုတ်မှုနဲ့ဇွဲ နောက်ပီးတော့ စိတ်ရှည်လက်ရှည်နဲ့ ကိုယ့်မှတ်တိုင် ကိုယ်စိုက်နိူင်တဲ့သူတွေမို့ပါ …။
မနန်းတော်ရာသူ
ကိုသော်ဇင်
ကိုဘလှိုင်
ကြိုက်နှစ်သက်မိပါသည်။
ကပ္ပိယ သာဒင်
November 9, 2013 at 2:03 pm
ဆုမရပဲ ကျန်ခဲ့မည့် စာမူများကို …..နှမြော ပါ၏။
Wow
November 14, 2013 at 2:45 pm
အလွဲတွေနဲ့ ပလန်ဘီကို အနော်ထင်ဒယ်…